Ch 38
Viewers 3k

(38)


အချိန်ခဏလေးအတွင်းမှာပဲ ပင်လယ်ဓားပြနှစ်ယောက်က သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးလိုက်ကြတယ်။ 


ဒီပင်လယ်ဓားပြတွေက သူတို့ဆီကို အကူအညီတွေ ရောက်လာတဲ့အထိ စောင့်ပေးနေလိမ့်မယ်လို့ မထင်ဘူး။ 


သူတို့ရဲ့ မျက်နှာအမူအရာတွေက ဆိုးရွားသထက် ဆိုးရွားလာခဲ့တယ်။


ကုဝမ်ချန်ကတော့ အသက်ပြင်းပြင်းရှူလိုက်ရင်းနဲ့ စိတ်ထဲကနေ ကျိန်ဆဲမိနေပြီ။ 


လီကျိုးရှင်း ကုဝမ်ချန်ဘက်ကို စောင်းကြည့်ပြီး အလျင်အမြန်မေးလိုက်တယ်။ 


“မင်းရဲ့ စိတ်စွမ်းအင်တွေ ဘယ်လိုနေသေးလဲ?” 


“အဆင်ပြေပါတယ်” 


ကုဝမ်ချန်က မရောမရာ ပြန်ဖြေခဲ့တယ်။ 


ကုဝမ်ချန်ရဲ့စကားကနေ သူ့ရဲ့ စိတ်စွမ်းအားတွေ အခုထိ အပြည့်အဝပြန်မကောင်းလာသေးဘူးဆိုတာကို လီကျိုးရှင်း ချက်ချင်းသဘောပေါက်လိုက်တယ်။ 


ပိုဆိုးတာက အခု သူ့ရဲ့ စိတ်စွမ်းအားက ကုဝမ်ချန်ရဲ့ စိတ်စွမ်းအားလောက်တောင် မမြှင့်နေခဲ့ဘူး။ 


လီကျိုးရှင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။ 


.....စာရေးသူဆီကို ပေးထားတဲ့ ကတိကို အရှက်မရှိ ဖျက်ပြီး အသုံးပြုရဖို့ အချိန်ရောက်နေပြီထင်တယ်။ 


“အိုး..အဲဒီ အမှိုက်လိုကောင်က မင်းတို့အဖွဲ့ထဲက ကောင်လား?” 


လီကျိုးရှင်း အသံကို မြှင့်လိုက်ပြီး မေးလိုက်တယ်။ 


သေချာတာပေါ့။ သူမေးလိုက်တဲ့ အမှိုက်လိုကောင်ဆိုတာ သူတို့အဖွဲ့ Vagorဂြိုလ် မှာ ဖမ်းခဲ့ကြတဲ့ ကြယ်တာရာပင်လယ်ဓားပြကို ဆိုလိုချင်တာပဲ။ 


ဦးခေါင်းခွံနီ ပင်လယ်ဓားပြတွေရဲ့ ကပ္ပတိန်ဖြစ်တဲ့ အာလ်ဖရက်ထ်က ပြင်းထန်တဲ့ ဒေါသတွေ တောက်လောက်သွားသလိုမျိုး ဆိုးရွားတဲ့ မဲ့ပြုံးတစ်ခုကို ပြုံးလိုက်လေတယ်။


“ကောင်းကောင်းပြောနေတာပဲ ကောင်စုတ်လေး၊ အစတုန်းကတော့  ငါတို့တွေ မင်းတို့ကို လွယ်ကူပြီး နာကျင်မှုအနည်းဆုံး နည်းလမ်းနဲ့ သတ်ပေးဖို့ တွေးထားတာ၊  ဒါပေမယ့် ကြည့်ရတာ မင်းဆီမှာ မင်းနဲ့ မင်းသူငယ်ချင်းတွေအတွက် နောက်ထပ်နည်းလမ်းတစ်ခုခု စဉ်းစားမိထားတဲ့ပုံပဲ”


သူ့ရဲ့ မျက်နှာပေါ်က အမာရွတ်တွေက စကားပြောလိုက်တဲ့အချိန်တိုင်းမှာ တီကောင်တွေ တွားသွားနေသလိုပဲ။ သူ့ရဲ့ စူးရှနေတဲ့ မျက်လုံးတွေကလည်း လူသတ်ဖို့ ရည်ရွယ်ချက်တွေ ပြည့်နှက်နေသလိုမျိုးနဲ့ လီကျိုးရှင်းကို အေးစက်စွာ စိုက်ကြည့်နေတယ်။ 


လီကျိုးရှင်းတစ်ယောက် သူ့အနေနဲ့ အလွန်အထူးတလည်နိုင်တဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုအတွက် ပထမဆုံးအကြိမ်အင်တာဗျူးအလုပ်ခံနေရသလို ခံစားရတယ်။ 


သူ့ကိုယ်သူ ဗီလိန်တစ်ယောက်နှင့် ပိုတူအောင် လုပ်ဖို့ဆိုရင် သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် ပုံစံကို မကြည့်ဘဲ အရှက်အကြောက်မရှိဖြစ်နေဖို့ လိုအပ်တယ်။


အဆုံးမှာ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က ပထမဆုံး တွေ့ဆုံတဲ့အချိန်မှာ အထင်ကြီးခံရဖို့အတွက် အခြေခံအချက်ဖြစ်လို့ပဲ။ 


လီကျိုးရှင်းက သွားတွေပေါ်တဲ့ အထိ အဆင့်တန်းရှိရှိ ပြုံးလိုက်တယ်။


“မင်းပြောတဲ့အထဲမှာ တစ်ခုတော့ မှန်တယ်၊ ငါတို့ ဒီနေ့ သေဖို့ အစီအစဉ်မရှိဘူး” 


အဖွဲ့သားတွေအကုန်လုံး အံ့ဩသွားကြတယ်! 


သောက်ကျိုးနည်း! မင်း တစ်ခုခု ရန်စပြီး ပြောဆိုတော့မယ်ဆိုရင်လည်း ငါတို့ကို အရင်ဆုံး နည်းနည်းပါးပါး သတိပေးလို့မရဘူးလား? 


တကယ်လို့ မင်းက အပြောကြမ်းတဲ့ အန္တရာယ်ရှိ ပြစ်မှုကျူးလွန်သူတစ်ယောက် ဖြစ်ချင်ရင် အရင်ဆုံးတော့ ငါတို့ရဲ့စိတ်ကို ပြင်ဆင်ထားခွင့်ပေးဖို့တော့ လိုသေးတယ်မလား? 


မဟုတ်ရင် ငါတို့တွေက ဘာတွေဖြစ်နေမှန်းမသိဘဲ စိတ်ရှုပ်ထွေးပြီး ငတုံးကောင်တွေလိုဖြစ်နေလိမ့်မယ်။


မူလကတော့ အယ်လ်ဖရက်ခ်က သေလောက်အောင် စိတ်ဆိုးနေခဲ့တာ။ ဒါပေမယ့် လီကျိုးရှင်းကို မြင်လိုက်ရတော့ ရုတ်တရက် စိတ်ပြောင်းသွားခဲ့တယ်။ 


အယ်လ်ဖရက်ထ် လီကျိုးရှင်းရဲ့ ရန်စမှုတွေက ဘာမှမဟုတ်သလိုမျိုး ရယ်မောလိုက်လေတယ်။ သူ့ရဲ့ ရယ်မောနေတဲ့မျက်နှာက နဖူးပေါ်မှာရှိနေတဲ့ အမာရွက်အရေးအကြောင်းတွေနဲ့ မလိုက်ဖက်နေဘဲ ကြည့်ရတာ အလွန်ထူးဆန်းနေခဲ့တယ်။ 


“ချန်ယန်က ကောင်တွေအာလုံးက ဒီလိုမျိုး မထိလေးစားလုပ်တတ်ကြတာလား?” 


လီကျိုးရှင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ဖာစီဘက်ကို လှည့်လိုက်တယ်။


“မင်းကရော ဘာလို့ ဒီကို ရောက်နေတာလဲ ၊ မင်းက ငါ့ကို အဝေးကြီးကိုခေါ်သွားပြီးတော့ ‘ဂရုစိုက် စောင့်ရှောက်ပေးမလို့လား’?” 


“ဂရုစိုက် စောင့်ရှောက်ပေးမလို့လား”ဆိုတဲ့ စကားက လှောင်ပြောင်သရော်တဲ့လေသံတွေ ရောနှောပါဝင်နေခဲ့တယ်။


အကြောက်အလန့်နည်းနည်းလောက်တောင်မှ မရှိတဲ့လူငယ်လေးက ဓားပြတွေအကုန်လုံးကို သူ့ကို နှိပ်စက်ဖို့ တစ်ခုတည်းကိုပဲ သွေးဆာလာစေအောင် လုပ်နေတဲ့ ဖြစ်တည်မှုနဲ့ တူနေတယ်။ 


လီကျိုးရှင်းက ကိုယ့်ကိုကိုယ် အထင်ကြီးပြီး နားထင်သွေးရောက်နေတဲ့ ပုံစံဖမ်းနေပေမယ့် သူ ဒီလိုမျိုး လုပ်လေလေ ပင်လယ်ဓားပြတွေက သူ့ကို ပိုပြီး သဘောကျလေလေပဲ။ 


“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့”


ဖာစီ လီကျိုးရှင်းရဲ့ စကားကြောင့် မရယ်မောဘဲ မနေနိုင်ခဲ့ဘူး။


“ငါတို့ ဘယ်တုန်းက အဲဒီစကားမျိုး ပြောခဲ့ဖူးလို့လဲ?” 


သေစမ်း။ ချန်ယန်အကယ်ဒမီက ဘယ်တုန်းကများ ဒီလောက်ထိတော်တဲ့ ကလေးတွေကို ရသွားခဲ့တာလဲ။ 


ချန်ယန်က ဒီကောင်လေးကို ရှာမတွေ့ခင် ဘာလို့ သူတို့ရဲ့အဖွဲ့ထဲကို မထည့်နိုင်ခဲ့ရတာလဲ။ 


အယ်ဖရက်ထ်က ရုတ်တရက် ပြောလိုက်တယ်။


“ကောင်စုတ်လေး၊ မင်း ငါ့အနားကို လာခဲ့စမ်း”


သူ့ရဲ့ အမြဲတမ်း ကြုတ်ထားတဲ့ မျက်ခုံးကို အနည်းငယ် ဖြေလျော့ထားခဲ့ပေမယ့် သူ့ရဲ့ စူးရှနေတဲ့ မျက်လုံးထဲမှာတော့ အန္တရာယ်အငွေ့အသက်တွေ ကျန်ရှိနေသေးတယ်။ 


သူက ပင်လယ်ဓားပြတွေရဲ့ ကပ္ပတိန်ဖြစ်တဲ့အလျောက် သူ့ရဲ့လက်မှာ လူပေါင်းများစွာရဲ့ သွေးတွေ စွန်းထင်းခဲ့ဖူးပြီး ရက်စက်မှုဆိုတာ သူ့အတွက်တော့ သဘာဝကျတဲ့ကိစ္စပဲ။


သူက ဘာမှမလုပ်ဘဲ ထိုင်ရုံပဲ ထိုင်နေတယ်ဆိုရင်တောင် အခန်းတစ်ခုလုံးကို ကြောက်ရွံ့မှုတွေနဲ့ ဖုံးလွှမ်းပြီး အေးစက်နေအောင် လုပ်နိုင်တယ်။ 


သူက အလွန်အမင်း အန္တရာယ်များလွန်းတဲ့ပုံရှိနေပေမဲ့  လီကျိုးရှင်းကတော့ နည်းနည်းလေးမှတောင် အကြောက်တရားကို ထုတ်မပြခဲ့ဘူး။


လီကျိုးရှင်းက တစ်ခုခုကို သေသေချာချာ ဆုံးဖြတ်ထားတဲ့ အမူအရာမျိုးနဲ့ အယ်ဖရက်ထ်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။


“မင်းတစ်ခုခု ပြောချင်တာရှိရင် ဒီအတိုင်းပဲ ပြောလိုက်စမ်းပါ”


လီကျိုးရှင်းက တစ်နေရာတည်းမှာပဲ ရပ်နေပြီး နည်းနည်းလောက်တောင် မလှုပ်ဘူး။ အယ်လ်ဖရက်ထ်အနေနဲ့  သူ့ရဲ့ဘဝမှာ လူငယ်ပေါင်းများစွာနဲ့ တွေ့ဖူးတယ်။


အများစုက ပင်လယ်ဓားပြကပ္ပတိန်ရဲ့ အကြည့်တစ်ချက်အောက်မှာ ကြောက်ဒူးတုန်နေကြပြီး တချို့တဝက်ကတော့ ဒူးထောက်ပြီး သူတို့ရဲ့အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုရင်း ငိုယိုခဲ့ကြတယ်။ 


အခုသူ့ရှေ့မှာ ရပ်နေကြတဲ့  လူငယ်ငါးယောက်ကတော့ ရှားပါးစွာနှင့် သူတို့ရဲ့ဒေါသတွေကို ဖုံးကွယ်ထားကြတဲ့ မျက်လုံးတွေနဲ့သာ သူ့ကို စိုက်ကြည့်နေခဲ့ကြတယ်။ သူတို့ရဲ့ ဒေါသတွေကသာ မီးပွားတစ်ခုထုတ်လွှတ်နိုင်မယ်ဆိုရင် သစ်တောတစ်ခုလုံးကိုတောင် လောင်ကျွမ်း ပြာကျစေနိုင်လောက်တယ်လို့ ထင်ရတယ်။


လီကျိုးရှင်းကလည်း ဒီရှားပါးတဲ့ အမျိုးအစားထဲမှပါဝင်တယ်။ သို့ပေမဲ့ ဒါကပဲ ဓားပြကပ္ပတိန်ကို ပိုပြီး စိတ်ဝင်စားမိစေခဲ့တယ်။ 


ဒီအချိန်မှာ လီကျိုးရှင်းကရော စိတ်လှုပ်ရှားနေလားဆိုတဲ့မေးခွန်းအတွက်လား? 


ဒါပေါ့။ သူ သေချာပေါက် စိတ်လှုပ်ရှားနေခဲ့တယ်။ 


တစ်ဖက်မှာလည်း သူ စာရေးသူနဲ့ ပေးထားတဲ့ ကတိကို ဖောက်ဖျက်ဖို့အတွက် တွန့်ဆုတ်နေခဲ့တယ်။


နောက်တစ်ဖက်မှာလည်း ကုဝမ်ချန်ရဲ့ စိတ်စွမ်းအားတွေက ဘယ်အထိ ပြန်ကောင်းနေပြီလည်းဆိုတာကို သူ သေသေချာချာမသိဘူး။ 


တကယ်လို့ ကုဝမ်ချန်ရဲ့ စိတ်စွမ်းအားတွေက အကုန်လုံးပြန်ကောင်းနေပြီဆိုရင်တောင် ကုဝမ်ချန်က လူတွေအများကြီးရှေ့မှာ သူ့ရဲ့ စိတ်စွမ်းအားတွေကို ထုတ်သုံးချင်လား ၊မသုံးချင်ဘူးလားဆိုတာကိုလည်း လီကျိုးရှင်း မသိသေးဘူး။ 


ဒါက လီကျိုးရှင်း ကုဝမ်ချန်ကို မယုံဘူးလို့ ပြောချင်တာမျိုး မဟုတ်ဘူး။ 


စာအုပ်ထဲက ဇာတ်လမ်းဇာတ်ကွက်ပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ် တကယ်တမ်း အသက်ရှင်သန်နေခဲ့တဲ့ လူတစ်ယောက်ပဲဖြစ်ဖြစ် အရေးမကြီးဘူး။


တကယ်တမ်းမှာ ကုဝမ်ချန်ရဲ့ အမူအရာတွေက စာရေးသူဖော်ပြခဲ့သလိုမျိုး အေးစက်ပြီး တသီးတခြား နေတတ်တာမျိုး မဟုတ်ခဲ့ဘူး။


ကုဝမ်ချန်က စာရွက်ပေါ်မှာဘဲ ဆွဲခြစ်ပြီး ဖော်ပြခြင်းခဲ့ရတဲ့ 2Dဇာတ်ကောင်တစ်ခုဘူး။


သူ့အတွက်တော့ ကုဝမ်ချန်က အသက်ရှူပြီးနေထိုင်နေတဲ့ တကယ့်လူအစစ်ပဲ။ 


လီကျိုးရှင်း အကြွင်းမဲ့ယုံတယ်။တကယ်လို့ သူတို့သာ အသက်အန္တရယ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ကုဝမ်ချန်က နှစ်ခါလောက်ပြန်မစဉ်းစားပဲ ကယ်တင်ပေးလိမ့်မယ်။


 ဒါပေမယ့် တစ်ခုတည်းသော ပြဿနာက ကုဝမ်ချန်က သူ့ရဲ့ လျှို့ဝှက်ချက်တွေကို သူ ရင်းနှီးတဲ့ အသင်းဖော်တွေရှေ့မှာ ထုတ်ပြတာက ကိစ္စမရှိပေမယ့် အခုလိုမျိုး ပင်လယ်ဓားပြတွေရှေ့မှာ သူ့ကိုယ်သူ ဖော်ထုတ်လိုက်တာကတော့ အန္တရာယ်များလွန်းတယ်။ 


လီကျိုးရှင်း ကိုယ်တိုင်လည်း သူတို့အတွက်နဲ့ ကုဝမ်ချန် သူ့ကိုယ်သူ စတေးပြီး ကယ်တင်ပေးမှာကို မလိုလားဘူး။ 


ဒါကြောင့် စာရေးသူက သူ့ကို ပေးထားတဲ့ ရွှေလက်ချောင်း လက်ဆောင်ကြီးကို သူ လုံးဝ မသုံးဘူးလို့ ဟစ်ကြွေး ပြောဆိုနေခဲ့ရင်တောင် ဒီအခြေအနေမှာတော့ ပင်လယ်ဓားပြကို ဆွဲဆောင်ကြည့်ဖို့ အတွက် လုံးပမ်းနေခဲ့တယ်။ 


“ငါ မင်းကို သတ်ပစ်မှာကို မကြောက်ဘူးလား?”


အယ်ဖရက်ထ်က သူသာ ဒီစကားကိုပြောလိုက်ရင် ဒီကောင်လေးက ဘယ်လို တုန့်ပြန်လာမလဲဆိုတာကို သိချင်တဲ့စိတ်ပေါ်လာခဲ့တ်ကြောင့် မေးလိုက်တယ်။


“ငါက မင်းသိတဲ့အတိုင်း သိပ်ပြီး စိတ်ရှည်တတ်တဲ့လူမျိုးမဟုတ်ဘူး” 


“ကောင်းပြီ ကောင်းပြီ”


လီကျိုးရှင်းက အရူးတစ်ယောက်ရဲ့ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်ကို လက်ခံလိုက်သလိုမျိုး အမှုမထားစွာနှင့် ပုခုံးကို တွန့်လိုက်တယ်။


“ကောင်းပြီ ငါ အဲဒီဘက်ကို လာခဲ့လိုက်မယ် ၊မင်းပြောချင်တဲ့ ဘယ်အကြောင်းအရာကိုမဆို ငါ့ကို ပြောလို့ရတယ်” 


သူ့ရဲ့ အခန်းဖော်တွေက သူ့စကားကြောင့် မျက်လုံးတွေ ပြူးကုန်ကြတယ်။


“ဘာလဲ? မလုပ်နှင့်လေ!” 


ရှီနန်က ရှေ့ကိုတိုးပြီး လီကျိုးရှင်းကို လှမ်းဆွဲဖို့ လုပ်လိုက်ပေမယ့်လည်း ကျိယွီနဲ့ လင်းနျဉ်က အချိန်မှီ တားလိုက်ကြတယ်။ 


“ဒီတစ်ကြိမ် ကျိုးရှင်းကို ယုံပေးလိုက်ရအောင်”


ကျိယွီ ရှီနန်ကို သူ့ရဲ့အသင်းဖော်တွေကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီး   ပြောလိုက်လေတယ်။


“ကျိုးရှင်း လုပ်နေတာကို မနှောင့်ယှက်နဲ့” 


ကုဝမ်ချန် သူ့ရဲ့စိတ်ထဲမှ ခံစားချက်တွေကို ထိန်းချုပ်ဖို့အတွက် အလွန်အမင်း ဖိနှိပ်ကာကြိုးစားလိုက်ရတယ်။


သူရဲ့ အတွေးတွေကို နားလည်နိုင်သွားသလိုမျိုး၊ ကုဝမ်ချန်ရဲ့ ကြီးမားတဲ့ စိတ်စွမ်းအားတွေက ခန္ဓာကိုယ်ထဲမှာ ပြန့်နှံ့သွားပြီး အံ့ဩစရာကောင်းစွာနှင့် NK-03ရဲ့ စိတ်စွမ်းအားတွေ ပြန်လည်ကောင်းမွန်လာဖို့  ကုစားပေးနှုန်းကလည်း ပိုပြီး အရှိန်မြင့်တင်လာခဲ့တယ်။ 


ဒါပေမယ့် သူ့ရဲ့ စိတ်စွမ်းအားတွေက လုံးလုံးလျားလျား မပြန်ကောင်းလာသေးခင်အထိတော့ စိတ်တိုင်းကျ သုံးလို့ မရသေးဘူး။ 


လီကျိုးရှင်းက သူတို့အတွက် အချိန်တွေ အများကြီးဆွဲပေးနေပေမယ့် သူတို့ကတော့ အသုံးမကျစွာနဲ့  လီကျိုးရှင်း အန္တရာယ်တွင်းထဲသို့ တရွေ့ရွေ့ တိုးကပ်လာနေတာကို ရပ်ကြည့်နေရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး။ 


လီကျိုးရှင်းက ပင်လယ်ဓားပြနှစ်ယောက်ကို လှလှပပ ပြုံးပြရင်း ကျီစယ်ပြောဆိုနေတာကို ကြည့်နေရင်း ကုဝမ်ချန်ရဲ့ မျက်လုံးတွေက တစ်ဖြည်းဖြည်း မည်းမှောင်သထက် မည်းမှောင်လာခဲ့တယ်။ 


ပင်လယ်ဓားပြတွေကသာလျှင် တခြားပင်လယ်ဓားပြတွေနဲ့ ညှိနှိုင်းမှု ပြုလုပ်နိုင်တယ်။


ကုဝမ်ချန်တွေးတော့လိုက်တယ်။


မင်းတို့တွေ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်နေလိုက်!