အပိုင်း ၉၀
Viewers 10k

Chapter 90
သူမ ပါပဲ.....


ထို့​ကြောင့်ပင် သူမက အိမ်ပြန်၍ ညစာမပြင်မီ ​မော့ကျန်းထံ တ​ပျော်တပါး ခွင့်​သွားတောင်းခဲ့​လေသည်။

​ရေခဲ​သေတ္တာထဲမှ အစားအစာများမှာ ပြီးပြည့်စုံလှသည်။ သူမက ၎င်းတို့ကို မကြာ​သေးခင်ကမှ စူပါမားကပ်တွင် သွားဝယ်ထားခဲ့ခြင်း ဖြစ်သည်။ သူမ အချိန်ကို ခန့်မှန်းလိုက်ရာ ​မော့ကျန်း ပြန်မ​ရောက်မီ သုံးနာရီ လို​နေ​သေး​ကြောင်း ​တွေ့လိုက်ရ​လေသည်။ သူမအတွက် ညစာ ချက်ဖို့ အချိန်​လောက်ပါတယ်...

သူမက ​မော့ကျန်း၏ အခန်းတံခါးကို ချဥ်းကပ်သွားခဲ့သည်။ တံခါးမှာ ​လောခ့်ချမထား။ ထို့​ကြောင့် သူမက လက်က​လေး လှိမ့်ရုံမျှပင် အလွယ်တကူ ဖွင့်ဝင်သွားနိုင်ခဲ့သည်။ မာစတာအခန်းနှင့် အရံအိပ်ခန်း နှစ်ခုလုံးတွင် ​သော့များ ရှိ​သော်လည်း သူတို့က တံခါးများကို တစ်ခါမှ ​လောခ့်မချထားခဲ့ကြ​ပေ။ လီယန် ဝင်လာပြီး​​သောအခါ ဟင်းချက်စာအုပ်ကို ​ဝေ့ဝဲ ရှာ​ဖွေလိုက်သည်။ သူမက ကွန်ပြူတာခုံတွင် ထ်ုင်၍ လှန်​လှောရှာ​ဖွေလိုက်​လေသည်။

​ကောင်းပြီ​လေ... စတိတ်ခ်ကလည်း ​ကောင်းပါတယ်... သူမ လုပ်နိုင်မယ် ထင်တာပဲ... ​ကျောက်ပုစွန်က ​စျေးမြင့်လွန်းတယ်... သူမ ကိုင်တွယ်နိုင်မယ်မထင်... ပြီး​တော့ ဂဏန်းက​ရော... ​စော​စောသာသိရင် ဒွန်ကိုသာ ​ခေါ်လိုက်ပါတယ်ဟယ်...

လီယန်က ဟင်းပွဲများ ရှာနေစဥ်မှာပင် ကွန်ပြူတာက ရုတ်တရက်ပင် တတီတီ မြည်လာ​လေသည်။ သူ့ဘာသာ ပွင့်သွားတာဟ... စက်ကြီးက​​လေ... တကယ်ကြီး သူ့ဘာသာ ပွင့်သွားတာ...

လီယန်မှာ ဟာသလုပ်ရင်းပင် ​ကြောက်ရွံ့လာ​တော့သည်။ အစတုန်းက ပါဝါခလုတ်ကို မ​တော်တဆ ဖွင့်မိတာလို့ ထင်​ပေမယ့် မီးခလုတ် မထိုးထားဘဲ ဘယ်လိုများ ဖွင့်နိုင်သွားရတာလဲ... ဘက်ထရီ ရှိ​နေတာ​ကြောင့်လို့ မ​ပြောနဲ့​နော်... ဒါက desktopကြီးကွ...

လီယန် ခံစား​နေရသည်မှာ သူမငယ်ငယ်ကတည်းက လူ​​တွေအများကြီးကို အနိုင်ကျင့်ခဲ့​ပေမယ့် ​သေ​လောက်​အောင်ထိ​တော့ အနိုင်မကျင့်ခဲ့ဖူးဘူး​နော်.... ဒါ​ကြောင့်မို့ တစ်​ယောက်​ယောက်က သူမကို လက်စားလာ​​ချေ​နေတာ​တော့ မဖြစ်သင့်ဘူးမလား...

ကွန်ပြူတာ၏ လုပ်​ဆောက်ချက်က အ​တော်​လေး ​ကောင်းသည်။ လုပ်ငန်းစဥ်တစ်ခုလုံးက စက္ကန့်နှစ်ဆယ်မျှသာ ကြာသည်။ လီယန်က ကွန်ပြူတာ ပွင့်ပြီး​နောက် အရာအားလုံး အဆင်​ပြေသွားလိမ့်မည်ဟု ​တွေး​နေခဲ့​သော်လည်း... ​မောက်စ့်က တကယ်ကြီး သူ့ဘာသာသူ ​ရွေ့​နေတာဟ...

ထိုကွန်ပြူတာက ကျန်းကျန်း​၏ ကိုယ်​ရေးကိုယ်တာသုံး ဖြစ်သည်။ သူမှလွဲ၍ ၎င်းကို မည်သူကမှ မသုံးခဲ့ကြဖူး​​ပေ။ ဒါ​ပေမယ့် အခု​တော့... လီယန်၏ မျက်နှာ၌ မျက်ရည်များ ဖုံးလွှန်း​နေခဲ့​လေသည်။ သူမက ထရပ်ကာ ​ပြေးလိုက်ချင်​ပါ​သည်။ အဆုံးတွင် ဤအ​ခြေအ​နေက စိတ်လှုပ်ရှားဖွယ်ရာ ​ကောင်းလှသည်။ သို့​သော်ငြား သူမက တုပ်တုပ်ပင် လှုပ်၍ မရသည်ကို ​တွေ့လိုက်ရသည်။

​မောက်စ်က desktop​ပေါ်တွင် နှိပ်လိုက်ပြီး​​နောက် ဝှက်ထား​သော ဖိုင်တစ်ခုကို ဖွင့်လိုက်​လေသည်။ ဒီဖိုင်ကို လျှို့ဝှက်နံပါတ် ထည့်ထား​ပေမယ့် သူက သိ​နေတယ်ဟ... ကီးဘုတ်က အကြိမ်အနည်းငယ်မျှ တ​တောက်​တောက် မြည်သွားပြီး ဖိုင်သည်လည်း ပွင့်သွားခဲ့​လေသည်။

လီယန်က သူမဘာသာ ​​တွေးလိုက်သည်။ ဖိုင်ကို ဖွက်ထားပြီး လျှို့ဝှက်နံပါတ်နဲ့ ခတ်ထားတာ... လွန်လွန်ကဲကဲ လျှို့ဝှက်ထားတဲ့ ဖိုင်တစ်ခု ဖြစ်ပုံပဲ... သူမ မကြည့်တာပဲ ပို​ကောင်းမယ်ထင်တယ်... သူမက မျက်လုံးများ မှိတ်​တော့မည့် အချိန်မှာပင် ထပ်ပြီး ​ရှောခ့်ရသွားပြန်သည်။

ထိုဖိုင်တွင် ဓါတ်ပုံများ ပြည့်​နေပြီး ၎င်းတို့ အားလုံးမှာ သူမ၏ ဓါတ်ပုံများ ဖြစ်​နေသည်။ သူမရဲ့ ​ဘေးဘက်မျက်နှာ၊ ​သူမရဲ့ ဒေါသထွက်​နေတဲ့ အပြုံး၊ ပုံတစ်ပုံတိုင်းက သူမ၏ မျက်လုံးထဲတွင် ​ပေါ်လာတိုင်း နူးညံ့၍ သွား​လေသည်။

ဒါ​ပေမယ့် သူမ ဒီပုံ​တွေ တစ်ခါမှ မရိုက်ဖူးဘူး​နော်...

ဓါတ်ပုံများ၏ ​နောက်ခံ​နေရာက ​သေချာ​ပေါက် နိုင်ငံအတွင်း​နေရာ မဟုတ်​ပေ။မိုးပျံပူ​ပေါင်း စီး​နေစဥ် ရိုက်ထားခဲ့သည့် ပုံများပင် ပါ​နေ​သေးသည်။ သူမက ချန်းချင်းယန် တစ်ခါက ​ပြောခဲ့ဖူးသည့် ​မော့ကျန်း Goremeသို့ ခရီးသွားခဲ့သည်ဟူ​သော အ​ကြောင်းကို သတိရမိသွားသည်။ ထို့​ကြောင့် ဤပုံများမှာ ထိုခရီးစဥ်အတွင်းက ရိုက်ထားခဲ့သည့် ပုံများ ဖြစ်ပုံရသည်။

မောက်စ်က သူ့ဘာသာ ဆက်​ရွှေ့​နေဆဲ ဖြစ်ပြီး ဓါတ်ပုံတစ်​ပုံ​ပေါ်သို့ အ​ရောက်တွင် နှစ်ချက်မျှ နှိပ်လိုက်​လေသည်။ ထိုပုံက ရုတ်တရက် ကြီးမားလာပြီး လီယန်က နံရံတွင် ​ခေါင်းမှီထားကြသည့် လူနှစ်​ယောက်ကို ကြည့်လိုက်ရာ သူမ၏ အံ့သြ ထိတ်လန့်မှုအစုံက ခံစားချက် ​ပေါင်းစုံသို့ ​ပြောင်းလဲသွားပုံပင်။

အရမ်း ရင်းနှီး​နေလွန်းလို့ ငိုချင်လာတယ်...

သူမက အဆုံးတွင် ​အဘယ်​ကြောင့် မော့ကျန်းကို ပထမဆုံး ​တွေ့စဥ်က ​ရှောခ့်မရသွားခဲ့ဘဲ သူမက ထိုလူကို သိ​နေသည့်အလား ရှင်းမပြနိုင်​သော ရင်းနှီးမှု တစ်စုံတရာ ခံစားခဲ့ရသည်ကို နားလည်သွားခဲ့​လေပြီ။

သူမက အမှန်တကယ်ပင် သိ​နေခဲ့သည်ကြောင့်သာ...

မြင်ကွင်း​ပေါင်းများစွာက ရုပ်ရှင် ဇာတ်ကားတစ်ကားလိုပါပင် သူမ၏ မျက်လုံး​ရှေ့၌ ဖြတ်​ပြေးသွားခဲ့သည်။ သို့​သော်လည်း ၎င်းတို့မှာ သူမ၏ နှလုံးသားအတွင်း စွဲထင်​နေခဲ့ပြီးသား ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူမက အရာများစွာကို နားလည်သွားခဲ့​လေသည်။ သူ အဘယ်​ကြောင့် သူမကို အား​ယောင်ဟု ​ခေါ်ခဲ့ရသည်ကိုလည်း နားလည်သွားခဲ့သည်။

သူမ မည်သည့်အချိန်ထိ ငို​နေခဲ့မှန်း မသိခဲ့​ပေ။

"​ဖြောင်​ဖြောင် နင်မို့လားဟင်" လီယန်က နှာရှုံ့လိုက်ပြီး သူမ၏ အသံက အခန်းလွတ်ထဲတွင် ပဲ့တင်ထပ်သွား​လေသည်။ သူမက ​ဘေးနားသို့ ​မျောလွင့်လာပြီး လီယန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

"​ကြောင်​လေး... အခု မှတ်မိသွားပြီလား... ဒီလိုလုပ်တာ အသုံးဝင်မယ်မှန်းသာ သိခဲ့ရင် ငါဒီပုံ​တွေ အရင်ကတည်းက ပြထားလိုက်ပါတယ်"

"ဝူး... ငါ​တောင်းပန်ပါတယ်... ​ဖြောင်​ဖြောင်ရယ်... ငါ နင်နဲ့ ​မော့ကျန်းကို တကယ်ကြီး ​မေ့သွားတယ်"

လီယန် ပို​တွေး​လေ​လေ ပို၍ ဝမ်းနည်းလာရ​လေ​လေပင်။ သူမ ထွက်ခွာခဲ့ရသည့် အချိန်က သူတို့ ထာဝရ ခွဲခွာကြရ​တော့မည်ဟု ​​​တွေးခဲ့မိသည်ကို သတိရသွားသည်။ သူမက ​နောက်တစ်ကြိမ် သူနှင့်​တွေ့ရသည့်အချိန်၌ သူ့အ​ကြောင်းကို ​မေ့သွားလိမ့်မည်ဟု မထင်ထားခဲ့​ပေ။

"ကိစ္စ မရှိပါဘူး... နင်မှတ်မိလာတာ ​ကောင်းတယ်... ဧကရာဇ်​မော့က ဒီပုံ​တွေကို နှာဘူး​ကောင်လို ​ညတိုင်း ကြည့်​နေတာ နင်မသိ​သေးဘူး"

ထိုအ​ကြောင်း ​ပြောပြီးသည်နှင့် သူမက လီယန်ကို ပတ်၍ ​ပျော်​ပျော်ရွှင်ရွှင် တပတ်ပတ်လိုက်ပြန်သည်။

"ဒါ​ပေမယ့် အခု​တော့ ​ကောင်းသွားပြီ... နင်မှတ်မိပြီဆိုတော့ ဧကရာဇ်​မော့ကို မြန်မြန်​လေး ခုန်အုပ်လိုက်​တော့"

လီယန်: "..."

"အား" ​​ဖြောင်​ဖြောင်က ရုတ်တရက် ​အော်ဟစ်လိုက်သည်။ "ဧကရာဇ်​မော့ ပြန်လာပြီ... နင် လုပ်လို့ ရပြီ​လေ"

သူမ၏ စကားဆုံးသည်နှင့် အခန်းတံခါး ပွင့်သွားသည်ကို ကြားလိုက်ရသည်။ သူမက ​ခေါင်းလှည့်ကြည့်ပြီး​နောက် ပျံ​ပြေးသွား​လေ​တော့သည်။ သူမက စားပွဲ​ပေါ်မှ တစ်သျူးစကို ယူ၍ မျက်ရည်များနှင့် နှာရည်များကို သုတ်ရန် ကြိုးစားလိုက်ပါ​သော်လည်း သူမ၏ ​ခြေတံများက သူမအတွက် ရှည်လွန်း​နေသည်။

အပူတပြင်း ငိုထားဟန်ရှိပြီး ငိုချ​တော့မည့်ပုံလည်း ​​ပေါ်နေ​သော လီယန်ကို ကြည့်ကာ ​မော့ကျန်းမှာ တံခါးဝမှာပင် ကြက်​သေ​သေသွား​တော့သည်။ သူက မျက်ခုံးကြုတ်၍ သူမကို ​မေးမြန်း​တော့မည့် အချိန်တွင် ကွန်ပြူတာထက်မှ ပုံများကို ​တွေ့လိုက်ရသည်။ သူ့မျက်လုံးများ ကျဥ်း​မြောင်းသွားပြီး​နောက် ခံစားချက်​ပေါင်းစုံက ထပ်ပြီး ​ရောယှက်လာသလိုပါပင်။

​​ရှေ့သို့ ခြေတစ်လှမ်း လှမ်း၍ သူ လီယန်ကို ကြည့်ကာ ​နူးညံ့စွာ ပြောလိုက်မိသည်၊ "အား​ယောင်လား"

"ကျန်းကျန်း" လီယန်က ​မော့ကျန်း၏ ရင်ခွင်ထဲသို့ ​ပြေးဝင်ကာ ထိုသူ၏ ဒီဇိုင်နာချုပ် အင်္ကျီဖြင့် မျက်ရည်နှင့် နှာရည်များကို သုတ်လိုက်သည်။

"ဝူးဝူးဝူး... ​တောင်းပန်ပါတယ်... ကျွန်မ ရှင့်ကို ​မေ့သွားတယ်"

​မော့ကျန်း၏ ခန္ဓါကိုယ် ​တောင့်တင်းသွားပြီး ညာလက်ကို မကာ လီယန်၏ ခါး​လေးကို ​ပွေ့ဖက်လိုက်သည်။

"မင်း... အခု မှတ်မိသွားပြီလား"

"အင်း... အကုန်လုံးမှတ်မိသွားပြီ... ​ဖြောင်​ဖြောင် ဒီပုံ​တွေ ပြ​ပေးတာ ​ကျေးဇူးတင်ရမယ်"

လီယန်က ​မော့ကျန်း၏ လည်တိုင်ကို ဖက်တွယ်ကာ သူ့ကို ​ခေါင်း​မော့၌၍ ကြည့်လိုက်သည်။

​မော့ကျန်းက သူ့​ခေါင်းကို နှိမ့်ချလာပြီး​ သူမ၏ မျက်နှာကို တစ်ခဏမျှ ကြည့်ကာ ​ပြောလိုက်သည်။

"မျက်နှာ အရင်သွားသစ်"

လီယန်: "..."

အခုက အဲ့ကိစ္စ​တွေကို ဂရုစိုက်​နေရမဲ့ အချိန်လားလို့...

သို့​သော်ငြား သူမက နာနာခံခံဖြင့် မျက်နှာသွားသစ်လိုက်ပါသည်။ သူမ ထွက်လာ​သောအချိန်တွင် ​မော့ကျန်းမှာ အဝတ်အစားများ လဲထားပြီး ကွန်ပျူတာ မျက်နှာပြင်​ရှေ့တွင် ထိုင်၍ ပုံများ ကြည့်​နေခဲ့သည်။ လီယန်က နိုးကြားသွားပြီး ခပ်ရှက်ရှက်ဖြင့် ​ပြောလိုက်သည်။

"ကျန်းကျန်း... ကျွန်မ တကယ်​တော့ ရှင့်အတွက် စား​သောက်ပွဲကြီး ချက်​ပေးမလို့ပဲ... ဒါ​ပေမယ့် ရှင်​​စော​စော ပြန်လာမယ်လို့ မထင်ထားဘူး​လေ... ဒါ​ကြောင့်... စား​သောက်ပွဲကြီးကလည်း သွားပြီ"

ထိုအ​ကြောင်းကို ကြား​သောအခါ ​မော့ကျန်းက ​ခေါင်းလှည့်လာကာ သူမကို တစ်ခဏမျှ ကြည့်လိုက်ပြီး​နောက် သူ့အကြည့်များ ပိုနက်ရှိုင်းလာခဲ့သည်။ သူ ထရပ်ကာ လီယန်​ရှေ့သို့ လျှောက်လာခဲ့​လေသည်။ သူမ၏ လက်ကို ကိုင်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။

"အဆင်​ပြေပါတယ်... ကိုယ်က တခြားတစ်ခု စားချင်​နေတာ"

လီယန်: "..."

ထင်ထားတဲ့အတိုင်း သူမရဲ့ ခန္ဓါကိုယ် ဖြစ်​နေတုန်းပဲ...

​ပြောပြီး​နောက် ထိုလူက သူမ၏ နှုတ်ခမ်းများ ထက်သို့ ငြင်ငြင်သာသာ အနမ်း​ခြွေလိုက်သည်။ ထိုအနမ်းက အလွန်အမင်း ငြိတွယ်၍ ​နေပြီး နှစ်​ယောက်သားက သူတို့၏ ခံစားချက် အလုံးစုံတို့ဖြင့် နှိုးဆွ​ပေး​နေသလိုပါပင်။ သူတို့၏ တွယ်ယှက်​နေ​သော အသက်ရှူသံများကလည်း တစ်​ယောက်​ပေါ် တစ်​ယောက် ဖြတ်​ပြေးသွား​လေသည်။ ထိုဖြစ်စဥ်အတွင်း သူတို့၏ အဝတ်အစားများမှာလည်း နည်းသထက် နည်းလာခဲ့​လေသည်။

​နောက်ပိုင်းတွင် လီယန်မှာ ကုတင်​ပေါ်တွင် လှဲကာ သူမ၏ ခန္ဓါကိုယ်ကို ​​မော့ကျန်းက ဖိချထားခဲ့သည်။ သူက ကိုယ်ကို ကိုင်း၍ သူမ၏ နားထဲသို့ တီးတိုး​ပြောလိုက်သည်။

"ပထမဆုံးအကြိမ်က နည်းနည်း နာမယ်... ပြီးရင် ​ပျောက်သွားမှာပါ"

လီယန်: "..."

သူမ ​ပြောချင်သမျှက နာမည်​ကျော် ဆိုရိုးတစ်ခု အတိုင်းပင်... မုန်တိုင်းကို ပြင်းပြင်း တိုက်လိုက်စမ်းပါ...

သို့​သော်လည်း ​နောက်ပိုင်း ဖြစ်ပျက်သမျှက သူမ၏ ခန္ဓါကိုယ်​ပေါ်သို့ မုန်တိုင်း တိုက်သွားသလိုပါပင်။ ​မော့ကျန်းနှလုံးသားက ​ဘေးတွင် လဲ​လျောင်း​နေ​သည့် ပင်ပန်း​နေ​သော အမျိုးသမီး​​လေးကို ကြည့်ကာ ဆန်းသစ်သည့် ​ကျေနပ်အားရမှုတို့ဖြင့် ပြည့်နှက်သွားသည်။ ထိုခံစားချက်မှာ ရုပ်ရှင် ဧကရာဇ် ဖြစ်ခဲ့ရသည့် အချိန်အချို့နှင့် နှိုင်းစာ၍ မရနိုင်​ပါ​ပေ။

​မော့ကျန်းက ညဝတ်အင်္ကျီ​​လေး ​လျော့တိ​​လျော့ရဲ ဖြစ်​နေ​သော လီယန်၏ ပုခုံး​လေးကို နမ်းကာ ကွန်ပြူတာ​ရှေ့တွင် ထိုင်လိုက်သည်။ လီယန်၏ ​ဝေ့​ပေါ်ကို လှန်​လှော ရှာ​ဖွေလိုက်ပြီး​နောက် မကြာ​သေးမီကမှ တင်ထားသည့် ပိုစ့်တစ်ခု ရှာ​တွေ့သွားသည်။

တလီ: "ငါ​ပြောချင်တာက​တော့ ဧကရာဇ်​မော့ ​ကော်​ဇောနီ​ပေါ်မှာ ​​ပြောခဲ့တဲ့သူက တကယ်​တော့ ငါပါပဲ"

​​မော့ကျန်းက ထို​ဝေ့​ပေါ်ပိုစ့်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီး​​နောက် ပြုံးကာ forward လုပ်လိုက်​လေသည်။

"တကယ် သူပါပဲ"
.......



ဇူလိုင်လ 24ရက်​နေ့ ည 7နာရီ27မိနစ်တွင် အင်တာနက်​ပေါ်၌ ​ကြောက်မက်ဖွယ် ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့​လေသည်။

မျိုးရိုးနာမည်​မော့နှင့် ရုပ်ရှင်ဧကရာဇ်က ​ဝေ့​ပေါ်တွင် သူ့အချစ်​ရေးအ​ကြောင်း ရူးနှမ်းစွာ ထုတ်​ဖော်​ပြောကြားခဲ့ပြီး အင်တာနက်တစ်ခုလုံးကို ဆူညံပွက်လောရိုက်သွား​စေသည်။ မိဒီယာများလည်း ပွက်လောရိုက်သွားပြီး မ​ရေတွက်နိုင်​သော ဖန်များ နာကျင်သွားကြရ​တော့သည်။

သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ခွဲခြမ်းစိတ်ဖြာမှုအရ ဧကရာဇ်​မော့ အစပြုခဲ့သည့် ရူးသွပ်မှုများက အနည်းဆုံး ​နောက်ထပ် လဝက်​လောက်ထိ ကြာရှည်နိုင်သည်။ သူတို့ ​တောင်းဆိုကြသည်မှာ ထိုကာလအတွင်း အင်တာနက်​ပေါ် တက်ချိန်တွင် သူတို့၏ လုံခြုံ​ရေးကို အာရုံစိုက်ထားကြရန် ဖြစ်ပြီး စိတ်အ​ခြေအ​နေ မတည်ငြိမ်ကြ​သော ဖန်များနှင့် ​တွေ့ဆုံပါကလည်း ခပ်မြန်မြန် ​ရှောင်ထွက် သွားကြရန် ဖြစ်သည်။

ထိုကပ်​ဘေးကြီး၏ ​ဘေးဒုက္ခဖြစ်ရာ ဗဟိုချက်သည်ကား ​သေချာ​ပေါက်ပင် ဧကရာဇ်​မော့၏ ​ဝေ့​ပေါ် ဖြစ်​​လေသည်။

("ဧကရာဇ်​မော့​တောင် အချစ်မှာ ကျရှုံးသွားပြီ... ငါတို့ရဲ့ မျိုးဆက်​သစ်​လေး​တွေလည်း အဆင်​ပြေပါ့မလား... #မင်းတို့ဖန်​တွေရဲ့ ကျန်းမာ​ရေးနဲ့ ဖွံ့ဖြိုး​ရေး​တွေကို ဂရုစိုက်​ပေးကြပါ#")

("မယုံဘူး... မယုံဘူး... ငါ့ကို ​သေ​အောင် ရိုက်ရင်​တောင် မယုံဘူး... အတိုချုပ်​ ​ပြောမယ် မယုံဘူးကွာ...")

("ငါ နတ်သမီးဖြစ်ဖို့ သ​ဘောတူလိုက်ပြီ... နှုတ်ဆက်ပါတယ်")

("​သောက်ကျိုးနဲ... ဧကရာဇ်​မော့က တည့်ပဲဟ... ငါမင်းကို ထပ်မချစ်နိုင်​တော့ဘူး")

("ငါမှားမှတ်မိတာလား... ဒီ​နေ့က ဧပရယ်ဖူး​တော့ မဟုတ်ပါဘူး​နော်... ဧကရာဇ်​မော့က ငါတို့ကို အရူးလုပ်ဖို့ လက်​ထောက်မမနဲ့ ​ပေါင်းကြံထားတာမလား")

("မင်းတို့ရဲ့ အကြိုက်ဆုံး နာမည်​ကျော်​တွေနဲ့ ရင်းနှီးလိုပါသလား... မင်းရဲ့ နတ်ဘုရားနဲ့ သာမန် ဆက်ဆံ​ရေးမျိုး ရရှိလိုပါသလား... SB Studioက လက်​ထောက်မျိုးစုံကို ​ခေါ်ယူ​နေပါတယ်... ဘဝရဲ့ အထွဋ်အထိပ်ကို ​ရောက်သွားလိုက်ပါ... သီးသန့် မက်​ဆေချ့်နဲ့ ဆက်သွယ်နိုင်ပါတယ်")

("ငါပုံ​​တွေကို ​တွေ့ကတည်းက ဒါ အချစ်စစ်ပဲလို့ ​ပြောခဲ့ဖူးသလားလို့")

("ငါ့ကိုယ်ငါအတွက် နာမည်တစ်ခု သွား​ပေး​တော့မယ်... ကမ္ဘာ​ပေါ်မှာ ပြန်​တွေ့ကြတာ​ပေါ့")

ဧကရာဇ်​မော့၏ ​ဝေ့​ပေါ်အပြင် အခြား​သော ​နေရာများ၌လည်း ကပ်​ဘေး၏ မတူညီ​သော အတိုင်းအတာပမာဏကို ခံစား​နေကြရသည်။

ကုမ္ပဏီအဖွဲ့​ခေါင်း​ဆောင်: ပစ္စည်း ပြန်လဲချင်လို့ပါ...

ရတနာ​စျေးဝယ်သူဝန်​ဆောင်မှုအဖွဲ့: ကွာလတီက တစ်ခုခု မှား​နေတာလား... ဆိုဒ်မှားလို့လား...

ကုမ္ပဏီ အဖွဲ့​ခေါင်း​ဆောင်: "ဧကရာဇ်​​မော့က အချစ်​တွေ့သွားတာ​တောင် ဒီလို အဝတ်အစားလှလှ​လေး​တွေ ဝယ်​နေရအုံးမှာလား... ပစ္စည်း ပြန်လဲချင်ပါတယ်"

ရတနာ​စျေးဝယ်သူဝန်​ဆောင်မှုအဖွဲ့: ...

ချက်ချင်းဆိုသလိုပင် "ဧကရာဇ်​မော့​တောင် အချစ်​တွေ့သွားပြီ... ငါက ဘာလို့ XXX​နေရ​သေးတာလဲ" ဟူသည်က အင်တာနက်​ပေါ်တွင် လူတိုင်း သုံးကြသည့် စကားစု ဖြစ်လာခဲ့သည်။ ဒီစာ​ကြောင်းနဲ့ ဘယ်သူက သူ့ကို လာပြိုင်ရဲတာလဲ...

ကွမ်းရမ်က ဧကရာဇ်​မော့၏ ​ဝေ့​ပေါ်ကို ပိတ်လိုက်သည်။

ဖန်A: ​သေချာ​ပေါက်​နော်... တ​​လောက နိုင်ငံခြားကို ရိုက်ကူး​ရေး သွားလုပ်ရ​သေးတယ်မလား... မင်းနဲ့ မင်းလက်​ထောက်တို့က ဟိုတယ်တစ်ခုတည်းမှာ အခန်းတစ်ခန်းတည်း အတူတူ တည်းကြ​သေးတယ်​နော်...

ဖန်B: ကွမ်းရမ်ရဲ့လက်​ထောက်က ​ယောကျ်ားကြီးဟဲ့... အတူတူ​နေတာ ဆန်းလား....

ဖန်C :အဓိကက လိင်အမျိုးအစား မဟုတ်ဘူး... လက်​ထောက် ဖြစ်​နေတာဟဲ့...

ဖန်D : #စတား​တွေနဲ့ လက်​ထောက်​တွေ ​ပြောရမဲ့ ပုံပြင်အတွဲလိုက်#

ဖန်E : " ​နောက်ထပ် "ဧကရာဇ်​မော့နဲ့ သူ့လက်​ထောက်" အသစ်က ဘယ်သူ ဖြစ်မလဲ ​မြင်ပြီးသားလို့ ​တွေး​နေတာ... အိုး မဟုတ်ဘူး... ​ရယ်နေတဲ့ မော်ဒယ်အစ်ကိုကြီးလို့"

​​နောက်ပိုင်းတွင်:

အချိန်တို​လေး အတွင်းမှာပင် နာမည်​ကျော်များ အားလုံးက သူတို့၏ လက်​ထောက်များနှင့် အ​နေနီးလွန်းပါက ဆက်ဆံ​ရေး တစ်ခုအဖြစ် အဆုံးသတ် သွားမည်ကို ​ကြောက်ရွံ့​နေကြသည့်အလား သူတို့၏ လက်​ထောက်များကို ​ရှောင်ရှားလာကြသည်။ လက်​ထောက်အတွက်ကား ဖန်အုပ်စုထဲတွင် အ​ကျော်ကြားဆုံး အလုပ် ဖြစ်လာခဲ့​လေသည်။

ဆက်တိုက်​ရောက်လာ​သော တိုက်ခိုက်မှုများ​ကြောင့် ရူးသွပ်​တော့မည့် အ​ခြေအ​နေနှင့် ​ခြေတစ်လှမ်းသာ ကွာ​တော့​သော ချန်းချင်းယန်မှာ ​ဧကရာဇ်​မော့၏ ​ဝေ့ပေါ်ကို မြင်ပြီး​နောက် အဆုံးတွင် ​နောက်ဆုံး​ခြေလှမ်းကို လှမ်းမိသွား​လေသည်။ ထို​ခြေလှမ်းက သူမကိုယ်တိုင်အတွက် ​ခြေလှမ်းငယ်​လေးသာ ဖြစ်​သော်လည်း စာဖတ်သူ အားလုံးတို့အတွက်မူ အလွန် ကြီးမား​နေခဲ့သည်။

လီမွန်ပြုတ်:( မနက်ဖြန်က စပြီး ငါ​ပျော်ရွှင်​နေတဲ့ လူသားပဲ... မြင်း​တွေ အစာ​ကျွေးမယ်... ထင်း​တွေ ခွဲမယ်... ကမ္ဘာပတ်ပြီး ခရီးထွက်မယ်... မနက်ဖြန်ကစပြီး အစားအစာနဲ့ အသီးအရွက်​တွေကို ဂရုစိုက်မယ်... ပင်လယ်ကမ်းနားမှာ အိမ်တစ်လုံးယ်မယ်... ​နွေဦးပန်း​​လေး​တွေ ပွင့်လာ​တော့မယ်")

စာဖတ်သူ A:( ​သောက်ကျိုးနဲ... ဘာ​တွေ ဖြစ်ရပြန်တာလဲ...)

စာဖတ်သူ B: (အရင်တစ်ခါက Pushkin ဒီတစ်​ခေါက်က ဟိုင်ဇီ... ​နောက်တစ်​ခေါက်ကို တကယ်​မျှော်​နေပြီ... :3)

စာဖတ်သူ C:( ဟားဟားဟား လီမွန်တစ်​ယောက်ဖြစ်ဖို့ ထိုက်တန်တယ်...)

စာဖတ်သူ D(: မင်းတို့အားလုံး ဒါက လအနည်းငယ် အတွင်းမှာပဲ အဆုံးသတ်သွားမယ်ဆိုတာ ခန့်မှန်းထားပြီးသားပဲမလား...)


Xxxx