(12)
ထိုလူက သူ့ရဲ့ကွန်ပြူတာကို ဖွင့်ဖို့အတွက် နောက်ထပ်ကြိုးစားမှုကလည်း ကျရှုံးသွားပြီးချိန်မှာ ရုတ်တရက် ဒေါသတကြီးလာခဲ့ပြီး သူနဲ့အနီးဆုံးမှာရှိတဲ့ ကျောင်းသားတစ်ယောက်ကို ခြေထောက်နဲ့ လှမ်းကန်လိုက်တယ်။
သူ့ရဲ့မျက်နှာကလည်း ရိုင်းစိုင်းကြမ်းတမ်းစွာ တွန့်ချိုးနေခဲ့ပြီး ပြောလာခဲ့တယ်။
“မင်းတို့ သောက်ကောင်လေးတွေက တခြားနေရာတွေအများကြီး ရွေးချယ်စရာရှိနေပေမဲ့ ငါ့ရဲ့ဘဝအတွက် ပြေးလွှားဖို့ အလုပ်ရှုပ်နေတဲ့အချိန်ကျမှ ဒီလို ကလေးကစားကွက်လေးတွေလုပ်ဖို့ ဒီနေရာကို တဲ့တဲ့မတ်မတ်ရောက်လာကြတာပဲ!”
ပင်လယ်ဓားပြရဲ့ ကန်ချက်ကြောင့် လူငယ်လေးက သူရှိနေခဲ့တဲ့နေရာမှ တစ်မီတာလောက်အဝေးသို့ ပျံတက်သွားခဲ့ရှာတယ်။ ကောင်လေးက နာကျင်စွာ ညည်းတွားလိုက်မိကာ ကိုယ့်ကိုယ်ကိုယ် ကွေးညွတ်လိုက်မိရင်း ပျို့အန်ချင်လာပေမဲ့ သူ့ရဲ့ပါးစပ်ထဲမှ တံတွေးဖြူတွေသာ ထွက်လာခဲ့တယ်။
နာအန်း ကြောက်လန့်တကြားနှင့် သူမရဲ့မျက်လုံးတွေကိုမှိတ်လိုက်မိကာ လက်ဖျားခြေဖျားတွေကလည်း ရေခဲတုံးလိုအေးစက်သွားရပြီး ထိတ်လန့်ကြေက်ရွံ့မှုကြောက် တုန်ယင်နေခဲ့တယ်။ တစ်ဖက်လူကတော့ သူ့ရဲ့ကျိန်ဆဲမှုကိုကို ဆက်လုပ်နေခဲ့ပြီး သူ့ရဲ့ ဒေါသတရားတွေကို ကျောင်းသားအုပ်စုအပေါ်သို့ ပုံချနေခဲ့တယ်။
ဒီအလိုရှိစာရင်းဝင်လူက သူ့ရဲ့အဖွဲ့ငယ်လေးနဲ့ လေ့လာရေးအတွက် ခရီးထွက်လာချိန်မှာ အင်ပါယာစစ်တပ်အဖွဲ့နဲ့ ဝင်တိုးမိသွားတာကြောင့် ထွက်ပြေးလာခဲ့ရတဲ့ ပင်လယ်ဓားပြအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။
သူ့ရဲ့ ညီအစ်ကိုတွေအားလုံးက ဒဏ်ရာရရှိမှုတွေ ဒါမှမဟုတ် သေဆုံးမှုတွေနှင့် ဆုံတွေ့ခဲ့ရပြီး သူတစ်ယောက်တည်းကသာ ထွက်ပြေးနိုင်ခဲ့တယ်။
သို့ပေမဲ့လည်း အာကာသသင်္ဘောက လွတ်မြောက်ဖို့ ကြိုးစားနေချိန်အတွင်းမှာ စစ်တပ်ရဲ့ အတားအဆီးတစ်ခုနှင့် ထိမှန်ခဲ့ပြီး Vagor ပေါ်သို့ အရေးပေါ်ဆင်းသက်ဖို့အတွက် ဖိအားပေးခံခဲ့ရတယ်။
မူလတုန်းကတော့ သူ့အနေနဲ့ သူသိတဲ့လူတချို့ကို ဆက်သွယ်နိုင်ခဲ့မယ်ဆိုရင် တစ်ဖက်လူတွေကသူ့ဆီကို ရောက်လာပြီး သူကိုလာခေါ်ပေးနိုင်လိမ့်မယ်လို့ တွေးထားခဲ့တာ။ ဒါပေမဲ့ ဒီအချိန်မျိုးမှာမှ အကယ်ဒမီက ဝင်ခွင့်စာမေးပွဲအတွက် ဒီဂြိုလ်ကို ရွေးချယ်ထားလိမ့်မယ်လို့ သူ ဘယ်လိုလုပ် သိနိုင်ခဲ့မှာလဲ။ သူ့အနေနဲ့ စာတစ်စောင်လောက်ကိုတောင် မပို့နိုင်ခဲ့ဘူးလေ။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် စစ်တပ်က သူ့ကို ရှာတွေ့သွားဖို့အတွက် အချိန်တစ်ခုသာ လိုအပ်လိမ့်မယ်။
သူ့ရဲ့အမူအရာက ပိုပိုပြီး ရုပ်ဆိုးလာခဲ့ပြီး ကြောက်လန့်တကြားနဲ့ နောက်ကိုပြန်ဆုတ်ဖို့ ကြိုးစားနေတဲ့ ကျပန်း မိန်းကလေးတစ်ယောက်ကို ဆွဲခေါ်လိုက်လေတယ်။ ထို့နောက် မည်းမှောင်စွာနဲ့ ရယ်မောလိုက်တယ်။
“တကယ်လို့ ငါသာဒီလို သောက်နေရာမှာ သေသွားခဲ့မယ်ဆိုရင် အနည်းဆုံး မင်းလို သောက်ကလေးတွေကိုပါ အပါ ခေါ်သွားမှာ.. အင်ပါယာရဲ့အနာဂတ်သူရဲကောင်းလေးတွေကို စောက်လက်ဝှေ့အိတ်လိုမျိုး သုံးခဲ့တယ်ဆိုတာကလည်း နားထောင်လို့ကောင်းသားပဲ.. ငါမသေခင်အချိန်လေးမှာ မင်းလိုမိန်းမတွေနဲ့ ငါရဲ့အချိန်တွေကို ပျော်ပျော်ကြီးသုံးရမယ်..
နေစရာအချိန်မကျန်တော့တဲ့ ယောက်ျားတစ်ယောက်အတွက် စွန့်ကျဲပေးကမ်းတယ်လို့ သတ်မှတ်လိုက်ပေါ့”
နာအန်း အပြင်းအထန် ရုန်းကန်ရင်းနှင့် ကြောက်လန့်တကြား ငိုကြွေးကာ အော်ဟစ်လိုက်မိတယ်။
“ငါ့ကိုလွှတ်ပေး!”
ပင်လယ်ဓားပြက သူမရဲ့ အင်္ကျီကော်လံကို အကြမ်းပတမ်းနဲ့ ဆောင့်ဆွဲရင်း ရယ်မောလာတယ်။
“ဟေး အလှလေး.. အနည်းဆုံးတော့ ငါ မင်းကို မသတ်ခင်မှာ မင်းအနေနဲ့ ယောက်ျားတစ်ယောက်ဆီကနေ အပွေ့ဖက်ခံရဦးမှာလေ.. မင်းရဲ့ဘေးနားက ပြားကပ်နေတဲ့ အဲဒီခွေးမတွေနဲ့ ယှဥ်ရင် ငါက မင်းလို ပုံစံမျိုးကို ပိုပြီး သဘောကျတယ်”
နာအန်း စိတ်ပျက်အားငယ်စွာနှင့် သူမရဲ့ မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ ရွံရှာမှုတွေက သူမကို အောကလီဆန်စေပြီး သူမရဲ့ဗိုက်က အော့အန်ချင်စိတ်တွေနဲ့ ဆူပွတ်လာခဲ့ရတယ်။
ပင်လယ်ဓားပြရဲ့လက်က သူမရဲ့ အဝတ်အစားထဲသို့ ဝင်ခါနီးအချိန်မှာပဲ တောအုပ်ရဲ့တစ်နေရာမှ ကျယ်လောင်တဲ့အော်သံတစ်ခုထွက်လာခဲ့တယ်။
“ဘယ်သောက်ကောင်လဲ?! လူတိုင်းပဲ သွားရအောင်! “
လူငယ်လေးရဲ့ အားအင်ပြည့်ဝတဲ့အသံက ဒေါသတရားတွေပြည့်နေခဲ့တယ်။
“ဒီ မအေ_ိုးက ငါတို့ရဲ့အတန်းဖော်တစ်ယောက်ဆီကို သူ့လက်ကိုတင်ရဲတယ်ပေါ့လေ!”
အလင်းရောင်တောက်ပနေတဲ့ စွမ်းအင်ဓားတစ်လက်က နာအန်းရဲ့မျက်လုံးရှေ့ကို မီးရှူးမီးပန်းတစ်ခုလို ပေါ်ထွက်လာခဲ့ပြီး ဖြစ်ပျက်သွားခဲ့တာတွေကို သူမ နားမလည်နိုင်သေးခင်မှာပဲ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုက သူမကို လွှမ်းခြုံသွားခဲ့တယ်။
လီကျိုးရှင်းက ပင်လယ်ဓားပြကို ချောင်ပိတ်ခဲ့ပြီး သူ့ရဲ့ ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်မှုက တစဖ်က်လူရဲ့ သတိမမူမိခင်အချိန်အတွင်းမှာကျရောက်သွားခဲ့တာကြောင့် တစ်ဖက်လူရဲ့ တစ်ကိုယ်လုံးကို ဖမ်းချုပ်နိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအင်တွေက ငွေရောင်လျှပ်စီးကြောင်းတွေလိုမျိုး အက်ကွဲသွားခဲ့ပြီး ပင်လယ်ဓားပြရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများစွာကို ချန်ခားပေးနိုင်ခဲ့တယ်။ စစ်နန်နဲ့ ကျိယွီတို့ကလည်း သူ့ရဲ့နောက်မှ တိုးဝင်လာခဲ့ပြီး ဒေါသတွေကို ဖွင့်ဟနေခဲ့ကြတယ်။
ကုဝမ်ချန် သူ့ရဲ့ လက်မောင်းထဲမှ မိန်းကလေးကို ပြန်ချပေးလိုက်တယ်။
“မင်းအဆင်ပြေရဲ့လား?”
နာအန်း စိတ်ဆင်းရဲမှုနဲ့ စိတ်သက်သာရာရမှုတွေကြားမှာ ရှိုက်လိုက်မိတယ်။
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
သူမရဲ့ ငိုကြွေးသံက ကြိုးတုပ်ခံထားရတဲ့အပေါ်မှာ ထိတ်လန့်တုန်လှုပ်နေကြတဲ့ လူငယ်တစ်စုကို နိုးထလာခဲ့စေတယ်။
သူတို့တွေ သူတို့ရဲ့ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ချိန်မှာ သူတို့ကို ဖမ်းဆီးခဲ့တဲ့ ပင်လယ်ဓားပြက ခုချိန်မှာ အဖက်ဖက်မှ အတိုက်ခိုက်ခံနေရတာကို မြင်တွေ့လိုက်ရတယ်။
သူတို့ရဲ့ မျက်လုံးထဲမှ မျက်ရည်ပူတွေကဖြည်းညင်းစွာနဲ့ စီးကျလာခဲ့ပြီး အံကိုတင်းတင်းကြိတ်ကာ သူတို့ကိုသူတို့ ကွေးညွတ်လိုက်မိရင်း တိတ်တဆိတ် ငိုကြွေးလာခဲ့ကြတယ်။
ကုဝမ်ချန်က ထိုမိန်းကလေးရဲ့ ပုခုံးကို နှစ်သိမ့်ပေးလိုမှုတွေနဲ့ ပုတ်ပေးလိုက်ပြီး သူမရဲ့ခန္ဓာကိုယ်ပေါ်မှ ကြိုးတွေကို ပြန်ဖြေပေးလိုက်တယ်။
“တခြားလူတွေကို ကြိုးဖြေပေးလိုက်ပါဦး”
သူ တစ်ဖက်သို့ ပြန်လှည့်လိုက်ချိန်မှာသူးရဲ့ မျကငလုံးအတွင်းမှာရှိနေတဲ့ နွေးထွေးမှုတွေ အားလုံးပျောက်ဆုံးသွားခဲ့ပြီး သူ့ရဲ့လက်နက်ကို အသင့်ပြင်လိုက်ရင်း ပင်လယ်ဓားပြဆီသို့ လျှောက်သွားခဲ့တယ်။
ပထမတုန်းကတော့ ပင်လယ်ဓားပြက အံသြမင်သက်မှုကြောင့် အတိုက်ခံလိုက်ရပေမဲ့ သူ့ရဲ့ အာရုံက ချက်ချင်းပဲပြန်လည်လာခဲ့ကာ သူ့ရဲ့မျက်လုံးထဲသို့ ရိုင်းစိုင်းကြမ်းတမ်းမှုတွေက ပြန်လည်ရောက်ရှိလာခဲ့တယ်။
“ဟားဟား.. ငတုံးကောင်စုတ်လေးတွေ.. မင်းတို့ကတော့ ဘောတွေ ပါသားပဲ”
“သောက်ပါးစပ်ပိတ်ထားစမ်း”
လီကျိုးရှင်းရဲ့ခြေထောက်က ပင်လယ်ဓားပြရဲ့ဗိုက်ကို ကန်ပြီးတာနဲ့ စွမ်းအင်ဓားက ပင်လယ်ဓားပြရဲ့ ရင်ဘတ်အရှေ့ဘက်မှ လေကို လှီးဖြတ်လိုက်ကာ လီကျိုးရှင်းက တစ်ဖင်လူကို အထင်သေးစွာကြည့်လိုက်တယ်။
“အမှိုက်ကောင်”
ပင်လယ်ဓားပြက ဒီလို အဆက်မပြတ်တိုက်ခိုက်မှုကြောင့် အနောက်ကို အလျှင်အမြန်ဆုတ်သွားခဲ့ပြီး သူ့ရဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့စိတ်ဓာတ်ကလည်း တစ်နည်းနည်းနှင်် အနည်းငယ် လျော့ပါးသွားခဲ့ရတယ်။
သူ ဒီကောင်လေးကို ပိုပြီးကြည့်လေလေ ပိုပြီး သဘောကျလာလေလေဖြစ်လာခဲ့ပြီး သူ့ဆီမှာ ထူးခြားမှုတစ်ခုခုရှိနေသလိုမျိုးပဲ။
“ဟေး ကလေး.. မင်းဆီမှာ အရည်အချင်းတချို့ရှိနေတာပဲ! အကယ်ဒမီက သောက်ချီးကို အဖွဲ့အစည်းတစ်ခုပဲ.. မင်း အခု ငါ့ကို လွတ်မြောက်အောင် ကူညီပေးပြီးတော့ ငါ့ရဲ့အဖွဲ့ထဲကို ဝင်လာခဲ့ပါလား.. ငါ မင်းကို ကောင်းကောင်း ဆက်ဆံပေးမယ်လို့ ကတိပေးတယ်”
ဒီကောင်လေးရဲ့တိုက်ခိုက်မှုတွေက လူသစ်တစ်ယောက်ဖြစ်နေတုန်းပဲဆိုတာ သိသာပေမဲ့လည်း သူ့ရဲ့နောက်ကွယ်မှာ ကြောက်လန့်စရာတစ်ခုခုရှိနေသလိုခံစားရတယ်။
ဒီတော့ ဒါက စာရေးသူ သူ့ကို ကတိပေးခဲ့တဲ့ တုံးအ,တဲ့ cheat လား?
လီကျိုးရှင်းရဲ့သူငယ်ချင်းတွေကတော့ အလွန်အမင်း ဒေါသထွက်သွားခဲ့ကြတယ်။ သူတို့က ပင်လယ်ဓားပြရဲ့ စကားတွေကို လီကျိုးရှင်းရဲ့ဂုဏ်သိက္ခာအပေါ်စော်ကားမှုလို့သာ သဘောထားခဲ့ကြပြီး သူတို့ရဲ့ ဒေါသတွေကြောင့်တိုက်ခိုက်မှုတွေကလည်း အရင်တုန်းကထက် ပိုမိုပြင်းထန်လာကြတော့တယ်။
သူတို့တစ်ဦးချင်းစီက လီကျိုးရှင်းရဲ့ ဂုဏ်သိက္ခာနဲ့ မာနကို ကူညီ ကာကွယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
“ငါ့ရဲ့အသင်းဖော်ကို စော်ကားခွင့်မပေးနိုင်ဘူး!”
ကုဝမ်ချန်က သူ့ရဲ့ဓားကို တည့်တည့် ချိန်လိုက်ပြီး ပင်လယ်ဓားပြဆီသို့ တစ်လှမ်းချင်းတိုးကပ်လာခဲ့တယ်။ သူ့ရဲ့မျက်နှာပေါ်မှ အမူအရာကတော့ ကြောက်လန့်မှုကို အံတုနေရသလိုမျိုးပဲ။
ပင်လယ်ဓားပြက ကုဝမ်ချန်ရဲ့တိုက်ခိုက်မှုကို လုံးဝ ဂရုမစိုက်ဘဲ လှောင်ပြောင်ရယ်မောနေခဲ့တယ်။
“ဒီနေ့ခေတ် ချန်ယန်ရဲ့ ကောင်စုတ်လေးတွေအားလုံးက ဒီလို ငတုံးတွေချည်းပဲလား?”
ငတုံးတစ်စုနဲ့ဖွဲ့စည်းထားတာပဲ။
ပင်လယ်ဓားပြက အေးစက်စွာနှင့် ရယ်မောလိုက်ပြီး သူ့ရဲ့အင်္ကျီအိတ်ကပ်ထဲမှ သေနတ်ကို ထုတ်ယူလိုက်တယ်။
လက်နက်ဆီမှ ပေါက်ကွဲသံတစ်ချက်လောက်က သူတို့ကိုအပြတ်ရှင်းဖို့ လုံလောက်လိမ့်မယ်။ သို့သော်လည်း သူ့ရဲ့လက်က သေနက်ခလုတ်ကို ထိလိုက်တဲ်အချိန်မှာပဲ သူ့ရဲ့တစ်ကိုယ်လုံးက အေးခဲသွားခဲ့လေတယ်။
သူ့ရဲ့ဦးနှောက်က သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့သလိုမျိုးပဲ။ သူ သူ့ရဲ့လက်ချောင်းတွေကို ရွှေ့ဖို့အတွက် ဘယ်လောက်ပဲအပြင်းအထန် ကြိုးစားပါစေ သူ့ရဲ့တစ်ကိုယ်လုံးက ရုပ်တုတစ်ခုလိုမျိုး တောင့်ခဲနေခဲ့တယ်။
သူ ဘယ်လောက်ပဲ အာရုံစူးစိုက်ပြီး လှုပ်ရှားပါစေ သူ့ကိုယ်သူ မလှုပ်ရှားနိုင်ခဲ့ဘူး။
သူက သူ့ရဲ့မျက်လုံးကို ပြူးကျယ်ရင်း လူငယ်လေး နီးကပ်လာတာကို ကြည့်နေခဲ့တယ်။ သူ လှုပ်ရှားနိုင်ခြင်းမရှိသေးတာကြောင့် အသက်ဆုံးရှုံးရမှာကြောက်ရွံ့လာတဲ့အတွက် ခြေထောက်တွေပါ တဆတ်ဆတ်တုန်ယင်လာခဲ့တယ်။
“ငါ_ိုးပဲ! ငါ့ကိုသတ်ရဲတဲ့ဘယ်သူပဲဖြစ်ဖြစ် တခြားကြယ်တာရာပင်လယ်ဓားပြတွေရဲ့ ဒေါသကို ရင်ဆိုင်ရလိမ့်မယ်!”
ကုဝမ်ချန်ရဲ့ စွမ်းအင်ဓားက ထိုးနှက်မမှုကို တွန့်ဆုတ်သွားခြင်းမရှိပဲ ပင်လယ်ဓားပြတွေရဲ့ အစာအိမ်ထဲသို့ တိုက်ရိုက်ပဲ တိုးဝင်သွားခဲ့တယ်။ ပင်လယ်ဓားပြရဲ့ အမြင်အာရုံက မည်းမှောင်သွားခဲ့ပြီး ရုတ်တရက် ဦးနှောက်တွင်းမီ နာကျင်မှုက သူ့ကို အေးခဲသွားစေခဲ့ကာ မြေပြင်ပေါ်သို့ လဲကျသွားရင်း သတိလစ်သွားခဲ့တော့တယ်။
အနားမှာရှိနေတဲ့ ကျောင်းသားတွေကတော့ အံ့အားတကြီး ငေးမောနေခဲ့ကြတယ်။ ပင်လယ်ဓားပြက ဘာကြောင့် နေရာမှာ အေးခဲသွားခဲ့တာလဲ?
သူက တိုက်ခိုက်ခံရတဲ့အချိန်မှာတောင် လှုပ်ရှားခြင်းမပြုခဲ့ဘူး။ သေနက်ခလုပ်ကိုဆွဲမဲ့အစား ပါးစပ်နဲ့ပဲ ခြိမ်းခြောက်ခဲ့တယ်။ ပင်လယ်ဓားပြတွေ အားလုံးက ဒီလို တုံးအကြတာလား?
“ဘယ်လိုလုပ်...?”
စစ်နန်က မြေပြင်ပေါ်မှာ လဲကျနေတဲ့ ပင်လယ်ဓားပြကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး သူ့ရဲ့အနီးမှာရပ်နေတဲ့ သူငယ်ချင်းဖြစ်သူကို ပြန်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူက ကုဝမ်ချန်ဆီကို စိတ်ပူပန်စွာကြည့်လာခဲ့တယ်။
“သူ ဘာလို့ ရုတ်တရက်ကြီး လှုပ်ရှားတာကို ရပ်တန်လိုက်တာလဲ? သူ အခု...သေသွားပြီလား”
ကုဝမ်ချန်: “မသေသေးဘူး”
ပင်လယ်ဓားပြတစ်ဦးရဲ့သေဆုံးမှုကို ဘယ်သူကမှ ဂရုမစိုက်ပေမဲ့ ဒီလိုအရှုပ်အထွေးမျိုးကို အင်ပါယာအတွက် ချန်ထားခဲ့တာက အကောင်းဆုံးဖြစ်လိမ့်မယ်။ သူတို့ အားလုံးက စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ကြတယ်။
လင်းနျဥ်: “သူ့ရဲ့အိတ်ကပ်ထဲမှာ အတားအဆီးပစ္စည်း NO-28 ရှိလား ရှာကြည့်ဦး”
လီကျိုးရှင်းက လင်းနျဥ်နှင့်အတူ ပစ္စည်းကူရှာပေးခဲ့တယ်။ ကျန်ရှိနေတဲ့ သုံးယောက်ကတော့ ဒဏ်ရာရနေတဲ့ ကျောင်းသားတွေဆီကိာသွားပြီး သူတို့ရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့အတွက် ကူညီပေးခဲ့တယ်။
နှောင့်ယှက်တားဆီးရေးစက်ကိုပိတ်လိုက်ပြီးနောက် ကျောင်းသားတွေရဲ့ ပိတ်ဆို့ခံထားရတဲ့ အကူအညီတောင်းစာတွေက နောက်ဆုံးတော့ ကျောင်းဆီကို သတိပေးချက်အဖြစ်ရောက်ရှိသွားခဲ့ပြီ။
နောက်ထပ် စက္ကန့်အနည်းငယ်လောက်ကြာပြီးချိန်မှာပဲ အရေးပေါ်တုံ့ပြန်ရေးယာဉ်ကသူတို့ရဲ့ရှေ့ကို လျှင်မြန်စွာ ဆင်းသက်လာခဲ့တယ်။ အလွန်လေးနက်တဲ့အမူအရာတွေရှိနေတဲ့ ဆရာ လေးယောက်က ယာဥ်ပေါ်မှ ဆင်းလာခဲ့ကြပြီး သူတို့မြင်လိုက်ရတဲ့ အရှုပ်အထွေးတွေကြောင့် ချက်ချင်းပဲ ထိတ်လန့်သွားခဲ့ကြတယ်။ ကျောင်းသားတွေဆီမှ ဇာတ်ကြောင်း အစုံအလင်ကို ကြားလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့ အမူအရာတွေက ပိုပြီး တင်းမာလာခဲ့တော့တယ်။
ဆရာတွေကို မြင်တွေ့လိုက်ရချိန်မှာ အလွန် စိတ်ပျက်အားငယ်ခဲ့ရတဲ့ကျောင်းသားတွေက နောက်ဆုံးတော့ ကျိန်စာစည်းတစ်ခုဆီမှ လွတ်မြောက်သွားခဲ့သလိုမျိုး ရှိုက်ငို လာခဲ့ကြတယ်။ သူတို့တွေက သူတို့ရဲ့ ကြောက်ရွံ့မှုတွေနှင့် ဒေါသတရားတွေအားလုံးကို မျက်ရည်တွေနဲ့ ဆေးကြောသန့်စင်ချင်နေသလိုမျိုးပဲ။
ကျောင်းသားအများစုက ပင်လယ်ဓားပြဆီမှာ သူ့ရဲ့ဒေါသကို ဖြေဖျောက်ဖို့အတွက်ရန် သဲအိတ်အဖြစ် အသုံးပြုခံခဲ့ရတဲ့သူတွေပဲ။ ပိုပြီးပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားခဲ့တဲ့ ကျောင်းသားအများအပြားကိုတော့ ဆေးဘက်ဆိုင်ရာအဖွဲ့မှ ထမ်းစင်များဖြင့် သယ်ဆောင်သွားခဲ့ရတယ်။
လီကျိုးရှင်းနှင့် သူ့ရဲ့အဖွဲ့ကသာ သူတို့တွေကို လာပြီးမ ကယ်တင်ခဲ့ဘူးဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကိုတောင် မတွေးရဲလောက်စရာပဲ။
တကယ်လို့ ပင်လယ်ဓားပြကို အချိန်မီ နှောင့်ယှက်မှု မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျောင်းသားတချို့က အခုချိန်မှာ သေဆုံးပြီး ဖြစ်နေခဲ့လောက်လိမ့်မယ်။
ဆရာမတွေက ကျောင်းသားတွေကို ပင်မသင်္ဘောပေါ်ကို ပို့ဆောင်ပေးဖို့ စီစဥ်ပြီးနေပြီဖြစ်ပေမဲ့ သူတို့ထဲမှ ဘယ်သူကမှ လှုက်ရှားမလာခဲ့ကြဘူး။
သူတို့တစ်ယောက်ချင်းစီတိုင်းက သူတို့ကို ကယ်တင်ခဲ့တဲ့သူတွေကို ကြည့်ပြီး အဆုံးမရှိကျေးဇူးတင်နေခဲ့ကာ တစ်ဖက်လူရဲ့ ရုပ်ရည်တွေကို မှတ်မိနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေခဲ့ကြတယ်။ ဒီလူငယ်လေးတစ်ဦးချင်းစီက သူတို့ အလိုအပ်ဆုံးသောအချိန်မှာ ဝင်ရောက်ကူညီပေးခဲ့ကြတယ်။
ကျေးဇူးသိတတ်မှုနှင့် စိတ်လှုပ်ရှားမှုတွေက သူတို့ရဲ့ နှုတ်ခမ်းတွေ တုန်ယင်စေခဲ့ပေမဲ့ ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့စကားကို ထပ်ခါတလဲလဲပြောရုံကလွဲရင် သူတို့ ဘာဆက်ပြောရမလဲဆိုတာကို ဘယ်သူကမှ မသိနိုင်ခဲ့ကြဘူး။
“ ဒီမအေ_ိုးက ငါတို့ရဲ့အတန်းဖော်တွေဆီကို လာထဲရဲတယ်! “ဆိုတဲ့စကားက သူတို့ပြောခဲ့တဲ့စကားတွေထဲမှာ ကျောင်းသာလူစုတွေရဲ့ရင်ထဲကို အထိစေဆုံးသော စကားပဲ။
တကယ်တော့ သူတို့ကြားခဲ့ဖူးသမျှစကား၂ွေထဲမှာ အချိုမြိန် အကောင်းမွန်ဆုံးသော စကားဖြစ်ခဲ့တယ်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
လူတိုင်း ထွက်သွားခဲ့ပြီးနောက် အဖွဲ့သားတွေအားလုံးက တစ်ယောက်ကိုတစ်ယောက် ချီးကျူးစကားဆိုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
“ကုဝမ်ချန် မင်းက အရမ်းတော်တာပဲ.. မင်းက ချောမောလွန်းလို့ ပင်လယ်ဓားပြတောင်မှ မင်းကိုမြင်လိုက်ရချိန်မှာ မလှုပ်ရှားနိုင်ဖြစ်သွားရတယ်!”
ကုဝမ်ချန်:....