(9) ဒါဆို သူ့ရဲ့ ပွေ့ဖက်မှုအတွက် သင့်တော်တယ်
မိတ်လိုက်ချင်နေတဲ့သားရဲတစ်ကောင်ဆီမှာ ဆင်ခြင်တုံတရားမရှိတော့ဘူးဆိုတာကိုတော့ ပြောစရာတောင်မလိုဘူး။ အခု သူတို့ရဲ့ရှေ့မှာရှိနေတဲ့သားရဲကြီးက ထိုအတွက် အထင်ရှားဆုံးသောဥပမာတစ်ခုပဲ။ ပြင်းထန်လွန်းတဲ့ဟိန်းဟောက်သံနှင့်အတူ သားရဲကြီးက သူတို့ဆီကို ဦးတည်ကာ ပြေးဝင်လာခဲ့တယ်။
ဗိုလ်လောင်းငါးယောက်က သူတို့ရဲ့လမ်းကနေအလျှင်အမြန် ရှောင်ထွက်သွားလိုက်ရတယ်။ လီကျိုးရှင်း သူ့ရဲ့ ကွမ်တမ်လက်နက်ကို ထုတ်ယူလိုက်တယ်။ ထိုလက်နက်ရဲ့အရွယ်အစားက လက်ဖဝါးလောက်သာရှိပြီး ငွေရောင်သတ္တုဖြင့် ပြုလုပ်ထားခဲ့တယ်။
သူ ကိုင်လိုက်တဲ့အချိန်မှာပဲ ထိုလက်နက်ဆီမှ ငွေဖြူရောင် စွမ်းအင်တွေကပွင့်ဟလာခဲ့ပြီး ဓားတစ်ချောင်းရဲ့ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။
‘ဒီတော့ အကယ်ဒမီရဲ့ လက်နက်က အလင်းဓားသွားနဲ့ တကယ်ကြီးတူတာပဲ’
လီကျိုးရှင်း တွေးလိုက်တယ်။
အခြားလူတွေကလည်း သူတို့ရဲ့ လက်နက်တွေကို တိတ်တဆိတ် ထုတ်ယူလိုက်ကြတယ်။ စွမ်းအင်ဓားသွားက သူတို့ရဲ့ရှေ့မှ သောင်းကျန်းနေတဲ့ သားရဲကြီးရဲ့ရှေ့မှာတော့ ကလေးကစားစရာပစ္စည်းတစ်ခုနှင့်တူညီနေခဲ့တယ်။
သို့သော်လည်း စွမ်းအင်ဓားတွေက သားရဲကြီးကို သတိပိုပြီးရှိလာစေပြီး သူတို့ကိုပို မိုဒေါသထွက်လာပုံရတယ်။ သွေးနီရောင်မျက်လုံးတစ်စုံက အနီးဆုံးမှာရှိတဲ့ လီကျိုးရှင်းကို စိုက်ကြည့်လာခဲ့တယ်။
ထိုသားရဲကြီး လျှောက်လာတဲ့လမ်းတစ်လျှောက်မှာ သူ့ရဲ့လေးလံတဲ့ခြေလှမ်းတွေကြောင့် မြေပြင်တစ်လျှောက် နက်ရှိုင်းတဲ့ခြေရာတွေ ထင်ကျန်ရစ်ခဲ့တယ်။
လီကျိုးရှင်းက အမှန်တကယ်တော့ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။
ဒီလို စိတ်လှုပ်ရှားမှုမျိုးက သူ လုံးလုံးလျားလျားမမျှော်လင့်ခဲ့တဲ့အရာပဲ။ အထူးသဖြင့် ဒေါသကြီးတဲ့ သားရဲကြီးနှင့် ရင်ဆိုင်ရတဲ့ အခုလိုမျိုး သေရေးရှင်ရေး အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာလေ။
ဒါက သူ့ကိုယ်သူ စွန့်စားသူတစ်ယောက်အဖြစ် မွေးဖွားလာသလိုမျိုးခံစားရစေတယ်။ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အန္တရာယ်က သူရှုရှိုက်တဲ့လေကိုတောင် ချိုမြိန်လာစေပြီး မျှော်လင့်ချက်ရဲ့ အရသာကို ခံစားရစေတယ်။
သူ လက်ထဲမှာရှိနေတဲ့ ဓားကိုအသုံးပြုပြီး သူ့ရဲ့လိုလားတောင့်တတဲ့ စိတ်ဆန္ဒတွေဖြင့် သားရဲသတ္တဝါကြီးရဲ့ ထူထဲတဲ့အသားသို့ စစ်ပွဲရဲ့ အကြမ်းတမ်းဆုံးသောအရှိန်အဝါတွေဖြင့်ထိုးဖောက်ချင်နေခဲ့တယ်။
ဒီလို လိုလားတောင့်တမှုတွေက ခေတ်သစ်ကမ္ဘာရဲ့ မြင့်မားသော မျှော်စင်တွေနဲ့ တောက်ပသော မီးရောင်တွေအောက်မှာ တက်ကြွလာတဲ့ စိတ်ဆန္ဒထက်လုံးဝကိုကွာခြားလွန်းတယ်။
သူ သူ့ရဲ့ဓားကို မြှောက်ပြီး သူ့ခန္ဓာကိုယ်ရှေ့မှာ ဆုတ်ကိုင်ထားခဲ့တယ်။
သူရဲ့ လှုပ်ရှားမှုတွေက ဘေးနားမှာ ရပ်နေတဲ့ ကုဝမ်ချန်ရဲ့ အာရုံကို စွဲဆောင်သွားခဲ့ပြီး သူ့ရဲမျက်လုံးများတွင် ပူပြင်းတဲ့ဆန္ဒတွေကိုမြင်တွေ့လိုက်ရတယ်။
ဆာလောင်မွတ်သိပ်မှုတွေ၊ ပြင်းပြတဲ့ရည်ရွယ်ချက်တွေ နှင့် မျှော်လင့်ချက်တွေ ။
ကုဝမ်ချန် သူ့ရဲ့နှုတ်ခမ်းတွေကို ဖိလိုက်မိရင်း သူ့ရဲ့ရှာဖွေတွေ့ရှိမှုကို သဘောကျကာ သားရဲကြီးကို သတိပေးခြိမ်းခြောက်လိုမှုကနေ ရပ်တန့်လိုက်ပြီး ဖွဖွပြုံးလိုက်မိတယ်။ ဒါပေမယ့် သူက လီကျိုးရှင်း ဘာတစ်ခုမှမလုပ်နိုင်ခင်မှာ အရှေ့ကိုပြေးသွားခဲ့တုန်းပဲ။
ကုဝမ်ချန်ရဲ့အသွင်အပြင်က အသက်ဆယ့်ရှစ်နှစ်အရွယ်လောက်မှာရှိနေပြီး သူသူ့ဆီမှာ တူညီတဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း သူ့ရဲ့လျှို့ဝှက်ချက်ကိုတော့ ကမ္ဘာပေါ်မှ ဘယ်သူကမှ သိရှိမှာမဟုတ်ဘူး။
တကယ်တမ်းမှာ သူက အသက် ဆယ့်ရှစ်နှစ်အရွယ်ဗိုလ်လောင်းလေး မဟုတ်ခဲ့ပဲ အမှန်တကယ်နေထိုင်ခဲ့တာက သုံးဆယ့်ရှစ်နှစ်တောင်ရှိနေခဲ့ပြီ။
သူရဲ့အရွယ်ရောက်ပြီးတဲ့ ဝိညာဉ်ရေးစွမ်းအင်က အနှစ်နှစ်ဆယ်ကြာအောင် ကြမ်းတမ်းစွာ လေ့ကျင့်မှုတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ လူတစ်ယောက်ရဲ့စွမ်းအားပဲ။
ကုဝမ်ချန် သောက်လိုက်တဲ့ဆေးက သူ့ရဲ့ဝိညာဉ်စွမ်းအင်ကို သိသိသာသာ တိုးလာစေခဲ့တယ်။ အထူးသဖြင့် ထိုအရာကိုမသုံးစွဲခင်မှာ သူက ဒီစကြဝဠာမှာ စွမ်းအားအကြီးဆုံးလူတစ်ယောက်အဖြစ် ထင်ရှားပေါ်လွင်စေခဲ့တယ်။
သူ့အတွက်တော့ အခုလို ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြန်ရောက်လာတာက ခါးသီးချိုမြိန်တဲ့ အတွေ့အကြုံတစ်ခုလို့ပြောနိုင်တယ်။
စွမ်းအင်ဓားက သားရဲကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို ဒဏ်ရာတစ်ချက်ထိုးသွင်း လှီးဖြတ်လိုက်တယ်။ လီကျိုးရှင်းသည်လည်း သူ့ရဲ့နောက်ကနေ အနီးကပ်လိုက်လာခဲ့ပြီး သားရဲကြီးမတုံ့ပြန်နိုင်ခင်မှာ ဒဏ်ရာကို ပိုမိုနက်ရှိုင်းစေခဲ့တယ်။
“နောက်ဆုတ်ကြ!”
သူတို့ နောက်သို့ပြန်ဆုတ်သွားတဲ့ အချိန်မှာပဲ သားရဲကြီးက ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ သူ့ရဲ့အမြီးကို ရိုက်ချလိုက်လေတယ်။ သူ့ရဲ့ လှုပ်ရှားမှုက စွမ်းအားကြီးလွန်းပြီး မြေပြင်ပေါ်မှာ နက်နဲသတဲ့တူးမြောင်းကြီးတစ်ခုကို ဖြစာသွားစေခဲ့တယ်။
“အစွယ်ရှိ သားရဲ၊ တံတွေးမှာအဆိပ်ရှိပြီး အမြီးထဲမှာလဲ အဆိပ်ရှိတဲ့ဆူးတွေကိုဝှက်ထားတတ်တယ်!”
လင်းနျဥ်က ထိုသားရဲရဲ့ အကြောင်းကို ကမန်းကတန်း လှန်ကြည့်နေခဲ့တယ်။
“Vagor ရဲ့ အန္တရာယ်အရှိဆုံးသားရဲငါးကောင်ထဲက တစ်ကောင်ပဲ!”
အစွယ်ရှိသားရဲနှင့်ပတ်သက်တဲ့ သတင်းအချက်အလက်အနည်းငယ်သာရရှိခဲ့တာကြောင့် လင်းနျဥ်အနေနဲ့ ထိုသားရဲကိုသတ်ဖို့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်ကိုမှ ရှာမတွေ့ခဲ့ဘူး။
“ငါတို့ရဲ့ ကံအတိုင်းပဲပေါ့”
စစ်နန်က သားရဲရဲ့အာရုံကို ဆွဲဆောင်ရန် ကြိုးစားရင်း အော်ပြောလာတယ်။ တချို့သော အကြောင်းပြချက်တွေကြောင့် သားရဲကြီးက ကုဝမ်ချန်ကို အသေသတ်ဖို့ တွေးတောနေပုံရတာကြောင့် စစ်နန်အနေနဲ့ သားရဲရဲ့အာရုံကိုသူ့ဆီသို့ ဆွဲဆောင်ဖို့ ကြိုးစားနေခဲ့တယ်။
“ငါ သူ့ရဲ့ခေါင်းကို နှစ်ကြိမ်ထိုးလိုက်တာတောင် အပေါ်ယံက ကွဲအက်မသွားဘူး ဒီဟာကြီးမှာ အားနည်းချက်တွေတောင် ရှိပါ့မလား”
သားရဲရဲ့ မေးစေ့အောက်မှာလေ။
ကုဝမ်ချန် သူတိုက်ခိုက်နေရင်း တွေးလိုက်တယ်။
သို့ပေမယ့် သူက မပြောပြခဲ့ဘူး။ မပြောဘဲ တိတ်ဆိတ်နေခဲ့ရုံသာမကဘဲ သူ့ရဲ့အင်အားတွေ လျော့နည်းသွားသလိုမျိုးပါ ဟန်ဆောင်နေခဲ့တယ်။ သူက တိုက်ခိုက်နေရင်း သူ့ရဲ့ အရှိန်နှင့် တိုက်ခိုက်နိုင်စွမ်းတွေ နှေးကွေးလာသလိုမျိုး သရုပ်ဆောင်နေခဲ့တယ်။
ကုဝမ်ချန်နဲ့ လီကျိုးရှင်းက သားရဲကြီးရဲ့ အာရုံစိုက်မှုကို အများဆုံးဆွဲဆောင်ထားနိုင်ခဲ့တာလေ။ ဒီတော့ ကုဝမ်ချန် နောက်ကို ဆုတ်သွားချိန်မှာ သားရဲကြီးရဲ့ ဦးတည်ချက်က လီကျိုးရှင်းဆီကို အများဆုံးရောက်ရှိသွားတော့တယ်။
လီကျိုးရှင်းအနေနဲ့လည်း လက်ရှိမှာ အဓိကဇာတ်ကောင်ရဲ အတွေးတွေကို လိုက်ပါစဥ်းစားနေဖို့ အချိန်ရှိမနေခဲ့ဘူး။ အခုချိန်မှာ အမဲလိုက်ခြင်းရဲ့ စိတ်လှုပ်ရှားမှုတွေက သူ့ရဲ့ခန္ဓာကိုယ်တွင်းရှိ သွေးများကို ဆူပွက်နေစေခဲ့တယ်။ သူ့ရဲ့ခေါင်းထဲမှာရှိနေတဲ့ တစ်ခုတည်းသော အတွေးက :
“ ငါ ဒီသားရဲကို သတ်ပစ်မယ်”
ဘယ်လိုယောကျ်ားမျိုးက တောရိုင်းတိရိစ္ဆာန်ကိုတောင် မသတ်နိုင်လို့လဲ?
ကုဝမ်ချန်က သားရဲကြီးရဲတိုက်ခိုက်မှုကို အရှုံးမပေးသကဲ့သို့ ပြုမူနေချိန်မှာ လီကျိုးရှင်း အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး ခြေထောက်ထဲကိုအားစိုက်လိုက်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်တယ်။
ထို့နောက် သူ့ရဲ့ စွမ်းအင်ဓားက သားရဲကြီးရဲ့ ခန္ဓာကိုယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဖြတ်ဝင်သွားခဲ့ကာ ထူထပ်တဲ့အပေါ်ယံအရေပြားကို ထွင်းဖောက်ပြီး ဘေးဘက်သို့ဆွဲယူ လှီးဖြတ်လိုက်တယ်။
အစွယ်ရှိသားရဲကြီးက သူ့ရဲ ခန္ဓာကိုယ်ကို ပြင်းထန်စွာလှုပ်ယမ်းကာ အမြီးဖြင့် ရိုက်ချလာခဲ့ပေမဲ့ လီကျိုးရှင်းက စစ်နန်ရဲ့ဘေးဘက်သို့ ခုန်ဆုတ်သွားခဲ့ပြီ။
သားရဲကြီးရဲ့အရေပြားက ထူလွန်းတယ်။ သူတို့ရဲ့ ခွန်အားစိုက်ထုတ်ပြီး တိုက်ခိုက်မှုတွေက သူ့ကိုအနိုင်တိုက်ဖို့ မလုံလောက်ဘူး။ လီကျိုးရှင်းအနေနဲ့ သားရဲကြီးကို တစ်ကြိမ်တည်း သတ်ပစ်နိုင်တဲ့အရာတစ်ခုခုလိုအပ်ကြောင်း တွေးမိတယ်။ သို့ပေမယ့်လည်း ဘယ်လိုအရာမျိုးကိုသုံးရင် တစ်ချက်တည်းနဲ့အနိုင်တိုက်နိုင်မလဲဆိုတာကိုသူမသိဘူး။
ဝိညာဉ်စွမ်းအင်။ ဒါပေမယ့် လီကျိုးရှင်းက ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်နည်းကိုဘယ်လိုများသိနိုင်မှာလဲ?
“မေးရိုးရဲ့အောက်ဖက်!”
ကျိယွီရဲ့ စူးစမ်းလေ့လာခြင်းစွမ်းရည်က ဟာသမဟုတ်ဘူး။ သူ့ရဲ့မျက်လုံးတွေက ရုတ်တရတ်သဘောပေါက်ခြင်းတွေနဲ့ တောက်ပလာခဲ့တယ်။ သူက သားရဲကြီးရဲ့ အာရုံကို သူ့ဆီသို့ ဆွဲခေါ်ရင်း တစ်ဖက်မှ အဖွဲ့သားတွေ သားရဲကြီးရဲ့ မေးစေ့အောက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် လုပ်ပေးနေခဲ့တယ်။
“မင်းတို့ ထိုးသွင်းလို့ရလား”
“ခက်လွန်းတယ်”
စစ်နန်က အလွန်စိတ်ပျက်သွားခဲ့တယ်။ သူက ကျိယွီကို ကူညီဖို့ အနားကို ပြေးသွားလိုက်တယ်။
“ငါ အနားကိုတောင်မကပ်နိုင်ဘူး”
လီကျိုးရှင်း: “ငါတတ်နိုင်တယ်”
သူက သူရဲ့လက်နက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့ပြီး ပါးလွှာတဲ့ဝိဥာဥ်စွမ်းအင်တွေက အလင်းဓားရဲ့ဘေးပတ်လည်မှာ ဝန်းရံသွားခဲ့ကာ ထိုဝိဥာဥ်စားအင်တွေက လေထုထဲမှာ တွန့်လိန်ရင်း လျှပ်စီးတွေလျံထွက်နေသလို ထင်မြင်ရစေတယ်။
ထင်ရှားပေါ်လွင်လွန်းတဲ့ ဝိညာဉ်စွမ်းအင်တွေက ပိုင်ရှင်ရဲ့ ရည်ရွယ်ချက်ကို လိုက်နာကာ လင်းလက်နေတဲ့လျှပ်စီးကြောင်းက အန္တရာယ်နှင့် သတ်ဖြတ်လိုခြင်းတွေကိုဖော်ထုတ်ပြသနေခဲ့တယ်။
ဝိညာဉ်စွမ်းအင်ထုတ်လွှတ်ရခြင်းရဲ့ ခံစားချက်က အလွန်ကောင်းမွန်တယ်။ ဒီခံစားချက်က ကမ္ဘာကြီးတစ်ခုလုံး သူရဲ့ထိန်းချုပ်မှုအောက်တွင်ရှိနေသလိုမျိုးပဲ။ မြက်ပင်တစ်ပင်ရဲ့ လှုပ်ရှားမှု၊ သစ်ရွက်တစ်ရွက်ရဲ့ ရွေ့လျားမှုတွေအထိ သူ့ရဲ့ပတ်ဝန်းကျင်ကို ခံစားနိုင်နေခဲ့တယ် ။
စွမ်းအင်ဓားက သားရဲကြီးကို သေလောက်တဲ့ဒဏ်ရာမပေးနိုင်လောက်ပေမဲ့ လီကျိုးရှင်းအနေနဲ့ ဝိညာဉ်စွမ်းအင်သာပါရင်လုပ်နိုင်လိမ့်မယ်လို့ ခံစားရတယ်။
သူ တစ်ချက်တည်းသာ လုပ်ဖို့လိုအပ်တယ်လို့ ယုံကြည်တယ်။
ကုဝမ်ချန်ရဲ့မျက်လုံးကတွေ အံ့အားသင့်မှုအရိပ်အယောင်တွေဖြတ်ပြေးသွားခဲ့တယ်။
သူက ဘေးကိုရွှေ့ကာ လီကျိုးရှင်းလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်စေရန် နေရာဖယ်ပေးလိုက်တယ်။ ကျယွီနှင့်စစ်နန်တို့ကလည်း သားရဲရဲ့ အမြင်အာရုံ သူတို့ဆီမှာသာရှိနေဖို့ အာရုံပြောင်းပေးနေခဲ့ကြတယ်။
အစွယ်သားရဲက ခြိမ်းခြောက်မှုကို သတိပြုမိသွားချိန်မှာတော့ အလွန်နောက်ကျသွားခဲ့ပြီ။ စွမ်းအင်ဓားသွားက သူ့ရဲ့မေးရိုးအောက်ဘက်သို့ လျှပ်စီးလက်သလိုမျိုး လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်ခဲ့ကာ အသားကိုဖြတ်ပြီး ဦးခေါင်းခွံအတွင်းသို့ ဖောက်ဝင်သွားခဲ့လေတယ်။
စွမ်းအင်ဓားက သားရဲကြီးရဲ့ ဦးခေါင်းတစ်လျှောက် ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။
လျှပ်စီးကြောင်းကဲ့သို့ ဝိညာဉ်စွမ်းအင်တွေကလည်း လေထဲသို့ ပြန့်ကျဲသွားခဲ့ပြီး ကြီးမားသားရဲကလည်း ဘန်းခနဲမြည်သံနဲ့အတူ မြေပြင်သို့ ပြုတ်ကျသွားခဲ့တယ်။
သားရဲကြီး သူတို့ရဲ့ရှေ့မှာ မပေါ်လာသေးခင်ကတည်းက ကုဝမ်ချန်က ထိုသားရဲကို အာရုံပြုနိုင်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ သားရဲကြီးရဲ့ ဦးနှောက်ထဲကို ကျူးကျော်ဖို့ဝင်ရောက်ပြီးနေခဲ့ပြီ။ သူက ဝိညာဉ်စွမ်းအင်ကိုအပြည့်အ၀ ဖုံးကွယ်ထားခဲ့ပြီး သားရဲကြီးရဲ့အတွင်းပိုင်းမှာ အလွန်နက်ရှိုင်းစွာ ပေါင်းစပ်ထားတာကြောင့် ကုဝမ်ချန်အနေနဲ့ ထိုသားရဲကြီးကို အတွေးတစ်ချက်တည်းနဲ့ သတ်လိုက်နိုင်တယ်။
တိုက်ပွဲအပြီးမှာတော့ သူတို့ငါးယောက်က မတ်တပ်ရပ်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
ထိုအခိုက်မှာပဲ လင်းနျဥ်က လီကျိုးရှင်းဆီသို့ ရုတ်တရက် လျှောက်သွားရင်း အကြည့်တွေက လောင်ကျွမ်းနေသလို စကားသံကလည်း စိတ်လှုပ်ရှားမှာတွေရောနေခဲ့တယ်။
“မင်းက ဝိညာဉ်စွမ်းအင်ကိုသုံးပြီး တိုက်ခိုက်ခဲ့တယ်!”
အကြောင်းတချို့ကြောင့် လီကျိုးရှင်း အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရတယ်။
“အမ်”
စစ်နန်နဲ့ကျိယွီတို့ကလည်း အခုလေးတင်ပဲ တားလည် သဘောပေါက်သွားရတယ်။
“သောက်ကျိုးနည်း!”
“ငါတို့က အတန်းတောင် မစရသေးဘူးလေ.. မင်းက ဝိညာဉ်စွမ်းအင်တွေကို တိုက်ခိုက်ဖို့အတွက် ဘယ်လိုသုံးရမလဲဆိုတာကို သိပြီးနေပြီ! ငါတို့အားလုံး သောက်ကျိုးနည်း စမှတ်တစ်ခုတည်းကနေ စတင်ဖို့ သဘောတူထားခဲ့ကြတာ မဟုတ်ဘူးလား!!
တူညီသော စမှတ်ဟုတ်လား? မင်းတို့က ဇာတ်လိုက်ရဲ့ရှေ့မှာ အဲလိုအတွေးကို တွေးရဲကြသေးတာလား။ လီကျိုးရှင်း စိတ်ထဲကနေ ငြီးတွားလိုက်တယ်။
သို့သော်လည်း သူ့အနေနဲ့ ဝိညာဉ်စွမ်းအင်ကို ဘယ်လိုမျိုးဖုံးကွယ်ရမလဲကို ဆိုတာကို မသိသေးဘူး။ ဒါက ကြီးမားတဲ့ အားနည်းချက်တစ်ခုဖြစ်နေသေးပြီး ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်သေးတယ်။
**