အပိုင်း ၉၇
Viewers 10k

Chapter 97
မော့ချန်း​ရွေ့


ချန်းချင်းယန်က တစ်ခဏမျှ ကြက်​သေ​သေသွားပြီး​နောက် အခြားလက်ဖြင့် ​​ခေါင်းအုံးကို ဆွဲယူကာ သူ့​ခေါင်းကို ရိုက်လိုက်သည်။

"ရှင်က ကျွန်မကို ကြုံရာကျပန်းလူတစ်​ယောက်လို ​ပြော​နေတာပဲ... ကျွန်မကလည်း ကျွန်မ ကြိုက်တဲ့သူနဲ့ပဲ လုပ်မှာ"

ရှန်းယွမ်ဇယ်က ပြုံးလိုက်ပြီး ​ခေါင်းအုံးကို ​ရှောင်ရှားလိုက်သည်။ သူက သူမကို ကြည့်လိုက်ပြီးနောက် ​ပြောလိုက်သည်။

"ငါတို့ တစ်​ယောက်​နဲ့ တစ်​ယောက် ကြိုက်​နေကြမှ​တော့ အတူရှိတာ ပို​ကောင်းမယ်​လေ"

ချန်းချင်းယန်၏ လှုပ်ယွ​နေ​သော လက်များ ရုတ်တရက် ​အေးခဲသွားသည်။ သူတို့သာ ဒီလမ်းနဲ့ အဆုံးသတ်သွားရင် အတူရှိမှပဲ ရ​တော့မယ်... သူမက လက်ခံ​တော့မည့် အချိန်မှာပင် ရှန်းယွမ်ဇယ်က ရုတ်တရက် ရယ်​မောလာခဲ့သည်။

"​ဆောရီး... အစက ဒီလို ​ပြောမလို့ စီစဥ်ထားတာပဲ... ဒါ​ပေမယ့် ငါတို့ ဘာမှ မဖြစ်ခဲ့ကြဘူး"

ချန်းချင်းယန်: “…”

မင်းအဝတ်အစား​​တွေကို ဟိုတယ် ဝန်ထမ်း တစ်​ယောက်က လဲ​ပေးသွားတာ... မင်း ငါ့ကိုယ်​ပေါ် အန်ထားလို့ ​ရေသွားချိုး​နေတာ"

ချန်းချင်းယန်: “…”

သူမ ​စော​စောကတည်းက ​တွေးခဲ့သင့်တာ.. ဝတ္ထု ဇာတ်​ကြောင်း​တွေအတိုင်း ရိုးရိုးပဲ ဖြစ်ပျက်သွားတာ​ပေါ့​လေ...

သို့​​သော်လည်း သူမက ရှန်းယွမ်ဇယ်ကို အဆိပ်ပြင်းသည့် အကြည့်တစ်ချက်​ပေးလိုက်သည်။ သူမက ရုတ်တရက် ဒူး​ကွေး၍ ထိုသူ၏အ​ရေးအကြီးဆုံးအစိတ်အပိုင်းကို တိုက်လိုက်ပြီး ရှန်းယွမ်ဇယ်၏ အသားအရည် ရုတ်တရက် ​​​ပြောင်းလဲသွားခဲ့​လေသည်။

ချန်းချင်းယန်က စိတ်​ကျေနပ်​နေခဲ့သည်။ ငါ့ကို စတဲ့အတွက် အပြစ်ဒဏ်ပဲ... ဒီအကွက်ကို တလီ ကိုယ်တိုင် သင်​ပေးထားခဲ့တာ​ကွ...

ရှန်းယွမ်ဇယ်က သူ့​ရှေ့မှ မိန်းမငယ်​လေးကို ကြည့်ကာ အားစိုက်ထုတ်​နေရသည့် အသံဖြင့် ​ပြောလိုက်သည်။

"ငါနာသွားရင် အနာဂါတ်မှာ ငိုရမဲ့သူက မင်းဖြစ်သွားမှာ​နော်"

ချန်းချင်းယန်: “…”

ယုံချင်ယုံ မယုံချင်​နေ... ကျွန်မ ရှင့်ကို ထပ်ကန်လိုက်မှာ...

တစ်ဖက်တွင် လက်ထပ်ပွဲ​ကြောင့် တစ်​​နေ့လုံး အလုပ်ရှုပ်​နေသည့် လီယန်မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ရာ​​ပေါ်တွင် လဲချလိုက်သည်။ ​မော့ကျန်းက သူမ၏ ပုခုံး​​လေးကို လှုပ်၍ နူးညံ့စွာ ​ပြောလိုက်သည်။

"အား​ယောင်... ​ရေအရင်ချိုးပြီးမှ အိပ်​လေ"

"မချိုးချင်​တော့ဘူး..."

​မော့ကျန်းက မျက်လုံးများကို ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်သည်။ "မဟုတ်ရင်... ​ဆေး​ကြောဖို့

ကိုယ်ကူညီ​ပေးရမလား"

"​ကောင်းပြီ​လေ...

​ကောင်းပြီ​လေတဲ့လား... ​မော့ကျန်း၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်​ပြေးသွားခဲ့သည်။ တစ်ဖက်လူက ပွင့်လင်း​နေမှ​တော့ ဒီအခွင့်အ​ရေးကို ဘယ်လိုလုပ် လက်လွှတ်ခံလိုက်လို့ ဖြစ်မလဲ... သူမကို ​ပွေ့​တော့မည် အပြုတွင် ​​ဖြောင်​ဖြောင်က ​လေထဲတွင် ရုတ်တရက် ​ပေါ်လာခဲ့သည်။

"ဧကရာဇ်​မော့... ​ကြောင်​လေး... ​ပျော်စရာ လက်ထပ်ပွဲ​လေး ဖြစ်ပါ​စေ"

​မော့ကျန်း: “…”

မင်းထွက်သွားရင် ပို​တောင် ​ပျော်ရအုံးမယ်...

ဖြောင်​ဖြောင် သူ့အ​တွေးကို ​ဖောက်မြင်​နေရသည့်အလား နှုတ်ခမ်း​ထောင့်များ တွန့်သွား​လေသည်။ "နှုတ်ဆက်စကား ​ပြောဖို့ ​ရောက်လာတာ... ရှင်တို့ အတူရှိကြပြီဆို​တော့ ကျွန်မလည်း ကုသိုလ်ကောင်းမှုတွေ လုံလုံ​လောက်​လောက် ရသွားပြီ​လေ... အခု ပြန်လည်ဝင်စားဖို့ သွား​တော့မယ်"

"ပြန်လည်ဝင်စားဖို့ သွားမှာလား" လီယန်က ထထိုင်လာသည်။

"​ဖြောင်​ဖြောင်... ဘယ်ကို ဝင်စားဖို့ သွားမှာလဲ"

"ဆရာသခင်ချန်က ငါ့ကို ကူပြီး တစ်​ယောက်​ယောက် ရှာ​ပေးထားတယ်"

​​"​နေစမ်းပါအုံး... ဆရာသခင်ချန်... ချန်ရှင်းလား"

​​ဖြောင်​ဖြောင်​၏ မျက်နှာ ပြိုလဲသွားရသည်။ အိုး... မဟုတ်​ဘူး... သူမ ထုတ်​ပြောမိသွားပြီ...

​မော့ကျန်း သူမကို ကြည့်ကာ မျက်​မှောင်ကြုံ့လိုက်​လေသည်။

"ဘာ​တွေ ဖြစ်​နေတာလဲ... ဒီကိစ္စက ဆရာနဲ့ ဘယ်လို ဆိုင်သွားရတာလဲ" ဆရာသခင်က ယ​​​နေ့ လက်ထပ်ပွဲကိုပင် ​ရောက်မလာခဲ့​​သော်လည်း လက်ဖွဲ့ ပို့​ပေးလာခဲ့သည်။

​ဖြောင်​ဖြောင်က သက်ပြင်းချ၍ ​ပြောလိုက်သည်။

"အရင်က ကျွန်မ သရဲ ပို့​ဆောင်သူ​​တွေ ရိုက်တာခံရလို့ ဝိဥာဏ် ​ပျောက်ကွယ်လုနီးနီး ဖြစ်သွား​ခဲ့တာလေ... ဆရာသခင်ချန်က ကျွန်မကို ကယ်​ပေးခဲ့တာ... သူက ရှင်တို့နှစ်​ယောက်ကို ​ပျော်စရာ ဇာတ်သိမ်း​လေး ဖြစ်​အောင် ကူညီ​ပေးရင် ပြန်လည်ဝင်စားဖို့ ကူညီ​ပေးမယ်လ်ု့ ​ပြောခဲ့တာ"

လီယန်က ​ခေါင်း​လေး ​စောင်းလိုက်သည်။ "သရဲ ပို့​ဆောင်သူ​တွေက ဘာလို့ နင့်ကို ပစ်မှတ်ထား​နေကြတာလဲ"

"အာ... ငါတစ်ခုခု ကျူးလွန်ခဲ့လို့​" ယခင်ဘဝတွင် သူမက သူမ၏ သတို့သား​လောင်းထံမှ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မူလတွင် ထိုသူနှင့် သူ့အမျိုးသမီးကို လက်စား​ချေရန် ကြံရွယ်ခဲ့သည်။ ရလဒ်အ​နေဖြင့် လက်စား​ချေမှု တစ်ပိုင်းသာ ပြီးချိန်၌ သရဲ ပို့​ဆောင်သူများ၏ အာရုံကို ဆွဲ​ဆောင်မိသွားခဲ့​လေသည်။

လီယန်က ​မေးခွန်းများ ထပ်​မေးချင်​သေးပုံ ​ပေါ်​နေသည်ကို ​တွေ့​သောအခါ ​ဖြောင်​ဖြောင်က ခပ်မြန်မြန် ​ပြောလိုက်သည်။

"အချိန် မ​လောက်​တော့ဘူး... ငါအခု မသွားရင် အချိန်မီမှာ မဟုတ်ဘူး... နှုတ်ဆက်ပါတယ်"

သူမက နှုတ်ဆက်ပါတယ်ဟု ​ပြန်မ​ပြောလိုက်နိုင်ခင်မှာပင် ​ဖြောင်​ဖြောင်က သွားနှင့်​လေပြီ။ ပြန်လည် ဝင်စားခြင်းက ကိစ္စ​​ကောင်းတစ်ခု ဖြစ်​သော်လည်း လီယန်က အနည်းငယ် မသက်မသာ ဖြစ်​နေဆဲပင်။ သူမ မျက်​မှောင်ကြုံ့​နေသည်ကို ​တွေ့​သောအခါ ​မော့ကျန်းက ​သူမဆီ ​လျှောက်လာခဲ့ပြီး ​မေး​လေးကို ​မတင်လိုက်သည်။

"အား​ယောင်... ​ယောကျ်ား​လေး လိုချင်လား... မိန်းက​လေး လိုချင်လား"

လီယန်: “…”

သူမက ငယ်ငယ်​လေးပဲ ရှိ​သေးတာ... ဘာမှ မလိုချင်​သေးဘူးလို့... ​


​မော့ကျန်း၏ မင်္ဂလာပွဲကို သိုသိုသိပ်သိပ်သာ ကျင်းပခဲ့​​သော်လည်း လက်ထပ်ပွဲနှင့် ပတ်သက်၍ ​ကောလဟာလများစွာ ထွက်ခဲ့သည်။ ဥပမာ အားဖြင့် လက်ထပ်ပွဲ၏ စတိုင်လစ်က နတ်ဘုရား အန်းယိ ဟူ၍ လည်း​ကောင်း လက်ထပ်ပွဲတက်လာသည့် ကြယ်ပွင့်များက များပြားလှသဖြင့် ​ကော်​ဇော်နီ​ပေါ် ​လျှောက်လာသည်နှင့် တူ​နေခဲ့သည် ဟူ၍ လည်း​ကောင်း စုံတွဲအသစ်​လေးက မည်မျှ ချစ်ခင်ကြင်နာ ​နေကြသည် စသည်ဖြင့်ပင်။

ဖန်များ၏ နှလုံးသားများက စမ်းသပ်ပြီးရင်း စမ်းသပ်ခံခဲ့ရသည့်​နောက် သူတို့က ​ဝေ့​ပေါ်တွင် ဧကရာဇ်​မော့ တင်လာ​သော မည်သည့် ​ပျော်စရာ ပိုစ့်ကိုမဆို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့ပြီဟု ခံစားရသည်။

သို့​​သော်လည်း ယ​​နေ့တွင် ဧကရာဇ်​မော့က သူတို့၏ ခံနိုင်ရည်ကို ထပ်မံစိန်​ခေါ်ခဲ့ပြန်သည်။

​မော့ကျန်း v:[ ဒီ​နေ့ ငါ့အမျိုးသမီးကို ကျန်းမာ​ရေး စစ်​ဆေးဖို့ ​ဆေးရုံကို အ​ဖော်ပြုပြီး လိုက်​ပေးခဲ့တယ်... ​ဒေါက်တာက ​ပြောလိုက်တယ်... မကြာခင် ငါ အ​ဖေတစ်​ယောက် ဖြစ်​တော့မယ်တဲ့... ​ကျေးဇူးပြုပြီး ငါ့ကို ဆုမွန်​ကောင်း ​​တောင်း​ပေးကြပါ...]



(“ဟားဟားဟား... မင်းအတွက် ဆု​တောင်း​ပေးပါတယ်... မင်းက​​တော့ ဆယ်လတာ ​ရှောင်ရှားရမယ့် ကာလထဲ ဝင်သွားပြီ [ဘိုင့်ဘိုင်]”)

(“မိန်းက​လေး ငါး​ယောက်နဲ့ ​​ပျော်စရာ အချိန်​လေး ရပါ​စေလို့ ဆု​တောင်း​ပေးတယ်​နော် [ဘိုင့်ဘိုင်]”)

( “​ယောကျ်ား​တွေက ကိုယ်ဝန်​​ဆောင်ကာလမှာ ​ဖောက်ပြန်နှုန်း အမြင့်ဆုံးလို့ ကြားဖူးတယ်...​နောက်တစ်ကြိမ်ကျရင် ကွာရှင်းစာချုပ် တင်နိုင်ပါ​​စေ [ဘိုင့်ဘိုင်]

( “မင်းလို အိုင်​ဒေါလ် တစ်​ယောက် ဖြစ်ရတာ အ​တော်​လေး ခက်ခဲမှာပဲလို့ စဥ်းစားမိတယ် [ဘိုင့်ဘိုင်]”)



​မော့ကျန်းက ဖန်များ၏ ကွန်မန့်များကို စိတ်ရှည်လက်ရှည် ဖတ်​နေပြီး​နောက် ​ဝေ့​ပေါ်တွင် ​နောက်ထပ် ပိုစ့်တစ်ခု တင်လိုက်သည်။

​မော့ကျန်း v: [ငါ့ကို မလိမ်ကြနဲ့... ​ဒေါက်တာက သုံးလကြာရင် လုပ်လို့ ရတယ်လို့ ရှင်းရှင်းလင်းလင်း ​ပြောပြထားပြီးသား╭(╯^╰)╮]

ဖန်​လေးများ: …

အန်တီ​ရေ... ငါဘာလို့ ဒီလူကို ကြိုက်ခဲ့မိပါလိမ့်... ကိုယ်ဝန်​ဆောင်​တောင် မ​ရှောင်ဘူး​နော်... သားရဲကြီး...

လီယန်သည်လည်း ​မော့ကျန်း၏ ​ဝေ့​ပေါ်ပိုစ့်ကို ​တွေ့သွားပြီး သူမ၏ မျက်နှာထက်တွင် အံ့အားသင့်ထိတ်လန့်သွားသည့် အနက်​ရောင်မျဥ်းများ ​ပေါ်လာသည်။ ဒီနှစ်ထဲ ဧကရာဇ်​မော့ရဲ့ ပိုစ့်တင်တဲ့ပုံစံက အင်တိုက်အားတိုက် ​ပြောင်းလာတာပဲ... ရှိ​သေးတာက ဒီလိုမျိုးတင်လိုက်တာ​တောင် ​ဖော်လိုဝါ​တွေ ​လျော့မသွားဘူး... ဒါကြီးက သိပ္ပံနည်းမကျတော့ဘူးလို့...

“ဖျတ်”

လက်​တော့အဖုံး ပိတ်သွားပြီး ​မော့ကျန်းက လီယန်​နောက်တွင် ရပ်၍ အနည်းငယ် မ​ကျေမနပ် ဖြစ်​နေ​ပုံ ​ပေါ်​နေခဲ့သည်။

"ဒေါက်တာက အခု အီလစ်ထရွန်းနစ် ပစ္စည်း​တွေနဲ့ ထိ​တွေ့တာ ​လျှော့ဖို့ ​ပြောထားတယ်​လေ... စကားမစပ်... ​နောက်ဆို ဖုန်းလည်း မသုံးနဲ့​တော့"

လီယန်: “…”

​သောက်ကျိုးနဲ... ဖုန်းကိုလည်း အင်တာနက် မချိတ်​ပေးနဲ့​​တော့လေ... ဒါဆို ဖုန်းလည်း သိမ်းစရာ မလို​တော့ဘူး...

လီယန်က အိပ်ရာ​ပေါ်တွင် ​စောင်​လေးခြုံကာ နှာမှုတ်လိုက်ပြီး ​မော့ကျန်းကို ​ကျော​ပေးထားလိုက်သည်။ ​မော့ကျန်းက အနည်းငယ် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရပြီး ကိုယ်ကို ကိုင်း၍ သူမ၏ ဆံပင်​လေးကို ပွတ်သပ်​ပေးလိုက်သည်။

"အား​ယောင်... အခု ကိုယ်တို့မှာ က​လေး ရှိ​နေပြီ​လေ... ​နောက်ထပ် ထုံ​ပေ​ပေလုပ်​နေလို့ မရ​တော့ဘူး... လမ်း​လျှောက်ရင်​တောင် ဂရုစိုက်ရမယ်​လေ"

လီယန်: “……”

ဒီအန်တီက ကွာရှင်းချင်​နေပြီလို့...

ကိုယ်ဝန်​ဆောင်ခြင်းက လီယန်နှင့် ​မော့ကျန်းတို့ နှစ်ဦးလုံးအတွက် အလွန် ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်သည်။ လီယန်က ကိုယ်ဝန်​ဆောင်ကာလအတွင်း မနက်ပိုင်းတွင် ပျို့အန်ခြင်းများနှင့် ​ဖော​ယောင်ခြင်းများကို ခံစားခဲ့ရသည့် အချိန်တွင် ​မော့ကျန်း ရင်ဆိုင်ရသည်မှာ မြင်သာမြင်ရ မစားရသည့် ဝမ်းနည်းဖွယ် ​နေ့ရက်များဖြစ်သည်။

လတ်တ​လောတွင် ​မော့ကျန်က ကင်မရာ​ပေါ်၌ အလိုမကျ ဖြစ်​နေသည့် မျက်နှာဖြင့် ​ပေါ်လာတတ်သဖြင့် ဖန်များမှာ သူ့ကို ကြည့်ရသည်အား အလွန် နှစ်​ထောင်းအားရ ဖြစ်​နေကြသည်။

လီယန်၏ ခန့်မှန်းထား​သော ​မွေးရက်မှာ မတ်လဖြစ်ပြီး ပြန်လည်နွေးထွေးလာသော ရာသီတွင် ဖြစ်​နေသည်။

မတ်လ စတင်သည်နှင့် ​မော့ကျန်းက လှည့်ကြည့်စရာမလိုသည့် အလုပ်များ အားလုံးနီးပါး ဖြတ်ချထားခဲ့ပြီး လီယန်ကိုသာ စိတ်လှုပ်ရှားစွာဖြင့် တစ်​နေ့လုံး စိုက်ကြည့်​နေ​​လေ့ရှိသည်။ လီယန်က လွန်ခဲ့​သော ဆယ်လအတွင်း အလွန် တင်းကြပ်​သော ကွပ်ကဲမှု ​​အောက်တွင် ရှိခဲ့သည်။ အယ်ဒီတာကျိုးက ကိုယ်ဝန်​ဆောင် အဝတ်များအတွက် ဓါတ်ပုံ ရိုက်ကူး​ရေး တစ်ခု လုပ်ချင်သည်ဟု ​ပြောလာ​သောအခါတွင်ပင် ​မော့ကျန်းက ​အေးစက်​နေ​သော မျက်နှာဖြင့် ငြင်းဆန်လိုက်သည်။

အမှန်တကယ်တွင်မူ သူမက ဓါတ်ပုံများ ရိုက်ကူးချင်ပါ၏။ ကိုယ်ဝန်​ဆောင် အမျိုးသမီးများက အလှပုံများ ရိုက်ကူးရန်အတွက် စတူဒီယိုသို့ သွား၍ ​ငွေများစွာ သုံးစွဲ​လေ့ရှိကြသည်ဟု ကြားခဲ့ဖူးသည်။ ယခုတွင် တစ်စုံတစ်​ယောက်က သူမကို ပုံရိုက်ရန်အတွက် ပိုက်ဆံများပင် ​ပေးလာ​ခဲ့သော်လည်း ထိုလူက ငြင်းလွှတ်လိုက်သည်။ တကယ့်အချက်မှာ သူမက ​အိမ်တွင် နေ့တိုင်း ​နေ​နေရသည်ကို ငြီး​ငွေ့​နေ​လေပြီ။

ယခုတွင် သူမက ​မွေးလသို့ ​ရောက်ပြီ ဖြစ်၍ မကြာခင် လွတ်လပ်​တော့မည်ဟု ခံစား​​နေရသည်။

နောက်ဆုံးတွင် ထိုအသက်လေး တစ်ခုမှာ လူတိုင်း၏ ​​မျှော်မှန်းမှု​အောက်တွင် ​မွေးဖွားလာခဲ့​လေပြီ။ ဧကရာဇ်​မော့က ​ဆေးရုံမှ ကိစ္စဝိစ္စအားလုံးကို ​ဖြေရှင်းပြီး​နောက် ​ဝေ့​ပေါ်တွင် ပိုစ့်တင်လိုက်​လေသည်။

​မော့ကျန်း v:[ ​​ရှော​ရှောရှူရှူ]ပဲ ဖခင်တစ်​ယောက် ဖြစ်လာခဲ့ပြီ... သား​လေးပါ... ငါ့လိုပဲ ​ချော​တယ်...]

……

မ​ပျော်ရွှင်ကြ​သော ဖန်များစွာ ရှိ​နေပါ​သော်လည်း ဤတစ်ကြိမ်၌ သူ့ကို မရယ်ကြ​တော့။ အဆုံးတွင် ဘဝ​လေး တစ်ခု ​မွေးဖွားလာခြင်းက ​ပျော်စရာ ကိစ္စရပ်တစ်ခုဖြစ်သည်။ မလိုလားပါ​​သော်လည်း လူတိုင်းက ဆုမွန်​ကောင်းများ ​တောင်း​ပေးလာကြသည်။

သား​လေး၏ တရားဝင် အမည်ကို ​မော့ကျန်း ​ပေးထားခြင်း ဖြစ်ပြီး ​မော့ချန်း​ရွေ့ဟု အမည်ရကာ ​ရွေ့​ရွေ့ ဟူ​သော နာမည်​ပြောင်ကို လီယန်က ​ပေးထားခြင်း ဖြစ်သည်။

အသိုင်းအဝိုင်းထဲမှ အနုပညာရှင်များစွာကလည်း ဂုဏ်ပြုထားကြသည့် စာတိုများ ​ပေးပို့လာကြသည်။ ဆေးရုံကုတင်ထက်တွင် လဲ​လျောင်း​နေ​သော လီယန်ကို ကြည့်ကာ ဧကရာဇ်​မော့မှာ ​ပျော်ရွှင်မှု ​ရေအိုင်ကြီးအဖြစ် အ​ရည်​ပျော်ကျလုနီးပါး ဖြစ်သွားသည်။

​​မော့ကျန်း ထိုနာမည်​ပြောင်ကို ပထမဆုံးအကြိမ် ကြားရ​သောအခါ နှလုံးသားထဲတွင် အနည်းငယ် ရှုပ်​ထွေးသွားခဲ့သည်။ ဒီနာမည်က လက်လွတ်စပယ် မဖြစ်လွန်းဘူးလား...

သို့​သော်လည်း အား​ယောင်၏ အိုင်ကျူကို ​တွေးမိသွား​သောအခါ သူမက ထိုကဲ့သို့​​သော နာမည်မျိုးအား ​ပေးနိုင်ပေသည်။

​မော့ချန်း​ရွေ့က ကြည့်​ကောင်းလွန်းလှသည်။ သုံးနှစ်သား အရွယ်မှာပင် အလွန် ​ချောမော​နေပြီ ဖြစ်သည်။ အထူးသဖြင့် သူ့မျက်လုံးများမှာ ​ကောင်ကင်​ပေါ်မှ ကြယ်များကဲ့သို့ ​တောက်ပ​နေသည်။ လီယန်မှာ သူ ကြီးပြင်းလာလျှင် သူ့ဖခင်ကဲ့သို့ မ​ရေတွက်နိုင်​သော မိန်းက​လေးများကို ဒုက္ခ​ပေးမည်အား စိုးရိမ်​နေခဲ့ရသည်။

သို့​​သော်လည်း ​မော့ကျန်းက သူ့သားကို အနုပညာ​လောကတွင် ​လျှောက်လှမ်းခွင့်ပြုရန် ရည်ရွယ်ထားခြင်း မရှိ​ကြောင်း တမင်သက်သက် ဖြစ်​​စေ မရယ်ရွယ်ဘဲ ဖြစ်​စေ ​ပြောခဲ့သည်။ အဆုံးတွင် ထိုလမ်း​ကြောင်းက မည်မျှ ခက်ခဲသည်ကို သူသိ​နေသည်။ သူက သူ့က​လေးများကို သာမန် က​လေးဘဝ​လေးများတွင်သာ​ ​မွေ့​လျော်ရန် ဆု​တောင်းမိသည်။

ထို့​ကြောင့် ​မော့ချန်း​ရွေ့ သုံးနှစ်သား မ​ရောက်ခင်အထိ မီဒီယာများမှာ သူ့ဓါတ်ပုံကို မရိုက်နိုင်ခဲ့ကြ​ပေ။ ဧကရာဇ်​မော့ ​ဝေ့​ပေါ်တွင် တင်ထား​သော ပုံများသာ ရှိပြီး ၎င်းတို့အားလုံးက သူ​လေး တစ်နှစ်သား မတိုင်မီက ပုံများသာ ဖြစ်ကြသည်။

ဒါ​ပေမယ့်လည်း မီဒီယာ​တွေက ဧကရာဇ်​မော့ရဲ့ သားဖြစ်သူပုံကို ဘယ်လိုလုပ် လက်​​လျှော့နိုင်ပါ့မလဲ... ဘာသတင်းမှမလိုဘူး... သူ့ဓါတ်ပုံ​လေး တင်​ပေးလိုက်တာနဲ့ သတင်းကြီး ဖြစ်သွားမှာ... မိဘများ၏ မျိုးရိုးဗီဇက မည်မျှ ​ကောင်းသည်ကို ​တွေးကြည့်လိုက်ပါက ထိုက​လေး ​မော့ချန်း​ရွေ့က ​သေချာ​ပေါက် ​ကြည့်​ကောင်း​သော ရုပ်ရည် ရှိ​နေမည်ကို သိနိုင်​ပေသည်။

မီဒီယာများသာမက နာမည်​ကျော် ဒါရိုက်တာများနှင့် ​ကြော်ငြာရှင်များကလည်း ​ရွေ့​ရွေ့ကို လူ​တွေ့စစ်​ဆေးပွဲများအတွက် ကမ်းလှမ်းလာကြ​သော်လည်း ဧကရာဇ်​မော့က အားလုံးကို ငြင်းလွှတ်လိုက်သည်။ သူ့သားက အနာဂါတ်တွင် ​ဖျော်​ဖြေ​ရေး ​လောကထဲ ဝင်လိုပါက ဆန့်ကျင်မည် မဟုတ်သော်လည်း အနည်းဆုံး​တော့ သူ့သား၏ ငယ်ဘဝကို မီး​ရောင်​အောက်တွင် မရှင်သန်​စေလို​ပေ။

ဧကရာဇ်​မော့က အလုပ်များနေသဖြင့် ​ရွေ့​ရွေ့မှာ အချိန်များအားလုံးကို လီယန်နှင့်သာ ကုန်ဆုံး​လေ့ ရှိ​သော​ကြောင့် သူက မိခင်ဖြစ်သူကို အလွန် ကပ်တွယ်​​လေ့ ရှိသည်။ သူက အဝတ်အစားများ ဝတ်လျှင်​တောင် သူမက သက်​တောင့်သက်သာ ဖြစ်​အောင် ဝတ်​ပေး​လေ့ ရှိ​ပေသည်။

“မား... မား... နိုးပြီလား"

မနက်​စော​စော အချိန်တွင် ​မော့ချန်း​ရွေ့က အဝတ်အစား ​သေး​သေး​လေးများကို ဆွဲကာ လီယန်၏ တံခါးကို ပြင်းပြင်းထန်ထန် ​ခေါက်လိုက်သည်။ လီယန်က နိုးလာခဲ့ပြီး သူမ​ဘေးမှလူကို လွှတ်​ပေးရန် တွန်းလွှတ်ပြီး တံခါးဖွင့်​ခိုင်းချင်ပါ​သော်လည်း သူမမိသားစုမှ ကျန်းကျန်းမှာ ရိုက်ကူး​ရေး လုပ်ရန်အတွက် နိုင်ငံရပ်ခြားသို့ သွား​နေရပြီး ​နောက်တစ်ပတ်အထိ ပြန်လာနိုင်မည် မဟုတ်​ကြောင်း သတိရသွားသည်။

အခြား နည်းလမ်း မရှိသဖြင့် လီယန်က ​မိန်း​မော​​​တွေဝေစွာဖြင့် ထလာပြီး သူ့အတွက် တံခါးဖွင့်​ပေးလိုက်သည်။

“မားမား... သားကို အဝတ်အစား ကူဝတ်​ပေးပါဦး..."

​မော့ချန်း​ရွေ့က ကုတ်အင်္ကျီ​သေး​​သေး​လေးကို ကိုင်၍ ဝင်လာခဲ့ပြီး သူမကို စိတ်အားထက်သန်စွာ ကြည့်​နေခဲ့သည်။ သူမက အဝတ်ကို ကိုယ့်ဘာသာ ဝတ်ရန် သင်​ပေးလိုပါ​သော်လည်း သူ့ကို မြင်လိုက်ရ​​သောအခါ သူမ၏ နှလုံးသား နူးညံ့သွားသဖြင့် အဝတ်များကို ကိုင်ကာ သူ့အတွက် အဝတ်ဝတ်​ပေးလိုက်သည်။

“မားမား ​ပြောင်းပြန်ကြီး ဝတ်​ပေးထားတာ"

က​လေး​​လေး ​မော့ချန်း​ရွေ့မှာ အဝတ်များထဲမှ ကိုယ့်ကိုကိုယ် ပြန်ကယ်တင်လိုက်ရပြီး ကိုယ့်ဘာသာ အဝတ်ဝတ်လိုက်သည်။ အဝတ်အစား ဝတ်ပြီး​နောက် လီယန်က သူကို ​ကျေနပ်မှု အပြည့်ဖြင့် ကြည့်ကာ ထိုင်ချလိုက်သည်။ ပြီး​နောက် သူ့မျက်နှာ​လေးကို အနမ်း​ပေးလိုက်သည်။

"​ရွေ့​ရွေ့က ​ချော​လိုက်တာ"


Xxxx