(6)အရာအားလုံး စတင်တဲ့နေရာ
ဆရာထွက်သွားတာကို စောင့်ဆိုင်းပြီးနောက် လီကျိုးရှင်းတစ်ယောက် သူ့ရဲ့ဘေးမှာ ရှိနေတဲ့ ဗိုလ်လောင်းထံမှ သတင်းအချက်အလက်တွေ ရယူနိုင်လောက်တော့မှာမဟုတ်တဲ့အကြောင်းကို နားလည်သဘောပေါက်လိုက်တယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်မှ ဗိုလ်လောင်းက သူ့ကို တုံးအအပုံစံဖြင့် ထိတ်လန့်စွာကြည့်နေခဲ့တယ်လေ။
သူ ထိုဗိုလ်လောင်းကို ကျေးဇူးတင်စကားပြောနေစဉ်မှာပဲ ခန္ဓာကိုယ်မှကြွက်သားတွေကို ကောင်းစွာတည်ဆောက်ထားတဲ့ လူငယ်တစ်ယောက်က သူ့ရဲ့ဘေးနားမှာ ရုတ်တရက် ခလုတ်တိုက်ပြီး လဲကျသွားလေတယ်။
သူ့ရဲ့ပုံသဏ္ဌာန်အရဆိုရင်တော့ သူ့ကို လူငယ်တစ်ယောက်လို့ခေါ်တာက သိပ်ပြီး မျှတမှုမရှိဘူး။ ထိုဗိုလ်လောင်း ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတဲ့အချိန်မှာ သူ့ရဲ့အနီးမှကြမ်းပြင်က သူ့ရဲ့အနီးမှတုန်ခါသွားခဲ့ရပြီး သူပြုတ်ကျတဲ့ အရှိန်ကြောင့် အနီးအနားမှ ဖုန်မှုန့်တွေကလည်း လေထဲသို့ လွင့်ပျံတက်လာခဲ့ကြတယ်။
“...နာလိုက်တာ…ဒါက အရမ်းနာတာပဲ…”
လီကျိုးရှင်း ထိုတစ်ယောက်ရဲ့ အော်ငိုသံကိုကြားလိုက်ရတယ်။ သူ့ရဲ့အသံက ကြမ်းတမ်းနေပေမဲ့ တစ်နည်းနည်းနဲ့ သနားစဖွယ်ကောင်းနေသလိုထင်မြင်ရစေတယ်။
ဒါပေမယ့် ဝက်ဝံလိုခန္ဓာကိုယ်ရှိတဲ့ တစ်စုံတစ်ယောက်က အခုလိုငိုကြွေးပြီး ပြောနေတာကိုမြင်နေရတာက မျက်လုံးထဲမှာ နည်းနည်းလောက်တော့ အဆင်မပြေဖြစ်စေတယ်။
“ဟေး ရှုန်းတိ မင်း အဆင်ပြေရဲ့လား”
လီကျိုးရှင်း သူ့ကို ထူပေးလိုက်တယ်။ ထိုလူငယ်က လီကျိုးရှင်းရဲ့အကူအညီဖြင့် ထထိုင်လာပြီး သူ့ရဲ့နှာခေါင်းတွေက နီရဲနေခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေက အခုလေးတင် မျက်ရည်တွေကျထားတာကြောင့်ဖြစ်နိုင်တယ်။ လီကျိုးရှင်းကိုကြည့်လာတဲ့သူ့ရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်အလွှာတစ်ခုဖုံးအုပ်နေခဲ့တယ်။
“ဒါက ဘယ်လို အမှိုက်ဆန်တဲ့အာကာသယာဥ်မျိုးလဲ.. လူသွားလမ်းပေါ်မှာ ရေအိုင်တစ်ခုရှိနေသေးတယ်.. ငါက ကံမကောင်းဘဲ အဲဒီအပေါ်ကို ချော်လဲသွားတာ.. ငါ့ရဲ့မျက်နှာကတောင် ရေကွက်ပေါ်ကို တည့်တည့်ကြီးချော်ကျသွားသေးတယ်!”
“……”
လီကျိုးရှင်း သူနဲ့အတူ လိုက်ပြောလိုက်တယ်။
“ဟုတ်တယ် ဒီအာကာသယာဥ်က အရမ်းအမှိုက်ဆန်တာပဲ”
ထိုဗိုလ်လောင်းက နှာတစ်ချက်ရှိုက်လိုက်တယ်။
“ငါက အများကြီး ခံနိုင်ရည်ရှိတယ်.. ပြုတ်ကျတာက ငါ့ကို နည်းနည်းလောက်တောင်မှ မထိခိုက်စေနိုင်ဘူး.
တကယ်တော့ မင်း ငါ့ကို ကူပြီးထူပေးဖို့ မလိုအပ်ပါဘူး.. ငါ ကိုယ့်ဘာသာကိုယ်ထနိုင်ပါတယ်”
လီကျိုးရှင်း: “အဆင်ပြေပါတယ် ငါကိုယ်တိုင်က ဝင်ကူညီချင်လို့ပါ.. ငါက တခြားသူတွေရဲ့ ကိစ္စတွေထဲကို ဝင်ပါတတ်တဲ့သူမျိုးလေ”
ချော်လဲပြီးပြုတ်ကျထားတဲ့ ဗိုလ်လောင်းက သူ့ရဲ့ ကြမ်းတမ်းခတ်ထန်တဲ့ ယောကျ်ားသားဆိုတဲ့ ဂုဏ်ကို ပြန်လည်မြှင့်တင်ဖို့ ဆုံးဖြတ်ထားပုံရတယ်။ သူက မျက်လုံးတွေနီရဲနေတာတောင် မျက်ရည်ကျဖို့ကို ငြင်းဆန်နေပြီး သူ့ရဲ့မျက်ရည်တွေ ကျဆင်းမလာစေဖို့ အတင်းအကြပ် ထိန်းချုပ်ထားခဲ့တယ်။
“ရှီနန်”
သူရဲ့နောက်ကျောဘက်မှာ လူငယ်တစ်ယောက် ရပ်တန့်လာခဲ့ပြီး ဆက်မပြောခင်မှာ စကားကို ခဏလောက်ရပ်တန့်လိုက်တယ်။
“မင်းရဲ့အနီရောင်အောက်ခံဘောင်းဘီကို မြင်နေရတယ်”
ရှီနန်က သူ့ရဲ့ အနီရောင် အောက်ခံဘောင်းဘီကို လက်နဲ့ ဖုံးအုပ်လိုက်ပေမဲ့ သူ့ရဲ့အလောတကြီး လှုပ်ရှားမှုကြောင့် ဒဏ်ရာရထားတဲ့နေရာမှ ကြွက်သားကို လှုပ်ရှားသွားစေခဲ့တယ်။ သူ့ရဲ့အမူအရာက ဖျော့တော့သွားခဲ့ပြီး သူထိန်းချုပ်ထားတဲ့မျက်ရည်တွေက ရေတံခါးအဖွင့်ခံလိုက်ရသလိုမျိုး စီးကျလာခဲ့တယ်။
ဒီလို သန်သန်မာမာ ယောက်ျားလေးတစ်ယောက်က ဝမ်းပမ်းတနည်းငိုကြွေးနေတာကို မြင်ရရင် ဘယ်သူကမှ ကိုယ်ချင်းစာမိကြမှာမဟုတ်ဘူး။ သူတို့က ရယ်စရာကောင်းတယ်လို့ပဲခံစားမိကြလိမ့်မယ်။
သို့ပေမယ့် သူ့ရဲ့ အနောက်မှာရှိနေတဲ့ လူငယ်လေးက ဒီမြင်ကွင်းကို ကျင့်သားရနေတဲ့ပုံရတယ်။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ရဲ့ အိတ်ကပ်ထဲမှ တစ်သျှူးအချို့ကို ထုတ်ယူလိုက်ပြီး ရှီနန်ရဲ့ရှေ့မှာ ဒူးထောက်ထိုင်လိုက်ရင်း သူ့ရဲ့မျက်လုံးတွေမှစီးကျနေတဲ့ မျက်ရည်တွေကို အသာအယာသုတ်ပေးလိုက်တယ်။
“မင်းက ဒီလောက်တောင် ကြီးနေပြီ.. ဘယ်လိုလုပ် ဒီလောက်ထိ အငိုသန်နေရတာလဲ”
လီကျိုးရှင်း တစ်ဖက်လူရဲ့ ငိုသံက ပိုပြီး ပြင်းထန်လာသလို ခံစားမိလိုက်တယ်။
မကြာခင်တုန်းက ဒူးထောက်ပြီးထိုင်လိုက်တဲ့ လူငယ်က သက်ပြင်းချရင်း ငိုကြွေးနေတဲ့တစ်ယောက်ရဲ့ နောက်ကျောကိုပုတ်ကာ နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်တယ်။ သူက အနီးအနားမှ စိတ်ပူနေကြတဲ့ သက်ဆိုင်ရာဆရာတွေနဲ့ ကျောင်းသားတွေကိုပါ အဆင်ပြေကြောင်း လှည့်ပြောခဲ့သေးတယ်။ ပြီးမှ ရှီနန်ဘက်သို့ ပြန်လှည့်ပြီးပြောလာတယ်။
“ဘယ်လိုနေလဲ? အခု ပိုပြီးသက်သာလာပြီလား?”
သူ့ရဲ့လေသံကနေ သူ့ရဲ့လှုပ်ရှားတဲ့အမူအယာတွေအထိ အရာအားလုံးက နှစ်သိမ့်မှုအပြည့်ရှိနေခဲ့တယ်။
သူစိမ်းတစ်ယောက်အတွက်တောင် သူကအလွန်ကောင်းမွန်ကြောင်း ခံစားရစေတယ်။ ဒီလိုခန္ဓာကိုယ်နဲ့တစ်ယောက်ယောက်အပေါ်မှာ အခုလိုမျိုး ချစ်ခင်သဘောကောင်းပေးဖို့ဆိုတာက ခဲယဉ်းလွန်းတယ်လေ။
ရှီနန်ရဲ့ မျက်ရည်တွေကို သုတ်ပေးနေတဲ့ လူငယ် ကျိယွီက လီကျိုးရှင်းဆီကို လှမ်းကြည့်လာတယ်။ သူ့ဆီမှာ ဒီအားကောင်းတဲ့လူငယ်အပေါ် အလွန်ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။
ကျိယွီ ရှီနန်ဘက်ကို ပြန်ကြည့်လိုက်တော့ များသောအားဖြင့် ကြမ်းတမ်းတဲ့ အမူအရာတွေရှိနေတတ်တဲ့ ရှီနန်က ပုံမှန်မဟုတ်စွာ ရှက်ရွံ့နေပြီး သူ့ရဲ့အကြည့်တွေက ဘယ်နဲ့ညာကို လှည့်လည်နေခဲ့တယ်။ ရှီနန်သည်လည်း သူနဲ့တူညီစွာတွေးတောနေလိမ့်မယ်ဆိုတာကို ကျိယွမ်သေချာပေါက်ပြောနိုင်တယ်။
ကျိယွီနဲ့ ရှီနန်က လုံးဝကိုကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိတယ်။ သူက ပုံမှန်အားဖြင့် စကားပြောတာကို မကြိုက်ပေမယ့် သူ့ကိုယ်သူ ဖော်ပြတဲ့အချိန်မှာတော့ သတ္တိရှိပြီး လေးနက်တတ်တယ်။
သူက သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ မျက်ရည်တွေကို ကုန်စင်အောင်သုတ်ပေးလိုက်ရင်း သူငယ်ချင်းဖြစ်သူကို မတ်တပ်ရပ်ဖို့ ဆွဲထူပေးလိုက်တယ်။ ထို့နောက် ကျိယွီက လီကျိုးရှင်းဆီကိုလျှောက်သွားလိုက်ပြီး အဓိကအချက်ဆီကို တိုက်ရိုက် သွားလိုက်တယ်။
“ဟယ်လို.. ငါက ကျိယွီ၊ သူက ရှီနန်ပါ.. ငါတို့တွေ သူငယ်ချင်းဖြစ်လို့ရမလား”
သူ့ရဲ့စကားတွေက ရိုးသားမှုတွေနှင့် မျှော်လင့်ချက်တွေအပြည့်ရှိနေခဲ့တယ်။
အဓိကဇာတ်လိုက် အကယ်ဒမီဆီသို့ ဝင်လာတဲ့အချိန်မှာ သူက သူ့ရဲ့ တစ်သက်တာအတွက် ခင်မင်ရင်းနီးသွားမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခဲ့ရတယ်။ နောက်ပိုင်းမှာ ဇာတ်လိုက်ဦးဆောင်အသင်းက ချန်ယန်အကယ်ဒမီရဲ့ ရှင်းယွမ့်(Dream)အသင်းတစ်ခုဖြစ်လာလိမ့်မယ်။
သူတို့အသင်းက ဘယ်သောအခါမှာမှ မရှုံးနိမ့်ခဲ့ဖူးပဲ တောက်ပတဲ့မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တယ်။ အသင်းက သေခြင်းတရားတွေနဲ့ ရင်ဆိုင်ရပြီး ညီအစ်ကိုဆက်ဆံရေးကို အကြိုမ်ကြိမ်အခါခါမှတ်ကျောက်အတိုက်ခံခဲ့ရပြီး ဇာတ်လိုက်က သူ့ရဲ့နောက်ကျောဘက်ကို သူ့အဖွဲ့မှ လူတွေဆီမှာ ပုံအပ်ပြီး ယုံကြည်ခဲ့တယ်။
‘ဒီခရီးလမ်း’ စာအုပ်ကို လိုက်လံဖတ်ရှုခဲ့တဲ့ စာဖတ်သူအများစုက သူတို့အသင်းရဲ့ ပြင်းထန်လွန်းတဲ့ သစ္စာစောင့်သိမှုကြောင့် ဒီဇာတ်လမ်းထဲသို့ ဆွဲဆောင်ခံလိုက်ရတဲ့သူတွေပဲ။
သွေးပူတတ်တဲ့လူငယ်လေးတွေက သူတို့ရဲ့ ရုန်းကန်ရမှုတွေနဲ့ စွန့်စားခန်းတွေကို ပင်ပန်းကြီးစွာဖြတ်သန်းခဲ့ရပြီးနောက် ပန်းတွေနဲ့ လက်ခုပ်သြဘာတွေကို ရရှိခဲ့ကာ ယောက်ျားကောင်းလေးတွေအဖြစ် ကြီးပြင်းလာခဲ့ကြတယ်။ အပြင်လူတွေအတွက်တော့ သူတို့ရဲ့မတူကွဲပြားတဲ့ပုံရိပ်တွေကို ချပြပြီး သူတို့အချင်းချင်းသာရှိတဲ့အချိန်မှာတော့ စနောက်ပျော်ရွှင်စွာ ရှိနေခဲ့ကြတယ်။
သူတို့တွေက တစ်ဦးကိုတစ်ဦး အပြည့်အဝယုံကြည်ခဲ့ကြပြီး သူငယ်ချင်းမိတ်ဆွေတွေအတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်မဲ့ ရဲရင့်တဲ့ညီအစ်ကိုအသင်းကို ဖွဲ့စည်းခဲ့တယ်။
အမှောင်ထုရဲ့ ဆိုးရွားလွန်းတဲ့ အလှတရားအပေါ်ဆွဲဆောင်ခံလိုက်ရတဲ့လူတွေလည်း မရှိခဲ့တာမဟုတ်ပေမဲ့ သူရဲကောင်းတွေကြားမှ သူငယ်ချင်းဆက်ဆံရေးရဲ့ ရိုးသားမှုက မြင်တွေ့ရသူတွေကို မျက်ရည်ပူတွေ အမြဲစီးကျနေစေလိမ့်မယ်။
သူ့ရဲ့သူငယ်ချင်းက အရင်ဆုံးစပြောလိုက်တာကိုမြင်တော့ ရှီနန်တစ်ယောက် မကျေမနပ်ဖြစ်သွားခဲ့တယ်။
“ဟေး!”
ရှင်းယွမ့်အသင်းရဲ့ အဖွဲ့ဝင်နှစ်ဦးက သူ့ဆီသို့ လက်တွေဆန့်တန်းပေးလာကြပြီး လက်ဆွဲနှုတ်ဆက်ခြင်းအတွက် အတတ်နိုင်ဆုံး အလေးအနက်ဖြစ်စေခြင်းဖြင့် သူတို့ရဲ့အမူအယာတွေ ရင့်ကျက်စေတဲ့ပုံဖြစ်နေဖို့ ကြိုးစားနေခဲ့ကြတယ်။
လီကျိုးရှင်းတစ်ယောက် သူ့ရဲ့မျက်လုံးရှေ့သို့ သမိုင်းရဲ့ နောက်တပြန်လည်ပတ်လာပုံကိုကြည့်ကာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရရှိနေခဲ့တယ်။ ရှင်းယွမ့်အသင်းရဲ့ ကြမ်းတမ်းသောပုံသဏ္ဍာန်က သူ့အရှေ့မှာ အလိုလိုထွက်ပေါ်လာခဲ့ပြီး တဖြည်းဖြည်း စုစည်းလာခဲ့တယ်။ တစ်ချိန်တုန်းက ပြင်ပမှလေ့လာသူတစ်ဦးသာဖြစ်ခဲ့ဖူးတဲ့ စာဖတ်သူတစ်ဦးဖြစ်တဲ့ သူကတော့ အခုချိန်မှာ ကစားသမားတစ်ဦးဖြစ်လာခဲ့တယ်။
လီကျိုးရှင်း သူ့ရဲ့လက်ကိုလှမ်းပေးလိုက်ပြီး ဒီ Deja vu ဖြစ်စေတဲ့ ခံစားချက်က သိပ်ပြီးမဆိုးလှဘူးလို့ တွေးတောကာ ပြုံးလိုက်မိတယ်။
“ငါတို့တွေ သူငယ်ချင်းတွေဖြစ်နေပြီဆိုမှတော့ လွတ်လွတ်လပ်လပ်ပဲ ပြောဆိုကြတာပေါ့”
လီကျိုးရှင်း ယာဥ်ရဲ့အရှေ့သို့ လှမ်းကြည့်လိုက်တယ်။
ကုဝမ်ချန်က သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ မတ်တပ်ရပ်နေခဲ့တယ်။ သူက လီကျိုးရှင်းရဲ့ အကြည့်တွေ သူ့ဘက်သို့ ရောက်လာတာကို ဖမ်းဆုတ်မိသွားတယ်ဆိုရင်ပဲ ရုတ်တရက် သူတို့ရဲ့ ဦးတည်ရာဘက်သို့ လျှောက်လာခဲ့တယ်။
လီကျိုးရှင်းက အနာဂတ်အသင်းဖော်တစ်ဦးဆီကိုကြည့်နေရာမှ နောက်တစ်ဦးဆီသို့ ထပ်မံပြန်ကြည့်လိုက်ကာ စကားဆက်လိုက်တယ်။
“ငါ မင်းတို့ကို ငါတို့ရဲ့အဖွဲ့ထဲကို ဝင်ဖို့ ဖိတ်ခေါ်လို့ရမလား?”
“ကျေးဇူးပြုပြီး”
ကုဝမ်ချန်က လီကျိုးရှင်းတို့အနီးကို အချိန်မီရောက်လာခဲ့ပြီး အခုလေးတင် လီကျိုးရှင်းရဲ့ ဘယ်ဘက်လက် ဖယ်ခွာသွားတဲ့ အနီးအနားမှ ထိုင်ခုံနောက်မှီဆီသို့ သူ့ရဲ့ ညာဘက်လက်ကိုတင်လိုက်ကာ သူတို့ကို ပြုံးပြရင်း ဆက်ပြောလိုက်တယ်။
“ငါတို့ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပေးပါ”
ကျိယွီနဲ့ ရှီနန်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီး ပြတ်ပြတ်သားသားပြောလာကြတယ်။
“ငါတို့ဝင်မယ်”
Author note : အဖွဲ့သားတွေအားလုံးက တကယ့်ကိုကောင်းပါတယ်၊ ဒါပေမယ့် တစ်ခုပဲ__ သူတို့က PDA အတွက် အရှေ့ဆုံးခုံကို နေရာရသွားခဲ့ပါပြီ။
PDA_ လူမြင်ကွင်းမှာချစ်ကြည်နူး တစ်တီတူးတာ