Chapter 29
“…….”
တိတ်ဆိတ်မှုတစ်ခုက မသက်မသာ ပျံ့နှံ့နေ၏။
ဝန်ထမ်းက သူ၏နဖူးမှာ ချွေးစေးများ စီးကျလာသည်ကို ခံစားမိပြီး မသိစိတ်မှ ကြောက်ရွံံံမှုကြောင့် အသက်ရှူကြပ်လာခဲ့သည်။ “ဖေးသခင်ငယ်လေး… ကျွန်တော်က အမိန့်အတိုင်း ကူညီပေးရတာပါ။ ဒီဟာက တကယ် ကျွန်တော်နဲ့ တကယ်မဆိုင်ပါဘူး။”
“ဒါပေမယ့် မင်းအခု ပြဿနာထဲ ပါနေပြီလေ!” ဖေးယိက မျက်ဝန်းက မှေးကျဥ်းကာ တစ်လုံးချင်းပြောလိုက်သည်။ “ရှင်းအောင်ပြော!”
ချမ်းသာသော ဧည့်သည်များကို စော်ကားလို့မရနိုင်ကြောင်းသိ၍ သူ့အတွေးများနှင့် အကြိမ်ပေါင်းများစွာ ရုန်းကန်ပြီးနောက် ဝန်ထမ်းက အရာအားလုံးကို ဝန်ခံလိုက်သည်။ “အဲ့ဒါ ဒုတိယသခင်လေးမဟုတ်ပါဘူး။ မစ္စတာဖေးက ခေါ်ခိုင်းလိုက်တာပါ။”
“သူက ကျွန်တော့်ကို ဧည့်ခံပွဲခန်းမရဲ့ ထောင့်တစ်နေရာမှာ စောင့်ကြည့်နေဖို့ပြောတယ်။ ခင်ဗျားတစ်ယောက်တည်းရှိတဲ့အချိန်မှာ ဒုတိယသခင်လေးနာမည်နဲ့ အပေါ်ထပ်က ဧည့်သည်ခန်းထဲ ချော့ခေါ်လာဖို့ပြောခဲ့တယ်။”
ဖေးယိက အသံမထွက်ပဲ လှောင်ရယ်လိုက်သည်။
ဖေးဟွမ်လား?
သေချာတာပေါ့ သူ ဒီကိစ္စနဲ့ပတ်သက်နေတာ!
အနှီလူက ပေါ်ကွမ်းချန်နှင့် ဆွေးနွေးပြီးတာဖြစ်နိုင်သည်။ နောက်မှရောက်လာသော ဝန်ကြီးကျန့်ကတော့ သူကိုယ်တိုင်တောင် မသိလိုက်ပါပဲ အသုံးချခံလိုက်ရသည့် နယ်ရုပ်ကလေး ဖြစ်သွားရသည်။
ဖေးယိက လက်ကို အနည်းငယ် ဖြေလျော့လိုက်ပြီး ဆက်မေးလိုက်၏။ “ဧည့်သည်ခန်းထဲမှာ ဘယ်သူရှိလဲ?”
ဝန်ထမ်းက စိုးရိမ်တကြီး တံတွေးမျိုချလိုက်ပြီး ပို၍ပင် တုန်လှုပ်လာသည်။ “အဲ့ဒါ…သူ့ဘေးက ဥက္ကဋ္ဌပါ။”
လွန်ခဲ့သည့် နာရီဝက်က သူသည် ဖေးဟွမ်၏ ခေါ်ဆိုမှုကြောင့် VIP ဧည့်ခန်းထဲရောက်လာပြီး ဂျာမန်ကုန်သည်များအသင်း၏ ဥက္ကဋ္ဌစွင်းယဲ့လုံက ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ ထိုလူ့မျက်ဝန်းက အန္တရာယ်ရှိသော အလင်းတန်းများနှင့် ပြည့်နှက်နေပြီး ထိုလူက အခန်းကတ်တစ်ခုကိုထုတ်ကာ သူ့ထံပစ်ပေးခဲ့သည်။
ဝန်ထမ်းက အသက်သိပ်မကြီးသေးသော်လည်း သူက ဟိုတယ်ထဲရှိ ဧည့်သည်မျိုးစုံကို တွေ့ဖူးသည်။
ဖေးယိကို ဟိုတယ်ခန်းထဲ တစ်ယောက်တည်းခေါ်လာဖို့ သူ့ကိုခိုင်းနေတာလား? ယုတ်မာသော ရည်ရွယ်ချက်မှာ သိသာထင်ရှားသည်!
ဝန်ထမ်း၏ ပထမဆုံးတုံ့ပြန်မှုက ငြင်းဆန်ဖို့ဖြစ်ပေမယ့် သူက ဖေးဟွမ်၏ အကျပ်ကိုင်မှုနှင့် သွေးဆောင်မှုကြောင့် ထိတ်လန့်သွားခဲ့ရသည်။
“မင်းမလုပ်ရင်လည်း တခြားလူတွေ လုပ်လိမ့်မယ်။”
“နာနာခံခံလုပ်ရင် တာဝန်ပြီးတာနဲ့ ယွမ်ငါးထောင် ဆုချမယ်။ ဒါမှမဟုတ် ဟိုတယ်မန်နေဂျာက မင်းကိုအလုပ်လာထုတ်မှာကို စောင့်နေလိုက်။”
အလုပ်နှင့် ငွေကြေး၏ ဖိအားနှစ်ရပ်အောက်မှာ အသိတရား တိမ်တိမ်လေးက ရုန်းကန်လိုက်ရပြီး ပျောက်ကွယ်သွားလေသည်။
ဖေးယိ၏မျက်နှာက လုံးလုံး မှောင်မိုက်သွား၏။
ဖေးဟွမ်နှင့် တခြားသူများ၏ ရွံစရာကောင်းသော လုပ်ရပ်များအပြင် သူက မူရင်းဝတ္ထုရှိ ဖော်ပြချက်အကျဥ်းချုံးကို ပြန်တွေးလိုက်သည်။ မူလပိုင်ရှင် ဧည့်ခံပွဲတက်ပြီးနောက်မှာ သူဟာ အခန်းထဲမှာ တစ်နေကုန် ပုန်းအောင်းနေပြီး အပြင်ထွက်ချင်စိတ်မရှိသည်အထိ ဖြစ်လာခဲ့သည်။
စာအုပ်၏ ဇာတ်ကြောင်းက ဇာတ်လိုက်ဖေးဟွမ်ကိုသာ ဗဟိုပြုလည်ပတ်နေသော်လည်း ထိုဝတ္ထုစာသား၏ ပြင်ပမှာ တခြားသူများ မည်သို့ဖြစ်ပျက်ခဲ့သည်ကို မည်သူက အာမခံနိုင်မည်နည််း။
“…….”
စားပွဲထိုးက သူ့နောက်ကဖိအားကို ခံစားလိုက်ရပြီး အူတွေစိမ်းလာသည်အထိ နောင်တရမိသည်။ “ဖေးသခင်ငယ်လေး… ဒီတစ်ကြိမ် ကျွန်တော့်ကိုလွှတ်ပေးပါ! ကျွန်တော်က ပညာကောင်းကောင်းမတတ်လို့ ဒီဟိုတယ်မှာ လစာအကောင်းဆုံးရတာပါ။ ကျွန်တော့်အဖေက နာမကျန်းဖြစ်နေလို့ ဆေးရုံတင်ထားရပြီး ကျွန်တော် ခွဲစိတ်ခတောင် မပေးရသေးပါဘူး။”
“ကျွန်တော် လက်မခံခဲ့ရင် အလုပ်ပြုတ်သွားမယ့် အခြေအနေပါ!”
“ ဒရာမာချိုးမပြနဲ့!”
ဖေးယိက သူ၏အာစလျှာစကို လက်မခံခဲ့ပေ။ “ငါသာ မသိခဲ့ရင် မင်းအခုပိုက်ဆံယူပြီး တိတ်တိတ်လေး ပျော်နေမှာပဲ! ဒါမှမဟုတ် ငါတစ်ခုခုဖြစ်သွားရင်လည်း မင်း ဘာမှတာဝန်ယူစရာမလိုဘူးလို့ ထင်နေတာလား?”
“တစ်ခုခုဖြစ်လာရင် သူတို့က မင်းကို ဓားစာခံဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ မသိတာလား?”
“…….”
စားပွဲထိုးက ဆို့နင်နေပြီး သူ့ပါးပြင်က အနီမှအဖြူ ပြောင်းသွားသည်။
ဖေးယိ၏ သတိပေးချက်အပြီးမှာ သူက ဖေးဟွမ်နှင့် တခြားသူတို့၏ အသုံးချခံလိုက်ရမှန်း သဘောပေါက်သွားသည်။
ဖေးယိက ဝန်ထမ်း၏ခံစားချက်ကို ဂရုစိုက်မနေပဲ သူ့နာမည်တံဆိပ်ကို ဖြုတ်ကာ သူ့အားတွန်းထုတ်လိုက်သည်။ ဝန်ထမ်းက ဟန်ချက်ပျက်ကာ လှေကားထစ်ပေါ်ကို လဲကျသွား၏။ သူ့မျက်နှာပေါ်၌ နာကျင်မှုမပြခင်မှာပင် ဖေးယိက နာမည်ကို ဖတ်လိုက်သည်။ “ ကျောက်ဝမ်ချန်?”
“ဖေးဟွမ်လိုပဲ ငါမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။”
“ဘာ-ဘာလဲ?”
ကျောက်ဝမ်ချန်က ဖေးယိ၏ စူးရှသော မျက်လုံးများကို လှည့်ကြည့်လိုက်ပြီး သူ့ရင်ဘတ်က တစ်ချက်ခုန်သွားသည်။
“ပထမရွေးချယ်မှု: မင်း ဖေးဟွမ်ဘက်မှာနေပြီး ဒီကိစ္စပေါက်ကြားသွားမှာကို စောင့်နေလို့ရတယ်။ သူတို့က မင်းကို ဓားစာခံလုပ်လိုက်လိမ့်မယ်။”
“ဒုတိယရွေးချယ်မှု: ငါ့စကားကိုနားထောင်၊ မင်း ဒီအလုပ်ကိုလုပ်နိုင်ပါ့မလား ငါမသိပေမယ့် အနည်းဆုံးတော့ မင်းကို ရဲစခန်းမပို့ဖို့ ကတိပေးတယ်။”
တကယ်တော့ ဝန်ထမ်းက အလုပ်ကို မပြီးမြောက်ခဲ့သော ကြံရာပါတစ်ဦးဖြစ်၍ ထိုအလုပ်ကို တခြားတစ်ယောက်က ပြီးအောင်ရှင်းပေးသင့်သည်။
ပြုံးနေသည့်တိုင် အေးစက်နေသော ဖေးယိ၏မျက်ဝန်း၊ ဖြူစင်နူးညံ့သော မျက်နှာ၏ ဆန့်ကျင်ဘက် ထိုအမူအရာနှင့် နက်ရှိုင်းသောအရောင်အဝါကို စားပွဲထိုးက ကြည့်လိုက်သည်။
သူက အရှိန်အဝါပိုကြီးသော လူကိုသာ အလိုလိုလျှော့ပေးပြီး ရွေးချယ်လိုက်သည်။ ထို့အပြင် ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။
စားပွဲထိုးက သူ၏ကနဦး အကြောက်တရားကို မျိုသိပ်လိုက်သည်။ “ဒုတိယတစ်ခုကို ရွေးတယ်။”
“အရမ်းကောင်းတယ်။”
ဖေးယိက ဝန်ထမ်း၏ အလွယ်တကူ ဘက်ပြောင်းသွားတာကို ဂရုမစိုက်နိုင်ပဲ အစီစဥ်ဆွဲကာ သူ့ကို လက်ဟန်ပြလိုက်သည်။ “ဘယ်အခန်းမှာ ဥက္ကဋ္ဌစွင်း ရှိနေတာလဲ? မင်းရဲ့ဖုန်း ခဏငှား”
ယခုချိန်မှာ ဝန်ထမ်းက ဖေးယိ၏ အစီအစဥ်များကို မလွန်ဆန်နိုင်ပေ။
သူက သူ့ဖုန်းကိုထုတ်ကာ ဖွင့်ပေးလိုက်ပြီး သူ့အိပ်ကပ်ထဲရှိ အခန်းကတ်ကိုပါ ကမ်းပေးလိုက်သည်။ “2108”
ဖေးယိက သူ့ဖုန်းကိုသာယူလိုက်ပြီး ဝန်ထမ်း၏လေသံဖြင့် “ကယ်ပါ”ဟူသော မက်ဆေ့တစ်စောင် ပို့လိုက်သည်။ “အခန်းကတ်ကို မင်းသိမ်းထားလိုက်။ ငါအခန်းထဲဝင်သွားတာနဲ့ အချိန်စပြီ။ ဆယ်မိနစ်အတွင်း ငါပြန်ထွက်မလာရင် မင်းက အဲ့ဒီကတ်နဲ့ တံခါးဖွင့်လိုက်။ ငါထွက်လာတာ ဒါမှမဟုတ် တခြားတစ်ယောက်ထွက်လာရင် မင်းသွားလို့ရပြီ။”
ဖေးယိက ဝန်ထမ်း၏လက်ထဲကို ဖုန်းပြန်ပေးလိုက်သည်။ “ဒါပေါ့ မင်းမလုပ်နိုင်ရင် အခုထွက်ပြေးလို့ရတယ်နော်။”
ဝန်ထမ်းက ဖုန်းကို မသိစိတ်အလျောက် ဆုပ်ကိုင်ထားပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ “ကျွန်တော်… ခင်ဗျားကိုနားထောင်မှာပါ။ ဖေးသခင်ငယ်လေး!”
ဖေးယိက ပြုံးကာ သတိပေးလိုက်သည်။ “ပြီးတော့ မင်းနဲ့ငါ့ကြားက စကားတွေကို တတိယလူမသိရဘူး။ ဒီမှာ စောင့်ကြည့်ကင်မရာမရှိသလို ငါကလည်း ရူးနေတာ။ နားလည်လား?”
နောက်ဆုံးစကားက စိတ်အလိုလိုက်ခြင်း အမျိုးအစားနှင့် ပိုတူသည်။
စားပွဲထိုးက စက္ကန့်အတော်ကြာ အံ့အားသင့်နေပြီးမှ ဆောလျင်စွာ တုံ့ပြန်လိုက်သည်။ “နားလည်ပါပြီ။”
ဤချမ်းသာပြီး အာဏာရှိသော မိသားစုများ၏ မုန်းတီးမှုများနှင့် နာကြည်းမှုများကြား၌ သူဝင်မပါရဲတော့ပေ။
ဖေးယိ ဘာကြောင့်ပဲ အရူးဟန်ဆောင်နေပါစေ ၎င်းကို မေးမြန်းဖို့နှင့် သတင်းဖြန့်ဖို့က သူ့မှာအဆင့်မရှိပေ။ တစ်ဖက်လူက သူ့ကိုမျက်နှာလွှဲပြီး ရန်လိုလာလျှင် ဒုက္ခရောက်မည့်သူက သူသာဖြစ်သည်။
အင်း။ တစ်ခါတစ်လေတော့ မြင်သမျှကိစ္စတိုင်းမှာ နှုတ်ဆိတ်နေလိုက်တာ ပိုကောင်းပါတယ်!
. . . . . .
ဟိုတယ််ခန်း 2108 အတွင်း၌။
ရေချိုးပြီးနောက် စွင်းယဲ့လုံက ရေချိုးခန်းထဲမှ ထွက်လာပြီး သူ့ဝတ်စုံ၏ အတွင်းအိပ်ကပ်ထဲကို လက်နှိုက်လိုက်သည်။ သူက အထဲက ဘူးအဖြူလေးကို ထုတ်ကာ အဖုံးလှည့်ဖွင့်ပြီး ဆေးလုံးလေးသုံးလုံးကို ထုတ်ယူလိုက်၏။
ဤသည်မှာ သက်လုံကောင်းစေမည့် ရတနာများဖြစ်သည်။
စွင်းယဲ့လုံက ဆေးနှစ်လုံးကို ရေဖြင့် အရင်မျိုချလိုက်ပြီး တစ်လုံးကို သူ့ဘေးရှိ ဝိုင်နီထဲသို့ ထည့်မွှေလိုက်သည်။ ခဏအကြာမှာ အဖြူရောင်ဆေးလုံးက အရည်ပျော်သွားပြီး ဝိုင်နီထဲ၌ ပျောက်သွားခဲ့သည်။
ရောက်ရှိလာတော့မည့် သားကောင်ကို တွေးတောကာ စွင်းယဲ့လုံက သူ့လက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်လိုက်၏။
သူက လိင်ခွဲခြားမှုမရှိပဲ နုပျိုသော အရာလေးများနှင့် ဆော့ကစားလေ့ရှိသူဖြစ်သည်။
ထို့အပြင် အကောင်းဆုံးအမျိုးစားကတော့ ဖြူစင်အပြစ်ကင်းသော ယုန်ဖြူလေးနှင့် တူနေတာမျိုးဖြစ်၏။ ပြင်းပြင်းထန်ထန် ကစားပေးလိုက်သည်နှင့် သူတို့၏ မျက်လုံးများ နီရဲလာကာ မျက်ရည်ကျလာမည်ဖြစ်၏။ ဒါက ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်သလဲ!
ယနေ့ ဧည့်ခံပွဲခန်းမကို ဝင်လိုက်သည်နှင့် သူ့အာရုံက ဖေးယိ၏ ဆွဲဆောင်ခံလိုက်ရသည်။
ကြည့်ကောင်းပြီး သန့်ရှင်းသည်။ ဖြူစင်ပြီး အပြစ်ကင်းသည်။ အနှီလူငယ်သည် ထိုကဲ့သို့ အရာမျိုးကို တစ်ခါမှမကြုံဖူးသော ပန်းပွင့်ငယ်လေးဖြစ်သည်မှာ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပြီး ၎င်းကြောင့်ပင် စွင်းယဲ့လုံက အကြံဆိုးများ ရရှိခဲ့သည်။
ဒီတော့ တစ်ဖက်လူက အရူးဖြစ်နေတော့ ဘာဖြစ်လဲ? ချော့မော့ပြီး ဆက်ဆံရပိုလွယ်မှာပဲ!
နောက်ဆက်တွဲ ပြဿနာများကိုတော့ ပေါ်ကွမ်းချန်နှင့် ဖေးဟွမ်က ရင်ဆိုင်ရလိမ့်မည်။ တကယ်တော့ ယွမ်၁.၅ဘီလီယံတန်သော စာချုပ်ကြီးရှိနေ၍ အရေးကြီးဆုံးက သူ့ကို စိတ်ကျေနပ်စေဖို့ဖြစ်သည်။
သူ့ရင်ဘက်က ပူနေပြီး စိတ်ရွှင်ပျနေသည်။
စွင်းယဲ့လုံက သူ့ဖုန်းပေါ်က အချိန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ “ဘာလို့မလာသေးတာလဲ? တစ်ခုခုမှားသွားလို့လား?”
သူပြောပြီးသည်နှင့် တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။
စွင်းယဲ့လုံက ချက်ချင်းပင် အသိစိတ်ပြန်ဝင်လာသည်။ “ဝင်ခဲ့”
တံခါးပွင့်သွား၏။
ဖေးယိက အခန်းတံခါးဝတွင် တစ်ယောက်တည်းရပ်နေသည်။ မရင်းနှီးလှသော မျက်နှာအိုကြီးကို မြင်တော့ သူ၏ ကြောင်တောင်တောင် မျက်ဝန်းက ပို၍ပင် ရှုပ်ထွေးသွားရသည်။ “ဟမ်?”
စွင်းယဲ့လုံက ဝမ်းသာသွားသည်။ ထို့နောက် သူက လျှောက်လှမ်းအစွန်းနှစ်ဖက်ကို စစ်ဆေးလိုက်ပြီး မည်သူမျှမရှိတာကို တွေ့လိုက်ရလျှင် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ “ဖေးသခင်ငယ်လေး… တစ်ယောက်တည်းလာတာလား?”
အစောပိုင်းက သူတွေ့ခဲ့တဲ့ စားပွဲထိုးက ဘယ်မှာလဲ?”
အလယ်မှာ ပြဿနာဖြစ်နေတာတော့ မဟုတ်ဘူးမလား?
ဖေးယိက သူ့မေးခွန်းကို လျစ်လျူရှုပြီး ကြောက်စိတ်ဖြင့် ခေါင်းငုံ့၍ နောက်ပြန်ဆုတ်လိုက်သည်။ “အာ့ကောဘယ်မှာလဲ? ကျွန်တော် အာ့ကောကို လာရှာတာ”
“အာ့ကော?”
စွင်းယဲ့လုံ အမြန်တုံ့ပြန်လိုက်သည်။ “အို့… ဒုတိယသခင်လေးပေါ်က အခုလေးတင် အခန်းထဲကထွက်သွားတာလေ၊ ပြန်လာမှာပါ။”
သူပြောပြီးသည်နှင့် ဖေးယိကို လောဘတကြီး စိုက်ကြည့်နေသည်။
တစ်ဖက်လူ၏ နူးညံ့သော နှုတ်ခမ်းပါးလေးမှ သာလွန်ထူးခြားသော လည်ပင်းအထိ၊ မှတစ်ဆင့် ဝတ်စုံအောက်၌ ဖုံးကွယ်နေသော ဖြူဖွေးဖွေး အသားအရည်အထိ အရာအားလုံးက သူ့အား စိတ်လှုပ်ရှားစေခဲ့သည်။
ယခုနက သူမျိုချလိုက်သော ဆေးက အာနိသင်ပြလာပုံပင်။
စွင်းယဲ့လုံက စိတ်အားထက်သန်စွာ ရှေ့သို့တစ်လှမ်းတိုးပြီး ဖေးယိကို လှမ်းဆွဲရန် ကြိုးစားလိုက်သည်။ “လာ…သခင်ငယ်လေး… ငါနဲ့အတူ သူ့ကိုလိုက်စောင့်လိုက်!”
ဖေးယိက သူ၏အရုပ်ဆိုးသော လက်ကြီးကိုရှောင်ကာ တခဏမျှ တုံ့ဆိုင်းနေခဲ့သည်။ “အာ့ကော….မရှိရင်…အထဲမဝင်ဘူး။”
စွင်းယဲ့လုံက အပြုံးတစ်ခုဖြင့် ချော့မော့လိုက်သည်။ “ဒုတိယသခင်လေးပေါ်က သိပ်မကြာခင် ပြန်လာမှာပါ! မင်းငါ့ကိုမယုံရင် ငါတို့အခန်းထဲရောက်တာနဲ့ သူ့ကိုဖုန်းခေါ်ပေးမယ်!”
“……”
ဖေးယိက မျက်လွှာပင့်ကာ စွင်းယဲ့လုံကို သတိရှိရှိကြည့်လိုက်သည်။
တစ်ဖက်လူက အရည်ထူသော မျက်နှာကို တပ်ဆင်ထားပြီး အပြုံးတစ်ခုဖြင့် သူ့ကို ချော့မော့ဖို့ ကြိုးစားနေသဖြင့် ဖေးယိက တိုးတိုးလေး တုံ့ပြန်လိုက်သည်။ “ကောင်းပြီ။”
သူပြောပြီးသည်နှင့် သူက စွင်းယဲ့လုံ၏ စကားဆက်မပြောတော့ပဲ အထဲဝင်သွားသည်။
သူတို့ပခုံးချင်း တိုက်မိချိန်တွင် ဖေးယိ၏ မျက်လုံးများထဲမှ အရှက်အကြောက်ကြီးမှုနှင့် မသိနားမလည်မှုတို့က လျင်မြန်စွာ ဆုတ်ခွာသွားသည်။ သူက ဟိုတယ်ခန်း၏ အပြင်အဆင်ကို စစ်ဆေးနေစဥ် သူ့နောက်မှ “ကလစ်”ဟူသော တံခါးပိတ်သံကို ကြားလိုက်ရသည်။ ထို့နောက် သူက နို့ကြောင်လေး၏ အသွင်အပြင်သို့ ပြန်ပြောင်းသွားလေသည်။
“အာ့ကောကို ခေါ်ပေးပါ”
စွင်းယဲ့လုံက ဤတောင်းဆိုမှုကို ကြားလိုက်ရပြီး သူ့နှလုံးသားအောက်ချေကနေ ငြင်းဆိုလိုက်၏။
သူက လူကောင်းမျက်နှာဖုံးကို တပ်ဆင်ထားဆဲဖြစ်ပြီး ဧည့်ခန်းလေးထဲက လက်ဖက်ရည်ဘားကို လျှောက်သွားလိုက်သည်။ ဖုန်းကိုကောက်ကိုင်ပြီးနောက် သူက အံ့အားသင့်ဟန်ဖြင့် အသွင်ဆောင်လိုက်၏။ “အိုက်ယိုး…ငါ့ဦးနှောက်ကိုလည်း ကြည့်ပါဦး… ဖုန်းအားကုန်သွားလို့ စက်ပိတ်သွားပြီ။”
“…….”
“ပြန်သွင်းပြီး ဖုန်းပွင့်လာတာနဲ့ ခေါ်ပေးမယ်နော်။”
စွင်းယဲ့လုံက ဖုန်းခေါ်ချင်ယောင်ဆောင်ကာ အစောပိုင်းက သူပြင်ဆင်ထားသည့် ဝိုင်နီကို ကောက်ကိုင်လိုက်သည်။ “သခင်ငယ်လေး… ရေဆာနေလား? အအေးနည်းနည်းလောက် ထိုင်သောက်လိုက်ပါ။”
ဖေးယိက ဝိုင်နီခွက်ကို စိုက်ကြည့်ကာ သူ့ရင်ထဲက အထင်သေးမှုကို ဖိနှိပ်လိုက်ပြီး ခေါင်းခါပြလိုက်လေသည်။
ဤစွင်းယဲ့လုံက ဉာဏ်နီဉာဏ်နက်များသော လူတစ်ယောက်လိုပင်။ သူ့အား နာခံမှုရှိစေရန် ဝိုင်ထဲမှာ တစ်ခုခုထည့်ထားလောက်သည်။
“အာ့ကောက မသောက်ခိုင်းဘူး။”
“ဒါက ဖျော်ရည်ပါ။”
စွင်းယဲ့လုံက ဆက်တိုက်လိမ်ညာနေ၏။
သူက ဝိုင်ခွက်ကို ဖေးယိလက်ထဲ ထိုးထည့်လိုက်ပြီး သူ့လက်ချောင်းများကိုထိရန် အခွင့်အရေးယူလိုက်သည်။ ၎င်းတို့က နို့တစ်ဝက်စိမ်ထားသယောင် နူးညံ့ချောမွတ်နေ၏။ တစ်ကိုက်တည်းနှင့် အချိုအရသာကို မြည်းစမ်းကြည့်နိုင်မည့်ပုံပင်။
ဖေးယိက သူ့လက်ကို ချက်ချင်း ဆွဲရုတ်လိုက်ပြီး ရွံရှာနေသည်။ “မထိနဲ့!”
သို့ပေမယ့် ဤခဏတာ အထိမတွေ့က စွင်းယဲ့လုံ၏ အကြာကြီးတည်ရှိနေသော ညစ်ညမ်းအတွေးအများကို လောင်ကျွမ်းစေသည့် အောက်ခံဆေးတစ်ခုနှင့် တူလေသည်။ သူက ဖေးယိ၏ ခုခံမှုကိုမြင်သွားပြီး ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
“သခင်ငယ်လေး…. မကြောက်ပါနဲ့။ အာ! စောင့်နေရတာ ဘယ်လောက်ပျင်းဖို့ကောင်းလိုက်လဲ?” စွင်းယဲ့လုံက မျက်လုံးစွေကြည့်ကာ သူ့လက်နှစ်ကို ပွတ်သပ်နေပြီး သူ့ရှေ့က လူ၏ မျက်နှာသေးသေးလေးကို လှမ်းကိုင်လိုက်သည်။ “ဂိမ်းတစ်ခု ကစားကြမလား? အဲ့ဒါက ခံစားလို့အရမ်းကောင်းမှာ။”
– ဖျန်း!
ဖေးယိက သူ့မျက်နှာကို ဝိုင်ဖြင့်ပက်ဖျန်းလိုက်ပြီး ထောင့်တစ်ထောင့်ကို အမြန်ဆုတ်သွားလိုက်သည်။
“…….”
အနည်းငယ်အေးစက်သောဝိုင်က စွင်းယဲ့လုံ၏ မျက်လုံးနှင့် နှာခေါင်းထဲသို့ စီးဝင်သွားပြီး သူ့အတွေးများကို နှစ်စက္ကန့်ကြာအောင် ရပ်တန့်သွားစေသည်။
“အို့…မင်းက ဒေါသထွက်တတ်သေးတယ်ပေါ့”
စွင်းယဲ့လုံက သူ့မျက်နှာပေါ်ရှိ အရည်များကိုသုတ်ပြီး ထောင့်တစ်ခုမှာပုန်းနေသော ဖေးယိကိုကြည့်ကာ သူ့ခန္ဓာကိုယ်ထဲက ဒေါသမှာ ပိုပိုပြီး ပြင်းထန်လာခဲ့သည်။ သူက စိတ်လှုပ်ရှားမှုကြောင့် ထွက်လာသော တံတွေးများကို မျိိုချလိုက်သည်။ “မင်းမသောက်ချင် မသောက်နဲ့ပေါ့။ မင်းလို အတွေ့အကြုံမရှိတဲ့ ကြွက်စုတ်လေးတစ်ကောင်ကို ငါမကိုင်တွယ်နိုင်ဘူး ထင်နေလား?”
ထိုဆေးနှစ်လုံး၏ အာနိသင်က အပြည့်အဝ စတင်လာသည်။
စွင်းယဲ့လုံ၏ နဖူးမှ ချွေးများထွက်နေပြီး သူ့ပါးပြင်က သဘာဝမဆန်စွာ နီမြန်းနေလေ၏။ သူ့တစ်ကိုယ်လုံးက အဆီထွက်နေသည်။ သူလမ်းလျှောက်လာသည်နှင့် သူ၏ ခမ်းနားထည်ဝါမှုကို ပြချင်နေသည့်အလား ရေချိုးဝတ်ရုံခါးပတ်ကို ဖြုတ်လိုက်လေသည်။
“ဖေးယိ.. ဟုတ်တယ်မလား? မင်းဘယ်နေရာမှာ ပုန်းနိုင်ဦ်းမလဲ ငါကြည့်ဦးမယ်။”
စွင်းယဲ့လုံက နောက်ဆုတ်ရန် နေရာမရှိတော့သော ဖေးယိထံသို့ ချဥ်းကပ်သွားပြီး သူ့မျက်နှာပေါ်၌ ယုံကြည်မှုနှင့် မောက်မာမှုတို့ ပြည့်နေသည်။ “အခုချိန်မှာ ခေါင်းမာနေတော့ ဘာရမှာလဲ? ခဏနေ မင်းအိပ်ရာပေါ်ရောက်ရင် လုပ်စရာရှိတာကို….”
ဖေးယိ သည်းမခံနိုင်တော့ပေ။ သူက သူ့ဘေးနားရှိ နံရံအတွင်းစင်မှာ နေရာချထားသည့် သံရုပ်ကို ကောက်ကိုင်ကာ စွင်းယဲ့လုံ၏ခေါင်းပေါ်ကို ပြင်းပြင်းထန်ထန် ထုချလိုက်လေသည်။ “ထွက်သွား!”
– ဘန်း!
စွင်းယဲ့လုံက သူ့ခေါင်းပေါ်ရှိ ရုတ်တရက်ရောက်လာသော အပူဓာတ်ကို ခံစားလိုက်မိပြီး သူ့တစ်ကိုယ်လုံး၌ သွေးခဲသွားပုံရသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား နောက်ပြန်လဲကျကာ ကြမ်းပြင်နှင့် ရိုက်ခတ်မိသွားစေသည်။
ဖေးယိက စွင်းယဲ့လုံ၏ သွေးစွန်းနေသော ခေါင်းကိုကြည့်လိုက်ရာ သူ့မျက်လုံးထောင့်၌ ကျေနပ်မှုတစ်ခု ပေါ်လာသည်။ “မင်းလိုအမှိုက်က ငါ့အပေါ်တက်ချင်တယ်လား?”