အပိုင်း ၈၈
Viewers 10k

Chapter 88
သူမပါပဲ


​မော့ကျန်းက ကျန်းမိသားစု၏ ​နောက်ခံကို မသိပါ​သော်လည်း သူတို့တွင် လုပ်နိုင်စွမ်းအချို့ ရှိ​နေသည်ကို ​တွေ့မြင်​နေရသည်။ တစ်ချက်ကြည့်ရုံနှင့် နည်းပြချုပ်ကျန်းက သာမန်လူ မဟုတ်သည်မှာ သိသာ​နေခဲ့သည်။ သူ ​ခေါင်းငြိမ့်ပြ၍ ​ပြောလိုက်​လေသည်။

"​ကောင်းပါပြီ"

​စေ့စပ်ညှိနှိုင်းခြင်း ပြီးသွားသည့်​နောက် နည်းပြအိုကြီးကျန်းက ​မော့ကျန်းကို ထပ်မံတိုင်းတာ​လေ​တော့သည်။ စူးရှသည့် အကြည့်တို့က သူ့ခန္ဓါကိုယ်ကို ထိုး​ဖောက်​နေပြီး ​မော့ကျန်းသည်ပင် ဆက်လက်​တောင့်မခံနိုင်​တော့။ ကံအား​​လျော်စွာဖြင့် လူအိုကြီးကျန်းက မကြာမီမှာပင် စကားဟလာခဲ့သည်။

"မစ္စတာ​မော့မှာ အချိန်ရှိရဲ့လားမသိဘူး... မကြာခင် ယန်ယန်ရဲ့ မိဘ​တွေ လာကြ​တော့မှာ​လေ... စိတ်မရှိရင် ဒီမှာပဲ ​နေ့လည်စာ စားသွားပါလား"

ခဏ​နေပါအုံး ဆရာ​ရေ... ဆရာ့နှလုံးသားထဲမှာ သူ့ကို ဆရာတူ ​ယောက်ဖ လုပ်ဖို့ စိတ်ကူး​နေတာလား...

လီယန်က အနည်းငယ် ရှက်ရွံ့သွား​လေသည်။ သားမက်ကို ​ယောက္ခမ​​တွေဆီက​နေ အစစ်​ဆေးခံဖို့ ​စောင့်ခိုင်း​​နေသလို ဒီခံစားချက်ကြီးက ဘာလဲဟ...သူမက အခုထိ စိတ်မပြင်ဆင်ရ​​သေးဘူးလို့... မဟုတ်သေးပါဘူး... ​သေချာ​ပေါက် သူ့ရဲ့ ​ယောက္ခမ​တွေ မဟုတ်​ဘူး​လေ...

"ဒါဆို ဘိုးဘိုးကိုပဲ ဧည့်ဝတ်​​ကျေပွန်လို့ ​ကျေးဇူးတင်ရမှာပဲပေါ့" ​​

မော့ကျန်းက အလွန် သိမ်​မွေ့​သော အပြုံး​လေးတစ်ခု ပြုံးပြလိုက်သည်။

​​နေစမ်းပါဦး... ဘယ်သူက မင်းရဲ့ ဘိုးဘိုးလဲကွ... ဘာလို့ သူ့ကို ဘိုးဘိုးလို့ ​ခေါ်​နေတာလဲ... သူ့ကို ဘာလို့ ဆရာတူအစ်ကိုကြီးလို့ ​ခေါ်​နေတာလဲ... မင်းက လာထိုးခံ​ချင်​နေ​တော့တာလား... မျက်နှာ​ပေါ်ကို အထိုးခံချင်​နေပြီ ထင်တယ်...

​မော့ကျန်း လူအိုကြီးကျန်း​နောက်မှ တဆင့် အိမ်ထဲသို့ လိုက်ဝင်သွားသည်ကို ကြည့်ကာ အစ်ကို​ခြောက်က အ​မောတ​ကော ​ပြောလိုက်သည်။

"ဆရာ... သူတို့ကို ဘာလုပ်လိုက်ရမလဲ"

ကြမ်းပြင်တွင် ဒူး​ထောက်​နေသည့် ဝတ်စုံပြည့်ဝတ်ထား​သော လူမှာ လူအိုကြီးကျန်းကို ကြည်ကြည်လင်လင်ဖြင့် ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် မျက်ရည်များပင် ရှိ​နေ​သေးသည်။

"လွှတ်​ပေးလိုက်"

'ဝူးဝူးဝူး... ​နောက်ဆုံး​​တော့ ကယ်တင်ခံလိုက်ရပြီ'

တစ်မနက်လုံးအ​တောအတွင်း မော့ကျန်းက လူအိုကြီးကျန်းနှင့် စကား​ပြော​နေစဥ်တွင် ​​လီယန်က ​ဘေးတွင် ထိုင်​ပေး​နေခဲ့သည်။ အချိန်နှင့်အမျှ သူမက သူတို့အတွက် လက်ဖက်ရည်​​ဖျော်ကာ ​ရေငှဲ့​ပေး​​နေခဲ့သည်။ နှစ်​ယောက်သားက စကား​ပြော​နေခဲ့ကြသဖြင့် လွယ်လွယ်နှင့် ​ရေဆာလာနိုင်​ပေသည်။

ဆယ့်တစ်နာရီ နီးပါး ရှိလာ​သောအခါ လီယန်၏ မိဘများ ​ရောက်လာခဲ့သည်။ ပါးပါးလီက ​မော့ကျန်းကို ချက်ချင်းပင် မှတ်မိသွားခဲ့သည်။

"မင်းက ငါ့သမီးကို အသားယူခဲ့တဲ့ ​ကောင်မလား"

ဆရာတူအစ်ကိုကြီး၏ မျက်လုံးများ ဝင်းပသွား​လေသည်။ ​နောက်ဆုံး​​တော့ သူ့ဘက်​​တော်သား တစ်​ယောက်ကို ​တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

မားမားလီ၏ မျက်လုံးများသည်လည်း ဝင်းပသွားခဲ့​လေသည်။

"ဧကရာဇ်​မော့က အရှင်လတ်လတ်ကြီး ​ရောက်​နေတာပဲ... ဧကရာဇ်​မော့​ရေ... အိုး ဟုတ်သား... HB ရေချိုးဆပ်ပြာနို့ရည်ရဲ့ ပစ္စည်းအသစ်က ​စျေးကွက်ထဲ ဘယ်​​​တော့မှ ​ရောက်မှာလဲဟင်... ​အဲ့ဒါကို စောင့်​နေရတာ ကြာလှပြီ"

ပါးပါးလီ: "…"

အ​မေကြီး​ရေ... မင်းက​တော့ သစ္စာ​​ဖောက်ပဲ...

​မော့ကျန်းက ထိုင်ခုံမှ ထရပ်ကာ ထိုနှစ်​ယောက်ကို ယဥ်ယဥ်​ကျေး​ကျေး နှုတ်ဆက်လိုက်သည်။ ထို့​နောက် သူက မားမားလီကို ​ပြောလိုက်​လေသည်။

"​ရေချိုးဆပ်ပြာက ကျွန်​တော် လီယန်ကို စမ်းကြည့်ဖို့ ပစ္စည်းအစုံ ​ပေးထားပြီးသားပါ... အန်တီ ကြိုက်ရင် သူ့ဆီက​နေ တစ်စုံ ယူလို့ ရတယ်​လေ"

"တကယ်လား"

မားမားလီက လီယန်ကို ​ပျော်​ပျော်ရွှင်ရွှင် ကြည့်လိုက်သည်။ လီယန်က နှုတ်ခမ်းဆူကာ ​ပြောလိုက်သည်။

"သိပါပြီ... ​နောက်တစ်ခါကျ ယူခဲ့ပါ့မယ်... မားမားရဲ့ ​​ရေချိုးဆပ်ပြာထဲမှာ HBကို တစ်ခါမှ မသုံးဖူးဘူးဆိုတာ သမီး မသိဘူး မထင်နဲ့​နော်... ဒါက မိန်းက​လေး​ငယ်တွေ အတွက် ထုတ်တဲ့ဟာ​လေ"

လီယန်၏ အ​ဖေက လီယန်ကို ဆွဲကာ ခက်ထန်​နေ​သော မျက်နှာဖြင့် ​ပြောလိုက်သည်။

"သမီးနဲ့ ​​လေး​လေးနက်​နက် ​ဆွေး​နွေးဖို့ လို​နေတာ ရှိတယ်... သမီး​အရင်က ပြော​တော့ ဝန်ထမ်းအ​ဆောင်မှာ​နေတာဆို... အခု အယ်ဒီတာ အလုပ်ကလည်း အတုဆို​တော့ ဝန်ထမ်းအ​ဆောင်မှာ ​နေတာဆိုတဲ့ အချက်ကို ပါးပါး သံသယ ရှိ​နေပြီ​နော်"

လီယန်: "…"

သူမက တံ​တွေးမျိုချကာ စကားတစ်ခွန်းမှ မ​ပြောဘဲ သူမ၏ ​ခြေ​မ​လေးများကိုသာ ကြည့်လိုက်သည်။ သေ​လောက်​အောင် အရိုက်ခံရရင်​​တောင် သူမက ​မော့ကျန်းနဲ့ အတူ​နေ​နေတာ ဆိုတဲ့အ​ကြောင်းကို ​ပြောနိုင်မှာ မဟုတ်ဘူး...

"သူက အမြဲတမ်း ကျွန်​တော့်အိမ်မှာပဲ ​နေ​နေခဲ့တာပါ "

အခြားတစ်ဖက်တွင် ​​မော့ကျန်းမှာ တည့်တည့်သာ ဝန်ခံလိုက်သည်။ သို့​သော်ငြား သူ​ပြောလိုက်သည့်အခိုက်တွင် အခန်းတစ်ခုလုံး သုံးစက္ကန့်မျှ တိတ်ကျသွားခဲ့သည်။ ထို့​​နောက် ​ပါးပါးလီ ခုန်ထွက်ကာ ​မော့ကျန်းကို ရိုက်ရန် အချိန်ကျလာခဲ့​လေပြီ။

"မင်းကို ​သေတဲ့အထိ ရိုက်မယ်... မ​ကောင်းတဲ့​ကောင်"

"စိတ်​လျှော့ပါ" မားမားလီက သူ့ခါးကို ဖက်ကာ ​နောက်သို့ ပြန်ဆွဲချ​နေသည်။ ​ပါးပါးလီကမူ အလွန်အမင်း စိတ်လှုပ်ရှား​နေပြီး ​မော့ကျန်းကို ​သေ​လောက်သည်အထိ ရိုက်ချင်သည်ဟုသာ အဆက်မပြတ် ​အော်ဟစ်​နေ​ပေသည်။

လီယန်: "…"

"ချီ"​လေးတစ်ခု​ကပင် သူမ၏ လတ်တ​​လော ခံစားချက်များကို ​ဖော်ပြရန် လုံ​လောက်မည် မဟုတ်​​ပေ။

နှစ်ခု ရှိရန် လို​နေ​လေပြီ။

ပါးပါးလီက အားကုန်သွား​သောအခါ တဖြည်းဖြည်း ငြိမ်ကျသွားခဲ့သည်။

"ကျွန်​တော်တို့ အတူတူ​နေ​နေ​ပေမယ့် သူ့ကို ဘာတစ်ခုမှ မလုပ်ဖူးပါဘူး"

အကြီးဆုံးအစ်ကိုက ​​​လှောင်ရယ်လိုက်​လေသည်။

"မင်းအသံက အ​တော်​လေး သနားစရာ​ကောင်းတဲ့ပုံ​ပေါ်​နေတာပဲ... မဟုတ်ဘူးလား"

​မော့ကျန်း "…"

အမှန်​တော့ သူ ​တော်​တော်လေး ​နောင်တရ​နေတာပါ...

ပါးပါးလီက သူ့ကို စိုက်ကြည့်လိုက်ပြီး ​နောက်ဆုံးလက်ကျန် ခွန်အားတို့ဖြင့် ​အော်ဟစ်လိုက်သည်။

"မင်း ဘာမှ မလုပ်ခဲ့ဘူးဆိုလည်း မလုပ်ဘူး​ပေါ့... မင်းဘာမှ မလုပ်ခဲ့ရင်​တောင် သူ မင်းအိမ်မှာ ဒီ​လောက်အကြာကြီး ​နေခဲ့တာကို ဘယ်လို ရှင်းပြရ​​တော့မှာလဲကွ...

​မော့ကျန်းက သူ့ကို ကြည့်​နေပြီး သူ့မျက်လုံးနက်နက်များက ​အောက်​ခြေမရှိ​​သော ​ရေအိုင်များလိုပါပင်။

"သူ့အတွက် ကျွန်​တော် တာဝန်ယူမှာ... သူ တခြား​ယောကျ်ား​တွေကို ရှင်းပြစရာ မလိုဘူး"

ပါးပါးလီ: "…"

သူ ဒီ​ကောင်ကို သူ့သမီးနဲ့ လက်ထပ်ဖို့ သ​ဘောတူလိုက်မိလို့လား...

"ဧကရာဇ်​မော့ကို ကြည့်စမ်းပါ... သူက​ ​ချောလည်းချောတယ်... လုပ်နိုင်ကိုင်နိုင်စွမ်းလည်း ရှိတယ်... အဓိက အချက်က ကျွန်မတို့ မိသားစုကို ​ကောင်း​ကောင်း ဆက်ဆံတယ်​လေ... ပြီး​တော့ လူထုပုံရိပ်တစ်​ယောက်ဖြစ်တာတောင်မှ သတင်း​ထောက်​တွေ​ရှေ့​မှာ ကျွန်မတို့သမီးအတွက် လူရိုက်ဖို့ ဆန္ဒရှိတယ်... ရှင်ဘာ​တွေ လိုချင်​​နေသေးတာလဲ"

လီယန်: "…"

ခဏ​လေး​နေကြပါဦး... ဒီ​နေ့ မိသားစု စု​ဝေးပွဲက သူမရဲ့ လက်ထပ်ပွဲအ​ကြောင်း ​ဆွေး​နွေးဖို့ မဖြစ်သင့်ဘူး​လေ... ဟုတ်တယ်မလား...

​နေ့လည်စာ စား​သောက်ခြင်း မဆုံးခင်အထိ ပါးပါးလီမှာ ​​မော့ကျန်းကို သမက်တစ်​ယောက် အဖြစ် လက်မခံနိုင်​သေးခဲ့​ပေ။ လီယန်အတွက်မူ ထပ်ပြီး စကား​ပြောချင်စိတ်ပင် မရှိ​တော့။ ထမင်းစားပွဲဝိုင်းတွင် ပါးပါးလီမှာ သူတို့ ​မော့ကျန်းကို ဘဏ်ကဒ်ထဲတွင် သုညမည်မျှ ရှိ​ကြောင်း ​မေးလိုက်သည့်အချိန်၌ ကြက်​သေ​သေသွားရသည်။

သူတကယ်ကြီး ရှုံးသွားပြီ​ပေါ့...

ပါးပါးလီမှာ စိတ်ဓါတ်အကျကြီး ကျသွားပြီး သူ့ခန္ဓါကိုယ်တစ်ခုလုံးကလည်း နွမ်းလျပြီးရင်း နွမ်းလျလာပုံ​ပေါ်သည်။

လီယန်၏ မိဘများမှာ မွန်းလွဲပိုင်းအချိန်တွင် အလုပ်များ ရှိကြသည်​ကြောင့် စား​သောက်ပြီးသည်နှင့် ထွက်သွားကြသည်။ လီယန်မှာ ​မော့ကျန်း ထွက်သွား​တော့မည်ကို ​တွေ့​သောအခါ သူမလည်း ထရပ်လိုက်​လေသည်။

"ဘိုးဘိုး... သမီး အရင် ပြန်နှင့်ပြီ​​နော်"

လူအိုကြီးကျန်းက ပြုံးပြကာ စကားတစ်ခွန်းမှ မဆိုဘဲ ​ခေါင်းငြိမ့်ပြလိုက်သည်။ ​မော့ကျန်း၏ ကားမှာ လမ်းဆုံရှိ ကားပါကင်တွင် ရပ်ထားခဲ့ခြင်း ဖြစ်သည်။ ကားလာထုတ်ကြ​သော လူ​ပေါင်းများစွာမှာ လန်ရိုဗာကို ​​တွေ့​သောအခါ ​တီးတိုး​ပြောသွားကြသည်။

လီယန်မှာ ထိုလန်ရိုဗာတွင် မျက်နှာရှိပါက ယခုတွင် နီရဲ​နေ​ပေလိမ့်မည်ဟု ခံစား​နေရသည်။

​မော့ကျန်းက သူ့မျက်နှာမှ ​နေကာမျက်မှန်ကြီးကို ပင့်တင်၍ ဦးထုပ်လျှာကို အနည်းငယ် ငိုက်ကာ ကားအတွင်းသို့ ခပ်မြန်မြန် ခုန်ဝင်သွားခဲ့သည်။ လီယန်က သူ့​နောက်ပါးမှ နီးနီးကပ်ကပ် လိုက်လာ​နေပြီး ​သေချာ ​လေ့ကျင့်ခံထားရ​သော အပြုအမူဖြင့် ကားထဲသို့ လိုက်ဝင်သွားသည်။

"​မော့ကျန်း... ဒီ​နေ့ကိစ္စကို စိတ်ထဲမထားပါနဲ့"

လီယန်က ​မော့ကျန်းကို ​ခေါင်းလှည့်ကြည့်လိုက်ပြီး အခု​လေးတင် သူမ၏ မိသားစု ပြုမူခဲ့​​သော ပုံစံများကို စဥ်း​စား​နေပြီး ၎င်းက အမှန်တကယ်ပင် ရှက်စရာ ​ကောင်းသည်ဟု ခံစား​နေရသည်။

​မော့ကျန်းကလည်း လီယန်ဘက်သို့ လှည့်ကြည့်လာသည်။

"ဘာလို့ ကိုယ် အ​လေးအနက်မဖြစ်​နေရတာလဲ"

လီယန်က နှုတ်ခမ်းဆူလိုက်သည်။ "ရှင်က ဘာကို တ​လေးတနက် လုပ်​နေရတာလဲ"

​မော့ကျန်ယ: "​သေ​ချာပေါက် ကိုယ်တို့ လက်ထပ်ဖို့အ​ကြောင်း​ပေါ့"

လီယန်: "…"

တကယ့်ကို ရယ်စရာ ​ကောင်းတာပဲ​နော်...

​မော့ကျန်းက သူမကို ကြည့်လိုက်သည်။

"နေ့​ကောင်းရက်သာ ​ရွေးပြီး လက်ထပ်ကြရ​အောင်​လေ"

.......


ကောင်းမိသားစု ဗီလာတွင်...

​ကောင်းထျန်း​ချောင်က ကျူးဖန်၏ ​ဖုန်း​ခေါ်ဆိုမှုကို စိတ်လှုပ်ရှားစွာ ​စောင့်​မျှော်​နေခဲ့​သော်လည်း ယခုထိ ​ရောက်မလာနိုင်ခဲ့​ပေ။ ထိုအစား ​ဒေါသအပြည့်ထွက်​နေသည့် မျက်နှာတို့ဖြင့် ပြန်လာသည့် ဖခင်ဖြစ်သူကို ​စောင့်​နေမိလျက်သား ဖြစ်သွားသည်။ အထဲ ဝင်ဝင်ချင်းမှာပင် ​ကောင်းဟုန်​ဝေက ဆိုဖာ​ပေါ်သို့ အိတ်ကို ပစ်ချလ်ုက်ပြီး ​ကောင်းထျန်း​ချောင်ကို ​အော်ဟစ်လိုက်သည်။

"ဟေ့​ကောင် မင်း ထစမ်း"

​ကောင်းထျန်း​ချောင် မျက်​မှော်ကြုတ်သွားရသည်။ သူ တစ်​​နေ့လုံး အိမ်မှာပဲ ရှိ​နေတာ... ဘယ်များ သွားမိလို့လဲ... ​ကောင်းဟုန်​ဝေ၏ ​နောက်ပါးမှ ပါလာသည့် ​​ကောင်းထျန်း​ရူကို ကြည့်လိုက်ပြီး သူ့ဘာသာသူ ​တွေးလိုက်သည်။

အစ်ကိုကြီးကများ လူအိုကြီး​ရှေ့မှာ ထပ်ပြီး ပြဿနာ လုပ်ထားမိလို့လား..

"ဘာများလဲ"​

ကောင်းထျန်း​ချောင်က ဖုန်းကို အိတ်ထဲသို့ ပြန်ထည့်ကာ သာမန်ကာလျှံကာ ထရပ်လိုက်သည်။

"မင်းမှာ​ ​မေးဖို့ အသိစိတ်​ရော ရှိ​သေးတယ်လား"

​ကောင်းဟုန်​ဝေက အလွန်အမင်း ​ဒေါသထွက်​နေသည့်အလား ​ကောင်းထျန်း​ချောင်ကို လက်ညှိုးတထိုးထိုးဖြင့် ​ပြော​နေသည်။ သူ့​ဒေါသ ငြိမ်သွားရန် အချိန်အ​တော်ကြာ ယူလိုက်ရသည်။

"​မော့ကျန်းရဲ့ လက်​ထောက်ကို ထပ်မရှုပ်​တော့ဖို့ ​ပြောမထားဘူးလား... ဘာလို့ နားမ​ထောင်တာလဲ... အရင်တစ်ခါကတည်းက ငါ့ကို မျက်နှာပျက်ရ​အောင် လုပ်တာ မလုံ​လောက်​သေးလို့လား"

​​ကောင်းထျန်း​ချောင် နှုတ်ခမ်းတင်းတင်း ​စေ့လိူက်သည်။ ဒီလူအိုကြီးရဲ့ အဆက်အသွယ်​တွေက​တော့ ​တော်​တော်​ကောင်းတာပဲ... လူကို​တောင် အခုထိ ပြန်​ပေးမဆွဲရ​သေးဘူး... သူ့ရဲ့ မ​ကောင်းမှုကို လူသိရှင်ကြား ရှုတ်ချဖို့ ​ရောက်လာ​နေပြီ...

"ကျွန်​တာ် ထပ်ပြီး ​ပြောရဦးမှာလား... ​ပြောရင်လည်း အ​ဖေက အမြဲတမ်း ယုံကြည်​ပေးမှာမှ မဟုတ်ဘဲ"

"အဓိပ္ပါယ် မရှိလိုက်တာ" ​

ကောင်းဟုန်​ဝေက သူ့ကို ​သေ​လောက်​အောင် ရိုက်ပစ်ချင်​နေသည်ကလွဲ၍ အခြား လုပ်ချင်စိတ် မရှိ​တော့...

"​ဟေ့​ကောင်... အခုချိန်ထိ ဝန်မခံချင်​သေးဘူးလား... မင်းအစ်ကိုကို ဒီအ​ကြောင်း ရှင်းပြ​ပေးဖို့ လို​သေးတာလား... ကျန်းမိသားစုကလူ​တွေ ငါ့​ခေါင်းကို လာနင်းကြ​တော့မှာကွ"

ကျန်းမိသားစုလား... ​ကောင်းထျန်း​ချောင်၏ မျက်လုံးများ အလင်း​ရောင်ဖြတ်သွား​လေသည်။ အဲ့ဒီ မိန်းက​လေးရဲ မျိုးရိုးနာမည်က လီ မဟုတ်ဘူးလား...

​ကောင်းဟုန်​ဝေက ​ခြေနှစ်လှမ်း တိုးလာပြီး​နောက် ​ကောင်းထျန်း​ချောင်၏ နှာဖျားသို့ လက်ညှိုးထိုးကာ ကြမ်းကြမ်းတမ်းတမ်း ​ပြောဆိုလိုက်​လေသည်။

"ကျန်းမိသားစုက အရင်တစ်​​ခေါက် သတင်း ​​တွေ့တွေ့ချင်း ငါ့ကို လာ​မေးလာကြတာကွ... သူတို့ကို ​ဖြေရှင်းချက်​ပေးဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာကို မင်းက အခု သူကို ပြန်​ပေးဆွဲဖို့ လူငှားထားရ​သေးတယ်... မင်းက ငါ့ကို လူမှားပြီး ပြန်​ပေးဆွဲမိပါတယ်လို့ သူတို့ကို ​ပြော​စေချင်​သေးတာလား"

​ကောင်းထျန်း​ချောင်က မျက်လုံးကို ​မှေးကျဥ်း၍ ​ဒေါသထွက်​နေ​သော သူ့အ​ဖေကို ကြည့်လိုက်သည်။

"ကျန်းမိသားစုမှာ ဘယ်လို​နောက်ခံ ရှိ​နေလို့ အ​ဖေ့ကို ​ဒီ​လောက်ထိ ​ခြောက်လှန့်နိုင်တာလဲ"

"ဟား... မင်းက ကျန်းချန်ချင်းရဲ့ နာမည်ကို မကြားဖူးဘူးဘဲနဲ့ သူ့​မြေးကို သွားပြန်​ပေးဆွဲရဲ​သေးတာလား... မင်းက ​​တော်တော်ရန်လိုတဲ့​ကောင်ပဲ"

​ကောင်းထျန်း​ချောင်: "..."

​ကောင်းဟုန်​ဝေက လမ်း​လျှောက်ရ၍ ​မောပြီထင်။ ဆိုဖာ​ပေါ်တွင် ထိုင်ကာ အိတ်ထဲမှ စီးကရက် တစ်လိပ်ယူ၍ မီးညှိလိုက်သည်။

"ကျန်းချန်ချင်း... မင်း ကျန်းယွမ်ရှင်းကို​​တော့ မကြားဖူးဘဲ မ​နေပါဘူး... ဟုတ်တယ်မလား"

​ကောာင်းထျန်း​ချောင်က တစ်ခဏမျှ ကြက်​သေ​သေသွားရသည်။ "မျက်နှာတစ်​ထောင် ဗုဒ္ဓ ကျန်းယွမ်ရှင်း​တော့ မဟုတ်ဘူးမလား"

"ဟမ့်... မင်းမှာ အ​တွေ့အကြုံ နည်းနည်း​​တော့ ရှိသားပဲ" ​

ကောင်းဟုန်​ဝေက အဖြူ​ရောင် မီးခိုး​​ငွေ့များ မထုတ်လိုက်ခင် သူ့ကို အ​ပေါ်​အောက် အစုန်အဆန် ကြည့်လာခဲ့သည်။

မျက်နှာတစ်​​ထောင်ဗုဒ္ဓက ကိုယ်ခံပညာ​လောကတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သည်။ သူ ကျန်းယွမ်ရှင်းအ​ကြောင်းများကို ငယ်စဥ်က သူ့အဖိုးထံမှ ကြားခဲ့ဖူးသည်။ ထိုစဥ်က ကျန်းမိသားစုမှာ အလွန် အင်အားကြီးလှပြီး သူတို့က ပိရမစ်၏ ထိပ်ဆုံးတွင် ရပ်​နေသည်ဟုပင် ​ပြောနိုင်သည်။ အခု သူ့အ​ဖေ ​ပြော​နေတဲ့ ကျန်းမိသားစုက အဲ့ဒီကျန်းမိသားစုပဲလား...

"ဟမ့် အခု​တော့ ​ကြောက်သွားပြီလား" ​

ကောင်းဟုန်​ဝေက မျက်ခုံးပင့်၍ မျက်နှာထက်တွင် ပျက်ရယ်ပြုသည့် အပြုံး​လေးတစ်ခု ​ပေါ်လာခဲ့စည်။

"ကျန်းမိသားစုက သန့်စင်​အောင် ​ဆေး​ကြောပြီးသွားပြီ ဆို​ပေမယ့် သူတို့ရဲ့ ဆက်ဆံ​ရေးက လွယ်လွယ် ကျိုးပျက်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး... ​မြေ​အောက်လောကမှာ ​ကျော်ကြားတဲ့ လူဘယ်နှ​ယောက်က ကျန်းချန်ချင်းရဲ့ တပည့်​​တွေ ဖြစ်​နေလဲ ဆိုတာ မင်းသိရဲ့လား... သူသာ ဆန္ဒရှိရင် အချိန်မ​ရွေး မင်းရဲ့ ​ခေါင်းကို သဲအိတ်နဲ့ ပစ်ပြီး ​ခွေး​​​ကျွေးပစ်လိုက်လို့ ရတယ်..."

​ကောင်းထျန်း​ချောင်: "..."

သူလည်း တချိန်တုန်းက ကျန်းယွမ်ရှင်းကို တစ်ခဏ​လောက် ကိုးကွယ်ခဲ့ဖူး​ပေမယ့် လူအိုကြီးက သူ့သားကို ဒီ​လောက်ထိ ​ပြောဖို့ လိုလို့လား​...

"​နောက်ဆုံးတစ်ကြိမ် သတိ​ပေးမယ်... အဲ့လက်​ထောက်နဲ့ ​ဝေး​ဝေး​နေ... ကမ္ဘာ​ပေါ်မှာ မိန်းမ​​တွေ အများကြီး ရှိတယ်... မင်းက ကျန်းချန်ချင်းရဲ့ ​မြေးကို သွားရှုပ်ချင်​နေတုန်းပဲလား"

​ကောင်းထျန်​ချောင်းက နှုတ်ခမ်းတင်းတင်း​စေ့လိုက်သည်။ သူ တကယ်ပဲ အဲ့​ကောင်မ​လေးနဲ့ မခွဲချင်​ပေမယ့် သူ့ဘဝက ပိုအ​ရေးကြီးတယ်​လေ..

"ကျွန်​​တော် နားလည်ပါပြီ"

"လဝက်​​လောက် အိမ်မှာပဲ ငြိမ်ငြိမ်​နေ... အပြင်ထပ်ထွက်ပြီး ကိုယ့်ကိုယ်ကို အရှက်ရ​အောင် မလုပ်နဲ့​တော့" ​​

ကောင်းဟုန်​ဝေက စားပွဲ​ပေါ်မှ ပြာခံခွက်ကို ဆွဲယူလိုက်ပြီး စီးကရက်ကို ဖိ​ချေလိုက်သည်။

"ငါ တကယ် နားမလည်​တော့ဘူး... ဘာလို့များ ငါ ​ကောင်းဟုန်​ဝေ ဆီမှာ မင်းလို သားမျိုး ရှိ​နေရတာလဲ"

​ကောင်းထျန်း​ချောင်က နှုတ်ခမ်းများ တင်းတင်း​စေ့လိုက်သည်။

"အ​ဖေ ကိုယ်တိုင်က ကွာလတီညံ့လို့​ပေါ့... ကျွန်​တော့်ကိုပဲ အပြစ်တင်မ​နေနဲ့​လေ"

​ကောင်းဟုန်​ဝေ: "…"

ဘာလို့ နံရံတည့်တည့် မပစ်လိုက်မိတာလဲ...(u know 🌚)


Xxxxx