(28)
“မဖြစ်တော့ဘူး”
ကျိယွီက သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားလိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။
“Jakeဂြိုလ်ကို သွားကြရအောင်၊ အဲဒီမှာရှိတဲ့ မာစီရေကန်ရဲ့ရေတွေက စိတ်စွမ်းအားတွေကို ဖျောက်ဖျက်ပေးနိုင်တယ်တဲ့”
သူတို့နှစ်ယောက်ရဲ့ ဦးနှောက်တွေ အချင်းချင်းတိုက်ခိုက်ပြီး မပျက်စီးသွားစေဖို့အတွက် ဒါက အကောင်းဆုံးသော နည်းလမ်းပဲ။
သူတို့ရဲ့ အာသာသယာဉ်ထဲမှာ အာကာသအတွင်း အချိန်ဖြတ်ကျော်ခုန်ကူးနိုင်မယ့် စက်ပစ္စည်းတွေပါရှိပေမယ့် အဲဒါက တစ်ကြိမ်တည်းသာ အသုံးပြုလို့ရလိမ့်မယ်။
ဒါကို အရေးပေါ်အခြေအနေမှသာ သုံးဖို့ ချန်ထားခဲ့တာဖြစ်ပေမယ့် လင်းနျဉ်နဲ့ ရှီနန်က တစ်စက်လေးမှ တွေဝေမနေဘဲ ကိုဩဒိနိတ်တွေကို သတ်မှတ်လိုက်ကြတယ်။
ပြီးနောက်မှာ သက်ပြင်းတစ်ချက်စီ ချလိုက်ကြပြီး အားပေးစကားဆိုခဲ့တယ်။
“ဝမ်ချန်၊ ကျိုးရှင်း မင်းတို့နှစ်ယောက်က အရမ်းတော်တဲ့လူတွေပဲ! မင်းတို့တွေ အသုံးမဝင်တဲ့အရူးကောင်လိုလူတွေ ဖြစ်စရာအကြောင်းမရှိဘူး!”
အသုံးမဝင်တဲ့အရူးကောင်လိုလူတွေဟုတ်လား? ငါ့ဖင်ပဲ!
လီကျိုးရှင်းက သူ့မျက်နှာကို ဆိုဖာပေါ်မှာ အပ်ထားလိုက်တယ်။ သူရဲ့ နက်မှောင်တဲ့ ခပ်တိုတိုဆံပင်တွေက လက်ရှိမှာ ချွေးတွေနဲ့ စိုရွဲနေခဲ့တယ်။
အဓိကဇာတ်လိုက်ဆီကနေရနေတဲ့ ချိုမြတဲ့ အနံ့တွေကြောင့် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပူပြင်းလာရပြီး တစ်ကိုယ်လုံးကလည်း ချွေးတွေနှင့်နစ်လာရတယ်။
ဒီလောက်ထိ မွှေးပျံ့နေတဲ့ရနံ့ကို တခြားလူတွေကတော့ ရရှိတဲ့ပုံမပေါ်ဘူး။
ငါ_ိုး...
ဒီမွှေးရနံ့တွေက သူ့ရဲ့ခေါင်းထဲမှာရှိနေတဲ့ ဆင်ခြင်တုံတရားတွေကို တစ်ဖြည်းဖြည်းနဲ့ စုပ်ယူနေသလိုပဲ။
အာကာဿထဲကနေ အချိန်ခုန်ကူးတာက သူထင်ထားတာထက် ပိုမြန်နေတာကိုပဲ ကျေးဇူးတင်ရလိမ့်မယ်။
အချိန်ဘယ်လောက်မှတောင် မကြာလိုက်ပါဘဲ လင်းနျဉ်က အာကာသယာဥ်ရပ်နားနိုင်မယ့် နေရာအလွတ်ကို ရှာတွေ့သွားခဲ့ပြီ။
သူတို့ အာကာသယာဥ်ရဲ့တံခါးကို ဖွင့်လိုက်တာနဲ့ လေပြေလေညင်းလေးတွေက ညင်သာစွာနဲ့ အထဲကို ဝင်ရောက်လာခဲ့တယ်။ လီကျိုးရှင်းအပေါ် အပြင်းအထန် စိတ်ဒုက္ခပေးနေတဲ့ ရနံ့တို့ကလည်း ပြင်ပလေတွေရဲ့ တိုက်ခတ်လာမှုကြောင့် လျော့ပါးသွားခဲ့တယ်။
သူက မျက်လုံးကို ဖိမှိတ်လိုက်ပြီးမှ ပြန်ဖွင့်လိုက်တယ်။ ထိုအခိုက်မှာ ကုဝမ်ချန်ကလည်း သူ့ကို လှမ်းကြည့်နေတဲ့အချိန်နဲ့ ကြုံတွေ့သွားရပြီး အကြည့်ချင်း ဆုံသွားကြပေမယ့် နှစ်ယောက်လုံးက ပူလောင်မှုဒဏ်ကို ခံစားလိုက်ရကာ ချက်ချင်းဆိုသလိုပဲ အကြည့် လွှဲလိုက်မိကြတယ်။
ဒီအမျိုးသားဇာတ်လိုက်က ဘယ်လိုလုပ်ပြီး ကြိုးပမ်းအားထုတ်မှုလေးတောင်မလုပ်ဘဲနဲ့ သူ့ကို မထိတထိလုပ်နိုင်နေရတာလဲ?
သူတို့ရဲ့အနားမှာရှိနေတဲ့ စိတ်စွမ်းအားတွေက တစ်ဖြည်းဖြည်း ပိုကြီးမားလာပြီး သူတို့ရဲ့အနားမှ လေထုထဲမှာ ရောထွေးနေခဲ့ကြတယ်။
ကုဝမ်ချန်ရဲ့ စိတ်စွမ်းအားလွှမ်းမိုးမှုက ဘယ်လောက်တောင်ကြီးမားပြီး လီကျိုးရှင်းဆီမှာရှိနေတဲ့ စိတ်စွမ်းအားက ကုဝမ်ချန်လောက် မများဘူးဆိုတာကိုကိုတော့ ဘယ်သူမှ မသိခဲ့ကြဘူး။
လီကျိုးရှင်းရဲ့ စိတ်စွမ်းအားကလည်း ပေါပေါပဲပဲအဆင့်လောက်သာ မဟုတ်ဘူးဆိုပေမယ့်လည်းပေါ့။
ရှီနန်နဲ့ တစ်ခြားလူတွေက သူတို့ရှေ့မှာမြင်နေရတဲ့ စိတ်စွမ်းအင်အလုံးကြီးကို ကြည့်ကာ ဒါက စိတ်စွမ်းအင်ရမှတ် ၂၀၀၀အောက်မှာပဲ ရှိတဲ့ လူနှစ်ယောက်ဆီကလာတဲ့ စိတ်စွမ်းအင်ဟုတ်ရဲ့လားဆိုပြီး မယုံကြည်နိုင်ဖြစ်နေကြတယ်။ စိတ်စွမ်းအင်တွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ။
ဒါပေမယ့် သူတို့ကို ပိုပြီး အံ့ဩထိတ်လန့်သွားစေမိတာကတော့ အစကနေ အဆုံးထိ ကုဝမ်ချန်ရော လီကျိုးရှင်းပါ ပင်ပန်းနွမ်းနယ်တဲ့ပုံမျိုး ဖြစ်မနေခဲ့ကြတာကိုပဲ။
မိုက်ချက်ပဲ!
မာစီ ရေကန်က Jake ဂြိုလ်ပေါ်မှာ နာမည်အကြီးဆုံး ရေကန်ပဲ။ ဒီရေရဲ့ ထူးခြားတဲ့တစ်ချက်က Jake ဂြိုလ်ရဲ့ လေထုအောက်မှာပဲ အကျိုးသက်ရောက်မှုရှိတာကြောင့် ရေကန်ရဲ့ဘေးပတ်ပတ်လည်မှာ ဘယ်လိုအစောင့်ကိုမှ မထားခဲ့ဘူး။
အဆုံးမှာတော့ ကန်ထဲက ရေတွေက ဒီဂြိုလ်ကနေ ထွက်သွားတာနဲ့ တပြိုင်နက် ရိုးရိုးရေတွေပဲ ဖြစ်သွားမှာလေ။
ကုဝမ်ချန်ရဲ့မျက်လုံးထဲမှာတော့ အခု သူ့ရှေ့မှာ မြင်နေရတဲ့ ရေကန်ထက် ပိုလှပတဲ့အရာဆိုတာ ကမ္ဘာပေါ်မှာ မရှိနိုင်လောက်တော့ဘူး။
သူတို့နှစ်ယောက်လုံး အဝတ်တောင် မချွတ်နိုင်တော့ဘဲ ချက်ချင်းဆိုသလို ရေကန်ထဲကို ခုန်ချလိုက်ကြပြီး ရေထဲကိုငုပ်လျိုးတိုးဝင်လိုက်ကြတယ်။
ရေထဲမှာ နှစ်မျောနေတဲ့ သူတို့ရဲ့ ခန္ဓာကိုယ် တဝိုက်မှာ ငွေရောင်အဝိုင်းလေးတွေကို မြင်နေရဆဲပဲဖြစ်ကာ မကြာခင်မှာပဲ သူတို့ရဲ့ ကြီးမားလွန်းတဲ့ စိတ်စွမ်းအင်တွေက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့တယ်။
ဒီအချိန်ကျမှ ကုဝမ်ချန်နှင့် လီကျိုးရှင်းတို့နှစ်ယောက်လုံး စိတ်သက်သာရာ ရသွားသလိုမျိုး သက်ပြင်းချလိုက်မိကြတယ်။
အဓိကဇာတ်လိုက်ဆီကရရှိနေတဲ့ ချိုမျှလွန်းတဲ့မွှေးပျံ့လွန်းတဲ့ အနံ့ကလည်း ပျောက်ကွယ်သွားခဲ့ပြီ။
ဒါပေမယ့် အခုချိန်မှာ သူတို့နှစ်ယောက်ရဲ့ကြားထဲမှ လေထုက အလွန် နေရခက်နေတဲ့အခြေအနေဖြစ်လာခဲ့တယ်။
ကုဝမ်ချန်က လီကျိုးရှင်းရဲ့ မျက်လုံးကို တိုက်ရိုက်စိုက်မကြည့်တော့ရဲဘူး ဖြစ်နေခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေက လီကျိုးရှင်းမျက်နှာကို ကွေ့ဝိုက်စွာ သွားလာနေခဲ့ကာ သူ့ကိုယ်သူ အကြောင်းပြချက် ပေးနိုင်ဖို့အတတ်နိုင်ဆုံးကြိုးစားမိနေခဲ့တယ်။
သူခံစားနေခဲ့ရတဲ့ ပျော်ရွှင်ပီတိနှင့် ကြည်နူးမှုတွေက တခြားလူတစ်ယောက်ဆီကို စိတ်စွမ်းအား ပျံ့နှံ့ပြီး ယှက်နွယ်ရာကနေဖြစ်လာခဲ့တာပဲ။
စိတ်စွမ်းအားနဲ့ ပတ်သတ်ပြီး အင်ပါယာရဲ့ သုတေသန အချက်အလက်တွေက မပြည့်စုံတာလည်း ဖြစ်နိုင်တယ်။ အမျိုးသားနှစ်ယောက်ရဲ့ စိတ်စွမ်းအားချင်း ပေါင်းစည်းမိသွားရင်လည်း အခုလို ထူးထူးဆန်းဆန်း ခံစားရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲမလား?
စိတ်စွမ်းအင်ဆိုတာက လျှို့ဝှက်ဆန်းကြယ်တဲ့ ဓာတုပေါင်းစပ်မှုတစ်မျိုးပဲ။ ဘယ်သူကမှ စိတ်စွမ်းအင်က ဘယ်လို တုန့်ပြန်မလဲဆိုတာကို သေချာမခန့်မှန်းနိုင်ဘူး။
ပတ်ဝန်းကျင်က အနေရခက်ပြီး တိတ်ဆိတ်နေခဲ့တယ်။
ကုဝမ်ချန်တစ်ယောက် နောက်ဆုံးတော့ သူ့စိတ်ကိုတည်ငြိမ်စေနိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကို ရှာတွေ့သွားပြီ။
အဲဒါကတော့ သူသာ အခုလို ဆက်ပြီး ခံစားနေရဦးမယ်ဆိုရင် လီကျိုးရှင်းကို မကြည့်တာက အကောင်းဆုံးပဲ ဆိုတဲ့နည်းလမ်းပဲ။
အလွန်အမင်းကို နေရခက်လွန်းတယ်။
ကျိယွီက လေယာဉ်ပေါ်ကနေ သိုးမွေးမျက်နှာသုတ်ပဝါတစ်ထည်ကို ထုတ်ယူလာခဲ့တယ်။
“တဘက်က တစ်ထည်ပဲရှိတယ်၊ မင်းတို့ နှစ်ယောက်အတူတူ မျှသုံးလိုက်ကြတော့”
လီကျိုးရှင်း : “ခဏလောက်ထပ်ပြီး ရေထဲ စိမ်ပါရစေဦး၊ ဒီရေက အရမ်း သက်တောင့် သက်သာဖြစ်စေတယ်”
“တကယ်လား?”
ရှီနန်က သိချင်စိတ်တွေနဲ့ ရေထဲကို သူ့လက်ချောင်းနဲ့ ထိကြည့်လိုက်တယ်။
“မာစီရေကန်က ရေက စိတ်စွမ်းအင်တွေကို ပျောက်ပျက်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်အတွက် နာမည်ကြီးပေမယ့် တစ်ခြားအကျိုးသက်ရောက်မှုတွေလည်း ရှိတယ်”
ကျိယွီက ရှီနန်ရဲ့အနောက်ကို ခြေဖျားထောက်လျှောက်သွားရင်း မဟုတ်တာတစ်ခုခုလုပ်တော့မဲ့ပုံစံရှိတဲ့ လင်းနျဉ်ကို ကြည့်ရင်း ရှင်းပြလိုက်တယ်။
“အထူးသဖြင့် ငါတို့လို စိတ်စွမ်းအားကို ဘယ်လိုမျိုး အသုံးပြုရလဲဆိုတာကို မသိသေးတဲ့လူတွေအတွက်တော့ ဒီရေက....”
ရှီနန်က ဘာတွေဖြစ်လာတော့မလဲဆိုတာကို လုံးဝ သတိမထားမိသေးဘဲ စပ်စုလိုစွာ မေးလာတယ်။
“ဒီရေက ဘာဖြစ်လို့လဲ?”
ရုတ်တရက် ကုဝမ်ချန်နဲ့ လီကျိုးရှင်းတို့က သူနှင့် ခပ်ဝေးဝေးကို ရေကူးသွားကြတာကြောင့် ရှီနန်က စိတ်ရှုပ်သွားရတယ်။
“မင်းတို့ကောင်တွေ ...”
ဘာလို့ အဝေးကြီးကို ရေကူးပြီး သွားနေကြတာလဲ?
ရှီနန် သူ့ရဲ့စကားကို ဆုံးအောင် မပြောလိုက်ရသေးခင်မှာဘဲ လင်းနျဉ်က သူ့ကို ရေထဲတွန်းချလိုက်တော့တယ်။
ရှီနန် ပြုတ်ကျသွားတဲ့နေရာက ရေလှိုင်းတွေ အထပ်ထပ်အခါခါ ထသွားခဲ့တယ်။
ဒီအချိန်ကျမှ ကျိယွီက တည်ငြိမ်အေးဆေးစွာ ပြောလာတယ်။
“-ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်ကို ကောင်းကောင်း အနားယူစေနိုင်တယ်တဲ့၊ ဒီရေကန်ထဲမှာသာ ကြာကြာရေစိမ်မယ်ဆိုရင် ဒဏ်ရာဟောင်းတွေပါ ပျောက်သွားနိုင်တယ်”
သူတို့အနားမှလူက ရေကန်ထဲ အားအပြည့်နှင့်ပြုတ်ကျသွားတဲ့အရှိန်ကြောင့် ကျိယွီ နဲ့ လင်းနျဉ်ရဲ့ အဝတ်အစား အစွန်းလေးတွေက ရေစိုသွားခဲ့တယ်။
ရှီနန်က ရေကန်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေပြီး မှားယွင်းခံနေရသလိုမျက်နှာနဲ့ပြောလာတယ်။
“သတ္တိရှိရင် အောက်ဆင်းလာခဲ့စမ်းပါ! မင်းတို့က ဒါ သက်သက်မဲ့အနိုင်ကျင့်နေတာပဲ!”
ဦးနှောက်တွေပျက်စီးနိုင်မယ့် ပြဿနာကို ဖြေရှင်းပြီးသွားပြီဖြစ်လို့ တစ်ဖွဲ့လုံးက စိတ်သက်သာရာရသွားခဲ့ကြပြီဖြစ်ကာ အရူးလေးတွေလိုမျိုး လှည့်ပတ်ပြီး ဆော့ကစားခဲ့ကြတယ်။
သူတို့က ရေကို လက်နဲ့ခပ်လိုက်ပြီး အချင်းချင်း လိုက်လံပက်ဖြန်းရင်း ၊ တစ်ယောက်ကိုတစ်ယောက် ဆဲဆိုကြိမ်းမောင်းရင်းနှင့် ရေတွေစိုချွဲသွားတဲ့ မျက်နှာတွေကိုကြည့်ရင်း အော်ဟစ်ရယ်မောခဲ့ကြတယ်။
လူငယ်လေးတွေရဲ့အပြစ်ကင်းစင်တဲ့ ရယ်မောသံတွေက လေညင်းတွေနဲ့အတူ မာစီရေကန်ရဲ့ အနီးအနားပတ်လည်မှာ လွင့်ပျံ့နေခဲ့လေတယ်။
လီကျိုးရှင်းက ရုတ်တရက် လှမ်းကြည့်လိုက်ပြီး ရေထဲသို့ငုပ်သွားခဲ့ကာ ကုဝမ်ချန်ရှိနေတဲ့နေရာဆီကို ရေကူးသွားလိုက်တယ်။ ထို့နောက် တစ်ဖက်လူ သတိမထားမိတဲ့အချိန်မှာ ရေအောက်ထဲကနေ သူ့ရဲ့ ခြေထောက်ကိုဆုတ်ကိုင်လိုက်ပြီး အားအပြည့်နှင့် ရေအောက်ကို ဆွဲချခဲ့လေတယ်။
ကုဝမ်ချန် “!!”
လီကျိုးရှင်းရဲ့ဆံပင်တွေက သူ့ရဲ့မျက်နှာပေါ်မှာ အချောင်းလိုက် ကပ်နေတယ်။ သူရဲ့ အပြုံးကလည်း ဆိုးသွမ်းလိုမှုနှင့်အတူ လျှို့ဝှက်ချင်တဲ့အမူအရာတွေ ပြည့်နေခဲ့တယ်။
ညစ်ကျယ်ကျယ်ကလေးတစ်ယောက်ရဲ့ အပြုံးမျိုးပဲ။
အပေါ်မှ လင်းဖြာကျနေတဲ့ နေအလင်းရောင်ကြောင့် ရေအိုင်ထဲမှာ ရှိနေတဲ့ အမှုန်အမွှားလေးတွေ တလက်လက်တောက်ပနေခဲ့တယ်။ စကြာဝဠာထဲမှာရှိနေတဲ့ ကြယ်လေးတွေအတိုင်းပဲ။
ကုဝမ်ချန်ရဲ့ စိတ်ထဲမှာ မကြာခင်တုန်းက ခံစားနေရတဲ့ နေရခက်မှုတွေက တခဏချင်း ပျောက်ကွယ်သွားခဲ့ပြီး လှပတဲ့မြင်ကွင်းတစ်ခုကသာ အံ့ဩမင်သက်ဖွယ် ကျန်ရစ်ခဲ့တယ်။
ကုဝမ်ချန်က လီကျိုးရှင်းကိုကြည့်ရင်း သတိလက်လွတ် ရယ်မောလိုက်တယ်။ ရေထဲမှာဖြစ်တဲ့အတွက် သူ့ပါးစပ်ထဲကနေ လေပူဖောင်းလေးတွေ ထွက်ပေါ်လာခဲ့ပြီး ရေမျက်နှာပြင်ပေါ်သို့ လွင့်ပျံသွားခဲ့တယ်။
သူက ကုန်းပေါ်မှာ ရပ်နေတုန်းဖြစ်တဲ့ ကျိယွီနဲ့ လင်းနျဉ်တို့ရှိနေတဲ့နေရာကို လက်ညိုးထိုးလိုက်ရင်း လီကျိုးရှင်းကို ပါးစပ်က လှုပ်ရုံတင် ပြောလိုက်လေတယ်။
“သူတို့ကိုလည်း ဆွဲလိုက်ချရအောင်”
ကုဝမ်ချန်ကို လောကကြီးမှာ ဘာစိတ်ပူစရာမှ မရှိနေတဲ့ ကလေးတစ်ယောက်လိုမျိုး ခွန်အားအပြည့်နဲ့ ပျော်ရွှင်နေတဲ့ မြင်ကွင်းက တွေ့မြင်ရခဲတယ်။
လီကျိုးရှင်း လက်မနဲ့ လက်ညှိုးကွေးကာ ‘Ok’ လို့အမူအရာပြပြီး ခေါင်းညိတ်လိုက်တယ်။
သူတို့နှစ်ယောက် အသက်ကိုပြင်းပြင်းရှူပြီး ရေအောက်ကို အမြန်ငုပ် လိုက်ကြတယ်။ လင်းနျဉ် နှင့် ကျိယွီတို့ သတိမထားမိခင်မှာ လီကျိူးရှင်း နှင့် ကုဝမ်ချန်တို့က ကမ်းစပ်ကို အမြန်ကူးခတ်လာခဲ့ပြီး အခုချိန်ထိ အပေါ်ပိုင်းကို ရေတစ်စက်မှ မစိုရသေးတဲ့ လူနှစ်ယောက်ကို မာစီရေကန်ထဲသို့ ဆွဲချလိုက်ကြတော့တယ်။
“လီကျိုးရှင်း! ကုဝမ်ချန်!”