Ch 34
Viewers 3k

(34)

ဖျော်ဖြေပွဲက ပြီးခါနီးတော့မယ်။ ထို့အတူ ပိုင်ထုန်ကလည်း အတော်လေးပင်ပန်းနေပုံရတယ်။


သူ့ရဲ့ စင်အောက်ကို စကားပြောနေတဲ့ အသံထဲမှာ ပင်ပန်းနွမ်းနယ်မှုတွေကို ကြားသိနိုင်တယ်။ 


သူ့ရဲ့ ပုံမှန်အသံက မိန်းကလေးဆန်နေခဲ့ပြီး အသံကို နည်းနည်းလောက်မြှင့်ပြီး ပြောလိုက်တဲ့အချိန်ဆိုရင် မိန်းကလေး အတိုင်းပဲ ချိုမြနေခဲ့တယ်။


အခု သူ့ရဲ့ အသံက ပင်ပန်းမှုတွေကြောင့်  တိုးဝင်နေခဲ့ချိန်မှာ တမင်တကာ ကလူမြူဆွယ်နေတဲ့အသံဖြစ်အောင် လုပ်ယူထားသလိုဖြစ်နေခဲ့ပြီး ငှက်သိုက်မုန့်လေးတွေလို ချိုမြိန်နေသလို ပြုလုပ်ပေးထားတယ်။ 


ကုဝမ်ချန်က စင်ပေါ်မှာရှိနေတဲ့ အမျိုးသမီးကို စောင်းကြည့်လိုက်ပြီး ပြောလိုက်တယ်။


“မစ်စ်ပိုင်ကို ကြည့်ရတာ အတော်လေးပင်ပန်းနေတဲ့ပုံပဲ၊ ကျိုးရှင်း မင်း သူမဆီကို ငါတို့တွေ မကြာခင်ပြန်ထွက်သွားတော့မယ်ဆိုတဲ့အကြောင်းကို  စာပို့ထားလိုက်ပါလား? ဒီလိုဆိုရင် မစ်စ်ပိုင် ဖျော်ဖြေပြီးသွားတဲ့အချိန်မှာ ငါတို့အတွက် စိတ်ပူနေစရာမလိုတော့ဘူးပေါ့” 


“ကောင်းပြီ”


လီကျိုးရှင်းအနေနဲ့ကတော့ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြားက ဆက်နွယ်မှုတွေက အလွန်အမင်းသေးငယ်သွားတာကို တွေ့လိုက်ရချိန်မှာ ဝမ်းသာပျော်ရွှင်သွားခဲ့တယ်။ 


“သူမကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို သေသေချာချော ပြောလိုက်မယ်” 


ဖျော်ဖြေပွဲ တရားဝင်မပြီးခင် အရင်ပြန်ထွက်သွားတာက ရိုင်းရာကျနေလိမ့်မယ်ဆိုတာကို သူတို့ သိပေမယ့် မတတ်နိုင်ဘူးလေ။ သူ့တို့အတွက်ကြောင့်နဲ့  မစ်စ်ပိုင်ရဲ့ ပွဲပြီးလို့ အနားယူချိန်ကို မနှောက်ယှက်ချင်တော့ဘူး။ 


သူတို့ငါးယောက်လုံး ခန်းမရဲ့ ဘေးတံခါးပေါက်ကနေ ထွက်ခဲ့လိုက်ရပြီး အလိုအလျောက်မောင်းနှင်စနစ်နဲ့ ကားပေါ်ကို တက်လိုက်ကြတယ်။ 


သူတို့တွေ အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ Weiss ဂြိုလ်ရဲ့ ဝင်ပေါက်ဂိတ်နားကို ပြန်ရောက်လာခဲ့တယ်။ သူတို့အလာတုန်းက ဝင်ပေါက်မှာ အားသွင်းပြီး ထားခဲ့တဲ့ အာကာသယာဥ်လေးကလည်း အားအပြည့်ဖြစ်နေပြီး ထွက်ခွါဖို့ အဆင်သင့်ဖြစ်နေပြီ။ 


သူတို့တွေ အာကာသယဥ်ပေါ်ကိုတက်လိုက်ကြပြီး Ganymede ဂြိုလ်ကို ခရီးဆက်လိုက်ကြတယ်။ 


သူတို့ အာကသထဲကို အချိန်ခုန်ကူးတဲ့ စနစ်ကို နောက်ထပ် အရေးကြီးတဲ့ကိစ္စနှင့် လိုအပ်မလာမချင်း အသုံးပြုတော့မှာမဟုတ်ဘူး။ 


ဒီတော့ ပုံမှန်နှုန်းအတိုင်း Ganymede ဂြိုလ်ကို သွားနေတဲ့ ခရီးမှာ ပါမောက္ခမာတင် ဆီကနေ နောက်တစ်ကြိမ်အဆက်အသွယ် ရောက်လာခဲ့တယ်။ 


“မင်းတို့အားလုံး အဆင်ပြေနေတာကို မြင်လိုက်ရတော့ ဝမ်းသာပါတယ်” 


ပါမောက္ခမာတင်က သူ့ရဲ့မျက်ခုံးမွေးနှစ်ခုကို ထိတော့မတတ် ကျုံ့ထားပြီး ပြောလာတယ်။


“သေသေချာချာနားထောင်ကြ၊  ဒီလိုကိစ္စမျိုး နောက်ထပ်ဖြစ်မလာအောင် သေချာပေါက် ဂရုစိုက်ရမယ်၊  နားလည်ကြတယ်မလား?” 


သူတို့ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြတယ်။


“ကောင်းပါပြီ!” 


“ပြီးတော့ လီကျိုးရှင်း”


ပါမောက္ခမာတင်က တစ်ခုခုသတိရသွားသလို ပုံစံမျိုးနဲ့ သူ့ကိုကြည့်လိုက်တယ်။


“မင်းဆီကို ခဏနေရင် အရာရှိယွီမုန် ဆီကနေ အဆက်အသွယ်ရောက်လိမ့်မယ်၊ တကယ်လို့ သူမင်းကို တစ်ခုခု လုပ်ခိုင်းတာမျိုးရှိလာရင် မင်းရဲ့ စွမ်းအင်တွေနဲ့ အတတ်နိုင်ဆုံး ကူညီပေးရမယ်” 


လီကျိုးရှင်း ခေါင်းညိတ်လိုက်တယ်။


“ကောင်းပါပြီ။ စိတ်မပူပါနဲ့ ပါမောက္ခ “


ပါမောက္ခမာတင် ဖုန်းချပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ အရာရှိယွီမုန်ဆီကနေ အဆက်အသွယ် ဝင်လာခဲ့တယ်။ 


အေးစက်ပြီး ကြည့်ကောင်းတဲ့ အရာရှိရဲ့ မျက်နှာက ကျောင်းသားတွေရဲ့ ရှေ့မှာ ဟိုလိုဂရမ်အဖြစ်နှင့်  ပေါ်ထွက်လာခဲ့တယ်။


ယွီမုန်က သူ့ရဲ့ စူးရဲနေတဲ့ အကြည့်တွေနဲ့ အကုန်ဆီလုံးကို ဝှေ့ဝိုက်ပြီး အရင်ကြည့်လိုက်ကာ ပြီးမှ လီကျိုးရှင်းဘက်ကို စူးစိုက် ကြည့်လာတယ်။ 


ယွီမုန်က စကားအပိုတွေ မပြောတတ်တဲ့ လူပဲ။ သူက ချက်ချင်းပဲ  လိုရင်းစကားကိုပဲ တန်းပြောလာခဲ့တယ်။


“Rouxက အခု Topiaဂြိုဟ် မှာ မရှိတော့ဘူး” 


“?” 


လီကျိုးရှင်း စိတ်ရှုပ်ထွေးမှုတွေနဲ့အတူ မျက်မှောင်ကြုတ်လိုက်တယ်။


“သေချာလို့လား?” 


“သေချာတယ်”


ယွီမုန်က သူ့ရဲ့ စစ်ဦးထုတ်ကို ပြင်ဆောင်းလိုက်ရင်း ပြန်ဖြေခဲ့တယ်။ သူရဲ့မျက်လုံးအောက်မှာရှိနေတဲ့ မျက်ရည်ခံမှဲ့က သူ့ကို ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ပုံပေါက်အောင် အထောက်အပံ့ပေးနေခဲ့တယ်။ 


“မင်း Topia ဂြိုလ်ကနေ ထွက်သွားတာနဲ့ ချက်ချင်းပဲ ငါ ဂြိုလ်တစ်ခုလုံးကို ရှာခဲ့ပြီးပြီ” 


လင်းနျဉ်က ထုံးစံအတိုင်း အေးတိအေးစက်မျက်နှာထားနဲ့ ဝင်ပြောခဲ့တယ်။


“ဒါဆို သူက ကျွန်တော်တို့ စစ်ဆင်ရေးလုပ်နေကြတယ်ဆိုတာကိုသိသွားလို့ သူလည်းပဲ ဂြိုလ်ထဲကနေ ထွက်သွားတာလို့ ပြောချင်တာလား?” 


ယွီမုန်အပြင် တစ်ခြားလူတွေကပါ လင်းနျဉ်ရဲ့ မေးခွန်းကြောင့် စိတ်လှုပ်ရှားမှုနဲ့အတူ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြတယ်။ လင်းနျဥ်ကတော့ သူ့ရဲ့အမူအယာမဲ့တဲ့မျက်နှာထားအတိုင်းရှိနေတုန်းပဲ။


“အဲလိုမျိုး ခန့်မှန်းချက်ထားတယ်”


ယွီမုန်က သူ့ရဲ့ မျက်ခုံးတွေကို အလွန်အမင်းကျုံ့ထားရင်း ရှားရှားပါးပါးနှင့် သူတို့ဆီကို သဲလွန်စတစ်ခု ပေးခဲ့တယ်။


“မင်းတို့တွေ အပြင်ဘက်မှာ သတိထားပြီး နေသင့်တယ်” 


ယွီမုန်က သူပြောချင်တာကိုပြောပြီးတာနှင့် ဆက်သွယ်မှုကို ရုတ်သိမ်းသွားခဲ့ပြီး ဟိုလိုဂရမ်ကလည်း ပျောက်ကွယ်သွားခဲ့တယ်။


 လီကျိုးရှင်း သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်နေမိတယ်။ 


သူတို့က ဘာလို့ သတိထားပြီးနေသင့်တာလဲ? Roux ကြောင့်လား? 


ဒါက လွန်ကဲတဲ့ သတိပေးချက်ပဲ။ ဒီလောက်ထိအင်အားကြီးတဲ့ ပြိုင်ဘက်ကို သတိထားပြီး နေမယ်ဆိုရင်တောင် တားဆီနိုင်မှာမဟုတ်ဘူးလေ။ 


ကုဝမ်ချန်က အာကာသယာဥ်ပြတင်းပေါက်ကနေ တစ်ဆင့်မြင်နေရတဲ့ မှောင်မည်းနေတဲ့ စကြာဝဠာကြီးကို ငေးကြည့်နေမိတယ်။ 


အရောင်စုံဖြစ်နေတဲ့ နဂါးငွေ့တန်းတွေကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့  လှပနေခဲ့တယ်။ သူရဲ့အသံထဲမှာ ပျော်ရွှင်မြူးကြွမှုတွေ အရိပ်အယောင်ပါဝင်နေပေမဲ့ ထိုိရိပ်အငွေ့တွေကို အတင်းအကြပ်ဖုံးဖိထားခဲ့တယ်။


“Roux က မလာလောက်ပါဘူး၊ သူလိုချင်တာကို ရပြီးသွားပြီ မဟုတ်ဘူးလား?” 


ပြတင်းပေါက်မှန်ပေါ်မှာတော့ လင်းနျဉ်ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်လုံးတွေနဲ့ လီကျိုးရှငိးရဲ့ အလွန်အကျူး မပျော်မရွှင်ဖြစ်နေတဲ့မျက်နှာကို  အလင်းပြန်မှုကနေတစ်ဆင့် တွေ့မြင်နိုင်တယ်။


သူက တကယ်ကြီးကို အလွန်အမင်းမပျော်မရွှင်ဖြစ်နေခဲ့တာ။


“ငါလည်း ဒီလိုပဲ ထင်ပါတယ်”


လီကျိုးရှင်း ခြောက်ကပ်ကပ်ရယ်လိုက်တယ်။


“အဲဒီလူက တော်တော်ကြီး ကိုယ်ကျင့်တရားကင်းမဲ့လွန်းတယ်၊   ငါတို့ကို နှောက်ယှက်ဖို့အတွက် ဘယ်လိုလုပ်ပြီး အချိန်တွေပေါနေနိုင်မှာာလဲ?” 


ကုဝမ်ချန်က စိတ်ဝင်စားသွားတဲ့ မျက်နှာမျိုးနဲ့ မျက်ခုံးတွေကို  ပင့်မ,လိုက်တယ်။


“ကိုယ်ကျင့်တရားကင်းမဲ့တယ်?” 


ကိုယ်ကျင့်တရားမရှိရုံတင်မဟုတ်ဘူး! ဂေးပါ ဂေးသေးတယ်!


အင်ပါယာတစ်ခုလုံးမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဓားပြရဲ့ အတင်းအဖြင်းကို ပြောရတာက လူတွေရဲ့ စိတ်ဝင်စားမှုကို နှိုးထလာအောင် လှုံ့ဆော်နိုင်ဖို့အတွက် လုံလောက်တယ်။ 


ဒီလိုနှင့် Ganymede ကို သွားနေတဲ့ ခရီးလမ်းတစ်လျှောက်လုံးမှာ တစ်ဖွဲ့လုံးက Roux ရဲ့အကြောင်းတွေကို ဆက်တိုက်ပြောလာကြပြီး တစ်ချက်လေးမှ မရပ်တန့်သွားခဲ့ဘူး။ 


Ganymede ဂြိုလ်က အင်ပါယာထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ ဂြိုလ်တစ်ခုအဖြစ် သူသိများတဲ့အတွက်ကြောင့် စတုတ္တမြောက် နာမည်အကြီးဆုံး ဂြိုလ်လည်းဖြစ်နေခဲ့တယ်။


ဂြိုလ်ရဲ့ ၉၅ ရာခိုင်နှုန်းလောက်က ပင်လယ်တွေ သမုဒ္ဒရာတွေနဲ့ ဖုံးလွှမ်းထားပြီး ကျန်တဲ့ ၅ရာခိုင်နှုန်းကတော့ နို့နစ်ရောင် သဲတွေနဲ့ ပြည့်နှက်နေတဲ့ ကမ်းခြေတွေနဲ့ ဖွဲ့စည်းထားတယ်။ 


ဂြိုလ်တစ်ခုလုံးက နတ်သမီးပုံပြင်တွေထဲကလိုမျိုး မှော်ဆန်လွန်တဲ့ အလှတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ 


သူတို့ Ganymede ဂြိုလ်ကိုရောက်တော့ နေဝင်နေခဲ့ပြီ။ ကောင်းကသ်တစ်ခုလုံးက ခရမ်းဖျော့ရောင်နဲ့ ပုစွန်ဆီရောင်တွေ သန်းနေခဲ့တယ်။ 


တိမ်တွေက အရောင်အသွေးစုံလင်စွာနဲ့ လွင့်မျောနေပြီး ရွှေရောင်အလင်းတန်းတွေက မြေကြီးပေါ်  ဖြာကျနေတယ်။ 


သူတို့ မြင်တွေ့နေရတဲ့ မြင်ကွင်းတစ်ခုလုံးက ပန်းချီကားတစ်ချပ်လို စိတ်ကူးယဉ်ဆန်ပြီး လှပလွန်းတယ်။ 


သူတို့ငါးယောက်လုံး အာကာသယာဉ်ပေါ်က ဆင်းလိုက်ရင်း တောက်ပတဲ့ မျက်လုံးတွေနဲ့ ပင်လယ်ဘက်ကို မျက်နှာမူလိုက်ပြီး တကယ့် ပင်လယ်လေအစစ်ကို ရှူရှိုက်လိုက်ကြတယ်။ 


သူတို့ရဲ့ ကျောင်းက တိုက်ခန်းကို ပင်လယ်ရှုခင်းပုံစံမျိုးနဲ့ ကောင်းကောင်း ဆောက်ထားပေးပေမယ့်လည်း Ganymede ကို ရောက်မှသာ ပင်လယ်ရှုခင်းအစစ်အမှန်က ဘယ်လောက်တောင် လှပကြောင်းကို သူတို့တွေ သဘောပေါက်သွားနိုင်တယ်။ 


“ဝါး!”


ရှီနန်က သူ့ဖိနပ်တွေကို ချွတ်လိုက်ပြီး နူးညံ့နေတဲ့ သဲသောင်ပြင်ပေါ်ကို နင်းလိုက်တယ်။ 


“သဲတွေက အရမ်းကို ချောမွေ့နေတာပဲ” 


ရှီနန်ရဲ့ စကားသံကို ကြားလိုက်ရတော့ လီကျိုးရှင်းလည်း ဒူးကိုကွေ့ညွတ်ကာထိုင်လိုက်ပြီး သဲဖြူဖြူတွေကို လက်တစ်ဆုပ်လောက် ကောက်ယူလိုက်တော့ သဲတွေက သူလက်ထဲကနေ ရေတွေလို အောက်ကို စီးကျသွားခဲ့တယ်။ နူးညံ့မှုတွေက ပိုးသားစလေးလိုပဲ။


သူ သဲတွေကို နောက်တစ်ကြိမ် ထပ်ယူဖို့ လုပ်လိုက်ပေမယ့် ခပ်ဝေးဝေးမှာရှိတဲ့ ရေပြင်ကနေ လှပတဲ့ သီချင်းဆိုတဲ့အသံကို ကြားလိုက်ရတာကြောင့် သဲတွေဆီ လက်လှမ်းနေတဲ့ သူ့ရဲ့ လက်က ရပ်တန့်သွားခဲ့တယ်။ 


လီကျိုးရှင်းအပါအဝင်  အကုန်လုံးက သီချင်းဆိုတဲ့အသံထွက်လာတဲ့နေရာကို လှမ်းကြည့်လိုက်တယ်။ 


လေတွေရဲ့ တိုက်ခတ်သယ်ဆောင်လာမှုကြောင့် အိပ်မက်ဆန်ပြီး လှပတဲ့ အသံက နီးသထက် ပိုနီးလာတယ်။ 


ရေသူမတွေက သူတို့ရဲ့အသံကိုကြားသွားပုံရပြီး  လူသားတွေဆီကနေ ပုန်းကွယ်ဖို့အတွက်ထူးဆန်းတဲ့ ပုံစံရှိတဲ့ ကျောက်တုံးကြီးတွေရဲ့ အနောက်ဆီကို ရုန်းရင်းဆန်ခတ်ပြေးသွားကြတယ်။ ဒါကြောင့် မတိုင်ခင်က သီချင်းသီဆိုနေခဲ့တဲ့ လှပတဲ့အသံပိုင်ရှင်တွေရဲ့ ကြီးမားတဲ့ ငါးအမြီးတွေက နေရောင်ခြည်အောက်မှာပင်လယ်ပြင်အထက်ကို ပေါ်လိုက်ပျောက်လိုက်နှင့် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။ 


လင်းနျဉ်က ချက်ချင်းပဲ သူ့ ကွန်ပျူတာကို ဖွင့်လိုက်ပြီး သူပြောချင်တဲ့အရာကို လူတိုင်းသိအောင် ပရောဂျက်တစ်ခုကို ပြလိုက်တယ်။ 


“ရေသူမတွေ” 


(၁၀၀)ရာခိုင်နှုန်း လူသားစစ်စစ်ဖြစ်တဲ့ လီကျိုးရှင်းကတော့ အရမ်းကို စူးစမ်းချင်နေခဲ့တယ်။


သူကြားဖူးခဲ့တဲ့ ပုံပြင်တွေထဲက ရုပ်ဆိုးဆိုး ရေသူသားရဲတွေနဲ့ ယှဉ်လိုက်ရင် Ganymede ရဲ့ ရေသူလေးတွေက အရှက်အကြောက်ကြီးပြီး ထိထ်လန့်လွယ်လွန်းတယ်။ ပြီးတော့ သူတို့က လူတွေကိုလည်း ကြောက်သေးတယ်။


လီကျိုးရှင်းရဲ့ နှုတ်ခမ်းတွေက အပြုံးတစ်ခုနဲ့အတူ အပေါ်ကို ကွေးတက်သွားတယ်။ ပြီးနောက်မှာ သူ့ရဲ့ အသံကို မြှင့်လိုက်ပြီး ပြောခဲ့လေတယ်။


“မင်းတို့ ရေသူမမင်းသမီးလေး ပုံပြင်ကို ကြားဖူးကြလား?” 


ကုဝမ်ချန်က ခဏလောက် စဉ်းစားလိုက်တယ်။ သူ့ရဲ့ငယ်ရွယ်စဥ်ခေတ်ကာလတုန်းက  စာအုပ်တွေ? ပုံပြင်တွေ အများကြီးကို ဖတ်ဖူးပေမယ့် ဒီလိုအကြောင်းအရာမျိုးကို ဖတ်ဖူးခဲ့လားဆိုတာကို သေသေချာချာမမှတ်မိတော့ဘူး။


“ငါ မဖတ်ဖူးဘူး” 


“ဒါဆို အဲဒီပုံပြင်အကြောင်းကို ငါပြောပြမယ်” 


လီကျိုးရှင်းက အားလုံးကို ထိုင်လိုက်ဖို့အတွက် လက်ဟန်ခြေဟန်ပြလိုက်တာကြောင့် မကြာခင်မှာပဲ လူငယ်လေးငါးယောက်က သဲသောင်ပြင်မှာပေါ်မှာ စုဝိုင်းပြီး ထိုင်လိုက်ကြတယ်။ 


မသိတဲ့သူတွေသာဆိုရင် ဒီကောင်လေးငဠးယောက်က အရေးကြီးတဲ့ကိစ္စတစ်စုံတစ်ခုအတွက် အစည်းအ၀ေးလုပ်နေတယ်လို့ ထင်ကြလိမ့်မယ်။


“ဟိုရှေးရှေးတုန်းက ပင်လယ်ရေအောက်မှာရှိတဲ့ တိုင်းပြည်တစ်ပြည်မှာ အရမ်းကို လှပလွန်းတဲ့ ရေသူမ မင်းသမီးလေး ခြောက်ပါးရှိခဲ့တယ်….” 


လေရဲ့ တိုက်ခတ်မှုကြောင့် လူသားကောင်လေးရဲ့ ပုံပြင်ပြောပြနေတဲ့ အသံက ဟိုးအဝေးမှ ရေပြင်ကျယ်ကြီးတွေအထိ ပျံ့နှံ့သွားခဲ့တယ်။ 


လူငယ်လေးက နူးညံ့ပြီး ကြည်လင်နေတဲ့အသံနဲ့ ပုံပြင်ကိုပြောပြနေခဲ့တယ်။ 


မိုင်ပေါင်းများစွာအထိ အေးချမ်းမှုတွေပြည့်နေတဲ့ ရှုခင်းတွေနဲ့ နေဝင်ရီတရောအချိန်အောက်မှာ ရှိနေခဲ့ပြီး ဘေးနားတစ်ဝိုက်မှာလည်း ရေသူလေးတွေကို တထိတ်တလန့်ဖြစ်စေမယ့် အရာတွေ မရှိနေခဲ့ဘူး။ 


ရေသူမလေးတွေက ကျောက်တုံးအနောက်ကနေ ပုံပြင်လေးကို  ဂရုတစိုက် နားထောင်နေခဲ့ကြတယ်။


ရေသူမ မင်းသမီးလေး ပျော်တဲ့အချိန်မှာ သူတို့တွေ လိုက်ပျော်ခဲ့ကြပြီး ဇာတ်လမ်းက ဝမ်းနည်းစရာအဖြစ် ပြောင်းလဲသွားတဲ့အခါမှာတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျတဲ့ထိ ငိုကြွေးခဲ့ကြတယ်။ 


ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ ရေသူမမင်းသမီးလေးလဲ?


ဘယ်လောက်တောင် ယုတ်မာလိုက်တဲ့ ပင်လယ်စုန်းမကြီးလဲ?


ဘယ်လောက်တောင် အကြင်နာတရားမဲ့လွန်းတဲ့ မင်းသားလဲ!


စိတ်ထိခိုက်လွယ်လွန်းတဲ့ ရေသူလေးတွေက ပုံပြင်ဆုံးတဲ့အထိ မျက်ရည်လေးတွေကို သုတ်ရင်း နားထောင်နေကြတယ်။ 


ဒါပေမယ့် လူသားကောင်လေးရဲ့ အသံက တဖြည်းဖြည်းတိုးလာပြီးတော့ နောက်တော့ သူ ဘာတွေပြောနေလဲဆိုတာကို မကြားရတော့ဘူး။ 


စာရေးသူပြောစရာရှိပါတယ်: 


လီကျိုးရှင်း: “ဟိုးရှေးရှေးတုန်းကတဲ့….” 


ထို့နောက်မှာတော့ တစ်ကမ္ဘာလုံးက  ရေသူတွေရဲ့အမြီးကို ခြေထောက်အဖြစ် ပြောင်းလဲနိုင်တဲ့ မှော်ဆေးရည်တစ်မျိုးရှိတဲ့အကြောင်းကို အမှန်တကယ်ယုံကြည်သွားကြပြီး ပင်လယ်စုန်းမကို လိုက်ရှာကြဖို့အတွက် စိတ်အားထက်သန်သွားကြတော့သတဲ့။