အပိုင်း ၇၂
Viewers 10k

Chapter 72
ဆု



​မော့ကျန်း ဝတ်ရုံရှည်ဖိုရမ်သို့ ဝင်လာ​သောအခါ သူ့အား ဆု​တောင်းသစ်ပင်အဖြစ် အသုံးပြုထားကြသည်ကို ​​​​တွေ့လ်ုက်ရသည်။

လီယန်၏ ပိုစ့်​အောက်၌ ဆု​တောင်းထားကြ​သော ကွန်မန့်အားလုံးကို ကြည့်၍ ဧကရာဇ်​မော့တွင် ပြောစရာစကား မရှိ​တော့။  

သူသာ အဲ့​လောက် ကြီးမြတ်​နေရင် ဘာလို့ ရုပ်ပိုင်းဆိုင်ရာကုထုံးလုပ်ဖို့ သွား​နေရ​သေးတာလဲ... အဲ့အစား သူ့ခါး ချက်ချင်းပျောက်သွားဖို့​တောင် ဆု​တောင်း​နေရအုံးမယ်... သို့​သော်လည်း လူတိုင်းက ​ပျော်စရာအချိန်​လေး ရှိ​နေကြသည်ကို တွေ့လိုက်ရ​သောအခါ ဧကရာဇ်​မော့သည်လည်း ​ဝေ့​ပေါ်တွင် သူတို့နှင့် လိုက်ပါကစားချင်စိတ် ​ပေါ်သွားရသည်။ 

"#ကြီးမြတ်တဲ့ ကျန်းကျန်း #ဆု​တောင်းစရာ ရှိ​နေတဲ့ အတန်း​ဖော်​တွေ... ဒီ​​အောက်မှာ မှတ်ချက်တစ်ခု ချန်ထားကြပါ... ငါကြည့်ပြီးရင် အ​ခြေအ​နေ​ပေါ် မူတည်ပြီး ဆု​တောင်း​ပေးသင့်မသင့် ဆုံးဖြတ်မယ်"  

​မော့ကျန်း ​ဝေ့​ပေါ်ပိုစ့် တင်ပြီးသွား​သော​အခါ ​ပေချ့်၏ အ​ပေါ်ဆုံးတွင် pin​ထောက်ထားလိုက်သည်။ ထို့​နောက် သူ့အ​ကောင့်တု သစ်​တော်သီး​တွေ စား​နေတယ် အ​ကောင့်ကို ပြန်ချိန်း၍ သူ့ပိုစ့်​ပေါ်မှာပင် ကွန်မန့်​ရေးလိုက်သည်။ "မကြာခင် သစ်​တော်သီး စားရဖို့ ​မျှော်လင့်ပါတယ်... အာမင်" (သစ်​တော်သီး=လီဇီ... လီယန်နဲ့ သံတူ​ကြောင်းကွဲ ဖြစ်နိုင်ပါတယ်)

#​ကျေးဇူးပြုပြီး သိက္ခါ​လေး​တော့ ရှိပါအုံး#  

သို့​​သော်လည်း ထို​ဝေ့​ပေါ်ပိုစ့်က လူ့အဖွဲ့အစည်းအတွင်းသို့ ပျံ့နှံ့သွားခဲ့ပြီး ​နေ့တိုင်း ဆု​တောင်းလာကြသည့် ဖန်များ ရှိလာခဲ့သည်။ ​ဖျော်​ဖြေ​ရေး​လောကမှ နာမည်​ကျော်များပင် ဒီ​ရေအတိုင်း လိုက်လာကြသဖြင့် အချိန်တိုအတွင်း အရှိန်မြန်မြန် ​ကျော်ကြားလာခဲ့သည်။ ၎င်းကို ​ဝေ့​ပေါ်၏ "တောက်​လောင်​နေ​သော" ထိပ်တန်း ပိုစ့်ဆယ်ခုတွင် ​တွေ့မြင်ရရုံသာမက အချိန်တိုအတွင်းမှာပင် ​မော့ကျန်း၏ ဖန်အ​ရေအတွက် တစ်​သောင်းမျှ တက်လာခဲ့သည်။  

ထန်ချန်းက ​ခပ်မြန်မြန်တက်လာ​သော မော့ကျန်း၏ ဖန်အ​ရေအတွက်ကို ကြည့်၍ ကျွတ်သပ်လိုက်မိသည်။ အိုး...ဧကရာဇ်​မော့ရယ်... ငါ့ရဲ့ မားကက်တင်း နည်းဗျူဟာ​​တွေ ဘယ်​လောက်​ကောင်းလဲ ကြည့်လိုက်စမ်းပါ... လူထုဆက်ဆံ​ရေးဌာနက​​တောင် သူ့ဆီက​နေ ချက်ချင်း ရှုံးနိမ့်သွားကြတာ...

လီယန်သည်လည်း ဖန်များတိုးလာသည်ကို သတိထားမိသည်။ သူမက ​ခေါင်း​မော့ကာ မျက်နှာချင်းဆိုင်မှလူကို ​မေးလိုက်သည်။

"ကျန်းကျန်း... ဒီဖန်​တွေ ရဖို့ ပိုက်ဆံ ဘယ်​​လောက် သုံးလိုက်ရလဲ"  

​မော့ကျန်း: “…”

သူ ဘယ်တုန်းက ဖန်​​​တွေဝယ်ဖူးလို့လဲ... သူ့ရဲ့ အရှိန်အဝါ​တွေက လူ​​တွေ အများကြီးကို ဝပ်တွားခယသွား​​စေတာ အသိသာကြီးကို .. 

တကယ့်​သော့ချက်က... သူဖန်​တွေဘယ်လိုဝယ်ရမှန်း​တောင် မသိဘူး... 

ဧကရာဇ်​မော့က နှစ်ကြိမ်မျှငြီးတွားကာ သူတို့၏ ဆု​တောင်းများကို ရေးသား​နေကြသူများကို ဆက်ကြည့်​နေခဲ့သည်။ သူက ဆန်တာက​လော့က သူ့စာရင်းကို စစ်ကြည့်​နေသည့်အလား ခံစားရ​လေသည်။

"အိုး... ဟုတ်သား မနက်ဖြန် ဆု​ပေးပွဲကျရင် ထန်ချန်း ကိုယ်နဲ့ လိုက်လာလိမ့်မယ်... မင်းအိမ်ပြန်ပြီး တစ်ရက်နားလို့ရတယ်... ဒါ​ကပေမယ့် ဒီကို ပြန်လာပြီး ညလာအိပ်ရမယ်​နော်"

လီယန်က သူ့ကို ကြည့်လိုက်သည်။ ဧကရာဇ်​မော့က သူမ မည်သည့်​နေရာတွင် ညအိပ်မည့်အ​ကြောင်းကို အလွန် အ​လေးထားပုံရသည်။ ​နောက်ဆုံးတစ်ကြိမ် သူမ၏ ​မွေး​​နေ့ကို ကျင်းပရန် သွားခဲ့တုန်းကနှင့် တူ​နေသည်။ သူမက ညစာစားရန် အိမ်ပြန်ခဲ့ပြီး​နောက် သူမ၏ သူငယ်ချင်းများနှင့်အတူ KTVသို့ သွားခဲ့ပြီး မနက်သုံးနာရီအထိ သီချင်းဆိုခဲ့ကြသည်။ သို့​​သော်လည်း ​မော့ကျန်းမှာ အမှန်တကယ်ပင် ဧည့်ခန်းတွင် ထိုင်၍ ​သူမကို စောင့်​နေခဲ့​လေသည်။  

"ကျွန်မ သိပါပြီ... ​စော​စောပြန်လာခဲ့မယ်"

​နောက်ဆုံးတစ်ကြိမ် ပြီး​နောက် လီယန်မှာ 2နာရီနှင့် 3နာရီထက် ​နောက်ကျပြီးမှ မပြန်ရဲပါ​ပေ။ သူမက စိုးရိမ် ပူပန်​နေ၍ မဟုတ်ဘဲ ​မော့ကျန်း သူမကို ညဥ့်နက်သည်အထိ ​စောင့်မ​နေ​​စေချင်၍ ဖြစ်သည်။ သူမက ​မော့ကျန်း ​နေ့ဘက်ရုပ်ရှင်ရိုက်သည့်အချိန်တွင် မည်မျှအလုပ်ကြိုးစား​ကြောင်း အခြားသူများထက်ကောင်း​ကောင်းသိ​နေခဲ့သည်။

"ကျန်းကျန်း... မနက်ဖြန် ဆု​ပေးပွဲမှာ ရှင် ​သေချာ​ပေါက် ဆုရ​မယ်ဆိုတာ သိ​​ပေမယ့်လည်း​လေ ​ကောင်း​ကောင်း တိုက်ခိုက်ခဲ့​နော်..."

နှစ်စဥ်ကျင်းပ​လေ့ရှိ​သော နွားရိုင်း ဆု​ပေးပွဲက ​ရောက်ရှိလာပြီး ​မော့ကျန်းသည်လည်း "နတ်ဘုရားတားမြစ်ဇုံ3" မှ ​ကောင်းစန်၏ ဇာတ်​ကောင်ဖြင့်ပင် အ​ကောင်းဆုံး သရုပ်​ဆောင်ဆု ဆန်ကာတင်ဝင်ပြန်သည်။ ဇာတ်လိုက်က အ​ကောင်းဆုံး သရုပ်​ဆောင်ဆုကို ထပ်ပြီး ဆန်ကာတင်ဝင်သဖြင့် လတ်တ်တ​လော မီဒီယာသတင်းများက ဆု​ပေးပွဲကို အုတ်အုတ်ကျက်ကျက် အ​လေးထား​နေကြ​လေသည်။ 

​မော့ကျန်းက လီယန်၏ စကားများကို နား​ထောင်ပြီး​နောက် သူမကို ​​ကြည့်လိုက်သည်။

"ဆုရရင် ဘယ်လို ဂုဏ်ပြု​ပေးမှာလဲ"  

သူ့နှုတ်ခမ်း​ထောင့်များ ​ကော့တက်လာသည့်အတွက် သူ့အသံထဲတွင် အပြုံး​​​ဖျော့ဖျော့ တစ်ခု ရှိ​နေခဲ့သည်။

"ဘယ်လို ဂုဏ်ပြုရမှာလဲ... ရှန်ပိန်​တစ်ပုလင်း​ ဖောက်ရမယ်မလား... အဲ့လိုသာဆို... ကျွန်မ ဘယ်လို ဂုဏ်ပြု​ပေးမယ် ဆိုတာက အ​ရေးမကြီးပါဘူး" ​မော့ကျန်းသာ ဆုရပါက သူ့ကုမ္ပဏီနှင့် ယဥ်​ကျေးပျူငှာကြသည့် လူ​ပေါင်းများစွာက သူ့ကို ဂုဏ်ပြု​ပေးကြ​ပေလိမ့်မည်။  

​မော့ကျန်းက သူမကို ကြည့်​နေဆဲ ဖြစ်ပြီး သူ့မျက်နှာ​ပေါ်မှ အပြုံးကလည်း တဖြည်းဖြည်း ရည်မှန်းချက်ကြီးလာပုံပင်။ "အရင်တစ်​ခေါက် ​ပြောထားတဲ့ အသားက​ရော... အခု ကိုယ့်ခါး ပြန်​ကောင်း​နေပြီ" 

လီယန်: “…”

ကြည့်ရတာ အိမ်ပြန်ပြီးရင် မိုးလင်းတဲ့အထိ ကစားပြီးမှ ပြန်လာသင့်တယ်ထင်တယ် ...  

.....


လီယန်က ရှားရှားပါးပါး ခွင့်တစ်ရက် ​ရ​သော်ငြား ​မော့ကျန်းက အလွန် အလုပ်များ​နေပြီး ရိုက်ကူး​ရေးပြီးသည်နှင့် ဆု​ပေးပွဲသို့ အ​ပြေးသွားရသည်။

လီယန်နှင့် ချန်းချင်းယန်တို့က တီဗီ​​ရှေ့တွင် ထိုင်ကာ ဆု​ပေးပွဲ တိုက်ရိုက် ထုတ်လွှင့်မှုကို စိတ်လှုပ်ရှားစွာ ​စောင့်​မျှော်​နေခဲ့ကြသည်။ချန်းချင်းယန်က အချိန်ကို ကြည့်လိုက်ပြီး သူမ၏ လက်​ချောင်းများက ကီးဘုတ်ကို မြန်မြန်ရိုက်​နေ​လေ၏။

"နင်အားလပ်ရက်ရတဲ့ အချိန်တိုင်း ငါ့မှာ update လုပ်ဖို့ အချိန်ကို မရှိဘူး... ဘာပဲဖြစ်ဖြစ်ပါ... နင့်​​ဘောစ့်က နင့်ကို အားလပ်​ရက်​ပေးဖို့​တော့ သိ​သေးသားပဲ"

လီယန်က ပါးစပ်ထဲမှ ကြက်​တောင်ပံကို ကိုက်ဝါး​နေပြီး TVကို စိုက်ကြည့်​နေဆဲပင်။ "နင် အရင်ကတည်းက ပြီး​အောင် လုပ်မထားလို့ မဟုတ်ဘူးလား... ဘယ်သူ့အတွက် ဝီရိယ ရှိချင်​ယောင် ​ဆောင်​နေရတာလဲ"  

"ဒီလအတွက် ဆယ်ရက်ပဲ ကျန်​တော့တယ်... ဒါ​တွေအားလုံးက ရုံးတက်ချိန်အပြည့် လစာအတွက်ပဲ" ချန်းချင်းယန်က လက်​ချောင်းများကို ကီးဘုတ်တွင် ရိုက်​နေရင်းက ပြန်​ဖြေ​​လေသည်။  

"ဪ" လီယန်က ကြက်​တောင်ပံကို လက်စသတ်လိုက်ပြီး ​နောက်ထပ်တစ်ခုကို တည်တည်ငြိမ်ငြိမ် ​ကောက်ယူလိုက်သည်။

"ဧကရာဇ်​မော့ မ​ရောက်ခင် ပြီးပါ​စေလို့ ဆု​တောင်း​ပေးတယ်​နော်"  

ချန်းချင်းယန်၏ နှလုံးသားကပူ​ဆွေးမှုနှင့်မခံမရပ်နိုင် ဖြစ်မှုတို့ဖြင့် ငိုမြည်းသွားပြီး ကီးဘုတ်ရိုက်သံကလည်း ပို၍ ပြင်းထန်လာသည်။ 

"ချစ်လှစွာ​သော ကြည့်ရှုသူများ... သူငယ်ချင်းတို့​ရေ... 53ကြိမ်​မြောက် ​ရွှေနွားရိုင်း ဆု​ပေးပွဲကြီး စတင်ပါ​တော့မယ်... ကင်မရာက​နေတဆင့် မီဒီယာသမား​တွေနဲ့ လူ​အများ​ ​လျှောက်လှမ်းမှာ စုစည်း​နေကြတာကို ​တွေ့ကြရမှာပါ... ဒီနှစ်ရဲ့ ဆု​ပေးပွဲက​တော့ ​တောက်ပ​နေတဲ့ ကြယ်ပွင့်​တွေရဲ့ စုစည်းမှုလို့ ​ဖော်ပြရမှာပါ... နိုင်ငံတကာအထိ ​ပေါက်သွားတဲ့ "နတ်ဘုရားတားမြစ်ဇုံ3"နဲ့ ဆန်ကာတင်ဝင်ထားတဲ့ ဧကရာဇ်​မော့အပြင် ယန်လဲ့ရှန်းနဲ့ လတ်တ​လော ပွဲဦးထွက်လာတဲ့ ​ရှောင်ဝမ်ယန်တို့လည်း ရှိ​နေပါတယ်... ဒီနှစ်မှာ ဆန်ကာတင် 37ခု​လောက် ရှိ​​နေပါတယ်"

အစီအစဥ်တင်ဆက်သူ အမျိုးသမီးက အ​ပြော​ကောင်းစွာဖြင့် အဖွင့်စကား ​ပြော​နေဆဲပါပင်။ လီယန်က မသိလိုက် မသိဘာသာ ထိုင်ချမိသွားသည်။

"ဪ စ​တော့မှာပဲ"  

ချန်းချင်းယန်က ခဏ အနားယူကာ တီဗီမျက်နှာပြင်ကို မသိမသာ ​ချောင်းလိုက်သည်။ သို့​သော်လည်း သူမ၏ အကြည့်များက ကွန်ပြူတာဘက်သို့ ခပ်မြန်မြန် ပြန်​ရောက်သွား​လေသည်။

"ဘာလို့ ဒီမိန်းမပဲ ထပ်ပြီး ​ကြေငြာ​ရတာလဲ... အရင်တစ်​ခေါက် ​မော့ကျန်း ပွဲတက်တုန်းကလည်း ​မော့ကျန်းကို ကိုယ်​ရေးကိုယ်တာ ​မေးခွန်း​တွေ အများကြီး ​မေးခဲ့တာ... သူ့မျက်လုံး​တွေက သူ့ကို တစ်ကိုက်တည်း ကိုက်ဝါးချင်​နေသလိုပဲ" 

လီယန်က မျက်​တောင်ခတ်၍ ချန်းချင်းယန်ကို လှည့်ကြည့်လိုက်သည်။

"ကိုယ်​ရေးကိုယ်တာ ​မေးခွန်း​တွေလား... နင်တို့​တွေက ဒီ​အ​ကြောင်း​တွေ ကြားရတာ ကြိုက်တယ် မဟုတ်ဘူးလား"  

"အဓိကက သူ့အကြည့်​တွေ​ကြောင့်​ဟေ့... သူ့​​ဘေးက အစီအစဥ်တင်ဆက်တဲ့ ​ယောကျ်ားကသာ သူ့ကို ဆွဲမသွားရင် ​မော့ကျန်းရဲ့ ခန္ဓါကိုယ်ထဲ တည့်တည့် ​ပြေးဝင်သွား​လောက်တယ်" 

"အဲ့​လောက်ကြီး မဆိုး​လောက်ပါဘူးဟယ်"

လီယန်က ဆီ​​ပေ​နေ​သော လက်ကို သန့်ရှင်းလိုက်ပြီး သူမ၏ မျက်လုံးများက အသည်းအသန် ဖြစ်​နေသည့် ​ကြေညာသူထံ ကျ​ရောက်သွားသည်။

"ဘာပဲဖြစ်ဖြစ်... သူက ကြည့်ရှု​သူ​တွေ အများကြီး​ရှေ့မှာ ရှိ​နေတာပဲ... အရှုပ်​တွေ မလုပ်ရဲ​လောက်ပါဘူး"

"နင်ဘာသိလို့လဲ"

ကီးဘုတ်ရိုက်သံ ဆက်လက် ထွက်​ပေါ်​တေ​သော်လည်း ချန်းချင်းယန်က လီယန်ကို ဆူပူရန် အချိန် ရှိ​နေဆဲပင်။

"ခု​ခေတ်လူ​တွေက အာရုံစိုက်ခံရဖို့ ဘာမဆို လုပ်နိုင်တယ်... သူ ဒီ​နေ့ ​မော့ကျန်းကို ဘာ​မေးခွန်း ​မေးမလဲဆိုတာ ဘယ်သူသိမှာလဲ"  

"အိုး"လီယန်က သက်ပြင်းခပ်​မျှင်းမျှင်း ချလိုက်ပြီး ​ကော်​ဇောနီ​ပေါ်သို့ ​ရောက်ရှိလာသည့် ပထမဆုံး​သော နာမည်​ကျော်ကို ​တွေ့လိုက်ရသည်။

"အာ... တစ်​ယောက်​ယောက် ​ရောက်လာပြီ"  

ချန်းချင်းယန်က ကီးဘုတ်ကို ထိုး​ဖောက်မတတ် ရိုက်​နေပြီး​နောက် သက်ပြင်း အရှည်ကြီး ချလိုက်​လေသည်။

"​နောက်ဆုံး​တော့ မီသွားပြီ"

ချန်းချင်းယန်က စာလုံး​ပေါင်းများ ပြန်မစစ်​တော့ဘဲ သူမ ယခု​လေးတင် ရိုက်ထား​သော စာမူကို အွန်လိုင်း​ပေါ်သို့ ပို့လိုက်သည်။ ချန်းချင်းယန်က ​ပေချ့်တွင် အသစ်တက်လာ​သော အခန်းအသစ်ကို ကြည့်၍ ကွန်ပြူတာမှ အကြည့်ကို ဖယ်လိုက်ရန်အတွက် စိတ်​အေးသွား​လေသည်။

"အိုင်း... နီပိုင် ဒီနှစ်​တွေထဲ ပိုအရုပ်ဆိုးလာတယ်လို့ မထင်ဘူးလား... သူ့မျက်နှာကို မြှင့်လိုက်တာ ကျရှုံးသွားလို့လား မသိ​နော်"

လီယန်က လက်ထဲတွင် ​ခေါင်းအုံးကို ကိုင်ထားပြီး TVမျက်နှာပြင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ "နီပိုင်က ဘယ်သူလဲ" 

"အခု​လေးတင် ​ကော်​ဇောနီ​​ပေါ်က​နေ ဆင်းသွားတဲ့ အန်တီကြီး​လေ" 

လီယန်: “…”

"အ​စောပိုင်းနှစ်တုန်းက နီပိုင်နဲ့ ​မော့ကျန်းကို တိတ်တိတ်​လေး ချစ်​နေကြပါတယ်ဆိုပြီး မီဒီယာက ​​ပြောဖူးတယ်... ဧကရာဇ်​မော့က နီပိုင်ကို ကြည့်ကြည့်ပါ​စေအုံး... ဟီးဟီး"  

လီယန်: “…”

သူမ နီပိုင်ကို သ​ဘောမ​တွေ့တဲ့ ခံစားချက် ပြင်းပြင်းကြီးရ​နေတာ အံ့သြစရာ မရှိ​တော့ဘူးပဲ...  

"စု​ရှောင်းမန်ရဲ့ ဝတ်စုံကလည်း အဲ့​လောက်​တောင် နိမ့်ဆင်းရဲသွား​တော့တာလား... စွမ်း​ဆောင်ရည် မရှိရင် မဝတ်နဲ့​လေ"  

လီယန်: “…”

ချန်းချင်းယန်၏ မှတ်ချက်များကို နား​ထောင်ပြီး​နောက် သူမ ရုတ်တရက် နှလုံးသားထဲမှ အနည်းငယ် ခါးသက်လာသလို ခံစားလိုက်ရသည်။   

အတိတ်တွင် သူမ၏ အခန်းမှ လူတိုင်းက နာမည်​ကျော်များ​နောက် လိုက်ရသည်ကို ကြိုက်ကြသည်။ သူတို့ အတူရှိကြပြီး နာမည်​ကျော်များ အ​ကြောင်း ​ပြောကြသည့်အချိန်တွင်လည်း သူမက တိတ်တိတ်​လေး သာထိုင်​နေပြီး ထိုကဲ့သို့​သော အဆင့်နိမ့်လှသည့် လုပ်​ဆောင်မှုများကို အထင်​သေး​လေ့ရှိ​ပေသည်။ သူမသည်လည်း ထိုကဲ့​သို့​သော အဆင့်နိမ့်ကျသွားသည့် ​နေရက် ရှိလာမည်ဟု မည်သူမှ ထင်ထားခဲ့မည် မဟုတ်​ပေ။

​မော့ကျန်းအတွက်​ကြောင့်သာ မဟုတ်ခဲ့ပါက သူမက အိပ်ရာထဲကိုသာ သွား​နေမည် ဖြစ်ပြီး ထိုပွဲကို ကြည့်လိမ့်မည် မဟုတ်​​ပေ။ 

ချန်းချင်းယန်က ​တောင်စဥ်​ရေမရ တဝိုးဝိုး ​အော်ဟစ်​နေဆဲသာ ရှိ​နေ​သေးသည်။ ရုတ်တရက် မျက်နှာပြင်ထက်တွင် ​​အော်ဟစ်သံ အကျယ်ကြီး ​ပေါ်လာပြီး ချန်းချင်းယန်က လီယန်၏ လက်ကို ဆွဲထားကာ အသက်​အောင့်ထားပုံ ရ​လေသည်။

"ဧကရာဇ်​မော့" အစီအစဥ်တင်ဆက်သူက သူမ၏ အသံကို အသံသွင်းစနစ်မှ ထွက်လာသည့်အလား ကီးမြှင့်သွား​စေသည်။ လီယန်၏ အကြည့် ​ရွေ့လျားသွားပြီး​နောက် ​​ကော်​ဇောနီ​ဘေးတွင် ရပ်ထားသည့် Rolls Royce ကားတစ်စီးကို ​​တွေ့လိုက်ရသည်။

ကြည့်ရှု​​နေသူများ၏ ​အော်ဟစ်သံများနှင့် မီဒီယာများ၏ မီး​ရောင် တဖျတ်ဖျတ် ​အောက်တွင် ကားတံခါးက အသံကျယ်ကျယ်ဖြင့် ပွင့်သွားပြီး ​မော့ကျန်းက ကားထဲမှ ထွက်လာခဲ့​လေသည်။   

ချက်ချင်းဆိုသလိုပင် လီယန်က ထိုသူမှာ အမှန်တကယ်ပင် စူပါစတားတစ်​ယောက်ဖြစ်သည်ဟု ပထမဆုံးအကြိမ် အဖြစ် ခံစားလိုက်ရသည်။  

ထိုသူက အနက်​ရောင် အ​နောက်တိုင်း ဝတ်စုံကို သူ့ကို ​ကျော့ရှင်း​လှသည့် မင်းမျိုးမင်းနွယ်တစ်​ယောက်သဖွယ် ဖြစ်သွား​စေမည့် မီးခိုးရောင်​ဖျော့​ဖျော့ ရှပ်နှင့် ဘာဂန်ဒီ လည်စီးတို့ဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။ ​နေရာတိုင်းတွင် ထိုး​ဖောက်မတတ်ဖြစ်​နေ​သော ​လေထုနှင့် တဖျတ်ဖျတ်လက်​နေ​သော မီး​ရောင်များ ရှိ​နေ​​သော်လည်း ပြီးပြည့်စုံ​သော အပြုံး​လေးတစ်ခုကို ထုတ်ပြထားဆဲ ဖြစ်သည်။  

"အား အား အား" ချန်းချင်းယန်က စိတ်လှုပ်ရှားလွန်း​နေသဖြင့် ထရပ်ကာ ပတ်​ပြေး​တော့ခါနီးပင်။ "သူ ငါ့ကို ပြုံးပြလိုက်တယ်"

"... သူ ကင်မရာကို ရယ်ပြ​နေတာပါဟယ်"  

"အား အား အား... ငါ ဘာလုပ်ရမလဲ... ဧကရာဇ်​မော့က ​ချောလိုက်တာ"

ချန်းချင်းယန်က ဧကရာဇ်​မော့၏ အ​ချောအလှများတွင် နစ်​မြောကာ လုံးဝစိတ်လွတ်​တော့မတတ် ဖြစ်​နေသည်။  

လီယန်၏ နှုတ်ခမ်းတွန့်​သွားပြီး သူမကို လျစ်လျူရှုထားလိုက်သည်။ တီဗီ​ပေါ်တွင် ​မော့ကျန်းက ​ကော်​ဇောနီ​ပေါ် ​လျှောက်လာ​နေပြီး မီဒီယာများ ဓါတ်ပုံရိုက်နိုင်ရန် အချိန်နှင့်အမျှ ရပ်​ပေး​နေသည်။ အမျိုးသမီး တင်ဆက်သူ၏ အားတက်သ​ရော အသံက screenကို ဖြတ်၍ ထွက်လာပြန်သည်။

"ဒါက​တော့ ​ရွှေနွားရိုင်း ဆု​ပေးပွဲကို ဧကရာဇ်​မော့ တက်​ရောက်လာတဲ့ တတိယအကြိမ်ပါ... ခုန​လေးတင်ကပဲ မီဒီယာ​တွေက ဧကရာဇ်​မော့ရဲ့ အမျိုးသမီးတွဲဖက်က ဘယ်သူ ဖြစ်မလဲ ဆိုပြီး ခန့်မှန်းခဲ့ကြပါတယ်... သူ ​ကော်​ဇောနီ​ပေါ်ကို တတိယအကြိမ်​မြောက် တစ်​ယောက်ထဲခြေချခဲ့ပြန်ပါပြီ"

လီယန် ထိုအ​ကြောင်းကို ကြား​သောအခါ အ​​တွေးနက်သွားပြန်သည်။ သူ့မှာ အမျိုးသမီး တွဲဖက်တစ်​ယောက် မရှိရင် အမျိုးသား တွဲဖက်တစ်​ယောက်ကို ​ခေါ်သွားလို့ ရတာပဲ... ဘာပဲဖြစ်ဖြစ် ထန်ချန်းလည်း သူနဲ့ ပွဲကို လိုက်သွားတာ မဟုတ်ဘူးလား... သူတကယ် တစ်​ယောက်တည်း ဖြစ်​နေရင်လည်း ထန်ချန်းကို ​​ကော်​ဇောနီ​ပေါ် ​ခေါ်သွားလို့ ရတာပဲ​လေ"  

# ထန်ချန်း # ဘယ်သူကထန်ချန်းလဲ (နစ်နာသူ​လေး တစ်​ယောက်လို လဲ​နေ)

​​မော့ကျန်း သူ့နာမည်ကို ​လက်မှတ်ထိုးရန် ဘုတ်ပြားဆီသို့ မသွားနိုင်ခင်မှာပင် တင်ဆက်သူ အမျိုးသမီးက သူ့ခန္ဓါကိုယ်ဆီသို့ ပစ်ဝင်ရန် မ​စောင့်နိုင်​တော့​ပေ။

"ဧကရာဇ်​မော့... ဘာလို့ ပါတနာ တစ်​ယောက် ​ခေါ်မလာရ​တာလဲ... သင့်​တော်တဲ့သူ မရှာနိုင်​သေးလို့လား... တမင်သက်သက် ​ရှောင်​နေတာများလား" 

လီယန်၏ ပါးစပ် ​အောက်ကျသွား​လေသည်။ ဒီ​မေးခွန်းက ရိုးရှင်းပြီး အကြမ်းဆန်လိုက်တာ... တင်ဆက်သူ တစ်​ယောက်အ​နေနဲ့ မင်းရဲ့ အလုပ်အ​ပေါ်မှာ ညှိုနှိုင်း​ဆွေး​နွေးတတ်တဲ့ စ​ကေး​တွေ ​ပေါင်းထားတာ အချည်းနှီး​တော့ မဟုတ်ဘူးပဲ..  

​မော့ကျန်း၏ အမူအယာက ​ပြောင်းလဲမသွားဘဲ ထိုကဲ့သို့​သော ​မေးခွန်းမျိုးကို အချိန်အ​တော်ကြာ ကျင့်သား​ရ​နေခဲ့ပုံပင်။ သူ၏ စံပြ​မော့ကျန်းအပြုံး​လေးကို ထိန်းသိမ်းထားဆဲပါပင်။

"ဘယ်သူကမှ ကျွန်​တော့်ရဲ့ အမျိုးသမီး တွဲဖက် မဖြစ်ချင်ကြဘူး​လေ... ​​မေးလိုက်တဲ့လူတိုင်းက တစ်​ယောက်​ယောက်ရဲ့ တွဲဖက်အဖြစ်ခေါ်ထုတ်သွားခံရတာချည်းပဲ"  

ထိုသူက အရူးတစ်​ယောက်သဖွယ် ဟန်​ဆောင်​နေ​သော်ငြား တင်ဆက်သူက လွယ်လွယ်ကူကူ အနိုင်ယူခွင့်မ​ပေး​​ပေ။

"ဒါဆို ဘယ်သူကများ ဧကရာဇ်​မော့ တွဲချင်ခဲ့တဲ့သူပါလိမ့်" 

"အစတုန်းက ချင်ကျဲကို စဥ်းစားခဲ့​ပေမယ့် ​ကောင်းရိ ​ခြေတစ်လှမ်းဦးသွားတာ​တော့ စိတ်မ​ကောင်းစရာပါပဲ"

တင်ဆက်သူ၏ စိတ်အားထက်သန်မှုများက အထင်ကြီး​​လေးစားမှု တစ်ခု ဖြစ်သွားရသည်။ ဒီအ​ဖြေက လုံးဝ ​ပေါက်ကွဲမှု​တွေ ကင်း​နေတာပဲ...

ချင်ရို့က ခိုက်ဟွမ်း၏ သရုပ်​ဆောင်​ဟောင်းတစ်​ယောက်ပင်။ သူမနှင့် ​မော့ကျန်း၏ ဆက်ဆံ​ရေးက စီနီယာ ဂျူနီယာ ဆက်ဆံ​ရေး ဖြစ်သည်။ ​မော့ကျန်းက သူတို့အကြား အသက်အရွယ် ကွာခြားမှုကို တမင်သက်သက် ပြလိုသည့်အလား ချင်ရို့၏ နာမည်တွင် "ကျဲ(အစ်မ)" ဟူသော စကားလုံးကိုပင် ထပ်ဖြည့်ထား​သေးသည်။ ​ကောင်းရိနှင့် ချင်ရို့တို့က "​တောင်ဘက်လမ်း​ပေါ်က ​ကောင်းကင်အလင်းတန်းများ" ဇာတ်ကား၏ အဓိက ဇာတ်လိုက်များ ဖြစ်ကြသည်။ နှစ်​ယောက်လုံးကလည်း ဆန်ကာတင်ဝင်ထားကြသဖြင့် ဆု​ပေးပွဲကို အတူတကွ တက်ကြမည် ဖြစ်သည်။

ဧကရာဇ်​မော့၏ အ​ဖြေက အမှန်တကယ် လုံခြုံပြီး လစ်ဟာမှု ရှိမ​နေပါ​ချေ။

ပိုပို၍ ရဲရင့်လာ​သော တင်ဆက်သူ အမျိုးသမီးမှာ ​မော့ကျန်းနှင့် ထိုက်ကျိ ကစားခြင်းက အသုံးမဝင်​ကြောင်း ​တွေ့လိုက်ရသဖြင့် အ​ကြောင်းအရာဆီသို့သာ တည့်တည့်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဧကရာဇ်​မော့ရဲ့ အချစ်အ​ကြောင်းက​ရော ဘယ်လို တိုးတက်မှုများ ရှိနေပြီလဲ... မီဒီယာ​တွေနဲ့ ဖန်​တွေက ဒီအ​ကြောင်းကို အရမ်း စိတ်ဝင်​စား​နေကြတယ်"

"​သြော်... စိတ်ဝင်စား​နေတာ ​နင်ပဲ​လေ"

ချန်းချင်းယန်က ထိုကဲ့သို့ ​ပြော​နေ​သော်လည်း သူမ၏ နားရွက်များက နားစွင့်​နေဆဲပါပင်။

​မော့ကျန်းက ​မေးခွန်းကို ​တွေး​နေရင်းပင် ကင်မရာကို မျက်နှာချင်းဆိုင်ကာ သိမ်​မွေ့​သော အပြုံးတိမ်တိမ်​လေးကို ​ဖော်ထုတ်လာခဲ့သည်။

"ကြည့်ရတာ အခုတ​လော ကျွန်​တော် သ​ဘောကျရတဲ့ တစ်စုံတစ်​ယောက်နဲ့ ​တွေ့ခဲ့ရပြီ ထင်ပါရဲ့"



Xxxxx