Chapter 99
ငါးနှစ်သား မော့ချန်းရွေ့မှာ သုံးနှစ်အရွယ်ကထက် ပိုအရပ်ရှည်လာပြီး သူ့မျက်ခုံးများက မော့ကျန်းနှင့် ဆင်တူသည်။ သူက ကျောင်းတွင် ကလေးအုပ်ကြီး တစ်အုပ်ကို ဆွဲဆောင်ထားနိုင်ပြီး ဖြစ်သော်လည်း လီယန်ကို ကပ်တွယ်နေရသည်အား သဘောကျနေဆဲ ဖြစ်သည်။
သတင်းထောက်ကျဲကျဲက သူ့ကို တွေ့သည့်အခါ အရည်ပျော်ကျသွားသည်။ ဒါလေးက ဧကရာဇ်မော့ အသေးစားလေးပဲကွ... သူမတော့ သူလေးကို အာဘွားတွေ သွားပေးပစ်ချင်နေပြီ =3=
မော့ချန်းရွေ့က အပြင်လူများကို အမြဲတမ်း အေးစက်စက် ဆက်ဆံလေ့ရှိသည်။ သူက သတင်းထောက်များကို တွေ့သောအခါ သူ့မားမား၏ ရင်ခွင်ထဲတွင် ပျင်းပျင်းရိရိ ဆက်ခွေနေပြီး ထမလာခဲ့ပေ။ လီယန်က သူ့ကို နှုတ်ဆက်ရန် ပြောလိုက်သည့်အတွက် ဟယ်လိုဟုသာ ပြောလာခဲ့သည်။
သတင်းထောက်က သူ့ဘေးမှ ဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး အသံသွင်းဘောပင်နှင့် မှတ်စုစာအုပ်ကို ထုတ်ကာ အဖွင့်စကား ခပ်တိုတို ပြောလိုက်ပြီး မေးခွန်းများ မေးရန် ပြင်သည်။
“သူငယ်ချင်လေး ရွေ့ရွေ့... သားမှာ ဝါသနာတွေ ရှိလား"
“ကိုယ်ခံပညာ”
“ရွေ့ရွေ့က ပါးပါးနဲ့ မားမား ဘယ်သူ့ကို ပိုချစ်လဲ”
“မားမား”
“ဘာလို့များလဲ”
“သားပါးပါးက မားမားကိုပဲ နမ်းတယ်... သားကို မနမ်းဘူး”
သတင်းထောက်: “…”
ကြောက်စရာကောင်းတဲ့ တစ်ခုခုကို မတော်တဆ ကြားလိုက်ရတယ်လို့ ခံစားရတယ်နော်...
လီယန်သည်လည်း အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူ့ဘေးတွင် ထိုင်နေသည့် မော့ကျန်း တစ်ယောက်တည်းကသာ သူပြောသည့်စကားက မှန်ကန်နေသည့်အလား ရှိနေခဲ့သည်။ အင်တာဗျူးပြီးနောက် သတင်းထောက်ကျဲကျဲက သူ့မားမားထံမှ မော့ချန်းရွေ့ကို အာဘွားပေးရန် တောင်းဆိုလိုက်သော်လည်း သူ့ပါးပါးက အေးတိအေးစက် မျက်နှာကြီးဖြင့် ငြင်းလွှတ်လိုက်သည်။
သတင်းထောက်ကျဲကျဲ၏ နှလုံးသားလေး ကွဲကြေသွားလေသည်။ ငါးနှစ်သားလေးပဲ ရှိသေးတာကို ဘာလို့ အေးစက်နေရတာလဲလို့... အစက သူမက သူလေးကို ဧကရာဇ်မော့ အသေးစားလေးလို့ မှတ်ပြီး အာဘွားပေးချင်လို့ပါနော်...
သတင်းထောက်ကျဲကျဲကို အပြင်ဘက်သို့ လိုက်ပို့ပြီးနောက် မော့ကျန်းက မော့ချန်းရွေ့ကို သူ့အခန်းသို့ ပြန်သွားရန် ပြောလိုက်သည်။ မော့ချန်းရွေ့က သူ့ပါးပါးက မားမားကို ထပ်ပြီး အနိုင်ကျင့်တော့မည်ဟု ခံစားလိုက်ရသည်။ သူက လီယန်၏ ရင်ခွင်ထဲတွင်သာ ဆက်နေနေပြီး သူ့ကို ရက်ရက်စက်စက် စိုက်ကြည့်လိုက်ပါသော်လည်း အဆုံးတွင် ရှုံးနိမ့်သွားရသူမှာ သူဖြစ်နေသည်။
မော့ချန်းရွေ့က ရှုံးနိမ့်သွားပြီးနောက် နောက်တစ်ခါကျရင် အစ်ကိုကြီးကို လှည့်ကွက်တွေ ထပ်သင်ပေးခိုင်းရမယ်ဟု တွေးမိသွားသည်။ သူ့ပါးပါးကို မရိုက်နိုင်ဘူးဆိုတာ မယုံဘူး...
မော့ချန်းရွေ့ကို နှင်ထုတ်ပြီးနောက် မော့ကျန်းက လီယန်ကို အခန်းထဲသို့ ခေါ်လာခဲ့သည်။ မော့ကျန်းက သူမကို နမ်းနေရင်းဖြင့် သူမ၏ မျက်နှာပေါ်မှ အနက်ရောင် ဆံနွယ်လေးများကို ဖယ်ပေးလိုက်သည်။
"အားယောင်... ရွေ့ရွေ့က ငါးနှစ်ပြည့်ပြီနော်... သူ့ကို အဖော်လုပ်ပေးဖို့ ကိုယ်တို့ သူ့အတွက် ညီမလေး တစ်ယောက် မွေးပေးသင့်နေပြီ"
လီယန်: “……”
“ကျွန်မ ကလေး မမွေးချင်တော့ဘူး... အဲ့ဒါက အရမ်းနာတာ"
မော့ကျန်းက ပြုံး၍ သူမကို အိပ်ရာပေါ်သို့ ပစ်ချလိုက်ပြီး သူမ၏ နားသန်သီးလေးများကို ကိုက်လိုက်လေသည်။
"မနာပါဘူး... ကိုယ့်ကိုယုံ"
လီယန်: “…”
ဒါပေါ့... ရှင်ကတော့ ဘယ်နာမလဲ... မကောင်းတဲ့ကောင်ရဲ့...
......
ပုကျန်း နက်ဘ်ဝါ့က စာရေးသူများ တွေ့ဆုံပွဲ ကျင်းပတော့မည် ဖြစ်သည်။ ချန်းချင်းယန်က စာရေးသူ တစ်ယောက်အနေဖြင့် ဝက်ဘ်ဆိုက်ပေါ်တွင် အရေးပါသော အထောက်အကူများ ပြုထားခဲ့လေရာ စားရေးသူများ တွေ့ဆုံပွဲအတွက် ထိုက်ထိုက်တန်တန်ပင် ဖိတ်စာ ရရှိခဲ့သည်။
သူမကို စိတ်မသက်မသာ ဖြစ်စေရသည်မှာ ဂန္ဓမာပန်းလည်း ဖိတ်စာ ရထားသောကြောင့် ဖြစ်သည်။
၎င်းက ဂန္ဓမာပန်းအတွက် ပုကျန်းနက်ဘ်ဝါ့ စာရေးသူများ တွေ့ဆုံပွဲကို တက်ရောက်မည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ချန်းချင်းယန်က စီနီယာ တစ်ယောက်အနေဖြင့် သူမကို မမေ့နိုင်သော အတွေ့အကြုံတစ်ခု ပေးရန် ကြံရွယ်ထားသည်။
ချန်းချင်းယန်က လီယန်၏ လက်ထပ်ပွဲကို တက်ခဲ့စဥ်က ဝတ်ခဲ့သည့် ဝတ်စုံလေးကို တွေ့သောအခါ အလွန် စိတ်ကျေနပ်သွားသည်။ သူမက သူမ၏ ဘဝတွင် ထိုနှလုံးသားကို ဖျစ်ညှစ်နိုင်စွမ်း ရှိသည်အထိ စျေးကြီးလှသော ဝတ်စုံကို တစ်ခါသာ ဝတ်နိုင်တော့မည်ဟု တွေးခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် ၎င်းကို ပြန်လည် ဝတ်ဆင်ရန် အခွင့်အရေး ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ၏ စကပ်ကို အတွန့်အကြေများ မရှိတော့သည်အထိ မီးပူတိုက်ပြီးနောက် ချန်းချင်းယန်က ပျော်ပျော်ရွှင်ရွှင် ရေသွားချိုးတော့သည်။ ဂန္ဓမာပန်းက ဝေ့ပေါ်တွင် သူမကိုယ်သူမ PS လက္ခဏာများမပါဘဲ ပိုစ့်တင်ရသည်ကို အလွန် သဘောကျသည်။ ထိုဝါသနာက သူမ၏ ဂျူနီယာ ဂုဏ်ပုဒ်ကို ဆွဲခွာခံလိုက်ရသည့်တိုင်အောင် ပျောက်မသွားခဲ့ပေ။ ချန်းချင်းယန်က သူမ၏ နတ်ဘုရားလေး ကြော်ငြာထားသော ရေချိုးဆပ်ပြာကို သုံးနေရင်းဖြင့် မနက်ဖြန်တွင် သူမ အသွင်အပြင်ဖြင့်ပင် ဂန္ဓမာပန်း၏ ကိုယ့်ကိုကိုယ် အထင်ကြီးမှုများအား လုံးဝ ချေပစ်နိုင်ရမည်ဟု တွေးနေခဲ့သည်။
“ငါဒီနေ့ အရမ်း ပျော်နေတယ်" ချန်းချင်းယန်က ရေချိုးခန်းထဲတွင် တစ်ယောက်တည်း ပျော်ရွှင်နေခဲ့ပြီးနောက် သူမကိုယ်သူမ ရေချိုးသန့်စင်လိုက်ပြီးနောက် ထွက်လာခဲ့သည်။ သူမက အိပ်ရာထက်တွင် ရှိနေဆဲ ဖြစ်သည့် ဖုန်းကို ကောက်ယူလိုက်သည်။ ရှန်းယွမ်ဇယ်ထံမှ မဖတ်ရသေးသော မက်ဆေချ့် တစ်ခု ပို့ထားသည်ကို တွေ့လိုက်ရလေသည်။ ချန်းချင်းယန် နှုတ်ခမ်းကို စိပိတ်၍ ဖွင့်ကြည့်လိုက်သည်။
"မနက်ဖြန် ညစာ စားဖို့ လာခဲ့... အဘိုးက မင်းကို တွေ့ချင်နေတယ်"
ချန်းချင်းယန်: “…”
ရည်းစားအတု ဖြစ်လာတာ လတော်တော်ကြာနေပြီ ဖြစ်သော်လည်း ရှန်းယွမ်ဇယ်က လမ်းခွဲမည့် အရိပ်အယောင် မပြသေးပေ။ ဤကဲ့သို့သာ ဆက်ဖြစ်နေပါက သူမကလည်း သရုပ်ဆောင်ကြေး တောင်းရတော့မည်ထင်။
“မနက်ဖြန် အချိန် မရှိဘူး... နောက်ရက်မှ တွေ့ရအောင်"
“မနက်ဖြန် ဘာကိစ္စ ရှိလို့လဲ"
ချန်းချင်းယန် သက်ပြင်းချလိုက်သည်။ သူ့ကိုသူ သူမရဲ့ ကောင်လေးလို့ တွေးနေတာလား...
"မနက်ဖြန် စာရေးသူ တွေ့ဆုံပွဲကို သွားတက်မလို့... ဂန္ဓမာပန်းလည်း တက်မှာလေ... ဒါက မိန်းမတွေကြားက တိုက်ပွဲပဲ... ရှင်နားမလည်ပါဘူး"
ရှန်းယွမ်ဇယ်က ထိုမက်ဆေချ့်ကို ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ ရယ်မောလေတော့သည်။
"တွေ့ဆုံပွဲက ဘယ်နေရာမှာ လုပ်မှာလဲ"
ချန်းချင်းယန်က နေရာကို ပြောပြလိုက်ရာ မကြာမီပင် ရှန်းယွမ်ဇယ်ထံမှ မက်ဆချ့် ဝင်လာခဲ့သည်။
"လိုက်ပို့ပေးမယ်"
ချန်းချင်းယန်က တိုးတိုး ရယ်မောလိုက်သည်။ "ကျွန်မ လမ်းသိသားပဲ"
“မင်း ဂန္ဓပန်းရဲ့ ရှေ့မှာ ငါ့လို ထူးကဲတဲ့ ရည်းစားလေး ရှိတယ်ဆိုတာကို ကြွားလို့ ရတယ်လေ"
ချန်းချင်းယန်: “…”
သူ့ကို ကျိန်ဆဲချင်လာပြီနော်...
သို့သော်လည်း ၎င်းကို စဥ်းစားကြည့်လိုက်သောအခါ သူ့စကားလုံးများက အဓိပ္ပါယ် ရှိနေခဲ့သည်။ ဂန္ဓမာပန်းရဲ့ ရည်းစားကလည်း သူမရဲ့ သူငယ်ချင်းဆီက စနှိုက်ကြော်ထားတာပဲလေ...
ထို့ကြောင့် ချန်းချင်းယန်က ပျော်ပျော်ရွှင်ရွှင်ဖြင့် သဘောတူလိုက်သည်။ ချစ်သူကောင်လေး တစ်ယောက် ရှိနေခြင်းက ကောင်းသောအချက်ပင်။ ထိုချစ်သူက အတု ဖြစ်နေရင်တောင်မှပေါ့...
ရည်းစားအတု အကြောင်း ပြောသည့်အခါမှ သူမက ထောင်းပေါင် ဟုမ်းပေချ့်တွင် ချစ်သူကောင်လေး ရောင်းသူများ ရှိနေသည်ကို သတိရမိသွားသည်။ သူမက လျှပ်တပြက်ပင် ဟုမ်းပေချ့်မှ ပုံရိပ်ယောင် ချစ်သူကောင်လေးများကို ရှာဖွေလိုက်သည်။
ထို ပုံရိပ်ယောင်ချစ်သူ ဟု ခေါ်ရသည်မှာ ဆိုင်ရှင်က ဝန်ထမ်းတစ်ယောက်ယောက်အား တောင်းဆိုချက်အရ ချစ်သူ ကောင်လေး တစ်ယောက်အနေဖြင့် ဟန်ဆောင်ခိုင်းခြင်း ဖြစ်သည်။ ဝန်ဆောင်မှုပေးသည့် နာရီများ အတွင်း ထိုသူက သင့်ကို ချစ်သူ တစ်ယောက်အဖြစ် စကားပြောကာ သင်၏ မကျေနပ်ချက်များကိုလည်း နားထောင်ပေးမည်ဖြစ်ပြီး သင့်ကို ဂွတ်မောနင်းနှင့် ဂွတ်နိုက်ဟုလည်း ပြောပေးမည် ဖြစ်သည်။ သေချာပေါက်ပင် ညစ်ညမ်းသော ဝန်ဆောင်မှုများကို ထောက်ပံ့ပေးမည် မဟုတ်ပေ။
တင်းတောင်...
“အချစ်လေးရေ... ဘယ်လို ချစ်သူကောင်လေး လိုချင်ပါသလဲ... ငါတို့ဆီမှာ ရွေးချယ်စရာတွေ အများကြီး ရှိပြီးတော့ အန်ကယ်ကျောင်းမှာ အရာအားလုံး ရှိတယ်နော်~”
ချန်းချင်းယန်က တခဏမျှ တွေးတောကြည့်ပြီးနောက် ပြောလိုက်သည်။
"အသံချိုချိုလေးနဲ့ နွေးထွေးတဲ့ ကောင်လေး တစ်ယောက်ပေးပါ"
“အိုကေ... အချစ်လေး... အထူးစျေးနှုန်းအနေနဲ့ 0.99ယွမ် ကျသင့်မှာ ဖြစ်ပြီးတော့ ဝယ်ယူပြီးတာနဲ့ ချက်ချင်း ပြန်အမ်းမှာကို လက်မခံတော့ာဘူး... ဝန်ဆောင်မှုအချိန်က တစ်နာရီ ဖြစ်ပြီး မင်းရဲ့ ချစ်သူကောင်လေးကို သဘောကျရင် ထပ်ပြီး အော်ဒါတင်နိုင်ပါတယ်"
“သူနဲ့ ဘာပဲဖြစ်ဖြစ် ပြောလို့ရလား"
“ဖုန်း ကစားတာတော့ လုပ်လို့ မရဘူးနော်... ငါတို့ရဲ့ ချစ်သူကောင်လေးတွေ အားလုံး ရည်မွန်တဲ့ ကောင်လေးတွေပါ"
[T/N Phone play ဖုန်းထဲကနေ ညစ်ညမ်းတဲ့ စကားတွေ ပြောတာ]
“…ကောင်းပြီလေ” ငွေပေးချေပြီးသောအခါ မကြာမီပင် ရှောင်းပေါင်ဟု ခေါ်သော လူတစ်ယောက်က ချန်းချင်းယန်ကို ဆက်သွယ်လာခဲ့သည်။
စစ်ဆေးရမည့် မက်ဆေချ့်များ: "အချစ်လေး... မင်းကို လွမ်းတယ်"
ချန်းချင်းယန်: “…”
သူမက သူငယ်ချင်းအဖြစ် တောင်းဆိုလွှာကို လက်ခံလိုက်ပြီးနောက် ထိုလူ၏ avatarက ချက်ချင်းပင် ခုန်ထွက်လာခဲ့သည်။ " အချစ်လေး မင်းရော ကိုယ့်ကို လွမ်းရဲ့လား =3=”
ချန်းချင်းယန်: ” …”
သူမက နှုတ်ခမ်းလေးကို စိပိတ်၍ မေးလိုက်သည်။ "ရှင်က စက်ရုပ်လား"
မသမာတဲ့ ကုန်သည်က သူမနဲ့ စကားပြောဖို့ အလိုအလျောက် စာပြန်တဲ့ စနစ်ကို သုံးထားတာတော့ မဖြစ်နိုင်ပါဘူးနော်...
“囧, ကိုယ်က လူအစစ်ပါကွာ... ထိလိုလည်း ရတယ်နော်[ရှက်ရွံ့နေ]"
ချန်းချင်းယန်က တစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြောလိုက်သည်။ "ရှင်က တကယ် လူအစစ်လား"
“…ဟန်နီ... ကိုယ့်အသံ ကြားချင်လား... ဖုန်းခေါ်လိုက်မယ်လေ ^_^”
အာ… “ဒါဆို ကျွန်မက စက်ရုပ် ဟုတ်မဟုတ် မှန်းကြည့်လိုက်လေ:)”
“…”
“ဒါမှမဟုတ် ကျွန်မက လူအစစ်များလား:)”
“…”
ဒီလူက တကယ် ပြဿနာ ရှာနေတာပဲ...
“ဟားဟားဟား... ရှင့်ကို ထပ်မစတော့ဘူး... တကယ်တော့ ကျွန်မက အင်တာနက် စာရေးသူပါ... ဝတ္ထုအသစ်အတွက် ကိုးကားစရာလေးတွေ လိုက်ရှာနေတာ"
“(⊙o⊙) စာရေးဆရာလား... အချစ်လေး.. မင်းက အရမ်း မိုက်တာပဲ... ဘယ်လို ဝတ္ထုမျိုးတွေ ရေးတာလဲဟင်"
“သန်မာတဲ့ နျူကလီယား စွမ်းအားနဲ့ ထောက်ပံ့ထားတဲ့ ပစ္စည်းတစ်ခုရဲ့ အရည်အသွေးနဲ့ Higgs ရဲ့ စက်ကွင်းကနေ ရှင်းပြထားတဲ့ အပိုင်းက တစ်ခုနဲ့တစ်ခု သက်ရောက်မှု ရှိလား မရှိလားဆိုတာ ဆွေးနွေးထားတဲ့ ဝတ္ထုလေ"
ရှောင်းပေါင်: “…”
သူထပ်ပြီး စကား မပြောနိုင်တော့ဘူးလို့ ခံစားရတယ်...
သို့သော်လည်း တစ်နာရီပြည့်ရန် အတော်လေး လိုနေသေးသဖြင့် ကျည်ဆန်သာ ကိုက်၍ ထိုချစ်သူကောင်မလေးနှင့် ဆက်ပြီး စကားပြောလိုက်သည်။ ချန်းချင်းယန်က ရှောင်းပေါင်နှင့် စကားပြောပြီးနောက် တစ်ဖက်လူက ဂျူနီယာ ကျောင်းသား တစ်ယောက်သာ ဖြစ်ပြီး နေစရိတ် ကာမိရန်အတွက် ထိုအချိန်ပိုင်း အလုပ် လုပ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
“ရှောင်းပေါင်က မိုက်လိုက်တာ... ကျွန်မ ရှင့်ကို ကြယ်ငါးပွင့် ပေးလိုက်မယ်နော်... ဒါပေမယ့် အခုတော့ ကျွန်မ အိပ်ရတော့မယ် ~”
“အာ... မိနစ်နှစ်ဆယ်တောင် ကျန်သေးတယ်လေ”
“ရပါတယ်... အခု လိုင်းပေါ်က ဆင်းတော့မယ်"ချန်းချင်းယန်က ပြောလိုက်သည်။
သူမက လိုင်းပေါ်က ဆင်းသွားခဲ့သော်လည်း ရှောင်းပေါင်က သူမကို ဖုန်းခေါ်လာခဲ့မည်ဟု မထင်ထားခဲ့ပေ။ "အချစ်လေး... အိပ်တော့လေ... ကိုယ်မင်းအတွက် မိနစ် နှစ်ဆယ်လုံး သီချင်းဆိုပေးမယ်"
ချန်းချင်းယန်: “…”
ဒီကောင်လေးက တကယ့်ကို နစ်မြောနေတာပဲ...ဟုတ်တယ် _(:3∠)_
ရှောင်းပေါင်က စကားပြောပြီးနောက် ဧကရာဇ်မော့၏ သီချင်းကို စဆိုလေတော့သည်။ ယခုတွင် ချန်းချင်းယန်က ဖုန်းချလိုက်ရန် တွန့်ဆုတ်သွားလေသည်။ တဖက်လူ၏ အသံက ကြည်ရှင်းနေရုံသာမက သီချင်းသံကလည်း သာယာနာပျော်ဖွယ်ကောင်းသည်။ သူမက ရှောင်းပေါင်မှာ ကျောင်းတွင် မိန်းကလေး များစွာထံမှ လိုက်ခံနေရလိမ့်မည်ဟု တွေးမိသွားသည်။
ချန်းချင်းယန်မှာ နားထောင်ပြီးနောက် အိပ်ပျော်သွားခဲ့ပြီး သူ မည်သည့်အချိန်၌ ဖုန်းချလိုက်သည်ကိုပင် မသိခဲ့တော့ပေ။
နောက်တစ်နေ့မနက်တွင် သူမနိုးလာသောအခါ ပထမဆုံး ရှောင်းပေါင်ကို ကြယ်ငါးပွင့်ပေးလိုက်ပြီး ဆံပင်ပြင်ရန်အတွက် အပြင်ထွက်သွားလိုက်သည်။ ရှန်းယွမ်ဇယ်က အချိန်ကိုက် ရောက်လာသော်လည်း ချန်းချင်းယန် ထိုသူ၏ အထာကျလှသော ငွေရောင် လမ်ဘော်ဂနီ ကားကို တွေ့လိုက်ရချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားသည်။
"ရှင်မောင်းနေတဲ့ မာစီးဒီးကရော"
ရှန်းယွမ်ဇယ်က ပြုံး၍ ပြောလိုက်သည်။ "မင်းက ကြွားဖို့ သွားမှတော့ လန်ဘော်ဂနီပဲ ယူလာခဲ့တော့တာပေါ့... Benzက သိပ်မပေါ်ဘူး"
ချန်းချင်းယန်: “…”
သူမက ရုတ်တရက် ထိုလုပ်ရပ်က အကြမ်းဖက်လွန်းနေသည်ဟု ခံစားလိုက်ရသည်။ ဂန္ဓမာပန်းလေး တောင့်ခံနိုင်ဖို့ မျှော်လင့်ရတာပဲ...
သူတို့ ကျင်းပရာနေရာသို့ ရောက်သောအခါ စာရေးသူများစွာ ရောက်နှင့်နေကြလေပြီ။ ချန်းချင်းယန်က ဒေသခံ ဖြစ်၍ အခြားနေရာမှ လူများထက် နောက်ကျမှ ရောက်လာခဲ့သည်။ လူတိုင်းက ခန်းမထဲတွင် စကားပြောရင်း ထိုင်နေကြသည်။ ရုတ်တရက် ဘယ်တစ်ယောက်က အော်လိုက်မှန်း သူမ မသိတော့။
"လာကြည့်ကြဟေ့... အောက်ထပ်မှာ လန်ဘော်ဂနီ တစ်စီး ရပ်သွားတယ်"
ယခုတွင် ပွဲတစ်ခုလုံးက ဆူပွက်နေလေသည်။ စာရေးသူများ အားလုံးနီးပါးက အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့က ခပ်မိုက်မိုက် လန်ဘော်တစ်စီးကို တွေ့လိုက်ရသောအခါ လူတိုင်း၏ တည်ငြိမ်မှုများ ကျိုးပျက်သွားလေသည်။
"ငါ့ယောကျာ်းသာ ဒီကားနဲ့ မောင်းပို့ပေးရင် သူ့အတွက် ဒုတိယကလေး မွေးပေးဖို့ ကတိပေးလိုက်မှာပဲ"
“တစ်ယောက်ယောက် ဆင်းလာပြီ... ကောင်ချောလေး တစ်ယောက်ပါလား.... ကားမလိုတော့ဘူး... သူ့ကိုပဲ လိုချင်တယ်~~=3=”
“သူလိုက်ပို့တာ ဘယ်စာရေးဆရာလဲ မှန်းကြည့်ကြလေ"
“ "ခြယ်လှယ်တတ်တဲ့ စီအီးအိုကြီးက ငါ့ကို အလိုလိုက်ပေးတယ်" ဖြစ်နေမလား”
ချန်းချင်းယန် ကားထဲမှ ထွက်လာသောအခါ လူအုပ်ကြီးထဲမှ ဂန္ဓမာပန်းတစ်ယောက် သူမကို အကြည့်တစ်ချက်နှင့်ပင် ချက်ချင်း မှတ်မိသွားပြီး ရုတ်တရက် သူမ၏ အသားအရည်က ပို၍ ကြည့်ရဆိုးသွားခဲ့သည်။
“ဝိုး... ကြည့်ရတာ လီမွန်ပြုတ် ဖြစ်မယ် ထင်တယ်”
“နေစမ်းပါအုံး... သူ ဘယ်သူလဲ ကြည့်ရအောင်... တကယ်ကြီး လီမွန်ပြုတ်ပဲဟ... ဘယ်တုန်းက ခပ်မိုက်မိုက် ကောင်လေး ရသွားပါလိမ့်”
“သောက်လိုက်...သောက်လိုက်“
“ခဏနေရင် လတ်လတ်ဆတ်ဆတ် လီမွန်တစ်လုံး ညှစ်ပြီး သောက်လိုက်မယ်လို့ ဆုံးဖြတ်လိုက်ပြီ”
“ဖာခ့်.... နမ်းနေတာဟ" ထိုအချိန်၌ ထိုအမျိုးသားက ချန်းချင်းယန်၏ ခါးကို ဖက်၍ ခေါင်းကို နှိမ့်ကာ သူမ၏ နဖူးလေးကို နမ်းလိုက်သဖြင့် လူတိုင်းက ပြတင်းပေါက်မှ ခုန်ထွက်လာလုနီးပါး ကြည့်လာကြသည်။ ချန်းချင်းယန်၏ မျက်နှာက ချက်ချင်းဆိုသလို ရှက်သွေးဖြာသွားပြီး ထိုသူ၏ အထိမခံသည့်နေရာကို ဒူးဖြင့် တိုက်ချင်မိသွားသည်။
“စိတ်လျှော့လေ... အခု ရှိုးအပြည့် လုပ်နေရတာ... ကိုယ့်ရဲ့ ဝန်ဆောင်မှုက သင့်တော်တယ်မလား"
ချန်းချင်းယန်: “…”
“ပြီးရင် လှမ်းခေါ်လိုက်... ကိုယ်လာကြိုပေးမယ်"
ရှန်းယွမ်ဇယ်က ထိုစကား ပြောလိုက်ပြီးနောက် အပေါ်ထပ်မှ လူအုပ်ကြီးကို လက်ပြလိုက်ပြီး လန်ဘော်ဂနီကားကို မောင်းထွက်သွားလေသည်။
ချန်းချင်းယန် အပေါ်ထပ်သို့ တက်လာလာချင်းပင် လူတိုင်းက သူမကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။ သူမက ကသိကအောက် ပြုံးပြ၍ လူအုပ်ကြီးထဲမှ သူမ၏ သူငယ်ချင်းများကို လိုက်ရှာလိုက်သည်။
တုန့်ကျိရုံက အပြေးရောက်လာလေသည်။
“သောက်ကျိုးနဲ... လီမွန်... ဒီလောက်လှတဲ့ ဝတ်စုံနဲ့ ကော်ဇောနီပေါ် လျှောက်မလို့လား" ယခုတွင် လူတိုင်း၏ အာရုံက ချန်းချင်းယန်၏ အဝတ်အစားများထံ ထပ်မံ ရောက်ရှိသွားခဲ့သည်။ ဂန္ဓမာပန်းက လူအုပ်ကြီး ဝန်းရံထားသော ချန်းချင်းယန်ကို ကြည့်ကာ သူမ၏ မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားလေသည်။
ညစာစားပွဲတွင် ချန်းချင်းယန်နှင့် ဂန္ဓမာပန်းတို့က စားပွဲတစ်ခုတည်းတွင် ထိုင်ခဲ့ကြသည်။ ကျိရုံက ချောမောသော လန်ဘော်ဂနီ ကောင်လေးအကြောင်း မေးမြန်းရန်အတွက် အခွင့်ချောင်းနေခဲ့လေသည်။ ချန်းချင်းယန်က ခပ်ရှက်ရှက်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"တကယ်တော့ သူက ငါ့ရဲ့ ဝတ္ထုမှာ ရေနက် ငါးခူတွေ ပစ်ဖို့ ပိုက်ဆံသုံးလိုက်တဲ့ သူလေ"
ထိုစကားများကို ဂန္ဓမာပန်းရှေ့တွင် တမင်သက်သက် ပြောလိုက်ခြင်း ဖြစ်သည်။ သူမက ချန်းချင်းယန် လစဥ် အရှင်သခင် voteများ စာရင်း၏ ထိပ်ဆုံးသို့ နတ်ဘုရား၏ အရှိန်ဖြင့် တက်သွားသည်ကို တွေ့သောအခါ သူမကိုယ်သူမ ချိတ်ဆွဲပစ်ချင်သွားသည်။
တုန့်ကျိရုံက ချန်းချင်းယန် ဆိုလိုသည့်အရာကို သိနေသောကြောင့် ချဲ့ကား၍ အံ့သြဟန် ပြုလိုက်သည်။
"နင့်ကောင်လေးက အရမ်း ကောင်းတာပဲ... ချမ်းသာပြီးတော့ နင့်အတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိနေသေးတယ်... ပြီးတော့ vote ဘယ်လိုပေးရမလဲတောင် သိနေသေးတာနော်... ငါ့ကောင်လေးကတော့ ငါ့ရဲ့ ကလောင်နာမည်ကိုတောင် မသိဘူး"
ဂန္ဓမာပန်း၏ မျက်နှာ ဝမ်းချုပ်သွားသလို ဖြစ်သွားသည်ကို ချန်းချင်းယန်က စိတ်ကျေနပ်မှု အပြည့်ဖြင့် ကြည့်ပြီးနောက် စားချင်သောက်ချင်စိတ်လေး ပေါ်လာရသည်။
Xxxx