(10)
နှိုင်းယှဥ်လိုက်ရရင် သူတို့က လီကျိုးရှင်းနဲ့ မတူတဲ့မျိုးစိတ်တစ်ခုလို့ ခံစားရစေတယ်။ သို့ပေမယ့် သူတို့နဲ့ပြောနေတဲ့လူကသူ တို့သူငယ်ချင်းရဲ့ဖြစ်နေတယ်လေ ။ ဒီတော့ သူတို့တွေ မြန်မြန်ဆန်ဆန်ပဲ သူတို့ဘာသာဖြေသိမ့်လိုက်ကြတယ်။ အနည်းဆုံးတော့ သူတို့ကအသင်းတူနေသေးတာပဲမလား ။
ကျိယွီက ကုဝမ်ချန်ကို စိုးရိမ်တကြီးကြည့်ကာရုတ်တရက်မေးလိုက်တယ်။
‘’ တစ်ယောက်ယောက် ဒဏ်ရာရသွားသေးလား ‘’
ကုဝမ်ချန်က သူ့ရဲ့စွမ်းအင်ဓားရှည်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သတ္ထုလက်နက်ကို နောက်ထပ် အိတ်ထဲသို့ပြန်မထည့်ခင်မှာ ခဏလောက် စဥ်းစားလိုက်သေးတယ် ။
‘’နည်းနည်းလေးပင်ပန်းနေရုံပါပဲ.. ကိစ္စမရှိဘူး”
အလှလေးကတော့ ဘာပဲဖြစ်ဖြစ်နေနေ လှပနေတုန်းပဲ ။ ကြည့်ရတာ ကုဝမ်ချန်က အနည်းငယ် ခြေကုန်လက်ပမ်းကျသွားပုံသာ ရတယ်။ ဒါပေမဲ့ အဖွဲ့ထဲမှ တခြားသူတွေက သူ့ကို ကြင်နာစွာ ဆက်ဆံပေးနေကြတုန်းပဲ။
‘’ မင်း အလုပ်ကြိုးစားခဲ့ရတာပဲ ‘’
စစ်နန်က သူ့ကိုစာနာစွာကြည့်လိုက်တယ် ။
“ အစွယ်ရှိသားရဲက မင်းရဲ့နောက်ကိုပဲဘာကြောင့် လိုက်နေရတာလဲဆိုတာကိုဘယ်သူကသိမှာလဲ ..သူ့ရဲ့တိုက်ခိုက်မှုတွေအကုန်လုံးနီးပါးက မင်းကိုပဲဦးတည်နေခဲ့တာ”
ရိုးရိုးသားသားပြောရရင် စစ်နန်က ကုဝမ်ချန်ကို အတော်လေးအားကျတယ် ။ အပြင်ပန်းကကြည့်မယ်ဆိုရင် ကုဝမ်ချန်က သူ့ရဲ့တစ်ဝက်လောက်တောင် သန်မာမဲ့ပုံမပေါ်ဘူး။ ဒါပေမယ့်လည်း တကယ်တမ်းမှာ သူ့ရဲ့ ခံနိုင်ရည်တော်တော်အားကောင်းတဲ့ပုံရတယ်။
တကယ်လို့ ထိုသားရဲကြီးက သူ့ကို အချိန်အကြာကြီးတိုက်ခိုက်ခဲ့မယ်ဆိုရင် သူကတော့ ကုဝမ်ချန်လိုမျိုး အနည်းငယ်လောက် ပင်ပန်းသွားရုံလောက်နဲ့ ပြူးသွားနိုင်မှာ မဟုတ်လောက်ဘူး။
သူက တစ်ပိုင်းထဲနဲ့တင် အသက်ရှင်နိုင်ဖို့အတွက် အတော်ကြီးကိုရုန်းကန်လိုက်ရလိမ့်မယ် ။.
သူတို့အကုန်လုံး သူတို့ရဲ့လက်နက်တွေကိုပြန်သိမ်းလိုက်ကြတယ်။ လီကျိုးရှင်းက ကုဝမ်ချန်ရဲ့လက်မောင်းကိုဆွဲယူပြီး သူ့ရဲ့ပုခုံးပေါ်သို့တင်လိုက်တယ် ။
‘’ မင်းငါ့ကိုမှီထားလို့ရတယ် ‘’
သူကကုဝမ်ချန်ရဲ့ခါးကို လက်တစ်ဖက်နဲ့ပွေ့ဖက်ထားခဲ့တယ် ။
လီကျိုးရှင်းရဲ့လက်က အလွန်ကြီးမားပြီး လက်ဖဝါးက အလွန်ပူပြင်းနေသေးတယ်။ သူ့ရဲ့လက်မောင်းတွေက ကုဝမ်ချန်ရဲ့ခါးကို ပွေ့ဖက်လိုက်တဲ့အချိန်မှာ အဓိကဇာတ်လိုက်ရဲ့ခါးက တကယ့်ကိုသေးသေးလေးဆိုတာ ရုတ်တရက်နားလည်လိုက်တယ်။
ကုဝမ်ချန်ရဲ့ခါးတစ်ဝိုက်ကို အပြည့်အဝပွေ့ဖက်ဖို့အတွက်ဆိုရင် လီကျိုးရှင်းရဲ့လက်တစ်ဖက်ထဲနဲ့တင်လုံလောက်တယ် ။
လီကျိုးရှင်းရဲ့ ဝိညာဉ်စွမ်းအင်တွေက နေရောင်ခြည်ဆီကို ဦးတည်နေတဲ့ အပင်တွေလို အပြင်ဘက်ကို ရောက်လာခဲ့ပြီး သူ့လက်မောင်းထဲမှာရှိနေတဲ့ ကုဝမ်ချန်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ လျှောကျလာခဲ့ကာ လျှပ်စစ်ဓာတ်လို ထုံကျင်တဲ့ ခံစားချက်တွေကို သယ်ဆောင်လာခဲ့တယ်။
ကုဝမ်ချန်ရဲ့ပါးပြင်ပေါ်မှာ ဝိညာဥ်စွမ်းအင်ကြိုးတစ်ချောင်းရှိနေပြီး ရှည်လျားနက်မှောင်နေတဲ့ သူ့မျက်တောင်မွှေးတွေကို အတူရစ်ပတ် ဆော့ကစားနေခဲ့တယ် ။
ဝိညာဥ်စွမ်းအင်ကြိုးမျှင်တွေက သူ့ရဲ့ နောက်ဆုံးသော မျက်တောင်မွှေးအထိတိုရင် ဘယ်နှစ်ပင်လောက်ရှိနေလောက်မလဲတိုတာကို ရေတွက်နေသလိုမျိုး မျက်တောင် တစ်ချောင်းစီရဲ့ အပေါ်ကို ဂရုတစိုက်နဲ့ ဖြတ်သန်းသွားလာနေခဲ့တယ်။
ကုဝမ်ချန်စိတ်မသက်မသာနဲ့ မျက်လုံးတွေကိုမှိတ်လိုက်တယ်။
‘’ လီကျိုးရှင်း ဆော့နေတာရပ်လိုက်တော့’’
သို့ပေမဲ့လည်း နက်မှောင်လှပတဲ့ ယပ်တောင်ပုံစံ မျက်တောင်မွှေးလေးတွေကတော့ ဝိညာဥ်စွမ်းအင်ကြိုးမျှင်တွေရဲ့ဆော့ကစားနေမှုအောက်မှာ တုန်ရီပြီးကျန်ရစ်ခဲ့ရှာတယ်။
လီကျိုးရှင်းက သူ့ရဲ့စကားကို ကိုဂရုမစိုက်ဘဲအဲ့ဒီအစား ပြန်ပြောလာခဲ့တယ်။
‘’မင်းရဲ့ခြေထောက်ကိုဂရုစိုက်ဦး “
ပြီးနောက်မှာ သူက ရုတ်တရက် ကုဝမ်ချန်ရဲ့ဘယ်ဘက်လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်တယ်။
အဓိကဇာတ်လိုက်က ကြောင်အမ်းသွားပြီးမျက်လုံးတွေကို မဖွင့်လိုက်ရသေးခင်မှာပဲ လီကျိုးရှင်းက ကုဝမ်ချန်ကို သူ့ရဲ့လက်မောင်းထဲသို ဆွဲ့ထည့်ကာ သူ့ရဲ့ရင်ခွင်ထဲမှာပွေ့ဖက်လိုက်ပြန်တယ် ။
ကုဝမ်ချန်ရဲ့ခါးက ပျော့ပျောင်းသွားခဲ့ရပြီး လီကျိုးရှင်းရဲ့ ပွေ့ဖက်မှုကို ခံလိုက်ရချိန်မှာ ခါးလေးက လီကျိုးရှင်းရဲ့ လက်နောက်ကိုလိုက်ပြီး အနည်းငယ်ကွေးညွတ်သွားရတယ်။
သူတို့တွေရဲ့ခန္ဓာကိုယ်နှစ်ခုထိတွေ့နေတဲ့နေရာက ကြားမှာအင်္ဂတေနဲ့တွယ်ဆက်ထားသလိုနေရာမျိုး နေရာလွတ်တောင် ရှိမနေခဲ့ဘူး။
စက္ကန့်ပိုင်းလောက်အတွင်းမှာ သူတို့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှ အနွေးဓာတ်တွေက တစ်ခြားတစ်ယောက်ဆီကို ပျော်ဝင်သွားခဲ့တယ်။
ကုဝမ်ချန်တစ်ယောက် ဒီခံစားချက်ကိုအပြည့်အဝ မခံစားလိုက်ရသေးခင်မှာပဲ လီကျိုးရှင်းက သူ့ကို ပြန်လွှတ်ပေး လာခဲ့ပြီ။
ကု၀မ်ချန်ရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ ကိုယ်သင်းရနံ့က အရမ်းနီးကပ်လွန်းနေပြီးအလွန်အမင်းကိုဖြားယောင်းနိုင်လွန်းတယ် ။
“အဆင်ပြေရဲ့ရဲ့လား’’
လီကျိိုးရှင်းရဲ့အပြုံးက တောက်ပနေခဲ့ပြီး ဖြူဖွေးနေတဲ့သွားတွေကလည်း သေသပ်လှပစွာ စီတန်းနေခဲ့တယ်။
“ဘာမှမဖြစ်ဘူး”
ကု၀မ်ချန် အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရတာကြောင့် ခဏရပ်တန့်လိုက်မိတယ်။
“ကျေးဇူးတင်ပါတယ်”
လီကျိုးရှင်းက သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကို သူ့တစ်ကိုယ်လုံးကို မှီလိုက်တယ်။
“ အဲ့ဒီမြေခွေးရော ဘယ်ကိုရောက်သွားပြီလဲ”
စစ်နန်က ထိုအနားသို့ ပြေးသွားကြည့်လိုက်ပြီး စိတ်ဓာတ်ကျမှုတွေ ရောနှောနေတဲ့ အသံနဲ့ ပြောလာခဲ့တယ်။
“သူ ထွက်ပြေးသွားပြီ!”
သူက စိတ်ပျက်လက်ပျက်နဲ့ ခြေကိုဆောင့်ချလိုက်တယ်။
“ငါ မြေခွေးအသားကို အရင်တုန်းက တစ်ခါမှ မစားဖူးဘူး.. ဒါက ငါတို့ရဲ့ မျက်စိရှေ့ကိုတောင်ရောက်လာတာကို.. လက်လွှတ်လိုက်ရတယ်လို့ “
ကုဝမ်ချန်လည်း သက်ပြင်းချလိုက်တယ်။
“ငါလည်း ဒီနေ့ ငါတို့ရဲ့ မီနူးထဲမှာ တစ်ခုခုပေါင်းထည့်လို့ ရပြီလို့ထင်ခဲ့တာ”
လီကျိုးရှင်းလည်း သူတို့နှစ်ယောက်ရဲ့ စကားတွေကို ကြားတော့ စတင်ပြီး အလေးအနက်တွေးလာတယ်။
“ ငါတို့တွေ မြေခွေးကိုမိရင်တောင် စားဖို့ နည်းလမ်းမရှိသေးဘူးလေ.. ငါတို့မှာ ချက်ပြုတ်ဖို့ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်စတွေ လိုသေးတယ် “
သူတို့မှာ ဓားရှိတယ်တိုပေမဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမရှိဘူးလေ။ မြေခွေးသားကို အမွှေးနံ့သာမပါဘဲ ချက်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အရသာမရှိနိုင်လောက်ဘူး။
“ငါနည်းနည်းတော့ယူလာတယ်”
ထုံးစံအတိုင်း ချောမောပြီးအေးတိအေးစက်မျက်နှာထားနဲ့ လင်းနျန်က သူ့ရဲ့ခါးမှာရှိတဲ့ ခလုတ်ကိုနှိပ်လိုက်တယ်။ သတ္ထုခလုတ်ရဲ့အောက်မှာ ပစ္စည်းသိုလှောင်ကန်အသေးလေးရှိနေပြီး အထဲမှာတော့ အမျိုးမျိုးသောဟင်းခတ်အမွှေးအကြိုင်တွေကို ပလပ်စတစ်အိတ်အကြည်နဲ့ထည့်သိမ်းထားတယ်။
အိတ်တစ်ခုချင်းစီရဲ့အရှည်နဲ့ထုထည်က တစ်လက်မလောက်သာ ရှိပေမဲ့လည်း အင်ပါယာရဲ့အမွှေးအကြိုင်တွေကို စနစ်တကျနဲ့ သေချာစုစည်း ထုတ်လုပ်ထားတာကြောင့် ဒီပမာဏက လုံလောက်တာထက်က်ိုပိုပါတယ်။
အဖွဲ့ဝင်တွေရဲ့မျက်နှာက ချက်ချင်း တောက်ပသွားခဲ့ရတယ်။ သူတို့တွေ အစွယ်ရှိသားရဲကို သတ်လိုက်နိုင်တဲ့အကြောင်းကို ပြန်တွေးမိတဲ့အချိန်မှာတော့ ပိုလို့တောင် ပျော်ရွှင်သွားခဲ့ပြီး စိတ်သက်သာရာရသွားပုံရတယ် ။
“ သေစမ်း .. ငါတို့တွေ တကယ်ကြီး အသားစားလို့ရပြီ!”
လင်းနျန်က သူ့ရဲ့အမူအယာမဲ့တဲ့မျက်နှာထားကိုတပ်ဆင်ထားတုန်းပဲ။
“ အရေးအပေါ် အခြေအနေအတွက် အာဟာရထုပ်တွေယူခဲ့ဖို့ ငါပြောတာကို ငါဟာသလုပ်နေတယ်လို့ မင်းတို့တွေ ထင်နေကြတာမလား “
“ငါဗိုက်ဆာနေပြီ”
လီကျူရှင်းက မျက်နှာကိုလက်နှင့်ပွတ်ကာ ခွေးပေါက်လေးအစာတောင်းသလိုလုပ်နေခဲ့တယ်။
“မြေခွေးက ထွက်ပြေးသွားပြီ.. ဒါပေမဲ့ ငါတို့တွေ ရေအရင်းမြစ်တစ်လျှောက်သွားရင်တော့ တခြားတိရိစ္ဆာန်တွေကိုသေချာပေါက်တွေ့နိုင်လိမ့်မယ်ထင်တယ်.. အဆင်မပြေရင်တောင် ငါတို့တွေ ငါးဖမ်းလို့ရသေးတယ်လေ.. ထကြ မြန်မြန်သွားကြရအောင် “
လင်းနျန်ကသူ့ကို့ မနှစ်မြို့တဲ့မျက်နှာပေးနဲ့ ကြည့်ကာ သူ့မျက်လုံးတွေကတော့ “ မင်းလိုငတုံးက ဘယ်လိုနံပါတ်တစ်ဖြစ်လာတာလဲ “လို့ပြောနေသလိုပဲ။
သူတို့ရဲ့ ခရီးစဥ်နောက်တစ်ဝက်ကတော့ လုံးဝငြိမ်ငြိမ်းချမ်းချမ်းဖြစ်နေခဲ့ပေမဲ့လည်း ဘယ်သူကမှသတိမလွတ်ရဲခဲ့ကြဘူး။
ကုဝမ်ချန်က လီကျူရှင်းဘက်သို့ လှည့်ကြည့်လာခဲ့ပြီး မတိုင်ခင်တုန်းက အနေရခက်စေခဲ့တဲ့ ခံစားချက်တွေကို မေ့သွားသလိုမျိုး ပြောလာခဲ့တယ်။
“ မင်းရဲ့ဝိညာဥ်စွမ်းအားကို ထိန်းချုပ်တဲ့စွမ်းရည်က ငါ့ကိုအမြဲအံ့သြသင့်စေတာပဲ “
လီကျူရှင်းတစ်ယောက် အပြုံးကြီးတစ်ခုကိုပြုံးရင်း ကု၀မ်ချန်ရဲ့ ခါးပေါ်မှာရှိတဲ့ သူ့ရဲ့လက်ကို နှစ်သိမ့်ပေးလာသလိုမျိုး ခပ်ဖွဖွနှစ်ချက်ပုတ်လိုက်တယ်။
“ ငါ့မှာ သင်ယူစရာတွေအများကြီးကျန်ပါသေးတယ် “
ကုဝမ်ချန်ကို သူ့ရဲ့ ရင်ခွင်ထဲမှာ ထည့်ထားဖို့အတွပ် သူ့ဆီမှာ အကြောင်းပြချက်တွေဘယ်လိုလုပ် အများကြီးရှိပြီး ပြီးပြည့်စုံနေရတာလဲ?
“ မင်းအချိန်ယူလို့ရပါတယ်”
ကုဝမ်ချန်ရဲ့စကားတွေသံတွေက အာမခံလိုတဲ့ လေသံမျိုးရှိနေတယ် ။
“ မင်း ဖိအားတွေ အရမ်းကြီး ခံစားနေစရာမလိုပါဘူး ..ဘာလို့လဲဆိုတော့ မင်းကတခြားလူတွေထက် သာပြီးသားပဲလေ.. ဒါကြောင့် မင်းအနေနဲ့ စိတ်အေးအေးထားပြီး အနားယူရင်းသင်ယူနိုင်ဖို့ အကြောင်းပြချက်တွေ အများကြီးရှိတယ် “
ကုဝမ်ချန်ရဲ့စကားတွေက အလွန်ပဲသေချာနေခဲ့တယ်။ သူ ဆွေးနွေးနေတဲ့ အဓိပ္ပါယ်က “သူတို့တွေ မင်းကို အမှီလိုက်နိုင်မှာမဟုတ်ဘူး “ လို့ ပြောနေတာနဲ့အတူတူပဲ။
လီကျိုးရှင်း: “ မင်းက ငါ့ကို အရမ်းအထင်ကြီးနေတာပဲ.. ငါအခု ရှက်သလို ခံစားရလာပြီ ၊ မင်းပြောတာသာ မှန်မယ်ဆိုရင်တော့ .. သူငယ်ချင်းလေး မင်းလည်း အမြန်ကြိုးစားသင့်နေပြီ.. ဒုတိယနေရာက ပထမရဲ့နောက်မှာ သိပ်မဝေးဘဲ ရှိနေတာနော်”
သူပြောပုံက တကယ့်ကိုချစ်စရာကောင်းလွန်းတယ်။ ဒါကြောင့် ကု၀မ်ချန် သူ့ရဲ့ပါးတွေနာလာတဲ့အထိ ရယ်လိုက်မိတယ်။
ထို့နောက် သူသဘောတူလိုက်တယ်။
“ ဒါဆို ငါလည်း မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ် “
မကြာခင်မှာဘဲ သူတို့ရဲ့အရှေ့ဘက်မှာ ရေတွေစီးဆင်းနေတဲ့ အသံမျိုး ထွက်ပေါ်လာတယ်။
စစ်နန်အံ့သြတကြီးအော်လိုက်ရင်း ကျိယွီနဲ့လင်းနျန်ကိုပါ စမ်းချောင်းဆီသို့ ဆွဲခေါ်သွားလိုက်လေတယ်။ သူက ကုဝမ်ချန်နဲ့လီကျိုးရှင်းတို့ဘက်ကိုလည်း လှည့်ကြည့်ဖို့မမေ့ခဲ့ဘူး။
“မင်းတို့ ဘာလုပ်နေတာလဲ.. လာကြစမ်းပါ! မင်းတို့တွေ တက်နိုင်ရင် ငါတို့ကို မှီအောင် လိုက်ဖမ်းကြည့်!”
“မင်းရဲ့အားပေးစကားအတွက် ဆုချတဲ့အနေနဲ့ .. “
ကုဝမ်ချန်က သူပြောနေတဲ့စကားကို ဆက်ပြောလာတယ်။
“ငါ.....”
သူ ဆက်ပြောမယ့် စကားတွေက ရေပတ်သံတွေ နဲ့ တခစ်ခစ်ရယ်မောသံတွေကြောင့် ဖြတ်တောက်ခံလိုက်ရတယ်။
အရှေ့မှသွားတဲ့ လူငယ်သုံးယောက်ရဲ့ ခြေလှမ်းတွေက အေးခဲကာရပ်တန့်သွားကာ သူ့တို့ရဲ့ခြေတွေလက်တွေကို ဘယ်လိုလှုပ်ရမလဲဆိုတာတောင် မေ့သွားသလိုဖြစ်သွားကြရကာ အရှေ့ကိုတိုးရမလားနောက်ကိုဆုတ်ရမလားမသိ ဖြစ်ကုန်ကြတယ်။
စန်းချောင်းရဲ့ အလယ်နားမှာတော့ အလွန်လှပတဲ့ မိမ်းကလေးလေးယောက်က ဆော့ကစားနေကြတယ်။
သူတို့ရဲ့အဝတ်စားတွေကိုလည်း စမ်းချောင်းနားမှာ စုပုံထားကြပြီး သူတို့ရဲ့ကိုယ်ပေါ်မှာ နောက်ဆုံးသော အောက်ခံ အဝတ်အစားတွေကိုသာ ဝတ်ဆင်ထားကြတယ်။
စက်စက်တွေက သူတို့ရဲ့ ဖြူဝင်းနေတဲ့ အသားရည်ပေါ်ကို တလှိမ့်လှိမ့်နဲ့စီးဆင်းနေပုံကိုတောင် သူတို့တွေ မြင်တွေ့နေရတယ်။
မိန်းကလေးတွေရဲ့ရယ်မောသံကတွေက ငွေရောင်ဆည်းလည်းသံလေးတွေလို ပတ်ဝန်းကျင်မှာပျံ့နှံ့နေခဲ့တယ်။