အပိုင်း ၈၉
Viewers 11k

Chapter 89
သူမပါပဲ


ပြန်​ပေးဆွဲကိစ္စပြီး​နောက် အချိန်များတွင် ​မော့ကျန်းက လီယန်ကို တ​စ်​ယောက်တည်း လွှတ်မထား​တော့​​ပေ။ လီယန် က ကိုယ်ခံပညာ တတ်​သော်လည်း ​ကောင်းထျန်းချောင် ကဲ့သို့​သော အမှိုက်လို​ကောင်မျိုးက လက်လှမ်းမမီနိုင်​သော မည်သည့် နည်းလမ်းများ သုံးလာနိုင်မည်ကို အာမမခံနိုင်​ပေ။

လီယန်က ​​​ကောင်းထျန်းချောင်၏ အစ်ကို ​ကောင်းထျန်းရူသည်၅ရ ​တောင်းပန်ရန်အတွက် လက်​ဆောင်တစ်ခုနှင့်အတူ ကိုယ်ခံပညာ​ကျောင်းသို့ ကိုယ်တိုင် ​ရောက်ချလာပြီး သူ့ညီက သူမအနားသို့ ​ခြေတစ်လှမ်းပင် ကပ်လာလိမ့်မည် မဟုတ်​ကြောင်း ကတိ​ပေးလာသည့် ကိစ္စအား ​မော့ကျန်းကို ​ပြောပြလိုက်သည့် အချိန်မှသာ ​မော့ကျန်း သူမကို ထိန်းချုပ်​နေမှုများ ​ပြေ​လျော့သွားခဲ့သည်။

ယခုတွင် ဇူလိုင်လ ​ရောက်​နေပြီ ဖြစ်ပြီး "သရဲ​ကျောင်း" ရိုက်ကူး​ရေးသည်လည်း ပြီးဆုံးကာနီး​​နေ​လေပြီ။ လွန်ခဲ့​သော ရက်အနည်းငယ် အတွင်းက လီယန်မှာ အိမ်နှင့် ​ဝေး​နေခဲ့ရသည်။ လီယန်မှာ ​မြေဆီလွှာနှင့် ​ရေကို ကျင့်သားမရ​သေးဟု ခံစားရသည်။ ဤနေရာသို့ ​ရောက်လာစဥ်က သူမ အဖျား​​ငွေ့​ငွေ့ ရသွားခဲ့ပြီး ယခုတွင် အနည်းငယ် ကျင့်သားရသွားခဲ့​လေပြီ။ သို့​သော်လည်း သူမက ကန်စီနီ ဗီလာအိမ်ကို အနည်းငယ် လွမ်းဆွတ်​နေဆဲပင်။သူမက စိုက်ခင်း​လေးထဲတွင် ကြက်သွန်မြိတ် အနည်းငယ် စိုက်ထား​လေရာ သူတို့ ဘယ်လို အ​ခြေ​အ​နေတွင် ရှိ​နေကြလဲ ဟူသည်ကို သိချင်​နေမိသည်။

မဟုတ်​သေး... သူမက ဘာလို့ ​မော့ကျန်းရဲ့အိမ်ကို သတိရ​နေရတာလဲ... သူမရဲ့ အိမ်ကိုမပြန်ဖြစ်တာ​တောင် အချိန်အ​တော်ကြာ​နေပြီကို...

လီယန်က သူမကိုယ်သူမ ​လေး​လေးနက်နက် ပြန်စဥ်းစားကြည့်လိုက်သည်။ ​မော့ကျန်းက ​ရောက်လာပြီး သူမ​ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ရိုက်ကူး​ရေးက သဘက်ခါကျရင် Aမြို့ကို ပြန်​တော့မယ်တဲ့" လီယန်က ဟိုတယ်မှာ ​နေရသည်အား သ​ဘောမကျသည်ကို သူမြင်​နေရသည်။ သူ့တို့က ကြယ်ငါးပွင့်ဟိုတယ်မှာ တည်းရတာ​တောင်မှ​လေ...

"တကယ်လား" လီယန်က အလွန် ​ပျော်ရွှင်သွားပုံပင်။ သူမ၏ မျက်လုံးများသည်ပင် ဝင်းလက်လာခဲ့သည်။

"အင်း... လဝက်အတွင်းမှာ ကိုယ့်အတွက် နားချိန် နည်းနည်း​​တော့ ရမယ်... အဲ့အချိန်အတွင်းမှာ မင်းလည်း နားသင့်တယ်" ​

မော့ကျန်းက ​ရေတစ်ငုံ​သောက်ပြီးသည်နှင့် ဒါရိုက်တာရှုကလည်း စရိုက်ရန် ပြင်သည်။

သူမက သဘက်ခါ​ရောက်သည်နှင့် ​နွေဦး​လေးကို ​တွေ့မြင်ရ​တော့မည်ဟု ​တွေးမိလိုက်သည်နှင့် လီယန်မှာ ​ဝေ့​ပေါ်တွင် ​​ပျော်​ပျော်ရွှင်ရွှင် ပိုစ့်တင်လိုက်သည်။ မူလတွင် သူမက သဘက်ခါ​ရောက်သည်နှင့် Aမြို့ ပြန်​နိုင်​​တော့မည်ဟု ​​ပြောချင်ရုံသာ ဖြစ်သည်။

ချန်းချင်းယန်၏ လတ်တ​လော ​ဝေ့​ပေါ်updateက ဇွန်လ 17ရက်တွင် ဖြစ်သည်။ ထိုနေ့တွင် ​ရှန်းပူက မက်​ဆေချ့်နှစ်ခု ပို့ထားသည်။ တစ်ခုမှာ Pushkin၏ ဘဝက မင်းကို စိတ်ပျက်စရာ​တွေ ​ပေးခဲ့ရင် ဖြစ်ပြီး အခြားတစ်ခုမှာ ၎င်းက ပြီးဆုံးခဲ့ပြီ ဖြစ်​ကြောင်း ရှင်းချက်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ သူမက ချင်းယန်၏ ​ဝေ့​ပေါ်ကို တစ်ချက်ရှာကြည့်လိုက်သည်။ ၎င်းတွင် စာတို​ပေါင်း 500ထက်ပင် ​ရေးထားကြပြီး​လေပြီ။ ၎င်းတို့ အားလုံးက စာဖတ်သူများက ၎င်းတို့ကို ​ပြောင်းလဲရန် တိုက်တွန်းထားကြဆဲ ဖြစ်​သော်လည်း ရှန်ပူက ​သေချင်​ယောင်​ဆောင်​နေဆဲသာပင်။

ဟမ်... လီယန်က တစ်ခဏမျှ ​တွေးလိုက်ပြီး​​နောက် ချန်းချင်းယန်ထံသို့ စာပို့လိုက်သည်။

"ရှန်ပူ... တစ်လ​တောင် ရှိ​နေပြီ... နင် အလင်းထဲမှာ ရှိ​နေတုန်းပဲလား"

မနက်ပိုင်းတွင် အ​တော်​လေး ​နောက်ကျ​နေပြီ ဖြစ်​သော်လည်း ချန်းချင်းယန်က အိပ်ရာထဲတွင် အိပ်​နေဆဲ ဖြစ်သည်။ ဤလအတွင်းတွင် သူမက updateများမှ ဖိအားများ ထပ်ပြီး မခံစားခဲ့ရ​​ပေ။ ရုတ်တရက် သူမ၏ ဘဝကြီးက အလွန်အမင်း ​ကောင်းလာသလို ခံစား​နေရသည်။ အချိန်​ကောင်း​လေး ​ရောက်လာသည်နှင့် သူမက ပိုက်ဆံဖြုန်းရန် သွားမည်ပင်။

သူမ၏ ​နေထိုင်မှု ပုံစံအရ သဘာဝကျကျပင် လမ်း​ပေါ်၌ ​စျေးဝယ်ထွက်မည် မဟုတ်​​ပေ။ ထို့​ကြောင့် ​ညနက်သည်အထိ ​ပျော်ပါး​နေသည့်အပြင် သူမ၏ အချိန်အများစုကို ​ထောင်း​​ပေါင်တွင်သာ ကုန်ဆုံးလိမ့်မည် ဖြစ်သည်။ အဝတ်အစား​တွေ၊ ဖိနပ်​တွေ၊ အိတ်​တွေ၊ သ​ရေစာ​တွေ၊ အလှပြင် ပစ္စည်း​တွေ ဝယ် ဝယ် ဝယ်... တစ်ခါ အစပြုလိုက်သည်နှင့် ဝယ်ချင်သည့်စိတ်က မရပ်တန့်နိုင်​ပေ။ လွန်ခဲ့​သောလ အတွင်း ​ထောင်ပေါင်တွင် သူမသုံးခဲ့သည့် ​ငွေပမာဏကပင် 10000ယွမ် ပတ်လည် ရှိ​နေပြီ ဖြစ်သည်။

​ဖေ​ဖေချန်းက သူ့သမီး၏ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်​ပြီး အကျင်ပျက်လာ​သော ဘဝအ​ခြေအ​နေကို ​ခေါင်းကိုက်လာခဲ့ရသည်။ သို့​သော်လည်း ချမ်းချန်းယန်မှာ ​​အ​ပျော့အမာ ဟူသမျှ ​ပြောင်းလဲရန် မရှိ​​ပေ။ ထို့​ကြောင့် သူက သူမ၏အ​မေဖြစ်သူကိုသာ အပူကပ်နိုင်​တော့သည်။

မားမားချန်းက သူမ၏ လက်သည်းများကို ကြည့်​နေရင်း တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။

"မစိုးရိမ်ပါနဲ့... ဒီလ​ ဘေပြတ်သွားရင် သူ့ဘာသာသူ ရပ်သွားလိမ့်မယ်"

သူမက သူမသမီး၏ အနာဂါတ်ကို ​ကောင်း​ကောင်းသိ​နေသည်။ ယခုတွင် သူမက ပိုက်ဆံအများကြီး သုံး​နေ​သော်လည်း ​ကျသင့်​ငွေများကို မြင်သွားပါက ​သေချာ​ပေါက် ငိုကာ အ​လျော်ပြန်​ပေးရန် ​တောင်းပန်လိမ့်မည် ဖြစ်သည်။

ခါတိုင်းလိုပါပင် ချန်းချင်းယန်က ​နေ့လည်စာစားချိန် မတိုင်မီအထိ အိပ်​နေခဲ့သည်။ သူမက ​ခေါင်းအုံး​ဘေးမှ ဖုန်းကို ​ကောက်ယူလိုက်သည်။ အချိန် ကြည့်လိုက်သည့်အခါ ဖုန်းမျက်နှာပြင်​ပေါ်၌ သူမကို ​စောင့်​မျှော်​နေသည့် စာတိုနှစ်ခု ရှိသည်ကို ​တွေ့လိုကိရသည်။

​ပေးပို့လာသူမှာ ခိုင်မာလှသည်။

ဟမ့်... သူမနဲ့ ငြိမ်းချမ်းရေး ယူချင်​နေတာပဲ ဖြစ်ရမယ်... ဖြစ်လာဖို့ အ​ကြောင်း မရှိဘူး​နော်...

ချန်းချင်းယန်က သူမကိုယ်သူမ ပိုက်​ထွေးကာ ဆုံးဖြတ်ထား​သော မျက်နှာဖြင့် မက်​​​ဆေချ့်ကို ဖွင့်ကြည့်လိုက်သည်။

"ရှန်ပူ... တစ်လ​တောင် ရှိသွားပြီ... နင် အလင်း​ရောင်ထဲမှာ ရှိ​သေးရဲ့လား"

… ….ဖူး... သူမမှာ အလင်း​ရောင်ထိပ်ကို ​​ပြေးသွားဖို့ ​ပျော်စရာအချိန်​လေး​တောင် ရှိမ​နေဘူး​နော်...

အမှန်တကယ်မှာမူ ထိုသူက သူမကို ​တောင်ထိပ်​ပေါ်မှ တွန်းမချခင် ကြိုတင်​ပေးပို့လာခဲ့ခြင်း ဖြစ်သည်။ ​မြွေ​ရောဂါ တစ်မျိုးလိုပါပင်...

ချန်းချင်းယန်၏ အကြည့်က ​အောက်သို့ ကျဆင်းသွားပြီး ဒုတိယ စာတိုကို ဖတ်လိုက်သည်။

ငါနင့်ကို ယွမ်ဇယ်​ကော​ကောက ​မော့ကျန်းရဲ့ အတန်း​ဖော် ဖြစ်ပြီး​တော့ သူတို့နှစ်​ယောက်က နှစ်​ပေါင်းများစွာ သူငယ်ချင်း​ကောင်း​တွေ ဖြစ်ခဲ့တယ် ဆိုတဲ့ အ​ကြောင်းကို ​ပြောပြမယ် ဆိုရင်​ရော... နင့်အမုန်း​တွေ သူ့အ​ပေါ် ​ပြောင်းသွား​လောက်တယ်မလား"

ချန်းချင်းယန်: "…"

ရူး​တော့မယ်... ရူး​​တော့မယ်... သူမ ဆက်ပြီး အသက်မရှင်ချင်​တော့ဘူးလို့ ...

သူမက လက်ထဲမှ ဖုန်းကို ပစ်လွှင့်လိုက်ပြီး ​ခေါင်းကို ကိုင်ကာ ထပ်​အော်လိုက်​လေသည်။ "အားးးးးး"

ပါးပါးချန်း: "…"

သူက တိတ်တဆိတ်ပင် စားပွဲ​ပေါ်သို့ ပြုတ်ကျသွား​သော ​ဘောလုံးကို ပြန်​ကောက်ကာ အနီးအနားရှိ အမှိုက်ပုံးထဲသို့ ပစ်လွှင့်လိုက်သည်။

ချန်းချန်း​ယန် ​အော်ပြီးသွား​​သောအခါ ကြမ်းပြင်​ပေါ်မှ ဖုန်းကို ​ကောက်ယူလိုက်ပြီး ရှန်းယွမ်ဇယ် ၏နံပါတ်ကို ​ခေါ်လိုက်သည်။

"ရှန်းယွမ်ဇယ်... အခု ထွက်လာခဲ့... နှစ်​ယောက်ချင်းပြိုင်တိုက်ရ​အောင်"

ရှန်းယွမ်ဇယ်: "..."

သူ ဖုန်းကို ချ၍ ​ဘေးမှ ​ကျောင်းသား​လေးကို ပြုံးပြလိုက်သည်။ "အဲ့ကိစ္စကို ဆက်​ပြောကြ​အောင်"

​​ကျောင်းသား​လေးက သူ့ဖုန်းကို ထိုးပြလာခဲ့ပြီး တစ်ခုခု ​ပြောချင်​နေသည့်အလား ဖြစ်​နေ​သော်လည်း တုံ့ဆိုင်းသွား​လေသည်။

"အဲ့ကိစ္စက​ရော... စိုးရိမ်ဖို့ မလိုတာ ​သေချာရဲ့လား"

ဒက်ဆီဘယ် တိုင်းတာချက်အရ တစ်ဖက်လူက အလွန် ရူးသွပ်​နေဟန်ပင်။

"အဆင်​ပြေပါတယ်... ငါ့လူနာ တစ်​ယောက်ပါ... သူက ခဏခဏ ​နေမ​ကောင်း​လေ့ ရှိလို့"

​ကျောင်းသား​လေးက သူ့ကို အလွန် အံ့အားသင့်ဟန်ဖြင့် ကြည့်လာပြီး သူ့မျက်လုံးများက ​လေးစားမှုတို့ဖြင့် တဖျတ်ဖျတ် လက်​နေခဲ့သည်။ "ပ​ရော်ဖက်ဆာက ဖျားနာတာ​ကို​ရော ကုသနိုင်တာလား"

"အင်း​လေ" ရှန်းယွမ်ဇယ်က သူ့ကို ပြုံးပြ၍ ​ပြောလိုက်သည်။ "ဒါ​ပေမယ့် ရလဒ်က​တော့ သိပ်မ​ကောင်းဘူး"

ထို​နေ့မှ စ၍ လီမွန်ပြုတ်မှာ အံ့သြဖွယ်​ကောင်းစွာပင် update စလုပ်လာခဲ့သည်။ သို့​သော်လည်း စာအ​​​ဟောင်းများ တင်​ပေးရန် မဟုတ်ဘဲ တွင်းအသစ် တူးကာ ​တစ်​နေ့လျှင် ရှစ်​ထောင်မျှ အမှိုက်များ ဖြည့်ရန် ဖြစ်သည်။ စာဖတ်သူများမှာ တွင်းအ​ဟောင်း မပြည့်မီ တွင်းအသစ် တူးလာ​သော အကြံကို ​လှောင်​ပြောင်လာကြ​သော်လည်း update လုပ်လာသည့် အရှိန်ကို မခုခံနိုင်ကြ​လေရာ ဝင်ကြည့်ကြ​တော့သည်။

ထို့နောက် တစ်​လောကလုံး ပွက်​လောရိုက်သွား​လေ​တော့သည်။

ဒီ​ဆောင်းပါးက ​သောက်ကျိုးနဲ ဘာကြီးလဲလို့... အဓိက ဇာတ်​ဆောင်​ကပါ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်း​နေတာလား... သူမက ​ထောင်သား တစ်​ယောက်ဖြစ်​နေပြီး​တော့ အချစ်ဆုံး သူငယ်ချင်းကို အကျဥ်းချထားပြီး အဓိက ဇာတ်လိုက်မင်းသားကို ပိုသန်မာလာ​စေဖို့ အလုပ်လုပ်​ပေးလိုက်​သေးတယ် ... ဖာခ့်... ငါ့ရဲ့ အမြင်သုံးမျိုးက​တော့ ပြိုလဲကျသွားပြီကွ... မြင်ရဲ့လား...

#အမြင်သုံးမျိုးကို ​လေနဲ့သာ ​မျောချလိုက်​တော့...

ထိုဇာတ်လမ်းအသစ်က စာဖတ်သူများစွာ ဆုံးရှုံးသွား​စေခဲ့​သော်လည်း ချန်းချင်းယန်က ​ပျော်​ပျော်ကြီး update ​ပေး​နေဆဲပင်။ သူမက ​​ဝေ့ပေါ်သို့ ခုန်ကူးကာ မက်​​ဆေချ့် အသစ် တစ်ခု ပို့ထား​သေးသည်။[ "စာ​ရေးသူက လူယုတ်မာမကြီးပါ:)"]

စာဖတ်သူများ: မ​ပြောခင်ကတည်းက သိပြီးသားကွ...

လီယန်က ချန်းချင်းယန်၏ ​​ဝေ့​ပေါ်ကို follow ထား​လေရာ သူမ၏ ဇာတ်လမ်း အသစ်ကိုလည်း ​​တွေ့လိုက်ရသည်။ သူမက ​အောက်မှ မိုင်းများ ကင်းစင်​နေ​သော reviewများကို ကြည့်ကာ နှူတ်ခမ်းများ တွန့်​ကွေးသွားရ​လေသည်။

သူ့ကို အကျဥ်းချထားတဲ့ အချက်ဆိုရင် ယွမ်ဇယ်​ကော​ကော လုပ်ခဲ့တဲ့ ကိစ္စကိုပဲ ​ပြောရမှာ မဟုတ်ဘူးလား... အဲ့လို အ​​​တွေးတွေ ရှိ​​နေ​သေးတာလား...

ကမ္ဘာကြီး​တော့ ရူးသွားပြီ​​ဟေ့... သူမက​တော့ ကျန်းကျန်းအတွက် လက်​ဆောင်ပဲ ​ရွေး​နေပါ​တော့မယ်...

​မော့ကျန်း၏ ​မွေး​နေ့မှာ မကြာခင် ကျ​ရောက်​တော့မည် ဖြစ်၍ လီယန်ကလည်း လက်​ဆောင်အ​ကြောင်း ​တွေးပူ​နေရသည်။ သူက ဘာမှ ပြတ်လပ်​နေပုံမ​ပေါ်ဘူး... ဒါ​ကြောင့် ဘာ​ပေး​ပေး အသုံးမလိုဘူးပဲ...

သူမက ကွန်ပြူတာ ပိတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ​မော့ကျန်းသည်လည်း အခန်းထဲမှ ထွက်လာခဲ့​လေသည်။ ကြည့်ရသည်မှာ ​ရေချိုးပြီးကာစ ဖြစ်ဟန်ပင်။ လီယန်က ကသိက​အောက် ပြုံးပြလိုက်သည်။

"ကျန်းကျန်း ​ရေချိုးထားတာလား"

"... အင်း" သူ gymတွင် တစ်နာရီမျှ ကစားခဲ့ပြီး​နောက် ​ရေချိုးရန် ​အောက်ဆင်းလာခဲ့ခြင်း ဖြစ်သည်။

"အာ.. ဘာမှ မဟုတ်ပါဘူး.. အဲ့ဒါက..."

လီယန်က နှလုံးသားကို မာ​ကျော၍ အဓိက အချက်ကိုသာ တည့်တည့် ​ပြောလိုက်သည်။

"ရှင့်မှာ ဘာ​တွေ ပြတ်လပ်​နေလဲဟင်"

… ….

လီယန်က ပြန်မ​ဖြေမီ တစ်ခဏမျ စဥ်းစားလိုက်သည်။ "ဇနီး တစ်​ယောက် လို​နေတယ်"

လီယန်: "..."

"မင်း ကိုယ့်ကို ကူညီ​ပေးနိုင်မလား" ​မော့ကျန်းက သူမအနားသို့ တစ်လှမ်းချင်း တိုးကပ်လာ​နေသည်။

"ကျွန်မ... ကျွန်မ ​ထောင်ပေါင် သွားကြည့်အုံးမယ်" လီယန်က ခပ်မြန်မြန် လှည့်​ပြးကာ သူမ၏ အခန်းထဲကို ပြန်သွားလိုက်ပြီး ​နောက်ပါးမှ တံခါးကိုလည်း ပိတ်ထားခဲ့သည်။

​မော့ကျန်း: "…"

​ထောင်ပေါင်မှာလည်း ဇနီးတစ်​ယောက် ဝယ်လို့ ရတယ်​​ပေါ့... ​ထောင်ပေါင်က တကယ် ပစ္စည်းစုံတာပဲ​နော်...

လီယန်က ဆိုဖာ​လေးတွင် ထိုင်ကာ နှလုံးခုန် မြန်​နေဆဲ ဖြစ်သည်။ သူမသာ နည်းနည်း​လောက် ​နှေးမိသွားရင် မြန်မြန် လက်ခံလိုက်​တော့မလို့...

သူမက ဘာ​ကြောင့် ထွက်​ပြေးလာရသည်လဲ မသိပါ​ပေ။ သူမက 22နှစ်ပဲ ရှိ​သေးတာ​ကြောင့် လက်ထပ်ဖို့ ​စောလွန်း​နေလို့လား... ဒါ​ပေမယ့် ထပ်စဥ်းစားရရင် သူက အသက် 27မှာ ​ရောက်​နေပြီး​တော့ အလုပ်အကိုင်ကလည်း မြင့်တက်​နေဆဲ အချိန်​လေ။ သူကလည်း ဒီ​လောက် မြန်မြန်ကြီး လက်ထပ်ချင်ပါ့မလား...

လီယန်က ဆိုဖာ​လေးတွင် ​ကျောမီချလိုက်သည်။ သူမက သူမနှင့် ဧကရာဇ်​​မော့ လက်ထပ်မည့် ကိစ္စကို အမှန်တကယ် စိတ်ပူ​နေခဲ့ခြင်းပင်။

ဒီလို အပူအပင်မျိုး ရှိ​နေရတာကလည်း အ​တော်​​လေး ဇိမ်ရှိတာပဲ​နော်...

သူမက ဆိုဖာ​လေးမှ ထရပ်ကာ ​ဝေ့​ပေါ် ဖိုရမ်မှ ချစ်သူ​ကောင်​လေး၏ ​မွေး​​နေ့အ​ကြောင်း threadတစ်ခု တင်ရန် သွားလိုက်သည်။ သူ့အတွက် ဘာလက်​ဆောင် ​ပေးရမှာပါလိမ့်...

("​သောက်ကျိုးနဲ... မမ​လေးမှာ ရည်းစား ရှိ​နေတာတဲ့လား... မင်းရဲ့ ရည်းစားက သူ​တောင်းစားလား")

("သူမကို ဖမ်းကြပါ... မင်းနဲ့ ကျန်းဇီ No2ရဲ့ ဆက်ဆံ​ရေးက ဘာလဲ.. မင်းက တကယ်ကြီး ဧကရာဇ်​မော့ရဲ့ လက်​ထောက်လား... ဒါဆို ​မော်ဒယ်မမကလည်း မင်းပဲလား" )

("ငါ့ဆီမှာ ​ကောင်​လေး မရှိ​တော့ ဒီလို ပြဿနာမျိုး မရှိဘူး... ဘိုင့်ဘိုင်" )

("​ယောကျ်ားတစ်​ယောက် အမြဲတမ်း လိုအပ်​နေတဲ့ အရာ တစ်ခုပဲ ရှိတယ်... အဲ့တာက မင်းရဲ့ ... ခန္ဓါကိုယ်ပဲ​လေ:)")

လီယန်: "..."

သူမက ​နောက်ဆုံးမက်​ဆေချ့်​ကြောင့် ထိတ်လန့်သွားရသည်ကို ဝန်ခံရမည်။ သူမက မသိလိုက်မသိဘာသာဖြင့် ကိုယ်ကိုလှည့်ကာ သူမကိုယ်သူမ မှန်ထဲတွင် ကြည့်လိုက်သည်။ သူမရဲ့ ခန္ဓါကိုယ်... အခုထိ အဆင်သင့် မဖြစ်​သေးဘူး....

ထိုအ​ကြောင်းကို စဥ်းစားမိ​သောအခါ သူမက အိပ်ရာထက်မှ ပိုစတာကို ကြည့်လိုက်သည်။ သူမက နှာရှုံ့၍ ထိုအကြံက အ​တော်​လေး မဆိုးဘူးလို့ ခံစားလိုက်ရ​လေသည်။။

ယခုတွင် ဇူလိုင် 24သို့ ​ရောက်လာခဲ့​လေပြီ။ လီယန်က တုံ့ဆိုင်း​နေ​သော်လည်း လက်​ဆောင်ဝယ်ရန် အချိန် မရှိ​တော့ပါ​ပေ။ ​မော့ကျန်းမှာ ​မွေး​နေ့ဖြစ်လင့်ကစား ရိုက်ကူး​ရေး လုပ်​နေရဆဲဖြစ်သည်။ အမှန်တကယ်တွင်မူ သူ့​မွေး​နေ့အများစုကို ရိုက်ကူး​ရေး အဖွဲ့ကသာ အမြဲတမ်း ကျင်းပ​ပေးခဲ့ခြင်း ဖြစ်သည်။

အသိုင်းအဝိုင်းအတွင်းတွင် ဧကရာဇ်​မော့၏ ​မွေး​နေ့ကို မသိသူ ရှားလှသည်။ ထို့​ကြောင့် မနက်အ​စောကတည်းကပင် လူတိုင်းက ​မွေး​နေ့ဆု​တောင်း​မြောက်များစွာ ​ပေးပို့လာခဲ့ကြသည်။ သူတို့က ​မွေး​နေ့ကိတ်တစ်လုံးကိုပင် အတူတကွ ဝယ်ယူခဲ့ကြပြီး ကျင်းပ​ပေးခဲ့ကြသည်။ ဝမ်​ရှောင်​ရှောင်သည်ပင် ​မော့ကျန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် လက်​ဆောင်တစ်ခု ပို့​ပေးလာခဲ့သည်။ လီယန်က လှလှပပ ထုပ်ပိုးထား​သော ဘူး​လေးကို ကြည့်ကာ စက်ဆုပ်ရွံရှာစွာဖြင့် နှာမှုတ်လိုက်သည်။

ငါ့ခန္ဓါကိုယ်ထက် ဆွဲ​ဆောင်မှု ရှိလို့လား... ဟမ့်

… ….

ကယ်ကြပါအုံး... သူမ ဘာ​တွေ ​တွေး​နေပါလိမ့်... သူမကိုယ်သူမ ဒူး​ထောက်ချင်မိသွားပြီ​နော်...

​နေ့လည်စာစားပြီး​နောက် ရိုက်ကူး​ရေးက ပုံမှန်အတိုင်း ဆက်သွားခဲ့​သော်လည်း ယ​​နေ့တွင် ည8နာရီ ပတ်ဝန်းကျင်၌ ရိုက်ကူး​ရေး နားမည် ဖြစ်သည်။ ၎င်းက ​​သေချာ​ပေါက် ပင် အဖွဲ့သားများအတွက် သတင်း​ကောင်း ဖြစ်သည်။ သူတို့က ​နေ့တိုင်းကို ဧကရာဇ်​မော့၏ ​မွေး​နေ့ ဖြစ်ပါ​စေဟု ဆု​တောင်း​မိသွားကြလေသည်။

လီယန်က လက်​ဆောင် မပြင်နိုင်ခဲ့သဖြင့် တန်ဖိုးကြီးညစာတစ်ခု ပြင်ဆင်​ပေးရမည်ဟု ​တွေးခဲ့သည်။ သူမက ​မော့ကျန်း၏ အခန်းထဲတွင် ဟင်းလျာစာအုပ်တစ်အုပ် ရှိ​နေသည်ကို သတိရမိသွားသည်။ သူမသာ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်မယ်ဆိုရင် အဲ့​လောက်ထိ မဆိုးလောက်ပါဘူး​နော်...


Xxxx