Ch 14
Viewers 3k

(14)


ကြီးကြပ်ရေးမှူး 5  အကယ်ဒမီရဲ့အမှားကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘဲ ကျောင်းသားတွေဆီသို့ ဇာတ်လမ်းတစ်ခုလုံးကို မချွင်းမချန်ပြောပြခဲ့တယ်။


“ဒီဖြစ်ပျက်ခဲ့တဲ့ကိစ္စက ငါတို့ရဲ့အမှားတွေပဲ..  ဒီတစ်ခေါက်မတော်တဆမှုကို အကယ်ဒမီက အပြည့်အဝတာဝန်ယူသွားမှာပါ”


ဆရာက ခါးသက်စွာပြုံးလိုက်တယ်။


“သေချာတာပေါ့ မင်းတို့အနေနဲ့ ငါတို့ရဲ့ ပရော်ဖက်ရှင်နယ်မပီသတဲ့အတွက် အကယ်ဒမီကနေ ထွက်ချင်တယ်လို့ ခံစားရရင် ဒီည ကြီးကြပ်ရေးမှူးကို ဆက်သွယ်ပြီး ပြောနိုင်ပါတယ်..  


အကယ်ဒမီက လိုအပ်တဲ့စာရွက်စာတမ်းအားလုံးကို ပြင်ဆင်ပေးသွားမှာဖြစ်ပြီး မင်းတိာ့တက်ရောက်ချင်တဲ့ ကျောင်းအတွက် သင့်လျော်သောဝင်ခွင့်စာမေးပွဲကိုဖြေဆိုခွင့်ရရှိနိုင်ဖို့ မင်းရွေးချယ်ထားတဲ့ကျောင်းကို ကူညီဆက်သွယ်ပေးသွားမှာပါ”


ချန်ယန်အကယ်ဒမီလိုကျောင်းကနေ ဘယ်သူကမှ မထွက်ချင်ကြဘူး။ ချန်ယန်အကယ်ဒမီဆိုတာက သူတို့တွေ ခက်ခက်ခဲခဲ ဝင်ရောက်ခွင့်ရထားတဲ့ ရွေးချယ်စရာဆိုတာ သေချာတာပဲလေ။ ဒါ့အပြင် ဒီကိစ္စက ကျောင်းရဲ့အမှားကြောင့်ဖြစ်လာခဲ့တာမဟုတ်ပေမဲ့ အကယ်ဒမီမှ စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့တယ်။ ဒီအခြေအနေကို ထိရောက်တဲ့နည်းလမ်းဖြင့် ပြန်လည် တုံ့ပြန်ပေးခဲ့တယ်။ ဒီကနေ ထွက်ခွာဖို့အတွက် ဘယ်အရူးကများ ရွေးချယ်မှာတဲ့လဲ။


ဒါ့အပြင်၊ စစ်ကျောင်းကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တဲ့သူတိုင်းက ဒီလမ်းကိုရွေးချယ်တဲ့အတွက် သူတို့တွေရင်ဆိုင်ရမဲ့ အန္တရာယ်တွေအကြောင်းကို သိရှိနေပြီးသားပဲ။


သူတို့တွေက ဒေါသထွက်နေမဲ့အစား တစ်စုံတစ်ခုကို စူးစမ်းလိုတဲ့စိတ်သာရှိနေခဲ့ကြတယ်။


“ကျောင်းသားတွေကို ဘယ်သူကယ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မလား”


ဘယ်လို သောက်ကြမ်းကြီးကများ ဒီလောက်တောင် အံ့ဖွယ်ကိစ္စကို လုပ်ခဲ့နိုင်တာလဲ။ သူတို့အနေနဲ့ အဲဒီသူရဲကောင်းကို ကိုးကွယ်ချင်တဲ့အတွက် ဘယ်သူလဲဆိုတာကို သိဖို့ လိုအပ်တယ်!


အကြောင်းကြားပြောပြပေးနေတဲ့ ဆရာ့ရဲ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားခဲ့တယ်။ သူသာ ဒီအကြောင်းအရာကို ပြောပြခဲ့မယ်ဆိုရင် ကျန်ကျောင်းသားတွေကလည်း ရဲစွမ်းသတ္တိရှိမှုရဲ့ ကောင်းမြတ်မှုကို ခံစားနိုင်လိမ့်မယ်။ ဒါကြောင့် ဆရာက လီကျိုးရှင်းနှင့် သူ့ရဲ့အသင်းသားတွေ လုပ်ဆောင်ခဲ့သမျှကို စိတ်အားထက်သန်စွာ ပြောပြခဲ့ပြီး စကားလုံးအညွန့်အကွန့်တွေကိုလည်းထည့်သွင်းပြောပြခဲ့ကာ တံတွေးတွေတောင်ပျံ့လွင့်လာခဲ့တယ်။ 


ကျန်ရှိနေတဲ့ကျောင်းသားတွေနှင့်အတူ လူအုပ်ကြီးထဲမှာ ရပ်နေခဲ့တဲ့ လီကျိုးရှင်းတို့အဖွဲ့:”.....”


‘တစ်နှစ်တာရဲ့ အကောင်းဆုံးနှင့် အတောက်ပဆုံးသော’ နှင့် ‘အလွန်ထက်မြက်လွန်းပြီး ရှာဖွေရခက်သော အရည်အသွေးများ ပိုင်ဆိုင်နိုင်’ စတဲ့စကားတွေနှင့် ပြောဆိုရည်ညွှန်းခြင်းကို ခံနေရတာက အဖွဲ့သားတွေကို အလွန်ရှက်ရွံ့စေခဲ့တယ်။ ပြောရရင် ဆရာရဲ့သြဝါဒစကားတွေကို နားထောင်နေရတာက သူတို့တွေ နောက်ဆုံးမှာရပ်တည်ခဲ့ရတာထက်တောင် ပိုပြီး နေရခက်လာသလိုပဲ။


လီကျိုးရှင်းတစ်ယောက် ကုဝမ်ချန်ရဲ့ အမူအရာတွေက ရှက်ရွံ့ပြီးနေရခက်မှုတွေကိုဖော်ပြလာတာကို မြင်တွေ့နေခဲ့တယ်။


ရှက်ရွံ့နေတဲ့အမူအရာက သူရဲ့ကြည်လင်စိုပြေတဲ့အသားအရည်နှင့် လှပတဲ့မျက်လုံးတွေထက်တောင် ပိုပြီး စွဲမက်ဖွယ်ကောင်းနေခဲ့တယ်။


ဒီအမျိုးသားလေးက ဒီနှစ်ထဲမှာ အသက်သုံးဆယ့်ရှစ်နှစ်ပြည့်ပြီးခဲ့ပြီဆိုတာကို ဘယ်သူကများ ခန့်မှန်းမိနိုင်မှာလဲ။ 


ထျန်းလန်ရှင်းမှ တပ်သားသစ်တွေရဲ့ တာဝန်ခံ ကြီးကြပ်ရေးမှူးက သူတို့ဆီကို လျှောက်လာခဲ့တယ်။ သူက မလိုအပ်တဲ့စကားတွေ ဒါမှမဟုတ် အသေးအမွှားကိစ္စတွေကို အရင်ပြောဆိုခြင်းမရှိဘဲ အဓိကအချက်ကို တန်းတန်းမတ်မတ်သွားခဲ့တယ်။ 


“မင်းတို့အဖွဲ့မှာ နာမည်ရှိပြီလား”


သူတို့ငါးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိပြီး တညီတညွတ်တည်း ခေါင်းရမ်းလိုက်ကြတယ်။


“မရှိသေးပါဘူး”


ကြီးကြပ်ရေးမှူးက ဒေါသထွက်သလိုမျိုး သက်ပြင်းချလာတယ်။


“ဒါဆို အခုချက်ချင်း စဉ်းစားလိုက်ပြီး ခဏနေရင် ငါ့ကိုလာပြောလိုက်.. ကျောင်းကိုပြန်ရောက်တဲ့အချိန်ကျရင် မင်းငါးယောက်အတွက် ဆုတစ်ခုရှိတယ်.. မင်းတို့ရဲ့ ရွယ်တူတွေရှေ့မှာ ပထမဆုံးအဖြစ် တရားဝင်ဖော်ပြတာဖြစ်လာလိမ့်မယ်.. မင်းတို့အားလုံး အလေးအနက်လုပ်လာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”


သူတို့က ‘ဟုတ်ကဲ့ပါ ဆရာ’ လို့ပြန်ဖြေခဲ့ကြတယ်။ သူတို့အားလုံးက အတော်လေးကို တည်ငြိမ်ပြီး လေးနက်ပုံရတာကို ကြီးကြပ်ရေးမှူးမြင်လိုက်ရတော့ စိတ် ကျေနပ်စွာနှင့် ထွက်သွားခဲ့တယ်။ 


သူ ထွက်သွားပြီးနောက် ရှီနန်က စတင်ပြီး ရယ်မောလာတယ်။


“ငါတို့တွေ ချန်ယန်မှာ နာမည်ကြီးလာတော့မှာပဲ”


“မင်း ဘာတွေတွေးနေတာလဲ?” 


လီကျိုးရှင်း သူ့ရဲ့ နဖူးကို လှမ်းတောက်လိုက်တယ်။


“အခု ငါတို့အဖွဲ့အတွက် နာမည်တစ်ခုခုအရင် စဉ်းစားရမယ်”


“သေခြင်းတရားကို အံတုတဲ့အသင်း?”


“???? မင်းက ငါတို့ကို ကျိန်ဆဲချင်နေတာလား ဒါမှမဟုတ် ငါတို့ကို နိမိတ်ဆိုးတွေဖတ်ချင်လား”


“လူချောလေးများအသင်း?”


“ဟေး ..အဲဒါက မဆိုးဘူး”


“ထားလိုက်စမ်းပါ.. မာနကြီးလွန်းတယ်.. မုန်းတီးခံရဖို့ တောင်းဆိုနေတာပဲ”


“ဒါဆို ပျံသန်းနေတဲ့လင်းယုန်ဆိုတဲ့နာမည်ပေးရအောင်.. လင်းယုန်တွေက အရမ်းမိုက်တယ်! မိမိုက်ပြီး တစ်ချိန်တည်းမှာပဲ ချစ်စရာကောင်းတယ်”


ကုဝမ်ချန်အနေနဲ့ ဒီလိုမျိုး အလယ်တန်းကျောင်းသားပုံစံ အသင်းနာမည်ကိုကိုင်ဆောင်ရင်း လှည့်ပတ်လှုပ်ရှားရမဲ့အရေးကိုစိတ်ကူးကြည့်ဖို့တောင် မတတ်နိုင်ခဲ့ဘူး။ သူ သူတို့ရဲ့ ဦးနှောက်မုန်တိုင်းကို ဝင်ပြီးနှောင့်ယှက်လိုက်တယ်။


“ရှင်းယွမ့်”


(T/n_ အိပ်မက်, လိုလားတောင့်တတဲ့အိပ်မက်)


လီကျိုးရှင်းရဲ့ မျက်လုံးတွေက ပြုံးယောင်သန်းသွားခဲ့တယ်။


“ဒါက နာမည်ကောင်းပဲ”


တခြားလူတွေကလည်း ပြောလာကြတယ်။


“ဒါက ရိုးရှင်းပေမယ့်.. ငါတို့တွေးထားတဲ့ တခြားနာမည်တွေထက်တော့ ပိုကောင်းတယ်.. တစ်ခုတည်းသော ပြဿနာက မိန်းကလေးဆန်နေတာပဲ”


သူတို့တွေ ထိုစကားလုံးကိုပဲ အသင်းနာမည်အဖြစ် ဆုံးဖြတ်ခဲ့ကြတယ်။ လီကျိုးရှင်း ကြီးကြပ်ရေးမှူးဆီကို အသင်းနာမည် သွားပြောပြီး ပြန်ရောက်လာတဲ့အချိန်မှာ သူ့အသင်းဖော်တွေရဲ့ အနားမှာ ရပ်ပြီး သူတို့နှင့် စကားပြောနေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။


သူတို့အုပ်စုက အနားကိုလျှောက်လာတဲ့ ခြေသံကြားတာကြောင့် လှည့်ကြည့်လာကြတယ်။ မိန်းကလေးကတော့ သူ့ကို လှည့်ကြည့်လာပြီးနောက် မှတ်မိသွားတဲ့အချိန်မှာ သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။


သူမက ကျေးဇူးတင်စကားတွေကို ရိုးသားလေးနက်စွာနဲ့ ပြောခဲ့တယ်။


“ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ရှင်တို့ကို ကျေးဇူးတင်ပါတယ်” 


သူမက ဆက်ပြောလာတယ်။


“ကျွန်မနာမည်က နာအန်းပါ.. ရှင်တို့တွေ အဲဒီရွံစရာကောင်းတဲ့ အမှိုက်ကောင်ကို အနိုင်ယူပေးခဲ့တဲ့အတွက် တကယ့်ကိုကျေးဇူးတင်ပါတယ်”


နာအန်းက စာအုပ်ထဲမှာ ထိပ်တန်းအမျိုးသမီးဇာတ်လိုက်တစ်ဦးဖြစ်ပြီး အကျင့်စရိုက်ကောင်းမွန်ပြီး၊ ခန္ဓာကိုယ်အချိုးအစားကလည်း တောင့်တင်းပြီးလှပတယ်။ ဒါကြောင့် သူမက စာဖတ်သူတွေကြားထဲမှာ အလွန်ရေပန်းစားပြီး လီကျိုးရှင်းသည်လည်း သူမကို အတော်လေးသဘောကျတယ်။ 


“တွေ့ရတာဝမ်းသာပါတယ်.. ငါ့နာမည်က လီကျိုးရှင်းပါ”


လီကျိုးရှင်းက သူမဆီကို နေရောင်ခြည်လိုတောက်ပတဲ့ အပြုံးတစ်ခုပေးလိုက်ပြီး သူတို့ရဲ့ကြားထဲမှာရှိနေတ သူစိမ်း နယ်နိမိတ်ကို ချက်ချင်း ဖျက်သိမ်းပစ်လိုက်တယ်။


“ငါတို့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး.. ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမဆို ဒီလိုမျိုးလုပ်ကြမှာပါ”


ရှီနန်က ကုဝမ်ချန်ရဲ့အနားကို ချည်းကပ်လာပြီး တီးတိုးလေးပြောလာတယ်။


“လီကျိုးရှင်းကိုကြည့်လိုက်ဦး.. သူက ကောင်မလေးတစ်ယောက်နဲ့ အတူရှိနေတော့ လုံးဝကိုခြားနားသွားတာပဲ.. သူက ဘာတွေများ ပြီးမြောက်ချင်နေတာလဲ.. ဒီလောက်ထိ ချောမောအောင် ပြုံးပြနေတာက တစ်ခုခုပဲ မဟုတ်ဘူးလား? ငါတို့က သူ့ရဲ့ ရှုန်းတိတွေလို့တောင်ပြောလို့ရနေပြီကို ဘာလို့ ငါတို့ကိုကျတော့ ဒီလောက်ထိ ကောင်းကောင်းမဆက်ဆံရတာလဲ?”


ကုဝမ်ချန်က ခဏလောက်စဉ်းစားလိုက်ပြီး ရှီနန်ပြောတာ မှန်ကန်ကြောင်း ထောက်ခံလိုက်တယ်။


“သူက ငါနဲ့ရှိတုန်းက ဒီလောက်ထိတောက်ပတဲ့ အပြုံးမျိုးမပြုံးဘူး”


ရှီနန်က သူ့ကို ‘ငါပြောသားပဲ’ ဆိုတဲ့ အကြည့်မျိုး ပေးလိုက်တယ်။ 


ကုဝမ်ချန်က သူ့ရဲ့မေးစေ့ကို လက်နဲ့ ထိကိုင်ရင်း လူသွားစင်္ကြံပေါ်မှာ စကားစမြည်ပြောနေသေးတဲ့ လူငယ်စုံတွဲကို ကြည့်လိုက်တယ်။


လီကျိုးရှင်းက ရုပ်ရည်ချောမောပြီး အတော်လေးခန့်ညားတဲ့ အသွင်အပြင်မျိုးရှိတယ်။ အရွယ်ရောက်သူတစ်ယောက်အဖြစ် အသွင်ကူးပြောင်းကာစ လူငယ်လေးတစ်ယောက်အနေနဲ့ သူ့ရဲ့ ယောက်ျားဟော်မုန်းတွေက ရဲဝံ့စွာနှင့် သူ့ရဲ့ဆွဲဆောင်မှုရှိမှုတွေအဖြစ် ထုတ်လွှတ်လာခဲ့တယ်။


နောက်တစ်ခုက သူ့ရဲဘေးနားမှာရှိနေတဲ့ မိန်းကလေးပဲ။ နာအန်းရဲ့ရုပ်ရည်နှင့် အပြုအမူကောင်းတွေက သာမာန်ထက်သာလွန်နေခဲ့ပြီး သူမနှင့်ပတ်သက်သမျှ အရာအားလုံးက ကောင်းမွန်လွန်းနေခဲ့တယ်။


သူတို့နှစ်ယောက် အတူယှဥ်တွဲပြီးရပ်နေကြတာက ကြည့်ရတာ အတော်လေး လိုက်ဖက်ညီနေခဲ့တယ်။


ကုဝမ်ချန် မတ်တပ်ထရပ်ပြီး သူ့ရဲ့ယူနီဖောင်းပေါ်မှ အပေါ်ကြယ်သီးနှစ်လုံးကိုတပ်လိုက်ပြီးမှ သူတို့နှစ်ယောက်ဆီကို လျှောက်သွားလိုက်တယ်။


“နာအန်း မင်းက Topiaကနော် ဟုတ်တယ်မလား”


ကုဝမ်ချန် အနီးသို့ ကပ်လာတာကိုမြင်တော့ နာအန်းတစ်ယောက် စိတ်လှုပ်ရှားလာခဲ့တယ်။ သူမက ရှက်ရွံ့မှုကို ထိန်းချုပ်ရန်အတွက် အလျင်အမြန်မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေခဲ့တယ်။


“ဟုတ်တယ် ရှင် ဘယ်လိုသိတာလဲ”


“ငါ ကြီးကြပ်ရေးမှူးတစ်ယောက်နဲ့ စကားပြောတဲ့အချိန်တုန်းက အဲဒီအကြောင်းကို ကြားခဲ့တာ” 


ကုဝမ်ချန်ရဲ့ နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့တယ်။


“ငါတို့ Topiaကိုရောက်တဲ့အချိန်ကျရင် အဲဒီနေရာမှာရှိတဲ့ အကောင်းဆုံးနေရာတွေကို တွေ့ရှိနိုင်ဖို့ နာအန်းကို ခရီးသွားလမ်းညွှန်အဖြစ်ခေါ်ရမယ်”


“ကိစ္စမရှိပါဘူး” 


နာအန်းက လျှင်မြန်စွာကတိပေးလာတယ်။ 


“ရှင်တို့လုပ်စရာတစ်ခုခုရှိရင် ကျွန်မကိုပြောလေ.. ကျွန်မကူညီနိုင်တာတစ်ခုခုရှိရင် ရှင်တို့ကိုကူညီဖို့ အတတ်နိုင်ဆုံးလုပ်ပေးပါ့မယ်”


ကုဝမ်ချန်: “အမ်.. ငါတို့ကို အတိအကျကြီး ကူညီနေစရာတော့ မလိုပါဘူး.. Topiaမှာ လေလံပွဲတွေ အများကြီးရှိလို့ နာမည်ကြီးတယ်မလား.. အခွင့်အရေးရရင် အဲဒီထဲက တစ်ခုကိုတော့ သွားကြည့်ချင်တယ်”


၊မဲ့လေလံပွဲအတွက် လက်မှတ်အချို့ရနိုင်လောက်တယ်.. ဒါပေမယ့် ရှင်တို့ အသင်းတစ်ခုလုံးအတွက်တော့ လုံလောက်အောင်မရလောက်ဘူး”


“အဆင်ပါတယ်”


ကုဝမ်ချန် ရယ်မောလိုက်ပြီး ကူညီပေးဖို့ သဘောတူပေးတဲ့အတွက် နာအန်းကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်းပြောခဲ့တာကြောင့် နာအန်းက ရှက်ရွံ့ပြီးမျက်နှာနီမြန်းပြီး ထွက်သွားခဲ့တယ်။


ကုဝမ်ချန် နာအန်းနဲ့အတူဝင်ထိုင်လိုက်တယ်။ 


လီကျိုးရှင်း သူ့ကို မမေးခင်မှာပဲ ကုဝမ်ချန်က အကြောင်းပြချက်ကို ရှင်းပြလာတယ်။


“Topia ရဲ့ ကျော်ကြားတဲ့လေလံပွဲတွေက အင်ပါယာတစ်ခွင်လုံး စိတ်ဝင်စားလောက်တဲ့အထိ အောင်မြင်ကျော်ကြားတာ.. လီကျိုးရှင်း မင်း သွားမကြည့်ချင်ဘူးလား”


ကုဝမ်ချန်ကဲ့သို့သော အလှလေးတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုပိုရင်ဆိုင်ရချိန်မှာ ဘယ်သူကများငြင်းဆိုနိုင်မှာလဲ။ ထိပ်ဆုံးမှာရှိနေတဲ့ ပန်းလေးတစ်ပွင့်ရဲ့ အပြုံးကို ဘယ်သူကများ သည်းခံနိုင်မှာတဲ့လဲ?


သို့သော်လည်း ကုဝမ်ချန်ရဲ့အကြောင်းပြချက်ကတော့ အတုအယောင်ဆန်လွန်းလှတယ်။ ဘယ်သူကမှ ယုံကြည်မှာမဟုတ်ဘူး။ 


ဒါပေမယ့် ‘ဇာတ်လိုက်ရဲ့ညီငယ်လေး’ တစ်ယောက်ဖြစ်ရမဲ့ လီကျိုးရှင်းကတော့ ခေါင်းညိတ်လိုက်တယ်။


“ကောင်းပြီ”


သူ ပြုံးပြလာချိန်မှာ သူ့ရဲ့မျက်လုံးတွေက အလင်းရောင်အောက်မှာ တောက်ပနေခဲ့တယ်။


စာရေးသူမှာ ပြောစရာရှိပါတယ်။ 


အတုံးတကာ့ အတုံးဆုံး လီကျိုးရှင်းက ပလေးဘွိုင်းအဖြစ်ကစားရင်းနဲ့ ပျော်ရွှင်နေခဲ့တယ်။ ဒါပေမယ့် ကုဝမ်ချန်က သူ့ကိုယ်သူ BL အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးနောက်မှာတော့ လီကျိုးရှင်းက သူ့ရဲ့ ပလေးဘွိုင်းအပြုအမူကို ပိုပြီးအလေးအနက်ထားလာခဲ့ပါတယ်.. ဟားဟား..


နောက်လာမဲ့အစီအစဥ်: ဇာတ်ဝင်ခန်းကတော့ ရှို့က “နလပိန်းတုံး”ကုန်းကို အခွင့်ကောင်းယူပြီး ဆွဲဆောင်မြူဆွယ်ရန် ကြိုးပမ်း..


ကုဝမ်ချန်က လီကျိုးရှင်းကို အဖြောင့်လို့တွေးနေခဲ့ပြီး ငတုံးကောင် လီကျိုးရှင်းကို ဆွဲဆောင်မြူဆွယ်ဖို့ အကြိမ်ပေါင်းများစွာ မဆုတ်မနစ် ကြိုးစားမှာပါ..။ 


ထပ်တလဲလဲနော်.. ဟီးဟီး~~