Ch 17
Viewers 3k

(17)မင်းရဲ့ရုပ်ရည်က အတော်လေး ချောမောတယ် 


သတိပေးချက်: ဒီအပိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ရိုင်းစိုင်းသော အသုံးအနှုန်းတွေ ပါဝင်ပါတယ်။


တရားမဝင် လူကုန်ကူးဈေးကွက်ထဲမှာ ရောင်းချခံနေရတဲ့ လူတွေက များသောအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေပဲ။ ဒီလိုမျိုးမောင်းမဆောင်နိုဗယ်ရဲ့ကမ္ဘာထဲမှာ ဂေးဆိုတဲ့ စကားလုံး လုံးဝမရှိဘူး။ 


အမျိုးသားကျွန်တွေကို အလုပ်ကြမ်းလုပ်ဖို့အတွက် ဒါမှမဟုတ် လက်ဝှေ့ထိုးတဲ့ သဲအိတ်လိုမျိုး ဆက်ဆံဖို့အတွက်ပဲ ဝယ်ယူကြတာ။ ဘယ်သူကမှ ယောကျာ်းကြီးတွေနဲ့ ကောင်လေးတွေကို တခြားသောအတွေးအခေါ်တွေကြောင့် ဝယ်ယူတာမျိုးမရှိဘူး။


ယဲ့အန်းအတွက်တော့ ကျွန်တစ်ယောက်အနေနဲ့ သဲအိတ်တစ်ခုလို ဖြစ်တည်မှုအပြင် သူ့မျက်နှာကြောင့် အရှက်ရမှုတွေပါ ပါဝင်နေခဲ့တယ်။ 


ကုန်သည်က သူ့ရဲ့ ချောမောလှပတဲ့ မျက်နှာကို မဖြုန်းတီးချင်ခဲ့ဘဲ ပုံမှန်ရောင်းနေတဲ့ အမျိုးသား ကျွန်တွေထက် စျေးလျှော့ပြီး ရောင်းချခဲ့တယ်။ သို့ပေမယ့် စျေးလျှော့ထားတာတောင် ရောင်းချလို့ မရနိုင်ခဲ့ဘူး။ 


ကုန်သည်က သူ့ကို ဒီအတိုင်း အလဟာသအဖြစ်မခံချင်သလို မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းလဲလိုက်ဖို့ကိုလည်း အပို အကုန်အကျမခံချင်တာကြောင့် ယဲ့အန်းကို မိန်းကလေးပုံစံ ဆင်မြန်းပေးပြီး ဝယ်ယူသူကို မိန်းကလေးကျွန်အဖြစ် လိမ်လည်ကာ ရောင်းချခဲ့တယ်။ 


ယဲ့အန်းက ပထမဆုံး အဝယ်ခံခဲ့ရချိန်မှာ ဝယ်သူအပေါ်အပြစ်ရှိသလို ခံစားခဲ့ရတယ်။ သူက ဝယ်ယူသူကို ရှင်လင်းပြောပြခဲ့ပြီး သူ့ရဲ့ သစ္စာစောင့်သိမှုအပေါ် သခင်အသစ်အပေါ် ပြသပေးပေးချင်ခဲ့ပေမယ့် အဆုံးမှာတော့ သူ့ရဲ့ပိုင်ရှင်က သူ့ကို မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာ သိသွားတာနဲ့ ရွံရှာတဲ့အမူအယာအဖြစ် အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့တယ်။ 


ယဲ့အန်းရဲ့ ခန္ဓာကိုယ်လေးကလည်း တစ်ဖက်လူရဲ့ ဒေါသတကြီးရိုက်ချက်တွေကြောင့် စုတ်ပြတ်သတ်သွားရတယ်။ 


လူကုန်ကူးခံရတဲ့ လူတွေဆီမှာ အခြေခံလူ့အခွင့်အရေးတောင်မှ မရှိဘူး။ အရောင်းခံရလိုက်၊ ပြန်ရောက်လာလိုက် အခြေအနေမျိုးကို မကြာခဏကြုံတွေ့လာရပြီးတဲ့နောက်မှာတော့ ယဲ့အန်းရဲ့ နှလုံးသားက အေးစက်မာကြောနေပြီ။ 


သူ့ဆီမှာ ပုန်ကန်ဖို့ရော ၊လွတ်မြောက်ချင်တဲ့ မျှော်လင့်ချက်ပါ လုံးဝမကျန်ရှိတော့ဘူး။ သူ့ဆီကို ရောက်လာသမျှ စော်ကားမှုတွေနဲ့ နှိပ်စက်မှုတွေကိုလည်း တဖြည်းဖြည်း နေသားကျလာခဲ့ပြီ။ 


သူ သူ့ကိုယ်သူနှင့် ဒီစိတ်ဆင်းရဲစရာကောင်းလွန်းတဲ့ လောကကြီးမှာရှိသမျှ အရာအားလုံးကို မုန်းတီးနေခဲ့ပြီ။ 


သူ့အနေနဲ့ အရာအားလုံးကို အဆုံးသတ်စေချင်နေခဲ့ပြီ။ သူ့ကိုယ်သူလည်း အဆုံးသတ်လိုက်ပြီး ဒီကမ္ဘာကြီးကိုလည်း သူနဲ့အတူတူ ပြိုလဲသွားအောင် လုပ်ပစ်ချင်နေခဲ့တယ်။ 


ဒီလှပလွန်းတဲ့ ကောင်လေးရဲ့ နာမည်က ယဲ့အန်းပဲ။ 


လီကျိုးရှင်းက သူကို မြေကြီးပေါ်ကနေ ဆွဲထူပေးခဲ့တဲ့အချိန်မှာ ကောင်လေးရဲ့ မျက်လုံံးက တော်တော်လေးကို နီရဲနေခဲ့တယ်။


သူ့ကို လက်ကမ်းကူပေးမဲ့လူတစ်ယောက်နဲ့ တွေ့ဆုံလာရချိန်မှာတော့ ထိုမျက်လုံးလှလှတွေကို ဘောင်ခတ်ထားတဲ့ ရှည်လျားတဲ့ မျက်တောင်လေးတွေအောက်ကနေ မနက်ခင်း အာရုံတက်ချိန်မှာ ကျဆင်းတဲ့ နှင်းစက်လေးတွေလိုမျိုး မျက်ရည်လေးတွေက စီးကျလာခဲ့တယ်။ ဒီကောင်လေးက ငိုနေတဲ့အချိန်မှာတောင် ရင်သပ်ရှုမောစရာကောင်းလွန်းအောင် လှပနေခဲ့တယ်။ 


လီကျိုးရှင်း သူ့ဆီကို တစ်သျှူးကမ်းပေးလိုက်တယ်။ သို့ပေမဲ့ ယဲ့အန်းက သူ့ရဲ့ လက်ကို ပြုတ်ထွက်တော့မတတ် ခါရမ်းလိုက်ပြီး စုတ်ပြဲနေတဲ့ အင်္ကျီစလေးကို ဆွဲကာမျက်ရည်တွေကို သုတ်ခဲ့တယ်။ 


သူ့ရဲ့အင်္ကျီစကို မ,လိုက်တော့ ဒဏ်ရာ၊ အမာရွတ်တွေနဲ့ ပြည့်နှက်နေတဲ့ အရည်ပြားက ပေါ်ထွက်လာခဲ့တယ်။ 


ယဲ့အန်းရဲ့ ပိန်လှီသေးသွယ်တဲ့ လက်ချောင်းလေးတွေက လီကျိုးရှင်းရဲ့ အင်္ကျီစကို ဆုတ်ကိုင်ပြီး တိုးဝင်နေသံ လေသံလေးနဲ့ ပြောလာတယ်။ 


“ကျေးဇူးတင်ပါတယ် သခင်” 


လှပပြီး ငယ်ရွယ်တဲ့ ကောင်လေးဆီကနေ ဖြူစင်သန့်ရှင်းတဲ့အကြည့်တွေနှင့်  “သခင်” လို့အခေါ်ခံရလိုက်တဲ့ ဘယ်သူမဆို အရာအားလုံးကို ဖြည့်ဆည့်ပေးဖို့ အဆင်သင့်ဖြစ်လောက်တယ်။ 


လီကျိုးရှင်း သက်ပြင်းတစ်ချက်ချလိုက်တယ်။


“မင်း ငါ့ကို သခင်လို့ ခေါ်စရာမလိုပါဘူး.. ငါ မင်းရဲ့ ပိုင်ရှင်ဖြစ်လာဖို့ စိတ်ကူးမရှိဘူး ..မင်းစိတ်ရင်စားရင်တော့ ငါမင်းကို ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ချင်တယ်။


လှပတဲ့ ကောင်လေးက အံ့သြတကြီးနဲ့ အေးခဲသွားခဲ့တယ်။ 


....ဘာလဲ? 


ဒီကောင်လေးက သူ ဖော်ပြနေသလောက်  ရိုးသားဖြူစင်ပြီး  ပျော့ညံ့လွန်းပုံမရဘူး။


ဒါကြောင့် သူတို့အသင်းရဲ့ နေရောင်ခြည်အလင်းတန်းလေးလို လီကျိုးရှင်းက  သူတို့ရဲ့ရှေ့မှာ ရပ်နေတဲ့ ကောင်လေးကိုလူမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ မထင်ဘူး။ 


ကုဝမ်ချန်က အရှေ့ကိုတိုးလာပြီး လီကျိုးရှင်းရဲ့ ပုခုံးပေါ်သို့ လက်တင်ရင်း အနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ 


“ လီကျိုးရှင်း.. ငါတို့သွားသင့်နေပြီ” 


ကုဝမ်ချန်ရဲ့ ဆံနွယ်တွေက လေရဲ့တိုက်ခတ်မှုကြောင့် လီကျိုးရှင်းရဲ့ မျက်နှာနားမှာ ဝေ့ဝိုက်နေခဲ့တယ်။ လီကျိုးရှင်းအနေနဲ့ ကုဝမ်ချန်ရဲ့ ခန္ဓာကိုယ်ကနေ မွှေးပျံ့တဲ့ရနံ့လေးတစ်ခု ရနေခဲ့တယ်။ 


ဒါက လီကျိုးရှင်း ဒီစာအုပ်ထဲကို ကူးပြောင်းလာပြီး နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာပဲ။


အမျိုးသားဇာတ်ကောင်ရဲ့ ခန္ဓာကိုယ်က NK-03 ဆေးလုံးကို သောက်သုံးပြီးတဲ့ နောက်မှာ ဗီဇပြောင်းလဲမှုတွေဖြစ်လာပြီး သူ့ခန္ဓာကိုယ်ရဲ့ ကိုယ်သင်းနံ့က ပေါ့ပါးပြီး လန်းဆန်းတဲ့ အနံ့အဖြစ် ပြောင်းလဲသွားခဲ့တယ်။ 


လူတစ်ယောက်ရဲ့ ကိုယ်သင်းနံ့က အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲနိုင်တယ်။ တစ်ခါတစ်လေမှာဆိုရင် ကိုယ်သင်းနံ့တောင် မရှိနိုင်ဘူး။ 


ကုဝမ်ချန်ရဲ့ ကိုယ်သင်းနံ့က အမြဲတမ်း အမျိုးမျိုးပြောင်းလဲနေတတ်ပြီး ထိုအနံ့တွေကို လိုက်လံဖမ်းဆုတ်ဖို့ ကြိုးပမ်းရင်းနှင့်  လီကျိုးရှင်းတစ်ယောက် ကုဝမ်ချန်ရဲ့ ကိုယ်သင်းနံ့တွေကို စွဲလမ်းလာခဲ့တယ်။ 


လီကျိုးရှင်း သူ့ခေါင်းကို လှည့်လိုက်ပြီး ကုဝမ်ချန်အနားသိုး ကပ်နိုင်သလောက် ကပ်လိုက်ကာ ကုဝမ်ချန်ရဲ့ ဆံပင်တွေမှ ရနံ့ကို ရှုရှိုက်လိုက်တယ်။ 


“အင်း ငါတို့သွားရတော့မယ်” 


ယဲ့အန်းက လီကျိုးရှင်းပြောတဲ့ သူနဲ့အတူပူးပေါင်းဖို့ပြောတဲ့ကိစ္စကို အတော့လေးစိတ်ဝင်စားနေခဲ့တယ်။


သူက လီကျိုးရှင်း စိတ်ပြန်ပြောင်းသွားမှာကိုလည်း စိုးရိမ်မိတာကြောင့် လှမ်းပြီးခေါ်လာတယ်။ 


“သခင် ကျွန်တော်...” 


လီကျိုးရှင်း : “အနောက်က လိုက်လာခဲ့.. ငါတို့ဒီကို လာရတဲ့ ကိစ္စကို ဖြေရှင်းပြီးသွားရင် မင်း ဆုံးဖြတ်ရမယ့် ကိစ္စလေးတွေရှိတယ်” 


ယဲ့အန်း ခေါင်းငြိမ့်လိုက်ပြီး သူတို့ရဲ့ အနောက်ကနေ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့တယ်။ 


ကုဝမ်ချန်က မျက်မှောင်ကျုံ့လိုက်ပြီး လီကျိုးရှင်းကို မေးလိုက်တယ်။ 


“ မင်းသူ့ကို ဘာလုပ်ဖို့ ခေါ်လာတာလဲ?” 


လီကျိုးရှင်းက ကုဝမ်ချန်ကို သူ့ရဲ့ လက်မောင်းထဲကို ဆွဲသွင်းလိုက်ပြီး နောက်ထပ်သွေးဆောင်ဖြားယောင်းနိုင်တဲ့ ရနံ့ကို ထပ်မံရှူရှိုက်လိုက်တယ်။


“ငါ တစ်ခုခု သိချင်တာရှိလို့” 


သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်က အလွန်အမင်းနီးကပ်နေပြီး ကုဝမ်ချန်ကို သက်တောင့်သက်သာမရှိစေဘူး။ ဒါပေမယ့် သူတို့ရဲ့နောက်ကို တစ်ဖြည်းဖြည်းပိုပြီး နီးကပ်လာတဲ့ ယဲ့အန်းကို မြင်လိုက်တော့ ကုဝမ်ချန်က လီကျိုးရှင်းဝဲ့ရင်ခွင်ထဲကို ပိုမိုတိုးဝင်လာခဲ့ပြီး သူပြောတဲ့စကားတွေကို လက်ခံကြောင်း ခေါင်းငြိမ့်ပြလာတယ်။ 


သူတို့နှစ်ယောက် ပိုပြီးနီးကပ်စွာ ပြုမူလေလေ  အနောက်က လိုက်လာတဲ့လူက သူတို့နှစ်ယောက်ကို အန္တရာယ်ပေးနိုင်မှု နည်းလေလေပဲ။ 


တရားဝင် လေလံပွဲရဲ့ ဂိတ်တံခါးနားကိုရောက်တော့ တံခါးစောင့်တစ်ယောက်ကို တွေ့လိုက်ရပေမယ့် ဒီတစ်ခါတော့ သူတို့ အထဲကို ဝင်နိုင်ဖို့အတွက် ဝင်ခွင့်လက်မှတ်ပြစရာမလိုတော့ဘူး။ 


သူတို့ရောက်တာ အနည်းငယ်လောက် စောနေတဲ့အတွက် ထောင့်စွန်းနားမှ တိတ်ဆိတ်တဲ့ ထိုင်ခုံတွေမှာ နေရာယူလိုက်ကြကာ လေလံပွဲစမယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ 


သူတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ လေလံပွဲရဲ့ ခန်းမက လူတွေနဲ့ ပြည့်သွားခဲ့တယ်။ ထို့နောက် လူတစ်ယောက်က စင်ပေါ်ကို တက်လာပြီး ပရိတ်သတ်တွေကို ကြေညာလာတယ်။


“အချိန်လည်း ကျနေပြီဆိုတော့  စကားတွေ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး -- လေလံပွဲကို စတင်လိုက်ရအောင်!” 


လီကျိုးရှင်းအနေနဲ့ လေလံပွဲမှာ ရောင်းချနေတဲ့ ပစ္စည်းအများစုကို မသိပေဘူ။ သို့ပေမယ့် ကုဝမ်ချန်ရဲ့အကြည့်တွေကလည်း သိပ်ပြီးစိတ်ဝင်စားတဲ့ ပုံမပေါ်တာကြောင့် အမှန်တကယ် အရေးပါတဲ့ပစ္စည်းတွေက ခုချိန်ထိ မပေါ်လာသေးကြောင်းကို သဘောပေါက်လိုက်တယ်။ 


လေလံပွဲရဲ့ တစ်ဝက်လောက်ကိုရောက်တော့ ခဏလောက် ရပ်တန့်လိုက်ပြီး  စင်ပေါ်သို့ ထိုင်ခုံတစ်လုံးကို တင်ပေးလာခဲ့တယ်။ မကြာခင်မှာပဲ သားရဲနားရွက်လေးတွေပါတဲ့ ငေးမောလောက်အောင်လှပတဲ့ အမျိုးသမီးတစ်ယောက်ကို ထိုထိုင်ခုံမှာ ကြိုးနှင့် ချည်နှင်လာခဲ့တယ်။


လူအများစု အာရုံစိုက်သွားကြတာကတော့ သူမရဲ့ လှပတဲ့မျက်နှာကို မဟုတ်ခဲ့ဘူး။


သူမရဲ့ ကျက်သရေရှိပြီး လှပလွန်းတဲ့ အပြာရောင် မျက်ဝန်းတစ်စုံကြောင့်ပဲ။ ထိုအပြာရောင် မျက်ဝန်းတွေက သူမရဲ့ လှပလွန်းတဲ့ရုပ်ရည်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အသွင်အပြင်ကိုတောင် အာရုံမထားနိုင်လောက်အောင် မှေးမှိန်သွားစေပြီး သူမကို အပြစ်ကင်းစင်ကာရိုးသားတဲ့ပုံစံလေးအဖြစ်ထင်မြင်စေတယ်။ 


ဒါက Vagor မှာ မြင်တွေ့ခဲ့ဖူးတဲ့ မြေခွေးလေးလိုပဲ။ 


လီကျိုးရှင်းက သူ့ရဲ့ဆံပင်တွေကို သပ်တင်လိုက်ပြီး ဘေးနားမှာ မလှုပ်မယှက်ထိုင်နေဆဲဖြစ်တဲ့ ကုဝမ်ချန်ကို စောင်းငဲ့ကြည့်လိုက်တယ်။ 


အမျိုးသားဇာတ်လိုက်ရဲ့ အကြည့်တွေက အေးစက်နေဆဲပြီး စင်ပေါ်မှာရှိနေတဲ့ မိန်းကလေးကို ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်တယ်။ ကြည့်ရတာ ဖြစ်ပျက်နေသမျှ အရာအားလုံးက သူနဲ့ဘာမှမဆိုင်သလိုပဲ။ 


ဘယ်သူဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးရှိနေခဲ့ကာ စင်ပေါ်မှာ ရှိနေတဲ့ မိန်းကလေးက သူ့မောင်းမဆောင်ထဲက အမျိုးသမီးမဟုတ်သလိုမျိုးပဲ။


“မင်း စိတ်မဝင်စားဘူးလား?” 


သူ့ရဲ့မေးခွန်းကို ကုဝမ်ချန်က မေးခွန်းတစ်ခုနဲ့ ပြန်တုန့်ပြန်လာတယ်။ 


“မင်းအမြင်မှာ ငါက အဲလောက်တောင်အပျော်အပါးကို လိုက်စားတဲ့ပုံစံဖြစ်နေလို့လား?” 


ပြောရရင် ကုဝမ်ချန်က မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး သာမန်မဟုတ်ဘူး။


သူ သာမန်ကာလျှံကာဘေး အိမ်ရှေ့တံခါးကနေ အပြင်ကိုထွက်သွားမယ်ဆိုရင်တောင် သူ့ရဲ့ရင်ခွင်ထဲကို လဲပြိုလာမဲ့ မိန်းမလှလေးတစ်ယောက်ကတော့ အသင့်ရှိနေလိမ့်မယ်။


ဒါပေမယ့် ဒီနိုဗယ်ထဲမှာ အမျိုးသားဇာတ်ဆောင်ရဲ့ မောင်းမဆောင်ထဲမှာ အဖွဲ့ဝင်တွေ အလွန်အမင်း များပြားလွန်းတာကြောင် စာရေးဆရာက ဇာတ်ကောင်တစ်ခုဆီတိုင်းရဲ့ အချက်အလက်နဲ့ သူတို့ရဲ့အလှအပတွေအားလုံးကို သေသေချာချာ စာမစီပေးနိုင်ခဲ့ဘူး။ 


ဒါကြောင့် စာအုပ်ထဲမှ အမျိုးသမီးဇာတ်ဆောင်တိုင်းရဲသ ပေါ်ထွက်လာမှုက အတော်လေးငြီးငွေ့စရာကောင်းလွန်းတယ်။ သူတို့တွေထဲမှာ အစစ်အမှန်ဆန်ပြီး ထူးထူးကဲကဲ ထင်ရှားပေါ်လွင်တာ ဘယ်သူမှ မရှိနေခဲ့ဘူး။


“ငါ မင်းကို စတာပါ” 


လီကျိုးရှင်းက ကုဝမ်ချန်ရဲ့ လက်ကို တို့လိုက်ပြီး:


“ငါက မင်း ဘယ်လိုပဲ နေထိုင်ပါစေ အရမ်းကို ချောမောတယ်လို့ ပြောမလို့"


ကုဝမ်ချန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးက အပေါ်ကို ကွေးတက်သွားခဲ့တယ်။


“ငါက မင်းထက် နည်းနည်းလောက်ပဲ ပိုချောတာပါ” 


စင်ပေါ်မှာရှိနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ မောင်းမဆောင်အဖွဲ့ဝင်လေးကတော့ စကားတစ်ခွန်းမှတောင်မပြောခဲ့ပါဘဲ အဝေးသို့ဆွဲခဆါ်ခံသွားရရှာတယာ။


လေလံပွဲက အတော်လေး မြန်လွန်းတယ်။ သိပ်မကြာခင်အချိန်မှာပဲ ပါးရေတွေ တွန့်ပြီး ခါးကုန်းနေပြီဖြစ်တဲ့ အဘိုးကြီးတစ်ယောက်က စင်ပေါ်ကို တက်လာခဲ့တယ်။ 


လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ ရုတ်တရက်ကြီး အသိစိတ်ပြန်ကပ်သွားကြတယ်။ သူတို့က ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အဘိုးကြီးကို အသေအချာစိုက်ကြည့်လိုက်ကြတယ်။ 


ထိုအဘိုးကြီးက စမ်းသပ်ထုတ်လုပ်ထားတဲ့ ဆေးဝါးအသစ်ကို ရောင်းဖို့ လုပ်နေခဲ့တယ်။ ဒီဆေးတွေက ရရှိဖို့အတွက် ခက်ခဲသလို အင်ပါယာရဲ့ အန္တရာယ် အရှိဆုံး တရားမဝင်ပစ္စည်းတွေထဲက တစ်ခုလည်း ဖြစ်သေးတယ်။


အဘိုးကြီးရဲ့ ပစ္စည်းရောင်းထွက်သွားတာနဲ့ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း နေရာကနေ တိတ်တဆိတ်ထွက်ခွာလာခဲ့ကြတယ်။ 


မကြာခင်မှာပဲ  ထိုအဘိုးကြီးကို လေလံပွဲရဲ့ အဆောက်အဦးအနောက်ဘက်မှာ တွေ့လိုက်ရတယ်။ 


လေလံပွဲက လူတွေအားလုံးက ဒီလူကြီးကို ဆေးပညာရှင်အဖိုးအိုလို့ ခေါ်ကြတယ်။ 


အဘိုးကြီးက သူတို့နှစ်ယောက်ကို ကျော်ပြီး ထွက်သွားဖို့ လုပ်ခဲ့ပေမဲ့ ကုဝမ်ချန်က လက်ကို ဆန့်ထုတ်ပြီး တားဆီလိုက်တယ်။ 


“မသွားပါနဲ့ဦး.. မာစတာ.. ကျွန်တော်တို့ ခင်ဗျားကို မေးချင်တာလေးရှိလို့ပါ” 


“ ငါ ဘာမှမသိဘူး” 


အဘိုးကြီးက သူ့ရဲ့ခေါင်းကို ငုံ့ထားပြီး အသက်နဲ့လိုက်ဖက်တဲ့ အက်ကွဲနေတဲ့ လေသံနဲ့ ဖြည်းဖြည်းချင်ပြောလာတယ်။ 


“မင်းတို့ လူမှားနေပြီ” 


အဘိုးကြီးရဲ့ စကားကိုကြားတော့ ကုဝမ်ချန်က မျက်ဝန်းထဲအထိ အသက်မပါတဲ့အပြုံးကို ပြုံးလိုက်ပြီး ပြန်ပြောခဲ့တယ်။


“ဒါပေမယ့် ခင်ဗျားက ဒီလောက်တောင် နာမည်ကြီးတာ ..ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး လူမှားနိုင်မှာလဲ?” 


ကုဝမ်ချန်က ကိုယ်ကို ကိုင်းညွတ်လိုက်ရင်း အဘိုးကြီးအနားကို ပိုလို့တိုးကပ်လိုက်တယ်။ 


“ခင်ဗျားက အချိန်မရဘူးဆိုတော့လည်း ကျွန်တော်တို့ လိုရင်းပဲပြောလိုက်တော့မယ်.. ခင်ဗျားကို NK-03 ရောင်းပေးတဲ့ လူက ဘယ်သူလဲ?” 


အဘိုးကြီးက ခေါင်းကိုမော့လိုက်ပြီး ပထမအဆုံးအကြိမ် ကုဝမ်ချန်ကို ပြန်ကြည့်လိုက်တယ်။ 


“ငါ NK-03 နဲ့ပတ်သတ်ပြီး ဘာတစ်ခုမှမသိဘူး .. မင်းတို့ သတင်းအမှားတွေ ကြားလာကြတယ်နဲ့တူတယ်” 


သူက သတိအနေအထားနဲ့ အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပေမယ့် ဘာမှမပြောရသေးခင်မှာပဲ မမြင်ရတဲ့ ကြိုးတစ်ချောင်းက သူ့ရဲ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လာခဲ့တယ်။ ကြိုးရဲ့ ရစ်ပတ်မှုက အလွန် တင်းကြပ်လာပြီး သူ့ရဲ့လည်ပင်း ပြတ်ထွက်တော့မတတ် တင်းကြပ်လာတယ်။ 


ဒီလို နာကျင်မှုမျိုးက စိတ်စွမ်းအားနဲ့ လုပ်ထားတာ ဖြစ်တာဆိုပေမယ့် သူ့လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ အဖြူရောင်လက်ပတ်လေးကတော့ အချက်ပေးအသံတွေ မြည်မလာခဲ့ဘူး။ 


အဘိုးကြီးနဲ့ နှလုံးခုန်သံတွေက မြန်သထက်မြန်လာပြီး အသက်ကို မနည်း လုရှူလာရတယ်။


“ငါ—“ 


“မင်းတို့ ဘာတွေလုပ်နေကြတာလဲဆိုတာ မေးလို့ရမလား?”