Chapter 85
မော့ကျန်းက ရေချိုးခန်းထဲသို့ သွားကာ ကိုယ်လက်သန့်စင်ပြီးနောက် ကွန်ပြူတာရှေ့တွင် ထိုင်လိုက်သည်။ စတားလျှို့ဝှက်ချက် ဝေ့ပေါ်တွင် ["ဧကရာဇ်မော့က ကောင်းမိသားစုရဲ့ ဒုတိယ သခင်လေးကို ထိုးခဲ့တယ်"] ဟူသော သတင်းကို တင်ထားသည်။ သို့သော်ငြား သတင်းစာထဲမှာကဲ့သို့ စကားလုံးများ မကြွယ်ထားဘဲ ဧကရာဇ်မော့ လက်သီးထိုးနေသည့် လျှပ်တပြက် ရိုက်ချက်နှင့် ဒုတိယသခင်လေးကောင်း မြေပြင်ပေါ်သို့ လဲကျသွားသည့်ပုံသာ ပါနေသည်။
၎င်းက ဝေ့ပေါ်တွင် နာရီဝက်မျှသာ ရှိနေသေးသော်လည်း ကွန့်မန့်အတော်များများ ရှိနေလေပြီ။ မော့ကျန်း ဖွင့်ကြည့်လိုက်ရာ အထဲတွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် လူမျက်နှာနှင့် သားရဲကောင်ကြီး၏ သိမ်မွေ့ကာ ကျော့ရှင်းချင်ဟန်ဆောင်နေသည့် ပုံများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ အမှန်တကယ်တွင် သူကသာ စရိုက်ကြမ်းပြီး အညှာတာ မရှိတတ်သူ ဖြစ်နေသည်။ ထပ်ပြီးဆိုကြသေးသည်မှာ သူ့ကို ယဥ်ကျေးမှု၊ အရည်အချင်းနှင့် ပညာ တစ်ခုမှ မရှိသူဟု ပြောဆိုနေကြပြီး ['"မော့ကျန်း ဖျော်ဖြေရေးလောကက ထွက်သွားစမ်း"] ဟူသည့် topicတစ်ခုပင် ပြုလုပ်ထားကြသေးသည်။ မော့ကျန်း၏ မျက်လုံးများ တွန့်သွားသည်။ ချက်ချင်းပင် ထိုIQ100အောက်နိမ့်သည့် အကောင့်များကို ဆုံးမချင်စိတ် ပေါ်သွားရသည်။
ထိုကွန်မန့်များကို ဝင်ကြည့်ကြသည့် ဝေ့ပေါ် အသုံးပြုသူများမှာ ၎င်းတို့က ရေတပ်တစ်ခုဖြစ်သည်ကို ပြောနိုင်သည်။ အစောပိုင်း ရောက်လာသော ဖန်အချို့က မော့ကျန်း၏ အသားအရည်ဖြူဖြူ(ဖြူစင်မှု)ကို ဆေးကြောရန် ခုန်ထွက်လာကြသော်လည်း ထိုမီးတောက်ပြင်းကြီးထံမှ ပြန်ရိုက်ချခံလိုက်ကြရသည်။
စိတ်ပျက်လက်ပျက် ဖြစ်နေသော ကျန်းကျန်းမှာ ကွန်ပြူတာ ပိတ်ကာ မနက်စာပြင်ရန် ဆင်းသွားလေသည်။ လီယန်မှာ အိပ်နေဆဲ ဖြစ်ပြီး နိုးထလာသည်နှင့် ထိုသတင်းကို တွေ့ရလိမ့်မည် ဖြစ်ကြောင်း တွေးမိသွားသောအခါ သူမကို ကြာကြာ အိပ်ခိုင်းလိုက်သည်က ပိုကောင်းမည်ဟု မော့ကျန်း ခံစားလိုက်ရသည်။
ဖုန်းခေါ်လာသည့် အချိန်လောက်မှာပင် မော့ကျန်း၏ ဖန်များလည်း နိုးလာကြပြီ ဖြစ်သည်။ သူတို့က ပင်ပန်းဆင်းရဲစွာဖြင့် ဝေ့ပေါ်သို့ သွားကြပြီး ယနေ့အတွက် သတင်းထူးကြီးကို တွေ့လိုက်ရသည်။ သူတို့၏ ဧကရာဇ်မော့မှာ anti fanများထံမှ ပျော့ခွေသွားသည်အထိ ရိုက်ချခံနေရသည်ကို တွေ့လိုက်ပြီး ထို့နောက် သူတို့ သွေးချင်းများ၏ အသက်မဲ့ကိုယ်များမှာ ဒဏ်ရာများဖြင့် အပေါက်ပေါက်များ ဖြစ်နေသည်(အရင်ရောက်တဲ့ဖန်တွေ ဖိနှိပ်ခံနေရတာကို ပြောချင်တာ ဖြစ်နိုင်ပါတယ်)ကို တွေ့လိုက်ရသည့်အချိန်တွင်... သွေးဆာနေတဲ့ ဖန်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ဆက်သည်းခံနိုင်မှာလဲ....
ငါတို့ရဲ့ အင်္ကျီလက်တွေကို ချက်ချင်း ခေါက်တင်ပြီး တိုက်ပွဲဝင်ကြစို့...
ရလဒ်အနေဖြင့် စတားလျှို့ဝှက်ချက် ဝေ့ပေါ်မှာ သွေးလွှမ်းနေသည့် ပြန်လည်တိုက်ခိုက်မှုကို ကြိုဆိုလိုက်ရတော့သည်။
"ဧကရာဇ်မော့က နင့်ကို ရိုက်တယ်... ဟားဟားဟား.... ငါသာဆို နင့်ကို သင်းကွပ်ပစ်လိုက်တယ်"
"စတားလျှို့ဝှက်ချက်က ကိုယ်ကျင့်တရားက ရိုးသားမနေပေမယ့် ဒီလိုမျိုး အရိပ်မည်း ကျန်းကျန်းလေးကို ဘယ်တော့မှ ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး... ကျေးဇူးပါ ဘိုင့်ဘိုင်"
"ကြည့်ရတာ ကောင်းရှို့က ရေတပ်ကို ပိုက်ဆံ လုံလုံလောက်လောက် မပေးခဲ့ရှာဘူး ထင်တယ်.. ကြည့်ရတာနဲ့တင် ခေါင်းတွေမူး"
"ရေတပ်က ငါတို့ အိပ်နေတဲ့ အချိန်ပဲ ပေါ်လာပြီး ဆူဆူညံညံ လုပ်ရဲတာ... ရှိသေးရင် ထွက်ခဲ့ကြစမ်းပါ... ဒီအစ်မကြီးက နင်တို့ကို ဒီနေ့ အလုပ်မသွားနိုင်တော့တဲ့အထိ အကြိမ်သုံးရာလောက် တိုက်ခိုက်ပေးမယ်"
"ဓါတ်ပုံစစ်မစစ်ကို မပြောကြရအောင်... ပထမဆုံး ကျန်းကျန်းက အကြောင်းမရှိဘဲ လူရိုက်မှာ မဟုတ်ဘူး... နင်တို့တွေ တင်ရဲရင် အကုန်လုံး တင်လိုက်စမ်းပါ"
"ဧကရာဇ်မော့ရဲ့ လက်သီးချက်က ကောင်းလိုက်တာ... ငါကတော့ ပိုက်ဆံအတွင်းခံကောင်းကို သဘောမကျတာ ကြာလှပြီ... ဖျော်ဖြေရေးလောကက သူ့အနောက်ဆောင် မဟုတ်ဘူးနော်... တိရစ္ဆာန်လိုကောင်... သွားသေလိုက်"
[T/N ပိုက်ဆံအတွင်းခံ ကိုယ့်အထင် ပိုက်ဆံရှိလို့ လုပ်ချင်သလို လုပ်နေတဲ့သူလို့ ပြောချင်တယ် ထင်ပါတယ်]
"ကောင်းထျန်းချောင်ရဲ့ ပုံစံကို ဖျော်ဖြေရေးလောကက လူတိုင်းသိပြီးသား... မော့ကျန်း သူ့ကို ထိုးတဲ့အကြောင်း ပြောရမယ်ဆိုရင် သူ တစ်ခုခု လုပ်လိုက်လို့ပဲ ဖြစ်ရမယ်"
"ခဏလေး... ကောင်းထျန်းချောင်က ကျန်းကျန်းကို တစ်ခုခု လုပ်ဖို့ကြံလို့ ကျန်းကျန်းက ထိုးလိုက်တာများ ဖြစ်နေမလား... ဖာခ့်... အမှန်တရားက အရမ်း စွမ်းအားကြီးတယ်နော်"
တစ်ချိန်တည်းမှာပင် ဖိုရမ်၌လည်း ကွန်မန့်များ ပေါက်ကွဲနေသည်။ ဖန်အချို့က စတားလျှို့ဝှက်ချက် သတင်းစာကို scan ဖတ်ကာ အင်တာနက်ပေါ် တင်ပေးလာခဲ့သည်။ ထို့နောက် သူတို့က မက်ဆေ့ချ်တစ်ခုကို ချန်ထားပေးခဲ့သည်။
[ "ဘာစကား တစ်ခွန်းမှ မပြောဘဲ ပုံတစ်ပုံပဲ ပို့ပေးထားမယ်... လွတ်လွတ်လပ်လပ် ချန်ထားနိုင်ပါတယ်"]
"လူတိုင်း မျက်မြင်သက်သေ လုပ်နိုင်ကြတာတော့ ဧကရာဇ်မော့ တရားမျှတမှု လက်သီးကို မတင်ပြီး ဖျော်ဖြေရေးလောကရဲ့ ဖြောင့်မတ်မှုကို ခုခံကာကွယ်ပေးတဲ့ အခိုက်အတန့်လေးပါပဲ"
"ငါတစ်ယောက်ပဲ ဒီသတင်းကို ဖတ်နိုင်တယ်... ငါ့ရဲ့ပထမဆုံး တုံ့ပြန်ချက်ကတော့ ဒီလူယုတ်မာ နောက်ဆုံးတော့ ရိုက်ခံလိုက်ရပြီပေါ့ :3."
"ဝေ့ပေါ်မှာ တစ်ယောက်ယောက် ပြောနေတာ ကောင်းထျန်းချောင်က ကျန်းကျန်းကို ရိသဲ့သဲ့ လာလုပ်လို့ ကျန်းကျန်းက သူ့ကို ထိုးလိုက်တာတဲ့"
"ဖာခ့်... အမှန်တရားက ခုမှ ပေါ်လာတာလို့ ထင်တာပဲ... ဘာများမှားလို့လဲ... တကယ်လည်း ကျန်းကျန်းက အရသာ ရှိမဲ့ပုံလေးကို... အိုး... မဟုတ်ဘူး... လှလွန်းတယ်လို့ ပြောရမှာ... သူ့အတွက် ထိန်းချုပ်မှု လွတ်သွားရတာလည်း ဖြစ်နိုင်ပါတယ်လေ"
"ကောင်းထျန်းချောင်က ဧကရာဇ်မော့ကို စရဲတယ်ပေါ့လေ... ငါ့ရဲ့ ကောင်းကင်ဘုံမြင်းပျံလက်သီးကို မြည်းကြည့်လိုက်စမ်း..."
"ဝေ့ပေါ်က ရေတပ်က အကြောင်းအရာ ပြောင်းဖို့ ကြိုးစားနေတုန်းနော်... #၂နှစ်သားလေးနဲ့ဒီနေရာက ပျောက်သွားပြီ ဆိုတဲ့အကြောင်းအရာကို အာရုံစိုက်ပေးထားကြပါ"
မနက်စောစောအချိန်တွင် ဆရာတူ အစ်ကိုကြီးက သတင်းစာတစ်စောင် ဆွဲကာ ဥယျာဥ်လေးထဲသို့ ပြေးလာသည်။ "ဆရာ...ဆရာ... မြန်မြန် လာကြည့်ပါအုံး... အရင်တစ်ခေါက် ညီမလေးကို အသားယူထားတဲ့ကောင်က ရိုက်နှက်နေလို့တဲ့"
သူက သတင်းစာကို စားပွဲပေါ်တွင် ဖြန့်ကာ လူအိုကြီးကျန်း စကားပြောလာမည်ကို မစောင့်တော့ဘဲ ရှင်းပြလာခဲ့သည်။
"သတင်းစာက ဟိုတစ်ခါ မဂ္ဂဇင်း ယူလာတဲ့ ကောင်မလေး ယူလာတာ" ယောကျ်ားစစ်စစ် တစ်ယောက် အနေဖြင့် သူ ထိုကဲ့သို့သော အဆင့်နိမ့်သတင်းစာမျိုးကို သေချာပေါက် ဘယ်တော့မှ ဖတ်မည် မဟုတ်။
လူအိုကြီးကျန်းက သတင်းစာကို ကောက်ကိုင်၍ စကား မပြောလာခင် တစ်ခဏမျှ ဖတ်လိုက်သည်။ "ဒီညာဘက်ကနေ ထိုးတဲ့ လက်သီးက တော်တော်လေး ကြည့်ကောင်းတယ်... ကြည့်ရတာ သူအရင်က လေ့ကျင့်ခဲ့ဖူးပုံပဲ"
အစ်ကိုကြီး: "…"
"ဆရာ... ဘာလို့ သူ့အကြောင်း ပြောတိုင်း အဓိကအချက်ကို မရောက်ရတာလဲ... သူ ထိုးခဲ့တာလေ... ကျွန်တော်တို့ ကိုယ်ခံပညာရှင်တွေက သာမန်လူတွေနဲ့ မတိုက်ခိုက်ကြဘူးဗျ"
"ဆရာ ကျွန်တော်တို့ကို သင်ပေးတဲ့ အချိန်တုန်းက ထားခဲ့တဲ့ အထက်စီးပုံစံနဲ့ သူ့ကို မြန်မြန် ဆူပူပေးပါ"
"ဒီလူက စဥ်းလဲတဲ့ မျက်လုံးတွေနဲ့ အမြင်ကျဥ်းတဲ့ပုံ ပေါ်တယ်... ကြည့်ရတာ မကောင်းစိတ် ရှိတဲ့ပုံပဲ"
လူအိုကြီးကျန်းက ခေါင်းမော့ကာ တရာတူအစ်ကိုကြီး၏ မျက်နှာထက်မှ အပြည့်အဝ ဖူးပွင့်မလာသေးသော အပြုံးတို့ကို ကြည့်လိုက်သည်။ သူ ထပ်ပြောလိုက်လေသည်။
"ထိုးခံရတဲ့သူကို ပြောနေတာ"
ဆရာတူအစ်ကိုကြီး : "…"
ဆရာရေ.... ဒီကောင့်ကို ရုပ်ချောနေရုံနဲ့ ကာပြီး ပြောပေးလို့ မရဘူးလေ...
ဆရာတူ အစ်ကိုကြီး ရင်ကွဲသွားရလေတော့သည်။
ကျန်းမိသားစု လူအိုကြီး၏ အကြည့်များက သတင်းစာဆီ ပြန်ရောက်သွားပြီး အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ဟန် ပေါ်လာခဲ့သည်။
ချန်းချင်းယန်က တစ်ညလုံး စာရေးရင်း ကုန်ဆုံးခဲ့ရသည်။ အိပ်ရာမှ နိုးလာသည်နှင့် "ဧကရာဇ်မော့က တစ်ယောက်ယောက်ကို ရိုက်လိုက်တယ်" ဟူသော သတင်းကို တွေ့လိုက်ရသည်။ သူမက အိပ်ချင်မူးတူး ဖြစ်နေရာမှ အမြန် နိုးသွားသည်။ ရေတပ်နှင့် မော့ကျန်းဖန်များ၏ ယခင် ကွန်မန့်များကို ကြည့်ကာ တစ်ယောက်ချင်းစီကို ကောင်းကင်ဘုံနတ်မြင်းပျံလက်သီးတစ်ချက်စီ ထိုးချင်မိသွားလေသည်။
လီမွန်ပြုတ်V: "ဟဲ့ဟဲ့... ရေတပ်ရေ... နင်တို့က ငါတို့ကို ရေတပ်လို့ ပြောနေတော့ နင်တို့မျက်နှာ ပိုအရုပ်ဆိုးသွားဘူးလား... အေး ငါကတော့ ဧကရာဇ်မော့ရဲ့ ရေတပ်ပဲ... ယုံချင်ယုံ မယုံချင်နေ"
လီယန်က အိပ်ရာပေါ်တွင် ဖုန်းကစားနေခြင်း ဖြစ်သည်။ ချန်းချင်းယန်၏ မက်ဆေချ့်ကို တွေ့သောအခါ ဝေ့ပေါ်ကို ဖွင့်ရုံသာ ရှိသေးသည်။ သူမ၏ နှလုံးခုန်သံ စည်းချက်လွဲသွားပြီး ဖုန်းကို ဖွင့်ကြည့်လိုက်သည်။ ထို "ကံဆိုးမိုးမှောင်ကျမှု" ဟူသော စကားလုံးမှာ သူမကို ကြောက်လန့်သွားစေသော်လည်း တွဲပါလာသည့် ဆောင်းပါးက သူမကို အမှန်တကယ်ပင် စိုးရိမ်စိတ် ဝင်သွားစေသည်။
သူမက အဝတ်ပင် မလဲနိုင်ဘဲ အောက်ထပ်သို့ ဆင်းပြေးသွားခဲ့သည်။ ဖုန်းကိုင်ထားရန်လည်း မမေ့ခဲ့။
"ကျန်းကျန်း... ကျန်းကျန်းကျန်းကျန်း.... တကယ်ကြီး သတင်းတက်လာပြီ"
မော့ကျန်းက ခုနလေးတင်ကမှ မနက်စာစားပြီး သွားခြင်း ဖြစ်ပြီး ဆိုဖာပေါ်တွင် ထိုင်ကာ ကော်ဖီသောက်နေခဲ့သည်။ လီယန် အပြေးဆင်းလာသည်ကို တွေ့သောအခါ သူက သဘာဝမကျစွာ အကြည့်လွှဲလိုက်သည်။
"မင်းရဲ့ အင်္ကျီက ပုခုံးကြိုးတွေ လျှောကျနေတယ်"
လီယန်"…"
သူမက ပုခုံးပေါ်ကို တိတ်တဆိတ် ပြန်ဆွဲတင်လိုက်သည်။ နွေရာသီ ဖြစ်သည့်အတွက်ကြောင့် သူမက ကြိုးတစ်လုံး ဂါဝန် အတိုလေးကိုသာ ဝတ်ထားခြင်း ဖြစ်သည်။ မော့ကျန်းက တွဲကျနေသော ကြိုးများအောက်မှ မရေမရာ လှစ်ဟနေသော မြင်ကွင်းကို ကြည့်လိုက်သည်။ သူ့အသိစိတ်တို့က အကြံပြုလိုက်လေသည်။
"အပေါ်သွားပြီး အဝတ်မလဲ ချင်တာ သေချာပြီလား"
သူ ၎င်းကို အချိန်ပိုကြာကြာ ကြည့်ရန် စိတ်မရှိပါသော်လည်း သူ့ကိုယ်သူ ထိန်းမထားနိုင်တော့မည်ကို စိုးရိမ်ရသည်။
လီယန်က ရှက်ရွံ့ရမည်ကို ထပ်ပြီး ဂရုမစိုက်နိုင်တော့။ သူမက မော့ကျန်းဘေးတွင် ဝင်ထိုင်ကာ ဖုန်းကို ကမ်းပေးလိုက်သည်။ 'ဒီသတင်းက အမှန်နဲ့ လုံးဝ ကွဲပြားနေတာ... သူတို့ကို report လုပ်ဖို့ ကာစတန်မာကာကွယ်ရေးအဖွဲ့ဆီ သွားမယ်"
မော့ကျန်း: "ရှောင်ဟွေး ဒီလို ကိစ္စမျိုးထဲကို ဝင်စွက်ဖက်နေသေးတာကမှ ကြင်နာတတ်တဲ့ လူ့အဖွဲ့အစည်းပဲ"
သူက လီယန်ဘက်သို့ ခေါင်းလေးကို စောင်းလိုက်သည်။ "ဟမ်... ဒီရိုက်ချက်ထောင့်က ကျွန်မဘက်ကို လုံးဝ ဖုံးပေးထားတာပဲ"
"ကျန်းကျန်း" လီယန်က မော့ကျန်း ခေါင်းငုံ့ပြီး တိတ်ဆိတ်နေသည်ကို ကြည့်ကာ နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်။
"အင်း ကုမ္ပဏီက ဖြေရှင်းပေးမှာပါ" သူက နှာရှုံ့ကာ မျက်နှာလွှဲလိုက်သည်။
"ဒါဆို ကုမ္ပဏီက ဖြေရှင်းမှာကိုပဲ စောင့်ရုံလေးပေါ့... ကျွန်မတို့မှာ ဘာလုပ်စရာမှ မရှိဘူးလား" လီယန်က မော့ကျန်းဘက်သို့ တိုးသွားပြီး စာကြိုးစားသော ကျောင်းသူလေးတစ်ယောက်ကဲ့သို့ မေးလိုက်သည်။
"အင်း... ကုမ္ပဏီက ဖြေရှင်းပေးမှာ" သူမ တကယ်ပဲ သူ့ကို ဖြားယောင်းနေသည်ဟုသာ အမှန်တကယ် ယူဆချင်မိသည်။ ထိုသို့ ဆိုပါက သူ ထိန်းထားတော့မည် မဟုတ်မပေ။
ဧကရာဇ်မော့၏ နှလုံးသားထဲ ကသောင်းကနင်း ဖြစ်နေရချိန်တွင် ထန်ချန်း ဖုန်းခေါ်လာခဲ့သည်။ သူမျက်ခုံးကြုတ်ကာ ဖုန်းကိုင်လ်ုက်သည်။
"ပြီးတော့မှာလား"
"မဟုတ်ဘူး .. ငါအွန်လိုင်းပေါ်က ကွန်မန့်တွေ တွေ့လိုက်ရတယ်... ရုတ်တရက် လီယန်ရဲ့ ပုံကို ထပ်ရှာဖို့ မလိုတော့ဘူးလို့ တွေးလိုက်မိတာပဲ... ဒုတိယသခင်လေး မင်းကို ရိသဲ့သဲ့ လာလုပ်လို့ ရိုက်ပစ်ခဲ့တဲ့ အကြောင်းပြချက်က တော်တော်လေး ကောင်းတယ်"
မော့ကျန်း "…"
ဂွတ်ဘိုင်...
သူ ဖုန်းချတော့မည့်ဆဲဆဲမှာပင် ထန်ချန်းက ထပ်အော်လာခဲ့သည်။
"ခဏနေအုံး... ဖုန်းပြန်ကိုင်လိုက်... ငါအခုလေးတင် အပြင်ထွက်ပြီး ပြန်လာတော့ ကောင်းထျန်ချောင်းနဲ့ လီယန် ပါနေတဲ့ ဓါတ်ပုံတွေ တွေ့လိုက်ရတယ်"
မော့ကျန်း မျက်ခုံးများ တွန့်သွားသည်။ ထန်ချန်းက ဆက်ပြောနေသည်။
"ငါ ဟန်မိန်မိန်ကို မေးတော့လည်း ဘယ်သူမှ ဝင်မလာခဲ့ဘူးလို့ ပြောတယ်... စောင့်ကြည့်ကင်မရာကို စစ်တော့လည်း တကယ်ကြီး ဘယ်သူမှ ဝင်မလာခဲ့တာ... ဧကရာဇ်မော့... ဒီကိစ္စက နည်းနည်း သံသယ ဖြစ်စရာပဲ"
မော့ကျန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ မေးလိုက်သည်။ "ငါ မင်းကို မရပ်မနား အနှောက်အယှက်ပေးနေတာလို့ တွေးနေတာလား"
"လဲ့ဖန်လို သတ္တိရှိတဲ့ သရဲမျိုးဆို... သေချာပေါက်... သူဆို ငါ့နောက် လိုက်နေလိမ့်မယ်"
ထန်ချန်း: "ငါ ဓါတ်ပုံတွေကို မီဒီယာဆီ ပို့ပေးပြီးသွားပြီ... ပြီးတာနဲ့ အင်တာနက်ပေါ် တင်ပေးလိမ့်မယ်... ကြေညာချက် ထွက်ပြီးမှ တောင်းပန်စာတင်လိုက်"
"ဘာဖြစ်လို့လဲ"
မော့ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းထျန်ချောင်းကို တောင်းပန်ရန် အကြောင်းမရှိပါသော်လည်း သူက ထိုးမိသွားခဲ့ခြင်းဖြစ်ရာ လူထုပုံရိပ် တစ်ခုအဖြစ် လူ့အသိုင်းအဝိုင်းအပေါ် မကောင်းသည့် လွှမ်းမိုးမှုများ ရှိခဲ့သည်။
"ငါ နားလည်ပြီ"
"ပြီးတော့... ကုမ္ပဏီက လီယန်ကို မင်းရဲ့ လက်ထောက်လို့ ကြေညာလိမ့်မယ်... မဟုတ်ရင် ဘာလို့ သူ DSကားပါကင်မှာ မင်းနဲ့အတူ ပေါ်လာလဲ ဆိုတာကို ရှင်းပြလို့ ခက်ခဲသွားလိမ့်မယ်"
မော့ကျန်းက တွေးတောလိုက်ပြီး ပြောလိုက်သည်။ "အင်း... ကန့်ကွက်စရာ မရှိဘူး"
ထန်ချန်း၏ ဖုန်းကျသွားသည့် အချိန်မှာပင် ရှန်းယွမ်ဇယ်က ဖုန်းခေါ်လာခဲ့သည်။ သူ ဖုန်းပေါ်က နာမည်ကို ကြည့်ပြီးနောက် သူ့ဘေးမှ လီယန်ကို ကြည့်လိုက်သည်။ သူ ထရပ်ကာ လေသာဆောင်သို့ ထွက်လာခဲ့သည်။
"ဒေါက်တာ... ဒီနေ့တော့ ငါ့ကို ဖုန်းဆက်ဖ်ု့ အားပြီပေါ့"
သူ ယွမ်ဇယ်ကို ပြုံးပြလိုက်သည်။
"ဒါပေါ့... မင်း နာမည် သတင်းမှာ ပါလာတော့ ဂုဏ်ပြုပေးဖို့ပဲပေါ့... ငါ တွေ့ရသလောက် သူ့ပါးစပ်က ဒဏ်ရာက တော်တော် နာမဲ့ပုံပဲ... ဧကရာဇ်မော့... မင်းလက်နာသွားသေးလား"
မော့ကျန်း: "…"
ရှန်းယွမ်ဇယ်က တစ်ချိန်လုံး သူ့သတင်းများကိုသာ အာရုံထားနေသည်ဟု ခံစားနေရသည်။
"ဘာကြောင့်များ ကျော့မော့နေတဲ့ ဧကရာဇ်မော့ကို ဒီလောက်ထိ ဒေါသထွက်သွားစေပါလိမ့်... ဒီလောက်ထိ အားပြင်းပြင်းနဲ့ ထိုးချလိုက်တာလေ"
"သူ လီယန့်ကို ထိကပါး ရိကပါး လုပ်လို့"
ယွမ်ဇယ်: "ဒီထက် ပိုပြင်းပြင်း ထိုးခဲ့ရမှာ"
မော့ကျန်း: "အေး... ငါလည်း အဲ့လို တွေးတာပဲ"
မော့ကျန်း ဧည့်ခန်းထဲသို့ ပြန်ဝင်လာသောအခါ လီယန်က အင်တာနက်ပေါ် တက်ရန် ဧည့်ခန်းထဲမှ ကွန်ပြူတာကို သုံးနေဆဲ ဖြစ်သည်။ မော့ကျန်း လျှောက်လာသောအခါ လီယန်က ကွန်ပြူတာကို သူ့ဆီ အားတက်သရော ထိုးပေးလာပြီး ပြောလိုက်သည်။
"တွေ့လား... ကျန်းကျန်း... မီဒီယာတွေက သတင်းတွေ ရှင်းပေးနေပြီ"
မော့ကျန်းက ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ သူက ရှင်းဝမ်ပွိုင့်30၏ စွမ်းအားမှာ ထိုမျှအထိ မြင့်လိုက်မည်ဟု ထင်မထားခဲ့။ စတားလျှို့ဝှက်ချက်၏ အထိအခိုက်မခံသော ခေါင်းစဥ်နှင့် နှိုင်းယှဥ်ပါက ပို၍ တည်ငြိမ်သည်။
"ကောင်းထျန်ချောင်းက မော့ကျန်းရဲ့ လက်ထောက်ကို ရိုင်းပြခဲ့တယ်... မော့ကျန်းကမှ ကာကွယ်ပေးခဲ့တဲ့သူ..."
သတင်း တင်လိုက်သည့်အချိန်၌ ၎င်းက မော့ကျန်းဖန်များ၏ စိတ်အာရုံအလုံးစုံကို ဆွဲဆောင်သွားခဲ့သည်။ ချက်ချင်းဆိုသလို ကျန်းဇီ No2 ဟုခေါ်သည့် IDတစ်ခုကလည်း ဝေ့ပေါ်နှင့် ဝတ်ရုံရှည်ဖိုရမ်တွင် ဗီဒီယိုတစ်ပုဒ် တင်ပေးလာခဲ့ပြီး ရှင်းဝမ်ပွိုင့်30 ဓါတ်ပုံများ၏ ဗီဒီယိုဗားရှင်း ဖြစ်သည်၊။
ရှင်းရှင်းလင်းလင်း ၎င်းက ကားပါကင်၏ စောင့်ကြည့်ကင်မရာမှ ဗီဒီယိုပါပင်။
ရုတ်တရက် ဆိုသလိုပင် လူတိုင်းက ကျန်းဇီNo2၏ အစစ်အမှန်ပုံစံကို ဆွေးနွေးနေခဲ့ကြသည်။ မော့ကျန်းဖန်အုပ်ကြီးအတွင်းတွင် ထိုသူက တရားမျှတမှု၏ ပြယုဒ် ဖြစ်လာခဲ့သည်။
တစ်ဖက်မှ မော့ကျန်းမှာ IDကို မျက်လုံးများ မှေးစင်း၍ ကြည့်လိုက်ပြီး ရှန်းဝမ်ပွိုင့်30၏ ပုံများကို အောက်ပါ စာသားဖြင့် forward လုပ်လိုက်သည်။
"ဒီလိုကိစ္စတွေ ဖြစ်ပွားစေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမယ့် လူတိုင်းကတော့ ဒီကိစ္စရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သိကြမယ်လို့ ယုံကြည်ပါတယ်... ဒါကြောင့် နောက်ထပ် ရှင်းမပြလိုတော့ပါဘူး... ဒါပေမယ့် သူ့ကိုရိုက်မိတာ ငါ့အပြစ် ဖြစ်တဲ့အတွက် လူတိုင်းအပေါ် မကောင်းတဲ့ ပုံရိပ်တွေ ပေးမိလို့ တောင်းပန်ပါတယ်... အနာဂါတ်မှာ ဒီလို ကိစ္စမျိုး ထပ်ဖြစ်လာရင် တစ်ဖက်လူက အမှိုက်လိုကောင် ဖြစ်နေရင်တောင် မရိုက်မိအောင် ထိန်းထားပါ့မယ်"
Xxxx