Chapter 94
မိုးပျံပူပေါင်းက ကောင်းကင်တွင် တစ်ပတ်ပတ်ပြီးနောက် မြေပေါ်သို့ ဆင်းသက်လာခဲ့သည်။ ချန်းချင်းယန်က လက်မှတ်ယူပြီးနောက် ရှန်ပိန်သောက်ကာ ရှန်းယွမ်ဇယ်နှင့် လမ်းခွဲရန် ပြင်လိုက်သည်။
ချန်းချင်းယန်က ခေါင်းပြန်လှည့်လိုက်ပြီး ဖော်ရွေမှုမရှိသော အသံဖြင့် ပြောလိုက်သည်။
"ဘာလို့ ကျွန်မနောက်ကို လိုက်နေတာလဲ... အရူးကောင်ရဲ့"
သူက ချန်းချင်းယန်ကို သဘောကောင်းစွာ ပြန်ပြုံးပြလိုက်သည်။
"ငါက ဟိုတယ်ကို ပြန်တော့မလို့ပါ"
ချန်းချင်းယန်၏ မျက်ခုံးများ ခုန်ပေါက်သွားလေသည်။
"ရှင်က ဘယ်ဟိုတယ်မှာ တည်းနေတာလဲ"
သူ ချန်းချင်းယန်ကို နာမည်တစ်ခု ပြောပြလိုက်သည်။
ချန်းချင်းယန်မှာ ငိုချမိတော့မတတ်ပင်။ 'ဒါက သေချာပေါက် တိုက်ဆိုင်တာ မဟုတ်တော့ဘူး... ကြိုတင်စီစဥ်ထားတာပဲ ဖြစ်ရမယ်'
ချန်းချင်းယန်က ဟိုတယ်၏ ကော်ဖီဆိုင်လေးတွင် ထိုင်ကာ သူမရှေ့မှ စေ့စပ်မှု အပြည့်ရှိသော မျက်နှာဖြင့် ယောကျ်ားသားကို ကြည့်လိုက်သည်။
"နောက်ကလိုက်ချောင်းနေတဲ့ အရူး... မှန်မှန်ပြောတာ ကောင်းမယ်နော်... ဘာလို့ ကျွန်မနောက် လိုက်လာတာလဲ"
သူက ချန်းချင်းယန်ကို အပြစ်ကင်းစွာဖြင့် မျက်စပင့်ပြလိုက်သည်။
"မင်း ဒီဟိုတယ်မှာ တည်းမဲ့အကြောင်း တစ်ယောက်ယောက်ကို ပြောပြလိုက်သေးလား"
ချန်းချင်းယန်:"…"
သူမ တကယ် ဘယ်သူ့ကိုမှ မပြောခဲ့တာ... သူမရဲ့ မိဘတွေတောင်မှ သူမ ဘယ်သွားလဲ မသိကြဘူး...
ရှန်းယွမ်ဇယ်က ချန်းချင်းယန်ကို ကျေနပ်အားရစွာဖြင့် ကြည့်လိုက်သည်။
"ဒါပဲလေ... ငါ မင်းနောက်ကို လိုက်နေတာမှ မဟုတ်တာ"
ချန်းချင်းယန်က ယုံကြည်ခြင်း မရှိသည့် မျက်နှာ အမူအယာ ရှိနေခဲ့သည်။
သူက ချန်းချင်းယန်ကို ပုခုံးတွန့်ပြလိုက်သည်။
"ဒါကို ကံကြမ္မာတစ်ခုလို့ နားလည်ထားလိုက်လေ"
ချန်းချင်းယန် "…"
မျောက်ဝံမစင်နဲ့တောင် အနည်းနဲ့ အများ တူနေသေးတယ်...
ချန်းချင်းယန် သူ့ကို မယုံကြည်နိုင်ဆဲ ဖြစ်နေသည်ကို တွေ့ရသောအခါ ရှန်းယွမ်ဇယ်က မဲမှောင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ငါက သနားစရာ ကောင်းပြီး အချစ်နာကျနေရတဲ့ ယောကျ်ား တစ်ယောက် ဖြစ်နေတုန်းပဲ... စိတ်အနှောင့်အယှက် ဖြစ်ခံရတာ သဘာဝပါပဲလေ"
ချန်းချင်းယန် "…"
ရှင် အချစ်နာကျနေတာ နှစ်ဝက်တောင် ရှိနေပြီလေ... အခု ဘယ်အချိန်အထိ အရှုံးသမားလို ဆက်နေမယ် စိတ်ကူးထားတာလဲ...
ချန်းချင်းယန် ထရပ်ကာ ထွက်သွားသည်။
"ကောင်းပြီလေ... အိမ်ထောင်ပြုဖို့ ကိစ္စကနေ ထွက်ပြေးလာတာ"
ထိုစကားလုံးများက ချန်းချင်းယန်၏ လှုပ်ရှားမှုများကို အောင်အောင်မြင်မြင် ရပ်တန့်သွားစေခဲ့သည်။ သူမက ပြန်လှည့်၍ မျက်ဝန်းနက်နက်လေးများဖြင့် အကဲဖြတ်လိုက်သည်။
"အိမ်ထောင်ပြုရမဲ့ ကိစ္စကနေ ထွက်ပြေးလာတယ်"
ရှန်းယွမ်ဇယ်က ခေါင်းငြိမ့်ပြလိုက်သည်။
"ဟား ဟား ဟား ဟား" ချန်းချင်းယန်က ဆိုဖာတွင် ဝင်ထိုင်ရင်း အသက်ရှူ ရပ်မတတ် ရယ်မောလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်မကို အရင်ဆုံး ငါးမိနစ်လောက် ရယ်ခွင့်ပေးအုံး"
ရှန်းယွမ်ဇယ်: "…"
"တိတိကျကျ ပြောရရင် ငါ့မိသားစုက လက်ထပ်ဖို့ ဖိအားပေးနေတာ... တစ်ဖက်လူက ငါ့ကို လာသတ်ဖို့ ကျောင်းကို ရောက်ချလာတယ်လေ... ငါ ခရီး ထွက်လာဖို့ပဲ တတ်နိုင်တော့တယ်"
သူမက ရယ်မောရင်းဖြင့် မေးလိုက်သည်။
"ရှင်က ဧကရာဇ်မော့နဲ့ အသက်အတူတူပဲ မဟုတ်ဘူးလား... ရှင်က ဒီနှစ်မှ 27ပဲ ရှိသေးတယ်လေ... ရှင့်ကို လက်ထပ်ဖို့အတွက် ဖိအားပေးဖို့ လိုအပ်လို့လား"
ရှန်းယွမ်ဇယ်က သက်ပြင်းချလိုက်သည်။ "ငါ့အဘိုးက အသက်ကြီးနေပြီလေ"
ချန်းချင်းယန်က စကားပြောရပ်သွားလေသည်။ သူမက လီယန်ထံမှ ရှန်းယွမ်ဇယ်၏ မိဘများအကြောင်း ကြားခဲ့ဖူးသည်။ ထိုသူတို့က ကွာရှင်းခဲ့ကြသည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်ပြီး ရှန်းယွမ်ဇယ်က သူ့အဘိုးနှင့်သာ အမြဲတမ်း အတူနေထိုင်ခဲ့သည်ဟု ကြားခဲ့ဖူးသည်။ ထိုလူအိုကြီးက အသက်ကြီးလာချိန်တွင် မြေးဖြစ်သူ၏ အိမ်ထောင်ရေးအကြောင်း တွေးမိသည်မှာ သဘာဝကျပေသည်။
"ဒါဆို.. ဒီလို ထွက်ပြေးလာတယ် ဆိုပါတော့... ရှင့် အဘိုး သေလောက်တဲ့အထိ ဒေါသထွက်သွားမှာ လိုချင်လို့လား"
ချန်းချင်းယန်က မနေနိုင်ဘဲ မျက်လုံးလှိမ့်မိသွားသည်။
ရှန်းယွမ်ဇယ်က သူမကို တိတ်တဆိတ် ကြည့်လာခဲ့သည်။ ချန်းချင်းယန်က အထဲတွင် ကွယ်ဝှက်ထားသော လျှို့ဝှက်ကြံစည်မှု တစ်စုံတစ်ရာ ရှိနေသည်ဟု ခံစားလိုက်ရလေသည်။
"ဘာ... ဘာလဲ" သူမက မသိလိုက်မသိဘာသာဖြင့် ဆိုဖာထဲသို့ ကိုယ်လေး ကျုံ့ဝင်သွားသည်။ ဒီအကြည့်က တကယ့်ကို ကြောက်စရာ ကောင်းနေတယ်နော်...
"တစ်ခုခု အကူအညီတောင်းလို့ ရမလား"
ရှန်းယွမ်ဇယ်က သူမကို ယဥ်ကျေးသိမ်မွေ့သော အပြုံးလေးတစ်ခုဖြင့် မေးလိုက်ပြီး လူအများကို ငြင်းဆန်လိုက်ရန် ခက်ခဲသွားစေသည်။
"လက်ခံနိုင်မနိုင်က အရင်ဆုံး နားထောင်ကြည့်ရတာပေါ့"
ချန်းချင်းယန် အိတ်ကို လက်မောင်းထဲတွင် ပွေ့ထားပြီး သူမရှေ့မှလူကို သတိအပြည့်ဖြင့် ကြည့်လိုက်သည်။
"ငါ့ကောင်မလေးအဖြစ် ဟန်ဆောင်ပေး... ပြန်ရောက်ရင် ငါ့အဘိုးနဲ့ လိုက်တွေ့ပေး"
ချန်းချင်းယန်: "…"
"ဖာခ့်... ရှင် ဘာလို့ ဝတ္ထုမရေးရတာလဲ"
ချန်းချင်းယန်က ဆဲရေးလိုက်ပြီးနောက် သူမ၏ နားရွက်များ အနီရောင် ပြောင်းသွားလေသည်။
အဆုံးတွင် သူမက နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော်လည်း မည်သူကမှ သူမကို ချစ်သူကောင်မလေး တစ်ယောက် ဖြစ်လာပေးရန် မတောင်းဆိုခဲ့ဖူးပါပေ။
"လက်ခံရင် မော့ကျန်းကို တွေ့ဖို့ ခေါ်သွားပေးမယ်"
ချန်းချင်းယန်: "…"
'ဒါက အထင်အမြင်သေးဖို့ ကောင်းလွန်းတယ်'
"ကျွန်မ... ကျွန်မ သူ့ကို တွေ့ဖို့ လီယန်ကို ခေါ်သွားခိုင်းလို့ ရတာပဲလေ"
သူက သူမကို ဖြားယောင်းချင်နေသေးတယ်... ဒါပေမယ့် နည်းလမ်း မရှိဘူးနော်..
ရှန်းယွမ်ဇယ်က ချန်းချင်းယန်ကို တည်တည်ငြိမိငြိမ် ပြောလိုက်သည်။
"မော့ကျန်းကို တွေ့ဖို့ သူ့ကို ခေါ်သွားခိုင်းမှာ သေချာပြီလား"
ချန်းချင်းယန်: "…"
သူမသာ အဲ့မျက်နှာကို ဆွဲချနိုင်ရင် အရင်ကတည်းက လုပ်ပြီးသွားပြီ... ဒီအနံ့ဆိုးကောင် ရှန်းယွမ်ဇယ်က သူမရဲ့ အတွေးတွေကို ဖောက်မြင်နေပြီး သူမအကြောင်းကို ယုံကြည်မှုရှိရှိ ပြောနေခဲ့လေသည်။
အိုင်ကျူ မြင့်တဲ့ လူတွေက စိတ်အနှောက်အယှက် ဖြစ်ဖို့ကောင်းတယ်...
"ကောင်းပြီလေ...သဘောတူတယ်... ဒါပေမယ့် အခြေအနေ တစ်ခုတော့ ရှိတယ်"
သူက ချန်းချင်းယန်ကို မျက်လုံးပင့်ကာ ပြောလိုက်လေသည်။
"အရင်ဆုံး ပြောကြည့်လေ... စဥ်းစားကြည့်တာပေါ့"
ကိုယ်ကျင့်တရား ပျက်ပြီး လက်စားချေတတ်တဲ့ ဗီလိန်တစ်ယောက်ပဲ..
ချန်းချင်းယန်က အသက်ပြင်းပြင်းရှူကာ ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ရှင် ကျွန်မနဲ့ ကစားချင်ယောင်ဆောင်နေတာတော့ မဟုတ်ပါဘူးနော်" ချန်းချင်းယန်၏ နှစ်ပေါင်းများစွာ ဝတ္ထုရေးလာခဲ့သော အတွေ့အကြုံများကို အခြေခံ၍ တစ်စုံတစ်ခု ဟန်ဆောင်သော ထို အပြုအမူမျိုးက သေချာပေါက် တုပမှု တစ်ခု ဖြစ်လာပေလိမ့်မည်။
သူ ချန်းချင်းယန်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။ "မင်း အတွေးလွန်နေပြီ"
ချန်းချင်းယန် "…"
ဒီသဘောထားက ဘာလဲဟ... ကျွန်မက ကိုယ့်စကားကို ပြန်သိမ်းမယ် ထင်နေတာလား...
သူက ဘလိုင်းဒိတ်များကို တကယ် မကြိုက်လှသော်လည်း သူသဘောကျရသည့် တစ်ယောက်ယောက်ကို တွေ့နိုင်ရန် မလွယ်ကူပါပေ။ ရန်သူကို အချိန်ဆွဲဖို့ အခြား နည်းလမ်း မရှိတော့ဘူး...
"ဒါပေမယ့် ဘာလို့ ကျွန်မကို ရှာရတာလဲ... ရှင့်မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေတာပဲလေ" ဥပမာအားဖြင့် ခုနက တွေ့ခဲ့တဲ့ ညီမလေး သုံးယောက်လိုပေါ့...
ရှန်းယွမ်ဇယ်က ပြုံး၍ ပြောလိုက်သည်၊
"အကြောင်းကတော့ မင်းက အဘိုးရဲ့ အလှအပ ခံစားမှုကို စိန်ခေါ်ဖို့ လွယ်ကူလို့လေ... ငါတို့ ပြတ်သွားပြီလို့ သူ့ကို ပြောလိုက်ရင် သူလည်း လက်ခံနိုင်သွားမှာပဲ"
ချန်းချင်းယန်: "…"
ဘိုင့်ဘိုင်... မိမစစ်ဖမစစ်ကောင်...
ချန်းချင်းယန်၏ ရန်လိုနေသော နောက်ကျောပြင်လေးကို ကြည့်၍ ရှန်းယွမ်ဇယ်က မူလနေရာမှာပင် ထိုင်နေပြီး စတင်ရယ်မောလေတော့သည်။ အမှန်တကယ်တွင် သူ့ထံ၌ အမျိုးသမီး သူငယ်ချင်းများစွာ မရှိပေ။ သူ့ကို ကူညီနိုင်သူများမှာလည်း လက်တစ်ဖက်ပင် မပြည့်ပါဘဲ ထိုသူများထဲမှ ချန်းချင်းယန်ကသာ အသင့်တော်ဆုံး ဖြစ်နေသည်။
Aမြို့သို့ ပြန်လာသောအခါ ရှန်းယွမ်ဇယ်က ချန်းချင်းယန်ကို ချိန်ဆို၍ အိမ်ခေါ်သွားခဲ့သည်။ လူအိုကြီးက သူ့မြေးထံတွင် ချစ်သူ ရှိနေသည်ကို ကြားသောအခါ အလွန် သံသယရှိနေပါသော်လည်း သူမြေးပြောထားသည့် ချစ်သူကောင်မလေးနှင့် တွေ့ဆုံရန်အတွက် ပြင်ဆင်ထားရန် အချိန်ရှိနေဆဲ ဖြစ်သည်။
ချိန်းထားသောနေ့တွင် ရှန်းယွမ်ဇယ်က မနက်စောစော အချိန်မှာပင် ချန်းချင်းယန်ထံသို့ စာတိုတစ်ခု ပို့လာခဲ့သည်။
"ဒီနေ့ အရမ်း ပြင်ဆင်လာစရာ မလိုဘူး... သဘာဝကျကျပဲ လုပ်ခဲ့"
ချန်းချင်းယန်"…"
ကျွန်မကတော့ ဝတ်စားပြင်ဆင်လာပြီး လမ်းခွဲတဲ့အခါ ရှင့်ကို ရိုက်ပေးဖို့ အဘိုးကို လာပြောဦးမှာ...
ချန်းချင်းယန်က အလှပြင်ဆိုင်ကို အထူးတလှယ်သွားရောက်ကာ အလှပြင်ခဲ့ပြီး ဆံပင်ကိုပင် ညှပ်ခဲ့သေးသည်။ နောက်ဆုံးတွင် သူမ၏ တိုက်ပွဲဝင် ဝတ်စုံ ဖြစ်သည့် သူမကိုယ်သူမ တိုက်တွန်းအားပေး၍ ဝယ်ယူထားခဲ့သော စျေးကြီးဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ထိုဝတ်စုံကို ဝယ်ပြီးနောက် ထုတ်ဝတ်ရန် အခွင့်အရေး မရခဲ့ပေ။
သူမက လမ်းထိပ်တွင် ရပ်ထားသည့် ရှန်းယွမ်ဇယ်၏ ကားကို ရှာတွေ့သွားပြီး သူကလည်း သူမကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးများက အံ့အားသင့်မှုတို့ဖြင့် မြင့်တက်သွားလေသည်။
"မင်းကို အရမ်း တွေးပေးတတ်မယ်လို့ မထင်ထားဘူး... ပြီးရင်တော့... ငါ့အဘိုးရဲ့ အမြင်သုံးဖက်ကို စိန်ခေါ်ခံသွားရဦးမယ်"
ချန်းချင်းယန်: "…"
ကျွန်မ အခုချက်ချင်း ကားထဲက ဆင်းတော့မယ်ဆိုတာ ယုံလား...
သူမက ရှန်းယွမ်ဇယ်ကို အမုန်းအပြည့်ဖြင့် စိုက်ကြည့်လိုက်သော်လည်း ထိုသူ ဧကရာဇ်မော့ထံ ခေါ်သွားပေးမည့်အကြောင်းအား တွေးလိုက်မိချိန်တွင် အံတင်းတင်းကြိတ်၍ ဒေါသကို မျိုချလိုက်ရသည်။
"ကားမောင်းတော့... မကောင်းတဲ့ကောင်ရဲ့"
ချန်းချင်းယန်မှာ အမှန်တကယ်တွင် အတော်လေးကောင်းမွန်သည့် နောက်ခံ ရှိသည်။သူမ၏ ပုံပန်းသွင်ပြင်က လူအများကို ရင်းနှီးကျွမ်းဝင်သွားစေသည်။ အထူးသဖြင့် သူမ အမြဲတမ်း တပ်ထားခဲ့သည့် မျက်မှန်ကို ချွတ်လိုက်သောအခါတွင် ဖြစ်သည်။ သူမ၏ မျက်နှာလေး တစ်ခုလုံးက နူးညံ့ကာ လှပနေသည်။
ချန်းချင်းယန်က ရှန်းယွမ်ဇယ်၏ မိသားစု မည်မျှ ချမ်းသာလိမ့်မည်ကို တွေးထားမိပြီးသား ဖြစ်သော်လည်း ထိုမျှလောက်ထိ ကြွယ်ဝလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။သူမ ယခင်က ထိုဗီလာဧရိယာအကြောင်း ကြားထားခဲ့ဖူးသည်။
သူမက နာမည်ကျော်ကားများ ဝင်ထွက်သွားလာနေသည်ကို ကြည့်ရင်းဖြင့် စိတ်လှုပ်ရှားလာခဲ့ပြီး နှုတ်ခမ်းထောင့်လေးများ တွန့်ကွေး၍ ကားမောင်းနေသူကို ကြည့်လိုက်သည်။ ၎င်းက သေချာပေါက် ဥက္ကဌကြီး မစ္စတာဝမ်လိုပါပေ။
ထိုသူက ကားကို ကားဂိုထောင်ထဲသို့ ထည့်လိုက်ပြီး ချန်းချင်းယန်၏ လက်ကို ဆွဲကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ ချန်းချင်းယန်က သူမရှေ့မှ လူ၏ လက်ကို ကြည့်ကာ စိတ်မပါလက်မပါ တွဲထားလိုက်ရသည်။ ဧည့်ခန်းက အလွန် တောက်ပနေလေသည်။ တစ်ခဏလေးအတွင်းမှာပင် ချန်းချင်းယန်က ကြယ်ငါးပွင့်ဟိုတယ်အတွင်း ဝင်လာခဲ့ရသည်ဟုသာ တွေးမိနေတော့သည်။
သူတို့ဝင်လာသောအခါ ဆိုဖာပေါ်တွင် ထိုင်နေသည့် လူနှစ်ယောက်က လှမ်းကြည့်လာခဲ့သည်။ ညာဘက်မှ လူမှာ ရှန်းယွမ်ဇယ်၏ အဘိုး ဖြစ်နိုင်သည်။ ဘယ်ဘက်က မိန်းမလှလေးကတော့ အဲ့ဒီအစ်မကြီးပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား...
အနီရောင် ဝတ်စုံဝတ် အလှလေးမှာ ရှန်းယွမ်ဇယ်နှင့် ချန်းချင်းယန်တို့ လက်များ တွဲထားကြသည်ကို တွေ့သောအခါ မသိစိတ်မှ မျက်ခုံးကြုတ်သွားလေသည်။
"အဘိုးကို မိတ်ဆက်ပေးရအုံးမယ်... ဒါ ကျွန်တော့် ချစ်သူ ချန်းချင်းယန်လေ"
ရှန်းယွမ်ဇယ်က ချန်းချင်းယန်၏ လက်ကို အဘိုးဖြစ်သူထံ ဆွဲယူပေးလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသည့် လူအိုကြီးနှင့် မိတ်ဆက်ပေးလိုက်သည်။
လူအိုကြီးက ထွင်းဖောက် ကြည့်ရှုရန်အတွက် အလွန် နက်နဲလေသော အကြည့်များဖြင့် သူမကို အကဲခတ်နေခဲ့သည်။ ချန်း ချင်းယန်က လက္ခဏာတစ်စွန်းတစ်စမှ မချန်ထားဘဲ လက်ကို ဆွဲကာ နှုတ်ဆက်လိုက်သည်။
"ဘိုးဘိုးကို နှုတ်ဆက်ပါတယ်" 'ဖာခ့်... သေသင့်တဲ့လူ... လက်ကို ဒီလောက်ထိ ညှစ်ထားဖို့ လိုလို့လား'
"ဒါက စုန့်ယန်... စုန့်မိသားစုရဲ့ သခင်မလေးလေ"
"ဟယ်လို" ဤတစ်ကြိမ်၌ ချန်းချင်းယန်က ရှန်းယွမ်ဇယ်ကို ဆန့်ကျင်၍ မလှုပ်ရှားနိုင်ခင်မှာပင် လက်ဦးမှုယူ၍ နှုတ်ဆက်လိုက်သည်။
"ဟယ်လို"
စုန့်ယန်က ဆိုဖာမှ ထရပ်လိုက်သည်။ သူမက ဒေါက်မြင့်ဖိနပ် စီးထားသောကြောင့် ချန်းချင်းယန်ထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်နေပေသည်။ သူမက ချန်းချင်းယန်ကို ထိုကဲ့သို့ ကြည့်လာသောအခါ သူမကို နှိမ့်ချရန်အတွက် ရည်ရွယ်ချက် ရှိနေပုံပါပင်။ ချန်းချင်းယန်က အရပ်ချင်း ယှဥ်ခံလိုက်ရသည့်အတွက် မပျော်မရွှင် ဖြစ်သွားသည်။ သူမက ခေါင်းထက်မှ တစ်ဖက်လူက စကားပြောလာသည်ကို ကြားလိုက်ရချိန်တွင် မျက်ခုံးကြုံ့သွားရလေသည်။
"ဒီပဲပင်ပေါက်မကြောင့် ကျွန်မကို ငြင်းတာပေါ့လေ"
ချန်းချင်းယန်: "…"
နင့်မိသားစုအတွက်သာ ပဲပင်ပေါက် ယူပေးသွားလိုက်...
တစ်ဖက်တွင် ရှန်းယွမ်ဇယ်က ကြက်သီးထလောက်ဖွယ် အသံအနေအထားဖြင့် ပြောလိုက်သည်။
"ငါက ဒီပဲပင်ပေါက်လေးကို စားရတာ ကြိုက်တယ်လေ"
ချန်းချင်းယန်: "…"
သောက်ကျိုးနဲ...
သူမက ဘယ်လိုလုပ် ပဲပင်ပေါက် ဖြစ်ရမှာလဲ... သူမမှာလည်း ရင်သားတွေ ရှိတယ်လို့... ထိုအကြောင်းကို စဥ်းစားမိသွားသော အခါ ချန်းချင်းယန်က မသိစိတ်၏ စေ့ဆော်မှုအရ ရင်ဘတ် ကော့ပြမိသွားလေသည်။ သူမ၏ ထိုလှုပ်ရှားမှု သေးသေးလေးကို သတိထားမိသွားသော ရှန်းယွမ်ဇယ်က ဝိုးတိုးဝါးတား ပြုံးလိုက်လေသည်။
စုန့်ယန်၏ အကြည့်များမှာ ချန်းချင်းယန်အပေါ်တွင် မြဲမြံနေခဲ့သည်။
"မိန်းကလေးချန်းက ဘယ်မှာ အလုပ်လုပ်လဲ သိချင်မိတယ်..."
ချန်းချင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ "ကျွန်မက ပုကျန်း နက်ဘ်ဝါ့ ယဥ်ကျေးမှု ဖြန့်ဖြူးရေး ကုမ္ပဏီ လီမိတက်မှာ လုပ်နေတာပါ"
"ပုကျန်း" စုန့်ယန် မျက်ခုံးကျုံ့မိသွားပြီး ပဟေဠိလည်း ဖြစ်သွားသည်။
"ဒီနာမည်ကို ကမ္ဘာပေါ်က အကောင်းဆုံး ကုမ္ပဏီ ငါးရာ စာရင်းထဲမှာ မကြားဖူးဘူး"
ချန်းချင်းယန်: "…"
မိန်းကလေးစုန့်က သူမတို့ရဲ့ ဝက်ဘ်ဆိုက်ကို တကယ် မြင့်မြင့် တွေးထားတာပဲ...
နံဘေးမှ ရှန်းယွမ်ဇယ်မှာ ထိုနှစ်ယောက်၏ စကားဝိုင်းကို နားထောင်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။
စုန့်ယန်က သူ့နှုတ်ခမ်းထောင့်မှ အပြုံးကို ကြည့်၍ သူမ၏ စိတ်အခြေအနေမှာ ပို၍ပင် ဆိုးဝါးလာခဲ့သည်။
"ယွမ်ဇယ်... ကျွန်မ တကယ် ရှင့်ကို နားမလည်နိုင်တော့ဘူး... ကျွန်မတို့ နှစ်ယောက် အတူရှိရတာက ဘာများ မှားနေလို့လဲ... ကျွန်မတို့ရဲ့ ပုံစံပဲ ဖြစ်ဖြစ် ပညာရေးပဲ ဖြစ်ဖြစ် နှစ်ယောက်လုံးက လိုက်ဖက်ညီနေတာပဲလေ... ကျွန်မက လက်ထပ်ပြီးရင် အချိန်ပြည့် ဇနီးတစ်ယောက်အဖြစ်နေဖို့ ဆန္ဒရှိတယ်... ရှင်က ဘာတွေ စိတ်မကျေနပ်နေရသေးတာလဲ"
ချန်းချင်းယန်က ထိုစကားများကို ကြားသောအခါ မျက်ခုံးကြုံ့သွားသည်။
"မိန်းကလေးစုန့်... ရှင် သူ့ကို တကယ် ကြိုက်တာလား"
ချန်းချင်းယန်၏ နှောက်ယှက်မှုက စုန့်ယန်ကို အလွန် မပျော်မရွှင် ဖြစ်သွားစေဟန်ပင်။
"အဲ့လို ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးကြီးနေလို့လား"
Xxxx