(15) လှပလွန်းတဲ့ ကောင်လေး
သတိပေးချက်: ဒီအပိုင်းထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ရိုင်းစိုင်းသော အသုံးအနှုန်းများ ပါဝင်နေတာကြောင့် NSFW အဖြစ် သတ်မှတ်ထားပါတယ်။
T/n_ အရင်အပိုင်းမှာတုန်းက နာအန်းရဲ့ ဇာတိကို ထျန်းရှီရှင်းလို့ မှားရေးလိုက်မိတာကို Topiaလို့ပြန်ပြင်ထားတယ်နော်
ချန်ယန် အကယ်ဒမီက Topia မှာတည်ရှိတယ်။ တစ်ခြားဂြိုယ်တွေ တစ်ခြားနေရာတွေမှာ ကျောင်းခွဲတွေမရှိတဲ့အတွက်ကြောင့် ချန်ယန်အကယ်ဒမီက Galaxies ရှစ်ခုလုံးမှာ တစ်ခုတည်းသာရှိတဲ့ ကျောင်းလို့ ပြောရလိမ့်မယ်။
ကျောင်းသားတွေက အာသာသယာဉ်ထဲကနေ ထွက်လာတာနဲ့ ပထမဆုံး ကျောင်းတော်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂိတ်တံခါးပေါက်ကြီးကို အရင်မြင်ခဲ့ရတယ်။
ဂိတ်တံခါးတွေက ကျယ်ပြန့်စွာပွင့်သွားပြီး တစ်ဖက်မှာတော့ ကျောင်းသားတွေရဲ့ အနာဂတ်တွေနဲ့ ကတိသစ္စာတွေကို မြင်တွေ့ရတယ်။ ထိုတံခါးပေါက်ရှေ့မှာ ရပ်နေရုံနဲ့ ရာစုနှစ်ပေါင်းများစွာ ဒီဝင်ပေါက်ကနေ ဖြတ်သန်းသွားခဲ့တဲ့ ကျောင်းသားဟောင်းတွေရဲ့ အဖိုးတန်အရာတွေနဲ့ များစွာသော အောင်မြင်မှုတွေရဲ့ ဖိအားကို ခံစားရနိုင်လိမ့်ယ်။ သူတို့တွေကရော သမိုင်းတွင်အောင် လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေနဲ့ လမ်းပျောက်ရတဲ့ ခံစားချက်လိုပဲ။
အရာရှိအလောင်းအလျာလေးတွေက ကြောက်ရွံမှုတွေ ၊စိတ်လှုပ်ရှားမှုတွေ ရောနေတဲ့ အသံနဲ့ အချင်းချင်းတီးတိုးပြောဆိုနေခဲ့ကြတယ်။ သူတို့က အဝေးကြီးအထိတောင် မတွေးနိုင်ကြဘူး။ ဒီကျောင်းမှာ နောက်ထပ် လေးနှစ်ကြာအောင် ဘယ်လိုမျိုး နေထိုင် ဖြတ်ကျော်ရမလဲဆိုတာကို ကြိုတင်စဉ်းစားရုံနဲ့တင် စိတ်လှုပ်ရှားလွန်းပြီး မူးဝေနေကြပြီ။
“အခန်းတွေကို အကျယ်အဝန်းအလိုက် အကြီး အသေးခွဲထားတယ်”
ဆရာမက ကျောင်းကို လှည့်ပတ်ပြသရင်းနဲ့ ပြောတယ်။
“အခန်းကြီးတွေကတော့ လေးယောက်ကနေ ခြောက်ယောက်လောက်ထိ နေလို့ရတယ် အခန်းကြီးတွေမှာ နေတာက ခိုင်မာတဲ့အဖွဲ့တစ်ခုကို တည်ဆောက်ဖို့အတွက် အကောင်းဆုံးပဲ.. အခန်းသေးတွေကတော့ နှစ်ယောက်ကနေ သုံးယောက်အထိ နေနိုင်တယ်..ဘယ်အခန်းမှာ နေချင်လဲဆိုတာကိုတော့ မင်းတို့ကိုယ်တိုင် ရွေးချယ်လို့ရတယ်.. အခန်းကြီးတွေမှာလဲ ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် သီးသန့်နေထိုင်လို့ရအောင် စီစဉ်ပေးထားတာဖြစ်လို့ အဲဒီကိစ္စအပေါ် စိတ်ပူစရာမလိုဘူး”
Topiaက မြို့တော်ဂြိုလ်ကြီးတစ်ခုမဟုတ်ပေမယ့် စီးပွါးရေးလုပ်ငန်းတွေ အတိုးတက်ဆုံး ဂြိုလ်တစ်ခုပဲ။ အမျိုးမျိုးသော လူသားမျိုးစိတ်တွေက ဒီရှုပ်ထွေးနေတဲ့ ဆူဆူညံညံအသံတွေကြားမှာ အတူတကွ နေထိုင်ကြတယ်။ ပြောရရင် Topia က အလုပ်အများဆုံးသော ဂြိုလ်တစ်ခုပဲ။ ထို့အတူ ပရမ်းပတာအဖြစ်ဆုံး ဂြိုလ်တစ်ခုအဖြစ်ပါ တည်ရှိနေခဲ့တယ်။
သူတို့တွေ ကျောင်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုနေကြတဲ့အချိန်မှာ စီနီယာတွေကကျောင်းသားအသစ်တွေကို ဖြတ်ကျော်ရင်း သူတို့လုပ်နေကျဖြစ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတယ်။
တစ်ခါတစ်ရံမှာတော့ စီနီယာတွေက ကျောင်းသားအသစ်တွေကို စူးစမ်းလိုတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်တတ်ကြပြီး အဲဒီအကြည့်တွေထဲမှာ ကျောင်းသားအသစ်တွေကို နွေးထွေးစွာ ကြိုဆိုနေကြတယ်ဆိုတဲ့ အငွေ့အသက်မျိုးကို ခံစားနိုင်လိမ့်မယ်။
သူတို့ရဲ့ စီနီယာအစ်မတွေကလည်း အရမ်းကိုလှပကြတယ်။ သူတို့ပြုံးလိုက်တဲ့အခါတိုင်း နူးညံ့လှပလွန်းတဲ့ ပန်းပွင့်ဖတ်ကလေးတွေက ပတ်ပတ်လည်မှာ ညင်သာစွာကျဆင်းလာသလိုမျိုးပဲ။ နွေးထွေးပြီး ကြည်နူးစရာကောင်းတဲ့ လေထုကို ဖန်ဆင်းပေးထားတယ်လို့တောင် ထင်မြင်ခံစားရစေတယ်။
လီကျိုးရှင်းက အမြဲတမ်း အလှတရားတွေကို တန်ဖိုးထားတတ်တဲ့သူပဲ။ ကြယ်တာရာပေါ်မှာ နေထိုင်နေကြတဲ့ လူတွေက မျိုးရိုးဗီဇအမျိုးမျိုးရှိတာ ဖြစ်တဲ့အတွက်ကြောင့် ဘယ်သူကမျှ အထူးတလည်ကြီး ရုပ်ဆိုးနေတာမျိုး မရှိဘူး။
သူ မြင်ခဲ့ဖူးသမျှ လူတွေတိုင်းက သူတို့ပုံစံနဲ့သူတို့ ထူးခြားတဲ့ အလှတရားတွေရှိကြတယ်။ ဆွဲဆောင်မှုရှိတာပဲဖြစ်ဖြစ်၊ ချစ်စရာကောင်းတာပဲဖြစ်ဖြစ် လမ်းမပေါ်မှာ သွားလာနေကြတဲ့ လူတိုင်းက ပြီးပြည့်စုံနဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သွယ်လျလှပတဲ့ ခြေတံလက်တံတွေ ရှိကြတယ်။
ဒီနေရာက ကောင်းကင်ဘုံဆိုတာ သေချာတယ်!
ကျောင်းကို လှည့်ပတ်ကြည့်ရှုလို့ပြီးသွားတော့ ကျောင်းသားသစ်တွေက အဆောင်အဆောက်အဦးအောက်မှာ စုဝေးလိုက်ကြတယ်။ အကယ်ဒမီက ခွန်အားနဲ့ စွမ်းအင်ကို အလေးပေးတဲ့ကျောင်းဖြစ်ပြီး တစ်ခြားဂြိုလ်တွေက ကျောင်းသားတွေကလည်း သူတို့ရဲ့ ဝင်ခွင့်တာဝန်တွေကို ပြုလုပ်နေကြပြီ။ အဲဒီအတွက်ကြောင့် လီကျိုးရှင်းက အခန်းကို အရင်ရွေးဖို့ လိုအပ်နေပြီလို့ တွေးလိုက်တယ်။
ဒီမတိုင်ခင်မှာ ချီနန်နဲ့ တစ်ခြားလူတွေက ဘယ်အခန်းကို ရွေးရမယ်ဆိုတာကို အသည်းအသန် ပြောဆိုဆွေးနွေးပြီးသွားကြပြီ။
ဒီတော့ သူတို့အားလုံးက လီကျိုးရှင်းရဲ့ အလိုချင်ဆုံးသော အခန်းရဲ့ နံပါတ်ကို ဆရာဆီကို သွားပြီး ပြောပြလိုက်တယ်။ သူတို့က ပျော်ရွှင်နေကြပေမဲ့ တစ်ခြားကျောင်းသားတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချကုန်ကြတယ်။
သူတို့ ငါးယောက်လုံးက အခန်းရဲ့ သံလိုက်သော့ကဒ်တွေကိုရပြီးတဲ့နောက်မှာတော့ တစ်ခြားကျောင်းသားတွေရဲ့ မနာလိုဖြစ်နေတဲ့ အကြည့်တွေအောက်မှာပဲ လှေကားပေါ်ကို တက်လာခဲ့ကြတယ်။ ချီနန်ကတော့ သူ့ရဲ့ တောင့်တင်းသန်မာကာတုတ်ခိုင်တဲ့ ခါးကို တွန့်လိမ်ပြလိုက်ပြီး :
“မနာလိုမဖြစ်ကြပါနဲ့၊ အခုလို ပြီးပြည့်စုံလွန်းတဲ့ စွမ်းအင်တွေရှိတဲ့ အခန်းဖော်ကိုတွေ့အောင်ရှာဖို့ဆိုတာက သိပ်ပြီးတော့ မလွယ်ကူဘူးလေ သိတယ်မလား”
တကယ်ကို မောက်မောက်မာမာနဲ့ ချက်ကောင်းကို ရိုက်ချပစ်လိုက်တာပဲ။ လီကျိုးရှင်း ရွေးချယ်လိုက်တဲ့အခန်းက အဆောက်အဦးရဲ့ (56)လွှာမှာ ရှိတယ်။
ဒီအဆောက်အဦက ပင်လယ်ကြည့်အခန်းစတိုင်နဲ့ ဆောက်လုပ်တာဖြစ်လို့ ဘေးပတ်လည်မှာ လှပလွန်းတဲ့ ပင်လယ်ကြီးကို တွေ့မြင်ရအောင် လုပ်ထားခဲ့တယ်။
တကယ်တမ်းမှာတော့ ဒီလို မြင်ကွင်းမျိုးကို ခံစားရစေဖို့အတွက် စိတ်ထင်ရောင်ထင်မှားဖြစ်စေနိုင်တဲ့ စက်ကိုအသုံးပြုထားတာပဲ။ ပြတင်းပေါက် အပြင်ဘက်ကနေ လှိုင်းပုတ်သတွေကိုတောင် ကြားရပြီး လက်ဆက်တဲ့ ပင်လယ်အနံ့လေးကိုလည်း ခံစားရတယ်။
ဒီလိုမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးတဲ့ လီကျိုးရှင်းအတွက်တော့ တကယ့်ပင်လယ်ကမ်းခြေကို ရောက်သွားတဲ့အတိုင်း ခံစားမိနေခဲ့ရလေရဲ့။ ပင်လယ်တွေနဲ့ ကမ်းခြေတွေ အများကြီးရှိတဲ့ ထျန်းလန်ရှင်းက လူတွေတောင် ဒီအခန်းကို သဘောကျကြတယ်။
အစတုန်းကတော့ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ပဲ အခန်းဖော်တစ်ယောက်ယောက်ကို တစ်စုံတစ်ခုသွားလုပ်လိုက်မိမှာစိုးလို့ လီကျိုးရှင်းက တစ်ယောက်တည်အခန်းမှာ နေချင်ခဲ့တာ။
ဒါပေမယ့် ကတ်ကြေး ၊ကျောက်တုံး ၊စက္ကူကစားပြီးနောက်မှာ သူ လင်းနျန်ကို ရှုံးသွားခဲ့တယ်လေ။ အနိုင်ရရှိတဲ့လူကို တစ်ယောက်ခန်းပေးရမှာဖြစ်လို့ လင်းနျန်က အောင်နိုင်သူအပြုံးကြီးနဲ့ ပြောလာတယ်။
“ဒါဆို တစ်ယောက်ခန်းကို ငါယူလိုက်ပြီ”
ဒ
ီလိုနဲ့ လီကျိုးရှင်းနဲ့ ကုဝမ်ချန်က အခန်းကို ခွဲသုံးဖို့ ဆုံးဖြတ်လိုက်ပြီး ကျိယွီနဲ့ ချီနန်တို့ကတော့ အတူနေဖို့ ဆုံးဖြတ်လိုက်ကြတယ် ။
လီကျိုးရှင်းရဲ့ စိတ်မကြည်လင်တဲ့ ပုံစံကို မြင်တော့ ကုဝမ်ချန်တစ်ယောက် အရိပ်အကဲကြည့်ပြီး မေးလိုက်တယ်။
“လီကျိုးရှင်း.. မင်းငါနဲ့ အတူနေရတာကို မကြိုက်လို့လား?”
လီကျိုးရှင်းက ကုဝမ်ချန်ရဲ့ ပုခုံးပေါ် လက်တင်ရင်း ပြောခဲ့တယ်
“မဟုတ်ပါဘူး.. ဒါနဲ့ နာအန်းက ဒီနေ့ည ငါတို့ကို လေလံပွဲရဲ့ လက်မှတ်တွေ လာပေးမယ်လို့ ပြောထားတယ် မလား?”
လီကျိုးရှင်းအတွက်တော့ အမျိုးသားဇာတ်လိုက်နဲ့ အတူရှိနေရတာကို သေချာပေါက် သဘောကျတာပေါ့။ ဒါပေမယ့် အမျိုးသားဇာတ်လိုက်က လီကျိုးရှင်းအတွက် အရသာရှိတဲ့ စားစရာနဲ့ တူနေခဲ့တယ်။ တကယ်လို့ သူ့သာ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘဲ ဇာတ်လိုက်ရဲ့ လက်ကို သွားဆွဲမိသွားရင် နောက်ဆက်တွဲက ဘယ်လိုတွေဖြစ်သွားလောက်မလဲ?
“ဟုတ်တယ်”
ကုဝမ်ချန်က ပြန်ဖြေခဲ့တယ်။
လေလံပွဲက အလွှာပေါင်းစုံက လူတွေ တက်ရောက်ကြမဲ့ပွဲဖြစ်လို့ အနည်းငယ်လောက် ရှုပ်ထွေးတယ်။ သို့ပေမယ့် နာအန်းရဲ့ မိဘတွေက Topia မှာ ဩဇာ အာဏာရှိကြတဲ့ လူတွေဖြစ်တာကြောင့် လေလံပွဲ လက်မှတ်ရရီိဖို့ကို မခက်ခဲခဲ့ဘူး။
သူက အစကတည်းက လူတိုင်းကို လေလံဆီပွဲဆီ ခေါ်သွားဖို့ စိတ်ကူးမရှိခဲ့ဘဲ နာအန်းကို လက်မှတ်နှစ်စောင် ပြင်ဆင်ပေးဖို့ ပြောထားခဲ့တာ။
တကယ်တမ်းပြောရရင် ကုဝမ်ချန်က ဘယ်သူနဲ့မှ လေလံပွဲကိုအတူ မသွားချင်ဘူး။ အကြောင်းကိစ္စတစ်ခုကြောင့်သာ လီကျိုးရှင်းနဲ့ အတူသွားဖို့ ဆုံးဖြတ်လိုက်တာပဲ။
“NK-03 နဲ့ ပတ်သတ်ပြီး ကြားဖူးတာမျိုးရှိလား?”
သူတို့ အခန်းထဲကို ပြန်ဝင်လာပြီးနောက် အသံလုံစေမယ့် စက်ကို ဖွင့်ထားခဲ့ကြတယ်။
ကုဝမ်ချန်က ခုံမှာထိုင်နေရင်းနဲ့ တစ်စုံတစ်ခုကို တွေးတောနေသလိုပုံစံမျိုးနဲ့ လက်ချောင်းတွေကို ဆော့ကစားရင်း လှမ်းမေးလာခဲ့တယ်။
သူ့ရဲ့ နှုးညံ့ပြီး ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးတွေကတော့ ခပ်တင်းတင်း စေ့ထားခဲ့တယ်။
ခပ်တည်တည် နေချင်ယောင်ဆောင်နေတာကလည်း ချစ်စရာကောင်းတာပဲ!
လီကျိုးရှင်း :“ငါ တစ်ခါမှ မကြားဖူးဘူး”
ကုဝမ်ချန်က သူ ဒီလိုဖြေလာမယ်ဆိုတာကို သိနေသလိုမျိုး ခေါင်းကို ညိတ်လိုက်ပြီး သူ့ရဲ့ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်တွဲတစ်ခုကို ဖွင့်ပြလာခဲ့တယ်။ ထိုဖိုင်ထဲမှာ ရှိနေတာက NK-03 အကြောင်း မဟုတ်ပဲ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ အဘိုးအိုးတစ်ယောက်ရဲ့ ပုံပဲ။
“NK-03 ဆိုတာက လက်ရှိမှာ တရားမဝင်တဲ့ ဆေးဝါးတစ်မျိုးပဲ.. နောက်ပြီး အင်ပါယာရဲ့ ထိပ်တန်းလျှို့ဝှက်သုတေသနရဲ့ ထုတ်ကုန်တစ်ခုဆိုလည်း ဟုတ်တယ်”
ကုဝမ်ချန်က ထိပ်လန့်စရာအချက်အလက်တွေကို အလွန်တည်ငြိမ်အေးဆေးစွာ ပြောပြနေခဲ့တယ်။
“သုသေတနခေါင်းဆောင်က အသတ်ခံခဲ့ရပြီး စကြာစဠာတစ်ခုလုံးမှာ NK-03 ဆေးက နှစ်ပုလင်းပဲ ကျန်ခဲ့တယ်.. အခု ဒီလူက ပြီးခဲ့တဲ့လတုန်းက အဲဒီဆေးတစ်ပုလင်းကို ရောင်းချထားခဲ့တဲ့လူပဲ.. သူက ဒီနေ့ရဲ့ လေလံပွဲကို တက်ရောက်လာလိမ့်မယ်”
“တရားမဝင်တဲ့ဆေးကို ရောင်းချနိုင်တယ်ပေါ့? သူ့ရဲ့လုပ်နိုင်စွမ်းက အံ့ဩစရာပဲ”
“အဲဒီဆေးက ငါတို့တွေ ဒီလေလံပွဲကို တက်ရောက်ရမဲ့ အဓိကအကြောင်းရင်းပဲ”
ကုဝမ်ချန်က ပြုံးလိုက်တယ်။
“သူက NK-03 ကို ရောင်းနေပါတယ်ဆိုတဲ့ သက်သေကိုသာ ငါတို့ရှာတွေ့နိုင်ခဲ့ရင် နောက်ထပ် အောင်မြင်မှုတစ်ခုကို ရရှိနိုင်လိမ့်မယ်”
လီကျိုးရှင်းလို လူငယ်တစ်ယောက်အတွက်တော့ နာမည်ကြီး သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာက အရမ်းကိုမှ အသုံးဝင်တဲ့ လှုံ့ဆော်မှုတစ်ခုပဲ။
ကုဝမ်ချန်က လီကျိုးရှင်းကို ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ ထောင်ပေါင်းများစွာသော ကြယ်တွေကို ဆွတ်ခူးပြီး ထည့်သွင်းထားသလိုမျိုး လင်းလက်နေခဲ့ပြီး သူ့ရဲ့ပုံစံလေးက နေရောင်ခြည်လေးလို နွေးထွေးနေခဲ့တယ်။ လီကျိုးရှင်းက ထိုင်ခုံရဲ့ အစွန်းနားမှာထိုင်နေရင်း အတော်လေးစိတ်လှုပ်ရှားနေတဲ့ပုံပဲ။
လီကျိုးရှင်းက အခုလိုအချိန်မျိုးမှာဆိုရင် အတော်ကြီးကြည့်ကောင်းတာပဲလို့ ကုဝမ်ချန်တွေးလိုက်မိလိုက်တယ်။
………
နေ့လည်ခင်း
နာအန်းက လေလံပွဲ လက်မှတ်တွေကို အချိန်မီယူလာပေးခဲ့တယ်။
ပြီးတော့ ကုဝမ်ချန်မှာထားတဲ့အတိုင်း လက်မှတ်က နှစ်စောင်တည်းပဲ။
ဒီအချိန်ကျမှ သူတို့နှစ်ယောက်တည်း လေလံပွဲကို သွားဖို့လုပ်နေတယ်ဆိုတဲ့အကြောင်းကို တစ်ခြားသောအခန်းဖော် သုံးယောက်က သိသွားခဲ့ပြီး အနည်းငယ်လောက် စိတ်ဆိုးသွားကြတယ်။ ဘယ်လိုလုပ်ပြီး လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့က သူတို့တွေကို ထားခဲ့ပြီး နှစ်ယောက်တည်း သွားနိုင်ရတာလဲ?
ဒါပေမယ့် သူတို့နှစ်ယောက်က တကယ်ပဲ လေ့လာရေးအတွက် ရည်ရွယ်ပြီးသွားကြမှာလား?
သေချာပေါက်မဟုတ်ဘူးပေါ့။ ဒါက လီကျိုးရှင်းတစ်ယောက် သူ့ရဲ့အလှလေးနဲ့ အတူရှိဖို့အတွက် အသက်ကို ရင်းပြီး လုပ်မဲ့အလုပ်ပဲလေ။
အခန်းဖော်သုံးယောက်က လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ရဲ့ နားတထဲမှ သွေးတွေစီးကျလာလုမတက် ဆူပူကာအပြစ်တင်ဝေဖန်နေကြတယ်။
သူတို့တွေ ကျောင်းအပြင်ဘက်ကိုရောက်တဲ့အချိန်ထိ ရောက်နေသည့်တိုင်အောင် ကုဝမ်ချန်ရဲ့ မျက်နှာက သစ်သားတုံးလိုမျိုးတောင့်တင်းပဲ။ ကြည့်ရတာ အခန်းဖော်တွေရဲ့ ရက်စက်ကြမ်းတမ်းတဲ့ အသံနဲ့တိုက်ခိုက်မှုဆီကနေ ပြန်လည်နလန်မထူနိုင်သေးပုံရတယ်။
နာအန်းဆီမှာ လုပ်စရာ တစ်ခြားကိစ္စတွေရှိနေပေမဲ့ သူမက အဆောင်မှထွက်လာမဲ့ကောင်လေးနှစ်ယောက်ကို စိတ်ပူပန်စွာနဲ့ အပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့တယ်။
“ရှင်တို့တွေ ဂရုစိုက်သွားကြနော်”
သူမက ကုဝမ်ချန်ရဲ့မျက်နှာကို ကြည့်ရင်းနဲ့ အနည်းငယ် ရှက်ရွံတဲ့အမူအရာနဲ့ ပြောလာခဲ့တယ်။
“ ဖြစ်နိုင်ရင် စောစောပြန်လာခဲ့ကြပါ”
ကုဝမ်ချန်က နာအန်းကို နှစ်သိမ့်ပေးလိုက်တယ်။
“ငါတို့ ပြန်လာမှာပါ”
သူက နာအန်းရဲ့ဘက်ကို လက်တစ်ဖက် ဆန့်ထုတ်ပြီး လက်ကိုဖြန့်ပေးလိုက်တယ်။
နာအန်းရဲ့ ဖြူဖွေးနူးညံ့ပုံရတဲ့ပါးနှစ်ဖက်က ဖြည်းညှင်းစွာနဲ့ အနီရောင်သန်းလာခဲ့တယ်။ သို့ပေမယ့် သူမရဲ့လက်ကို ကုဝမ်ချန်ရဲ့ လက်ဖဝါးပေါ်သို့ တင်လိုက်တုန်းပဲ။
ကုဝမ်ချန်က ခေါင်းကိုငုံ့ကိုင်းကာသူမရဲ့ လက်ဖမိုးလေးကို ခပ်ဖွဖွနမ်းလိုက်တယ်။ သူရဲ့ မျက်လုံးတွေက ရေပြင်လွှာထက်မှာ အရိပ်ထင်နေတဲ့ လရိပ်လိုမျိုးပဲ။
နာအန်းအနေနဲ့ သူ့ရဲ့အကြည့်တွေနဲ့ စုံလိုက်မိတဲ့အချိန်တိုင်း စိတ်ခံစားချက်တွေက ရှင်းမပြနိုင်လောက်အောင် ဖြစ်ပေါ်လာရတယ်။
“စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါပဲ”
နွေဦးလေပြေလေးက ရေပြင်ကျယ်ကို ဖြတ်သွားပြီး လှိုင်းကလေးတွေ တဖြတ်ဖြတ်ထသွားသလိုမျိုး နာအန်းရဲ့ နှလုံးသားကလည်း ရုတ်တရက်ဆိုသလို နှလုံးခုန်သံတွေ မြန်ဆန်လာရတယ်။
သူမရဲ့ ဖြူစင်တဲ့မျက်နှာလေးကလည်း ရှက်ရွံ့မှုတွေကြောင့် နီရဲလာခဲ့တယ်။
စိတ်ခံစားချက်တွေက ကြောက်လန့်မှုတွေနဲ့ မျှော်လင့်ချက်အရိပ်အယောင်တွေ က တချိန်တည်းမှာ ဖြစ်ပေါ်လာခဲ့တယ်။
သူမက ကုဝမ်ချန်နဲ့ စကားဆက်မပြောရဲတော့သလိုမျိုး သူမရဲ့ဖိနပ်ထိပ်တွေကိုသာ ငုံံ့ကြည့်နေခဲ့တယ်။
အချိန်အနည်းလောက်ကြာအောင် လမ်းလျှောက်လာပြီးတဲ့နောက်မှာတော့ လီကျိုးရှင်းက ကုဝမ်ချန်ကို စနောက်လာခဲ့တယ်။
“မယုံနိုင်စရာကောင်းလောက်အောင်ပဲ!”
ကုဝမ်ချန်က အမျိုးသားတစ်ယောက်ရဲ့ သူ့ရဲ့ဆွဲဆောင်နိုင်မှုအပေါ်မှာ ယုံကြည်ချက်ရှိလွန်းသလို အပြုံးမျိုးနဲ့ လီကျိုးရှင်းကို လှည့်ကြည့်လာတယ်။
“ငါ့ကိုလည်း မိန်းကလေးတွေနဲ့ စကားဘယ်လိုပြောရမလဲဆိုတာ သင်ပေးပါလား?”
လီကျိုးရှင်းက ဆက်ပြောလာခဲ့တယ်တယ်။
“မင်းကိုကြည့်ရတာ အတွေ့အကြုံတွေ အများကြီးရှိတဲ့ပုံပဲ”
ကုဝမ်ချန်က အမျိုးသမီးတွေနဲ့ပတ်သက်ရင်း အမြဲတမ်းကောင်းမွန်နေတာ မှန်ပေမယ့် တခြားလူအပေါ် အကြံပေးရတာကတော့ ဒါကပထမဆုံးအကြိမ်ပဲ။
ကုဝမ်ချန် ရယ်မောလိုက်တယ်။
“မင်းရဲ့ မျက်လုံးနဲ့ မင်းရဲ့အပြုံးကို အသုံးပြုလေ.. မင်းရဲ့မျက်လုံးတွေကို မြင်ပြီးသွားရင် ဘယ်သူကများ ငြင်းနိုင်တော့မှာလဲ?”
“ဒီလိုမျိုးလား?”
လီကျိုးရှင်းက ကုဝမ်ချန်ရဲ့ ပုခုံးပေါ်ကိ လက်တင်လိုက်ပြီး ရုတ်တရက် ခါးကို ကိုင်းညွတ်လာခဲ့တယ်။
တစ်ချိန်တည်းမှာ သူရဲ့ပြုံးယောင်သန်းနေတဲ့ မျက်ဝန်းတွေက ကုဝမ်ချန်ရဲ့ မျက်လုံးနဲ့ တန်းမတ်စွာ ပေါ်လာခဲ့တယ်။
လီကျိုးရှင်းက သူ့ရဲ့နှုတ်ခမ်းတွေကို ကွေ့ညွတ်ပြီး စွဲမက်ဖွယ်အပြုံးတစ်ခုကို ပုံဖော်လာခဲ့တယ်။
“……”
ထူးဆန်းတဲ့ ခံစားချက်တစ်ခုက ကုဝမ်ချန်ရဲ့ နှလုံးသားထဲသို့ နက်ရှိုင်းစွာနဲ့ တိုးဝင်လာခဲ့တယ်။
“...ဟုတ်တယ် ဒီလိုမျိုး”