အပိုင်း ၉၂
Viewers 10k

Chapter 92
ဂန္ဓမာပန်း



တီဗီစီးရီးတွင် အဖြူ​ရောင်ဝတ်​နေရာ၌ သရုပ်​ဆောင်မည့်သူမှာ ခိုက်ဟွမ်း၏ ​ကောင်ကင်ဘုံအရှင်မင်းကြီးအသစ်​လေး ဖြစ်သည့် ကျန်း​ချောင်ယိ ဖြစ်သည်။ ချန်းချင်းယန်က ထိုသူ၏ ဖန်တစ်​ယောက် မဟုတ်​သော်လည်း ထိုသူအ​ပေါ် နားလည်မှု အချို့ ရှိ​နေဆဲ ဖြစ်သည်။ အနည်းဆုံး​တော့ ထိုသူက မျက်နှာလှလှ​လေး ရှိ​နေပြီး အဖွဲ့ထဲတွင် နာမည်အ​ကျော်ကြားဆုံး ဖြစ်သည်။ ယခင်က ထိုသူမှာ တစ်​​ယောက်တည်း ပျံသန်းချင်ခဲ့ပြီး တစ်ခါ ​သေ​ကြောင်းကြံခဲ့ဖူးသည်ဟု ကြားခဲ့ဖူး​သော်လည်း ယခုတွင် ရပ်တန့်လိုက်ပုံရသည်။ အနည်းဆုံး​​တော့ သူက Oh ~ My God အဖွဲ့ထဲမှာ ဆက်​နေ​နေ​သေးတာပဲ​လေ...

TVရှိုးစတင်​တော့မည့် သတင်းက ချန်းချင်းယန် အချိန်အ​တော်ကြာမှ ကြားခဲ့ရသည့် တစ်ခုတည်း​သော သတင်း​ကောင်း ဖြစ်သည်။

သို​သော်ငြား ထိုသတင်းတက်လာသည့် တစ်ရက်ထဲမှာပင် "အိပ်​ပျော်​နေ​သော အားလန်လေး" ဝတ္ထု​အောက်တွင် မ​ကောင်း​ပြောကြသည့် ဖန်များစွာ ​ပေါ်လာခဲ့သည်။

၎င်းကို သူမ​၏ စာဖတ်သူများက သူမထက် အရင် ရှာ​​တွေ့ခဲ့ခြင်း ဖြစ်ပြီး စာ​ရေးသည့် အ​ကောင့်တွင် အလိုအ​လျောက် ​ပေါ်​နေကြခြင်း ဖြစ်​​နေသည်။ အချို့က သူမကို စစ်​ဆေးရန်အတွက် ​ဝေ့​ပေါ်သို့ တွယ်တက်လာကြ​တော့သည်။

သို့​သော်ငြား ချန်းချင်းယန် ​တွေ့​သောအခါ သူမက ရှုံးနိမ့်သွားရုံသာမက ပုကျန်း၏ ပန်း​ရောင် ဖိုရမ်တွင် ချိတ်ဆွဲခံထားခဲ့ရသည်။

နံရံမှာ ချိတ်ထားခြင်း : [လီမွန်ပြုတ်လို ​ရေထဲက အရှင်သခင်ကြီးက ​သေချာ​ပေါက် အံ့​လောက်ဖွယ် လက်ရာ​တွေ အများကြီး ရှိခဲ့တာ​ပေါ့... လက်မှတ်ထိုးထားတဲ့ ရုပ်ရှင်တစ်ခုကို ထုတ်​ဝေခဲ့ပြီး​တော့ ဇာတ်ညွှန်း​ရေးတဲ့သူ အဖြစ် ​ပြောင်းလိုက်ပြီး​တာနဲ့ စာ​ရေးတာကို ရပ်ပစ်လို့ ရ​ရောလား...ပြီး​တော့ စာဖတ်သူ​တွေကို​တောင် သူ့အတွက် မှန်ကန်တဲ့ အလုပ် လုပ်​ပေးကြဖို့ တိုက်တွန်းလိုက်​သေးတယ်... သူမက အစီရင်ခံပြီးသွားပြီ]

ချန်းချင်းယန်က အင်တာနက်​ပေါ်တွင် သက်တမ်းရင့် စာ​ရေးသူ တစ်​ယောက်ဖြစ်သည်။ အရင်က သူမ မမြင်ဖူး​သေးတဲ့ ​သွေးလွှမ်းတဲ့ မုန်တိုင်းမျိုး ရှိ​သေးလို့လား... တစ်​ယောက်​ယောက်က သူမကို ​နောက်ကွယ်က​နေ ​ချောက်ချချင်​နေတာ အသိသာကြီး...

များ​သောအားဖြင့် blacklistသွင်းခံရသည့် အ​ကြောင်းအရင်းနှစ်မျိုး ရှိတတ်သည်။ ပထမ အကြာင်းပြချက်မှာ သူတို့က အခြားသူများ၏ လမ်းကြောင်းကို ပိတ်ဆို့​နေ၍ ဖြစ်ပြီး အခြားအ​ကြောင်းအရင်းမှာ အချို့လူများက မနာလို​နေကြ​သော​ကြောင့် ဖြစ်သည်။

တစ်​ယောက်​ယောက်က မနာလိုဖြစ်ကာ သူမကို သ​ဘောမကျ ဖြစ်​​နေသည်မှာ သိသာ​နေခဲ့သည်။ သူမက ပုကျန်းတွင် ရှိ​နေခဲ့သည်မှာ နှစ်​ပေါင်းများစွာ ကြာလွန်လှပြီ ဖြစ်ပြီး မိတ်​ဆွေများစွာနှင့်လည်း သိကျွမ်းခဲ့ရသည်။ သူမက အရင်တစ်ခါက ဂန္ဓမာပန်း​လေးကဲ့သို့​သော ရန်သူအနည်းငယ်လည်း ရန်ဖွဲ့ထားမိခဲ့သည်။

ဝတ်ရုံရှည်ဖိုရမ်တွင် စည်းကမ်းထိန်း ဖြစ်လာနိုင်သည့် ချန်းချင်းယန်အတွက် သူမ၏ တိုက်ပွဲစွမ်းရည်က ​သေချာ​ပေါက် အ​တော်​လေး ​ကောင်းမွန်လှသည်။ သူမက ပိုစ့်တင်သူ၏ IPလိပ်စာကို ခပ်မြန်မြန် ရှာ​တွေ့သွားခဲ့သည်။ သံသယရှိသူများ၏ IPလိပ်စာနှင့် နှိုင်းယှဥ်လိုက်ပြီး​နောက် ထိုသူမှာ အမှန်တကယ်ပင် ဂန္ဓမာပန်း၏ သူငယ်ချင်းတစ်​ယောက် ဖြစ်​ကြောင်း ​တွေ့လိုက်ရသည်။

ချန်းချင်းယန်မှာ ထိုဂန္ဓမာပန်းက EQနိမ့်ရုံသာမက IQပါ မရှိမည်ဟု ထင်မထားခဲ့​ပေ။ ဒီတစ်ကြိမ်​တော့ သူမကို ပြစ်တင်​ပြောဆိုပြီး အခမဲ့ ပရိုမိုးရှင်း လုပ်​ပေးလိုက်တာ မဟုတ်ဘူးလား... တကယ်​တော့ ဂန္ဓမာပန်းက သူမကို အရမ်း ချစ်​နေတာပဲ​နော်... ဟုတ်တယ်မလား...

သို့​သော်ငြား လက်သည်ကို ​တွေ့ခဲ့ပြီ ဖြစ်၍ ​နောက်ပိုင်းတွင် ​ဖြေရှင်းရန် လွယ်ကူသွား​လေပြီ။ ဂန္ဓမာပန်းရဲ့ ခန္ဓါကိုယ်မှာ သူမထက်​တောင် အနက်​ရောင် အစက်အ​ပြောက်​တွေ ပိုရှိ​နေတာ ​သေချာ​ပေါက်ပဲ​လေ...(ပြစ်ချက်)

သူမနှင့် မိတ်​ဆွေများက ယခင်က ဂန္ဓမာပန်းမှ အနက်​ရောင်မှုန့်များဖြင့် ဖြည့်ထားခဲ့​သော ဖိုရမ်မှ ပိုစ့်များအားလုံးကို ဝိုင်းဖြည့်လိုက်ကြသည်။ ​ရှေ့ပိုင်း စာမျက်နှာ တစ်ခုလုံးက နံရံတွင် ချိတ်ဆွဲထားသည့် ပိုစ့်များနှင့် ပြည့်​နေပြီး အံ့မခန်း ဖြစ်​လောက်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ သူမက ရှည်လျား​သော ​ဝေ့​ပေါ်ပိုစ့်တစ်ခုကို တင်၍ သူမ၏ မျက်နှာကို ​ဆေး​ကြောလိုက်​လေသည်။ ထို့​နောက် သူမက ဂန္ဓမာပန်းကို စကားလုံး ​​ထောင်​ချီဖြင့် ​လှောင်​ပြောင် ရယ်​မောလိုက်သည်။ အဆုံးတွင် သူမနှင့် ဆက်ဆံ​ရေး ​ကောင်းသည့် ပန်း​ရောင် စာ​ရေးဆရာတစ်စုကို စုစည်းခဲ့သည်။

သူမ​ဘေးမှ လူများအားလုံးက သူမကို ကူ၍ forward လုပ်​ပေးလာကြသည်။ ဖိုရမ်တွင် သူမနာမည် တင်ခဲ့သူမှာ စိတ်ပျက်လက်ပျက် အမူအယာဖြင့် တပ်ဆုတ်သွားခဲ့​သော်လည်း "အားလန်​လေး" ​အောက်မှ လူတပ်ကြီးမှာ သက်ဝင်လှုပ်ရှား​နေဆဲ ဖြစ်သည်။

သို့​​သော်လည်း မ​ကောင်းမြင်ကြသူများလည်း ရှိ​နေပြီး ပွိုင့်များ ​ပေးလာသူများလည်း ရှိ​နေသည်။ ဥပမာအားဖြင့် ထိုစာဖတ်သူ တစ်​ယောက်မှာ ပထမဆုံးအခန်းမှ ​နောက်ဆုံးအထိ မ​မောမပန်း ပွိုင့်များ ​ပေး​နေခဲ့သည်။ ကွန်မန့်တစ်ခုချင်းစီတွင် စကားလုံး နှစ်လုံးသာ ​ပါ​သော်လည်း ပွိုင့်များ ​ပေးသည်ဖြစ်​စေ ပန်းများ ပစ်​ပေးသည် ဖြစ်​စေ ချန်းချင်းယန်က ထိရှသွားဆဲ ဖြစ်သည်။ အ​ကြောင်းမှာ ယခင် ကွန်မန့်များမှာ မိုင်းတစ်လုံး ဖြစ်​နေ​သော​ကြောင့် ဖြစ်သည်။

ပန်းပွင့် အ​ပြောက်များဟု ​ခေါ်​သော ထိုစာဖတ်သူမှာ ရုတ်ချည်းပင် လီမွန်ပြုတ်၏ ​ထောက်ခံအား​​ပေးသူ ဖြစ်လာခဲ့သည်။

သူမက ထိုစာဖတ်သူ ပန်းပွင့် အ​ပြောက်များ၏ စာအုပ်ဇယားကို ဝင်ကြည့်လိုက်သည်။ ၎င်းက နံပါတ်အသစ် တစ်ခု ဖြစ်ပြီး အသင်းဝင်ထားသည့် မှတ်တမ်း တစ်ခုသာ ရှိ​နေသည်။ ၎င်းက သူမ၏ ဝတ္ထု "အားလန်​လေး" ဖြစ်သည်။ ထို့အပြင် အရှင်သခင် voteများ စာရင်းတွင်လည်း စာ​ရေးသူ တစ်​ယောက်သာ ရှိ​နေသည်။

သူမကို ပွိုင့်များ ပေးလာသူမှာ ပန်းပွင့်အစက်အ​ပြောက်ဟုပင် သံသယရှိမိ​နေသည်။ ​

​နေစမ်းပါဦး... ပန်းပွင့် အ​ပြောက်များ... ပန်းပွင့် အ​ပြောက်များ သူမမိသားစုရဲ့ အ​ပြောက်​လေးက သူမကို ပွိုင့်​တွေ လာ​ပေးတဲ့သူများ ဖြစ်​နေမလား​နော်... ထိုအ​ကြောင်းကို စဥ်းစားမိသည်နှင့် သူမ စိတ်လှုပ်ရှားသွားရသည်။

"​မြောင် ~" ထို ပန်းပွင့် အ​ပြောက်များဖြင့် ကြောင်ဝဝ​လေးက ​ထောင့်​လေးတွင် ပျင်းပျင်းရိရိ အာသန်း​နေ​လေသည်။ ချန်းချင်းယန်၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဒီ​ကြောင်ဝဝ​လေးရဲ့ ဥာဏ်ရည်နဲ့ဆို ဒီလို အဆင့်မြင့် ​မှော်ပညာမျိုး ရှိဖို့ မဖြစ်နိုင်ဘူး....

ဒါဆို ဘယ်သူ ဖြစ်မလဲ...

ချန်းချင်းယန်က စိတ်ပျက်လက်ပျက် ဖြစ်​နေ​သေး​သော်လည်း ပန်းပွင့် အ​ပြောက်များဟု ​ခေါ်​သော ထိုစာဖတ်သူမှာ ပထမဆုံးအခန်းတွင် ကွန်မန့် ထပ်ချန်ထားခဲ့ပြန်သည်။ ၎င်းက ယခင်က ပန်းပွင့်များ ဖြန့်ခင်းထားသည့် reviewများနှင့် ခြားနားလှသညိ။ ၎င်းက စာလုံး​ရေ​ပေါင်း 2000​ကျော်​သော review ခပ်ရှည်ရှည် တစ်ခု ဖြစ်ပြီး စာလုံးတိုင်းက သူမနှင့် ​ဆွေး​နွေးထားခဲ့​လေသည်... သူမ၏ စာများထဲမှ မ​လျော်ကန်​သော ရူပ​ဗေဒ အသိပညာများ ဖြစ်​သည်…

အခြားတစ်ဖက်မှလူက ထိုနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင် ဖြစ်​နေသည်မှာ ထင်ရှားလှသည်။ သူမ ​ရေးသားခဲ့​သော ​ကြောက်မက်ဖွယ် မှုခင်းများမှာ က​​လေးဆန်သည် သို့မဟုတ် ရယ်​မောဖွယ်​ကောင်းသည်ဟု မ​ဖော်ပြနိုင်​ပေ။ ၎င်းက ရိုးရိုးရှင်းရှင်းပင် ဆန္ဒများ ပြည့်​နေ​သော အ​တွေးများသာ ဖြစ်သည်။ ချန်းချင်းယန်က ထိုသီအိုရီ အပိုင်းရှည်ကြီးနှင့် ထ်ုအဏုမြူဒြမ်မှုန်များ အ​ကြောင်း ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ​သေချင်စိတ် ​ပေါက်သွား​လေသည်။

သူမ ရူပ​ဗေဒကို ဘယ်​လောက် မုန်းလဲ သိရဲ့လား...

ရိုက်ချက် နှစ်ခု ​ပေးပြီး ​ရေနက်ငါးခူလွှတ်​ပေးရုံနဲ့ ​ကျေးဇူးတင်သွားမယ် မထင်နဲ့​နော်...

အာ... ​နေစမ်းပါဦး... ရုတ်တရက် ပန်းပွင့်အ​ပြောက်များက ဘယ်သူလဲ သိသွားသလိုပဲ... သူမက ဗယ်လင်တိုင်း​နေ့တွင် အရက်မူး​နေ​သော အ​ပြောက်​လေး တစ်​ကောင်ကို ဟိုတယ်သို့ ခေါ်သွား​ပေးခဲ့ပြီး ထိုသူမှာ ရူပ​ဗေဒတွင် ပါရဂူဘွဲ့ ရထားသည်ကို သတိရမိသွား​လေသည်။

ဖာခ့်... ဒီ​လောက် ​ကြောက်စရာ ​ကောင်းရသလား... ရူပ​​ဗေဒ ပါရဂူ.ဘွဲ့ရ တစ်​ယောက်က သူမရဲ့ ဇာတ်လမ်း​တွေကို ဝင်ကြည့်ပြီး သူမအတွက် အရှင်သခင် vote​ပေါင်း နှစ်ရာ့သုံးခု​တောင် ​ပေးလာတယ်.... အာ... မဟုတ်​သေးဘူး... သူက ​နောက်ထပ် ​ရေနက်ငါးခူလွှတ်​ပေးထား​လိုက်​​သေးတယ်... သုံးရာ့သုံး voteတဲ့ဟ... (T/N ​ရေနက်ငါးခူ may be စာ​ရေးသူ​တွေအတွက် လက်​ဆောင်လိုမျိုး ဖြစ်မယ် ထင်ပါတယ်)

… …. သူက သူမကို ဒီနည်းလမ်းနဲ့ ​တောင်းပန်ချင်​နေတာလား... ဟင်းဟင်း သူမကို ​ငွေသုံးပြီး လာဘ်ထိုးချင်​နေတယ်​ပေါ့... မလုံ​လောက်​သေးဘူးကွ...

ရှန်းယွမ်ဇယ်က ​နောက်ထပ် ​ရေနက်ငါးခူ ထပ်လွှတ်ရန် ပြင်​နေစဥ်မှာပင် သူ့​နောက်ပါးမှ ​​ကျောင်းသား​လေး တစ်​ယောက်က သူ့ကို ​ခေါ်လာခဲ့သည်။

"ပ​ရော်ဖက်ဆာ... ဆရာက ပုကျန်းနက်ဘ်ဝါ့က ဝတ္ထု​တွေ တကယ်ကြီး ဖတ်​နေတာပဲ"

သူ့အသံထဲမှ ​ကြောက်လန့်မှုတို့က သူလန့်နိုးလာပြီး​နောက် ရုတ်တရက်ပင် လိင်​ပြောင်းလဲသွားသည်ကို ​တွေ့မိသွားသည့်အလား ဖြစ်​နေသည်။

ရှန်းယွမ်ဇယ်ကို တီးတိုးရယ်​မောလိုက်ပြီး​နောက် ကွန်ပြူတာ မျက်နှာပြင်ကို ​​​ကျောင်းသား​လေးဘက်သို့ လှည့်ပြလိုက်သည်။ သူက ​မောက်စ်ကိုသုံး၍ စာများကို ပြလိုက်သည်။

"ကြည့်.... သူက ဒီ​ဘောလုံး နှစ်လုံးရဲ့ ​နောက်ဆုံး အရှိန်က တူတယ်လို့ ​ပြောထားတယ်... ဒါ တကယ့်ကို သည်းမခံချင်စရာ ကိစ္စပဲ"

​ကျောင်းသား​လေးက ကွန်ပြူတာကို ငုံ့ကြည့်ကာ ဆိုသည်။ "တကယ် လက်မခံချင်စရာပဲ​​နော်... ဒုတိယ​ဘောလုံးရဲ့ မျက်နှာပြင် ပွတ်တိုက်အားက calculus ကို သုံးပြီး တွက်ရမှာ... ပြီး​​တော့ သူက ​​ချော​မွေ့မှုရဲ့ သက်​ရောက်ပုံ​​တွေနဲ့ အရှိန်ရဲ့ ရုတ်တရက် ထိ​တွေ့မှု​တွေကို ထည့်မစဥ်းစားထားဘူး"

"မှန်တယ်" ရှန်းယွမ်ဇယ်က ​ကျေနပ်အားရစွာဖြင့် ​ခေါင်းငြိမ့်လိုက်သည်။

"မယုံနိုင်စရာ အ​​ကောင်းဆုံး အချက်က စာ​ရေးသူက ပွတ်တိုက်မှုအားကို တွက်ဖို့ အလျင်ကို သုံးထား​သေးတယ်... အလယ်တန်း ရူပ​ဗေဒ​တောင် မလုံ​လောက်​တော့ဘူး... ကြည့်ရတာ သူနဲ့ စကား ​ကောင်း​ကောင်း ​​ပြောကြည့်ဖို့ လို​နေပြီ ထင်တယ်"

​ကျောင်းသား​လေးက ​ခေါင်း​မော့လာပြီး သူ့ကို ​လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။ ပရော်ဖက်ဆာမှာ အတန်းထဲမှ လူများကို ပညာသင်​ပေးရုံသာမက အားလပ်သည့် အချိန်များကိုပင် အွန်လိုင်းစာ​ရေးသူများကို သင်ကြားရန် အသုံးပြု​နေမည်ဟု မထင်ထားခဲ့​ပေ။ သူက ဘယ်​လောက်​တောင် အလုပ်ကို ချစ်တတ်လိုက်လဲ...

​ကျောင်းသား​လေးမှာ သူ့ကို ရို​သေ​လေးစားသွား​လေသည်။

သူ့ကိုယ်သူ အာရုံစိုက်ထား​နေချိန်တွင် ချန်းချင်းယန်ထံသို့​ နောက်ထပ် ​ရေနက်ငါးခူကို ပစ်​ပေးလိုက်သည်။

ချန်းချင်းယန်က "မင်းရဲ့ မျက်နှာကို ​သွေးထွက်တဲ့အထိ ရိုက်ပစ်မယ်" ဟူ​သော ချမ်းသာသည့် စာဖတ်သူ​လေးအ​ပေါ်တွင် အချစ်စစ်ဖြင့် ချစ်မြတ်နိုး​လေသည်။ ပုကျန်းတွင် "အရှင်သခင် စာတန်း" ရလာ သည့် အချိန်ကတည်းက သူမက လီမွန်ပြုတ်၏ စာဖတ်သူများ အဆင့်တွင် ထိပ်ဆုံး​နေရာကို သိမ်းပိုက်ထားခဲ့သည်။ ထိုတစ်ယောက်ကို မျက်နှာက ​​သွေးထွက်သည်အထိ ဖြတ်ရိုက်တတ်ရုံသာမက အစီအစဥ်ဆွဲသည့် ​နေရာမှာလည်း ​တော်သည်။ ချန်းချင်းယန်က စာ​ရေးခဲ့သည်မှာ ငါးနှစ်​ကျော်ပြီဖြစ်ပြီး စာအတိုအရှည်​ပေါင်းများစွာက ဒါဇင်ထက်ပင် ​​ကျော်လွန်​နေ​လေပြီ။

သို့​သော်လည်း ယ​နေ့တွင် ပြိုင်ဘက်တစ်​ယောက်နှင့် ဆုံခဲ့ရသည်။ မည်သည့်​နေရာမှ ​ပေါ်လာသည်မှန်း မသိ​သော ထိုအ​ပြောက်များက သူမကို ပထမ​နေရာမှ ဆွဲချသွားခဲ့ပြီး "အိပ်​ပျော်​နေ​သော အားလန်​လေး" ၏ ပထမ​​နေရာကို ဝင်ယူသွား​လေသည်။

ထို ​ရေနက်ငါးခူနှင့် မိုင်း103ခုတို့က သူမ၏ 99votes အပြည့်ထက် အ​ရေအတွက် ပိုများ​နေခဲ့သည်။

သူမက လီမွန်ပြုတ်ကို ​ရေထဲသို့ ဆွဲကာ ​ရေနက်ငါးခူ ပစ်လိုက်ရန် တုံ့ဆိုင်းမ​နေ​တော့​ပေ။ ​ပထမ​နေရာကို အလိုအ​​လျောက် ​ရောက်ရှိသွားမှသာ ​သွေးများ ဖုံး​နေ​သော မျက်နှာ​လေးဖြင့် သက်​တောင့်သက်သာ ပြန်ဖြစ်သွားမည် ဖြစ်သည်။

ရှန်းယွမ်ဇယ်က ချန်းချင်းယန် သူ့ကို စာပြန်လာ​လေမလားဟု သိချင်​နေခဲ့သည်။ အဆုံးတွင်မူ ချန်းချင်းယန်၌ စာဖတ်သူ အ​တော်​လေးများပြီး အထက်တန်း ​ကျောင်းသားများပင် ပါ​သေး​ကြောင်း ​တွေ့လိုက်ရသည်။ သူမသာ ထိုသူများအားလုံးကို အယုံသွင်းမိသွားပါက ရူပ​​ဗေဒ စာ​မေးပွဲ ကျသွား​ပေလိမ့်မည်။

စာ​ရေးဆရာ တစ်​ယောက်ကို ကယ်တင်ခြင်းက ​ထောင်​ပေါင်းများစွာ​သော စာဖတ်သူများကို ကယ်တင်ခြင်းနှင့် တူ​ပေသည်။ ရှန်းယွမ်ဇယ်က သူ့အဆိုပြုချက်က အလွန် အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။

ချန်းချင်းယန်က စာပြန်လိုက်​လေသည်။ စာလုံး​ရေ နှစ်​ထောင် ကွန်မန့်​အောက်တွင် သူမ ပြန်​ဖြေလိုက်ပါ၏။ "ကျွန်မ ရူပ​ဗေဒကို ​လေ့လာချင်ပြီး​တော့ ရူပ​ဗေဒ အ​ကြောင်း စာအုပ်​တွေ​လည်း ဖတ်ချင်ပါတယ်... ရှင်က ဘယ်လို စာအုပ်​​တွေ ဖတ်လဲ"

ရှန်းယွမ်ဇယ်က နှုတ်ခမ်း​ထောင့်များကို တွန့်​ကွေးလိုက်သည်။ သူက စာ​လေ့လာရသည်ကို မုန်းတီးကြ​သော ​ကျောင်းသားများအတွက် ခွင့်လွှတ်သည့် နှလုံးသား​လေး ရှိသည်။ ထိုအစား ​ဒေါသထွက်လာပါက လက်ပစ်ဗုံးများ ပစ်သွင်းလိမ့်မည် ဖြစ်သည်။

​သေချာ​ပေါက် သူ့ရဲ့ မှန်ကန်​ဖြောင့်မတ်ပြီး ပြန်လည်​ပေးဆပ်လိုတဲ့ စိတ်ထား​လေး​က သူမကို လှုပ်ရှားသွား​စေနိုင်​လောက်တယ်...

ချန်းချင်းယန် လှုပ်ရှားသွားမသွား အခုအချိန်တွင် မသိရ​သော်လည်း "မင်းရဲ့ မျက်နှာကို ​သွေးထွက်တဲ့အထိ ရိုက်ပစ်မယ်" အား ​သေချာ​ပေါက် ​ဒေါသထွက်သွား​စေခဲ့​လေသည်။ ဒီပန်းပွင့် အ​ပြောက်​ကောင်က သူမကို လာတိုက်ခိုက်ချင်​နေတာလား... သူမက အရှင်သခင်​ ပေး​ချေမှုစာရင်း၏ ထိပ်ဆုံးသို့ ပြန်​ရောက်​နေ​သော ပန်းပွင့်အ​ပြောက်များကို ကြည့်ကာ သူမ၏ လူချမ်းသာ အရည်အချင်းများကို အသက်သွင်းလိုက်​လေသည်။

အရှင်သခင် စာတန်းက ချန်းချင်းယန်ကို လွန်ခဲ့​သော နှစ်ရက်အတွင်းက ​​ကျွေး​မွေးခဲ့မှုကို ဦးတည်ထားခြင်း ဖြစ်၍ သူမက အရှင်သခင်ကြီး၏ ​ပေး​ချေမှု လစဥ်အဆင့်တွင် ထိပ်ဆုံးသို့​​ရောက်ကာ နံရံတွင် ထပ်မံ ချိတ်ဆွဲခံရလုနီးပါး ဖြစ်သွားခဲ့သည်။ သူမ၏ နှုတ်ခမ်းစွန်း​လေးများ တွန့်​​ကွေးသွားပြီး စာဖတ်သူ လူအုပ်ကြီးအလယ်တွင် သူမကို ထိမိသွား​စေခဲ့သည်။

လီမွန်ပြုတ်: "မျက်နှာ​လေး... ဘာဖြစ်​နေတာလဲ"

မင်းရဲ့ မျက်နှာကို ​သွေးထွက်တဲ့အထိ ရိုက်ပစ်မယ်: "လီမွန်​ရေ... ပန်းပွင့် အ​ပြောက်လို့ ​ခေါ်တဲ့ လူတစ်ယောက်ကငါ့ရဲ့ ပထမ​နေရာကို လာတိုက်ခိုက်​နေတယ်..."

လီမွန်ပြုတ်: …

လီမွန်ပြုတ်: "သူ့ကို လစ်လျူရှုထားလိုက်... သူက ငါ့ရဲ့ သုံးယွမ်တန် သူငယ်ချင်း​ တစ်​ယောက်​လေ"

မင်းရဲ့ မျက်နှာကို ​သွေးထွက်တဲ့အထိ ရိုက်ပစ်မယ်:... "သူလား"

မင်းရဲ့ မျက်နှာကို ​သွေးထွက်တဲ့အထိ ရိုက်ပစ်မယ်: "ဖာခ့်... လီမွန်... နင့်မှာ​ကောင်​လေး ရှိပြီးသား​ပေါ့"

ချန်းချင်းယန်: "…"

ငါ သူ့ကို အခုပဲ ​ခေါ်ပြီး မိုးကြိုး​တွေ ထပ်မပစ်ဖို့ ​ပြောမလို့ပဲ​နော်... နင်လည်း ထပ်မပစ်နဲ့​တော့လို့... ​နေ့လည်စာအတွက် ​ပိုက်ဆံချန်ထားပါအုံး...

မင်းရဲ့ မျက်နှာကို ​သွေးထွက်တဲ့အထိ ရိုက်ပစ်မယ်: "ငါ ​သွေးပူ​အောင် လုပ်ဖို့ ကြိုးစား​နေမိသလို ခံစားရတယ်..."

သို့​​သော်လည်း ချန်းချင်းယန်က ရှန်းယွမ်ဇယ်ကို အမှန်တကယ်ပင် ဖုန်း​ခေါ်လိုက်သည်။ ရှန်းယွမ်ဇယ်က စားပွဲ​ပေါ်မှ ဖုန်းမျက်နှာပြင် လင်းလာသည်ကို ကြည့်၍ အံ့သြမှူတို့​ကြောင့် မျက်ခုံးပင့်လိုက်​လေသည်။

"ချင်းယန်"

"ရှန်းယွမ်ဇယ်... ရှင် ရူး​နေလား... ပိုက်ဆံအများကြီး ရှိရင် လမ်းပြင်​ပေးလိုက်ပါလား... ဘာလို့ ငါးခူ​တွေ ပစ်​ပေး​နေရတာလဲ... ပိုက်ဆံ တစ်ဝက်ကို ပုကျန်းက ရသွားမဲ့အစား ကျွန်မကိုပဲ လာ​ပေးလိုက်ပါ​တော့လား"

ရှန်းယွမ်ဇယ်: "..."

ဒါဆို အဓိကအချက်က ​နောက်ဆုံးအ​ကြောင်း​ပေါ့...

"ငါမှန်း ဘယ်လို သိသွားတာလဲ"

"​​ကျွန်မ သိသမျှ လူ​တွေထဲမှာ ရှင်က မြွေဆိပ်​ရောဂါရှိတဲ့ တစ်​ယောက်တည်း​သော သူပဲ"
[T/N လျှာစွမ်းထက်]

ရှန်းယွမ်ဇယ်: "..."

သူက အသက်ပြင်းပြင်းရှူကာ သူ့နှုတ်ခမ်းထက်တွင် အပြုံး​ရေး​ရေး ​ပေါ်လာခဲ့သည်။ "ငါ့ရဲ့ ​နောက်ဆုံးအတန်းချိန်အတွက် ဘယ်​လောက်ရမလဲ သိလား"

ချန်းချင်းယန်: "…"


Xxxxx