Ch 19
Viewers 3k

(19)


လီကျိုးရှင်က ကုဝမ်ချန် ရေချိုးခန်းအကန့်ထဲသို့ ပြန်မသွားခင်မှာဘဲ လှမ်းအော်လိုက်တယ်။


“ကုဝမ်ချန်..  ငါ့ရဲ့ တဘက်ကို လှမ်းပစ်ပေးလို့ ရမလား?”


လီကျိုးရှင်းက သူ့ရဲ့ ညစ်ပတ်နေတဲ့ အဝတ်အစားတွေကို ဖြည်းဖြည်းချင်း ချွတ်ချရင်း ထိုစကားကို လှမ်းပြောခဲ့တယ်။ 


သူ့ရဲ့ဘောင်းဘီက ကြမ်းပြင်ပေါ်သို့ လျှောကျသွားခဲ့ပြီး သူ့ရဲ့ ရှည်လျားတဲ့ ခြေတံရှည်တွေ ပေါ်ထွက်လာခဲ့တယ်။


သူက သူရဲ့ဘောင်းဘီထဲကနေ ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ခါးကိုကိုင်းညွတ်ကာ ဘောင်းဘီကို ကောက်ယူပြီး အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်တယ်။


ကုဝမ်ချန်ရပ်နေတဲ့နေရာကနေဆိုရင် လီကျိုးရှင်းရဲ့ ဗိုက်မှ ဝမ်းဗိုက်ကြွက်သားတွေကို အထင်းထားမြင်နေရတယ်။


တစ်ကယ်လို့ ဂေးတစ်ယောက်သာ ဒီအခန်းထဲမှာ ရှိနေမယ်ဆိုရင် လီကျိုးရှင်းတစ်ယောက် ကုဝမ်ချန်ကို ဆွဲဆောင်ဖို့ကြိုးစားနေတယ်ဆိုတာကို သေချာပေါက်သိနေမှာပဲ။


ကုဝမ်ချန်ရဲ့ နှလုံးသားထဲကို အနည်းငယ်ထူးဆန်းတဲ့ ခံစားတွေနှင့်မွှေနှောက်ခံလိုက်ရသလိုဘဲ။ သူက တဘတ်လှမ်းယူကာ လီကျိုးရှင်းဆီကို အလွန်ဖြည်းညင်းစွာလှမ်းပေးလိုက်တယ်။


“ဒီမှာ”


“ကျေးဇူးပါ” 


လီကျိုးရှင်းက တဘက်ကိုလက်တစ်ဖက်တည်းနဲ့ လှမ်းယူရင်း ပြောလိုက်တယ်။ 


 “code က ဘာအဓိပ္ပါယ်လဲဆိုတာ သိချင်နေပြီ”


“လင်းနျဉ် ဖြေရှင်းနိုင်မှာပါ” 


ကုဝမ်ချန် လီကျိုးရှင်းရဲ့ လက်ဆီကနေ အကြည့်လွှဲလိုက်တယ်။ 


“ငါ အရင် ဝင်နှင့်တော့မယ်” 


ကုဝမ်ချန် လီကျိုးရှင်းရဲ့ အဖြေကိုတောင် မစောင့်တော့ဘဲ လှည့်ထွက်သွားခဲ့တယ်။


လီကျိုးရှင်းက ပိတ်သွားပြီဖြစ်တဲ့ ရေချိုးခန်းအခန်းငယ်လေးဆီကို အကြာကြီး ကြည့်ပြီးမှ သူ့ရဲ့ကိုယ်ပိုင်ရေချိုးခန်းငယ်လေးထဲကို ဝင်သွားခဲ့တယ်။ သူက ရေပန်းကို ဖွင့်လိုက်ပြီး ခရမ်ကို လျက်လိုက်နိုင်တဲ့ ကြောင်ကြီးတစ်ကောင်လို ပြုံးရယ်လိုက်လေတယ်။


သူတို့နှစ်ယောက် ရေချိုးခန်းထဲမှ ထွက်လာပြီးတဲ့နောက် ကျိယွီ နဲ့ ချီနန်တို့က ခပ်တူညီစွာလေးနက်နေတဲ့ မျက်နှာအမူအရာတွေနဲ့ ဆိုဖာပေါ် ထိုင်ပြီးစောင့်နေတာကို တွေ့လိုက်ရတယ်။


“မင်းတို့ အတိအကျဘာဖြစ်လာကြတာလဲ?”


“မင်းတို့တွေ လေလံပွဲကို အပျော်သဘောနဲ့ပဲ သွားကြတာမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး တစ်ကိုယ်လုံး သွေးတွေပေစွန်းပြီး ပြန်လာကြတာလဲ?”


ရှီနန်က စိတ်ပူလွန်းလို့ ဒေါသတောင်ထွက်နေတဲ့ပုံပေါက်တယ်။ 


“ တစ်ယောက်ယောက်က မင်းတို့ကို အနိုင်ကျင့်လိုက်တာလား?”


လီကျိုးရှင်း ကုဝမ်ချန်ကို  လှမ်းကြည့်လိုက်တယ်။


ကုဝမ်ချန်က NK-03 အကြောင်းကိုတစ်ခြားအစင်းသားတွေကို သိစေချင်ရဲ့လား ဆိုတာကို လီကျိုးရှင်း သေချာမသိဘူး။


ကုဝမ်ချန် : “မမျှော်လင့်ထားတဲ့ ကိစ္စလေးတစ်ခုပေါ်လာလို့ပါ.. ဒါပေမယ့် ငါတို့နှင့်တော့ ဘာမှမဆိုင်ဘူး”


ကုဝမ်ချန်က ဆက်ပြီး ရှင်းပြပေးလာတယ်။


“လေလံပွဲက လူရှုပ်လွန်းတယ်လေ.. ဒါကြောင့် တစ်စုံတစ်ယောက်က ဘယ်သူမှ မရိပ်မိခင် ပစ္စည်းတွေကို ခိုးဖို့ လုပ်နေတာ.. အဲဒါကို လေလံပွဲပိုင်ရှင် ဖမ်းမိသွားတော့ အပြစ်ပေးဖို့ လုပ်ခဲ့တယ်.. ငါတို့က အဲဒီနားမှာ ရပ်နေခဲ့လို့ ငါတို့ကိုပါသွေးတွေ စင်သွားတာ”


ကျိယွီ မျက်မှောင်ကျုံ့လိုက်တယ်။


“နောက်တစ်ခါဆို ငါတို့ကိုပါ ခေါ်သွား”


ကုဝမ်ချန်ရဲ့အကြည့်တွေက ပိုလို့လေးနက်ရိုးသားလာတယ်။


“ကောင်းပြီ”


ရှီနန်က လီကျိုးရှင်းရဲ့အနားသို့ လျှောက်လာပြီး စိတ်လှုပ်ရှားတုန်လှုပ်မှုတွေကို ထိန်းချုပ်လိုက်ပြီးမှ မေးလာတယ်။


“ဒီတော့ မင်းတို့တွေ လေလံပွဲထဲမှာ အဲလိုအရာမျိုးကို တွေ့ခဲ့သေးလား?”


လီကျိုးရှင်းရဲ့မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှု ဆိုတဲ့ စာတန်းကြီးက ရှင်းရှင်းလင်းလင်းပေါ်လာခဲ့တယ်။


“ဘာလဲ?”


“ မင်းသိပါတယ် ..အဲဒါလေ” 


ရှီနန်ရဲ့မျက်နှာက ခရမ်းချဉ်သီးလို နီရဲလာနေပြီဖြစ်ပေမယ့် ရှိသမျှ သတ္တိတွေကို စုစည်းပြီး ဆက်မေးခဲ့တယ်။


“လေလံပွဲထဲမှာ အရမ်းလှတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်လို့ ငါတို့ကြားဖူးတယ်..  သူတို့က လေလံပွဲကိုလာတဲ့ ဧည့်သည်တွေကို ပြုံးပြပြီး ချောမောတဲ့အမျိုးသားတွေကို အခွင့်ကောင်းယူတတ်တယ်တဲ့.. သူတို့.. သူတို့က စိတ်ဝင်စားရင်  မင်းတို့ရဲ့ လက်တွေကိုပါ လာကိုင်လိမ့်မယ်တဲ့ .. အဲဒါ.. မင်းတို့တွေ သူတို့ကို တွေ့ခဲ့လား?”


လီကျိုးရှင်းက မေးစေ့ကို လက်နဲ့ပွတ်လိုက်ပြီး စဉ်းစားနေဟန်ပြုလိုက်တယ်။


“အမ်.. အဲဒီမှာ လှပတဲ့ အမျိုးသမီးတွေတော့ အများကြီးရှိတယ်”


ရှီနန်ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ တောက်ပသွ်းခဲ့တယ်။


“သူတို့က ဘယ်လောက်တောင် လှတာလဲ .. နာအန်းထက် ပိုလှလား?”


“မင်း ဘယ်လိုလုပာပြီး နာအန်းရဲ့အသွင်အပြင်ကိုသိရုံနဲ့ အလှလေးတစ်ယောက်ကို သူမနဲ့ နှိုင်းယှဥ်နေရတာလဲ”


လီကျိုးရှင်းက မျက်ခုံးကို ပင့်လိုက်တယ်။


“ပြီးတော့ ဘာလို့ သူမရဲ့အကြောင်းကို ဆွဲထည့်လာရတာလဲ?”


“အမ်.. ဒီအကယ်ဒမီမှာ ငါမြင်ဖူးတဲ့ မိန်းကလေးဆိုလို့ သူမပဲရှိတာလေ” 


ရှီနန်က ရှင်းပြလာခဲ့တယ်။


“အိုး ဟုတ်သားပဲ.. မင်းတို့ပြန်မလာခင်တုန်းက သူမက ဒေသထွက် ဟင်းချက်စရာ စားသောက်ကုန်ပစ္စည်းတွေ လာပေးသွားသေးတယ်.. စားသောက်ကုန်ပစ္စည်းတွေက အကုန် လက်ဆတ်ပြီး ဒေသရဲ့ အထူးစပါရှယ်စားစရာတွေပဲ..  နာအန်းက တကယ်ကို စဥ်းစားတွေးတောပေးတတ်တယ်”


သူတို့ စကားခဏလောက်ပြောနေတုန်းမှာပဲ လင်းနျဉ်ရဲ့ခေါင်းကအခန်းထဲ ပြူထွက်လာခဲ့ပြီး သူတို့ရဲ့စကားတွေကို ဖြတ်တောက်လာခဲ့တယ်။ သူရဲ့မျက်နှာက နဂိုအတိုင်း အမူအယာကင်းမဲ့နေတုန်းပဲဖြစ်ပေမဲ့ မျက်လုံးတွေကတော့ နှစ်သစ်ကူးအကြိုရက်ကို ဖြတ်သန်းနေတဲ့ ကလေးတစ်ယောက်လို တောက်ပနေခဲ့တယ်။


“ငါ ဒါကိုဖြေရှင်းနိုင်ပြီ”


လင်းနျဉ်က ဆက်ပြောတယ်။


“ဒါပေမယ့် ငါ့ကို အချိန်နှစ်ရက်လောက်တော့ ပေးရမယ်”


ကုဝမ်ချန်က လင်းနျဉ်ရဲ့ ကြေညာချက်ကို ပြန်မတုံ့ပြန်ခင်မှာ လီကျိုးရှင်းဘက်ကို လှည့်ကြည့်လိုက်ခဲ့သေးတယ်။


“အဆင်ပြေပါတယ် .. ဖိအားတွေ ရှိနေစရာမလိုဘူး.. လင်းနျဥ်.. မင်းက အရမ်းတော်တာပဲ ” 


ကုဝမ်ချန်ရဲ့လေသံက တကယ့်ကို ပျော်ရွှင်နေတဲ့ပုံပဲ။


လင်းနျန် ကုဝမ်ချန်ရဲ့ အချိန်ယူလို့ရကြောင်း စကားတွေကိုကြားတော့ စိတ်သက်သာရာရသွားပုံပေါ်ပြီး အခန်းထဲကနေ ထွက်လာကာ ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။


“ဒါပေါ့ ငါက ဥာဏ်ကြီးရှင်ပဲ”


ထို စကားလုံးတွေရဲ့နောက်မှာ စိတ်ကြီးဝင်ဂုဏ်မောက်မှုတွေ ရှိမနေခဲ့ဘူး။ လင်းနျဉ်က တကယ့်ဖြစ်ရပ်မှမ် အကြောင်းအရာတွေကို ပြောပြနေသလိုပဲ ပြောလာခဲ့တာ။


ဒီကုတ်ထဲမှာ NK-03 နဲ့ ပတ်သတ်မှုရှိတဲ့ သတင်းတစ်ခုခုပါဝင်မလားဆိုတာကို  မသိပေမယ့် ဆေးရောင်းတဲ့ အဘိုးကြီးက ဒီသားရေပြားကို သူ့ရဲ့ခန္ဓာကိုယ်ထဲအထိ ထည့်ပြီး ဖွက်ထားခဲ့တာဆိုမှတော့ သေချာပေါက် အလွန်အမင်း အရေးကြီးတဲ့  တစ်ခုခုဖြစ်နေလိမ့်မယ်။


ကုဝမ်ချန်က ပျော်ရွှင်နေတဲ့ စိတ်ခံစားချက်တွေ ရှိနေသေးတဲ့ပုံပဲ။ သူက မတ်တပ်ထရပ်လိုက်ပြီး ရှီနန်ကို လှမ်းမေးလိုက်တယ်။


“နာအန်းက ဟင်းချက်ဖို့ စားသောက်ကုန်ပစ္စည်းတွေ ယူလာပေးခဲ့တာလား?”


“ဟုတ်တယ် ရေခဲသေတ္တာထဲမှာလေ” 


ရှီနန်က ရေခဲသေတ္တာဘက်ကို လျှောက်သွားတဲ့ ကုဝမ်ချန်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်မိတယ်။ သူ နားမလည်နိုင်တဲ့ အရာတစ်ခုခုကို မြင်တွေ့ရသလိုမျိုးပဲ။


“မင်း ဟင်းချက်မလို့လား?”


ကုဝမ်ချန်က သူ့ရဲ့အင်္ကျီလက်တွေကို ခေါက်တင်လိုက်တယ်။


“ငါ ဒီနေ့ မင်းတို့ကို အစားအသောက်ချက်ပြုတ်တာကို ဘာလို့အနုပညာလို့ ခေါ်ကြလဲဆိုတာကို  မင်းတို့သိအောင် ပြသေးမယ်”


“ငါကူညီပေးမယ်” 


လီကျိုးရှင်းက အလျင်အမြန်ထရပ်လိုက်ပြီး ပြောလိုက်တယ်။ 


“မင်း ဘာတွေ ချက်ချင်လဲ”


ကုဝမ်ချန်တစ်ယောက် လီကျိုးရှင်းကြောင့် ရေချိုးခန်းထဲမှာတုန်းက ခံစားခဲ့ရတဲ့ ထူးဆန်းတဲ့ ခံစားချက်မျိုးကို နောက်တစ်ကြိမ် ပြန်ခံစားလိုက်ရတယ်။ ကုဝမ်ချန် ထိုရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဖိနှိပ်လိုက်ပြီး  လီကျိုးရှင်းကို ချက်ပြုတ်စရာပစ္စည်းတစ်ချို့  ဆေးကြောခိုင်းလိုက်တယ်။


ဒီစာအုပ်ထဲက ကမ္ဘာကြီးက အပြင်က ကမ္ဘာကြီးထက် နည်းပညာတွေအများကြီးတိုးတက်မှုဖွံ့ဖြိုးနေတယ်လို့ ဖော်ပြထားခဲ့ပေမဲ့ အစက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့စကေးလ်တွေကတော့ သူ့ရဲ့ ကမ္ဘာာကြီးနဲ့ ထပ်တူညီနေတုန်းပဲ။


ကွာခြားသွားတာဆိုလို့ မီးဖိုးချောင်သုံးပစ္စည်းတွေက လီကျိုးရှင်း သူ့ရဲ့ မိခင်ကမ္ဘာပြီးမှာ သုံးခဲ့တဲ့ပစ္စည်းတွေထက် အများကြီးပိုပြီး အကျိုးသက်ရောက်မှုရှိတယ်။


လီကျိုးရှင်း ဟင်းချက်ပစ္စည်စတွေကို ဘေးနားမှာချထားရင်း ဆေးကြောဖို့လုပ်လိုက်ချိန်မှာ ရေတွေက သူ့ရဲ့အင်္ကျီဘက်သို့ ပန်းထွက်လာခဲ့လေတယ်။


လီကျိုးရှင်းက ကူကယ်ရာမဲ့သလို သက်ပြင်းချလိုက်တယ်။ 


“ကုဝမ်ချန်”


ကုဝမ်ချန်က ဓားကိုချလိုက်ပြီး လှည့်ကြည့်လာတယ်။


“ဘာလဲ?”


“ငါ့ရဲ့အင်္ကျီလက်ကို ကူပြီးခေါက်တင်ပေးပါဦး” 


လီကျိုးရှင်း စိတ်အနှောင့်အယှက်ဖြစ်သလို ပြုံးလာခဲ့တယ်။


“ရေတွေ စိုသွားလို့”


ကုဝမ်ချန် ဖိနှိပ်ထားတဲ့ ခံစားချက်တွေက ပြန်ပေါ်လာခဲ့ပြန်တယ်။ 


ကုဝမ်ချန် သူ့ရဲ့မျက်နှာပေါ်မှာ ဘယ်လိုခံစားချက်မျိုးမှ မပေါ်လာစေရန် ရုန်းကန်လိုက်ရပြီး လီကျိုးရှင်းရဲ့အနားကိုသွားကာ သူ့ရဲ့ အင်္ကျီလက်တွေကို ကူညီပေးလိုက်တယ်။


သူက ဘယ်ဘက်အင်္ကျီလက်ကို အရင်ခေါက်တင်ပေးလိုက်ပြီးမှ ညာဘက်ကိုပြောင်းကာထပ်မံခေါက်လိုက်ပြန်တယ်။ သူက အင်္ကျီလက်တွေကို လီကျိုးရှင်းရဲ့တံတောင်နားအထိ သပ်ရပ်စွာ ခေါက်တင်ပေးလိုက်ပြီး နောက်ထပ် လျောမကျလာအောင် လုပ်ပေးခဲ့တယ်။


“ဒီလိုဆို အဆင်ပြေပြီလား?”


“သေချာတာပေါ့” 


လီကျိုးရှင်း ပြုံးပြလိုက်တယ်။


“ကျေးဇူးပဲ ဝမ်ချန်”


“ကိစ္စမရှိပါဘူး”


ကုဝမ်ချန်က သူ့ရဲ့နဂိုနေရာကို ပြန်သွားခဲ့ပြီး ဓားကို ကောက်ကိုင်လိုက်ပြီး ဟင်းချက်စရာတွေကို ပါးပါးလေးတွေဖြစ်အောင် လှီးဖြတ်လိုက်တယ်။


အချိန်ခဏလောက်ကြာပြီးသွားတော့ ကုဝမ်ချန်တစ်ယောက် မထိန်းနိုင်တော့ဘဲ လီကျိုးရှင်းဘက်ကို လှည့်ကြည့်လိုက်မိတယ်။


လီကျိုးရှင်းက အသီးအရွယ်တွေကို အလေးအနက် ဆေးကြောနေခဲ့တယ်။ လုံးဝန်းတဲ့ အနီရောင်အသီးလေးတစ်လုံးက သူ့ရဲ့လက်ထဲမှာ အကြိမ်ပေါင်းများစွာ ဆေးကြောခံထားခဲ့ရပြီး အသီးပေါ်မှာ အမှုန်အမွှားလေးတစ်စတောင် ကျန်ရှိမနေတော့ဘူး။


လက်ထောက်စာဖိုမှူးလို အယောင်ဆောင်တဲ့နေရာမှာတော့ တကယ့်ကိုတော်တာပဲ။  ကုဝမ်ချန်တွေးလိုက်တယ်။


အချိန်တစ်နာရီလောက်ကြာတော့  မီးဖိုခန်းထဲကနေ အရသာရှိတဲ့ရနံ့တွေက ဧည့်ခန်းထဲအထိ စတင် ပျံ့လွင့်လာခဲ့ပြီ။


ရှီနန်က မီးဖိုခန်း တံခေါးပေါက်နားကိုရောက်လာပြီး ခွေးပေါက်လေးလို မျက်လုံးတွေနဲ့ အတွင်းဘက်ကို ချောင်းကြည့်နေခဲ့တယ်။


လီကျိုးရှင်းအနေနဲ့ အခုချိန်မှာ အလုပ်ရှုပ်နေတာမျိုးမရှိတာကြောင့်    အသားတုံးလေးတစ်တုံးကောက်ယူပြီး ရှီနန်ကို ကျွေးလိုက်တယ်။


“အရသာဘယ်လိုနေလဲ”


ချီနန်က ပူနွေးတဲ့ အသားတုံးကို ကိုက်ဝါးရင်း မျိုချလိုက်ပြီး ခေါင်းကို တဆက်ဆက်ညိတ်ပြတယ်။


“အရသာရှိတယ်! အရမ်းအရသာရှိတာပဲ! နောက်တစ်တုံးလောက် ထပ်ကျွေးပါဦး!”


“ဟင်းတွေက အဆင်သင့်မဖြစ်သေးဘူး” 


လီကျိုးရှင်းက ရှီနန်ရဲ့ နဖူးကို အသာပုတ်ပြီး ပြောလိုက်တယ်။ ပြီးနောက် ပန်ကန်းလုံးထဲက နောက်ထပ်အသားတစ်တုံးကို ထပ်မံယူလိုက်ပြီး ကုဝမ်ချန်ရဲ့ မျက်နှာနားကို တိုးကပ်ပေးလိုက်တယ်။


“ဒီမှာ..  မင်း ရဲ့ကိုယ်ပိုင်အရသာကို မြည်းကြည့်လိုက်ဦး”


“မင်းက စကားကို တတယ်ထူးဆန်းတဲ့နည်းနဲ့ ပြောနေတာပဲ”


ကုဝမ်ချန်က ရယ်မောလိုက်ပြီး လီကျိုးရှင်းကို မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ပေမဲ့ အရသာရှိပုံရတဲ့ အသားတုံးကို မြည်းကြည့်ဖို့အတွက် ပါးစပ်ကို ဟပေးနေတုန်းပဲ။


“ ‘ငါ့ရဲ့ ကိုယ်ပိုင်အရသာကို မြည်းကြည့်’ဆိုတာက ဘာကိုဆိုလိုချင်တာလဲ? “


လီကျိုးရှင်းက ရယ်မောလိုက်တယ်။


“ငါ အရမ်းဗိုက်ဆာနေလို့ သေသေချာချု မတွေးနိုင်တော့ဘူး”


ကုဝမ်ချန် အော်ရယ်လိုက်တယ်။


သူက သေသေချာချာကို မတွေးနိုင်တော့ဘူးပေါ့လေ?


ဒီကောင်လေးက တကယ့်ကို.. ချစ်စရာကောင်းလွန်းတယ်။