Chapter 16
ဆက်လက်ငြင်းခုံနေပါက ပေါ်ဝမ်နှင့် ပေါ်မိသားစုတစ်ခုလုံး မျက်နှာပျက်ရလိမ့်မည်။
ထို့ကြောင့် ပေါ်သခင်ကြီးက သူ၏ “နေမကောင်းဖြစ်ခြင်း”ဟူသော အကြောင်းပြချက်ကို သုံးကာ အပေါ်ထပ်ရှိ VIP ဧည့်ခန်းတွင် ပုန်းအောင်းနေလေ၏။ သူက တံခါးဝ၌ အသနားခံရန် ကြိုးစားနေသော ဝေ့နှင့် ချန်မိသားစုကို ထိုနေရာ၌ ရပ်နေခြင်းမှ တားဆီးလိုက်သည်။
လူချမ်းသာများ၏ အသိုင်းအဝိုင်းတွင် ထိုသို့သော အငြင်းပွားမှုက အဆန်းတော့မဟုတ်ချေ။ ဧည့်သည်များကလည်း ဝင်ရောက်မစွက်ဖက်မိစေဖို့နှင့် ပွဲမပြီးခင် အတင်းမဖျင်းမပြောကြဖို့ နားလည်မှုတစ်ခုကို ထိန်းသိမ်းထားသည်။
ဧည့်ခံပွဲခန်းမ၌ဝယ်။
ဖေးဟွမ်က နားနေခန်းရှိ လူလေးယောက်၏ ပုံရိပ်ကိုကြည့်ကာ မျက်ခုံးပင့်သွားလေသည်။
“ ရှောင်ဟွမ်…မင်းဘာကြည့်နေတာလဲ?”
တန်းရှို့ယာက ပွဲအစ၌ ဖေးယိကြောင့် မျက်နှာပျက်ခဲ့ရပြီးဖြစ်၍ ယနေ့ သားဖြစ်သူနဲ့ တစ်ချိန်လုံးကပ်နေပြီး တခြားသော အထက်တန်းလွှာ အမျိုးသမီးများရှေ့၌ ရယ်စရာမဖြစ်ချင်တော့ပေ။
ဖေးဟွမ်က အကြည့်ပြန်ရုတ်ကာ သူ၏ မကျေနပ်မှုအနည်းငယ်ကို ထုတ်ဖော်ပြောဆိုရန် အခွင့်ကောင်းယူလိုက်သည်။ “အဲ့ဒီတုန်းက ဖေးယိနဲ့ ပေါ်ယွဲ့မင်ကိစ္စကို အမေ ကျွန်တော့်ကို အကြောင်းကြားခဲ့သင့်တယ်။”
ပြီးခဲ့သည့်လတွင် ဖေးဟွမ်က သူတို့ဂရု၏ အစုရှယ်ယာရှင်များနှင့် ပူပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးရန် နိုင်ငံခြားသွားခဲ့ရသည်။
လွန်ခဲ့သည့်တစ်ပတ်က သူပြန်မရောက်ခင်အထိ ဖေးယိ၏ လက်ထပ်ပွဲနှင့် ပစ်မှတ်ဟာ ပေါ်ယွဲ့မင်ဖြစ်နေကြောင်း သူမကြားခဲ့ရပေ။
တန်းရှို့ယာက အံ့အားသင့်သွားသည်။ “ဒီလိုအသေးအမွှားတွေကို ပြောစရာလိုလို့လား? အဲ့ဒီအရူးကို အမြန်ပထုတ်ဖို့ အခွင့်အရေးရသွားလို့ မင်းက ဖေးမိသားစုရဲ့ တစ်ဦးတည်းသော သခင်လေးဖြစ်လာပြီး နောက်ဆို မင်းအဘိုးရဲ့ ပိုက်ဆံတွေအကုန်လုံးက…..”
“အမေ! အပြင်မှာ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့!”
ဖေးဟွမ်က တန်းရှို့ယာ၏အတွေးများကို ရပ်တန့်ကာ သူ့မျက်ဝန်းက နားနေခန်ရှိ လူလေးယောက်ဆီ ပြန်ရွေ့သွားခဲ့သည်။ “ခင်ဗျားက ဖေးယိအတွက် ဒုတိယသခင်လေးပေါ်ကို ရှာခဲ့တာလား? သူအရင်က ဘာလဲဆိုတာ မသိလို့လား?”
အရည်အချင်းရှိတယ်၊ ရုပ်ချောတယ်၊ သူနဲ့လုပ်ငန်းပူးပေါင်းပြီး အိမ်ထောင်ရေးမိတ်ဖက်တွေ ဖြစ်ချင်နေတဲ့ မိသားစုတွေ ဘယ်လောက်များလိုက်လဲ!
တန်းရှို့ယာက သူမသားကြောင့် တိတ်ဆိတ်သွားသည်။ “.....အခု ပေါ်ယွဲ့မင်က ကန်းနေတာမဟုတ်ဘူးလား? ဆေးရုံမှာရှိတဲ့ ပေါ်သခင်မကြီးက အသက်မရှင်နိုင်လောက်ဘူး။ ပြီးတော့ ပေါ်သခင်ကြီးကလည်း သူ့မြေးကို မချစ်တာသေချာတယ်။”
ကန်းနေတယ်?
သူ့ကို မချစ်ဘူး?
ဖေးဟွမ်က ခေါင်းအသာယမ်းပြကာ မေးလိုက်၏။ “ပေါ်ယွဲ့မင်ရဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေက သူမျက်လုံးကြောင့် ထိခိုက်သွားတယ် ထင်လို့လား? ပေါ်သခင်ကြီးက သူ့ကို သဘောမကျရင် ပေါ်အိမ်တော်ကနေ နှင်ထုတ်လိုက်မှာ မဟုတ်ဘူးလား? ဒီမှာရှိတဲ့ ဧည့်သည်တွေက သူ့ကို လျှော့တွက်ရဲလို့လား ကြည့်လေ…”
“……”
တန်းရှို့ယာ မဖြေနိုင်တော့ပေ။ သူ ၎င်းကို အများကြီးမတွေးထားခဲ့ပေ။
“ထားလိုက်တော့”
ဖေးဟွမ်က ပြောမပြနိုင်သော မကျေနပ်မှုတို့ကို မျိုသိပ်ထားလိုက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။ “အမေ… ကျွန်တော် သွားနှုတ်ဆက်လိုက်ဦးမယ်။”
. . . . . .
ဧည့်ခံပွဲခန်းမ၏ နားနေခန်းတွင် ယန်စမ်းက လီယွမ်၏လက်ကို ပတ်တီးပတ်ပေးလိုက်သည်။
ယခုနက သူ့အကူအညီကြောင့် ထင်မြင်ချက်ကောင်းရှိနေသော ဖေးယိက အနီးကပ်ကြည့်ရင်း “နာနေလား?”
လီယွမ်က ပတ်တီးကို ဖော့ဖော့ကလေး ပွတ်သပ်ရင်း ပြောလိုက်၏။ “ဘာနာတာလဲ? မင်းလက်နှေးခဲ့ရင် ငါ့လက်ချောင်းတွေ ပိုသက်သာနေမှာ!”
“……”
ဖေးယိက ဆို့နင်သွားက ဖြေရခက်နေခဲ့သည်။
မူရင်းစာအုပ်က လီယွမ်၏ အကျင့်စရိုက်ကိုဖော်ပြရန် “လျှာဆိပ်ပြင်းတယ်”လို့ သုံးနှုန်းထားသည်။ သူတို့အဆင်ပြေတာ ဘယ်လောက်ကြာသေးလို့လဲ? တစ်ဖက်လူက ကြွကြွရွရွပင် ပြောဆိုလာသည်။
ပေါ်ယွဲ့မင်က ဖေးယိ၏ “ရှက်ရွံ့မှု”ကို သတိထားမိပြီး သူ့နှုတ်ခမ်းထောင့်လေး ကွေးညွတ်သွားလေ၏။
ဆန့်ကျင်ဘက်မှာရှိသော ယန်စမ်းက ပြောလိုက်၏။ “တစ်ခွက်လောက် သောက်ကြမလား?”
ဖေးယိက စားပွဲပေါ်ရှိ ကြက်သွေးရောင် ဝိုင်စင်လေးကိုကြည့်ကာ သူ့စိတ်တွေ ကမောက်ကမဖြစ်နေစဥ် ဘေးရှိ ပေါ်ယွဲ့မင်က ကြားဖြတ်ပြောဆိုလာသည်။ “ငါတို့နဲ့ လီသခင်လေးက သောက်လို့ရတယ်။ ဖေးယိက သောက်လို့မရဘူး။ သူ့အတွက် နို့ပူပူလေးတစ်ခွက် ယူလာခဲ့ပါ။”
“……”
ခဏနေပါဦး! ဘာအတွက်လဲ?
အရက်စွဲနေသော ဖေးယိက ထိန်းမနိုင်သိမ်းမရဖြစ်ကာ တီးတိုးပြောလိုက်လေသည်။ “ကျွန်တော်… ကျွန်တော်သောက်ကြည့်ချင်တယ်။”
“မင်း ဖေးအိမ်တော်မှာ ဒါမှမဟုတ် ဧည့်ခံပွဲတွေမှာ သောက်ဖူးလို့လား? မင်းက သောက်နိုင်လို့လား? ဦးလေးခိုင်က အခုထိပြန်မလာသေးဘူး။ ဒီနေရာမူးပြီး အိပ်ပျော်သွားရင် ငါက မင်းကို ပြန်ခေါ်သွားပေးရမှာလား?”
ပေါ်ယွဲ့မင်က အရူးလေး၏ နားလည်နိုင်စွမ်းကို ဂရုစိုက်တာကြောင့် ဖြည်းဖြည်းချင်းသာ စကားပြောခဲ့သည်။ သူ၏ အေးဆေးတည်ငြိမ်သော မေးခွန်းမှာ ထိန်းချုပ်လိုသော ဆန္ဒများကိုပင် ဖုံးကွယ်ထားလေသည်။
“……”
ဖေးယိက ပြောစရာစကားပျောက်ရှနေပြီး “အရူးဟန်ဆောင်ခြင်း”မှာလည်း ဆိုးကျိုးရှိကြောင်း ရုတ်ချည်း သဘောပေါက်သွားသည်။
ဤမြင်ကွင်းကြောင့် ယန်စမ်းက သူ၏ အံ့အားသင့်မှုကို ဖုံးကွယ်ရန် မျက်မှန်ကို နှာတံပေါ် တွန်းတင်လိုက်၏။
သူငယ်ချင်းဖြစ်သူ ပေါ်ယွဲ့မင်၏ အကျင့်စရိုက်အရ တစ်ဖက်လူ( ပေါ်ယွဲ့မင်) က ဤအိမ်ထောင်ရေးနှင့် ဖေးယိကို မလိုလားသည့်အပြင် တစ်မိုးအောက်မှာ အတူနေထိုင်သည့်တိုင် တစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက်မပေးပဲ အလိုက်သင့်နေထိုင်ဖို့သာ ရွေးချယ်ကြလိမ့်မည်။
အခုကြည့်လိုက်တော့ ပေါ်ယွဲ့မင်ရဲ့ ဖေးယိအပေါ် လုပ်ရပ်တိုင်းက တည်ငြိမ်နေပြီး သာမန်ဆန်ပေမယ့် ဖော်ပြလို့မရနိုင်တဲ့ စိတ်ရှည်သည်းခံမှု ခံစားချက်ရှိနေသလိုပဲ?
သူစဥ်းစားနေစဥ် တောက်ပကြည်လင်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“စီနီယာ… မတွေ့ရတာကြာပြီနော်။”
ဖေးယိက ရုတ်ချည်း မော့ကြည့်လိုက်မိသည်။ သူက ဝိုင်တစ်ခွက်နှင့် ချဥ်းကပ်လာသော ဖေးဟွမ်ကိုကြည့်ကာ သူ့ဘေးက လူသုံးယောက်ကို တိတ်တဆိတ် ပြန်ကြည့်လိုက်သည်။ ဝိုင်မသောက်ရလို့ စိတ်ဓာတ်ကျနေခြင်းက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းလိုက်တာ…. အင်း… မင်းတစ်ညလုံးစောင့်နေခဲ့ရတာပဲ!
အမျိုးသားဇာတ်လိုက်ကုန်း ယန်စန်း၊ အမျိုးသားဇာတ်လိုက်ရှို့ ဖေးယွမ်၊ အရံဇာတ်ကောင် လီယွမ်နှင့် ဗီလိန် ပေါ်ယွဲ့မင်… သူတို့အားလုံး ဒီနေရာမှာ အတူရှိနေတာပဲ!
သူ၏လက်ရှိနေရာက ဖရဲသီးတစ်လုံးစားရန် ပြီးပြည့်စုံသော C အနေအထားဖြစ်သည်။ သူ ပြဇာတ်ကြည့်ချင်နေသရွေ့ လူတိုင်း၏ မျက်လုံးထဲရှိ အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း တွေ့နိုင်လိမ့်မည်။
သုံးယောက်ထဲမှာ ယန်စမ်းက ပထမဆုံးတုံ့ပြန်လာသူဖြစ်၏။ “ဖေးယွမ်?”
“ဟုတ်! စီနီယာ ကျွန်တော့်ကိုမှတ်မိနေမယ်လို့ မထင်ထားဘူး။ ခုနတုန်းက လျှောက်လမ်းမှာ အဆင်မပြေလို့ အခုမှ လာနှုတ်ဆက်တာပါ။”
ဖေးဟွမ်က ပြုံးကာ ဆိုဖာပေါ်မှ တခြားလူများကိုကြည့်ပြီး တစ်ယောက်ချင်းစီ နှုတ်ဆက်လိုက်သည်။ “ဒုတိယသခင်လေး၊ ယွမ်နဲ့ ရှောင်ယိ။”
သူ့မျက်လုံးတစ်စုံက ဆွဲဆောင်မှုအရှိဆုံး လက်နက်ဖြစ်သည်။ သူပြုံးလိုက်သည့်အခါ သူ့မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့သည်ပင် အင်မတန် စွဲမက်ဖွယ်ကောင်းလှသည်။
သို့သော် ပေါ်ယွဲ့မင်က မမြင်နိုင်သဖြင့် သူ့အမူအရာက ဖျတ်လတ်မနေပေ။
ယန်စမ်းက နှုတ်ဆက်လာမှုကို အရင်တုံ့ပြန်ကာ ဖေးဟွမ်ကို ထပ်မိတ်ဆက်ပေးလိုက်သည်။ “ယွဲ့မင်…ဖေးဟွမ်က ငါ့ထက် နှစ်နှစ်ငယ်တဲ့ တက္ကသိုလ်တူ ဂျူနီယာတစ်ယောက်ပါ။”
ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ကာ ဖေးယိ၏ အမူအရာကို အာရုံစိုက်ဖို့ ကြိုးစားလိုက်သည်။
သူက ဖေးယိနှင့် ဖေးဟွမ်ကြားရှိ ဆက်ဆံရေးကို သေချာမသိပေ။ ယခုချိန်တွင် သူက တစ်ဖက်လူ၏ တုံ့ပြန်မှုမှ ၎င်းကို ဆုံးဖြတ်ချင်သော်လည်း ဖေးယိက စိတ်ဝင်တစား ဖရဲသီးစားရင်း အလုပ်ရှုပ်နေကာ မလိုအပ်သည့် စကားတစ်ခွန်းမျှပင် မပြောခဲ့ပေ။
ယန်စမ်းက ဖေးဟွမ်အပေါ် အမြဲတမ်း ထင်မြင်ချက်ကောင်းရှိခဲ့တာကြောင့် သူက သိလိုစိတ်ပြင်းပြစွာ မေးလိုက်လေ၏။ “ဒါနဲ့ မင်းက လီသခင်လေးကို သိတာလား?”
“……”
၎င်းကိုကြားတော့ လီယွမ်က ဒဏ်ရာရထားသော လက်ချောင်းထိပ်ကို မသိစိတ်အလျောက် ဖိမိသွားသည်။
ဖေးဟွမ်ကို လီယွမ်ကိုကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။ “စီနီယာ… ယွမ်နဲ့ ကျွန်တော်က အတန်းတူပါတယ်။ သူကလည်း ခင်ဗျားရဲ့ဂျူနီယာပါ။”
လီယွမ်၏ပါးစပ်ထောင့်က ကွေးညွတ်သွားကာ သူက မလွှဲမရှောင်သာ ပြောလိုက်ရသည်။ “ကျွန်တော်ဒုတိယနှစ်မှာ ခွင့်ယူခဲ့ရလို့ ဘွဲ့ယူဖို့ တစ်နှစ်နှောင့်နှေးခဲ့တယ်။ မစ္စတာယန် ကျွန်တော့်ကိုမသိတာ ဖြစ်သင့်ပါတယ်။”
စီနီယာလို့ခေါ်သည့် ဖေးဟွမ်နှင့်မတူစွာ “မစ္စတာယန်”လို့ သုံးနှုန်းခြင်းက ပို၍ ယဥ်ကျေးပုံပေါက်သည်။
ယန်စမ်း၏ မျက်ဝန်းက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေသည်။ တစ်ဖက်မှာတော့ ပေါ်ယွဲ့မင်က ဖြစ်စဥ်တစ်ခုလုံးကို စိတ်မဝင်စားပဲ အပြင်လူများကို လျစ်လျူရှုထားလေသည်။
ဖေးယိက လူလေးယောက်၏ တုံ့ပြန်မှုကို တိတ်တဆိတ် လေ့လာနေပြီး မူရင်းစာအုပ်၏ ဇာတ်လမ်းအကြမ်းဖျင်းကို သတိရသွားခဲ့သည်။
“ချမ်းသာသော မိသားစု၏ လွဲမှားနေသော ကြင်နာမှု” စာအုပ်က ဘဝနေထိုင်မှု ပြောင်းလဲလိုက်ရသည့် သခင်လေးအတုနှင့် အစစ်၏ ဇာတ်လမ်းကို ပြောပြထားသည်။
ဇာတ်လိုက်ရှို့ဖြစ်သူ ဖေးဟွမ်နှင့် အရံဇာတ်ကောင်ရှို့ဖြစ်သူ လီယွမ်တို့က မွေးကင်းစ၌ပင် ကလေးမှားခဲ့သူများဖြစ်၏။ အစပိုင်းတွင် သူတို့နှစ်ဦး၏ မိသားစုမှာ တူညီသော နောက်ခံရှိတာကြောင့် သူတို့ဘဝအတွေ့အကြုံများ မှားယွင်းခဲ့ကြသော်လည်း သူတို့နှစ်ယောက်လုံးက သခင်လေးများအဖြစ် ချမ်းသာကြွယ်ဝသော ဘဝ၌ နေထိုင်နိုင်ခဲ့ကြသည်။
တစ်နည်းဆိုရသော် လီယွမ်က မူလပိုင်ရှင် ဖေးယိ၏ ဝမ်းကွဲအစစ်အမှန်ဖြစ်လေသည်။
ထို့နောက် သူ၏ တက္ကသိုလ်ဒုတိယနှစ်တွင် လီမိသားစုက မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲရပြီး နေ့ချင်းညချင်းပင် ပြိုလဲသွားခဲ့သည်။ လီယွမ်က ချမ်းသာသော သခင်လေးတစ်ယောက်အဖြစ်မှ ဘဝအတွက် ရုန်းကန်ဖို့ လိုအပ်သည့် သာမန်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ချောမွေ့သောဘဝမှာ နေထိုင်နေရသည့် ဖေးဟွမ်က တစ်ကျောင်းတည်းရှိ စီနီယာယန်စမ်းနှင့် တွေ့ဆုံခဲ့သည်။ သူတို့တွေ့ဆုံပြီး ခဏတာဝေးခဲ့ကြပေမယ့် တစ်ယောက်ပေါ် တစ်ယောက် ထင်မြင်ချက်ကောင်းများ ရှိနေခဲ့သည်။
၎င်းက ဤဧည့်ခံပွဲ၌ သူတို့၏ ကံကြမ္မာကို ပြန်လည်ဆက်နွယ်မသွားခင်ထိ ဖြစ်လေ၏။
မူရင်းစာအုပ်၏ အဓိက ဇာတ်ကွက်အဖြစ် လွှဲမှားနေသော ဘဝနှစ်ခုသည် တစ်နေ့ကျရင် မလွဲမသွေ ပေါ်ပေါက်လာလိမ့်မည်။
နောက်ပိုင်းတွင် သူ၏ဇစ်မြစ်ကိုသိသွားသော ဖေးဟွမ်က စိတ်ပျက်အားလျော့ပြီး အရှုံးပေးခြင်းမရှိခဲ့ပေ။ သူ့မိခင်အရင်းက ဤနှစ်များမှာ ဒုက္ခများစွာရောက်ခဲ့ပြီး သူ့မွေးစားမိဘများကလည်း သူ့ကို လက်လွှတ်ဖို့ မလိုလားတာကို နားလည်တာကြောင့် သူက မိသားစုနှစ်ခုကြား ပြေးလွှားနေကာ သူ့ကိုယ်ပိုင်အရည်အချင်းကို အားကိုးပြီး စီးပွားရေးလမ်းကြောင်းတစ်ခု ချဲ့ထွင်ခဲ့သည်။
ဤကာလအတွင်း သူက လူအများ၏ချစ်ခင်မှုကို ရရှိခဲ့ပြီး အဆုံးမှာတော့ ယန်စမ်းနှင့် လက်တွဲခဲ့သည်။
တစ်ဖက်မှာ ဖေးအိမ်တော်ကို ပြန်ရောက်လာသော သခင်လေးအစစ် လီယွမ်က ဖေးဟွမ်အပေါ် ဖွင့်ဆိုရှင်းပြ၍မရသော မုန်းတီးမှုကြီး ရှိလာခဲ့သည်။
ဤရန်ငြိုးက မနာလိုမှုနှင့်အတူ ပို၍ပြင်းထန်လာပြီး အချိန်နဲ့အမျှ သူက တစ်ဖက်လူကို ဒုက္ခပေးရန် ကြံစည်ခဲ့သည်။ အဆုံးမှာ သူက အပယ်ခံဘဝဖြင့် ဘဝတစ်ခုလုံး အရှက်သိက္ခါမဲ့သွားရလေသည်။
သူတို့နှစ်ဦးက “သခင်လေးအစစ်နှင့် အတု”ဟူသော ပုံမှန်ထိန်းချုပ်အုပ်စုဟု ဆိုရပေမည်။
. . . . . .