(30)ပိုင်ထုန်
ကုဝမ်ချန်က ငယ်ရွယ်နုပျိုတဲ့လူတစ်ယောက် မဟုတ်တော့ဘူး။ သူက သုံးဆယ့်ရှစ်နှစ်တောင်ရှိနေပြီ။
သူ အချိန်အကြာကြီး ရှင်သန်ခဲ့ရပြီးပြီ။ ဒါကြောင့် အခုလို ကိစ္စတွေဖြစ်လာတဲ့အချိန်မှာ သူ့ရှေ့မှာ ရှိနေတဲ့ ဖြူစင်သန့်ရှင်းမှုအပြည့်နဲ့ လူငယ်လေးကို သူ အခွင့်အရေးယူမိနေသလို ခံစားနေရတယ်။
ကုဝမ်ချန်က သူ့ကိုယ်သူ အပြစ်တင်နေမိတဲ့ စိတ်တွေနှင့် ခေါင်းကို ငုံ့ထားမိကာ လီကျိုးရှင်းရဲ့ စိတ်သက်သရာရသွားတဲ့ မျက်နှာကို မမြင်ချင်ယောင်ဆောင်ဖို့ကြိုးစားလိုက်တယ်။
သေချာတာပေါ့။တကယ်တမ်းမှာ ကုဝမ်ချန် တွေးနေတာနဲ့ ဆန့်ကျင်ဘက်ပဲ။
လီကျိုးရှင်းက တကယ်တော့ သူရဲ့ ရိုးသားနုံအတဲ့ အဖြောင့်တစ်ယောက်အဖြစ် ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေခဲ့ရတာလေ။
ပါမောက္ခမာတင်က ခေါင်းညိတ်ပြလာတယ်။
“ကောင်းပြီ ဒါပေမယ့် မင်းတို့အဖွဲ့ရဲ့ တင်ပြချက်အရ ဒီနေ့မှာ ကုဝမ်ချန်ရဲ့ စိတ်စွမ်းအားတွေက အပြင်ဘက်ကို ပေါက်ထွက်လာပြီး ထိန်းချုပ်လို့မရနိုင်ဖြစ်သွားခဲ့တယ် ဟုတ်မလား?”
“ဟုတ်ပါတယ်”
ကုဝမ်ချန်ရဲ့ မျက်နှာက နားမလည်နိုင်မှုတွေနဲ့ အတူ ရှုပ်ထွေးနေတယ်။
“ဘာလို့ ဒီလိုမျိုး ရုတ်တရက်ကြီး ပေါက်ကွဲထွက်လာတာလဲဆိုတာ ကျွန်တော် အခုထိ နားမလည်နိုင်သေးဘူး”
ကြီးကြပ်ရေးမှူးနဲ့ အကြီးအကဲ နှစ်ယောက်လုံးက ခဏလောက်တိတ်ဆိတ်သွားကြတယ်။ ခဏကြာမှ အကြီးအကဲက ပြောလာတယ်။
“မင်းတို့ Jade ဂြိုလ်ကနေ ထွက်ခွာလာကြပြီလား?”
တစ်ဖွဲ့လုံး ထွက်လာပြီဖြစ်ကြောင်း ပြန်ဖြေလိုက်ကြတယ်။
အကြီးအကဲက ဆက်ပြောတယ်။
“ငါ မင်းတို့ကို ဂြိုလ်တစ်လုံးရဲ့ ကိုသြဒီနိတ် ပေးလိုက်မယ်၊ Weiss ဂြိုလ်ကို ကြားဖူးကြလား၊ အဲဒီဂြိုလ်က ဖျော်ဖြေရေးဂြိုလ်တစ်လုံးအနေနဲ့ အရမ်းနာမည်ကြီးတယ်၊ မင်းတို့ အခုရောက်နေတဲ့ နေရာနဲ့ဆို သိပ်မဝေးလောက်တော့ဘူး၊ အဲဒီဂြိုလ်မှာ အခု လက်တလော ပိုင်မိသားစုက ကလေးတစ်ယောက် ဖျော်ဖြေပွဲတစ်ခု လုပ်နေတယ်”
“ဒါဆို ခင်ဗျား သူတို့ကို ဖျော်ဖြေပွဲလက်မှတ်ပေးလိုက်တော့မှာပေါ့”
ကြီးကြပ်ရေးမှူးက ပြုံးပြီးပြောတယ်။
“မစ္စပိုင်ရဲ့ သီချင်းဆိုပြီးဖျော်ဖြေမှုက လူတွေရဲ့ စိတ်စွမ်းအင်တွေကို ကုသပေးပြီး လမ်းညွှန်ပေးနိုင်တဲ့ စိတ်စွမ်းအင်တွေ ပါဝင်တယ်၊ ဒါကြောင့် သူမရဲ့ ပွဲလက်မှတ်ကလည်း ရဖို့ ခက်တယ်”
ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ စိတ်စွမ်းအင်ရဲ့ ကုသပေးနိုင်မှုနဲ့ တည်ငြိမ်အောင်ထိန်းကျောင်းပေးနိုင်မှု စွမ်းအားတွေက သူတို့ကိုယ်တိုင်အပေါ်မှာပဲ သက်ရောက်မှုရှိနိုင်ပေမယ့် ပိုင်ထုန်ကတော့ မတူညီဘူး။
သူမက သူမရဲ့ စိတ်စွမ်းအားတွေကိုဖြန့်ကျက်ပြီး တစ်ခြားသူတွေကိုပါ ကုသပေးနိုင်ပြီး လမ်းပြပေးနိုင်တယ်။
“သေချာတာပေါ့”
အကြီးအကဲက ရယ်မောလိုက်တယ်။
“ငါ မင်းတို့ကို စင်နောက်မှာ တွေ့ဆုံပေးဖို့ သူမကို ပြောထားလိုက်မယ်၊ ကုဝမ်ချန်၊ လူငယ်လေး မင်း ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချသင့်တယ်နော်”
ကုဝမ်ချန်က ယဉ်ကျေးသိမ်မွေ့စွာ ပြုံးလိုက်တယ်။
“ကျေးဇူးအများကြီး တင်ပါတယ်၊ ကျွန်တော် ဒါကို သေချာပေါက် ကောင်းကောင်းအသုံးချပါ့မယ်”
သူတို့စကားပြောလို့အပြီးမှာပဲ ဖျော်ဖြေပွဲ လက်မှတ်တွေက သူတို့ရဲ့ ကွမ်တမ်ကွန်ပျူတာထဲကို ရောက်ရှိလာခဲ့တယ်။
သူတို့က အာကာသယာဥ်ကို ပြန်ကွေ့လိုက်တယ်။
“ဝိုး.. ငါတို့ နာမည်ကြီး Weiss ဂြိုလ်ကို သွားရတော့မှာပဲ”
ဒါက ဖျော်ဖြေရေးလောကမှာ နာမည်အကြီးဆုံးဂြိုလ်လေ။
ဒီစစ်ဆင်ရေးလုပ်ရတာက တကယ်ကို တန်သွားပြီ။ သူတို့ရဲ့ အဓိက ပစ်မှတ်က Ganymede ဂြိုလ်ကို သွားရမှာဖြစ်ပေမယ့် သူတို့ အဲဒီကိုမရောက်ခင်မှာ Jade ဂြိုလ်နဲ့ Weiss ဂြိုလ်မှာ ရပ်တန့်ဖို့အတွက် အခွင့်အရေးရလာခဲ့တယ်။
အကြီးအကဲပြောတဲ့အတိုင်း Weiss ဂြိုလ်က သူတို့ရောက်နေတဲ့ နေရာနဲ့ တော်တော်လေး နီးကပ်နေတယ်။
ဖျော်ဖြေရေးဂြိုလ်ဆိုတဲ့အတိုင်း သူတို့ခုနတုန်းက ဆင်းသက်ခဲ့တဲ့ ဂြိုလ်နဲ့ကတော့ လုံးဝတစ်ခြားစီပဲ။
သူတို့ တစ်ဖွဲ့လုံးရဲ့ ဂြိုလ်ရဲ့ ဝင်ပေါက်မှာ စစ်ဆေးမှုခံယူလိုက်ကြပြီး သူတို့ရဲ့ အာကာသယာဥ်ကိုတော့ အားပြန်ဖြည့်ဖို့အတွက် ထိုနေရာမှာပဲ ထားခဲ့ကြကာ အလိုအလျောက်မောင်းနှင်စနစ် ကားပျံပေါ်ကိုတက်လိုက်ကြတယ်။
သူတို့တွေ ကားပျံရဲ့ ဦးတည်ချက်တည်နေရာစနစ်မှာ ပိုင်ထုန်ရဲ့ ဖျော်ဖြေပွဲနေရာကို ရိုက်ထည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းတွေကို သဘောကျနှစ်ရှိုက်စွာနှင့် ငေးမောကြည့်ရင်း လိုက်ပါလာခဲ့ကြတယ်။
သူတို့အရင်တုန်းက ရောက်ရှိခဲ့ဖူးခဲ့တဲ့ တစ်ခြားဂြိုလ်တွေနဲ့ မတူဘဲ ဒီ Weiss ဂြိုလ်တစ်ခုတည်းမှာသာ လီကျိုးရှင်း ဒီကို မကူးပြောင်းလာရသေးခင်က စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း နည်းပညာမြင့်မားမှုတွေရဲ့ အစိတ်အပိုင်းတွေ အကုန်လုံးကို မြင်တွေ့ရတယ်။
မျှော်စင်တွေက ကောင်းကင်လောက်အထိ မြင့်မားပြီး အလိုအလျောက်မောင်းနှင်စနစ် ကားက အလွန်အမင်းရှုပ်ထွေးနေတဲ့ လမ်းကြောင်းတွေကနေ လှည့်ပတ်မောင်းနှင်နေခဲ့ကာ လမ်းတစ်လျှောက်မှာလည်း ထူးဆန်းတဲ့ ပုံစံရှိတဲ့ မျှော်စင်တွေကို တွေ့မြင်ခဲ့ရတယ်။
ကားပျံမောင်းနှင်ရာလမ်းကြောင်းရဲ့ အောက်ဘက်ကို လှမ်းကြည့်လိုက်မယ်ဆိုရင် အလွန်မြူးကြွသက်ဝင်တဲ့ ရှုခင်းတွေကိုလည်း မြင်တွေ့နိုင်နေခဲ့ပြီး အောက်မှာ ချယ်ရီပန်းများဖူးပွင်းနေသလို ဝေဆာစွာ ပွင့်လန်းနေကြတဲ့ အပင်တွေနဲ့ စိုက်ပျိုးထားပြီး ပန်းနုရောင် ပွင့်လွှာဖတ်လေးတွေကလည်း လေနှင့်အတူ ဝေ့ဝိုက်ပြီး မျောလွင့်နေသလို ပန်းပင်လယ်ကြီးလိုပုံသဏ္ဍာန်ကိုလည်း ဖန်တီးထားခဲ့တယ်။
“ဒီနေရာက Jadeဂြိုလ်နဲ့ တော်တော်လေးကွာခြားတာပဲ”
လီကျိုးရှင်းက သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ပြောလိုက်တယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ ဂြိုလ်တိုင်းက သူ့ရဲ့ကိုယ်ပိုင်အလှတရားနဲ့ သူ့နည်းသူ့ဟန်နဲ့ အစွမ်းကုန် လှပကြတယ်။
ပိုင်ထုန်က ဒီစကြာဝဠာထဲမှာ နာမည်အကြီးဆုံးအဆိုတော် တစ်ယောက်ဖြစ်တဲ့အပြင် တစ်ချိန်ထဲမှာပဲ သူမက အမျိုးသားဇာတ်လိုက်ရဲ့ မောင်းမဆောင်အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်နေသေးတယ်။
စာရေးသူက ဒီဇာတ်ကောင်(ပိုင်ထုန်)ကို တော်တော်လေးသဘောကျတဲ့ပုံပဲ—
စာရေးသူက ပိုင်ထုန်ကို နတ်သမီးလေးလို လှပတဲ့ မျက်နှာမျိုး ပေးထားတဲ့အပြင် ဒီကမ္ဘာပေါ်မှာ ဘယ်သူ့မှမရနိုင်တဲ့ လှပလွန်းတဲ့ အသံမျိုးကိုလည်း ပေးထားသေးတယ်။
ဖျော်ဖြေရေးပွဲရဲ့ ဝင်ပေါက်မှာတော့ ပိုင်ထုန်က Weiss ဂြိုလ်ရဲ့အကြီးမားဆုံးစင်မြင့်ပေါ်မှာ ဖျော်ဖြေနေတဲ့ပုံရိပ်ကို အလွန်အမင်း ကြီးမားလွန်းတဲ့ စခရင်နှင့် ပိုစတာတစ်ခုအဖြစ် ပြသထားတယ်။
စခရင်ပိုစတာပေါ်မှာရှိနေတဲ့ အမျိုးသမီးက ရှက်ရွံ့စွာနှင့် နူးညံ့စွာ ပြုံးနေခဲ့တယ်။ သူမရဲ့ မျက်လုံးတွေက ကြယ်လေးတွေလိုမျိုး တဖြတ်ဖြတ် တောက်ပနေပြီး နက်မှောက် နူးညံ့တဲ့ ဆံပင်ရှည်တွေကလည်း ပုခုံးပေါ်မှာ ဝဲပျံကျနေခဲ့တယ်။
သူမရဲ့ ရှေ့ဆံမြိတ်တွေက မျက်နှာဘေးနားမှာ ဝဲကျနေခဲ့ကာကြောင့် သူမကို ပိုမို သိမ်မွေ့ပြီး ချစ်စရာကောင်းသွားစေခဲ့တယ်။
လီကျိုးရှင်းက ခြေလှမ်းတွေကို ရပ်တန့်ပြီး ထိုပြုံးရယ်နေတဲ့ မိန်းကလေးကို စိုက်ကြည့်နေခဲ့တာကိုမြင်တော့ တစ်ဖွဲ့လုံးကလည်း ရပ်တန့်လိုက်ကြတယ်။
သူမက တကယ်ကို လှပတာပဲ။ တကယ်ကို အလွန်အမင်း လှပလွန်းတယ်။
ပိုင်ထုန်ရဲ့ နာမည်ကြီးမှုက သူတို့အဖြောင့်ကောင်တွေ တွေးတောစိတ်ကူးယဥ်ထင်ထားတာထက်တောင် ပိုပြီးများနေသေးတယ်။ သူတို့တွေက အထဲမှာ ဘယ်နေရာကိုမှ သွားစရာမရှိတော့ဘဲ အဆုံး စောစောစီးစီး တန်းစီထားဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။
သို့ပေမယ့် သူတို့တွေ တန်းစီမယ့်နေရာကို ရောက်သွားတော့ ကြီးမားတဲ့ လူအုပ်ကြီးက သူတို့အရင် စောင့်နေကြပြီ။
ဝန်ထမ်းတစ်ယောက်က တန်းစီတဲ့နေရာကို စီစဥ်ပေးနေခဲ့ပြီး သူတို့အဖွဲ့ကို မြင်လိုက်တာနဲ့ ခဏ ရပ်တန့်သွားကာ အပြေးအလွှားရောက်လာခဲ့တယ်။
“မင်္ဂလာပါ ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ လက်မှတ်လေးတွေ ပြပေးလို့ရမလား?”
လီကျိုးရှင်းတို့ အားလုံးက သူတို့ရဲ့ လက်မှတ်တွေကို ထုတ်ပြလိုက်တယ်။
“ဒီဘက်ကို ကြွပေးပါ၊ လူကြီးမင်းတို့ရဲ့ လက်မှတ်တွေက VIP တွေချည်းပဲမလို့ ခန်းမထဲကို တစ်ခြားဝင်ပေါက်ကနေ အရင်ဝင်လို့ရပါတယ် “
ထို့နောက်မှာတော့ တခြားဖျော်ဖြေပွဲကို လာတဲ့လူတွေရဲ့ မနာလိုတဲ့အကြည့်တွေ ကြားကနေ သူတို့က ဝန်ထမ်းရဲ့နောက်က လိုက်သွားခဲ့ကြကာ တခြားဝင်ပေါက်ကနေ အဆင်ပြေချောမွေ့စွာနှင့် ဝင်သွားခဲ့ကြတယ်။
သူတို့ရဲ့ ထိုင်ခုံတွေက အရှေ့ဆုံးမှာဖြစ်နေပေမယ့် ပွဲကတော့ အခုထိ မစသေးဘူး။
“ကျေးဇူးပြုပြီး ကျွန်မရဲ့အနောက်ကနေ လိုက်ခဲ့ပေးပါ”
ဝန်ထမ်းမိန်းကလေးက ချိုသာစွာ ပြုံးလိုက်ပြီး ပြောလာတယ်။
“မစ်စ်ပိုင်က လူကြီးမင်းတို့ကို သူမနဲ့ တွေ့ဖို့ စင်နောက်ကို ခေါ်လာခဲ့ပေးဖို့ ပြောထားပါတယ်”
ဒါဆို သူတို့တွေ အခု အလှလေးကို တွေ့ရတော့မှာပေါ့။
လူငယ်လေးတွေက သူတို့ရဲ့ အဝတ်အစားတွေကို အမြန်သပ်ရပ်အောင် ပြင်ဆင်လိုက်ကြပြီး ဆံပင်တွေကိုလည်း ဖိသပ်လိုက်ကြတယ်။
လင်းနျဉ်က နားနေခန်းသို့ သွားရန်ဆိုပြီး သတ်မှတ်ထားတဲ့ စင် အနောက်ဘက် လမ်းကြောင်းပေါ်ကို ရောက်တော့ နှစ်ယောက် ဘေးချင်းယှဥ်ပြီး လျှောက်နေကြတဲ့ ကုဝမ်ချန်နဲ့ လီကျိုးရှင်းကို မသိမသာ ကျော်တက်လိုက်တယ်။
“မစ်စ်ပိုင်က ဒီ Weiss ဂြိုလ်ပေါ်မှာ ဘယ်လောက်ကြာကြာနေမှာလဲ?”
မစ်စ်ပိုင်က ဝန်ထမ်းတွေကို ဘယ်လိုမျိုးမှာကြားပြောဆိုထားလဲဆိုတာ မသိပေမယ့် ဝန်ထမ်းတွေရဲ့ သူတို့အပေါ် အမူအရာက အလွန်နွေးထွေးနေခဲ့တယ်။
သူတို့က သူတို့ မကြာခဏကြားနေကျဖြစ်တဲ့ မေးခွန်းတွေကိုတောင် ဖြေဖို့ ဆန္ဒရှိနေကြတယ်။
“မနက်ဖြန် မနက်ထိနေမှာပါ၊ ပြီးရင်တော့ သူမက အာကာသယာဥ်နှင့်တစ်ခြားဂြိုလ်တစ်ခုကို ထွက်ခွါသွားတော့မှာလေ”
အဆိုတော်တစ်ယောက်ဖြစ်ရတာကလည်း တကယ်တော့ လွယ်ကူတဲ့ အလုပ်မျိုးမဟုတ်ဘူးပဲ။
လင်းနျဉ် တိတ်တဆိတ် တွေးလိုက်တယ်။ စက်မှု အင်ဂျင်နီယာလုပ်ရတာနဲ့ Starnet ကို မွှေနှောက်နေရတာက သေချာပေါက် အများကြီး ပိုကောင်းတယ်။
သူတို့တွေ စကား များများ မပြောလိုက်ရသေးခင်မှာပဲ ပိုင်ထုန်ရှိနေတဲ့ နားနေခန်းတဲခါးနားကို ရောပ်လာခဲ့ပြတယ်။ ဝန်ထမ်းလေးက အခန်းတံခါးကို ခေါက်လိုက်တော့ အထဲကနေ ငြိမ့်ညောင်းသာယာတဲ့ အသံလေး ထွက် ပေါ်လာတယ်။
“ဝင်လာခဲ့ပါ”
လီကျိုးရှင်းရဲ့ ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာပျက်သွားတယ်။
__တစ်ယောက်ယောက် ရှင်းပြပေးနိုင်မလား....
သူမရဲ့ အသံက ဘာလို့ အမျိုးသမီးလိုနေရတာကိုသဘောကျတဲ့ အမျိုးသားတစ်ယောက်က အသံကိုဖျက်ပြီး မိန်းကလေးသံထွက်အောင် တမင် လုပ်ပြောနေရတဲ့ အသံနဲ့ တူနေတာလဲ?
*