Ch 13
Viewers 28k

Chapter 13



ဖေးယိက လျှောက်လမ်းအဆုံးရှိ ရေချိုးခန်းမှထွက်လာသည်။ သူ ခြေလှမ်းနှစ်လှမ်းမဆုံးခင်မှာ သူ့ပခုံးမှ ပြင်းပြင်းထန်ထန် တွန်းခံလိုက်ရသည်။

“နေပါဦး”



လူနှစ်ယောက်က သူ့လမ်းကို ပိတ်ဆို့ထားပြီး လူငယ်လေးနှစ်ယောက်မှာ တစ်ယောက်ကဝပြီး တစ်ယောက်ကပိန်သည်။ သူတို့၏ အဝတ်အစားများကိုကြည့်ကာ ဧည့်ခံပွဲတက်ရောက်လာသော ဧည့်သည်များဟု ပြောနိုင်သည်။ မရှင်းတာကတော့ မည်သည့်မိသားစုမှ သခင်လေးများက သူ့ကို အကြောင်းပြချက်မရှိ ပြဿနာလာရှာလဲဆိုတာပင်။


ဖေးယိက စူးရှသောမျက်လုံးများဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

“ယို့… ဒါဘာအကြည့်လဲ? ရှုံးသွားတာကို လက်မခံနိုင်သေးဘူးလား?”

ပိုထွားသောလူငယ်က အရင်ရန်စလာသည်။ “အရူး… ငါတို့ဘယ်သူလဲ မင်းသိရဲ့လား?”

ဖေးယိက အထိခံလိုက်ရသော ပခုံးကို ရွံရှာစွာခါထုတ်လိုက်သည်။ “ထွက်သွားစမ်း”

“ထွက်သွားရမယ်?”

ပိုထွားသောလူငယ်က လှောင်ပြောင်လိုက်သည်။ “စိတ်အေးအေးထားပါကွာ…ဖေးသခင်ငယ်လေး… ငါတို့အခုမှတွေ့ရတော့ မင်းနဲ့စကားပြောချင်ရုံပါ။”

သူက ပြောရင်းဖြင့် အနားကပ်လာသည်။ ဖေးယိ မကြိုက်တာကိုသိလည်း သူက သူ့ပခုံးကို ကိုင်ထားဆဲပင်။ “ငါတို့စကားနည်းနည်းလေးတောင် မပြောရသေးဘူးလေ။ မင်းကိုသွားခွင့်ပြုလို့လား?”

ဤသည်မှာ ဖော်ရွေသော စကားဝိုင်းလို့ ထင်ရပေမယ့် တကယ်တော့ အတင်းအကြပ် ခြိမ်းခြောက်နေခြင်းဖြစ်၏။

ပိန်လှီသော တခြားတစ်ယောက်က ပြောလာသည်။ “အရူး… မင်းဘယ်သူနဲ့ လာရှုပ်နေလဲသိလား? မင်းကို ဒီနေ့မိပြီဆိုတော့ မျက်ကန်းပေါ်အာက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ မထင်လိုက်နဲ့။”

ပေါ်အာ?

ဖေးယိက သဲလွန်စကိုကြားလိုက်ပြီး ရင်ထဲက ရွံရှာမှု ပိုမိုကြီးထွားလာသည်။

ပေါ်ယွဲ့မင်ပြောတာ အမှန်ဖြစ်ပုံရသည်။ ယခင်တစ်ခေါက်က စစ်ဆေးရေးမှူး၏ ကုတ်ခံလိုက်ရသော ကြွက်စုတ်က သူ့ကို “သင်ခန်းစာ!”ပေးရန် ကြွက်စုတ်အသေးလေးနှစ်ကောင်ကို လွှတ်လိုက်ခြင်းဖြစ်၏။

ဖေးယိက မူလပိုင်ရှင် မဟုတ်တော့သဖြင့် ဤခြိမ်းခြောက်မှုများကြောင့် ထိတ်လန့်နေမည်မဟုတ်ချေ။ သူက ပြဿနာမရှာဘူးလို့ ပေါ်ယွဲ့မင်အား ကတိပေးခဲ့ပေမယ့် တခြားသူများ သူ့ခေါင်းကိုတက်နင်းကာ တမင်တကာ အနိုင်ကျင့်လာတာကိုတော့ ခွင့်ပြုပေးမည်မဟုတ်ပေ။

“……”


ဖေးယိက တိတ်တဆိတ် လက်သီးဆုပ်ကာ သူ တိုက်ခိုက်တော့မည့် အချိန်မှာ ကျယ်လောင်သော တံခါးခေါက်သံတစ်ခု ရုတ်တရက်ပေါ်လာလေ၏။


– ဒုန်း!

ဝတုတ်နှင့် ပိန်လှီသော လူငယ်လေးနှစ်ယောက်လုံးက တုန်လှုပ်သွားကာ ကန်ဖွင့်ခံလိုက်ရသော လုံခြုံရေးတံခါးပေါက်ဆီ လှမ်းကြည့်လိုက်ကြသည်။

မကြာခင်မှာ လူငယ်လေးတစ်ဦး ထွက်ပေါ်လာပြီး သူ့ဘာသူ ရေရွတ်လိုက်၏။ “ဒီတံခါးကို ဖွင့်ရတာခက်မယ်လို့ မထင်ထားဘူး။ ဆေးလိပ်သောက်ပြီး အခန်းထဲမှာ ပိတ်မိတော့မလို့”

ဖေးယိက သူ့ပခုံးပေါ်ရှိ ညစ်ပတ်သောလက်များမှ ရုန်းထွက်ဖို့ အခွင့်အရေးယူကာ သူ့မျက်လုံးထဲက ရည်ရွယ်ချက်များကို မသိမသာ ရုတ်သိမ်းလိုက်ပြီး ရုတ်တရက်ပေါ်လာသော တတိယလူကို ကြည့်လိုက်သည်။

တစ်ဖက်လူ၏မျက်နှာက ဖြူဖွေးကာ မျက်နှာပေါက်က ချောမောလွန်းသည်ဟု ဆိုနိုင်သည်။ ဆံပင်ရှည်ကို ဝံပုလွေအမြီးလိုဆွဲကာ အပေါ်တစ်ဝက်ကို ခင်မြင့်မြင်ချည်နှောင်ထားသည်။

စီးကရက်ကိုင်ထားသော လက်မှာ ဖြူဖွေးသွယ်လျပြီး အလင်းရောင်အောက်တွင် ကျောက်စိမ်းကဲ့သို့ အလင်းတန်းများ လင်းထိန်းနေသည်မှာ ထူးထူးခြားခြား လှပနေလေ၏။ 

ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားသည့် မိုးလုံလေလုံနေရာတွင် ရှိနေတာကြောင့် လူငယ်က လုံခြုံရေးတံခါးအပြင်ဘက်သို့ နောက်ဆုံးတစ်ရှိုက် ရှူထုတ်လိုက်လေသည်။

သူက ပိန်ပိန်ဝဝလူနှစ်ယောက်နှင့် အကြည့်ချင်းဆုံသွားပြီးမှ ကြားထဲတွင် ကူကယ်ရာမဲ့နေသော ဖေးယိအား ကြည့်လိုက်လေသည်။ “မင်းတို့နှစ်ယောက် ဖေးသခင်ငယ်လေးကို အနိုင်ကျင့်ဖို့ သင့်သလား? ပေါ်နဲ့ ဖေးမိသားစုက အခုလေးတင် လက်ထပ်ထိမ်းမြားပွဲအကြောင်း ကြေညာခဲ့တာလေ။ မင်း….”

“လီယွမ်…  တခြားသူတွေရဲ့ကိစ္စမှာ ဝင်ပါနေတာရပ်လိုက်!”

ပိန်ပိန်ဝဝလူနှစ်ယောက်က သူ့ကိုမှတ်မိသွားပြီး သူတို့၏ ကနဦး သတိရှိနေမှုက လှောင်ပြောင်ခြင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ “မင်းဝတ်ထားတဲ့ ဝတ်စုံကိုကြည့်စမ်း။ ဘယ်လို လမ်းဘေးဆင်းရဲသားလေးရဲ့ ဘရန်းလဲ? မင်း ဒီဧည့်ခံပွဲကို ဘယ်လိုခိုးဝင်လာတာလဲ?”

“…….”

လီယွမ်က မကျေမနပ်ဖြစ်သွားပုံရကာ သောက်လို့မကုန်သေးသော စီးကရက်ကို အမှိုက်ပုံးထဲ၌ ချေထည့်လိုက်သည်။

ဤစကားဝိုင်းကို ကြားလိုက်ရတော့ ဖေးယိ၏ နောက်ဆုံးခန့်မှန်းချက်မှာ အမှန်ဖြစ်လာလေသည်။

ထင်သည့်အတိုင်းပင် ဇာတ်ကွက်က စာအုပ်ထဲကအတိုင်း ကိုက်ညီနေ၏။ “ဗီလိန်” ပေါ်ယွဲ့မင်၊ “အမျိုးသားဇာတ်လိုက်ကုန်း” ယန်စမ်းနှင့် “အမျိုးသားဇာတ်လိုက်ရှို့” တို့အပြင် နံပါတ်တစ်အရေးကြီးဆုံး ဇာတ်ပို့ဇာတ်ရုပ်လည်း ပါဝင်လေသည်။


ယင်းက သူ့ရှေ့ရှိ လီယွမ်ဖြစ်၏!

ဖေးယိ တွေးနေစဥ် လီယွမ်က သူ့တို့ဘက် လျှောက်လာသည်။ သူက ပိန်ပိန်ဝဝလူငယ်နှစ်ဦးကို ပခုံးမှတွန်းဖယ်ပစ်လိုက်ကာ ဖေးယိအား သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။ “ဘယ်လိုအရူးလဲ… ဒီလူတွေက မင်းကိုအနိုင်ကျင့်တော့မှာကို ဘာလို့ထွက်မပြေးတာလဲ?”

“…….”


ဖေးယိ အံ့အားသင့်သွားသည်။ မထင်မှတ်ထားသည်မှာ ပထမဆုံးတွေ့တွေ့ချင်းမှာပင် သူက တစ်ဖက်လူ၏ ဝေဖန်ခံလိုက်ရသည်။ 

သူသည်ကား မတုံ့ပြန်နိုင်လောက်အောင် ဉာဏ်ရည်မမီသူဟု လင်းယွမ်က ထင်နေသဖြင့် သူက ဖေးယိကို ဆွဲထုတ်သွားချင်ပေမယ့် ပိန်ပိန်ဝဝလူနှစ်ဦးက အရင်တုံ့ပြန်လာသည်။ “ လီယွမ်… မင်းကို ဝင်မပါနဲ့လို့ ပြောတယ်လေ!”

လီယွမ်က ဖီဆန်နေဆဲပင်။ “ဝေ့ပေါ်…. ချန်ယန်… မင်းတို့ ဖေးယိကို လမ်းပိတ်ပြီး အနိုင်ကျင့်နေတာကို ပေါ်မိသားစုနဲ့ ဖေးမိသားစုသိသွားမှာ မကြောက်ဘူးလား?”

ပိုထွားသော ချန်ယန်က သူ့ကော်လံကို ဆောင့်ဆွဲကာ ဘဝင်ခိုက်သော အမူအရာမျိုး ရှိနေခဲ့သည်။ “သူတို့တွေ့တော့ ဘာဖြစ်လဲ? ဒီအရူးက ဖေးမိသားစုရဲ့ အဖက်လုပ်မခံရတာ သိသာနေတာပဲ။ ပြီးတော့ ပေါ်ယွဲ့မင်ကလည်း ကန်းနေတာ.. သူ့ကိုဘယ်လိုကာကွယ်ပေးနိုင်မှာလဲ?”

ဝေ့ပေါ်နှင့် ချန်ယန်က ပေါ်မိသားစုမှ ဒုတိယအကိုင်းအခက်*၏ လက်ပါးစေများဖြစ်ပြီး ပေါ်ဝမ်နှင့်အတူ သောက်စားပျော်ပါးနေခဲ့သည်။ ယခုအခါ ပေါ်ယွဲ့မင်က မျက်လုံးကန်းသွားသဖြင့် သူတို့က ပေါ်ဝမ်ကို ကပ်ဖားရပေမည်။ ဤဖေးယိမှာ မျက်လုံးနှင့် ဦးနှောက်မရှိပေ။ သူ ပေါ်ဝမ်ကို မကျေမနပ်ဖြစ်စေခဲ့လျှင် ဖြစ်လာသမျှ အကျိုးဆက်ကို ခံရမှာပင်!

(**ပေါ်ဝမ်ကိုပြောတာပါ)

“ လီယွမ်… မင်းကိုထပ်သတိပေးလိုက်မယ်။ ဒီကိစ္စကမင်းနဲ့မဆိုင်ဘူး! မင်း…..”

“မင်းဘာလို့ သူ့ကို စကားတွေအများကြီးပြောနေတာလဲ? လီမိသားစုက အသိုင်းအဝိုင်းထဲမှာ ဖယ်ကျဥ်ခံထားရတာကြာပြီလေ။ ဒီတော့ သူ့ကိုရိုက်နှက်ပြီး ဖြေရှင်းလိုက်ရအောင်!”

လီယွမ်က လူနှစ်ယောက်၏ အန္တရာယ်ရှိသော ခြိမ်းခြောက်မှုကို ကြားလိုက်ရပြီး သူ့အရိုးထဲမှ ခေါင်းမာမှုက ချက်ချင်းထွက်ပေါ်လာသည်။ သူက ဖေးယိကို အနောက်သို့တွန်းလိုက်သည်။ “အရူး… ဘာလုပ်နေတာလဲ? တစ်ယောက်ယောက်ကို ပြေးခေါ်လေ။ ငါငတုံးနှစ်ယောက်ကို အရင်ထိန်းထားလိုက်မယ်”

“ငတုံး”ဆိုသော စကားလုံးထွက်ပေါ်လာသည်နှင့် ၎င်းက ပြဿနာရှာဖို့ ရောက်လာသော ဝေ့ပေါ်နှင့် ချန်ယန်တို့ကို ဒေါသထွက်စေခဲ့သည်။

တွန်းခံလိုက်ရသော ဖေးယိက လီယွမ်မှာ အတိုက်ခိုက်စွမ်းရည် သိပ်မရှိတာကို မြင်နိုင်ခဲ့သည်။ သူ ရူးချင်ယောင်ဆောင်ပြီး တစ်ယောက်ယောက်ကို ပြေးခေါ်ကာ စစ်ကူများနှင့် ပြန်ရောက်လာလျှင် တစ်ဖက်လူက ဒဏ်ရာရနေမှာ သေချာသည်။

တစ်ခဏမျှ စဥ်းစားပြီးနောက် ဖေးယိက လျှောက်လမ်းနံရံမှာ ချိတ်ထားသော မီးသတ်ဆေးဗူးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မဆိုင်းမတွ လက်တွေ့ကျကျပင် သူက ကောက်ကိုင်လိုက်ပြီး လုံခြုံရေးပင်ချောင်းလေး (Safety Pin) ကို ဆွဲဖြုတ်လိုက်သည်။

“မျက်လုံးမှိတ်ထား!”

ဖေးယိ၏ လှုပ်ရှားမှုကိုမြင်သော လီယွမ်က အမြန်တုံ့ပြန်လိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျောပေးထားသော ဝေ့နှင့်ချန်က သတိမထားမိပဲ အခြေအနေကို စစ်ဆေးရန် တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လာသည်။

_ ssss!

(ဆေးမှုတ်သံ)

ဖေးယိက အခြေအနေကို အသာစီးရထားပြီး သူတို့အပေါ်ကို ချိန်ရွယ်ကာ လက်ကိုင်ခလုတ်ကို ညှစ်လိုက်သည်။

သူတို့နှစ်ယောက်လုံးမှာ တုံ့ပြန်ချိန်မရလိုက်ပဲ မီးသတ်ဆေးဘူး၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။ သူတို့က စပ်သွားသော မျက်လုံးများကိုအုပ်ကာ ခြေထောက်နှစ်ချောင်းလိမ်ပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။

ဖေးယိက မီးသတ်ဆေးဘူးခလုတ်ကို လွှတ်ပေးလိုက်ပေမယ့် မီးခိုးငွေ့ မပျောက်ခင်မှာပင် လီယွမ်က ပြေးလာကာ ကြမ်းပြင်ပေါ်က နှစ်ယောက်ကို တစ်လှည့်စီကန်လိုက်လေ၏။ “ဖီး! ဘယ်လိုအမှိုက်လဲ!”

ဝေ့ပေါ်နှင့် ချန်ယန်က ညည်းညူသံများထွက်နေကာ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရမှန်း သိသာသည်။


ဖေးယိ၏ပါးစပ်ထောင့်မှာ ကွေးညွတ်သွားပြီး သူက လျှောက်လမ်းအဝင်ဝမှ လူအုပ်ကြီး၏ ခြေသံများကို ရုတ်တရက်ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဧည့်ကြိုဝန်ထမ်း၏ စကားသံ လိုက်ပါလာသည်။ “ပေါ်သခင်ကြီး… မစ္စတာဖေး… ဒုတိယသခင်လေး… သူတို့ ဒီကိုရောက်နေပါပြီ!”


“……”


ဒုတိယသခင်လေး?

ပေါ်ယွဲ့မင်လို့ ဆိုလိုတာလား?

ဖေးယိ၏ ပါးစပ်ထောင့်မှ အပြုံးက အတန်ငယ် အေးခဲသွားပြီး သူက အရိပ်အခြည်ပြသည့်အနေဖြင့် သူသယ်ထားသော မီးသတ်ဆေးဘူးကို ရင်ခွင်ထဲ၌ ဖက်ထားလိုက်သည်။ ထို့နောက် သူက စိတ်ပိုင်းဆိုင်ရာပြင်ဆင်လိုက်ကာ နောက်လှည့်ပြီး ပစ်မှတ်ဆီ ပြေးသွားတော့သည်။

အားလုံးရှေ့မှာ သူက ပေါ်ယွဲ့မင်၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။ “အာ့ကော.!”

(အာ့ကော- ဒုတိယအစ်ကို)