Chapter 75
ဧည့်ခံပွဲ
ထန်ချန်းက မော့ကျန်း၏ ဝေ့ပေါ်၌ တိုးလာသော follower အရေအတွက်ကို ကြည့်ကာ ဒရာမာဆန်ဆန် တိုးတက်လာမှုကို စုတ်သပ်နေခဲ့သည်။ ဧကရာဇ်မော့၌ အမှန်တကယ်ပင် သာမန်ထက်ထူးကဲသော ပင်ကိုယ်စွမ်းရည်တစ်ခု ရှိနေသည်ဟု ခံစားရသည်။ အခြားသော အမျိုးသား အနုပညာရှင်များ သူတို့၏ အချစ်ရေးအကြောင်း လူထုကို ဝန်ခံလိုက်ပါက ဖန်များစွာ ဆုံးရှုံးသွားကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်မော့၏ ကိစ္စတွင်မူ ထိုသူ၏ ကျော်ကြားမှုက ယုတ်လျော့မသွားဘဲ တဖြည်းဖြည်း တက်လာနေသေးသည်။ ကြည့်ရသည်မှာ ဧကရာဇ်မော့၏ ကိုယ်တိုင် မားကတ်တင်း လုပ်နိုင်သော စကေးက သူလိုက်မမီနိုင်သော လယ်ဗယ်တစ်ခုသို့ ရောက်ရှိသွားပုံပင်။
သူ မနေ့က ဧကရာဇ်မော့ကို နားလည်မှု လွဲသွားတဲ့ပုံပဲ...
ထန်ချန်းက တောင်းပန်မှုကို ဖော်ပြရန်အတွက် ကုမ္ပဏီ ဝန်ထမ်းများ သိနေကြသည့် သူ့ဝေ့ပေါ်အကောင့်သို့ သွား၍ ပိုစ့်အသစ် တင်လိုက်သည်။
"မင်းတို့ ထပ်ပြီး ရန်ဖြစ်ဖို့ မလိုတော့ဘူး... အမှန်တော့ မော့ကျန်း ပြောနေတဲ့သူက ငါပါပဲ... နောက်ဆုံးတော့လည်း ငါတို့က နေ့တိုင်း အတူရှိနေကြတာပဲလေ... အချစ်တွေက အချိန်နဲ့အမျှ တိုးလာခဲ့တာ... _(:”∠)_”
ရုတ်တရက်ပဲ ကြည့်ရတာ ခိုက်ဟွမ်း အဆောက်အအုံတစ်ခုလုံး သုံးစက္ကန့်လောက် တိတ်ကျသွားသလိုပဲနော်...
လီယန်က ခရီးသည်ခုံတွင် ထိုင်နေရင်း ထန်ချန်း၏ နောက်ဆုံး ဝေ့ပေါ်ပိုစ့်ကို ကြည့်လိုက်သည်။ သူမက အလုပ်လိုအပ်ချက်များအရ ကုမ္ပဏီတွင် ပထမဆုံး အလုပ်လုပ်သည့်နေ့ကတည်းက ထန်ချန်း၏ ဝေ့ပေါ်ကို addထားခဲ့သည်။ ထန်ချန်း သူ့ဝေ့ပေါ်ကို update လုပ်သည်မှာ အချိန်ကြာလှပြီ ဖြစ်၍ သူမ သူ့ကို followလလုပ်ထားသည့်အကြောင်းအား မေ့လုနီးပါးပင်။
ဘာလို့ အရမ်း လျှို့ဝှက်ဆန်းကြယ်သလို ဖြစ်နေရတာလဲ... ပြီးတော့ နောက်ဆုံးမှာ သူ့နာမည်နဲ့ တူနေတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့ အီမိုဂျီ ကို သုံးလိုက်သေးတာလား...
သူမ ထန်ချန်းအကြောင်း တွေးနေဆဲမှာပင် ထန်ချန်း၏ နာမည်က ရုတ်တရက်ပင် သူမ၏ ဖုန်းမျက်နှာပြင်ထက်၌ ပေါ်လာခဲ့ပြီး လီယန်မှာ ကြောက်ရွံ့မှုတို့ကြောင့် ဖုန်းကို လွှင့်ထုတ်လုနီးပါး ဖြစ်သွားသည်။
"ဂွတ်မောနင်းပါ... ကြီးကြပ်ထန်"
"သဘက်ခါကျရင် ကုမ္ပဏီရဲ့ ကော့တေးပါတီ ရှိတယ်... မော့ကျန်းကို အသိပေးလိုက်ဦး... နေ့နဲ့ အချိန်ကိုတော့ နောက်မှ မက်ဆေချ့်ပို့ပေးမယ်"
"ဪ"
"ပြီးတော့ ဥက္ကဌကြီးက သူနဲ့ တွေ့ချင်နေတယ်... နောက်နှစ်ရက်အတွင်း အချိန်ရှိရင် ကုမ္ပဏီကို လာဖို့ သူ့ကို ပြောလိုက်"
လီယန်: “…”
"မင်းကြားလား"
"... ကြားပါတယ်"
"အချိန်ကို ငါ့ဆီ ကြိုပြီး အသိပေးထား... မြန်လေကောင်းလေပဲ"
"ဟုတ်"
မော့ကျန်းက ဖုန်းချပြီးနောက် လီယန်၏ စိတ်သောကရောက်နေသော အမူအယာကို ကြည့်လိုက်သည်။ သူ့မျက်ခုံးများ တွန့်ချိုးသွားသည်။ "သူ ဘာပြောတာလဲ"
"သူပြောတာ .. ဥက္ကဌကြီးက ရှင့်ကို တွေ့ချင်နေတယ်တဲ့"
လီယန်က ပြန်လှည့်ကာ မော့ကျန်းကို ဝမ်းနည်းနေသော အမူအယာဖြင့် ကြည့်လိုက်သည်။
သူမ၏ ပုံစံလေးက မော့ကျန်းကို ပြုံးမိသွားစေသည်။ "သူ တစ်ခုခု ပြောသေးလား"
"သူက ရှင့်ကို အချိန်ရရင် လာစေချင်နေတယ်"
မော့ကျန်းက တစ်ခဏမျှ တွေးလိုက်သည်။
"ဒါဆို... မနက်ဖြန် မနက် သွားမယ်... ထန်ချန်းကို သတင်းပို့ထားလိုက်"
"ဟုတ်" လီယန်က ခေါင်းငြိမ့်လိုက်ပြီး သူမ၏ ဖုန်းက ရုတ်တရက် တုန်ခါလာခဲ့သည်။ ၎င်းက ထန်ချန်း၏ စာတိုမက်ဆေချ့်ပင်။
"ကုမ္ပဏီက သဘက်ခါ 7:30 ကျရင် ပွဲတစ်ခု ရှိတယ်"
မော့ကျန်က မျက်မှောင် အနည်းငယ် ကြုံ့လိုက်သည်။ သူက ထိုကဲ့သို့သော လူမှုဆက်ဆံရေး လှုပ်ရှားမှုများကို သဘောမတွေ့လှ။ သို့သော်လည်း ကုမ္ပဏီ၏ နှစ်ပတ်လည် ကော့တေးပါတီကိုတေ့ တက်ရန် လိုနေဆဲပင်။ သူက သူ့ဘေးတွင် ထိုင်နေသည့် လီယန်ကို တစ်ချက် ကြည့်လိုက်လေသည်။
"သဘက်ခါကျရင် မင်း ကိုယ်နဲ့ လိုက်ခဲ့"
ခိုက်ဟွမ်း၏ နှစ်ပတ်လည် ကော့တေးပါတီကို မေ သို့မဟုတ် ဇွန်လတွင် ကျင်းပလေ့ရှိသည်။ ကုမ္ပဏီ၏ ဝန်ထမ်းများ အနုပညာရှင်များအပြင် အချို့သော နာမည်ကျော်များနှင့် ရင်းနှီးမြှုပ်နှံသူများသည်လည်း ဖိတ်စာရရှိကြမည် ဖြစ်သည်။ ပြောင်ပြောင်တင်းတင်း ပြောရမည် ဆိုပါက ကော့တေးပါတီ၏ ရည်ရွယ်ချက်မှာ လူအများအတွက် ရွှေပေါင်လုံးကြီး ဖက်နိုင်မည့် အခွင့်အရေးများ ဖန်တီးပေးရန် ဖြစ်သည်။
သာမန် ပြည်သူတစ်ယောက် အနေဖြင့် လီယန်က ထိုကဲ့သို့သော အသိုင်းအဝိုင်းမြင့် လူမှုဆက်ဆံရေး ပွဲများကို မပါဝင်ဖူးပါပေ။ သူမ၏ အဝတ်ဗီရိုကို မွှေနှောက်ရှာဖွေလိုက်သည့်အခါ ထိုပွဲတွင် ဝတ်ရန် သင့်တော်သည့် အဝတ်တစ်စုံမှ ရှိမနေသည့် အကြောင်း တွေ့လိုက်ရချိန်၌ အံ့သြမသွားမိပေ။ လီယန်က သူမ ပစ်ချထားသော ကြောက်မက်ဖွယ် အဝတ်ပုံကြီးကို ကြည့်၍ သူမ၏ အခက်အခဲကို အရှုံးပေးလိုက်ပြီး ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။
ကြည့်ရတာ မနက်ဖြန် ဝတ်စုံတစ်ထည် သွားဝယ်ဖို့ပဲ တတ်နိုင်တော့မယ် ထင်တယ်...
ပိုက်ဆံ သုံးရတော့မည်ဟူသော အတွေးက နာကျင်ရသည်။ သူမက အခုမှ လစာထုတ်ထားခြင်း ဖြစ်သော်လည်း ဒေါ်လာ 5000က လစာအခွန်လည်း ပေးရအုံးမည် ဖြစ်ပြီး အာမခံကလည်း ဖြတ်သွားအုံးမည်။ လက်ကျန်အတွက်မူကား ထိုကဲ့သို့သော စျေးကြီး အဝတ်အစားများ ဝယ်ရန် လုံလောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူမက လစာထုတ်ပြီးရုံရှိသေးတာကို ဘာလို့များ ပိုက်ဆံအကုန်လုံး သုံးဖို့ ဖြစ်လာရတာလဲ...
#အရမ်း ပင်ပန်းလွန်းတယ်... ငါနောက်ထပ် ထပ်မချစ်မိနိုင်တော့သလို ခံစားနေရတယ်#
ကံအားလျော်စွာဖြင့် ထန်ချန်းက အစမ်းခန့်ကာလကို တစ်လအထိသာ လျှော့ပေးလိုက်၍သာပင်။ နောက်လမှ စ၍ သူမက သာမန် ဝန်ထမ်းတစ်ယောက်၏ လစာကို ရမည် ဖြစ်သည်။ ထန်ချန်းက ၎င်းက မော့ကျန်း သူမ၏ အလုပ်လုပ်ပုံကို စိတ်တိုင်းကျနေသည်ကြောင့်ဟု ပြောခဲ့သည်။သူက ကားမမောင်းနိုင်သော လက်ထောက်တစ်ယောက်က မည်သို့ ချီးကျူး ခံရနိုင်ကြောင်း မသိသော်လည်း သူမ၏ လစာကို 8000သို့ တိုးပေးနေဆဲ ဖြစ်သည်။
သူမ၏ တစ်နေ့တာ လုပ်ငန်းစဥ်က မော့ကျန်းနောက်သို့ အပြည့်အဝ လိုက်ရန် ဖြစ်၍ သူမအတွက် အပြင်ထွက်ပြီး ပိုက်ဆံ ဖြုန်းရန် အချိန်ပို မရှိပါပေ။ ထပ်ပြီးတော့ သူမ၏ နေထိုင်စားသောက်စရိတ်များကလည်း မော့ကျန်းအိမ်မှာ နေခြင်းဖြင့် ကာမိသွားသည်။ သူမ၏ လစာက ဘဏ်ကဒ်ထဲသို့ ရောက်လာသည့် အချိန်ကတည်းက လှုပ်ရှားမှု မရှိပါပေ။ ထိုနှုန်းနှင့် ဆိုပါက သူမ မကြာမီမှာပင် သူဌေးမလေးတစ်ယောက်ဖြစ်လာနိုင်သည်။
ထိုဖြစ်နိုင်ချေကို တွေးမိသွားပြီးနောက် လီယန်၏ နှလုံးသားက သက်တောင့်သက်သာ ဖြစ်သွားသည်။
ညနေပိုင်းတွင် ပွဲရှိနေသည်ကြောင့် စီစဥ်ထားသော ဇာတ်ကွက်များကို ကြိုဆင် ရိုက်ကူးလိုက်သဖြင့် ရိုက်ကူးရေးအဖွဲ့က အလုပ်စောစောပြီးသွားသည်။ လီယန်က အချိန်ကို ကြည့်လိုက်ရာ သုံးနာရီသာ အိပ်ရသေးပေသည်။ ထို မနားတမ်း ရိုက်ကူးရေးက သူမ၏ ဘဝသက်တမ်းကို ဖြတ်သန်းခကောက်သွားသလိုပါပင်။
လီယန်က အိပ်ချင်မူးတူးဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မော့ကျန်းက မနက်စာအတွက် ဧည့်ခန်းတွင် ထိုင်နေပြီးသား ဖြစ်သည်။ သူက နှစ်နာရီ သုံးနာရီမျှသာ အိပ်ရခြင်းကို ကျင့်သားရနေဟန်ပေါ်သည်။ သူ့မျက်နှာ ပေါ်၌ ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင် တစ်ခု ရှိနေသော်လည်း လီယန်နှင့် နှိုင်းယှဥ်ပါကလန်းဆန်းနေသည့်ပုံ ပေါ်နေသည်။
"မောနင်း ကျန်းကျန်း" လီယန်က စားပွဲပေါ်မှ နို့ဘူးကို ယူကာ ဖန်ခွက်ထဲသို့ တစ်ဝက်ရောက်သည်အထိ လောင်းထည့်လိုက်သည်။
"ဒီနေ့ နေ့တစ်ဝက်ခွင့်ယူလို့ရမလား"
မော့ကျန်းက သူမကို ကြည့်လိုက်ပြီး လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ပေါင်မုန့်ကို ဝါးလိုက်သည်။
"လုပ်စရာ တစ်ခုခု ရှိလို့လား"
"ညနေပွဲအတွက် အဝတ်အစား ဝယ်ချင်လို့"
လီယန်က ထိုင်ခုံပေါ် ထိုင်လိုက်ပြီး သူမ၏ မျက်လုံးများကို ဖွင့်ရန် ရုန်းကန်လိုက်ရသည်။
မော့ကျန်း၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်သွားပြီး သူ့ဘေးတွင် သေအံ့ဆဲဆဲ ဖြစ်နေသူထံ တစ်ချက် ကြည့်လိုက်သည်။
"မလိုဘူး.. ဒီနေ့ အလုပ်ပြီးရင် မင်းနဲ့ အတူ သွားပေးမယ်"
"ဪ" လီယန်က သူမ၏ လက်ထဲမှ ပေါင်မုန့်တစ်ပိုင်းကို ဆွဲယူလိုက်သည်။ သူမ၏ ခန္ဓါကိုယ်က ထိုင်ခုံအောက်ခြေအထိ လျှောကျနေပြီး သူမ၏ စကားလုံးများက အိမ်မက်ထဲတွင် စကားပြောနေသည့်အလား ဖြစ်နေခဲ့သည်။
မော့ကျန်းက ရယ်မောကာ သူမထံ လျှောက်သွားလိုက်ပြီး ဆံပင်နုနုလေးများကို သပ်ပေးလိုက်သည်။
"ပင်ပန်းရင် အပေါ်တက်ပြီး အိပ်နေလေ... နေ့လည်ပိုင်း အလုပ်ပြီးတာနဲ့ ဖုန်းခေါ်ပေးမယ်"
"မလိုပါဘူး... ကျွန်မ မအိပ်ချင်ဘူးနော်"
လီယန်က မျက်လုံးများ ဖွင့်ရန် သူမကိုယ်သူမ တွန်းအားပေးလိုက်ပြီး ထရပ်ကာ လွတ်ကျလုဆဲဆဲ ပေါင်မုန့်ပိုင်းလေးကို ကိုက်လိုက်သည်၊
" စားပြီးသွားရင် အဆင်ပြေသွားမှာ"
မော့ကျန်းက သူမကို တစ်ခဏမျှ ငုံ့ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်၊
"မင်းကိုယ်မင်း တွန်းအားပေးစရာ မလိုပါဘူး... မင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်"
"ကျန်းကျန်း... ရှင်ကမှ နားဖို့လိုနေတာ... နေ့တိုင်း ဒီလို ရိုက်ကူးရေး လုပ်နေမယ်ဆိုရင် ရှင့်ခန္ဓါကိုယ်က ကိုင်တွယ်နိုင်တော့မှာ မဟုတ်ဘူးနော်"
သူမက ဘေးတွင် ထိုင်နေနိုင်သော်လည်း မော့ကျန်းက အမြဲတမ်း ရိုက်နေရသည်။ အားထုတ်မှုအကြောင်း ဆိုပါက သူမနှင့် နှိုင်းယှဥ်လျှင် မော့ကျန်းက သူမထပ်ပို၍ မည်မျှ အလုပ်ကြိုးစားသည်ကို ဖော်ပြရန် စကားလုံး မရှိပါပေ။
မော့ကျန်းက တိတ်တိတ်လေး ရယ်ကာ သူမရှေ့မှ ထိုင်ခုံထံ သွားလိုက်ပြီး ထိုင်ချလိုက်သည်။
"ကိုယ်က ကျင့်သားရနေပြီ... ဒါပေမယ့် မင်းကိုယ်မင်း ဖိအားပေးဖို့ မလိုဘူးနော်"
"ကျွန်မက ရှင့်လက်ထောက်လေ... သေချာပေါက် ရှင်နဲ့အတူ ရှိချင်တာပေါ့"
ဘောစ့်က သူမကို အလုပ်နားရန် အခွင့်အရေး ပေးလျှင်တောင် သူမက ပရော်ဖက်နယ် ကျင့်ဝတ်များ ရှိသည့် ဝန်ထမ်းတစ်ယောက်ပင်။
"အိုး..." မော့ကျန်းက မေးကို ကိုင်၍ သူမကို စိုက်ကြည့်လာခဲ့သည်။
လီယန်က သူ့အကြည့်ကြောင့် အနည်းငယ် ရှက်ရွံ့သွားလေသည်။ သူမက နှာခေါင်းလေးကို ထိ၍ နည်းဗျူဟာကျကျ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
သူမ မကောင်းတာတစ်ခုခု ပြောမိလို့လား...
"ဘာမှ မဟုတ်ဘူး... စား" မော့ကျန်းက သူ့အကြည့်များကို ပြန်ဖယ်လိုက်ပြီး သူ့ရှေ့မှ မနက်စာကိုသာ ဆက်ပြီး ဖြေရှင်းလိုက်သည်။
"အိုး" လီယန်က အချိန်ကို ကြည့်၍ သူမ၏ ပေါင်မုန့်ကို ခပ်မြန်မြန် ကောက်ယူလိုက်သည်။
ကားထဲတွင် နာရီဝက်မျှ အိပ်ပြီးနောက် စတူဒီယို ရောက်သည့်အခါ လီယန်၏ စိတ်ဝိဥာဏ်က သိသိသာသာ တိုးတက်လာခဲ့သည်။ အခြားတစ်ဖက်မှ မော့ကျန်းမှာ မိတ်ကပ်ပညာရှင် သူ့ကို မိတ်ကပ်လိမ်းပေးနေစဥ်မှာပင် အနားယူရန် အချိန်ရလိုက်သည်။
လီယန်က သူ့ကို ကြည့်နေရင်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ နောက်ဆုံးသော ကားမတော်တဆမှုက မတော်တဆမှု တစ်ခုသာ ဖြစ်သည်။ သူမ၏ လက်ထဲတွင် ဘဝပေါင်းများစွာ ရှိနေဆဲ ဖြစ်သည်။ သူမ မော့ကျန်းကို ကားမောင်းမည့်အကြောင်း ပြောလိုက်သည့်အချိန်တိုင်း သူမကို တုန်လှုပ်မှု မရှိသော အမူအယာဖြင့် ငြင်းဆန်လိမ့်မည် ဖြစ်သည်။ စေ့စပ်ညှိနှိုင်းရန် မည်သည့်အခန်းမှ ရှိမနေပါပေ။
"သရဲကျောင်း"က နှစ်လဆက်တိုက် ရိုက်ကူးရေး လုပ်ခဲ့ရပြီး အဖွဲ့သားများကလည်း ခြေကုန်လက်ပန်းကျနေကြလေပြီ။ ဒါရိုက်တာက ယနေ့တွင် စောစောပြီးသည်ကို အခွင့်ကောင်းယူ၍ လူတိုင်းကို မနက်ဖြန်အတွက် ခွင့်တစ်ရက် ပေးလိုက်ပြီး ရိုက်ကူးရေးမှ လူတိုင်းကို သြဘာသံများဖြင့် တုံ့ပြန်သွားစေခဲ့သည်။ သူတို့၏ တစ်နေ့တာ ခွင့်ရက်မှ အားပေးလှုံ့ဆော်ခံလိုက်ကြရသော လူတိုင်း၏ အလုပ်ဖြစ်မှုများက ချက်ချင်းတိုးလာသည်။ လီယန်သည်ပင် မျက်ရည်ကျလုမတတ် လှုပ်ရှားသွားရသည်။ အားလပ်ရက်... အားလပ်ရက်... နောက်ဆုံးတော့ တရားဝင် အားလပ်ရက် ရပြီဟေ့...
"မနက်ဖြန် ရှူတင် မရှိပေမယ့်... ကိုယ့်မှာ တခြားအလုပ်တွေ ရှိနေတုန်းပဲ" အနားယူနေပြီး တရေးမှေးနေသော မော့ကျန်းမှာ ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး လီယန်ကို ကြည့်လာခဲ့သည်။
လီယန်၏ မျက်လုံးထဲမှ မျက်ရည်လေးမှာ သူမ၏ မျက်ခွံများဖြင့်ဖုံးကွယ်ခံလိုက်ရသည်။ သူမက မော့ကျန်းကို ကျိုးယွီပိုင်ကို ကြည့်နေသည့်အလား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။
"ဘာအလုပ်လဲ"
(T/N ကျိုးယွီပိုင်က ညသန်းခေါင် ကြက်တွန်သံလို့ခေါ်တဲ့ စာအုပ်ထဲက အနိုင်ကျင့်တတ်တဲ့ အလုပ်ရှင်ကြီးပါ... အလုပ်ကြမ်းသမားတွေကို စောစောထဖို့ ကြက်တွန်သံ သုံးတတ်လို့ အမုန်းခံရတဲ့သူပါ)
"TOMATO မဂ္ဂဇင်းရဲ့ ဓါတ်ပုံရိုက်ကွင်း" မော့ကျန်းက တိုတိုတုတ်တုတ် ဖြေလိုက်ပြီးနောက် သူ့မျက်လုံးများကို ဆက်မှိတ်ထားလေသည်။
လီယန်: "..."
ဧကရာဇ်မော့က တကယ်တော့ အလုပ်ရူး ရူးနေတဲ့သူပဲ...
သူမမျက်နှာပေါ်မှ အမူအယာများက အချိန်နှင့်အမျှ ပြောင်းလဲနေခဲ့သည်။ အဆုံးတွင် သူမက စိတ်ရင်းဖြင့် နှလုံးသားထဲမှ လာသော စကားလုံးများကို ပြောရန် ဆုံးဖြတ်လိုက်သည်။
"ဧကရာဇ်မော့... အလုပ်အရမ်း လုပ်လွန်းတာက စောစောသေနှုန်း မြင့်စေနိုင်တယ်နော်"
မော့ကျန်း: "..."
သူ့ကို ကျိန်ဆဲနေတာလား... အကြံပေးနေတာလား...
ဧကရာဇ်မော့၏ နှုတ်ခမ်း တွန့်သွားလေသည်။ ထို့နောက် သူ့မျက်လုံးများကို ပိတ်ကာ ဆက်အိပ်သွားတော့သည်။
လူတိုင်း၏ အားထုတ်ကြိုးပမ်းမှုကြောင့် ရိုက်ကူးရေးမှာ နေ့လည် လေးနာရီ၌ ပြီးဆုံးသွားခဲ့သည်။ ဒါရိုက်တာရှုနှင့် ဝမ်ရှောင်ရှောင်တို့ နှစ်ယောက်လုံး ခိုက်ဟွမ်းမှ ဖိတ်စာ ရကြသည်။ သရဲကျောင်း၏ စာရေးဆရာဖြစ်သည့် ချူရီသည်ပင် ယနေ့ တက်ရောက်လာမည်ဟု ကောလဟာလများ ရှိနေသည်။ လီယန်က ဖျော်ဖြေရေးလောကကို အာရုံသိပ်မရှိသော်လည်း နာမည်ကျော် များစွာနှင့် တွေ့ဆုံရန် စိတ်လှုပ်ရှားနေခဲ့သည်။
အလုပ်ပြီးနောက် ဝမ်ရှောင်ရှောင်က ဧည့်ခံပွဲကို အတူတက်ရောက်ရန် မော့ကျန်းကို ဖိတ်ခေါ်ချင်ခဲ့သော်လည်း မော့ကျန်းက spaသို့ သွားရမည်ဟူသော အကြောင်းပြချက်ကို သုံးကာ ငြင်းဆန်လိုက်သည်။ လီယန်က မော့ကျန်း နောက်မှ ဘန်ထလေကားပေါ်သို့ လိုက်လာခဲ့သည်။ ကားက လမ်းချိုးလေးထဲသို့ ချိုးကွေ့လိုက်မှသာ ဝမ်ရှောင်ရှောင်၏ အကြည့်ထဲမှ မုန်းတီးမှုများ ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရသည်။
"ကျန်းကျန်း... ကျွန်မတို့ ဘယ်ကို သွားကြမှာလဲ"
မော့ကျန်းက spaသွားမည်ဟု ပြောခဲ့သော်လည်း ၎င်းက ဝမ်ရှောင်ရှောင်ကို ငြင်းရန်အတွက် ဆင်ခြေတစ်ခုသာ ဖြစ်သည်ဟူသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။
"အန်းယိရဲ့ စတူဒီယို" မော့ကျန်းက ပြန်ဖြေသည်။
အန်းယိလား...
လီယန်မှာ ထိုနာမည်က အတော်လေး ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူမ၏ မျက်ခုံးများ စုကြုံ့ကာ တွေးတောလိုက်ပြီးမှ ထိုလူက မည်သူ ဖြစ်သည်ကို မှတ်မိသွားလေသည်။
နိုင်ငံတကာထိ ကျော်ကြားတဲ့ ဖက်ရှင်စတိုင်လစ်လေ...
မော်ဒယ်များပင် သူနှင့် ချိန်းဆိုမှု ရရှိရန်အတွက် တစ်လကြိုတင် စာရင်းပေးရသည်ဟု ကောလဟာလများ ရှိပေသည်။ မော့ကျန်း၏ သီးသန့်စတိုင်လစ်ဟူသော ဂုဏ်ပုဒ်ကြောင့် လီယန်က ထိုသူနှင့် ပတ်သက်သည့် ရေပန်းစားလှသော ပိုစ့်တစ်ခုကို ဖိုရမ်ထဲတွင် ယခင်က တွေ့ခဲ့ဖူးသည်။ ဖိုရမ်ထဲတွင် ထိုသူကို ရူးသွပ်နေကြသည့် မိန်းကလေးများစွာ ရှိကြောင်း သူမသတိထားမိခဲ့သည်။
အန်းယိ၏ စတူဒီယိုက ခိုက်ဟွမ်းရုံးချုပ်နှင့် မဝေးပေ။ ၎င်းက ခိုက်ဟွမ်းနှင့် လုံးလုံးလျားလျား ခြားနားနေသည့် စတိုင် ဖြစ်နေသော်လည်း အပြင်အဆင်များက ဖက်ရှင်ကျပြီး ပြိုင်ဘက်ကင်းသည်။ စတူဒီယိုထဲတွင် ဇာတ်ကားတစ်ကား ရိုက်လိုပါကလည်း ဖြစ်နိုင်ချေရှိပေသည်။
လီယန်က အရောင်စနစ်အလိုက် စီထားသော ရှူးများ၊ ဘောင်းဘီများ၊ စကပ်များ အတန်းလိုက်ကို ကြည့်နေခဲ့သည်။ သူမက အနည်းငယ် ကြက်သေသေသွားရသည်။ ဌာနရဲ့ စတိုးတစ်ခုလုံး စတူဒီယိုကို ရွှေ့ထားတာတော့ မဟုတ်ပါဘူးနော်... မှန်တင်ခုံတိုင်းတွင် အမျိုးအစား စုံလင်သော အလှပြင် ပစ္စည်းများ ရှိနေရုံသာမက ၎င်းတို့များစွာမှာ ရှုပ်ထွေးဆန်းပြားသော တံဆိပ်များ ဖြစ်ကြသည်။ စားပွဲပေါ်တွင် အရောင်ကွဲ108မျိုးပါသည့် လက်သည်းနီအစုံလိုက်ကို တင်ထားလေသည်။
Xxxxx