Ch 18
Viewers 3k

(18)


အသက်နှစ်ဆယ်ကျော်အရွယ်လောက်ရှိတဲ့ကောင်လေးတစ်ယောက်က အဘိုးကြီးရဲ့ နောက်ကျောဘက်ကနေ ထွက်လာပြီး အရှေ့မှာရှိနေတဲ့ လီကျိုးရှင်းတို့ နှစ်ယောက်ကို ပြုံးပြီး ကြည့်လိုက်တယ်။ 


“အထဲမှာ ရှိရမယ့် ဧည့်သည်တွေက ဘာလို့ အပြင်ကို ရောက်နေကြတာလဲ?” 


အဘိုးကြီးက သူ့လည်ပင်းမှာ ကြိုးတစ်ပင် ရစ်ပတ်ထားသလို ခံစားနေရတယ်။ 


ဒီအခိုက်အတန့်မှာ သူ သေရတော့မယ်လို့ ထင်လိုက်ပေမယ့်  သူ့လည်ပင်းမှာ ရစ်ပတ်ထားတဲ့ စိတ်စွမ်းအားကြိုးမျှင်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့အသက်ရှူပြွန်ထဲကို ပိတ်ဆို့ထားတဲ့ ဖိအားက ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် အပြင်းအထန် ချောင်းဆိုးတော့တယ်။ 


ယဲ့အန်းက အနောက်ကနေ လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ကို  တီးတိုးလေး လှမ်းပြောလိုက်တယ်။ 


“သခင်.. အဲဒီလူက ဒီလေလံပွဲရဲ့ ပိုင်ရှင်ပါ” 


လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ အကြည့်ချင်းဆုံသွားခဲ့တယ်။ လီကျိုးရှင်းက သူ့ရဲ့ နဂိုရိုးသားတဲ့ပုံစံကို  ချက်ချင်း ပြင်ဆင်လိုက်ပြီး ပထမဆုံး စပြောလိုက်တယ်။


“ကျွန်တော်တို့က  ဒီအဘိုးရဲ့ မျက်နှာကို နည်းနည်းလောက်  ရင်းနီးနေလို့ သူ့ဆီကို လာပြီး စကားပြောရုံပါပဲ”


ပိုင်ရှင် : “တကယ်လား?” 


အဲဒီလူရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ အပြုံးကတော့ လုံးဝမပျောက်ကွယ်သွားခဲ့ဘူး။ ဒါကြောင့်ပဲ သူ့ရဲ့စိတ်ကို ဖတ်ဖို့အတွက် ပိုမိုခက်ခဲနေခဲ့တယ်။ 


သူ့ရဲ့မျက်လုံးတွေက တစ်ယောက်ပြီးတစ်ယောက် အကဲခတ်သွားခဲ့ပြီးမှ လီကျိုးရှင်းဆီသို့ ကြည့်လာခဲ့တယ်။


“ဆေးရောင်းတဲ့အဖိုးကြီး.

ငါ့ရဲ့ ဧည့်သည်တွေကို ထပ်ပြီး လိမ်နေပြန်ပြီလား” 


အဘိုးကြီးက ပိုင်ရှင်ရဲ့ အကြည့်တွေအောက်မှာ တုန်လှုပ်နေခဲ့ပြီး တုန်ယင်နေတဲ့အသံတွေနှင့် ပြန်ဖြေတယ်။ 


“မ .. မလုပ်ပါဘူး” 


လေလံပွဲပိုင်ရှင်ရဲ့ အပြုံးတွေက ပိုပြီး ကျယ်ပြန့်လာတယ်။


“ ဒီကိုလာခဲ့” 


အဘိုးကြီးရဲ့ ပုံစံ ကြောက်ရွံနေမှန်း သိသာပေမယ့် သူ ပြောတဲ့အတိုင်း အနားကို တိုးကပ်သွားခဲ့တယ်။


အနားကို ရောက်တော့ လေလံရုံပိုင်ရှင်က အဘိုးကြီးရဲ့ လည်ပင်းကို သူ့ရဲ့ လက်ချောင်းတွေနဲ့ ဆုတ်ကိုင်လိုက်ပြီး ရက်စက်တဲ့လှုပ်ရှားမှုတွေနှင့် သူ့ရဲ့လက်တွေကို တင်းကြပ်ကာ လှုပ်ရမ်းလိုက်တယ်။ 


“အားး-!” 


ဆေးရေးချတဲ့အဘိုးကြီးက လေနှင့်လွင့်ပါသွားတဲ့ သစ်ရွက်တစ်ရွက်လို   လှုပ်ရမ်းခံနေခဲ့ရပြီး ပိုင်ရှင်ရဲ့ ဆုတ်ကိုင်မှုအောက်မှာ နာကျင်စွာ ရုန်းကန်ရင်း အော်ငိုလာခဲ့တယ်။အဆက်အပြတ် နာကျင်အော်ဟစ်နေတယ်။ 


လီကျိုးရှင်းရဲ့ အမူအရာတွေက ဖြူစင်ရိုးသားတဲ့မျက်နှာဖုံးအောက်ကနေ ပြောင်းလဲစွာ ထွက်ပေါ်လာပြီး ကုဝမ်ချန်နဲ့ ယဲ့အန်းတို့ရဲ့ အရှေ့ကို ကာကွယ်လိုမှုအပြည့်နှင့် ပိတ်ရပ်လိုက်တယ်။


ပိုင်ရှင်ကို စိုက်ကြည့်နေတဲ့ လီကျိုးရှင်းရဲ့ မျက်လုံးတွေက စူးရှနေတာပဲ။ 


ကုဝမ်ချန်နဲ့ ယဲ့အန်းတို့က အံ့ဩမှုနဲ့အတူ ငြိမ်ကျသွားတယ်။ 


အရင်တုန်းက  သူတို့ကို အန္တရာယ်တွေကြားကနေ ဘယ်သူကမှအခုလိုမျိုး မကာကွယ်ပေးခဲ့ဖူးဘူး။ 


လီကျိုးရှင်းရဲ့ခန္ဓာကိုယ်က ခိုင်မာစွာရပ်တည်နေခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသန်မာပြီးတော့ လူတွေကို စိတ်လုံခြုံမှုပေးနိုင်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်တယ်။ 


လီကျိုးရှင်းက တကယ့်ကို ယောက်ျားပီသတာပဲ။


ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ အကာအကွယ်ပေးမှုအောက်မှာရှိနေရတာက .... ကုဝမ်ချန်အတွက်ရော၊ ယဲ့အန်းအတွက်ပါ သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြဖို့ရာ ခက်ခဲစေတယ်။


လေလံပွဲပိုင်ရှင်ရဲ့  အပြုံးက နွေးထွေးဖော်ရွေနေတုန်းပဲ။


“ငါ့ရဲ့ချစ်လှစွာသော ဧည့်သည်တော်တို့..  ဒီလို အပြစ်ပေးမှုမျိုးကို ကျေနပ်ကြရဲ့လား?” 


လီကျိုးရှင်းက ရုတ်တရက် ပြုံးလိုက်တယ်။


“အစကတုန်းကတော့ ဒါက ဘယ်လိုပြဿနာမှမရှိဘူး .. ဒါပေမယ့် ခင်ဗျားက ဒီလို အရာမျိုးကို လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ အပြစ်ရှိသလို ခံစားရလိမ့်မယ်” 


ပိုင်ရှင်က လီကျိုးရှင်းကို စိတ်ဝင်စားစရာအသစ်အဆန်းတစ်ခုလို ကြည့်လာတယ်။ 


“ဒါဆို ငါ့ကိုပြောပါဦး.. မင်းတို့ရဲ့နှလုံးသားထဲက အပြစ်ရှိသလို ခံစားချက်တွေကို ဖြေရှင်းဖို့အတွက်ဆိုရင် ငါ ဘာများကူညီပေးနိုင်မလဲဆိုတာကို?” 


“ဆေးဖိုးစရိတ်တွေကို ကျွန်တော်တို့ ဂရုစိုက်လိုက်မယ်”


လီကျိုးရှင်းက လေလံရုံပိုင်ရှင်ဆီကို လျှောက်သွားပြီး သူ့ရဲ့လက်ထဲက အဘိုးကြီးကို ဆွဲယူလိုက်တယ်။


အံ့ဩစရာကောင်းစွာနှင့်ဘဲ ပိုင်ရှင် အဘိုးကြီးကို အသာတကြည် လွှတ်ပေးလိုက်လေတယ်။ 


ဒါပေမယ့် လေလံရုံပိုင်ရှင် လွှတ်ပေးလိုက်တဲ့အခိုက်အတန့်မှာပဲ အဘိုးကြီးရဲ့ ရင်ဘတ်က ကွဲထွက်သွားခဲ့တယ်။ သွေးတွေက နီနီရဲရဲ ပန်းတစ်ပွင့် ပွင့်အာလာသလို လျှံထွက်လာပြီး တစ်နေရာလုံး သွေးတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။ 


လီကျိုးရှင်းက တစ်ခုခု မှားနေပြီဆိုတာကို ခံစားလိုက်ရတာကြောင့် အနောက်ကို အမြန်ဆုတ်ဖို့ ပြင်လိုက်ပေမယ့် အဘိုးကြီးကို ပိုင်ရှင်ရဲ့ လက်ထဲကနေ မကယ်တင်လိုက်နိုင်ဘူး။ 


လီကျိုးရှင်းနဲ့ ကုဝမ်ချန်ရဲ့ မျက်နှာအမူအရာတွေက အေးစက်သွားတယ် 


ပိုင်ရှင်ရဲ့ အပြုံးတွေကတော့ အနည်းငယ်လောက်တောင် မပျောက်ကွယ်သွားခဲ့ဘူး။ သူက လီကျိုးရှင်းကို စိုက်ကြည့်နေခဲ့တုန်းပဲ။


“ငါက  ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ဧည့်သည်တွေ စိတ်အဆင်မပြေအောင် လုပ်နိုင်မှာလဲ? လေးစားရပါတဲ့ ဧည့်သည်တော်..  မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ? ငါတို့အဖွဲ့အစည်းရဲ့ ရှက်စရာကောင်းတဲ့ တစ်ဖက်ခြမ်းကို  ပြသမိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ လက်ဆောင်လေးတွေ ပြင်ဆင်ပေးချင်လို့ပါ” 


“ ဟားဟား “ 


လီကျိုးရှင်းက ပြန်ဖြေလိုက်တယ်။


“ကျွန်တော့်ကို Big D လို့ခေါ်ကြတယ်” 


“Big D” 


ဒါက တော်တော်လေး ထူးခြားတဲ့ အဓိပ္ပါယ်ရှိတဲ့ နာမည်ပြောင်ပဲ။ 


လေလံပွဲပိုင်ရှင်က ခေါင်းကို တစ်ချက်ညိတ်ကာ လီကျိုးရှင်းရဲ့ လက်ထဲမှာပဲ ရှိနေသေးတဲ့ အလောင်းကိုကြည့်ပြီး သူတို့အတွက် လက်ဆောင်တွေ ပြင်ဆင်ပေးဖို့ ထွက်သွားတယ်။ 


ကုဝမ်ချန် : “ဒီမှာပဲ ထားခဲ့လိုက်” 


သူ့ရဲ့ အသံက အေးစက်နေပြီး သူရဲ့ စိတ်ဝိဥာဥ်စွမ်းအင်တွေက လေလံရုံပိုင်ရှင်ရဲ့ ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီးပြီ။


လီကျိူးရှင်းက အလောင်းကို မြေကြီးပေါ်သို့ ချလိုက်တယ်။ သူ့ရဲ့ တစ်ကိုယ်လုံး သွေးတွေနှင့် ဖုံးလွှမ်းနေပြီ။ 


သူတို့မထွက်သွားခင်မှာ ယဲ့အန်းက မြေကြီးပေါ်က အလောင်းဘေးမှာ ဒူးထောက်ထိုင်ချလိုက်ပြီး သေသေချာချာကြည့်လိုက်တယ်။


ပြီးနောက် လီကျိုးရှင်းကို မော့ကြည့်ပြီး ပြောလာတယ်။


“သခင်.. သူ့အရေပြားရဲ့အောက်မှာ တစ်ခုခု ထည့်ထားတယ်” 


ထိုစကားကို ကြားလိုက်ရတာနဲ့ လီကျိုးရှင်း ဘာစကားမှ မပြောတော့ဘဲ သူ မကြာခင်က လွှတ်ချထားခဲ့တဲ့အလောင်းကို ကောက်ကိုင်လိုက်တယ်။ 


“ငါတို့ မြန်မြန်လှုပ်ရှားဖို့ လိုတယ်” 


ယဲ့အန်းက သူရဲ့ ကြောက်လန့်နေတဲ့ အခြေအနေကို ဖုံးကွယ်ဖို့အတွက် လေလံပွဲထဲက ထွက်လာတဲ့အချိန်မှာ ထိုနှစ်ယောက်ရဲ့အနောက်ကနေ ပုန်းကွယ်ပြီး လိုက်လာခဲ့တယ်။


ဒီလူ.. လီကျိုးရှင်းကတော့။ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ရိုးအပြီး သူများပြောသမျှ စကားတိုင်းကို ယုံနေရတာလဲ? 


တကယ်လို့ ယဲ့အန်းသာ လူဆိုးတစ်ယောက်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ? 


ယဲ့အန်းက မကောင်းတဲ့လူတစ်ယောက်ဖြစ်နေရင်ရော?


သူ လိမ်ပြောနေခဲ့တာဆိုရင်ရော? 


လီကျိုးရှင်းက တစ်ဖက်လူပြောသမျှစကားတိုင်းကို မယုံခင် တွေးတောတာရော လုပ်ရဲ့လား?


....လီကျိုးရှင်းက...တကယ် တုံးအ,တာပဲ ။


သူတို့ လေလံပွဲထဲမှ ထွက်လာပြီးနောက် လူရှင်းတဲ့နေရာတစ်ခုကို ရှာဖွေခဲ့တယ်။ လီကျိုးရှင်းက စစ်တပ်သုံး ဓားမြောင်လေးကို ယဲ့အန်းဆီကို ပစ်ပေးလိုက်ပြီး အလောင်းကို သူ့ရှေ့ကိုချပေးလိုက်တယ်။ 


လီကျိုးရှင်းရဲ့ အခုလိုမျိုးအကြွင်းမဲ့ယုံကြည်မှုက ယဲ့အန်းရဲ့မျက်လုံးတွေကို မျက်ရည်တွေနဲ့ စိုစွတ်သွားစေတယ်။


သူ သူ့ရဲ့ခေါင်းကို မမော့ရဲတော့ဘူး။


ထို့အစား ဆေးရောင်းချတဲ့အဖိုးကြီးအလောင်းကို အနောက်ဘက်သို့ လှန်ချလိုက်ပြီး လျင်လျင်မြန်မြန် လှုပ်ရှားလိုက်တယ်။


သူ ဘာလုပ်လိုက်တာလဲဆိုတာကို ဘယ်သူမှ မမြင်လိုက်ရဘူး။ သို့ပေမယ့် သူပြန်ထလာတဲ့အချိန်မှာတော့ လီကျိုးရှင်းရဲ့လက်ထဲကို ပစ္စည်းတစ်ခု ထည့်ပေးလာခဲ့တယ်။ 


ဆေးရောင်းတဲ့အဘိုးကြီးရဲ့ အရေပြားထဲမှာ မြှုပ်ထားတဲ့အရာက တိရိစ္ဆာန်တစ်ကောင်ရဲ့ အရေပြားဖြစ်နိုင်တယ်။ အရေပြားရဲ့ အပေါ်မှာ ထူးဆန်းတဲ့နံပါတ်လိုသင်္ကေတတွေကို ရေးထွင်းထားခဲ့တယ်။


လီကျိုးရှင်း ထိုနံပါတ်သင်္ကေတတွေကို အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးမှ နားမလည်သလိုမျိုး ကုဝမ်ချန်ကို လှမ်းပေးလိုက်တယ်။ 


“ဘာကိုပြောချင်တာလဲဆိုတာ ငါမဖော်ထုတ်နိုင်လောက်ဘူး”


ကုဝမ်ချန်က ရယ်မောလိုက်တယ်။


“ဒါက ကုတ်ဖြေရမဲ့ဝှက်စာလေ..  မင်းက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ”


ကုဝမ်ချန်က ကြည့်တောင်မကြည့်ဘဲ သူ့ရဲ့ကုတ်အင်္ကျီအိတ်ကပ်ထဲကို ထည့်လိုက်ပြီး တစ်ခုခုကို စဉ်းစားနေတဲ့ပုံစံနဲ့ မျက်လုံးတွေကို ကျဥ်းမြောင်းလိုက်ပြီးယဲ့အန်းကို လှည့်ကြည့်လိုက်တယ်။ 


ယဲ့အန်းက တိတ်ဆိတ်စွာရပ်နေခဲ့ပြီး လီကျိုးရှင်းကို ကြည့်နေတဲ့အချိန်ကျမှ သူ့ရဲ့ ထုံထိုင်တဲ့မျက်လုံးတွေထဲမှာ အသက်ဝင်တဲ့အရိပ်အယောင်မျိုး ပေါ်ထွက်လာလိမ့်မယ်။


လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ ကျောင်းကို ပြန်လာကြတယ်။ 


လီကျိုးရှင်း ယဲ့အန်းကို  လှမ်းပြောလိုက်တယ်။


“ခုနတုန်းက  ငါပြောခဲ့တဲ့ ပူးပေါင်းဖို့အကြောင်းက...” 


လီကျိုးရှင်းရဲ့ လိုအပ်ချက်တွေက တင်းကျပ်တာမျိုးမရှိဘူး။ သူက ယဲ့အန်းကို သူ့ရဲ့ ကျွန်စာချုပ်ကနေ လွှတ်မြောက်ခွင့်ပေးခဲ့ပြီး ထိုလူငယ်လေးကို ဘဝအသစ်ကို စနိုင်ဖို့အတွက် ပိုက်ဆံအလုံအလောက်လည်း ပေးခဲ့တယ်။ 


လီကျိုးရှင်းက ယဲ့အန်းကို  သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ဖို့ကိုပဲ လိုချင်ခဲ့တယ်။  ဒီငယ်ရွယ်တဲ့ ကောင်လေးက သူတစ်ပါးရဲ့ ကျွန်အဖြစ် ဆက်မနေစေချင်တော့ဘူး။ 


လီကျိုးရှင်းက အမြဲတမ်း သန်မာပြီး ကိုယ့်ကိုယ်ကို  ယုံကြည်ချက်ရှိတဲ့လူတွေကို လေးစားတယ်။


ယဲ့အန်းက မထွက်သွားခင်မှာ လီကျိုးရှင်း ထွက်ခွာသွားရာဘက်ကို နက်နက်နဲနဲ စိုက်ကြည့်နေခဲ့တယ်။


သူ့အနေနဲ့  သူ့ရဲ့ဘဝကို ပြောင်းလဲနိုင်ခွင့် ပေးခဲ့တဲ့ ထိုလူငယ််လေးကို မှတ်မိနေချင်တယ်။ 


ယဲ့အန်းက သူ့ရဲ့ဒူးတွေကို ကွေးညွတ်ကာ  မြေကြီးပေါ်မှာ ဒူးထောက် ထိုင်ချလိုက်ပြီး စိတ်ပိုင်းဖြတ်ထားတဲ့ လေသံနဲ့ ပြောလိုက်တယ်။ 


“ကျွန်တော်  သခင်ဂုဏ်ယူရတဲ့လူတစ်ယောက်ဖြစ်လာအောင် သေချာပေါက် ကြိုးစားပါ့မယ်.. ကျွန်တော့်ရဲ့သခင်”


သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ လီကျိုးရှင်းက သူ့သခင်ဖြစ်ကြောင်းကို လေးနက်စွာ ယုံကြည်ထားခဲ့တယ်။


…… 


လီကျိုးရှင်းတို့ ကျောင်းကို ပြန်ရောက်တော့ ကုဝမ်ချန်က သူယူခဲ့တဲ့ အရေပြားကို လင်းနျဉ်ကို ပေးလိုက်တယ်။


“မင်း  ဒီကုဒ်ကို ဖြေရှင်းပေးနိုင်လား” 


လင်းနျဉ်က ကောက်ကိုင်လိုက်ပြီး သေသေချာချာကြည့်လိုက်တယ်။  


ထို့နောက် လျို့ဝှက်ပဟေဠိတစ်ခုကို ဖြေရှင်းရတော့မဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်။


“ငါ အဖြေရှာကြည့်လိုက်မယ်” 


သူက ပြောရင်းနဲ့ အချိန်တစ်စက္ကန့်တောင် အကုန်မခံနိုင်တဲ့ ပုံစံမျိုးနဲ့ အခန်းထဲ ဝင်သွားခဲ့လေတယ်။ 


လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ရဲ့ ခန္ဓာကိုယ်က သွေးတွေနဲ့ ဖုံးလွှမ်းခံနေရပြီ။


သူတို့ အပြန်လမ်းတစ်လျှောက်မှာ အပေါ်ထပ် ဝတ်ရုံတွေနဲ့ ဖုံးခဲ့ကြပေမယ့် အခန်းပြန်ရောက်လို့ ဝတ်ရုံတွေကို ချွတ်လိုက်ကြတဲ့အခါမှာတော့ အခန်းဖော်တွေကို  ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့တယ်။


သူတို့ရဲ့အခန်းထဲမှာ ရေချိုးခန်းက တစ်ခုတည်းပဲရှိတယ်။ ဒါကြောင့် လီကျိုးရှင်းက ကုဝမ်ချန်ကိုလှမ်းမေးလိုက်တယ်။


“ရေအတူချိုးချင်လား”


ကုဝမ်ချန်က ဘာမှမထူးဆန်းသလို ခေါင်းညိတ်လိုက်တယ်။ ပြီးမှ သူ တစ်ခုခုကို ရုတ်တရက်သတိရသွားခဲ့တယ်။


“ မင်းပြောခဲ့တဲ့ Big D ဆိုတဲ့ နာမည်ပြောင်က ..ဘာကိုပြောချင်တာလဲ?” 


ဒီကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်းက ဒီနာမည်ပြောင်ရဲ့ အဓိပ္ပါယ်ကို မသိနိုင်လောာ်ဘူးလား?


လီကျိုးရှင်းက ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြန်ဖြေခဲ့တယ်။


“အဲဒါက ငါ့မွေးရပ်မြေက လူတွေက ငါကအရမ်း ဖြူစင်ရိုးသားပြီး ချစ်စရာကောင်းလွန်းလို့ ခေါ်ကြတဲ့ နာမည်လေ” 


ကုဝမ်ချန်က ဒါက တော်တော်လေးရယ်စရာကောင်းတယ်လို့ တွေးမိတယ်။


“ဒါဆို မင်းကတကယ် Big D ပဲ” 


လီကျိုးရှင်းက စိတ်ရှုပ်ထွေးသွားရတယ်။


အခုအချိန်မှာ သူပျော်နေသင့်လား မပျော်သင့်ဘူးလားဆိုတာကို မသိတော့ဘူး။


“ကျေးဇူး” 


သူတို့တွေ အဝတ်အစားတွေကို ယူကာ ရေချိုးခန်းထဲကို ဝင်လိုက်ကြတယ်။ ရေချိုးခန်းက တစ်ချိန်တည်းမှာ လူအများကြီး ချိုးနိုင်အောင် ဆောက်ပေးထားတာဖြစ်လို့ အကန့်တစ်ခုဆီတိုင်းကို ရေစိုခံတဲ့ အသားတွေနဲ့ ကာထားပေးတယ်။ 


လီကျိုးရှင်းက ရေချိုးခန်းထဲကို လျှောက်သွားခဲ့ရင်း သူ့ရဲ့အဝတ်အစားတွေကို ချွတ်လိုက်တယ်။ 


သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ကျက်သရေရှိပြီး ဗိုက်က ကြွက်သားတွေကို အထင်းသားပေါ်လွင်စေတယ်။


ချက်ချင်းဆိုသလို ရေချိုးခန်းထဲမှာ ယောက်ျားဆန်တဲ့ ဟော်မုန်းတွေနဲ့ ပြည့်နှက်သွားတယ်။ 


လီကျိုးရှင်းက ခါးကို ကိုင်းညွတ်ရင်းသူ့ရဲ့ ညစ်ပတ်နေတဲ့ အဝတ်တွေကို အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်တယ်။ 


ကုဝမ်ချန်ကလည်း သူ့ရဲ့ရှပ်အင်္ကျီကို ချွတ်ထားခဲ့ပြီး လီကျိုးရှင်းရဲ့ လည်ပင်းနောက်ကျောနားကိုတိုးကပ်ကာ  အဝတ်လျှော်စက်ထဲကို ပစ်ထည့်လာတယ်။ 


အခုချိန်မှာတေု့ အမျိုးသားဇာတ်လိုက်ဆီကနေ မွှေးပျံ့တဲ့ ကိုယ်သင်းနံ့မျိုး မရတော့ဘူး။ 


လီကျိုးရှင်း စိတ်ပျက်လက်ပျက်ဖြစ်သွားရတယ်။ 


သူ အမျိုးသားဇာတ်လိုက် ထိုအရာ*  ကို လုပ်တဲ့အချိန်မှာ ဘယ်လိုအနံ့မျိုး ထွက်လာမလဲဆိုတာကို တွေးတောလိုက်မိတယ်။


စာအုပ်ထဲမှာ သူမိန်းကလေးများစွာနဲ့ လူးလှိမ့်တဲ့အချိန်မှာရော ထိုမိန်းကလေးတွေကို ရှက်သွေးဖြာရလောက်တဲ့ထိ ရနံ့တွေကို ထုတ်လွှင်နေလောက်မလား? 


“မင်းရဲ့ ခန္ဓာကိုယ်က အတော်လေးမိုက်တာပဲ” 


ကုဝမ်ချန်က သူ့ရဲ့ ဘောင်းဘီကြယ်သီးကို ဖြုတ်ရင်း ပြောလာတယ်။


“ဒါပေမယ့် ငါက နည်းနည်းလောက် ပိုကောင်းတယ်” 


“ဟမ် .. မင်း ဘယ်လောက်ပိုကောင်းလဲဆိုတာ ငါ မမြင်ရသေးဘူး”


လီကျိုးရှင်းက သူ့ရဲ့မေးစေ့ကို ပွတ်သတ်ရင်း တွေးတောနေသလိုမျိုး ကုဝမ်ချန်ရဲ့ အပေါ်ပိုင်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်တယ်။ 


“မင်းမှာရှိတဲ့အရာမှန်သမျှ အကုန်လုံး ငါ့မှာရှိတယ်လေ... ဒါမှမဟုတ် မင်း ဘာလို့ တစ်ဖက်ကိုလှည့်ပြီး မင်းရဲ့တခြားဖက်အခြမ်းကို မပြရတာလဲ”


ဆယ်ကျော်သက်တွေက ဒီလိုမျိုး ပြိုင်ဆိုင်တတ်ကြတာလား? 


ကုဝမ်ချန်က ရယ်မောလိုက်ပြီး တစ်ပတ်လှည့်ပြလိုက်တယ်။ 


“ဒီတော့? မင်းဘယ်လိုထင်လဲ” 


ရေချိုးခန်းထဲမှ ရေငွေ့တွေက သူတို့အနားတဝိုက်မှာ ပျံ့နှံ့နေခဲ့တယ်။


လီကျိုးရှင်းရဲ့အသံက ရေချိုးခန်းထဲမှာ ပဲ့တင်ထပ်လောက်အောင် နက်ရှိုင်းနေခဲ့တယ်။ 


“အမ်.. မင်းက ငါ့ထက်ပိုမိုက်တယ်”