Ch 26
Viewers 28k

Chapter 26


ပေါ်ကွမ်းချန်၏ ဝင်ထွက်သွားလာခြင်းက လူအများကို ရွံရှာစေသော်လည်း စိတ်ဓာတ်အပိုင်းမှာတော့ မည်သည့်သက်ရောက်မှုမျှ မရှိချေ။

ပေါ်ယွဲ့မင်နှင့် လက်ထောက်လင်းကျုံးက အလုပ်ကိစ္စဆွေးနွေးရန် ပထမထပ်ရှိ စာဖတ်ခန်းထဲဝင်သွားခဲ့သည်။ ဦးလေးခိုင်က အထုပ်အပိုး ဖြည်ပြီးနောက် ညစာပြင်ဖို့ အစေခံများအား ကြီးကြပ်ညွှန်ကြားရန် မီးဖိုချောင်ထဲဝင်သွားသည်။

ဖေးယိက လုပ်စရာမရှိတာကြောင့် စစ်ဆေးရေးမှူးကို အခန်းထဲပြန်ခေါ်သွားပြီး တံခါးလော့ချကာ ကွန်ပျူတာဖွင့်လိုက်သည်။

ယိုထူဖိုရမ်ထဲ လော့အင်ဝင်လိုက်သည်နှင့် သတိပေးချက် အစောင်ရေတစ်သောင်းလောက် ပေါ်လာပြီး ဖေးယိက အတန်ငယ်အံ့အားသင့်သွားကာ နောက်ခံဒေတာကို ချက်ချင်းစစ်ဆေးလိုက်သည်။

ဂိမ်းသဘောတရားနှစ်ခုက လူကြိုက်များမှု ငါးသောင်းကျော်ရရှိခဲ့သည်။ ဖေးယိ၏ အသစ်ဖွင့်ထားသော အသုံးပြုသူအမည် (vest/usename) Will က ဂိမ်းပရိသတ်တစ်ထောင်ကျော် ရရှိခဲ့သည်။

သူ၏ကိုယ်ရေးကိုယ်တာ သီးသန့်မက်ဆေ့ချ်များက ဂိမ်းကုမ္ပဏီများ၊ စတူဒီယိုများနှင့် ဂိမ်းဘလော့ဂါတစ်ဦးချင်းစီနှင့် ပြည့်နှက်နေသည်။

“ယိုထု”က တရုတ်နိုင်ငံ၌ အကြီးမားဆုံး ဂိမ်းဖိုရမ်ဝဘ်ဆိုဒ်ဖြစ်ပြီး အပူကစော်ဖောက်ခြင်း*က ဖေးယိ တွေးထားတာထက် ပိုကောင်းနေသည်။ ဖေးယိက ၎င်းတို့အားလုံးကို သူ၏ကိုယ်ပိုင်ဖန်တီးမှုလို့ သတ်မှတ်ခဲ့သည်။

(ရုတ်တရက် အပြောင်းအလဲကိုပြောတာပါ)

ယခုတစ်ခေါက် သူဖန်တီးထားသော single player* ဂိမ်းနှစ်ခုက လုံးလုံးကွဲပြားသောပုံစံဖြစ်သည်။

(**တစ်ဦးတည်းကစားလို့ရသော ဂိမ်း)


ပထမတစ်မျိုးက “ရွှင်ပျပျစိတ်ဓာတ်”လို့ အမည်ရသည်။ ၎င်းက တရုတ်စတိုင် သဘာဝလွန် ဗဟေဠိဂိမ်းဖြစ်ပြီး အကျဥ်းခန်းတစ်ခုချင်းစီ၏ မြင်ကွင်းအကြောင်းအရာများက ကွဲပြားသည်။ ကစားသမားတစ်ဦးချင်းစီက သတ်မှတ်ထားသော အချိန်ပမာဏအတွင်း အဖြေနှင့် ထွက်ပေါက်များကို ရှာရမည်။ 

အကျဥ်းခန်းတစ်ခုစီတွင် တရုတ်ဂီတတူရိယာတစ်ခု အတိအကျပါရှ်ိပြီး သတ်မှတ်ထားသော အချိန်တစ်ခုတွင် တူရိယာသံထွက်ပေါ်လာစဥ် မတူညီသော စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းများ အသီးသီး ပေါ်ထွက်လာမှာဖြစ်ပြီး ၎င်းက အဆင့်ကျရှူံးမှုအဆင့်ကို ဦးတည်သွားနိုင်သည်။

ဟုတ်ပါ၏။ ဤဂိမ်း၏ အဓိကအချက်တစ်ခုမှာ  တူရိယာအသံထွက် တစ်ခုစီတိုင်းအတွက် နောက်ခံတေးဂီတကို သေချာရေးသားဖို့ လိုလေသည်။ ရင်ဖိုစရာအသံတိုင်းက ကစားသမား၏ အရိုးနှင့်သွေးထဲထိ စိမ်ဝင့်သွားစေပြီး ကြားလိုက်သည်နှင့် ဆံပင်မွေးများ ထောင်သွားရမည်။


ဒုတိယတစ်ခုမှာ “တိမ်ကမ္ဘာ” ဟု ခေါ်တွင်ပြီး ၎င်းက အလုပ်အသွားအပြန် လုပ်နေရသော လူတွေအတွက် ပိုသင့်တော်သည့် စိတ်ကုသရေးဆိုင်ရာ စုစည်းမှုဂိမ်းတစ်ခုဖြစ်သည်။ ကစားသမားများက လက်တွေ့ဘဝတွင် တိမ်များကို မှတ်တမ်းတင်ပြီး ရွေးချယ်ထားသော ရုပ်ပုံများကို နေ့စဥ် အပ်လုဒ်တင်ဖို့ လိုအပ်သည်။

မတူညီသော တိမ်တိုက်ဖွဲ့စည်းပုံများနှင့် လေထုဖြစ်စဥ်များသည်ပင် ကွဲပြားသောအချက်အလက်များနှင့် ကိုက်ညီသွားမှာဖြစ်ပြီး အပ်လုဒ်တင်ခြင်းက သက်ဆိုင်ရာ တိမ်တိုက်အမျိုးအစား ပန်းချီကတ်များနှင့် စိတ်ကြိုက်ရေးဆွဲထားသော Chibi ဗားရှင်းကိုပင် ရရှိနိုင်လေသည်။ ကစားသမား၏ အဆင့်ရမှတ်က မရှိမဖြစ်လိုအပ်သည်။

ယခုအခါ လူအများက စိတ်လှုပ်ရှားနေပြီး ဂိမ်းနှစ်ခု၏ အချက်အလက်များအရ “ရွှင်ပျပျစိတ်ဓာတ်”က လူကြိုက်ပိုများနေသည်။

သို့သော်ငြား မီနီဂိမ်းများက အတုယူရေးဆွဲဖို့ လွယ်ကူပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုသို့သော ဖန်တီးမှုဗားရှင်းတစ်ခုကို မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချရန် လွယ်ကူမည်မဟုတ်ပေ။

အချိန်ကိုစဥ်းစားကြည့်လိုက်တော့ ဖေးယိက ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသော တစ်ဦးချင်းစီကို ကြည့်လိုက်သည်။ အဆုံးမှာ အွန်လိုင်း၌ လက်မှတ်ရေးထိုးရန် ယုံကြည်စိတ်ချရပြီး ကမ်းလှမ်းမှုမြင့်မားသည့် ပါတနာနှစ်ဦးကို ရွေးချယ်ခဲ့သည်။

ဖေးယိက “တိမ်ကမ္ဘာ”ကို စျေးနှုန်းအပြည့်ဖြင့် ရောင်းချခဲ့ပြီး စတူဒီယိုအသစ်လေးတစ်ခုကို ပေးခဲ့သည်။ “ရွှင်ပျပျစိတ်ဓာတ်”အတွက််မူ ယုံကြည်ရသည့် ဂိမ်ကုမ္ပဏီဟောင်းတစ်ခုကို ရွေးချယ်ရမည်။

ဖေးယိနှင့် ပါတနာ A ၏ သဘောတူညီချက်မှာ ဖေးယိက “ရွှင်ပျပျစိတ်ဓာတ်”၏ ဇာတ်ညွှန်းလယ်ဗယ် ပထမဆယ်ဆင့်ကို ယခင်နှင့် ယခုဟူ၍ နှစ်ပိုင်းခွဲကာ လွှဲပြောင်းပေးရမည်ဖြစ်၏။ ထို့နောက် တစ်ဖက်ကုမ္ပဏီက ကုဒ်နံပါတ်သတ်မှတ်မှုနှင့် ဂိမ်းမီနူးတို့ကို စီမံဆောင်ရွက်ကာ ကော်ပီတစ်ခုကို အွန်လိုင်းပေါ်တင်ရန် လက်မှတ်ထိုးဖို့ လိုသည်။

လျှို့ဝှက်ချက်များ ဖော်ထုတ်ရသည့် မီနီဂိမ်းများအတွက် အရေးကြီးဆုံးအချက်မှာ အကြောင်းအရာဖန်တီးမှုဖြစ်သည်။


“ရွှင်ပျပျစိတ်ဓာတ်”ဂိမ်းကို လက်တွေ့ကမ္ဘာမှာ အောင်မြင်စွာ စမ်းသပ်ပြီးလေပြီ။ ဖေးယိ ကူးပြောင်းမလာခင်မှာ သူကိုယ်တိုင် ဖန်တီးရေးဆွဲထားသော လယ်ဗယ်နှစ်ဆယ်နီးပါးရှိသည်။

လယ်ဗယ်ဆယ်ခုနှင့်အတူ ဖေးယိက သူ၏ယခင်စိတ်ကူးများကို အပြည့်အဝကူးယူနိုင်ပြီး ယင်းက သူ့အတွက် ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပေ။ သူ့အတွက် အရေးကြီးဆုံးမှာ ဤဂိမ်းလောက၌ သူ၏ နာမည်ကျော်ကြားမှုကို မြှင့်တင်ရန် ကြာမြင်စွာ တည်ရှိခဲ့သော ကုမ္ပဏီတစ်ခုကို အားကိုးရလိမ့်မည်။

မီနီဂိမ်းနှစ်ခု၏ အွန်လိုင်းလက်မှတ်ရေးထိုးခြင်းကို အပြီးသတ်ရန် အချိန်နှစ်နာရီခွဲနီးပါး ကြာမြင့်ခဲ့သည်။

ဖေးယိက နောက်ခံမှာတွေ့ရသည့် ငွေသွင်းလုပ်ငန်းစဥ်ကို တွေ့လိုက်ရစဥ် စိတ်သက်သာရာရသွားသည်။ သို့ပေမယ့် ဤနေရာမှာမပြီးသေးပေ။ သူက သီးသန့်မက်ဆေ့စာမျက်နှာတွင် ရင်းနှီးသည့် အိုင်ဒီတစ်ခုဖြစ်သည့် (သစ်တော်သီးခြံ) အမှတ်တံဆိပ်ကို တွေ့ရှိခဲ့သည်။


တစ်ဖက်လူက ဂိမ်းအပ်လုဒ်တင်ပြီးနောက်တွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် သီးသန့်မက်ဆေ့ပို့ခဲ့သည့် ပထမဆုံးလူဖြစ်သည်။


ဖေးယိက သစ်တော်သီးခြံ၏ ပရိုဖိုင်ဓာတ်ပုံ၌ “အွန်လိုင်းဖြစ်နေသည်”ဟူသော အစိမ်းရောင်အစက်ကလေးကို ကြည့်ကာ အနှီလူ၏ ကိုယ်ပိုင်ပင်မစာမျက်နှာ (Homepage) ကိုနှိပ်ပြီး ဟိုဟိုသည်သည် လျှောက်ကြည့်လိုက်သည်။ ထို့နောက် သူက Baidu Search ကိုနှိပ်ကာ စုံစမ်းစစ်ဆေးရန် စကားလုံးအချို့ ရိုက်ထည့်လိုက်သည်။

သိပ်မကြာခင်မှာပဲ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။



ဖေးယိက ယိုထူ၏ သီးသန့်မက်ဆေ့စာမျက်နှာကို ပြန်သွားလိုက်စဥ် ထို “သစ်တော်သီးခြံ” အကောင့်က လွန်ခဲ့သည့်တစ်မိနစ်က သူ့ထံမက်ဆေ့တစ်စောင် ပို့ထားခဲ့သည်။ “ဟယ်လို.. “တိမ်ကမ္ဘာ”ရဲ့ ဂိမ်းမူပိုင်ခွင့်ကို ရောင်းပြီးပြီလား?”

“မင်း ငါ့ရဲ့ Homepage ကို ဝင်ကြည့်သွားတာလား?”

ဖေးယိက တခစ်ခစ်ရယ်လိုက်ပြီး မျက်ခုံးပင့်ကာ စာရိုက်လိုက်သည်။ “ခင်ဗျားဘယ်လိုသိလဲ?”

“နိုတီတစ်စောင်ရောက်နေတယ်လေ။”

သစ်တော်သီးခြံက စခရင်ရှော့တစ်ခု ပေးပို့ခဲ့သည်။ ဖေးယိ၏ပင်စာမျက်နှာရှိ ဂိမ်းမျက်နှာပြင်ပေါ်တွင် ဂိမ်းနှစ်ခုလုံးကို “ပူးပေါင်းရောင်းချခြင်း” ဟူသော စကားလုံးဖြင့် အမှတ်အသားပြုထားသည်။

ဖန်သားပြင်၏ တစ်ဖက်မှ လီယွမ်က ထပ်မေးလာသည်။ “ငါမမှားဘူးဆိုရင် ငါက မင်းကို ပူးပေါင်းဆောင်ရွက်ရေး မက်ဆေ့ပို့ခဲ့တဲ့ ပထမဆုံးလူဖြစ်မယ်။ မင်း ဘာလို့ ငါနဲ့ မပူးပေါင်းချင်တာလဲ သိလို့ရမလား?”

ဖေးယိက သစ်တော်သီးခြံမှ မက်ဆေ့တစ်စောင်ကို စိုက်ကြည့်ကာ မဆိုင်းမတွဖြေလိုက်သည်။ “အရုဏ်ဦးဂိမ်း…မစ္စတာလီယွမ်မလား?” 

တခြားတစ်ဖက်ရှိ “စာရိုက်နေခြင်း”က ချက်ချင်းပျောက်ကွယ်သွားပြီး ခေတ္တရပ်လိုက်ခြင်း ဖေးယိ၏မေးခွန်းကို အတည်ပြုပေးခဲ့သည်။

တကယ်တမ်းမှာ ယခင်တစ်ခေါက် သူတို့ ကော်ဖီဆိုင်မှာ တွေ့ခဲ့စဥ် ဤထင်မြင်ယူဆချက်က သူ့စိတ်ထဲပေါ်လာခဲ့တာဖြစ်၏။

သစ်တော်သီးခြံ (ခ) လီယွမ်။ သူက သူ့အကောင့်နာမည်ကို လုံးဝမဖုံးကွယ်ထားပေ။ ၎င်းက နာမည်ပေးမကျွမ်းကျင်သော သူ့ထက်ပင်ဆိုးသေးသည်။

ခဏစောင့်ပြီးနောက် အကောင့်နာမည်ဖော်ထုတ်ခံလိုက်ရသော လီယွမ်က ဝန်ခံလိုက်သည်။ “အင်း…မင်းဘယ်လိုခန့်မှန်းခဲ့တာလဲ?”

ဖေးယိက ရှင်းပြလိုက်သည်။ “လွယ်ပါတယ်။ ခင်ဗျားပရိုဖိုင်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကဲဖြတ်ချက်တွေကို မဖုံးထားဘူးလေ။ ဂိမ်းအမျိုးအစားကို အတည်ပြုဖို့ အဲ့ဒီပါတနာတွေရဲ့ ပင်မစာမျက်နှာကို နှိပ်ကြည့်လိုက်တော့ “အရုဏ်ဦးဂိမ်း”ရဲ့ တရားဝင်ဝဘ်ဆိုဒ်ကို တွေ့ပြီး အလားတူအမျိုးအစားတွေနဲ့ ယှဥ်ကြည့်ပြီးမှ အတည်ပြုလိုက်တာ။”

လီယွမ်က စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေပြီး ခေါင်းမာမာဖြင့် မေးလိုက်လေသည်။ “ဒီတော့ မစ္စတာ Will … အရုဏ်ဦးဂိမ်းရဲ့ လက်ရှိအခြေအနေနဲ့ စွမ်းဆောင်ရည်က မင်းရဲ့ဂိမ်းဆက်တင်ကို တိုးတက်စေမှာမဟုတ်ဘူးလို့ ထင်လိုက်တာလား? ဒါကြောင့် ငါ့ကို မူပိုင်ခွင့်ရောင်းဖို့ စိတ်မချတာလား?”

ဖေးယိက အံ့သြတကြီး မျက်လုံးမှေးစင်းသွားပေမယ့် သူ၏ယုံကြည်မှုကင်းမဲ့ခြင်း အကြောင်းအရင်းကို နားလည်နိုင်သည်။

မူရင်းဝတ္ထု၏ ဇာတ်လမ်းတွင် သခင်လေးတို့၏ မွေးကတည်းက ကလေးလဲခံလိုက်ရခြင်း အမှားနဲ့အမှန်ကို မဖော်ပြမီ ရင်းနှီးမြုပ်နှံမှုနည်းပါးပြီး သုံးလတစ်ကြိမ် ငွေလိုမှုကြောင့် အရုဏ်ဦးဂိမ်းကို အပြီးသတ်ပိတ်သိမ်းရန် ကြေညာခဲ့သည်။


ခန့်မှန်းခြေအားဖြင့် ယင်းက ဤသုံးလအတွင်း ဖြစ်လိမ့်မည်။


ယခုချိန်တွင် လီယွမ်က ကမ်းစပ်မှာ ရုန်းကန်နေရသော ငါးတစ်ကောင်ကဲ့သို့ပင်။ ၎င်း၏ ကြေးခွံများသည် သွေးထွက်နေသည့် အဆင့်သို့ရောက်ကာ အဆုံး၌ ၎င်းက ကြီးကျယ်ခမ်းနားသော ပင်လယ်ထဲသို့ အရုဏ်ဦးမှာပင် ပြန်မရောက်နိုင်တော့ပေ။


ဖေးယိက သက်ပြင်းချကာ ဖြေလိုက်သည်။ “ဒီလိုမျိုး တပိုင်တနိုင်ဂိမ်းတွေက အချိန်တိုအတွင်း ဝင်ငွေတိုးနိုင်ဖို့ဆိုရင် ရေရှည်အမြတ်ရနိုင်ချေရှိတဲ့ ကုမ္ပဏီတွေအတွက်ပဲ သင့်တော်မယ်ထင်တယ်။ အချိန်အတော်ကြာအောင် အရှုံးပေါ်နေတဲ့ “အရုဏ်ဦးဂိမ်း”အတွက် အဆင်မပြေဘူး။”

ဖေးယိက အရုဏ်ဦး၏ အခြေခံအချက်အလက်များကို ရှာဖွေခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်တွင် ၎င်းက ရေတိုအကျိုးအမြတ်ကို ထိန်းသိမ်းရန် ဂိမ်းအသေးလေးများ၏ လူသိများမှုကို မှီခိုခဲ့ရသည်။ ဂိမ်းအသေးလေးများ၏ ရင်းနှီးမြှုပ်နှံမှုပျက်ကွက်ခြင်း သို့်မဟုတ် ဂိမ်း၏လူသိများမှု လျော့နည်းသွားခြင်းတို့ ဖြစ်ပေါ်လာပါက သူတို့ဘက်မှာ ဆုံးရှုံးမှုကို ဧကန်ကြုံရပေလိမ့်မည်။

“မစ္စတာလီ၊ လက်ရှိ “အရုဏ်ဦးဂိမ်း”က အခွံလွတ်နဲ့တူပြီး အတွင်းပိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေမရှိဘူး။ ခင်ဗျား ရေရှည်အမြတ်အစွန်းကို လိုချင်ရင် အနည်းဆုံးတော့ ဂိမ်းလောကရဲ့ အခြေခံ ကတ်ပရောဂျက်တစ်ခု လိုလိမ့်မယ်။”

ယခုလက်ရှိ နာမည်ကြီး ဂိမ်းကုမ္ပဏီသုံးခုလိုပင်။ ရေရှည်တည်တံ့အောင် တီထွင်နိုင်ပြီး ကိုယ်ပိုင်ဂိမ်းအကြီးစားမရှိတဲ့ ကုမ္ပဏီ ရှိလို့လား? မီနီဂိမ်းများကတော့ ကောင်းပြီးသားအရာကို ပိုကောင်းလာအောင် သုံးလို့ရသည်။

“မစ္စတာWill ပြောတာမှန်တယ်။” လီယွမ်၏အဖြေက အကူညီမဲ့မှုအပြည့်ပင်။ “ဂိမ်းပရောဂျက်ကောင်းတစ်ခုက ဘယ်လိုလွယ်လွယ်ရနိုင်မှာလဲ?” ပရောဂျက်အိုင်ဒီယာ၊ ရင်းနှီးမြှုပ်နှံမှု၊ ဒီဇိုင်း၊ နည်းပညာဝန်ထမ်း…. စသဖြင့် အားလုံးမရှိမဖြစ်လိုအပ်သည်။ လီယွမ်က ထိုအရာများကို မတွေးဖူးတာ မဟုတ်ပေမယ့် ပထမနှစ်ချက်နဲ့တင် သူ့ကို ပိတ်မိစေဖို့ လုံလောက်သည်။ 


ဖေးယိက ဖိုင်လွှဲပြောင်းခြင်းကိုနှိပ်ကာ “နောက်ဆုံးမြူ 1.0” ဟု ခေါ်တွင်သည့် စာရွက်စာတန်း File တစ်ခု ပေးပို့လိုက်ပြီး သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

“မစ္စတာလီ၊ ကျွန်တော်ရောင်းလိုက်တဲ့ မီနီဂိမ်းနှစ်ခုလုံးက ကျွန်တော်ကိုယ်တိုင် သေချာဖွဲ့စည်းထားရတာပါ။ သူတို့က ဒီတစ်ခုလိုမျိုး စီမံကိန်းကြီးတစ်ခုမဟုတ်ဘူး။”

“တစ်ချက်ကြည့်လိုက်ပါ။ ခင်ဗျား ကျွန်တော်နဲ့တွဲလုပ်ဖို့ စိတ်ဝင်စားလား?”

ဖန်သားပြင်အပေါ်ရှိ အချက်အလက် အကျဥ်းချုပ်က လီယွမ်၏ ခန္ဓာကိုယ်ကို မသိစိတ်အလျောက် တည့်မတ်သွားစေခဲ့သည်။ သူက ခေါင်းနောက်ဘက်ရှိ ဝံပုလွေအမြီးကို ချည်နှောင်ကာ Will ပို့ပေးလာသော ဖိုင်ကို စိတ်လှုပ်ရှားမှုအချို့ဖြင့် ဖွင့်လိုက်လေသည်။

စာလုံးရေ တစ်သောင်းနီးပါးရှိသော ဂိမ်း၏စာသားဆက်တင်ကြောင့် လင်းယွမ်က ရုတ်တရက် အသက်ရှူကြပ်သွားခဲ့သည်။ “နောက်ဆုံးမြူ 1.0” က ကမ္ဘာပျက်ကပ် ထွက်ပြေးလွတ်မြောက်ဂိမ်းဖြစ်ပြီး ဇာတ်ကွက်သဘောတရားက အောက်ပါအတိုင်းပင်။

၃၀၃၃ ခုနှစ်တွင် နိုင်ငံပေါင်းဒါဇင်ကျော်သည် အမည်မသိ ဥက္ကခဲများ၏ တစ်ပြိုင်နက်တည်း ရိုက်ခတ်မှုကို ခံခဲ့ရပြီး နောက်မှလိုက်လာသော ဗိုင်းရပ်စ်နှင့် မြူများက ကမ္ဘာကြီးကို ငရဲအဖြစ် အရောင်ဆိုးခဲ့သည်။

အင်းဆက်ပိုးမွှားမှ တိရစ္ဆာန်ဗီဇ ပြောင်းလဲခြင်း၊ မှတစ်ဆင့် လူသားအသွင်ပြောင်းခြင်းအထိ အရာအားလုံးသည် မမျှော်လင့်ထားစွာပင် ကူကယ်ရာမဲ့ဖြစ်လာခဲ့သည်။

ဆုံးရှုံးမှုကြီးမားခြင်းကြောင့် နိုင်ငံများအနေဖြင့် အရေးပေါ်အစီအမံများဖြစ်သည့် မြေအောက်မြို့များ တူးဖော်တည်ဆောက်ခြင်း၊ ရေနက်ပိုင်းရှိ အကာအကွယ်င်္ဘောများနှင့် အထူးသံမဏိဖြင့် ပြုလုပ်ထားသော ကောင်းကင်ရဲတိုက်များအထိ လုပ်ဆောင်ခဲ့ရသည်။

၎င်းတို့သည် ကျန်းမာသော လူသားများ၏ လုပ်ဆောင်ချက်တချို့ကို ကန့်သတ်ထားပြီး လူသားများအား ကာကွယ်ပေးနိုင်သည့် တစ်ခုတည်းသော အခြေခံနည်းလမ်းဖြစ်လာခဲ့သည်။


ယခင်က လူနေအဆောက်အအုံများက စွန့်ပစ်ခံလိုက်ရပြီး လူနေထိုင်ခြင်း မပြုသည်မှာ ကြာလှပြီဖြစ်သည်။

စွန့်ပစ်ထားသော လူနေအဆောက်အဦးတစ်ခုတွင် သတိမေ့ရောဂါရှိသော “ဇာတ်လိုက်” နိုးထလာပြီး သူ့ကျောပိုးအိတ်ထဲတွင် ကိရိယာအနည်းငယ် (ကတ်)သာ ကျန်ခဲ့သည်။ ထို့အပြင် လက်မှတ်မထိုးထားသော မစ်ရှင်စာတမ်းတစ်ခုလည်း ပါရှိသည်။

“တရုတ်နိုင်ငံရဲ့ နံပါတ်တစ် မြေအောက်မြို့တော်ကို ဇွန်လ ၁၆ရက်နေ့မှာ လာခဲ့ပေးပါ။”

အမည်မသိ အဆုံးသတ်ကာလ ပတ်ဝန်းကျင်တွင် ဆုံးရှုံးထားသော မှတ်ဉာဏ်၊ အကန့်အသတ်ရှိသော ပစ္စည်းကိရိယာများနှင့် ဆယ်ရက်တာကြာရှည်ခဲ့သည်။ အသက်ရှင်ဖို့ တခြားနည်းလမ်းမရှိပေ။

နောက််ခံ ဇာတ်လမ်းအကြမ်းဖျင်းက တခြားသော ကမ္ဘာပျက်ကပ်ဂိမ်းများနှင့် ဆင်တူပါက စာရွက်စာတမ်းတွင် လမ်းတစ်လျှောက် မြို့များစွာ၏ ပတ်ဝန်းကျင်ဆက်တင်များနှင့် လမ်းတစ်လျှောက် ပေါ်လာမည့် အသွင်ပြောင်း သက်ရှိအမျိုးမျိုးတို့၏ ဆက်တင်များ ပါရှိပေလိမ့်မည်။

ဤသည်မှာ အရေးပါဆုံး ဆန်းသစ်တီထွင်ထားသည့် ဖွဲ့စည်းပုံများဖြစ်၏။


တရုတ်နိုင်ငံရှိ ကမ္ဘာပျက်ကပ်ဂိမ်းများက အားလုံးနီးပါး နိုင်ငံခြားမူပိုင်ခွင့်ယူထားပြီး အများစုမှာ ဖုတ်ကောင်များနှင့် သေနတ်ကဲ့သို့ စက်များကို အဓိကထား လုပ်ဆောင်ကြသော်လည်း ဤဂိမ်း၏ သဘောတရားဖွဲ့စည်းပုံမှာမူ–

မှန်ကန်သော အမဲလိုက်ခြင်းနှင့် ယဥ်ပါးအောင် မွေးမြူခြင်းနည်းလမ်းများကို ရှာဖွေတွေ့ရှိထားသရွေ့ အသွင်ပြောင်းသတ္တဝါများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူနိုင်ပြီး ၎င်းတို့၏ သခင်များကိုပင် အသိအမှတ်ပြုနိုင်လိမ့်မည်။ သခင်များကို အောင်မြင်စွာ အသိအမှတ်ပြုပြီးသည်နှင့် “အိမ်မွေးတိရစ္ဆာန်”က ထူးခြားသော သတ်ဖြတ်ရေး ကိရိယာတစ်ခု ဖြစ်လာမှာပင်။

လီယွမ်က အသက်ပြင်းပြင်းရှူကာ တစ်ဖက်လူ ချမှတ်ထားသော ကမ္ဘာပျက်ကပ် နောက်ခံ၌ မသိဘဲလျက် နစ်မျောသွားခဲ့သည်။

သူ အသိစိတ်ပြန်ဝင်လာတော့ တစ်ဖက်ခြမ်းရှိ “Will” က စာသားရှည်တစ်စောင် ထပ်ပို့ထားလေသည်။ “ဗားရှင်း 1.0 က မီနီဂိမ်း ဒါမှမဟုတ် တစ်ဦးတည်းကစားသမားရဲ့ စွန့်စားခန်းအတွက် ထားရှိမယ်။ ဂိမ်းသဘောတရားကို မြှင်တင်ရေးဆွဲပြီးရင် နောက်ဗားရှင်း 2.0 နဲ့ 3.0 ကို မွန်ဘိုင်းဂိမ်း ဒါမှမဟုတ် အကြီးစားဂိမ်းတွေမှာ ဂိမ်းအဆုံးသတ်နဲ့အတူ ဖြည့်စွက်လို့ရတယ်။ ခင်ဗျားက ပိုရှုပ်ထွေးတဲ့ PVP,PVEနဲ့ တခြားမုဒ်တွေကိုလည်း ရေးဆွဲလို့ရမယ်။”

“…….”

လီယွမ်က ဤမျှကြီးမားသော အချက်အလက်များစွာကို ရရှိခဲ့ပြီး စီးကရက်တစ်လိပ် မီးညှိကာ နှစ်ချက်ဖွာပြီးမှ သူ၏ စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုကို ခက်ခက်ခဲခဲ ချုပ်တည်းလိုက်ရသည်။

သို့ပေမယ့် သူ ၎င်းကို ထပ်စဥ်းစားကြည့်လိုက်သော် မယုံနိုင်သလို ခံစားလိုက်ရသည်။

တစ်ဖက်လူက ဒီလောက်ပြီးပြည့်စုံတဲ့ သဘောတရားဘောင်တစ်ခုကို ထုတ်ဖော်ပြရဲတာလား? ကောင်းကင်ပေါ်က မုန့်လုံးတစ်ခု ကျလာသလို ဒီလောက်ကောင်းတဲ့အရာ ရှိဦးမလား?”

“မစ္စတာ Will၊ မင်းဒီတိုင်းကြီး ပို့လိုက်တော့ ငါမင်းကိုဘလော့ပြီး ဒါကိုသုံးပစ်လိုက်မှာ မကြောက်ဘူးလား?”


ဤမေးခွန်းကို စခရင်ပေါ်မှာ မြင်လိုက်ရသော ဖေးယိက မျှော်လင့်ထားပြီးသား ကဲ့သို့ပင် ရယ်မောလိုက်လေသည်။ “ချက်တင်မှတ်တမ်းတွေကို သက်သေအဖြစ်သုံးလို့ရတယ်။ ပြီးတော့ ခင်ဗျားက သရုပ်မှန်ကို အစတည်းက ဝန်ခံထားပြီးသားလေ။”

“ပြီးတော့ ခင်ဗျားခိုးရဲရင် လျော်ကြေးပေးဖို့ ရန်ပုံငွေရော ရှိရဲ့လား?”

လီယွမ်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ထိုစကား၏ ဒုတိယပိုင်းကြောင့် သိသိသာသာ နာကျင်သွားသည်ကို ပြရန် အစက်သုံးစက်ပို့လိုက်၏။


ဖေးယိက နှုတ်ခမ်းတွန့်ကွေးသွားသည်။ သူက စိတ်ပိုင်းဖြတ်ပြီးဖြစ်၏။

လီယွမ်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်ခြင်းမှာ တခြားသော ယိုထူဂိမ်များက သူ့(လီယွမ်)ကို ကြယ်ငါးပွင့် အဆင့်သတ်မှတ်ချက်ပေးထားလို့ ဖြစ်ပြီး နောက်တစ်ခုကတော့ သူ့ကိုယ်ပိုင်သိစိတ်ကြောင့်ဖြစ်သည်။

မူရင်းဝတ္ထု၏ နောက်ပိုင်းကာလတွင် လီယွမ်က လူတိုင်းမုန်းသော ဇာတ်ပို့ဇာတ်ရုပ်တစ်ခု ဖြစ်လာသော်လည်း ဖေးယိ အမြဲခံစားခဲ့ရသည်မှာ–


ဧည့်ခံပွဲမှာ နောက်ခံမရှိပဲ “အရူးလေး” အား ကာကွယ်ပေးဖို့ ဆန္ဒရှိသည့် လူတစ်ယောက်၊ ဖခင်ဆုံးပါးသွားပြီးနောက် သူ၏အလုပ်အကိုင်ကိုပြောင်းကာ မိသားစုစီးပွားရေးကို ထိန်းသိမ်းရန် ကြိုးစားခဲ့သော လူတစ်ယောက်… လီယွမ်ရဲ့ အကျင့်စရိုက်အစစ်က ဒီလောက်ဆိုးပါ့မလား?

ပေါ်ယွဲ့မင်၏ မကောင်းသောစိတ် ဖြစ်တည်ရာကို ခြေရာခံနိုင်သလိုပင် လီယွမ်၏ မကောင်းသောစိတ် ဖြစ်တည်ရာကလည်း အကူအညီမဲ့မှုကြောင့် ဖြစ်နိုင်သည်။ ၎င်းက စောနေသေးတဲ့အတွက် သူက သူ့ကို ဆက်သွယ်ပြီး ကြိုးစားကြည့်ဖို့ အစပြုနိုင်လေသည်။