Chapter 14
ပေါ်ယွဲ့မင်က အံ့အားသင့်သွားပြီး မျက်နှာပေါ်ရှိ အံ့အားသင့်မှုအရိပ်အယောင်မှာ ပေါ်လွင်နေ၏။
အာ့ကော?
ဖေးယိက သူ့ကိုခေါ်လိုက်တာလား?
အရှိန်မအုပ်နိုင်လို့ သူ့ရင်ခွင်ထဲကျလာသော ဖေးယိက သူ့ကိုယ်ဟန်အနေအထားကို ချိန်ညှိကာ ခေါင်းလေးမော့ပြီး ဝမ်းနည်းတကြီး ပြောလာသည်။ “သူတို့…. သူတို့ ကျွန်တော့်ကိုအနိုင်ကျင့်တယ်!”
ပျော့ပျောင်းသောဆံနွယ်များက သူ့နှုတ်ခမ်းနှင့် နှာခေါင်းကြားကို ပွတ်တိုက်သွားကာ စစ်ဆေးရေးမှူး၏ ဆံပင်ရှည်ထက်ပက် ပိုစင်းချောနေ၍ မွှေးရနံ့နှင့်အတူ ယားယံသည့်ခံစားချက်ကို ယူဆောင်လာခဲ့သည်။
“……”
ပေါ်ယွဲ့မင်၏ အတွေးများက တခဏမျှ လွင့်မျောနေပြီးနောက် ဝန်ထမ်းအား မေးခွန်းမေးလိုက်သော ပေါ်သခင်ကြီး၏ စကားသံကိုကြားလိုက်ရသည်။ “မင်းဘာရပ်ကြည့်နေတာလဲ? သခင်လေးတွေကို မြန်မြန်ဆွဲထူပေးလိုက်လေ!”
ဝန်ထမ်းက ထိတ်လန့်တကြား တုံ့ပြန်ခဲ့သည်။
ဤဒုက္ခလှိုင်းကို ဖေးယိလုပ်ခဲ့တာဖြစ်ရမည်ဟု တွေးကာ ပေါ်ကွမ်းချန်က အခွင့်အရေးကို အသုံးချပြီး “ရင်းရင်းနှီးနှီး” သတိပေးလိုက်သည်။ “အဘိုး… အခြေအနေကိုကြည့်ဦး… ဖေးယိက မီးသတ်ဆေးဘူးကိုယူပြီး သခင်လေးနှစ်ယောက်ကို ပက်ဖျန်းလိုက်တာဖြစ်မယ်။ သူတို့မျက်လုံးကို အမြန်ဆေးဖို့လိုတယ်။ ထိခိုက်ဒဏ်ရာရသွားရင် မကောင်းဘူး။”
မျက်လုံးဒဏ်ရာရမယ်?
ဒါဆို သူတို့က ဒုတိယသခင်လေးပေါ်လို ကန်းသွားမှာမဟုတ်ဘူးလား?
ဧည့်သည်များက ၎င်းကိုကြားသည့်အခါ တစ်ပြိုင်နက်တည်း ပင့်သက်ရှိုက်လိုက်မိသည်။ ဝေ့နှင့်ချန်မိသားစု၏ လူကြီးများက ပို၍ပင် စိတ်ပူနေကြပြီး သူတို့၏ အဖိုးတန်သားများကို စစ်ဆေးရန် ပြေးသွားကြသည်။
ဘေးမှာရပ်နေသော ပေါ်ဝမ်က သူတို့နှစ်ယောက်၏ စိုးရိမ်သောကရောက်နေသော မျက်နှာကို မြင်သောအခါ ဝိုင်တစ်ခွက်သောက်ရင်း စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
သောက်… အမှိုက်နှစ်ကောင်!
နှစ်ယောက်ပေါင်းပြီးတောင် အရူးတစ်ယောက်ဖြစ်တဲ့ ဖေးယိကို မနိုင်ဘူးလား?
ပေါ်သခင်ကြီးက သူ့မွေးနေ့မှာ နောက်ထပ် မတော်တဆမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ကို ကြည့်ရင်း မျက်နှာပျက်သွားလေသည်။ သူက ဖေးယိအား တိုက်ရိုက်မထိုးနှက်နိုင်တာကြောင့် ဖေးဇနီးမောင်နှံအား အဓိပ္ပါယ်ပြည့်နေသော အကြည့်တစ်ချက် ပေးလိုက်ရသည်။
ဖေးရူကျန်းက ၎င်းကိုမြင်ပြီး ယခုလေးတင် အအေးဓာတ်ပြယ်သွားသော သူ့မျက်နှာမှာ နောက်တစ်ကြိမ် ရှက်ရွံ့သွားရလေသည်။
တစ်ကြိမ်ပြီးတစ်ကြိမ်!
အရူးဖေးယိက သူ့ကို ဒီလို အရှက်ခွဲနေတော့မှာလား? သူ အစောတည်းကသိရင် သူလည်း အိမ်ကအဘိုးကြီးလို ဆင်ခြေဆင်လက်ပေးပြီး ဒီနေ့လာခဲ့မှာမဟုတ်ဘူး!
“တောင်းပန်ပါတယ်ဗျာ… ကျွန်တော် အားလုံးကို ဒုက္ခပေးမိပြီ” ဖေးရူကျန်းက ဆို့နင်နေသည်။ သူက ကျည်ဆံကိုက်ကာ ဆက်ပြောလိုက်၏။ “ဒီတူလေး ဘာကြောင့် ထဖောက်သွားပြန်တာလဲ မသိပေမယ့် သခင်လေးနှစ်ယောက် ထိခိုက်ရသွားပြီ။”
ထဖောက်သွားပြန်ပြီ?
သခင်လေးနှစ်ယောက် ထိခိုက်သွားရပြီ?
ဇာတ်လမ်းတစ်ပုဒ်လုံးကို မမေးရသေးပဲ သူ့အပေါ် အပြစ်အားလုံး ပုံချလိုက်တာလား?
ဖေးယိ၏စိတ်ထဲတွင် ရွံရှာမှု အနည်းငယ်တိုးလာပြီးနောက် သူက ပေါ်ယွဲ့မင်၏ ကာကွယ်ပြောဆိုပေးမှုကို ကြားလိုက်ရသည်။ “ဒါရိုက်တာဖေးက တစ်ဖက်သတ်ဆန်လွန်းတယ် မထင်ဘူးလား? ဒီကိစ္စကို စခဲ့တဲ့သူက ဖေးယိဆိုတာ ခင်ဗျားဘယ်လိုသိလဲ?”
“…….”
ဖေးရူကျန်းက ပြောစရာစကား ပျောက်ရှသွားရသည်။
ပေါ်ယွဲ့မင်က သူ့ရှေ့ရှိ အခြေအနေကို မမြင်နိုင်သော်လည်း သူက ဖေးယိ၏ ခံစားချက်ကို မမေ့ခဲ့ပေ။ သူက လက်ဆန့်ကာ တစ်ဖက်လူ၏ ကျောကို လက်နှင့်ပွတ်သပ်ပေးပြီး ယုံကြည်အားပေးမှုဖြင့် နှစ်သိမ့်လိုက်၏။
“ဖေးယိ…စိတ်မပူပါနဲ့။ ကိစ္စတွေကို ဖြည်းဖြည်းချင်း သေချာရှင်းပြပါ။”
ဖေးယိက ပေါ်ယွဲ့မင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီး သူ့နှလုံးကြောက အနည်းငယ် လှုပ်ရှားသွားလေသည်။
သူက မူလပိုင်ရှင်၏ အပြုအမူနှင့် တွေးခေါ်ပုံကို ထိန်းသိမ်းထားပြီး ယင်းကိစ္စကို အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။ အဆုံးမှာ သူက နောက်တစ်ကြိမ် ရေရွတ်လိုက်ဖို့လည်း မမေ့ခဲ့ပေ။ “သူတို့ ကျွန်တော့်ကို အရင်အနိုင်ကျင့်တာ…တကယ်ပါ!”
လီယွမ်က ရှေ့တိုးလာသည်။ “အားလုံးပဲ… ဖေးသခင်ငယ်လေးပြောတာ အမှန်တွေပါ၊ ကျွန်တော်သက်သေခံနိုင်တယ်။”
“ဘာပေါက်ကရစကားလဲ!”
ဝေ့မိသားစုမှ လူကြီးများက အာဏာမရှိသော လီယွမ်ကို စိုက်ကြည့်ကာ မျက်နှာထိမျက်နှာထားဖြင့် ပြောလိုက်လေ၏။ “ပေါ်သခင်ကြီး.. ကျုပ်တို့ ခင်ဗျားအပေါ် လေးစားမှုမရှိတာတော့ မဟုတ်ပါဘူး။”
“ကျုပ်တို့မိသားစုနှစ်စုက ခင်ဗျားမွေးနေ့ပွဲကို ချီးမြှောက်ဖို့လာခဲ့တာ။ အခု ကလေးနှစ်ယောက်က မျက်လုံးတွေစပ်ပြီး ဖွင့်လို့တောင်မရတော့ဘူး။ တစ်ဖက်မှာ ဖေးသခင်ငယ်လေးကတော့ အကောင်းတိုင်းပဲရှိနေတယ်။ ဘယ်သူမှားလဲ ဘယ်သူမှန်လဲ မရှင်းသေးလို့လား?”
ဤစကားများ ကျလာသည်နှင့် တစ်ပြိုင်နက် ဝေ့ပေါ်နှင့် ချန်ယန်က ဝန်ထမ်း၏ အကူအညီဖြင့် ရေချိုးခန်းထဲမှ ထွက်လာကာ မျက်လုံးစုံမှိတ်၍ ကန်းသလို ဟန်ဆောင်လိုက်ကြသည်။
ဝေ့ပေါ်က မျက်လုံးစွေကြည့်ကာ သနားချင့်စဖွယ် ဇာတ်လမ်းဖန်လိုက်လေသည်။ “ပေါ်သခင်ကြီး… ချန်ယန်နဲ့ ကျွန်တော် ရေချိုးခန်းထဲက ထွက်လာတော့ ဖေးသခင်ငယ်လေးက ကျွန်တော်တို့လမ်းကို ပိတ်ဆို့ထားတာပါ။ ပြီးတော့ မီးသတ်ဆေးဘူးကိုင်ထားရင်း ရုတ်တရက်ထဖောက်သွားတာ!”
ချန်ယန်က အပြစ်လွှဲချနေသော သူ့သူငယ်ချင်းကို ကြားသောအခါ အသည်းအသန် အော်ဟစ်လိုက်သည်။ “အား…. ငါ့မျက်လုံးတွေ.. အရမ်းနာတယ်”
အမှန်မှာ ဤလူနှစ်ယောက်၏ မျက်လုံးတွေ ဘာမှမဖြစ်သွားခဲ့ပေ။ စပ်ဖျင်းသွားလို့ အနည်းငယ် နီသွားရုံသာဖြစ်၏။ ဤဟန်ဆောင်မှုလှိုင်းလုံးက နည်းနည်းတော့ အားကောင်းသွားခဲ့သည်။
ဝေ့နှင့် ချန်မိသားစုမှ လူကြီးများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့ရင်ထဲ၌ ထပ်တူညီသော တွက်ချက်မှုများရှိနေ၏။ “ပေါ်သခင်ကြီး၊ မစ္စတာဖေးနဲ့ ဒုတိယသခင်လေးတို့က ဒီနေ့ကိစ္စကို တာဝန်ယူပေးရပါမယ်။”
အခွင့်အရေးရဖို့ ခက်ခဲသဖြင့် သူတို့က ပေါ်မိသားစုထံမှ စီးပွားရေးအကျိုးအမြတ်တချို့ရရှိရန် အမိအရဆုပ်ကိုင်ထားရပေမည်။ ထို့အပြင် သူတို့က ပေါ်သခင်ကြီးကို မျက်နှာသာပေးဖို့ သဘောထားကြီးသလို ဟန်ဆောင်ရလိမ့်မည်။
ဤနည်းဖြင့် သူတို့က မျက်နှာသာပေးခံရပြီး အကျိုးကျေးဇူးလည်း ရနိုင်ပေလိမ့်မည်။
လီယွမ်က သူတို့၏ အကြံထုတ်နေသော အသွင်အပြင်ကို သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ဖေးယိနှင့် တခြားသူများ အသံမထွက်နိုင်ခင်မှာပင် သူက ထေ့ငေါ့လိုက်လေသည်။ “ဒါက တခြားသူတွေကို အပြစ်ပုံချပြီး ကိုယ့်လူတွေရဲ့ အပြစ်ကို ဖုံးကွယ်ချင်နေတာပဲ။ မင်းတို့မိသားစုနှစ်ခုလုံးက ဗလောင်းဗလဲတွေ ပြောနေတာ။”
ထိုစကားပြောပြီးသည်နှင့် သူက သူ့အိပ်ကပ်ထဲရှိ ဖုန်းကိုထုတ်ကာ ကလစ်အနည်းငယ်နှိပ်ပြီးနောက် အသံအပိုင်းအစတစ်ခု ထွက်ပေါ်လာသည်။
– ငါတို့ မင်းကို သွားခွင့်ပြုလို့လား? မင်း ဘယ်သူ့ကို သွားရှုပ်ခဲ့လဲ သိရဲ့လား?
– ဒီအရူးက ဖေးမိသားစုရဲ့ အပယ်ခံလေ၊ ပြီးတော့ ပေါ်ယွဲ့မင်ကလည်း ကန်းနေတာ။ သူ့ကို ဘယ်လိုကာကွယ်နိုင်မှာလဲ?
– မင်း ဘာလို့ သူနဲ့စကားအများကြီးပြောနေတာလဲ… သူ့ကို ရိုက်နှက်ဆုံးမလိုက်ရအောင်!
သွေးကြီးပြီး ရိုင်းစိုင်းမောက်မာသော စကားလုံးများ ထွက်ပေါ်လာပြီး ယခုလေးတင် ဖြစ်ပျက်သွားခဲ့သော အရာအားလုံးကို ပြန်လည်တည့်မတ်သွားစေခဲ့သည်။ လီယွမ်က လျှို့ဝှက် အသံဖမ်းထားပြီး ထိုအခိုက်အတန့်မှာ အငိုက်ဖမ်းခဲ့မယ်လို့ မိသားစုနှစ်ခုလုံးက မထင်ထားခဲ့ပေ။
ဖေးယိက လီယွမ်၏ ကူညီပေးမှုကို လက်ခုပ်တီးပေးချင်နေပြီး ဤလူအပေါ် သူ့ထင်မြင်ချက်မှာ တဖြည်းဖြည်း ပိုကောင်းလာလေ၏။
နောက်တန်းရှိ လူအုပ်ကြီးက လမ်းဖွင့်ပေးလိုက်တော့ ယန်စမ်းက ရှေ့တိုးလာကာ ပေါ်ယွဲ့မင်နှင့် ဖေးယိရှေ့မှာ အလိုလိုရပ်လိုက်လေသည်။
“ပေါ်သခင်ကြီး… ပေါ်ယွဲ့မင်က တစ်ခုခုမှားနေတယ်လို့ ခံစားမိတာနဲ့ လျှောက်လမ်းရှေ့က စောင့်ကြည့်မှတ်တမ်းဗီဒီယိုကို ရနိုင်မလားဆိုပြီး ကျွန်တော့်ကို ဟိုတယ်နဲ့စကားပြောကြည့်ဖို့ အကူအညီတောင်းခဲ့တယ်။”
“စောင့်ကြည့်ရေးကင်မရာတွေက လျှောက်လမ်းထောင့်က ရေချိုးခန်းနဲ့ နည်းနည်းဝေးပေမယ့် ဓာတ်ပုံတော့ ရိုက်နိုင်ခဲ့တယ်။ ပြီးတော့….” ယန်စမ်းက ဘေးမှာ တစ်ယောက်တည်းရပ်နေသော လီယွမ်ကိုကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေ၏။ “ဒီလူကြီးမင်း အသံဖမ်းထားတာကို လူတိုင်းကြားပြီးလောက်ပါပြီ။”
လီယွမ်နှင့် ယန်စမ်းက တစ်ယောက်ကိုတစ်ယောက် တစ်စက္ကန့်မျှကြည့်လိုက်သည်။ ဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားရင်း လီယွမ်က အပြစ်သားများဘက်သို့ အမြန်လှည့်ကြည့်ကာ အနည်းငယ်နေရခက်နေခဲ့သည်။ “သူတို့ သေချာမကြားလိုက်ဘူးဆိုရင်တော့ ဆွံ့အနားမကြား ဖြစ်နေလို့ပဲ…”
အသံဖမ်းထားတာရှိသလို အခု စောင့်ကြည့်ရေးကင်မရာရဲ့ ဓာတ်ပုံတွေလည်း ရှိနေတာမလား?
၎င်းက အမှန်ဖြစ်နေခဲ့လျှင် ဤသက်သေအပိုင်းအစများက အခြေအနေကို ရှင်းပြဖို့ လုံလောက်သည်!
ဝေ့နှင့် ချန်မိသားစု၏ မောက်မာမှုက ချက်ချင်းပျောက်ကွယ်သွားက စက္ကန့်ပိုင်းအတွင်း လေသံပြောင်းသွားကြလေသည်။ “အထင်လွဲနေတာပဲ.. ဒါတွေက နားလည်မှုလွဲသွားရုံပါ။ ကလေးနှစ်ယောက်ရဲ့ မျက်လုံးတွေကလည်း ပြဿနာ့အသေးအမွှားလေးပါ။ ရေနဲ့ဆေးလိုက်ရင် သူတို့အဆင်ပြေသွားမှာပါ!”
“ချန်ယန်၊ ဝေ့ပေါ်! ဖေးသခင်ငယ်လေးကို မြန်မြန်တောင်းပန်လိုက်လေ!”
“အမှန်ပဲ! မင်းတို့နှစ်ယောက်က ငယ်ငယ်လေးနဲ့ ကိစ္စတွေကို အလေးအနက်ထားရမှန်း မသိဘူးဖြစ်နေတာ။ အသောက်လွန်ပြီး မူးနေတာလားဟင်! ဒီနေ့ မတော်တဆမှုမဖြစ်ခဲ့တာ ကံကောင်းလို့ပေါ့!”
“…….”
ကြိမ်းမောင်းခံလိုက်ရသော ချန်ယန်နှင့် ဝေ့ပေါ်က သူတို့မိဘများ၏စကားကို ခံမပြောဝံ့သလို ယခုချိန်မှာ သူတို့ “မျက်လုံး ထိခိုက်သွားပါတယ်”လို့လည်း ဟန်ဆောင်မရတော့ချေ။
သူတို့က သူတို့ရင်ထဲမှာ မကျေမနပ်ဖြစ်မှုနှင့် ဒေါသကိုဖိနှိပ်ကာ အံကြိတ်လိုက်ပြီး ရှေ့တိုး၍ တောင်းပန်လိုက်လေသည်။ “တောင်းပန်ပါတယ်။ ငါတို့က ဖေးသခင်ငယ်လေးကို စနောက်စချင်ရုံပါ။”
စနောက်ချင်ရုံလား?
သူတို့မျက်လုံးတွေ ပြန်ကောင်းသွားပြီပေါ့?
သူတို့၏ ရယ်စရာကောင်းသော မလှိမ့်တပတ်စကားများကို ကြားသောအခါ ဖေးယိက မီးသတ်ဆေးဘူးကို မဖျန်းလိုက်သင့်ပဲ ထုချလိုက်သင့်သည်ဟု ခံစားလိုက်ရသည်။
၎င်းကိုစဥ်းစားကာ ပေါ်ယွဲ့မင်မှာ တူညီသော မေးခွန်းတစ်ခုထွက်လာ၏။
“နောက်နေတာဟုတ်လား?”
သူက သူ၏လမ်းပြတုတ်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး သူ့မျက်ဝန်းက ပို၍ပင် မည်းမှောင်လာခဲ့သည်။ “ငါ၊ ပေါ်ယွဲ့မင်က ကန်းနေလို့ ဖေးယိကို ကာကွယ်မပေးနိုင်ဘူးလို့ ပြောခဲ့တယ်မလား? မင်း အခု ဆင်ခြေတွေပေးနေတာပဲ”
မေးခွန်းထုတ်လိုက်သော အသံနက်ကြီးနှင့်အတူ သူ့လက်ထဲက လမ်းပြတုတ်က အောက်ဘက်သို့ အားကုန်ရိုက်ချခံလိုက်ရလေသည်။ ဘန်း!
ကျယ်လောင်သော အသံနှစ်သံ ဆက်တိုက်ထွက်ပေါ်လာ၏။
လမ်းပြတုတ်က ဝေ့နှင့် ချန်၏ခြေထောက်များကို ထိမှန်ခဲ့ပြီး နာကျင်မှုက ပြင်းထန်လွန်းတာကြောင့် ထိုနှစ်ယောက်က သေခါနီးဝက်တွေလို နေရာမှာတင် အော်ဟစ်ငိုကြွေးနေခဲ့သည်။
________________________________________