Chapter 83
အချစ်များ ပြသ
ဒီလိုမျိုးအရမ်းမကျော်ကြားတဲ့ ကောင်းကောင်းလေးက ဘယ်နေရာကများ ခွေးလေးတွေဆီကနေ အာရုံစိုက်မှူ အများကြီး ရလာပါလိမ့်... အဓိကအကြောင်းအရင်းကတော့ သူ့အဖေက အရမ်း အင်အားကြီးတဲ့သူ ဖြစ်နေလို့ပေါ့ကွယ်...
နိုင်ငံအတွင်းရှိ ဦးဆောင်ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု အနေဖြင့် ကောင်းတို့၏ လွမ်းမိုးနိုင်မှုနှင့် ကျော်ကြားမှုတို့က ခိုက်ဟွမ်းကို မရှုံးနိမ့်နိုင်ပေ။ ကောင်းကော်ပိုရေးရှင်း၏ သခင်ငယ်လေး တစ်ယောက်အနေဖြင့် ကောင်းထျန်းချောင်၏ အဓိကနေ့စဥ်အလုပ်မှာ ကြက်ပေါက်လေးများ ခေါ်ရန်နှင့် အသိအကျွမ်းများကို လှည့်စားရန် ဖြစ်သည်။ ပါပါရာဇီများမှာ အမှန်တကယ်တွင် သူ့ကို မျက်စိဒေါက်ထောက် မကြည့်ချင်ကြ။ သို့ရာတွင် ထိုသူက သတင်းများ တူးထုတ်ရန်အတွက် အလွန်ကောင်းမွန်လှသည်ပင်။ ယနေ့တွင် ထိုအမျိုးသမီး အနုပညာရှင်လေးနှင့် ဒိတ်နေမည် ဖြစ်ပြီး မနက်ဖြန်တွင် မိန်းမငယ်လေး တစ်ယောက်နှင့် အချစ်ခန်းတစ်ခု ဖွင့်ပေလိမ့်မည်။ သူ့နောက်သို့ လိုက်နေသ၍ သတင်းမရမည်ကို ပူစရာ မလိုပေ။
ယခုတွင်မူ နာမည်ကျော် ပလေးဘွိုင်းလေးက ရုတ်တရက် အလှလေးတစ်ယောက်ကို ဂရုစိုက်နေသည်။ ပါပါရာဇီများမှာ ထောင့်လေးတွင် ကွယ်ကာ ရုတ်တရက် အားအင်များ ပြည့်လာကြသည်။ အာ... ဒီအလှလေးကို ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ... TOMATO မဂ္ဂဇင်းမှာ မော့ကျန်းနဲ့ တွဲရိုက်ထားတဲ့ မော်ဒယ်လေး မဟုတ်ဘူးလား... ပါပါရာဇီ၏ မျက်လုံးများ စူးရှသွားသည်။ စပျစ်နွယ်ပင်တွေအရ ဒီအမော်ဒယ်က လက်ထောက်တစ်ယောက်လို့ ယူဆရတာပဲ...
အဲ့လိုသာဆို ဧကရာဇ်မော့လည်း အနီးအနားမှာ ရှိနေတာပေါ့...
ပါပါရာဇီ၏ လက်များက ကင်မရာ ကိုင်ထားရင်း တုန်ယင်လာခဲ့သည်။ ယနေ့ သတင်းအပိုင်းအစ အကြီးကြီးကို တူးထုတ်မိတော့မည်ဟု ခံစားနေရသည်။ ဒီနေ့ပြီးရင်တော့ သူ့ဘဝရဲ့ အထွဋ်အထိပ်ကို ရောက်သွားလောက်တယ်ဟေ့...
သေချာပေါက် ကလူမြူနေတဲ့ အိတ်ကြီးနဲ့အတူ စားဖို့အသားလည်း ရှိနေတာပေါ့...
"မင်းဓါတ်ပုံတွေ တွေ့လိုက်ရတယ်... အေးဂျင့် ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးဖို့ စိတ်ဝင်စားလား"
ကောင်းထျန်းချောင်က အင်္ကျီကော်လာကို ပုတ်ကာ လည်ချောင်းရှင်းလိုက်ပြီး ဆိုသည်။
"ကိုယ်က ကောင်းမီဒီယာက ဖွံ့ဖြိုးရေး ဒါရိုက်တာလေ... မင်းကို ထောက်ပံ့ပေးဖို့အတွက် အကောင်းဆုံး အေးဂျင့်တစ်ယောက် ရှာပေးနိုင်တယ်"
"…" "မလိုပါဘူး ရပါတယ်"
လီယန်၏ အခြားမျက်လုံးကလည်း စတင် လှုပ်ခါလာသည်။ သူမရဲ့ လတ်တလော ခြယ်သပုံက တစ်ခုခု မှားနေလို့လား... ဘာလို့ လူတိုင်းက သူမနဲ့ စာချုပ်ချုပ်ချင်နေကြတဲ့ပုံ ပေါ်နေတာလဲ...
"မြန်မြန် ငြင်းဖို့ မလိုပါဘူး... ဖြည်းဖြည်း စဥ်းစားလို့ရတယ်" သူက ပြောနေရင်း လီယန်ဆီသို့ ခြေနှစ်လှမ်း တိုးလာပြီး လက်သည်းများ ဆန့်ထုတ်လာခဲ့သည်။
"ကိုယ်တို့ ထမင်းတစ်နပ်လောက် အတူတူ စားကြရင်ရော"
လီယန်က ထိုသူ၏ ဝံပုလွေ လက်သည်းများကို ရှောင်တိမ်းကာ လက်များ ယားကျိကျိ ဖြစ်လာသလို ခံစားလိုက်ရသည်။ နှာဘူးတစ်ကောင်ကို နောက်ဆုံး အကြိမ်ရိုက်ခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ...
ကောင်းထျန်းချောင်က သူ့ကိုယ်သူ မြေပေါ်သို့ ပစ်ချလိုက်ပြီး မပျော်မရွှင် မျက်မှောင်ကြုံ့လိုက်သည်။ ဒီအလှလေးက အေးစက်ပြီးတော့ အထိမခံလေးပဲ... ဒါပေမယ့် သူကြိုက်တယ်...
"နေ့လည်စာလေးတင်ပါ... ကိုယ်မင်းကို မစားပါဘူး"
နှာဘူးကောင်တစ်ယောက်အနေနှင့် သူ့ထံတွင် အရေပြားထူထူ ရှိပြီး သတ္တိကောင်းသော စိတ်ဝိဥာဏ်လည်း ရှိသေးသည်။ ကောင်းထျန်းချောင်က လီယန်ထံသို့ ဒုတိယအကြိမ် လက်ဆန့်ထုတ်လိုက်ပြန်သည်။
လီယန်က ထိုလက်သီးချက်ကို သူ့မျက်နှာသို့ ထိုးရမည်လား ခန္ဓါကိုယ်အောက်ပိုင်းကို တိုက်ရမည်လား တွေးတောနေစဥ်မှာပင် လေပြင်းတစ်ခုက သူမ၏ နားကို ဖြတ်၍ "ဘန်း" ဟူသော အသံဖြင့် တိုက်သွားသည်။ ကောင်းထျန်းချောင်က တစ်မီတာ အကွာအဝေးတွင် လဲနေလေသည်။
လီယန်က မော့ကျန်း မည်သည့်အချိန်တွင် ရောက်လာခဲ့လဲ မသိပေ။ သူ့ ဆံပင်က အနည်းငယ် ရှုပ်ပွနေပြီး အသက်ပြင်းပြင်း ရှူနေခဲ့သည်။ ထို့နောက် သူ့လက်ကောက်ဝတ်ကို ဆန့်၍ မြေပေါ်မှ လူကို ကြည့်ရန် ခြေလှမ်း အနည်းငယ် တိုးသွားသည်။
"ကောင်းထျန်းချောင် မင်း သူ့ကို ထိရဲတယ်လား"
မော့ကျန်း၏ လက်သီးချက်က မပေါ့ပါးဘဲ ကောင်းကင်မှကျလာသည့် တေးသံသာသံကိုပင် ကြားရနိုင်သည်။
မြေပေါ်တွင် လဲနေသော ကောင်းထျန်းချောင်မှာ သူ့နှူတ်ခမ်းထောင့်ကို သုတ်လိုက်ရာ သူ့လက်ခုံတွင် သွေးရောင်အလွှာဖျော့ဖျော့ ထင်သွားသည်။
"ဟမ့်... ကောင်းကင်ရဲ့ အရှင်သခင်ကြီးမော့သာ တစ်ယောက်ယောက်ကို ထိုးလိုက်ရင် မနက်ဖြန် သတင်းခေါင်းစဥ်တွေကတော့ စိတ်ဝင်စားစရာပဲ"
"သူက ငါ့လက်ထောက်... မင်း သူနဲ့ ဝေးဝေးနေတာ ကောင်းမယ်"
"လက်ထောက်လား" ကောင်းထျန်းချောင်က ပြက်လုံးတစ်ခု ကြားလိုက်သလိုပင် လှောင်ရယ်လိုက်ပြီး မြေပေါ်မှ ထလာခဲ့သည်။
"မင်း ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲ ဆိုတာကို တွေ့ရတော့ သူက မင်းမိန်းမလားလို့တောင် တွေးမိနေတာ"
မော့ကျန်းက စကားမပြောသော်လည်း ပါပါရာဇီများ ပုန်းကွယ်ရာနေရာကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် တမင် မရည်ရွယ်ဘဲ ကြည့်လိုက်သည်။ ထို့နောက် လှည့်ကာ လီယန်ကို ကားဆီသို့ ဆွဲခေါ်လာခဲ့သည်။
"သွားကြစို့"
လီယန်က လှည့်ကြည့်လိုက်သည့်အချိန်၌ သူမကို ပြုံးပြကာ လက်ဝှေ့ယမ်း ပြနေသည့် ကောင်းထျန်းချောင်ကို တစ်ချက် ကြည့်လိုက်သည်။ လီယန်၏ နှုတ်ခမ်းတွန့်သွားပြီး မော့ကျန်းနောက်မှ ကားထဲသို့လိုက်သွားခဲ့သည်။
DS၏ မြေအောက် ကားပါကင်မှ ထွက်လာသောအခါ မော့ကျန်းက အိမ်ပြန်လာသည့် လမ်းတလျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ လီယန်က သိသိသာသာပင် ဒေါသထွက်နေပုံရသော တစ်စုံတစ်ယောက်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"ကျန်းကျန်း... ခုနက သူ့ကို ဘာလို့ လာကယ်ရတာလဲ... သူ့ကို မျိုးတုန်းအောင် လုပ်ပေးတော့မလို့ဟာ"
မော့ကျန်း: "…"
သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး ပြောလိုက်သည်။ "မင်း အဆင်ပြေရဲ့လား"
"ဒါပေါ့... ကျွန်မက မူကြိုမှာကတည်းက လူဆိုးတွေနဲ့ ကစားလာတာ" လီယန်၏ မျက်နှာထက်၌ ဝံ့ကြွားနေသော အမူအယာ ရှိနေသည်။ သူမက သင်တန်းကျောင်းမှ တေလေဂျပိုးများအားလုံးကို ရိုက်ချနိုင်ခဲ့သည့် အချိန်ကို တွေးမိသွားသည်... ဒါကြောင့်မို့ သူမက သဘာဝကျကျပဲ... လူဆိုးခေါင်းဆောင် ဖြစ်လာတော့တာပေါ့...
မော့ကျန်းက သူအပို လုပ်မိသွားသည်လည်း ဖြစ်နိုင်သည်ဟု ရုတ်တရက် တွေးမိသွားသည်။ ကောင်းထျန်းချောင်ကို မျိုးဖြုတ်လိုက်ခြင်းက လူအများအတွက် မကောင်းဆိုးဝါးနှင်ပေးလိုက်ခြင်း ဖြစ်သည်။ မော့ကျန်း၏ အသားအရောင်က ယခင်ကထက် ပို၍ ကြည့်ကောင်းလာသည်ကို တွေ့ရသည့် အခါမှ လီယန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသွားသည်။
"ကျန်းကျန်း.. မနက်ဖြန် သတင်းကြီးထဲ ရောက်မသွားလောက်ပါဘူးနော်"
သူမက ခိုက်ဟွမ်းသို့ ဝင်ခဲ့သည်မှာ အချိန်သိပ်မကြာသေးသော်လည်း ကုမ္ပဏီက နာမည်ကျော်များထံမှ ပျံ့နှံ့လာသည့် မည်သည့် အရှုပ်တော်ပုံကို မဆို မနှစ်မြို့ကြောင်း သိထားသည်။ အခြားသူကသာ ထိုကိစ္စကို တမင်သက်သက် လောင်စာထည့်လိုက်ပါက သူတို့ တရားပင် စွဲခံရနိုင်သည်။
"ကိုယ် ဒီကိစ္စကို ဂရုစိုက်လိုက်မယ်" ကောင်းထျန်ချောင်းမှာ ရင်ဆိုင်ရန် လွယ်ကူသည့်သူ မဟုတ်ဘဲ ထိုကဲ့သို့သောကိစ္စမျိုးကို သေချာပေါက် လွှတ်ထားပေးမည် မဟုတ်ပေ။ ထပ်ရှိသေးသည်မှာ ကောင်းထျန်ချောင်း၌ သူ့ဘက်တွင် အသိုင်းအဝိုင်းအတွင်းမှ လူကိုးဆယ်ရာခိုင်နှုန်းထက်ပိုရှိနေသည်။ ကားပါကင်ထဲတွင် ပါပါရာဇီများ ရှိနေခြင်း ဟူသည့် အခွင့်ကောင်းများ ရှိနေသေးသည်ကို သိနေသော်လည်း မော့ကျန်းမှာ မနေနိုင်ဘဲ ထိုသူ့ကို သွားထိုးမိသည်။
လီယန်မှာ ၎င်းက သူမကို နှစ်သိမ့်ပေးနေခြင်းသာ ဖြစ်ကြောင်း ခံစားနေရသည်။ သူမက သခင်လေးထျန်း၏ စွမ်းအားကို မသိပါသော်လည်း မော့ကျန်း၏ ပြောကြားချက်အရ သူက ဖွံ့ဖြိုးရေးဌာနတစ်ခု၏ ဒါရိုက်တာ ဖြစ်နေသည်ကို ကြားရသောအခါ သူက အလွန်ပင် အံ့သြဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမ မော့ကျန်းကို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။ အကယ်၍ "ဧကရာဇ်မော့ တစ်ယောက်ယောက်ကို ရိုက်လွှတ်လိုက်တယ်" ဟူသော သတင်းသာ ထွက်လာခဲ့ပါက သူ့အပေါ်တွင် ဆိုးဝါးသည့် အမြင်များ သက်ရောက်သွားစေနိုင်ပေသည်။
"မင်း ခဏနေ ဘာစားရမလဲ စဥ်းစားနေတာ ပိုကာင်းမယ်"
လီယန်၏ နှုတ်ခမ်း တွန့်သွားလေသည်။ သို့သော်လည်း သူမက မည်သည့်စကားမှ ဆိုမလာခဲ့။
........
ကားပါကင်ထဲတွင် ကောင်းထျန်းချောင်မှာ အိမ်က ထွက်ကတည်းက သတင်းထောက် လိုက်လာသည်ကို သတိထားမိခြင်း ဖြစ်သည်။ သတင်းထောက်မှာ ဒေါသထွက်နေဆဲ ဖြစ်သည့် ကောင်းထျန်းချောင်ကို ကြည့်လိုက်သည်။ ထိုသူက သတင်းထောက်၏ ခေါင်းကို ကင်မရာဖြင့် မည်သို့ ရိုက်ခွဲခဲ့သည်ကို တွေးမိသည့်အချိန်၌ သူ့ခေါင်းနာကျင်လာသလို ခံစားလိုက်ရသည်။
"မြင့်မြတ်တဲ့ သူရဲကောင်း.... ကျွန်တော် ခုနက ဘာတစ်ခုမှ မရလိုက်ပါဘူး"
"ဘာတစ်ခုမှ မရဘူးလား" ကောင်းထျန်းချောင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"ဒါဆို ငါထိုးခံခဲ့ရတာက အလကား ဖြစ်မသွားဘူးလား"
သတင်းထောက် ကြက်သေသေသွားသည်။ သူက အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်သည်။
"သခင်လေးကောင်း... ဆိုလိုတာက..."
"ငါ့ဒဏ်ရာတွေကို တွေ့လား... ဒါ မော့ကျန်း လုပ်လိုက်တဲ့ဟာပဲ... မနက်ဖြန် သတင်းခေါင်းစဥ်ကို ဘယ်လ်ုရေးရမလဲ သိတယ်မလား" ကောင်းထျန်းချောင်က နှုတ်ခမ်းထောင့်ကို ထိုးပြလိုက်သည်။ ခရမ်းပြာရောင် ဒဏ်ရာများက သွေးများ ဖုံးနေပြီး ၎င်းက အတော်လေး နာကျင်ရမည့်ပုံပါပင်။
"နားလည်ပါပြီ... နားလည်ပါပြီ"
သတင်းထောက်က ကြက်သွန်ဖြူနှင့် ကစားနေသည့်အလား ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်းထျန်ချောင်းက မိသားစုကောင်းကလာတဲ့ မိန်းကလေးတစ်ယောက်ကို ရိသဲ့သဲ့လုပ်နေတဲ့အချိန် သေချာပေါက် ဘာထွင်လုံးမှ လုပ်နိုင်မှာ မဟုတ်ဘူး... နောက်ဆုံးကျတော့ သခင်လေးကောင်းက နေ့တိုင်း အမျိုးကောင်းသမီးလေးတွေကို လိုက်နောက်ယှက်နေတာပဲလေ... ဒါက သူ့တစ်ဘဝလုံးမှာ မော့ကျန်း သူ့ကို ရိုက်လိုက်တဲ့ တစ်ခုတည်းသော အကြိမ်ပဲ...
စိတ်မှန်တဲ့ ဘယ်သူကများ ဘာတွေ ဖြစ်နေလဲ ဆိုတာကို နားမလည်ဘဲနေမှာလဲ... အတိတ်တွင်မူ တစ်ယောက်ယောက်ကို ရိုက်နေသည့် ပုံအား တွေ့ရပါက မော့ကျန်းကို ဆန့်ကျင်ပြီး မလုပ်အပ်ဟု တွေးမိပြီး ထုတ်ဖော်ရန် တုံ့ဆိုင်းနေမည် ဖြစ်သော်လည်း ယခုတွင်မူ သခင်လေးကောင်း၏ နောက်ခံဖြင့် သူ့ဘဝ၏ အထွဋ်အထိပ်ကို တက်ရောက်နိုင်တော့ပေမည်။
နီးလာတော့မယ်...
သတင်းထောက်က သတင်းစာတိုက်ကို ပျော်ပျော်ရွှင်ရွှင် ပြန်ပြေးသွားပြီး သူ့ဘဝကို ပြောင်းလဲစေမည့် ဇာတ်ညွှန်းတစ်ခုကို စတင်ရေးသားလေတော့သည်။ အိုး... မဟုတ်သေးဘူး... ဒါ လက်ရေးစာမူတစ်ခုပဲ...
မော့ကျန်း၏ ကားက ကောင်းကင်ဘုံအောက်မှ နေထိုင်ရာ နေရာတွင် ရပ်သွားသည်။ စားသောက်ရန်အတွက် သူမ တွေးနိုင်သမျှ နေရာများက လမ်းပေါ်မှ စားသောက်ဆိုင်ငယ်လေးများ ဖြစ်သည်။ သို့သော်ငြား မော့ကျန်းအတွက်မူ ထိုနေရာတွင် စားသောက်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အဆုံးတွင် Arc de Triompheကိုသာ ရွေးချယ်လိုက်လေသည်။
လီယန်က ထိုနေရာသို့ ရောက်မှသာ ယွမ်ဇယ်ကောကော ယခင်က သူမကို ခေါ်ပေးသွားခဲ့ဖူးသည့် နေရာဖြစ်ကြောင်း သတိရသွားပြီး သူကလည်း ထိုနေရာကို Arc de Triompheဟု ခေါ်ခဲ့ပုံပင်။
"ဒီနေရာက ဟင်းတွေက အရမ်းကောင်းတယ်.. အထူးသဖြင့် ငါးကလေးအကြွပ်ကြော်လေ... မင်းကြိုက်မှာ သေချာတယ်" မော့ကျန်းနှင့် လီယန်က ဓါတ်လှေကားအတွင်းသို့ လမ်းလျှောက်ဝင်လာခဲ့ကြသည်။ သူ့ကို စိုက်ကြည့်နေသည့် လီယန်ကို တွေ့သောအခါ မနေနိုင်ဘဲ မျက်ခုံးပင့်မိသွားသည်။
"ဘာဖြစ်လို့လဲ" သူအရမ်းချောမောနေလ်ု့များလား...
"ကျန်းကျန်း... ရှန်းယွမ်ဇယ်လို့ ခေါ်တဲ့သူကို သိလား"
မော့ကျန်း: "…"
ဘာလို့ ရုတ်တရက်ကြီး ယွမ်ဇယ်အကြောင်း ပြောလာရတာလဲ...
"တိမ်ရွှံ့စေးနယ်မြေ(သံတူကြောင်းကွဲ)လား" သူမက စဥ်းစားနေသည့်အလား မျက်တောင်လေးများ ခတ်နေခဲ့သည်။
"ဟမ်... သူနဲ့ ရှင် နှစ်ယောက်လုံးက Aမြို့ မူလတန်းကျောင်းကပဲလေ... ပြီးတော့ အတန်းလည်းအတူတူပဲ"
"…" "ဟီးဟီး ဟုတ်တယ်မလား"
"အင်း သူကလည်း ဒီနေရာကို Arc de Triompheလို့ ခေါ်တာပဲနော်"
မော့ကျန်း: "…"
သူ ဖုံးကွယ်မထားနိုင်တော့ဘူးလို့ ခံစားနေရတယ်...
"အာ... ငါသိပြီ" "သူ အရင်ကတည်းက လိုက်နေခဲ့တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်ဆိုပဲ... သူပြောတာ မင်းပဲ ဖြစ်ရမယ်"
….
မော့ကျန်းက အသက်ပြင်းပြင်းရှူကာ လီယန်ကို အပြုံးလေးတစ်ခုဖြင့် ကြည့်လိုက်သည်။
"သူ ရှင့်ကို ဘာတွေ ပြောထားတာလဲ"
အစားအသောက်များ စောင့်နေသည့် အချိန်တိုလေးအတွင်းတွင် လီယန်က မော့ကျန်းကို ရိုမန့်တစ်ဆန်သော သွေးဆူလွယ်သည့် ဇာတ်လမ်း တစ်ပုဒ် ပြောပြခဲ့သည်။ ကောင်လေးက ကောင်မလေးကို ချစ်မိသွားပြီး ကောင်မလေးကို ကာကွယ်ရန် အလို့ငှာ တစ်လမ်းကျော်မှ လူဆိုးကောင်များကို ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့သည်။ ကောင်လေးက ဒဏ်ရာအနှံ့ရခဲ့သော်လည်း ရဲရင့်သော ထိုကောင်လေးမှာ သူတို့ကို အနိုင်ယူနိုင်ခဲ့ပြီး ကောင်မလေးထံမှ ဆုလာဘ်ရရှိခဲ့သည်။ ၎င်းက ရေခဲတုံးလေးတစ်တုံးပါပင်...
မော့ကျန်း: "…"
သူ ယွမ်ဇယ်နှင့် ကောင်းကောင်း စကားပြောရန် လိုနေပြီဟု ခံစားလိုက်ရသည်။ နောက်ဆုံးသော ရေခဲတုံးမှာ အမှန်တကယ်ပင် ယွမ်ဇယ်မှ ပေးချေခဲ့ခြင်းပါပင်။
"သူနဲ့ ကိုယ်နဲ့က မူလတန်း ကတည်းက သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာ... ကိုယ့်ရဲ့ ထူးခြားတဲ့ နေရာကြောင့်မို့ သူက ဘယ်သူ့ကိုမှ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်ဘူး... ဒါကြောင့် သူမင်းကို လျှို့ဝှက်ထားတာ"
"ကျွန်မ" "ဘယ်သူ့ကိုမှလား" လီယန်က မော့ကျန်း ပြောခဲ့သည်များကို ပြန်စဥ်းစား ကြည့်လိုက်သည်။ "ဒီစကားလုံးတွေက ရှန်ပူကို ဆိုလိုတာလား"
"ရှန်ပူ" မော့ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားခဲ့လေသည်။ ဘယ်မိဘကများ သူတို့ရဲ့ကလေးတွေကို ဒီလို ထူးခြားတဲ့ နာမည်တွေ ပေးရတာလဲ...
"သူက ကျွန်မရဲ့ သူငယ်ချင်းကောင်းလေ... အိုး ဟုတ်သား... သူက ဝေ့ပေါ်မှာ လီမွန်ပြုတ်လို့ ခေါ်ကြတဲ့သူလေ"
…. အာ... ဒါဆို သူပေါ့...
"ဒါပေမယ့် သူ အခု ကျွန်မကို ပစ်ထားတာ ရက်တွေကြာနေပြီ... ရှင်နဲ့ ဓါတ်ပုံရိုက်တဲ့ကိစ္စကို သိသွားကတည်းကပဲ" ထိုအကြောင်း စဥ်းစာမိသည်နှင့် လီယန် အနည်းငယ် သောကရောက်သွားရသည်။ အတိတ်တွင် သူမ စာသင်ခဲ့သည့် အချိန်များ၌လည်း ချန်းချင်းယန်နှင့် အမြဲတမ်း ရန်ဖြစ်ခဲ့ကြသည်။ သို့သော်လည်း တစ်ရက်ကြာသည်အထိ မခေါ်မပြောဘဲ မနေဖူးခဲ့ပေ။ ယခုတွင်မူ ယောကျ်ားတစ်ယောက်ကြောင့် သူမနှင့် အမှန်တကယ် စစ်ဖြစ်နေရလေပြီ။
"မင်းက ကိုယ့်လက်ထောက် ဖြစ်နေတဲ့အကြောင်း သူသိပြီးပြီလား "
လီယန်က ခေါင်းခါပြလိုက်သည်။ "မသိသေးဘူး"
"ကောင်းတယ်... သူ သိသွားတာနဲ့ မင်းကို အပိုင်းပိုင်း ခုတ်လိမ့်မယ်"
လီယန်: "…"
ဒီအချိန်မှာ သူ သူမကို နှစ်သိမ့် မပေးရင်တောင် အဆင်ပြေသေးတယ်... ဒါပေမယ့် မီးထဲကို လောင်စာ ထပ်ထည့်ဖို့ မလိုဘူးလေနော်...
Cxxxxx