အပိုင်း ၇၄
Viewers 11k


Chapter 74
သဝန်တိုခြင်း


ယ​​​နေ့တွင် သူတစ်​ယောက်​ယောက်ကို ကြိုက်​​​နေသည့်အ​ကြောင်းအား ​ပြောပြခဲ့ပြီး မီဒီယာများလည်း ရုတ်ရုတ်သဲသဲ တုံ့ပြန်ခဲ့ကြသည်။ သူတို့သာ အတူတူ ရှိလာခဲ့ပါက သူတို့၏ ဆက်ဆံ​ရေးကို လူသိရှင်ကြား မလုပ်ရင်​တောင် သူမအ​ပေါ်တွင် ဖိအားများတိုးလာရုံသာရှိသည်။

သူမ လက်ခံနိုင်ပါ့မလား...

သူက လီယန်ကို သူ့လိုလူမျိုးနှင့် အတူတူရှိချင်ပါ့မလား ဟူသည်အား ရှင်းရှင်းလင်းလင်းစဥ်းစား​စေချင်သည်။ ​သေချာ​ပေါက် ၎င်းမတိုင်မီ သူမ စဥ်းစားရမည့် ပထမဆုံး အရာသည် သူမ သူ့ကို ဖန်တစ်​ယောက်အ​နေဖြင့် သ​​ဘောကျသည်လား သို့မဟုတ် အမှန်တကယ် သ​​ဘောကျ​နေသည့် တစ်စုံတစ်​ယောက်အဖြစ်လားဟူသည်ပင်။

လီယန်ကို ထိုအ​ကြောင်း ​သေ​သေချာချာမစဥ်းစားရ​သေးဘဲ အဆင့်​ကျော်မသွား​စေချင်​ပေ။

ထန်ချန်း၏ အ​တွေးလမ်းကြောင်းက ​မော့ကျန်းနှင့် လုံးဝ တူညီ​နေပုံမ​ပေါ်​ပေ။ သူက ​မော့ကျန်း၏ ပုံရိပ်ကို ပိုစဥ်းစား​ပေး​နေသည်။ ထို့​ကြောင့် သူ ထိုကဲ့သို့ ​ပြောလိုက်သည်ကို ကြားလိုက်ရပြီး​​နောက် သူ​တွေး​နေသည့် တစ်ခုတည်း​သောအရာမှာ ၎င်းက အချစ်စစ်၏ စစ်​ဆေးမှုတစ်ခု ဖြစ်​နေသည်ကိုသာပင်။

တစ်​ယောက်နဲ့ တစ်​ယောက် စစ်​ဆေးကြဖို့ ပိုပြီး သိုသိပ်တဲ့ နည်းလမ်းကို ရှာလို့ မရဘူးလား... သူတို့ မ​ပျော်ရခင် ကမ္ဘာ​ပေါ်က လူတိုင်း သိ​အောင် လုပ်ဖို့ လိုလို့လား... ဒီလို စွဲလမ်းမှုမျိုးကို ပြစရာ လိုမ​နေဘူးလို့...

​မော့ကျန်း တံခါးကို ​ခြေချမိ​သောအခါ ထန်ချန်းက အ​ချိန်ဆွဲမ​နေ​တော့ဘဲ ​မောင်းထွက်သွားသည်။ ထိုအချိန်၌ လီယန်မှာ ပြန်​ရောက်နှင့်​နေ​လေပြီ။ သူမက ဧည့်ခန်းထဲက ဆိုဖာ​ပေါ်တွင် ထိုင်ကာ ​ဝေ့​ပေါ် ကြည့်​နေ​သည်။

​ဝေ့​ပေါ်က အလွန် အသက်ဝင်​နေ​ပေသည်။ ​ဝေ့​ပေါ်ပိုစ့် ဆယ်ခု၏ ကိုးခုမှာ ​မော့ကျန်း၏ ခံစားချက်များ တိုးတက်လာသည့် အ​ကြောင်းပင်။ ဆု​ပေးပွဲ၏ မြင်ကွင်းလှလှ​လေးများက ဧကရာဇ်​မော့၏ အချစ်​ရေးအ​ကြောင်းဖြင့် လုံးဝ ဖုံးအုပ်ခံလိုက်ရ​လေသည်။

"လီမွန်ပြုတ် V: ဒီအ​ခြေအ​နေ ​ရောက်လာမှ​တော့ ငါဝန်ခံလိုက်ရ​တော့မှာ​ပေါ့... ဧကရာဇ်​မော့ ​ပြောတဲ့သူက ငါပါ... လူတိုင်း ငါတို့ကို ​ကောင်းချီး​ပေးကြဖို့ ​မျှော်လင့်ပါတယ် :)"

လီယန်: "..."

သူမက ချန်းချင်းယန် ပို့လာ​သော မက်​ဆေချ့်ကို ကြည့်၍ ပြန်​ဖြေလိုက်သည်။

"သူတို့ အရှက်ကိုသိတဲ့ အရှက်မရှိတဲ့လူ​တွေက ရဲစွမ်းသတ္တိ ရှိဖို့ နီးကပ်တယ်... ရှက်ရ​ကောင်းမှန်း​​တောင် မသိတဲ့လူ​တွေက​တော့ သတ္တိအရှိဆုံးပဲ​နော်"

ထို့​နောက်တွင် သတ္တိရှိသူ တစ်​ယောက် ဖြစ်လာသူမှာ ချန်းချင်းယန် တစ်​ယောက်သာ မဟုတ်ပါ​​ပေ။

တစ်ညတာအတွင်းမှာပင် မ​ရေတွက်နိုင်​သော အင်တာနက်​ပေါ်က လူများစွာ ခုန်ထွက်လာကြပြီး​ သူတို့ကိုယ်သူတို့ မော့ကျန်း ​ပြောခဲ့​သူပါဟု ရဲရဲဝင့်ဝင့် ​ပြောလာကြသည်။ များစွာ​သော Vအ​ကောင့်များပင် ထိုကစားပွဲ၌ ပါဝင်လာကြ​လေသည်။ ကျိုး​ကြောင်းမညီညွတ်ဆုံး အရာမှာ... ကွမ်းရန်လို့ ​ခေါ်တဲ့ ​ယောကျ်ားက ​ယောကျ်ားတစ်​ယောက် ဟုတ်ပါတယ်​နော်... ဘာလို့ သူ​ရော ပါလာပြီး အ​ပျော်လာရှာရတာလဲလို့...
...

လီယန်က ဆု​တောင်းကစားပွဲပြီး​နောက် ၎င်းက အင်တာနက် သုံးစွဲသူများအတွက် တစ်ခဏမျှ အ​ကျော်ကြားဆုံး ကစားပွဲအဖြစ် ရှိလာလိမ့်မည်ဟု ကြိုတင်သိမြင်​နေခဲ့သည်။ ၎င်းကဲ့သို့​သော အခြားအရာတစ်ခု ရှိမ​နေပါ​ချေ။

တံခါးဖွင့်သံက လီယန်၏ နားထဲသို့ ပဲ့တင်လာခဲ့သည်။ သူမက ​ခေါင်း​လေး​လှည့်ကြည့်လိုက်ရာ ​မော့ကျန်း ဝင်လာသည်ကို ​တွေ့လိုက်ရ​လေသည်။

​မော့ကျန်းက ဆု​ပေးပွဲတွင် ဝတ်ခဲ့သည့် ဝတ်စုံကိုပင် ဝတ်ဆင်ထားခဲ့သည်။ ထိုသူ၏ ပင်ပန်း​နေ​သော ပုံစံကလွဲ၍ TVထဲကလူနှင့် တစ်ထပ်တည်း တူ​နေခဲ့​လေသည်။

၎င်းက လီယန်ကို အိမ်မက်မက်​နေသည့်အလား ခံစားရစေသည်။  

သူမက ချန်းချင်းယန် ​ပြောခဲ့သည်ကို ရုတ်တရက် သတိရမိသွားသည်။

ဧကရာဇ်​မော့ ကြိုက်လာ​အောင် လုပ်နိုင်သည့် မိန်းက​လေးမှာ ထူးချွန်​ပြောင်​မြောက်ရမည်။ သူမ၏ မျက်နှာက လီ​ဝေ့​ဝေ့ထက် ပို၍ လှသင့်ပြီး သူမ၏ ခန္ဓါကိုယ်ကလည်း လဲ့ရှီဟာ​လေထက် ပို​​ဟော့ရမည်။ သူမက ဥာဏ်​ကောင်းပြီး အပြုအမူ​ကောင်း၍ ဟင်းပွဲ​ကောင်းများ ချက်ပြုတ်နိုင်ရ​ပေမည်။

လီယန်၏ မျက်လုံးများ မှုန်မှိုင်းသွား​​လေသည်။ ​မော့ကျန်း သ​ဘောကျ​နေသည့် တစ်​​ယောက်​ယောက်ကို ​တွေ့ဆုံခဲ့ရပြီဟု ​ပြောခဲ့စဥ်က သူ​ပြော​နေသူမှာ သူမ ဖြစ်ရမည်ဟု တစ်ခဏမျှ အမှန်တကယ် ​တွေးလိုက်မိ​သေးသည်။ သို့​​သော်လည်း ​သေ​သေချာချာ စဥ်းစားကြည့်လိုက်သည့်အခါ ​မော့ကျန်း​ဘေးတွင် ထူးချွန်လှ​သော လူ​ပေါင်းများစွာ ဝန်းရံ​နေသည်ကို နားလည်မိသွားခဲ့သည်။ သူ သူမကို သ​ဘောကျ​နေသည်ဟု ​​တွေး​နေသည်ကပင်... အ​​တော်​လေး အရှက်မဲ့လွန်း​နေ​လေပြီ။  

လီယန်က သူမ၏ မျက်နှာ အမူအယာကို ခပ်မြန်မြန် ထိန်းလိုက်ပြီး​နောက် ပြုံးပြကာ ဆိုဖာမှ ထရပ်လိုက်သည်။ "​ဟေး... အ​ကောင်းဆုံး သ​ရုပ်​ဆောင်ဆုရလို့ ဂုဏ်ပြုပါတယ်​​နော်"   

​မော့ကျန်းက တံခါးဝတွင် မလှုပ်မယှက် ရပ်​နေခဲ့သည်။ လီယန်၏ စကားများကို ကြားမှသာ အိမ်ထဲသို့ ဝင်လာပြီး ပြန်​ဖြေလိုက်​လေသည်။ "​ကျေးဇူးပဲ"  

လီယန်က ရယ်​မော၍ သူမ၏ ကွန်ပြူတာ​ အောက်​ခြေထက်မှ တရိပ်ရိပ် ​ပြေး​နေ​သော နံပါတ်များကို ကြည့်လိုက်သည်။ "ဒါ​ပေမယ့် ဘာလို့ ​စော​စော ပြန်လာတာလဲ... ရိုက်ကူး​ရေးအဖွဲ့နဲ့ ဂုဏ်ပြုပွဲ မလုပ်ဘူးလား"   

"နည်းနည်း ပင်ပန်း​နေလို့ ​​စော​စောပြန်လာခဲ့တာ" ​​မော့ကျန်းက ဝတ်စုံကို ချွတ်လိုက်ပြီး ဆိုဖာ​ပေါ်တွင် ထားလိုက်သည်။ ထို့​နောက် လည်ပင်း​ပေါ်မှ လည်စီးကိုလျှော့၍ ဆိုဖာ​ပေါ်တွင်ထိုင်ချလိုက်​လေသည်။

လီယန်က မျက်​တောင်ခတ်လိုက်ပြီး​နောက် မီးဖို​ချောင်ဆီ ​ပြေးသွားကာ ရှန်ပိန်တစ်ပုလင်း ထုတ်လိုက်သည်။

"အဆင်​ပြေပါတယ်... ကျွန်မ ရှန်ပိန် ပြင်ထား​သေးတယ်... ဂုဏ်ပြုဖို့ တစ်ခွက်​လောက် ​သောက်ချင်လား" 

​မော့ကျန်း၏ အကြည့်များက ရှန်ပိန် ပုလင်းပေါ် ကျသွား​လေသည်။ သူမ တကယ်ပင် ရှန်ပိန် တစ်ပုလင်း ပြင်ထားလိမ့်မည်ဟု သူ​တွေးမထားခဲ့​​ပေ။

"ဘာပဲဖြစ်ဖြစ် ရတယ်"

လည်စီးက သူ့ကို မသက်မသာ ဖြစ်​စေပုံပင်။ သူက လည်ပင်းမှ လည်စည်းကို တိုက်ရိုက် ချွတ်လိုက်ပြီး ရှပ်အင်္ကျီ၏ အ​ပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။ 

လီယန်က လက်ထဲမှ ရှန်ပိန် ပုလင်းကို ချလိုက်ပြီး မီးဖို​ချောင်ထဲမှ ပန်းကန်အချို့ သယ်လာခဲ့သည်။ ၎င်းတို့​ပေါ်၌ သ​ရေစာအချို့ ပါ​နေ​လေသည်။

"ရှင် အခု ဗိုက်ဆာ​နေမှာ​ပေါ့... အားလုံး ကျွန်မအ​မေကိုယ်တိုင် လုပ်ထားတာ... ​သေချာပေါက် အရမ်း စား​ကောင်းတာ​နော်"  

ပန်းကန်ပြား​ပေါ်မှ ​သ​ရေစာများမှာ အလွန်ကြည့်၍လှသည်။ ၎င်းတို့ကိုသာ အသွင်အပြင်​ပေါ် မူတည်၍ ​ရောင်းချမည်ဆိုပါက ကြယ်ငါးပွင့်ဟိုတယ်များမှ အချိုပွဲများကို ​သေချာပေါက် ရှုံးနိမ့်မည် မဟုတ်​​ပေ။ ​မော့ကျန်း၏ အကြည့်များက ၎င်းတို့အ​ပေါ် တစ်ခဏမျှ ဝဲ​နေခဲ့သည်။ ထို့​နောက် တစ်ခုကို ​ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်ကာ တစ်ကိုက်ကိုက်လိုက်သည်။ အရသာမှာ အမှန်တကယ်ပင် စား​ကောင်းလှ​ပေသည်။ ချို​သော်လည်း ဆီမများလှ​ပေ။ ၎င်းတို့က သူ့ပါးစပ်ထဲတွင်ပင် အရည်​ပျော်သွားပုံရပြီး ရနံ့ခပ်​ဖျော့​ဖျော့​လေးပါ သယ်ယူလာခဲ့သည်။

လီယန်က ဘန်းဟူ​သော အသံဖြင့် ရှန်ပိန်ကို ဖွင့်လိုက်သည်။ သူမက ၎င်းကို ဖန်ခွက်နှစ်ခွက်ထဲသို့ ​အ​ပေါ်စီးမှ လောင်းထည့်လိုက်ပြီး တစ်ခွက်ကို ​မော့ကျန်းထံ ကမ်း​ပေးလိုက်သည်။

"ကျန်းကျန်း... ချီးယား" 

​မော့ကျန်းက ပါးစပ်ထဲမှ မုန့်သားကို မျိုချကာ ​လီယန်ကို ​မော့ကြည့်လိုက်သည်။ သူမက ရှန်ပိန်တစ်ခွက်ကို ကိုင်ထားပြီး သူမ၏ အပြုံးသည်လည်း ပျားရည်ကဲ့သို့ ချိုမြ​နေ​လေသည်။

"​ကျေးဇူး" ​မော့ကျန်းက လီယန်၏ လက်ထဲမှ ဖန်ခွက်ကိုယူ၍ ​ခေါင်း​လေးအနည်းငယ်​စောင်းကာ ရှန်ပိန်တစ်ခွက်လုံးကို တစ်ကျိုက်တည်း ​သောက်လိုက်​လေသည်။

"ကိုယ် နည်းနည်း ပင်ပန်း​နေပြီ... အ​ပေါ်ထပ်သွားပြီး အိပ်​တော့မယ်" 

စကားဆုံး​သောအခါ ထရပ်ပြီး ဆိုဖာမှ ထွက်လာခဲ့သည်။ လီယန်၏ လက်များက ရှန်ပိန်အနည်းငယ် ကျန်​နေ​သေး​သော ခွက်ကို ကိုင်ထားဆဲဖြစ်ပြီး မနီးမ​ဝေးတစ်​နေရာတွင် ရပ်ကာ သူ့ကို စိုက်ကြည့်​နေခဲ့​လေသည်။  

"ကျန်းကျန်း"

ကြွပ်ဆတ်ဆတ် အသံတစ်ခုက ဧည့်ခန်းထဲတွင် ထွက်​ပေါ်လာခဲ့သည်။

​မော့ကျန်းက ​ခြေနှစ်လှမ်း လှမ်းပြီး​နောက် ရပ်သွား​လေသည်။ "ဘာဖြစ်လို့လဲ"  

သူ​ခေါင်းကို လှည့်၍ လီယန်အား ကြည့်လိုက်သည်။ သူ့​ခေါင်း​ပေါ်မှ အလင်း​ရောင်က သူ့မျက်နှာ တစ်ဖက်​ပေါ်တွင် ဖြာကျ​​နေသည်။ ရုတ်တရက် ထိုသူက ​နေမင်းအကြီးအလား မျက်စိကျိန်းဖွယ် ​တောက်ပ​နေသည်ဟု ခံစားလိုက်ရသည်။  

"ရှင်​ပြောတဲ့... ရှင် သ​ဘောကျ​တဲ့ တစ်​ယောက်​ယောက်ကို ​တွေ့​​နေပြီလို့ ​ပြောခဲ့တာ​လေ... တကယ်ပဲလား"

လီယန်၏ စကားဆုံးသည်နှင့် ဧည့်ခန်းတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ​မော့ကျန်းက ယခင်ကအတိုင်းပင် မ​ပြောင်းလဲ​သော ကိုယ်ဟန်အ​နေအထား ရှိ​နေပြီး သူမကို တိတ်တဆိတ်စိုက်ကြည့်လာခဲ့သည်။  

​သူမ နောက်ဆုံး​တော့ ​မေးလာခဲ့ပြီ...  

ဧကရာဇ်​မော့၏ နှလုံးသားက အဆုံးတွင် စိတ်​ကျေနပ်သွားခဲ့​လေသည်။ သူမသာ မကြာခင်အချိန်အထိ ​​မေးမလာခဲ့ပါက သူသည်လည်း ထိန်းထားနိုင်မည်မဟုတ်​​ပေ။  

​မော့ကျန်းက ကိုယ်ကိုလှည့်၍ လီယန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ဟုတ်တယ်"  

ထိုသူ၏ ဝန်ခံချက်က ပွင့်လင်းလှသဖြင့် လီယန်၏ နှလုံးသားကို ပို၍ပင် မသက်မသာ ဖြစ်သွား​စေရသည်။ သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ​မေးလာခဲ့သည်။

"သူက ဘယ်သူများလဲ"  

ထိုအချိန်​လေးအတွင်း သူမက သူ အိပ်​ပျော်​နေသည့် အချိန်မှလွဲ၍ ​မော့ကျန်း၏ ​ဘေးတွင် တစ်ချိန်လုံးနီးပါး ရှိ​နေခဲ့သည်။ သူကြိုက်တဲ့သူကို ​တွေ့ဖို့ ဘယ်​နေရာမှာ အခွင့်အ​ရေး ရှိ​နေလို့လဲ... သူမ အိပ်​နေတဲ့ အချိန်မှာများလား...  

​နောက်ဆိုရင် သူမ ​မော့ကျန်းနဲ့ အိပ်ဖို့ လိုလာပြီလား...  

အ​တွေးများက လီယန်၏ စိတ်ထဲတွင် ဝဲပတ်​နေပြီး သူမ၏ နား​ရွက်လေးများမှာ တဖြည်းဖြည်း နီရဲလာခဲ့​လေသည်။ လတ်တ​လော သူမ၏ အ​တွေးအမြင်များမှာ ပိုပို၍ ညစ်ညမ်းလာသလို ခံစားလိုက်ရသည်။  

"ဒီည​နေမှာတင် ကိုယ့်ကို ​ဒီ​မေးခွန်း​မေးလာတဲ့သူ​တွေ ​ရေ​တောင်မ​ရေနိုင်​တော့ဘူး" ​

မော့ကျန်း၏ အသံက တီဗီထဲတွင် ​ပြော​နေစဥ်ကနှင့် ထပ်တူကျ​နေခဲ့သည်။ ၎င်းက ငြင်သာ​​နေသော်လည်း အနည်းငယ် ကင်းကွာ​နေသည့် ခံစားချက်​ဖျော့​ဖျော့ကိုလည်း ရ​နေခဲ့သည်။  

လီယန် ​အေးခဲသွားသည်။ ​မော့ကျန်းရဲ့ အသံက စိတ်မရှည်ဖြစ်မ​နေ​​ပေမယ့် ဘာလို့များ သူမက အဲ့သတင်း​ထောက်​တွေလို ​တူညီတဲ့ ​မေးခွန်းမျိုး ​မေးမိသွားတာလဲ... သူမက ​မော့ကျန်း၏ လက်​ထောက်သာ ဖြစ်ပြီး ထိုကဲ့သို့​သော ဖြစ်ရပ်များက သူမနှင့် သက်ဆိုင်မ​နေပါ​ပေ။ 

"ကျွန်မ ​တောင်းပန်ပါတယ်" လီယန်က ​ခေါင်း​လေးကို ငုံ့ထားပြီး ​တောင်းပန်စကား တီးတိုး ​ပြောလိုက်သည်။

မော့ကျန်းက သူမကို တစ်ခဏမျှ ကြည့်လိုက်ပြီး ခပ်ဝါးဝါး ထပ်​ပြောလိုက်သည်။ "ဒါ​ပေမယ့် ကိုယ်မင်းကို ​ပြောပြလို့ ရပါတယ်" 

"အာ" လီယန်က ​ခေါင်း​မော့ကာ ​မော့ကျန်း ​ပြောလိုက်သည့်စကားလုံးများကို လုံးဝ အစာ​ကြေ​သေးပုံ ​ပေါ်မ​နေခဲ့သည်။ 

​မော့ကျန်းက သူ့ကိုယ်သူ သတိ​ပေး​နေသည့်အလား ​ပြောလာသည်။ "သူ့နာမည်က အား​ယောင်​လေ"  

အား​ယောင်...

လီယန်က တစ်ဖက်မှလူကို ကြည့်ကာ ခံစားချက်မျိုးစုံတို့က သူမ၏ မျက်နှာ​ပေါ်တွင် ဖြတ်​ပြေးသွားခဲ့သည်။ အဆုံးတွင် သူမ၏ မျက်လုံးများက ယခင်က ရှိခဲ့သည့် ကြည်လင်ပြတ်သားမှုများ ပြန်​ရောက်လာခဲ့သည်။ မျက်ခုံးများ စုကြုတ်သွားပြီး သူမ၏ အသံထဲတွင် မရှင်းမလင်း အရိပ်အ​ယောင်တို့ဖြင့်​မေးလာခဲ့သည်။

"ကျွန်မရဲ့... ကိုယ်ခွဲလား..." 

တစ်ည​နေလုံး ပြိုကျလုနီးပါး ဖြစ်​နေသည့် ​မော့ကျန်း၏ မျက်နှာက အချိုးအ​ကွေ့ တစ်ခုသို့ ​ပြောင်းလဲသွား​လေသည်။ သူ မပြုံးမိဘဲ မ​နေနိုင်​တော့​ပေ။ "အင်း"  

လီယန်၏ မျက်ခုံးများ စုကြုတ်နေမှုက ပို၍ တင်းကြပ်သွားပြီး အလွန်​သောက​ရောက်​နေဟန် ​ပေါ်​နေသည်။

"ကျွန်မရဲ့ ကိုယ်ခွဲဆီ ဘယ်လို ​​ပြောင်းရမလဲ"  

​မော့ကျန်းက ​အသံတိုးတိုးဖြင့် ရယ်လိုက်ပြီး သူ့​ရှေ့မှလူကို ကြည့်လာခဲ့သည်။ သူ့မျက်လုံးများထဲမှ ခပ်ဝါးဝါးအလင်း​ရောင်တို့မှာ အပြုံးရိပ်များ စွန်း​နေခဲ့သည်။

"အရင်ဆုံး ​လေထဲ ပျံနိုင်​အောင် ကြိုးစားလိုက်ဦး"

လီယန်: “…”

ဧကရာဇ်​​မော့ရဲ့ အကြိုက်က နည်းနည်း​တော့ဆန်းတယ်​နော်...  

"အွန်လိုင်းက သတင်း​တွေ မြင်ပြီးပြီလား" ​

မော့ကျန်းက ရုတ်တရက် စကားလမ်း​ကြောင်း​ပြောင်းလိုက်ပြီး ဆိုဖာဆီသို့ သွားလိုက်သည်။ လီယန်က သူ မည်သည်ကို ဦးတည်​နေသည်ကို အမှန်တကယ် နားမလည်သော်လည်း ရိုးရိုးသားသား ပြန်​ဖြေ​နေဆဲပါပင်။

"​မြင်ပြီးပြီ"

"မနက်ဖြန်ကျရင် သတင်း​ခေါင်းစီး​ ဖြစ်လာ​လောက်တယ်"  

"ဪ" ဒါဆို သူ ဒီကို ​ရောက်လာတာ သူလုပ်ခဲ့တဲ့ ​ကောင်းမှုကို ရည်ရွယ်ချက်ရှိရှိ ဟန်ပြလုပ်ချင်လို့​ပေါ့​လေ...

"မင်း ဒါကို ဘယ်လို မြင်လဲ"

"​တော်​တော်​လေး စိတ်ဝင်စားစရာ ကောင်းပါတယ်" 

​မော့ကျန်းက သူမကို တစ်ခဏမျှ တိတ်တဆိတ် ကြည့်လိုက်ပြီး ​​မေးလာခဲ့သည်။

"မင်းရဲ့ ကိုယ်​ရေးကိုယ်တာ ကိစ္စကို အွန်လိုင်း​ပေါ်မှာ ​ဆွေး​နွေးကြတာ စိတ်ရှုပ်စရာ ​ကောင်းတယ်လို့ ထင်လား"  

"ကံ​ကောင်း​ထောက်မလို့ သူတို့ ဘာ​တွေ ​​ပြော​ပြော ကျွန်မရဲ့ ​နေ့ရက်​တွေက ဆက်သွား​နေမှာပဲ​လေ... မပိမရိ ဟန်​ဆောင်​နေတာကို ကြည့်​နေရတာပဲလို့ ဟန်​ဆောင်ရုံပဲ​ပေါ့"

​မော့ကျန်း: “…”

ဒီလို ရင့်ကျက်ပြီး အမြင်ကျယ်တဲ့ သ​ဘောထားမျိုး ​ဖျော်ဖြေ​ရေး​လောကထဲ မဖွံ့ဖြိုးလာ​သေးတာ စိတ်မ​ကောင်းစရာပဲ...  

"​ကောင်းတာ​ပေါ့" ​မော့ကျန်းက ​ပြောပြီး​နောက် ​နောက်ထပ် စကားမဆိုဘဲ ဒုတိယထပ်သို့ လှည့်သွားသည်။ သူ့​ကျောပြင်​လေး အိပ်ခန်းထဲသို့ ​ပျောက်ကွယ်သွားပြီး​နောက် လီယန်က ဆိုဖာ​ပေါ်သို့ ထိုင်ရန် ပြန်လှည့်သွားသည်။  

လီယန်က ကွန်ပြူတာပိတ်၍ တီဗီ ဖွင့်ကာ မျက်နှာပြင်​ပေါ်ကို မမှိတ်မသုန် စိုက်ကြည့်​နေခဲ့သည်။

"ဒီ​နွေရာသီမှာ... မင်းရဲ့ အ​သားအရည်ကို ​ရေခဲမုန့်အရသာ​လေး ခံစား​စေလိုက်​နော်" 

သိမ်​မွေ့ပြီး လှပ​သော အမျိုးသမီးအသံ တစ်သံက လီယန်၏ အ​တွေးများကို ကမ္ဘာ​ပေါ်သို့ ပြန်ဆွဲ​​ခေါ်သွား​သည်။ သူမက နှုတ်ခမ်း ဟဟ ဖွင့်ကာ ပြုံးပြ​နေ​သော တီဗီ screen​ပေါ်မှ အမျိုးသမီးကို ကြည့်လိုက်ပြီး နှာမှုတ်လိုက်သည်။

ဒါဆို ဒါက လီ​ဝေ့​ဝေ့​လား... ​အ​ရှေ့တိုင်းရဲ့ အလှအပစံချိန်​တွေနဲ့ ပြီးပြည့်စုံတယ်လို့ မီဒီယာတွေ ဂုဏ်ပြုကြတဲ့ ရုပ်ရှင်​လောကနဲ့ ​ကြော်ငြာ​လောကရဲ့ အချစ်​​လေး​ပေါ့​လေ...  

ဟမ့်... ဒါက သူရဲ့ မျက်နှာ​ပေါ့​လေ...  

လီယန်က တီဗီ၏ ပါဝါခလုတ်ကို နှိပ်ကာ ဧည့်ခန်းမီးကိုလည်း ချက်ချင်းပိတ်လိုက်ပြီး ဒုတိယထပ်သို့ အိပ်စက်ရန် တွယ်တက်လာ​တော့သည်။  

ဒုတိယ​နေ့တွင် အဓိက သတင်းစာများ၏ သတင်းထူးအစီအစဥ်ကို ဧကရာဇ်​မော့ကသာ လုံးလုံးလျားလျား စိုးမိုးထားခဲ့သည်။ ဧကရာဇ်​​ ဂုဏ်ပုဒ်ကို ထပ်မံ အနိုင်ရရှိသည်ဟု ​ရေးသားထားကြသည့်အပြင် ​ကော​ဇောနီထက်တွင် ​ပြောခဲ့သည့် စကားလုံးများကို အချက်အလက်ကျကျ ခွဲခြမ်းစိတ်ဖြာထားကြ​သေးသည်။ ထိုသူတို့က ​​ကောလိပ်ဘာသာစကားစာ​မေးပွဲ၌ အမှတ်မြင့်မြင့် ရခဲ့ကြပုံပင်။ အဆုံး၌ လူတိုင်းက ထိုကဲ့သို့​သော တိုတိုတုတ်တုတ် စကား​လေးတစ်ခွန်း၌ အဓိပ္ပါယ်​မြောက်များစွာကို ရှာမ​တွေ့နိုင်ကြ​ပေ။

​​ဝေ့​ပေါ်တွင် ​မော့ကျန်း ဝန်ခံခဲ့သူက ကိုယ့်ကိုယ်ကိုယ်ပါဟု ​ပြောလာကြသည့် ကစားပွဲမှာလည်း အပြည့်အဝ လှိုက်ခါသွား​စေခဲ့သည်။ မပြည့်စုံ​သေး​သော စာရင်းများအရ အင်တာနက်သုံးစွဲသူ ​ထောင်​ပေါင်းများစွာကို ထပ်​​ပေါင်း၍ ခုန်ထွက်လာပြီး သူတို့၏ ဝန်ခံချက်များကို ပိုစ့်တင်လာကြသည့် လိင်အမျိုးအစား နှစ်ခုလုံး၏ ကြီးမား​သော Vအ​ကောင့် ဆယ့်နှစ်ခုပါ ရှိ​နေသည်။   



Xxxxx