Ch 13
Viewers 3k

(13)မျက်နှာဖုံးစွပ် ပင်လယ်ဓားပြ


လီကျိုးရှင်းနှင့် သူ့ရဲ့ အသင်းသားတွေကတော့ ဆရာတွေက ထိုကျောင်းသားတွေကို ခေါ်ဆောင်သွားတာကို မြင်တွေ့လိုက်ရမှ စိတ်သက်သာရာရစွာနှင့်သက်ပြင်းချလိုက်မိကြတယ်။


အကယ်ဒမီရဲ့ အရာရှိတွေကတော့ ဂြိုဟ်တစ်ခုလုံးကို တစ်ပတ်လှည့်ပတ် စစ်ဆေးခဲ့ပြီးမှ တစ်ဝက်သေနေပြီဖြစ်တဲ့ပင်လယ်ဓားပြကို စစ်တပ်ဆီကို  လွှဲပြောင်းပေးခဲ့တယ်။ 


ဒီတစ်ကြိမ်မှာတော့ သူတို့အသင်းက နောက်ဆုံးတော့ စိတ်တိုင်းကျ ပြန်လုပ်လို့ ရနေပြီ။ သူတို့တွေ စိတ်ကိုပြန်လည်လျှော့ချလိုက်တာနဲ့ သူတို့တွေ ဘယ်လောက်ထိဆာလောင်နေပြီး သူတို့တွေ ဘယ်လောက်ထိ ပင်ပန်းနေပြီလဲဆိုတာကို ပြန်လည် ခံစားမိလာခဲ့ကြတယ်။ 


ဒါပေမဲ့  သူတို့ဆီမှာ အမဲလိုက်ဖို့အတွက် ခွန်အားမရှိတော့တာကြောင့် တစ်ညတာနားနေဖို့အတွက် လုံခြုံတဲ့နေရာကိုသာ ရှာဖွေ့ခဲ့ကြပြီး သူတို့နှင့်အတူပါလာတဲ့ အာဟာရထုပ်တွေကိုပဲ စားသောက်ခဲ့ကြရတော့တယ်။ ပြီးနောက်မှာတော့ လူငယ်ငါးယောက်က မြက်ခင်းပြင်ပေါ်မှာ လှဲလျောင်းရင်းနှင့် ကြယ်တွေကို မော့ကြည့်နေခဲ့ကြတယ်။


ကျိယွီ သက်ပြင်းချလိုက်တယ်။


“ဆရာတွေရဲ့မျက်နှာကို တွေ့လိုက်ကြလား.. ငါက သူတို့တွေ အဲဒီအညစ်အကြေးကောင်ကို ငါတို့ရဲ့ရှေ့မှာတင်မှာ အပြတ်ရှင်းလိုက်တော့မယ်လို့တောင် ထင်သွားခဲ့တာ”


“ဆရာထဲကတစ်ယောက်က ငါတို့ ဘယ်သူကမှ ကြည့်မနေဘူးလို့ ထင်တဲ့အချိန်မှာ အဲဒီ ပင်လယ်ဓားပြရဲ့ဖင်ကို အားပြင်းပြင်းနဲ့ကန်လိုက်သေးတာကို ငါ မြင်လိုက်သေးတယ်”


လီကျိုးရှင်း ပျင်းရိစွာ ပြောလိုက်တယ်။


“သူတကယ့်ကို အရမ်းအားပြင်းပြင်းနဲ့ကန်ခဲ့တာနော်.. အဲဒီ ပင်လယ်ဓားပြ  အဝေးကို လွင့်ထွက်ပြီး ပျံသန်းသွားလုနီးပါးပဲ”


အော်ရယ်သံတွေ ထွက်ပေါ်လာတယ်။ ထိုရယ်မောသံတွေက အနီးအနားမှာရှိနေတဲ့ ချုံပုတ်အတွင်းမှ အင်းဆက်ပိုးမွှားတွေကို အထိတ်တလန့်ဖြစာစေပြီး သူတို့ရဲ ဒေါသကိုပြသတဲ့အနေနဲ့ လေထဲမှ ပျံသန်းပြခဲ့ကြတယ်။


“ဒီမတော်တဆမှုအတွက် အကယ်ဒမီက အပြည့်အဝတာဝန်ယူထားခဲ့တယ်.. အခု သူတို့တွေ ဝင်ခွင့်စာမေးပွဲကို စောစောစီးစီး အဆုံးသတ်ချင်နေလို့ဆိုပြီး နောက်ဆုံး,ဆုံးဖြတ်ချက်ချမဲ့ကိစ္စအတွက် အခုအစည်းအဝေးတွေ လုပ်နေကြပြီ”


လင်းနျဥ်က သူ့ရဲ့လက်ပတ်မှကွန်ပျူတာကို စစ်ဆေးနေရင်းနှင့် သူ့ရဲ့အသင်းဖော်တွေကို လှမ်းပြောလာခဲ့တယ်။


လူတိုင်းသက်ပြင်းချလိုက်ကြတယ်။


“ကျောင်းက ငါတို့ကိုစစ်ဆေးဖို့အတွက် ဘာကြောင့် ပိုပြီး ပုံမှန်ဆန်တဲ့နေရာကို မပို့ရတာလဲ..  အခြားစစ်အကယ်ဒမီတွေမှာ ဝင်ခွင့်ဖြင့်ဖို့အတွက် သူတို့ရဲ့ ကျောင်းတွင်းမှာပဲ ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရတာလေ.. ငါတို့ကျမှ ဘာလို့ တောနက်ထဲမှာ ရှုပ်ရှုပ်ထွေးထွေးလာလုပ်နေရတာလဲ?”


“ကျောင်းသားတွေရဲ့အကြောင်းကို သေသေချာချာသိသွားအောင်လို့ ဖြစ်မယ်ထင်တယ်”


သူတို့တွေက စကားအနည်းငယ်ကြာအောင်ပြောနေခဲ့ကြပြီး ဒီနေ့တစ်ရက်မှာ ပြီးမြောက်နိုင်ခဲ့တဲ့ ကိစ္စတွေအတွက် တစ်ယောက်ကိုတစ်ယောက်ချီကျူးနေခဲ့ကြတယ်။ သူတို့တွေ ပြောရင်းနှင့်ပဲ သူတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပင်လယ်ဓားပြရဲ်အကြောင်းကို ခေါင်းစဥ်ပြောင်းသွားခဲ့ကြတယ်။


“ငါ အရင်တုန်းက ပင်လယ်ဓားပြတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ဖူးတယ်” 


လင်းနျဥ်က ရုတ်တရက် ပြောလာခဲ့တယ်။


“ပင်လယ်ဓားပြတွေကြားထဲမှာ အင်အားကြီးတဲ့လူတွေ အများကြီးရှိပြီး သူတို့ရဲ့ အခြေစိုက်စခန်းတွေက အင်ပါယာတစ်ခုလုံးမှာ ပြန့်ကျဲနေတာ.. အဖွဲ့တိုင်းရဲ့ ခေါင်းဆောင်တွေက များသောအားဖြင့် သူတို့ရဲ့ မွေးရပ်မြေဂြိုလ်တွေကြားမှာ နာမည်ဆိုးတွေ ရှိကြပေမယ့် အတော်လေးထူးခြားတဲ့ ပင်လယ်ဓားပြတွေလည်း ရှိတတ်တယ်”


လီကျိုးရှင်း စိတ်ဝင်စားသွားခဲ့တယ်။ သူက  ထထိုင်လိုက်ပြီး လင်းနျဥ်ဘက်ကို လှည့်လိုက်တယ်။ ကြယ်တွေရဲ့အလင်းရောင်အောက်မှာ ချန်ယန်အကယ်ဒမီရဲ့ ယူနီဖောင်းက လီကျိုးရှင်းကို ပိုပြီး ချောမောခန့်ညားလာစေခဲ့တယခ်။ 


“ဘယ်သူလဲ?”


လင်းနျဥ်: “မျက်နှာဖုဲး  ပင်လယ်ဓားပြ Roux” 


ကုဝမ်ချန်ရဲ့ မျက်လုံးတွေက ရုတ်တရက် ပွင့်ဟလာခဲ့တယ်။ သူက လင်းနျဥ်ပြောခဲ့တဲ့ နာမည်ကို ဖြည်းညှင်းစွာ ရေရွက်လာခဲ့တယ်။


“Roux?”


လင်းနျဥ်: “ဒါက နာမည်ပြောင်တစ်ခုပဲ ..သူ့ရဲ့နာမည်အရင်းကိုတော့ ဘယ်သူမှမသိကြဘူး”


“သူက ဘယ်လိုလူမျိုးလဲ၊ သူ့ရဲ့နာမည်အရင်းကို ဘယ်သူမှ မသိကြဘူးလား” 


လီကျိုးရှင်း ပိုလို့တောင် စိတ်ဝင်စားသွားခဲ့တယ်။


“သူက တကယ်ကြီး အစွမ်းထက်တာလား”


လင်းနျဥ်က ခေါင်းရမ်းလိုက်တယ်။


“မင်း တွေးတောနိုင်တာထက်တောင် ပိုပြီးအစွမ်းထက်တယ်.. သူကို အထီးကျန် ဝံပုလွေလို့ လူတွေက သိကြတယ်.. သူ့ရဲ့ဝိညာဉ်ရေးစွမ်းအင်အမှတ်ကို ဘယ်သူကမှ အတိအကျမသိနိုင်ပေမဲ့ သူရဲ့စွမ်းအင်က စကြာဝဠာအတွင်းမှာ အမြင့်ဆုံးဖြစ်နေလိမ့်မယ်


နာမည်ကြီးပင်လယ်ဓားပြအုပ်စုရဲ့ခေါင်းဆောင်တွေထက်တောင် သူက မြင့်မားတယ်ဆိုတာကို ကောင်းကောင်းသိထားကြတယ်.. သူတစ်ယောက်တည်းနှင့်တောင် စစ်တပ်တစ်ခုလုံးကို အနိုင်ယူဖို့ လုံလောက်တဲ့ စွမ်းရည်ထက် ပိုပြီးစွမ်းဆောင်နိုင်တဲ့အတွက် သူက တကယ့်ကိုကိုင်တွယ်ရခက်တယ်လို့ပြောရလိမ့်မယ်”


“သူ့ရဲ့ ပြင်းထန်လွန်းတဲ့ခွန်အားနဲ့ ကြမ်းတမ်တဲ့စွမ်းရည်တွေအပြင် သူ့ရဲ့ ရက်စက်မှုတွေကြောင့်လည်း နာမည်ဆိုးနှင့်ကျော်ကြားတယ်”


လူတစ်ယောက်ကို ဖော်ပြဖို့အတွက် လင်းနျဥ်က စကားလုံးတွေအများကြီးသုံးတာကို ကြားရတာမျိုးက ရှားပါးလွန်းတယ်။ ဒါကြောင့်သူတို့အားလုံး ရုတ်တရက် ထို မျက်နှာဖုံးပင်လယ်ဓားပြအကြောင်းကို အလွန်စိတ်ဝင်စားလာခဲ့ကြတယ်။


“သူ အဖမ်းခံခဲ့ရဖူးလား”


“တစ်ခါမှ အဖမ်းမခံခဲ့ရဘူး.. သူကို ဘယ်သူကမှ မဖမ်းနိုင်ခဲ့ကြဘူး”


လင်းနျဥ်ပြန်ဖြေလာခဲ့တယ်။


“အဲဒီမျက်နှာဖုံးအောက်မှာရှိတဲ့  သူ့ရဲ့မျက်နှာက ဘယ်လိုပုံမျိုးဖြစ်နေလောက်မလဲဆိုတာကိုလည်း  ဘယ်သူမှမသိကြဘူး”


ထိုသူက အင်ပါယာက လိုက်ဖမ်းချင်နေခဲ့တဲ့ ရာဇ၀တ်သားတစ်ယောက်ဖြစ်ပေမဲ့  Roux ရဲ့ သမ်စွမ်းကြံ့ခိုင်တဲ့စွမ်းအားတွေက ယောက်ျားလေးအများစုရဲ့ အင်အားအပေါ် လေးစားအားကျစိတ်တွေကို လှုံ့ဆော်ပေးနိုင်ခဲ့ကာ အားကျမှုတွေ စိတ်လှုပ်ရှားမှုတွေကိုဖြစာစေခဲ့တယ်။


“ကောင်းပြီ သူက အချိန်ကြာကြီး လွတ်မြောက်အောင် ပြေးလွှားနိုင်တော့မှာတော့မဟုတ်ပါဘူး.. ငါတို့အဖွဲ့က တကယ့် စစ်မှန်တဲ့ဘော့စ်က ဘယ်သူလဲဆိုတာကုာ သူ့ကို ပြနိုင်လိမ့်မယ်!”


“သူက တကယ်နာမည်ကြီးတာပဲ ဟုတ်တယ်မလား? ရှုန်းတိတို့.. ငါတို့တွေ ဒီစတားနက်ပေါ်မှာ ကျော်ကြားမှုတွေကိုသရဖူဆောင်းထားနိုင်တဲ့ Roux ကို ဖမ်းလိုက်ကြရအောင်!”


လီကျိုးရှင်းကလည်း ကျန်တဲ့အသင်းသားတွေနဲ့အတူ ရောယှက်ပြီး သတ္တိတင်တဲ့စကား တစ်ခွန်းနှစ်ခွန်းအော်ဟစ်လိုက်တယ်။


ထိုအခိုက်မှာ ကုဝမ်ချန်ကတော့ သူတို့ကိုလျို့ဝှက်ပြီးအဓိပ္ပါယ်မဖော်နိုင်တဲ့အပြုံးတစ်ခုနှင့် စိုက်ကြည့်နေခဲ့လေတယ်။ သူက တခြားလူတွေ သတိမမူမိတဲ့အခိုက်အတန့်မှာ စာဝါငှက်ကို ဖမ်းဆီးဖို့အတွက် ချောင်းမြောင်းနေတဲ့ကြောင်ကြီးတစ်ကောင်လိုမျိုးပဲ။


လင်းနျဥ်က သူ့ရဲ့မျက်လုံးတွေကိုလှိမ့်လိုက်တယ်။ သို့ပေမယ့် ကျန်ရှိနေတဲ့မျက်နှာအစိတ်အပိုင်းတွေကတော့ အမူအယာကင်းမဲ့လျှက်ရှိနေတုန်းပဲ။ 


“သူပျောက်နေတာ တစ်လလုံးလုံးတောင်ရှိနေပြီ”


“ဘာလဲ?” 


ကျိယွီ အံ့သြသွားခဲ့တယ်။


“ပျောက်နေတာလား?”


“ပြီးခဲ့တဲ့လကတည်းက သူ့အကြောင်းသတင်းတွေ ဘာတစ်ခုမှမကြားရတော့တာပဲ”


လင်းနျဥ်က သူတို့ရဲ့အထက်မှာ ဖြန့်ကျက်ထားတဲ့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။


“ငါ  အထောက်အထားတွေကို စီမံစစ်ဆေးကြည့်ခဲ့ပေမဲ့ သဲလွန်စသေးသေးလေးတောင် ထွက်ပေါ်မလာခဲ့ဘူး..  Roux က သေဆုံးသွားခဲ့ပြီလို့ပဲ ကောက်ချက်ချနိုင်တယ်”


လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်တုန်းက သူတို့တွေ စစ်မှုထမ်းပြီးတာနှင့် ပထမဆုံးသောအလုပ်အဖြစ် အဲဒီလူကို ဖမ်းဆီးမဲ့အကြောင်းကို ဟာသလုပ်ပြီး  နောက်ပြောင်ပြောဆိုနေခဲ့ကြတယ်။ သို့ပေမဲ့လည်း ယခု နောက်တစ်စက္ကန့်အကြာမှာပဲ ထိုလူက အမှန်တကယ် သေဆုံးသွားကြောင်းကို သိရှိသွားခဲ့ရတယ်။


ချီနန် သက်ပြင်းတစ်ချက်ချလိုက်တယ်။


“... ဒါဆို ငါတို့မှာ သရဖူဆောင်းဖို့အခွင့်အရေးမရှိတော့သလို  စတားနက်ပေါ်မှာလည်း ကျော်ကြားဖို့ မဖြစ်နိုင်တော့ဘူးပေါ့”


လီကျိုးရှင်းက တစ်ခုခုတော့ နည်းနည်းလောက်လွဲနေပြီလို့ ခံစားရတယ်။ သူ မြက်ခင်းပြင်ပေါ်မှာ ပြန်လှဲချလိုက်ပြီး မူရင်းစာအုပ်ထဲမှာပါတဲ့ အဲဒီဇာတ်ကောင်အကြောင်းကို ပြန်တွေးဖို့ ကြိုးစားလိုက်တယ်။


အသေးစိတ်အချက်အလက်တွေက မှုန်ဝါးနေပေမဲ့လည်း လီကျိုးရှင်းအနေနဲ့ ထိုဇာတ်ကောင်အကြောင်းကို အရင်တုန်းက မကြားဖူးဘူးဆိုတာကိုတော့ သေချာနေခဲ့တယ်။


ဒါပေမယ့် လင်းနျဥ် ပြောတဲ့စကားကသာ မှန်တယ်ဆိုရင်တော့ ဒီလိုအရေးကြီးတဲ့ ဇာတ်ကောင်မျိုးက သတိမထားမိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အနည်းဆုံးတော့ ဒီဇာတ်ကောင်က အမျိုးသားဇာတ်လိုက်ရဲ့နောက်လိုက်တွေထဲမှ တစ်ဦးဖြစ်လာနိုင်တယ်။ ဒါမှမဟုတ် Roux က ပလော့ရဲ့နောက်ဆုံးမှာပေါ်ထွက်လာနိုင်တဲ့ နောက်တုံးသော final boss ဖြစ်နိုင်တယ်။


အဆုံးမှာတော့ လီကျိုးရှင်းအနေနဲ့ လင်းနျဥ်ပြောတာ မှန်ကန်ပြီး ဒီကျော်ကြားတဲ့ပင်လယ်ဓားပြ Roux က လွန်ခဲ့တဲ့တစ်လကတည်းက အမှန်တကယ်သေဆုံးသွားခဲ့ပြီဆိုတာကို လက်ခံလိုက်ရတယ်။


ဒါပေမယ့် ဒီသေဆုံးမှုက တကယ့်ကို ထူးခြားလွန်းတယ်။ လီကျိုးရှင်း မှတ်မိတာ မှန်မယ်ဆိုရင် စာအုပ်ရဲ့အဓိကဇာတ်ကွက်က လွန်ခဲ့သောတစ်လက စတင်ခဲ့တာပဲ။


ကုဝမ်ချန်က သူတို့ဘေးနားမှာနေလှဲနေပြီး ဘာမှပြန်ဝင်မပြောခဲ့ဘူး။ သူ့ရဲ့ ချောမောတဲ့မျက်နှာပြင်ပေါ်မှာ cheshire ကြောင်ရဲ့အပြုံးကို ချိတ်ဆွဲထားခဲ့ပြီး ထိုသူက သူတို့ပြောနေတဲ့စကားတွေကို အလွန်စိတ်ဝင်စားနေတာလား ဒါမှမဟုတ် သူတို့ရဲ့စကားဝိုင်းအကြောင်းအရာကို အနည်းငယ်လောက်တောင် ဂရုမစိုက်တာလားဆိုတာကို ဆုံးဖြတ်ရခက်ခဲစေတယ်။


သူတို့တွေ နောက်ထပ်အကြောင်းအရာတစ်ခုကို ခေါင်းစဥ်မပြောင်းလိုက်နိုင်ခင်မှာပဲ သူတို့ရဲ့ သတိပေးalarmပစ္စည်းဆီမှ တပြိုင်ထဲ လင်းလက်လာခဲ့လေတယ်။


ကျောင်းက ဆုံးဖြတ်ချက်ချပြီးသွားခဲ့ပြီ။  တစ်နာရီကြာအောင် အစည်းအဝေးပြီးတဲ့နောက်မှာ အကယ်ဒမီရဲ့တာဝန်ရှိသူတွေက ဒီဝင်ခွင့်စာမေးပွဲကို စောစီးစွာအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ 


ဧရာမ အာကာသသင်္ဘောကြီးက  Vagorရဲ့ မြေကွက်လပ်ဆီသို့ ပြန်သွားခဲ့ပြီး ကြီးကြပ်ရေးမှူး သုံးယောက်ကကျောင်းသားများကို စုစည်းပြီး ယခုနှစ် ဝင်ခွင့်စာမေးပွဲ ပြီးဆုံးကြောင်း ကြေညာခဲ့တယ်။ 


ကျောင်းသားအများစုက ဒီရုတ်တရက် အဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှ အကြောင်းပြချက်နှင့်ပတ်သက်ပြီး အမှောင်ထဲမှာရှိနေကြတုန်းပဲ။