Ch 29
Viewers 3k

(29)ပိုင်ထုန်


ရှင်းယွမ့်အဖွဲ့သားတွေရဲ့ ကလေးဆန်လွန်းတဲ့ ရေထဲမှတိုက်ပွဲတွေ အဆုံးသတ်ပြီးစီးသွားကာ ကမ်းပေါ်ကို ပြန်တက်လာခဲ့တဲ့အချိန်မှာတော့ သူတို့တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရေနစ်ထားတဲ့ကြွက်စုလေးတွေ ချွဲနစ်နေခဲ့ကြပြီ။ 


သူတို့ရဲ့ အာကာသယာဥ်ပေါ်မှာ မျက်နှာသုတ်ပုဝါကတစ်ထည်ပဲ ပါတာကြောင့် သူတို့ငါးယောက်ရဲ့ခန္ဓာကိုယ်တွေ ခြောက်သွေ့သွားစေဖို့အတွက် ထိုမျက်နှာသုတ်ပုဝါတစ်ထည်တည်းကို တစ်လှည့်စီ အလှည့်ကျ သုတ်လိုက်ကြရတယ်။ 


ရေကန်ထဲမှာ ဆော့နေခဲ့ကြတုန်းက အတော်လေး တက်ကြွကာ အားအင်တွေ ပြည့်ဝနေခဲ့ကြသလောက် အခု ကန်ထဲမှ ထွက်လာပြီးတဲ့အချိန်မှာတော့ သူတို့တွေ အလုပ်ချင်ဆုံးသောအရာက ကျောချပြီးလှဲအိပ်ဖို့နေရာ ရှာချင်တာပဲ။ 


ဒါက ရေကန်ထဲမှ ရေရဲ့ နောက်ထပ် အကျိုးသက်ရောက်မှုတစ်ခုဖြစ်ပြီး ကောင်လေးတွေ နောက်ထပ် နာရီပေါင်းများစွာ ကြာတဲ့အထိ သူတို့ရဲ့ခွန်အားတွေ ပြန်ပြည့်နိုင်တော့မှာ မဟုတ်ဘူး။ 


“အိုး.. ဒါက အတော်လေး သက်တောင့်သက်သာရှိစေတာပဲ”


ရှီနန်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မျက်နှာသုတ်ပုဝါနှင့် မလုံတလုံပတ်ထားရင်းနှင့် ပြောလိုက်တယ်။ 


“Jade ဂြိုလ်မှာလည်း အခုလို တော်တော်လေးကို လှတဲ့နေရာလေးရှိနေတာပဲလား”  


“ဒီလှပတဲ့ ရှုခင်းတွေရှိတဲ့နေရာကို ငါရှာတွေ့ခဲ့တာလေ” 


လင်းနျဉ်က အာကာသယာဥ်ထဲကို အရှေ့ဆုံးမှဝင်သွားပြီး ပြောလာတယ်။


“Jade ဂြိုလ်ရဲ့ တောင်ဘက်အခြမ်းက အခုချိန်ထိ စစ်ပွဲတွေ ဖြစ်နေသေးတုန်းပဲ၊ နောက်ပြီး မြောက်ဘက်အခြမ်းကတော့ စီးပွားရေးပြသနာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် ရှုပ်ယှက်ခတ်နေကြတာ၊ ဒီတစ်နေရာလေးတစ်ခုကပဲ တိတ်ဆိတ်ပြီး တခြားဂြိုလ်က လူတွေလည်း မရှိတာပဲ” 


ဒီလိုသာ မဟုတ်ရင် လင်းနျန်က သူတို့အားလုံးကို တစ်ချိန်တည်း ဒီရေကန်ထဲကို အတူဆင်းဖို့အတွက် ခွင့်ပြုပေးခဲ့မှာမဟုတ်ဘူး။ ရေကန်ရဲ့ စိတ်အပန်းပြေစေနိုင်တဲ့ အကျိုးသက်ရောက်မှုက သူတို့ကို အန္တရာယ်တောထဲသို့ တွန်းပို့သလို ဖြစ်သွားစေလိမ့်မယ်။


“ဟုတ်တယ်” 


ကျိယွီက လင်းနျဉ်ကို ကူညီဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားရင်း ဝင်ပြောလိုက်တယ်။


“လင်းနျဥ်ပြောတဲ့အတိုင်းပဲ” 


လီကျိုးရှင်းကတော့ ရေကန်ထဲမှာ ဝင်စိမ်ပြီးသွားတဲ့နောက်မှာ သူ့ရဲ့စိတ်တွေက ပိုပြီးရှင်းလင်းကြည်လင်လာကာ အရင်ကထက် နေလို့ပိုကောင်းသွားသလို ခံစားနေခဲ့တယ်။ 


သူက ကျိယွီရဲ့ ကွန်ပျူတာကနေ အဆက်မပြတ် ဝင်နေတဲ့ မက်ဆေ့ချ်တွေကို စပ်စုလိုစွာကြည့်လိုက်ပြီး လှမ်းမေးခဲ့တယ်။


“မင်းဆီကို ဘယ်သူက ဒီလောက်စာတွေ အများကြီးကိုပို့နေတာလဲ?” 


ကျိယွီ အေးခဲသွားပြီး အနေရခက်စွာနှင့် ပြုံးလိုက်တယ်။ သူ ပြန်မဖြေနိုင်သေးခင်မှာဘဲ လီကျိုးရှင်းက စနောက်လိုစွာနှင့် မေးလာခဲ့တယ်။ 


“မင်း ငါတို့ကို မပြောဘဲနဲ့ ကောင်မလေးရနေတာလား?” 


“မဟုတ်ပါဘူး!” 


ဒါက တကယ့်ကိုအနေရခက်စေတာပဲ။


“ဒါတွေ အားလုံးက ငါ စတားနက်ဝေါ့ထ်ပေါ်မှာ တင်ပြီးမေးထားတဲ့ မေးခွန်းကို စိတ်ဝင်စားပြီး ပြန်ဖြေ၊ ဆွေးနွေးနေတဲ့ စာတွေလေ” 


“ဘယ်လိုမေးခွန်းလဲ? ချစ်သူကောင်မလေးတစ်ယောက်ရအောင် ဘယ်လိုရှာရမလဲဆိုတဲ့ မေးခွန်းမျိုးလား?” 


လီကျိုးရှင်းကတော့ သူ့ကိုယ်သူ မကယ်နိုင်လောက်တော့အောင် ဆက်လက် စနောက်ချင်နေခဲ့တယ်။ 


တကယ်လို့ ကျိယွီသာ သူတင်ထားတဲ့ ပို့စ်တွေကို လီကျိုးရှင်းကို ပြလိုက်မယ်ရင် တစ်ဖက်လူကို နေရခက်သွားစေလိမ့်မယ်။


ဒါပေမယ့် ကျိယွီက အတော်လေး ကြင်နာတတ်ပါတယ်။ ဒါ့အပြင် သူတင်ထားတဲ့ ပိုစ့်တွေကို တစ်ခြားသူတွေကို ပြရမဲ့အပေါ် သူကိုယ်တိုင်လည်း ရှက်နေခဲ့တယ်လေ။ 


ဒါက အလွန်အမင်းကို နေရခက်ပြီး ရှက်ရွံ့စရာကောင်းတယ်လို့ ကျိယွီတွေးမိတယ်။ အဆုံးမှာ အမျိုးသားတစ်ယောက်က တခြားအမျိုးသားတစ်ယောက်ရဲ့ စိတ်စွမ်းအင်ချင်း ပေါင်းစည်းသွားတာက တော်တော်အဆင်မပြေဘူးလို့ သူ ခံစားမိတယ်။    


ရှီနန်လို ခပ်တုံးတုံးတစ်ယောက်တောင်မှ သူတို့ရဲ့ဒဏ်ရာကို ဆားနှင့်သိပ်မိသလိုမျိုး ဖြစ်မှာကို စိတ်ပူနေခဲ့ပြီး ပြောစရာမလိုတဲ့ နားလည်မှုတွေနှင့်အတူ ဖြစ်ပြီးသမျှကိစ္စတွေကို မသိချင်ယောင်ဆောင်ပြီး တိတ်တဆိတ်နေဖို့ ရွေးချယ်ထားခဲ့တယ်။ 


အဆုံးမှာ တခြားယောက်ျားတစ်ယောက်ရဲ့ စိတ်စွမ်းအင်နဲ့ ပေါင်းစည်းသွားတာက အတော်လေး .... 


ဟမ်း... သူ သူတို့နှစ်ယောက်အတွက် စိတ်မကောင်းဖြစ်မိရတယ်။


လီကျိုးရှင်းနဲ့ ကုဝမ်ချန်ကတော့ ကျိယွီရဲ့ သူတို့အပေါ် စာနာသနားစိတ်ကို သတိမပြုမိသလို သူ့ သူငယ်ချင်းတွေရဲ့ စိတ်မကောင်းဖြစ်ကာ အလွန် ဂရုတစိုက်ပြုမူနေကြတဲ့ အခြေအနေတွေကို လုံးဝ ဂရုမစိုက်မိဘူး။ 


ကုဝမ်ချန်က သူ့ရဲ့ကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် အနည်းငယ်လောက်တောင် မခံစားမိတော့တဲ့အပေါ်မှာ အလွန် စိတ်မသက်မသာဖြစ်မိခဲ့တယ်။ ဒါပေမယ့် သူက သူ့ရဲ့  ခံစားချက်တွေကိုတည်ငြိမ်အောင် ထိန်းချုပ်ရင်းနှင့်  မေးလိုက်တယ်။ 


“မင်းတို့တွေ ထောက်လှမ်းရေးစက်ကို ဖွင့်ထားကြလား?” 


“အင်း” 


လင်းနျဉ်က မော်နီတာကို ကြည့်ရင့်နှင့် ပြန်ဖြေလာတယ်။


“မီတာတစ်ထောင်အချင်းလောက်မှာ ဘယ်သူ့ရဲ့ အရိပ်အယောင်ကိုမှ မတွေ့ဘူး” 


သူတို့ရဲ့ စိတ်စွမ်းအင်တွေ ပြန်လည်ပြည့်ဝပြီး လူတိုင်းအဆင်ပြေလာတဲ့အချိန်ထိ အေးအေးချမ်းချမ်းဖြစ်နေဖို့ မျှော်လင့်နေရတော့မှာပဲ။ ကုဝမ်ချန် တွေးတောရင်းနှင့် လက်သီးကို တင်းတင်းဆုပ်ထားမိလိုက်တယ်။


သူ့ရဲ့ ဝိဥာဥ်စွမ်းအားက အလွန်အမင်းကို အင်အားကြီးလွန်းတဲ့အတွက် သူလည်း မသိလိုက်ဘာသာနှင့် ထိုဝိဥာဥ်စွမ်းအင်အပေါ်မှာ အလွန်မှီခိုအားကိုးခဲ့မိတယ်။ 


ဒါကြောင့်  အခု ထိုဝိဥာဥ်စွမ်းအားက  ခဏလောက် ပျောက်ကွယ်နေချိန်မှာ အလွန်အကျူး မလွယ်ကူ၊ စိတ်မချနိုင်သလို ခံစားနေရပြီး သူ့ဘေးနားမှာ ရှိနေတဲ့ ကျိယွီနှင့် တခြားလူတွေရဲ့ အဆင်မပြေသလို ခံစားနေရမှုထက်တောင်မှ ပိုပြီး ဆိုးရွားစွာ ခံစားနေခဲ့ရတယ်။


လီကျိုးရှင်းက ကုဝမ်ချန်ရဲ့ လက်သီးဆုပ်ကို သူ့ရဲ့ လက်တွေနဲ့ ဆုပ်ကိုင်ပေးလိုက်တယ်။ 


ကုဝမ်ချန် လီကျိုးရှင်းကို အံ့ဩသွားသလိုနဲ့ ကြည့်လိုက်မိတယ်။ 


“စိတ်အေးအေးထားလေ” 


လီကျိုးရှင်းက  ကုဝမ်ချန်ရဲ့ လက်သီးဆုပ်ကို ဖြေးညင်းစွာနှင့် ပြန်လည် ဖြည်လျော့ပေးလိုက်တယ်။ ထို့နောက်မှာ သူ့ရဲ့ လက်မက ကုဝမ်ချန်ရဲ့ လက်ဖဝါးဆီကို ညင်သာစွာ ပွတ်သပ်လာခဲ့ပြီး မတိုင်ခင်တုန်းက ကုဝမ်ချန် အားပြင်းပြင်းနှင့် ဆုပ်ထားခဲ့လို့ ကုဝမ်ချန်ရဲ့ လက်ဖဝါးမှာ လက်သည်းရာတွေ ကျန်နေခဲ့တဲ့ နေရာတွေကို ခပ်ဖွဖွ ထိတွေ့လာခဲ့တယ်။ 


“အဆင်ပြေပါတယ် ၊ လူတိုင်း ဒီနေရာမှာ အတူရှိနေတယ်လေ၊ ပြီးတော့ ငါတို့မှာလက်နက်တွေလည်း ရှိနေတာပဲ” 


“မင်းပြောတာမှန်တယ်” 


ကုဝမ်ချန်ရဲ့ စိတ်တင်းအားတွေက အနည်းငယ် ပြေလျော့ကာသက်သာရာ ရသွားပြီး ခေါင်းညိတ်ပြလာတယ်။ 


စိတ်စွမ်းအားမရှိရင်တောင် သူတို့အားလုံး သန်မာတဲ့လူတွေဖြစ်နေတာကြောင့် အဆင်ပြေနေသေးတာပဲ။ 


“မင်းပြောတာ အကုန်မှန်တယ်” 


ကုဝမ်ချန် သူ့ကိုယ်သူ ဆယ်ကျော်သက်တစ်ယောက်လောက်တောင် မထိန်းချုပ်နိုင်ဖြစ်မနေသင့်ဘူးလို့ တွေးလိုက်မိတယ်။ 


လီကျိုးရှင်းက  ကုဝမ်ချန်ရဲ့ စကားကို တောက်ပပြီး ကူးစက်လွယ်တဲ့ အပြုံးနဲ့ တုံ့ပြန်လာခဲ့တယ်။


တစ်ဖက်မှာတော့ ရှီနန်က လီကျိုးရှင်းကို ကြည့်လိုက် ၊ ကုဝမ်ချန်ကို ပြန်ကြည့်လိုက်လုပ်နေခဲ့ပြီး အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ လက်တွေကို ကြည့်လိုက်ပြန်တယ်။ 


ရှီနန်က ထိုသို့မြင်တွေ့ရခဲတဲ့ မြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ်နေခဲ့တယ်။ 


ဒါဆို ဒါတွေက လိင်တူချင်း ဝိဥာဥ်စွမ်းအင် ပေါင်းစည်းမှုလိုက်ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေများလား? ဘာလို့ ဒါက မြင်တွေ့ရတာ အတော်လေး ထူးဆန်းနေခဲ့တာလဲ?


မာစီ ရေကန်ရဲ့ ရေက သုံးနာရီလောက်ပဲ အကျိုးသက်ရောက်မှုရှိတယ်။ ဒါကြောင့် အချိန်ကျလာတာနှင့် သူတို့ငါးယောက်လုံးရဲ့ စိတ်စွမ်းအင်တွေ ပြန်ရလာခဲ့ပြီး သူတို့တွေ ထောက်လှမ်းရေး စက်ကို ပြန်ပိတ်လိုက်ကာ အာကာသယာဥ်ကို ပြန်လည်မောင်းနှင်ဖို့ စတင်လိုက်ကြတယ်။ 


သူတို့တွေ အာကသထဲသို့ ပြန်ရောက်လာတဲ့အချိန်မှာပဲ ရှီနန်ရဲ့ ကွန်ပျူတာက အလင်းတစ်ချက်နှင့် ပွင့်လာပြီး ကြီးကြပ်ရေးမှူးမာတင် ဆီကနေ အဆက်အသွယ် ဝင်လာခဲ့တယ်။ 


သူက သူ့ရဲ့ ရုံးခန်းထဲမှာ တစ်ခုခုကို အလေးအနက်ဖြစ်နေတဲ့ မျက်နှာထားနဲ့ မတ်တပ်ရပ်နေပြီး သူ့ဘေးနားမှာလည်း လူကြီးတစ်ယောက်လည်း ရှိနေခဲ့တယ်။ ထိုလူက သူတို့ ဝင်ခွင့်စာမေးပွဲဖြေရတုန်းက အသင်းဖွဲ့ဖို့ ပြောခဲ့တဲ့ လူကြီးပဲ။ 


“မင်းတို့တွေ ဘယ်မှာလဲ?” 


ကြီးကြပ်ရေးမှူးက မေးလာတယ်။


“မင်းတို့ အာကာသထဲကို ထွက်က်စအချိန်ကတည်းက နေရာလွတ်ခုန်ကူးတဲ့ စက်ပစ္စည်းကို သုံးခဲ့ကြတယ်” 


အဆင့် D စစ်ဆင်ရေး အတွက် ဒီလို စက်ပစ္စည်းကို အသုံးပြုစရာလိုလိမ့်မယ်လို့တော့ သူ မထင်ဘူး။


ရှီနန်က လီကျိုးရှင်းနဲ့ ကုဝမ်ချန်ကို အနေရခက်တဲ့ မျက်နှာနှင့် လှမ်းကြည့်လိုက်ပြီး ကြီးကြပ်ရေးမှူးဆီကို တိုးတိုးလေးပြောလိုက်တယ်။ 


“ကိစ္စတစ်ခုခု ဖြစ်လာလို့ ကျွမ်တော်တို့တွေ  Jake ဂြိုလ်ကနေ ကွေ့ပတ်သွားဖို့ ဖြစ်သွားတယ်” 


Ganymede ဂြိုလ်က Jade ဂြိုလ်နဲ့ တော်တော်လေး ဝေးတယ်။ ဒီတော့ နှစ်ရက်လောက်နဲ့ ပြီးနိုင်မယ့် စစ်ဆင်ရေးက တစ်ပတ်လောက် အချိန်ယူရတော့မလို ဖြစ်နေပြီ။ 


“ငါ့ကို အကုန်ပြောပြစမ်း” 


ကြီးကြပ်ရေးမှူးရဲ့ မျက်နှာအမူအရာက မယုံကြည်နိုင်သလိုမျိုးဖြစ်နေခဲ့တယ်။ ဘာလို့ သူတို့တွေပဲ ဒီလိုမျိုးတွေကြုံတွေ့နေရတာလဲ? 


“ကိစ္စအသေးလေးကိုတောင် မချန်ထားနဲ့၊ အကုန်ပြောပြ” 


ရှီနန်က အကြောင်းအရာတွေအားလုံးကို ဘယ်လိုရှင်းပြရမလဲမသိဖြစ်နေပြီး စကားတွေ ထစ်နေခဲ့တယ်။


နောက်ဆုံးတော့ ကျိယွီကပဲ စာကြောင်းသုံးကြောင်းလောက်တည်းနဲ့ အခြေအနေတွေကို ရှင်းပြပေးခဲ့ပြီး ကျင်းထဲကျပ်ထဲကို ရောက်နေတဲ့ သူ့ကို ကယ်တင်ပေးလိုက်တယ်။ 


ကျိယွီရဲ့ ရှင်းပြချက်တွေ နားထောင်အပြီးမှာ ပါမောက္ခမာတင်နဲ့ ဘေးမှာရှိနေတဲ့အကြီးအကဲတို့ရဲ့ မျက်နှာထားတွေက တင်းသထက် တင်းမာလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။


“အခုရော သူတို့နှစ်ယောက် ဘယ်လိုနေသေးလဲ?!” 


လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့နှစ်ယောက်က ကွန်ပျူတာရှေ့ကို တိုးကပ်လာပြီး အကြီးအကဲတွေကို အလေးပြုလိုက်တယ်။


“ကျွန်တော်တို့ အခု အကုန်လုံးအဆင်ပြေနေပါတယ်၊ အစတည်းက ထိခိုက်တာမျိုးမရှိပါဘူး” 


“အာကာသယာဉ်ထဲမှာပါတဲ့ ကုသခန်းထဲကပစ္စည်းတွေကို အသုံးပြုပြီး ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးလိုက်ကြ”


ကြီးကြပ်ရေးမှူးရဲ့ အသံက တင်းမာနေခဲ့တယ်။


“အဲဒီစစ်ဆေးချက် ရလဒ်တွေကို ငါကိုယ်တိုင်စစ်ဆေးကြည့်ဖို့လိုမယ်”


ဒီအချိန်ကျမှ အာကာသယာဉ်ထဲမှာ ဆေးကုသခန်းပါရှိမှန်းကို သူတို့တွေ သတိရသွားကြတယ်။ ခုနတုန်းက သူတို့တွေ အရမ်းကို ထိတ်လန့်တုန်လှုပ်နေခဲ့ကြတာကြောင့် သူတို့ရဲ့ ဦးနှောက်က ပြသနာကို အမြန်ဆုံးဖြေရှင်းမယ့် နည်းလမ်းကို ရွေးချယ်ဖို့  တွေးတောလိုက်ကြတာပဲ။ 


သူတို့တွေ ကုသခန်း တံခါးကို ဖွင့်လိုက်ကြပြီးနောက် သူတို့တစ်ဖွဲ့လုံးက စစ်ဆေးမှုရလဒ်ကို စိတ်လှုပ်ရှားစွာနှင့် စောင့်မျှော်နေခဲ့ကြတယ်။ ဘာပြဿနာမှ မရှိဘူးဆိုတဲ့ မီးစိမ်းလေးပေါ်လာမှ ကြီးကြပ်ရေးမှူးနဲ့ အကြီးအကဲအပါအဝင် သူတို့အကုန်လုံး သက်ပြင်းချနိုင်တော့တယ်။ 


စိတ်စွမ်းအင် ပေါင်းစည်းခြင်းဆိုတာက အရမ်းကို ရှားပါးပြီး အလွန်အမင်းလည်းအရေးကြီးတယ်။ 


ပြောရရင် စိတ်စွမ်းအင်ဆိုတာ ပိုင်ရှင် ကိုယ်တိုင်နှင့်သာ အရင်းနှီးဆုံးဖြစ်ပြီး တခြားလူတွေနဲ့ကတော့ စိမ်းသက်လွန်းတယ်လေ။ 


ကိုယ့်ရဲ့ စိတ်စွမ်းအင်က တစ်ခြားသူရဲ့ စိတ်စွမ်းအင်နဲ့ ပေါင်းစည်းလိုက်ရင် ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ 


ကြီးကြပ်ရေးမှူးက ရလဒ်ကြောင့် အံ့ဩသွားပြီး သိချင်စိတ်တွေပိုဖြစ်လာပေမယ့် ကောင်လေးတွေ အဆင်ပြေတယ်ဆိုတာကို သိရတော့ စိတ်သက်သာရာရသွားခဲ့တယ်။ 


ကောင်လေးတွေရဲ့ စိတ်မသက်မသာဖြစ်နေတဲ့ မျက်နှာတွေကို တွေ့တော့ ပါမောက္ခမာတင်က သူတို့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်တယ်။ 


“စိတ်စွမ်းအား ပေါင်းစည်းမှုက အရမ်းကြီးဆိုးရွားတဲ့ အရာမျိုးတော့မဟုတ်ပါဘူး၊ အနည်းဆုံး မင်းတို့နှစ်ယောက်လုံး အရမ်းတော်တယ်ဆိုတာကို သက်သေပြနိုင်တာပေါ့၊


ဒီအတွက် အရမ်း စိုးရိမ်စရာလည်း မလိုသလို ရှက်ကြောက်နေစရာလည်း မလိုဘူး၊ သူငယ်ချင်းအချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိပြီး စိတ်လုံခြုံတယ်လို့ ခံစားနေရတဲ့သူတွေဆိုရင် လိင်အမျိုးအစားတူနေရင်တောင် ဒါကို စိတ်ဝင်စားပြီး ချိတ်ဆက်ကြည့်ဖို့ ကြိုးစားခဲ့ကြတာမျိုး အများကြီးရှီတယ်” 


ပါမောက္ခရဲ့ နှစ်သိမ့်စကားကြောင့် လီကျိုးရှင်းက စိတ်သက်သာရာ ရသွားသလိုမျိုး ပြန်မေးလိုက်တယ်။


“တကယ်လား?” 


ကုဝမ်ချန်က ပြန်လည် တည်ငြိမ်နေတာကြာပြီ။ သူက လီကျိုးရှင်းရဲ့ စိတ်သက်သာရာရသွားတဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်ကျမှ ဒီကောင်လေးက သူ့ရဲ့ နေရခက်နေတဲ့ စိတ်ခံစားချက်တွေကို ကောင်းကောင်း ဖုံးကွယ်နိုင်ခဲ့တာပဲဆိုတာကို ကုဝမ်ချန် နားလည်သွားခဲ့လေတယ်။