Ch 27
Viewers 3k

(27) ယှက်နွယ်ခြင်း


အာကာသယာဉ်လေးပေါ်ကိုရောက်တော့ ကုဝမ်ချန်ရဲ့ မျက်နှာအမူအရာက တော်တော်လေးပျက်ယွင်းနေတယ်။


သူ့ရဲ့ စိတ်စွမ်းအင် တစ်ပိုင်းတစ်စက ဖျက်စီးခံလိုက်ရပြီး တန်ပြန်လာမှုက သူ့ကို အလွန်အမင်းခေါင်းကိုက်စေခဲ့တယ်။ လီကျိုးရှင်းက သူမျက်နှာပျက်နေတာကို သတိထားမိသွားပြီး မေးလာခဲ့တယ်။


“ဝမ်ချန် ..ဘာဖြစ်လို့လဲ?”


“ဘာမှမဖြစ်ဘူး” 


ကုဝမ်ချန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် လုပ်လိုက်တယ်။


“ငါအဆင်ပြေပါတယ် စိတ်မပူပါနဲ့”


သူနဲ့ လီကျိုးရှင်းတို့ လေလံပွဲကို သွားခဲ့တဲ့အချိန်တုန်းက လေလံပွဲပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ သူ့ရဲ့ စိတ်စွမ်းအင်တစ်ချို့ကို ဖွက်ထားခဲ့တယ်။ အခုတော့ ထိုစိတ်စွမ်းအားတွေက သတိထားမိခံလိုက်ရတာကြောင့်  ဖျက်ဆီခံလိုက်ရပြီ။


တစ်ဖက်က လူက ဒီလိုကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အတော်လေး အတွေ့အကြုံရှိပုံရတယ်။ စိတ်စွမ်းအားက မပြိုကွဲသွားခင်အချိန်လေးမှာ ပြန်လည်နှုတ်ယူလိုက်ဖို့အတွက်တောင် အချိန်မရခဲ့ဘူး။


ကုဝမ်ချန်က အဆင်ပြေပါတယ်လို့ ပြောနေခဲ့ပေမယ့် သူ့မျက်နှာမှာ ချွေးအေးတွေထွက်နေခဲ့တယ်။ လီကျိုးရှင်း မျက်နှာသုတ်ပုဝါတစ်ထည်ရှာလိုက်ပြီး ကုဝမ်ချန် နှဖူးပေါ်ကို ဖိထားပေးလိုက်တယ်။


ကုဝမ်ချန်ရဲ့ အသားအရည်က လီကျိုးရှင်းကို လက်ပြန်မရုတ်သိမ်းချင်လောက်တဲ့အထိ ချော့မွေ့ပြီး နူးညံ့လွန်းနေခဲ့တယ်။


နောက်ဆုံး သူ သူ့ရဲ့လက်ကိုဖယ်ဖို့ ကြိုးစားလိုက်ပေမယ့် သူ့ရဲ့လက်က ကုဝမ်ချန်ရဲ့ မျက်နှာပေါ်မှာ ခိုင်မြဲစွာ ကပ်တွယ်နေပြီး ပြန်လည်ခွါလို့မရတာကို အံ့ဩဖွယ် တွေ့ရှိလိုက်ရလေတယ်။ 


ပိုပြီး အံ့ဩစရာကောင်းတာကတော့ လီကျိုးရှင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ စိတ်စွမ်းအားတွေက ရှုပ်ထွေးလာခဲ့တာပဲ။ စိတ်စွမ်းအားရဲ့ အဖြူရောင် အမျှင်လေးတွေက လေထုထဲမှာ ပြန့်နှံ့နေပြီး ကုဝမ်ချန်ရဲ့ဘေးနားပတ်လည်မှာပဲ ရစ်ပတ်ထားခဲ့တယ်။


ဖာ့ခ်...


စိတ်စွမ်းအားဆိုတာက ပိုင်ရှင်ရဲ့ စိတ်ထဲမှာရှိနေတဲ့ ဆန္ဒတွေကို လက်တွေ့မှာပုံဖော်အကျယ်ချဲ့ခြင်းတစ်ခုလို့ လူတွေက ပြောကြတယ်။ ဒါဆို သူက အဲလောက်ထိ ကုဝမ်ချန်ကို သောက်ရမ်း လုပ်*ချင်နေတာလား?


လီကျိုးရှင်း အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့ရဲ့စွမ်းအားတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေရတယ်။


သူ့ရဲ့ စိတ်စွမ်းအားတွေက ကုဝမ်ချန်အတွက် စိတ်အနှောက်အယှက်ဖြစ်နေစေလိမ့်မယ်။


တကယ်တမ်းမှာ ကုဝမ်ချန်ရဲ့ စိတ်စွမ်းအားတွေကလည်း ထပ်တူညီစွာဖြစ်ပျက်နေခဲ့တာဖြစ်ပြီး တခြားလူတွေ အခုချိန်မှာတော့ မမြင်တွေ့နိုင်ဖြစ်နေခဲ့ရုံပဲ။ လက်ရှိမှာ သူရဲ့ စိတ်စွမ်းအင်တွေက လီကျိုးရှင်းရဲ့ဘေးပတ်လည်က လေထုထဲမှာ မျက်စိကျိန်းရလောက်တဲ့အထိ တောက်ပနေခဲ့တယ်။ 


စိတ်စွမ်းအင်တွေက ဝေ့ဝိုက်စီးဆင်းနေခဲ့ကာ မရဲတရဲနဲ့ အနားပိုတိုးကပ်ပြီး ထိတွေ့ဖို့အတွက်လည်း ကြိုးစားချင်နေကြတယ်။


ဒီမှာ ဘာတွေ ဖြစ်နေတာလဲ?


ကုဝမ်ချန်က အသက်ရှူကြပ်လာရတယ်။


“သေစမ်း!”


သူ့ရဲ့ စိတ်စွမ်းအင် တစ်စိတ်တစ်ပိုင်းက အတင်းအကျပ် ဖြိုခွဲခံလိုက်ရပြီးတဲ့နောက်မှာ အဲဒီအကျိုးဆက်ကြောင့် ကျန်ရှိနေတဲ့ စိတ်စွမ်းအားတွေကလည်း ထိန်းချုပ်လို့မရတော့ဘဲ ပြန့်ကျဲကုန်ပြီ။


ပြောရရင်  ဒါက သိပ်ပြီး အရေးကြီးတာမျိုး မဟုတ်ပေမယ့် အခု လီကျိုးရှင်းရဲ့ စိတ်စွမ်းအင်တွေဆီကို သွားကပ်ပြီး ဘာလို့ အနှောက်အယှက်သွားပေးချင်နေတဲ့ လက္ခဏာတွေ ပြနေရတာလဲ?


ကုဝမ်ချန်တစ်ယောက် သူ့ရဲ့မျက်လုံးကို ပိတ်လိုက်ပြီး အမျိုးမျိုးသော စိတ်ခံစားချက်တွေက သူ့ရဲ့မျက်နှာပေါ်ကနေ ဖြတ်ပြေးသွားခဲ့တယ်။


သူ့ရဲ့ စိတ်စွမ်းအင်က အရမ်းအားကောင်းလွန်းနေလို့  လီကျိုးရှင်း သူ့ရဲ့ စိတ်စွမ်းအင်တွေကို မထိန်းချုပ်နိုင်တော့ဘဲ သူ့ရဲ့အနားကို ပျံ့နှံ့လာတာဖြစ်ကောင်းဖြစ်နိုင်လောက်တယ်လို့ သူ တွေးတောလိုက်မိပြန်တယ်။


စိတ်စွမ်းအင်တွေရဲ့သဘောသဘာဝအရာ ဆန့်ကျင်ဘက်လိင်တွေရဲ့ စိတ်စွမ်းအားကမှ အချင်းချင်း ဆွဲဆောင်နိုင်မှာဖြစ်ပြီးတော့ လိင်တူ အချင်းချင်းရဲ့ စိတ်စွမ်းအားတွေကတော့ တွန်းကန်ကြမှာဖြစ်လေတယ်။ 


ယောက်ျားလေးတွေ အမုန်းတီးဆုံးအရာတစ်ခုက လိင်တူတစ်ယောက်ရဲ့ စိတ်စွမ်းအားနှင့် လွှမ်းမိုးမှုကို ခံလိုက်ရတာကိုပဲ။ ဒါကြောင့် မျိုးတူယောက်ျားလေးအချင်းချင်းရဲ့ စိတ်စွမ်းအင်တွေ တွေ့ဆုံခဲ့ကြရင် သေချာပေါက် တွန်းကန်မှုတွေ ဖြစ်လာရမှာပဲ။


သူ သူ့ရဲ့ကိုယ်ပိုင်စိတ်စွမ်းအင်တွေကို ထိန်းချုပ်နိုင်ပြီး လီကျိုးရှင်းရဲ့ စိတ်စွမ်းအားကို ရှောင်ဖယ်နိုင်သရွေ့ သူတို့တွေရဲ့ စိတ်စွမ်းအင်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အချိန်ဘယ်လောက်မှ ကြာမှာ မဟုတ်ဘူး။


ဖတ်စာအုပ်တွေထဲမှာရှိတဲ့ သီအိုရီတွေကို ပြန်တွေးတောရင်း ကုဝမ်ချန်တစ်ယောက် အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်နေပြီ။


ထိုအခိုက်မှာ ကုဝမ်ချန်ရဲ့ ငွေရောင် စိတ်စွမ်းအင်တွေက လီကျိုးရှင်းအနားကို တဖြည်းဖြည်း နီးကပ်သွားခဲ့ပြီး စူးစမ်းလိုတဲ့အမူအရာတွေနှင့် လီကျိုးရှင်းရဲ့ စိတ်စွမ်းအားတွေကို သွားထိလိုက်လေတယ်။


ရုတ်တရက်ပဲ မီးပန်းတွေပေါက်ကွဲသွားသလိုမျိုး လင်းလက်သွားခဲ့ပြီး တစ်စက္ကန့်တောင် မကြာလိုက်ခင်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်စွမ်းအားတွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့တယ်။


သူတို့တွေ အတူတူ ပေါင်းစည်းသွားတယ်!!!


လီကျိုးရှင်း ငြီးညူသံတစ်ခုနဲ့ သူ့ခေါင်းကိုသူ ထိကိုင်လိုက်မိတယ်။


“ခေါင်း...ကိုက်လိုက်တာ...”


ကုဝမ်ချန် သူရဲ့နှုတ်ခမ်းတွေကို ဖြူဖျော့သွားတဲ့အထိ ကိုက်ခဲလိုက်မိတယ်။ သူ့ရဲ့မျက်နှာက ထိတ်လန့်တကြားအမူအရာတွေ ဖြစ်ပေါ်လာတယ်။ လက်ရှိမှာ ရောထွေးသွားတဲ့ စိတ်စွမ်းအင်ကြောင့် နာကျင်မှုတွေနဲ့အတူ ထိတ်လန့်လောက်စရာခံစားချက်တွေ ဖြစ်တည်လာခဲ့တယ်လေ။


ကုဝမ်ချန် တစ်ယောက်တည်း အံ့ဩတုန်လှုပ်သွားတာတော့ မဟုတ်ဘူး။ လေယာဉ်ပေါ်မှာ ရှိနေကြတဲ့ ကျန်ရှိနေတဲ့အဖွ့်သားသုံးယောက်သည်လည်း အံ့ဩတုန်လှုပ်သွားကြတယ်။


လူတိုင်းက အံ့ဩမှုနဲ့အတူ ပါးစပ်တွေပွင့်ဟသွားကြပြီး ရှီနန်က အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာတယ်။


“အမျိုးသား နှစ်ယောက်ရဲ့ စိတ်စွမ်းအင်တွေက...ပေါင်းစည်းသွားတယ်?”


လောကကြီးက ဘာတွေဖြစ်နေတာလဲ?!


စိတ်စွမ်းအင်တွေဆိုတာက  ဦးနှောက်ထဲက ထွက်လာတာဖြစ်လို့ အခုလိုဖြစ်လာခဲ့ရတဲ့အတိုင်းဆိုရင် သူတို့ အခန်းဖော်နှစ်ယောက်ရဲ့ ဦးနှောက်တွေက  ပျက်များ ပျက်စီးသွားတာများလား?


ဘယ်လိုလုပ်ကြမလဲ!?


သူတို့က ဘယ်တွေများ လုပ်နိုင်မှာလဲ? 


အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်စွမ်းအင်တွေကသာ အချင်းချင်း အောင်မြင်စွာ ပေါင်းစည်းနိုင်တာလေ။ ဒါကို ဘယ်လိုလုပ်ပြီး အမျိုးသားနှစ်ယောက်က ဒီလိုမျိုး ပေါင်းစည်းသွားနိုင်ရတာလဲ?


သူတို့ရဲ့ရှေ့မှာ လွတ်လပ်စွာ ရောထွေးပေါင်းစည်းနေကြတဲ့ စိတ်စွမ်းအင်တွေကို ကြည့်ရင်း လူတိုင်းက ငြိမ်သက်သွားခဲ့ကြတယ်။


သူတို့တွေ ဘဝတစ်လျောက်လုံး သိထားသမျှ အရာအားလုံးက အလိမ်အညာတွေဆိုပြီး သိလိုက်ရသလိုပဲ။


ကျိယွီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ရှိအခြေအနေက ဘာကြောင့်ဖြစ်လာရတာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့အတွက် သူ့ရဲ့ ကွန်ပျူတာကို ဖွင့်လိုက်တယ်။


ဒါပေမယ့် သူ ဘယ်လောက်ပဲရှာဖွေပါစေ ထောင်ပေါင်းများစွာသော အကြောင်းအရာအဖြေတွေ သိမ်းဆည်းထားတဲ့ စတားနက်ဝါ့ထ်ပေါ်မှာ အမျိုးသားနှစ်ယောက်ရဲ့ စိတ်စွမ်းအင်တွေ ပေါင်းစည်းရခြင်းရဲ့ အကြောင်းအရင်းကို သူရှာမတွေ့ခဲ့ဘူး။


ကျိယွီက အနည်းငယ် ထိတ်လန့်လာခဲ့ပြီး အဖြေကိုသိနေတဲ့ တစ်စုံတစ်ယောက်က ရှာဖွေတွေ့ပြီး ဖြေပေးနိုင်ပါစေဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျောင်းတွင်းဖိုရန်မှာ  မေးခွန်းထုတ်ပြီး ပို့စ်တင်လိုက်ပြန်တယ်။


အွန်လိုင်းပေါ်မှာ လူထောင်ပေါင်းများစွာရှိနေတာကြောင့် အချိန်ခဏလေးအတွင်းမှာ ကျိယွီရဲ့ ပို့စ်အောက်သို့ မှတ်ချက်နှစ်ဆယ်ကျော်လောက်က ရောက်လာခဲ့ပြီ။


“ငါ သိသလောက် ဆရာတွေကို mention ခေါ်ပေးထားတယ်၊ သူတို့တွေထဲက တစ်ယောက်ယောက်ကတော့ ဒီကိစ္စကို ဖြေရှင်းပေးနိုင်လောက်မှာပါ”


လင်းနျန်က  အာကာသယာဉ်လေးကို အလိုအလျောက်မောင်းနှင်စနစ် ဖွင့်ထားလိုက်ပြီး အစိုးရရဲ့ သတင်းအချက်အလက်တွေ စုစည်းထားတဲ့ နေရာအထိ ဖောက်ဝင်ရှာဖွေခဲ့ပေမယ့် သူသည်လည်း ကျိယွီနှင့်တူညီစွာ ဘာကိုမှရှာမတွေ့ခဲ့ဘူး။ 


လင်းနျဉ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ရဲ့ကိုယ်ပိုင် ဘာခံစားချက်မှမရှိတဲ့ မျက်နှာနဲ့ ပြောလာတယ်။


“ပါမောက္ခမာတင် ရဲ့ ကွန်ပျူတာကို ချိတ်ဆက်ဖို့ လုပ်လိုက်မယ်”


“လုပ်ပြီးသွားပြီ” 


ရှီနန်က တုန်လှုပ်နေတဲ့ လက်တွေနဲ့ သူကိုင်ထားတဲ့ ကွန်ပျူတာမျက်နှာပြင်ကို လက်ညိုးထိုးပြပြီး ပြောလာတယ်။


“ဒါပေမယ့်...ပါမောက္ခ Marten ကို အခု ဆက်သွယ်လို့ မရဘူး”


လီကျိုးရှင်းတစ်ယောက် သူ့ရဲ့ လက်ရှိစိတ်အခြေအနေက တော်တော်လေး ပုံမှန်မဟုတ်သလို ခံစားနေရတယ်။ သူရဲ့ အသိစိတ်တွေက နာကျင်မှုကြောင့် သတိဝင်တစ်ချက်၊ မဝင်တစ်ချက်ဖြစ်နေခဲ့ပြီး တစ်ချုန်တည်းမှာ ပျော်ရွှင်မှုတွေကိုလည်း သူ့ရဲ့ဦးနှောက်တစ်လျှောက် ခံစားနေရသေးတယ်။ 


သူရဲ့ စိတ်စွမ်းအင် လွှမ်းမိုးမှုကလည်း တော်တော်ကို ကြီးမားနေခဲ့တယ်။ လီကျိုးရှင်းရဲ့ စိတ်စွမ်းအင်တွေက ကုဝမ်ချန်ရဲ့ ပိုအားကောင်းတဲ့ စိတ်စွမ်းအင်တွေနဲ့ လွှမ်းမိုးခြင်းခံရမှာကို လုံးဝ စိတ်မပူနေခဲ့ဘဲ အသစ်ဖန်တီးထားတဲ့ သူငယ်ချင်းနဲ့ ပျော်ပါးနေပုံရတယ်။


သူ့ရဲ့ဘေးနားက ပြောနေတဲ့ လင်းနျဉ်ရဲ့ စကားတွေက သူ့ရဲ့စိတ်ထဲကိုရောက်ရှိဖို့ အချိန်အတော်လေးယူလိုက်ရတယ်။ လီကျိုးရှင်းက သူ့ရဲ့လွတ်နေတဲ့လက်နှင့် လက်သီးဆုပ်လိုက်ပြီး သူ့လက်သည်းတွေက လက်ဖဝါးအသားထဲသိုးနစ်မြုပ်သွားခဲ့တယ်။


ဒီခံစားချက်က အလွန်ထူးခြားဆန်းကြယ်လွန်းတယ်။ သူ နာကျင်နေပေမယ့်လည်း သည်းမခံနိုင်လောက်တဲ့အထိ နာကျင်နေရတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ မတင်မကျနဲ့ကျန်ရှိနေတယ်။  သူ့ရဲ့ အသားထဲကို လက်သည်းတွေ နစ်ဝင်သွားခဲ့တာကြောင့် ရရှိလာတဲ့ နာကျင်မှုက သူရဲ့ စိတ်တွေကို အနည်းငယ်ကြည်လင်သွားစေပြီး အားစိုက်ကာ မေးမြန်းလိုက်တယ်။


“ဘာတွေ...ဖြစ်နေတာလဲ”


ကုဝမ်ချန်က လီကျိုးရှင်းထက်ပိုပြီး အထိအခိုက်များတယ်။ သူရဲ့ စိတ်စွမ်းအားက အင်ပါယာတစ်ခုလုံးမှာ အကြီးမားဆုံးဖြစ်နိုင်သလို ထိုထက်လည်း ပိုရင်ပိုနေဦးမယ်။ 


ပြောရရင် သူ့ရဲ့ စိတ်စွမ်းအားက သိမ်မွေ့နူးညံ့လွန်းတဲ့ အမျိုးသမီးတွေရဲ့ စိတ်စွမ်းအားတွေအနီးကိုတောင် တိုးကပ်မသွားခဲ့ဖူးဘူး။ ဒါကြောင့် အခုလို တစ်စုံတစ်ယောက်နဲ့ စိတ်စွမ်းအားချင်း ပေါင်းစည်းဖူးဖို့ဆိုတာက အဝေးကြီးပဲ။


ပြီးတော့ ကုဝမ်ချန်က တခြားသောအမျိုးသားတွေရဲ့ စိတ်စွမ်းအားကိုလည်း မကြိုက်ဘူး။ ဒါကြောင့် လက်ရှိမှာ သူက လီကျိုးရှင်းထက် ပိုပြီးနာကျင်နေခဲ့ရတယ်။


သူရဲ့ စိတ်စွမ်းအင်တွေကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ရင်တောင် ဒီလိုနာကျင်မှုကို မှီမှာမဟုတ်လောက်ဘူး။


အခန်းဖော်သုံးယောက်ကလည်း Starnetပေါ်မှာတောင် အဖြေမရှိနိုင်တဲ့ မေးခွန်းကို ရှာဖွေနေရင်းနဲ့ ရူးသွပ်လောက်နီးနီး စိတ်ပူပန်နေခဲ့ကြတယ်။


ကျိယွီရဲ့ ကွန်ပျူတာထဲမှာ မရေမတွက်နိုင်တဲ့ စာတွေ ဝင်နေပေမယ့် အဲဒီစာထဲက တစ်ခုကမှ သူတို့လိုချင်နေတဲ့ အဖြေမျိုး မရှိနေခဲ့ဘူး။


သုသေတနစာတမ်းတွေအရဆိုရင် ယောက်ျားလေးတစ်ယောက်ရဲ့ စိတ်စွမ်းအင်က မိန်းကလေးတစ်ယောက်ရဲ့ စိတ်စွမ်းအင် နဲ့ယှဉ်ရင် တိုက်ခိုက်လိုမှုစွမ်းရည်က သုံးဆလောက်မြင့်ပြီး မိန်းကလေးတွေရဲ့ စိတ်စွမ်းအင်ကတော့ ယောက်ျားလေးတွေထပ် သုံးဆလောက် ပိုနူးညံ့ကာ တည်ငြိမ်နေတတ်တယ်။ 


ဒါကြောင့်လည်း ဆန့်ကျင်ဘက်လိင်တွေရဲ့ စိတ်စွမ်းအားတွေက အချင်းချင်း ပေါင်းစည်းနိုင်တာပဲ။ 


ဒီလိုဆိုဆိုတော့ အခုအခြေအနေအပေါ် သူတို့ သိနိုင်တဲ့ တစ်ခုတည်းသော အဖြေတစ်ခုကတော့: ယောက်ျားလေး နှစ်ယောက်ရဲ့ စိတ်စွမ်းအားအချင်းချင်း ပေါင်းစည်းလိုက်တာက အချင်းချင်း အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်နိုင်တာကြောင့် စိတ်စွမ်းအားတွေက အကြီးအကျယ် ထိခိုက်ပျက်စီးနိုင်ခြေများတယ်။


နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် ဒီတိုက်ခိုက်မှုကြောင့် သူတို့ရဲ့ ဦးနှောက်တွေ ပျက်စီးသွားနိုင်တယ်။


ဒီစဉ်းစားချက်ကတော့ တော်တော်လေးကို အစွန်းရောက်နေပြီ။ ကျိယွီနှင့် တစ်ခြားလူတွေကလည်း ဖြစ်နိုင်ချေအရှိဆုံးနဲ့ အဆိုးဆုံးအကျိုးသက်ရောက်မှုတွေကို အဆုံးထိတွေးပြီးသွားကြပြီ။ 


ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့ နှစ်ယောက်ရဲ့ မျက်နှာအမူအရာတွေကလည်း သူတို့ မတွေးနိုင်လောက်တဲ့ထိကို နာကျင်မှုတွေ ခံစားနေရတဲ့ပုံပေါ်နေတယ်လေ။


ဒါပေမယ့် တကယ်တမ်းမှာတော့....


ကုဝမ်ချန်တစ်ယောက် ချွေးစီးတွေပြန်နေရင်းနဲ့ မျက်နှာကလည်း နီရဲလာခဲ့တယ်။ သူက သူ့နှုတ်ခမ်းတွေကို သွားနဲ့ သွေးထွက်တော့မတက် ကိုက်ထားမိကာ ခေါင်းကို ကြမ်းပြင်မှာ နစ်ဝင်လုမတတ်အတင်းငုံ့ရင်း သူ့မျက်နှာကို ဖုံးကွယ်ထားခဲ့တယ်။


ဘာကြောင့်မှန်းမသိတဲ့ အကြောင်းပြချက်တွေနဲ့ သူ့ရဲ့ နာကျင်မှုတွေကို ကြည်နူးမှုတစ်ချို့က ဖုံးအုပ်နေခဲ့တယ်။ 


သူ့အနေနဲ့ အခုချိန်မှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို မဖော်ပြရဲခဲ့တာကြောင့် အလွန်အမင်း နာကျင်မှုကို ခံစားနေရတယ်ဆိုပြီးတော့သာ ဟန်ဆောင်ပြနိုင်ခဲ့တယ်။


ဘာလို့လည်းဆိုတော့ သူခံစားနေရသလိုမျိုး ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို လီကျိုးရှင်းတစ်ယောက် မခံစားနေရဘူးလို့ ထင်နေခဲ့လို့ပဲ။