Ch 38
Viewers 28k

Chapter 38



နောက်တစ်နေ့တွင်။

ဖေးယိက ထမင်းစားစားပွဲတွင် ထိုင်နေပြီး မျက်ခွံများက ဖွင့်၍မရလောက်အောင် အိပ်ငိုက်နေခဲ့သည်။

ဦးလေးခိုင်က လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားသော အသားညှပ်ပေါင်မုန့်ကို ကမ်းပေးလိုက်သည်။ “သခင်ငယ်လေး…ပုဇွန်အသားညှပ်ပေါင်မုန့် စားချင်လား?”

ဖေးယိက ၎င်းထဲရှိ ပုဇွန်များကို မြင်လိုက်သည်နှင့် သူ၏အရသာခံနိုင်စွမ်းနှင့် ဆာလောင်မှုက နောက်ဆုံးတွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက အသားညှပ်ပေါင်မုန့်ကိုယူကာ စတင်စားလိုက်သော်လည်း သူ့မျက်ခွံများက စင်းနေသေးသည်။

ဖေးယိ၏ပုံစံကိုမြင်တော့ ဦးလေးခိုင်က ပြုံးမိသွား၏။ “သခင်ငယ်လေး မနေ့ညက ဘယ်ချိန်အိပ်တာလဲ? ဘာလို့ ဒီလောက်အိပ်ငိုက်နေတာလဲ? မျက်လုံးအောက်မှာ မျက်ကွင်းတွေလည်း ညိုနေတယ်။”

ဆန့်ကျင်ဘက်အခြမ်းက ပေါ်ယွဲ့မင်သည် ၎င်းကိုကြားပြီး မျက်မှောင်အသာကြုတ်လိုက်လေ၏။ “မင်းနောက်ကျတဲ့ထိ နေခဲ့တာလား?”

ဖေးယိက နားမလည်ချင်ယောင်ဆောင်ကာ ခေါင်းငုံ့၍ တစ်ကိုက်ကိုက်လိုက်သည်။

သူ တကယ် ညလုံးပေါက်နေခဲ့တာဖြစ်၏။

မနေ့ညက ပေါ်ယွဲ့မင်နှင့် “မျက်လုံးပြဿနာ”အကြောင်း ပြောပြီးကတည်းက ဖေးယိသည် ငွေရှာမည့်အစီအစဥ်ကို အရေးကြီးသည်ဟု ခံစားလိုက်ရသည်။ 

လီယွမ်နှင့် ပူးပေါင်းဆောင်ရွက်မှုက နှေးကွေးစွာ ရွေ့နေဆဲဖြစ်၍ ယခုထိ ဘာမှထူးမလာလျှင် သူ ယခင်က တွေးထားသည့် ဂိမ်းပရောဂျက်အသေးလေးများနှင့် ငွေရှာနိုင်သေးသည်။

ဖေးယိ မနေ့ညက မနက်လေးနာရီအထိ ဂိမ်းဇာတ်ညွှန်းရေးခဲ့ပြီး ငါးနာရီပြည့်အောင် မအိပ်ခဲ့ရပေ။ အဆုံး၌ စစ်ဆေးရေးမှူးက အစောကြီးထလာပြီး သူ့ခေါင်းရင်းတွင် ညည်းတွားနေကာ သူ့ပါးပြင်လေးကို အခါအားလျော်စွာ လက်သည်းနှင့်ပုတ်နေခဲ့သည်။

ကြောင်ပေါက်လေးတစ်ကောင်မှာ ဘယ်လိုရည်ရွယ်ချက်ဆိုးတွေ ရှိနေတာလဲ?

သူမအိပ်ချင်လို့ သခင်ကို မအိပ်စေချင်တာဖြစ်၏။

ဖေးယိက စစ်ဆေးရေးမှူး၏ ဉာဏ်နီဉာဏ််နက်များသော ခေါင်းမာမှုကြောင့် ကူကယ်ရာမဲ့ဖြစ်ပြီး ခက်ခက်ခဲခဲ အိပ်ရာထကာ တံခါးဖွင့်လိုက်ရသည်။ ထို့နောက် တစ်ချိန်တည်းမှာပင် ပေါ်ယွဲ့မင်က သူ့ကို အောက်ထပ်သို့ ခေါ်သွားခဲ့သည်။

ဖေးယိ အသားညှပ်ပေါင်မုန့် စားပြီးသောအခါ ပဲနို့တစ်ဝက်ခန့် သောက်လိုက်သည်။ သူ့ဗိုက်က ပူနွေးလာတာကြောင့် အဆုံးမှာ သူ၏အိပ်ငိုက်နေသောစိတ်က ကြည်လင်ပြတ်သားမှု အရိပ်အယောင်ကို ပြန်လည်ရရှိခဲ့သည်။

ဦးလေးခိုင်က အချိန်ကိုကြည့်ပြီး မေးလိုက်သည်။ “သခင်ငယ်လေး..  အပေါ်တက်ပြီး တရေးတမောအိပ်ချင်လား?”

တစ်ချိန်တည်းမှာ မနက်စာစားပြီးသွားသော ပေါ်ယွဲ့မင်က သူ့လက်ကို ရေစိုတစ်ရှူးဖြင့် သုတ်လိုက်ပြီး ဖေးယိကို တားလိုက်သည်။ “သူအခုမှ မနက်စာစားပြီးတာမို့ အပေါ်တက်ပြီး အိပ်လို့မရဘူး။ ကျန်းမာရေးအတွက် မကောင်းဘူး။”

“……..”

ဖေးယိက အသံသဲ့သဲ့ပြုလိုက်ပြီး မည်သည့်စကားမျှ မပြောခဲ့ပေ။

ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ပေါ်ယွဲ့မင်က သူ့ကိုထိန်းချုပ်နေသည်ဟု သူအမြဲခံစားရသည်။

အနည်းဆုံးတော့ ထိုအရက် “နည်းနည်းလေး” မှာ ပိုသိသာ၏။

ဦးလေးခိုင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော်စဥ်းစားနေတာ။ သခင်ငယ်လေး အိပ်မငိုက်တော့ဘူးဆိုရင် ရေမျိုးချိုးပြီး မစ္စရှုကို သွားတွေ့လို့ရအောင် ဒရိုက်ဘာခေါ်လိုက်ရင် ကောင်းမလားလို့?”

ဖေးယိ နောက်ဆုံးစကားကို ကြားတော့ ဦးလေးခိုင်ကို လှည့်ကြည့်လိုက်သည်။

“ပြီးခဲ့တဲ့သောကြာနေ့က မစ္စဖေးဆီက ဖုန်းကောလ်ရရှိခဲ့ပေမယ့် ပိတ်ရက်မှာ အခမ်းအနားပွဲရှိတော့ အဲ့ဒီအချိန်တုန်းက မပြောခဲ့ရဘူး။ သူတို့ အိမ်အသစ်မှာ အခြေချပြီးပြီလို့ ပြောတယ်။” ဦးလေးခိုင်က ပေါ်ယွဲ့မင်ကို အလေးအနက်ကြည့်ကာ ပြောလိုက်၏။

“သခင်ငယ်လေး သွားချင်တယ်ဆိုရင် အချိန်မရွေးသွားလို့ရပြီ။”

အိမ်အသစ်လား?

ဖေးယိ၏မျက်ဝန်းက အတန်ငယ် တောက်ပလာသည်။

သူက မူလပိုင်ရှင်၏ သရုပ်သကန်ဖြင့် တစ်ချိန်လုံး ဟန်ဆောင်နေရတာဖြစ်၍ အိမ်ပြောင်းရွှေ့ရာတွင် လုပ်အားပေးရန် အဆင်မပြေဖြစ်ခဲ့ပေမယ့် ကံအားလျော်စွာ ဦးလေးခိုင်က ၎င်းကို ဂရုစိုက်ပေးခဲ့သည်။

“သွားမယ်”

ဖေးယိက တိုတိုတုတ်တုတ် ပြောလိုက်၏။

ရှုဝမ်က သူ့သားကို အနှစ်နှစ်ဆယ်ကျော် စောင့်ဆိုင်းခဲ့ရသည်ကို သူသိသည်။ ယခုချိန်မှာ သူက ဖေးမိသားစု၏ ချည်နှောင််မှုကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်၍ မူလပိုင်ရှင်ကိုယ်စား သူ့ဆွေမျိုးများကို အချိန်ပိုပေးရလိမ့်မည်။

ဖေးယိ၏ ဆုံးဖြတ်ချက်ကိုကြားတော့ ပေါ်ယွဲ့မင်က အမှုမဲ့အမှတ်မဲ့ ပြောလိုက်၏။ “လင်းကျုံး… ဒီနေ့ နေ့လည်အစည်းအဝေးကို မနက်ရွှေ့လိုက်တာ ငါမှတ်မိတယ်။ ဟုတ်လား?”

“……”

ကြက်ဥပြုတ်ကို နောက်ဆုံးတစ်ကိုက် ကိုက်နေသော လင်းကျုံးက နှစ်စက္ကန့်လောက် အံ့အားသင့်သွားပြီး ရေးတေးတေး ပြောလိုက်လေသည်။ “သူဌေး?”

ဘယ်တုန်းက အစည်းအဝေးကို ရွှေ့လိုက်တာလဲ?

သူဘာလို့မမှတ်မိရတာလဲ?

ပေါ်ယွဲ့မင်က တည်ငြိမ်နေဆဲပင်။ “မဟုတ်ဘူးလား?”

သူ့မျက်လုံးထောင့်မှတစ်ဆင့် လင်းကျုံးက ဆန့်ကျင်ဘက်ရှိ ဖေးယိကို မြင်လိုက်ရပြီး ရုတ်တရက် သဘောပေါက်သွား၍ သူ့ပါးစပ်ထဲ၌ အစာအမြန်မျိုချလိုက်သည်။ “ဟုတ်ပါတယ်။ မနက်ဖြန်ရွှေ့ထားတာပါ။ သူဌေးပေါ် ဒီနေ့လုပ်စရာဘာမှမရှိပါဘူး။ ဒါကြောင့် အနားယူလို့ရပါတယ်။”

ပေါ်ယွဲ့မင်က သူလိုချင်သော အဖြေကိုရခဲ့ပြီး မှုန်ဝါးသော အလင်းရောင်နှင့် အရိပ်များကြားက ဖေးယိကို ရှာဖို့ ကြိုးစားလိုက်သည်။ 

ဖေးယိက ပေါ်ယွဲ့မင်နှင့် အကြည့်ချင်းဆုံသွားပြီး သူ၏ငိုက်မျဥ်းနေသော စိတ်က နှေးကွေးနေသည်။ “ကျွန်တော်…ကျွန်တော်ဗိုက်ပြည့်ပြီ။”

“…….”


ပေါ်ယွဲ့မင်က တခဏမျှ စိုက်ကြည့်နေ၏။

ဖြစ်စဥ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရသော ဦးလေးခိုင်က ဒုတိယသခင်လေး၏ အတွေးအမှန်ကို နားမလည်နိုင်ပေမယ့် အမြန်ကူညီလိုက်သည်။ “သခင်ငယ်လေး… ဒုတိယသခင်လေးက ဒီနေ့အနားယူမှာဆိုတော့ အတူတူသွားကြမလား? မစ္စရှုက ဒုတိယသခင်လေးကို တွေ့ချင်တယ်လို့ ပြောခဲ့တာ မှတ်မိသေးတယ်။”

တကယ်တော့ သူက သူမအငယ်ဆုံးသား၏ အမည်ခံအိမ်ထောင်ဖက်ဖြစ်လေသည်။ မိခင်တစ်ယောက်အနေဖြင့် ရှုဝမ်က စိတ်ချရစေရန် သူ့အား လူချင်းတွေ့ချင်နေခြင်းဖြစ်၏။

ဖေးယိကလည်း ဤကိစ္စကို စဥ်းစားခဲ့သည်။

နောက်ဆုံးတစ်ကြိမ် ပိုင်ယန်လမ်းကြား၏ ဝင်ပေါက်တွင် သူက ပေါ်ယွဲ့မင်ကို ဖိတ်ခေါ်ချင်ခဲ့ပေမယ့် လမ်းကြားထဲမှ သန့်ရှင်းမှုအခြေအနေနှင့် အိမ်ဟောင်း၏ ရိုးရှင်းသော အပြင်အဆင်ကို စဥ်းစားခဲ့ရသည်–

အဆင့်တန်းမြင့်မြင့် ကြီးပြင်းလာသော ပေါ်ယွဲ့မင်က ၎င်းကိုကျင့်သားမရမှာ သူစိုးရိမ်သလို စိတ်မပြင်ဆင်ထားသော ရှုဝမ်နှင့် ဖေးယိကို ခြောက်လှန့်မိမှာလည်း စိုးရိမ်သဖြင့် သူ ထိုစိတ်ကူးကို လက်လွှတ်ခဲ့ရသည်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာ ကြိုးစားကြည့်လို့ ရလောက်တယ်မလား?

တကယ်တမ်းမှာ ဦးလေးခိုင်က အိမ်အသစ်ရှာပေးဖို့ ကူညီပေးခဲ့ပေမယ့် ပေါ်ယွဲ့မင်က ကြားထဲမှာ အမိန့်ပေးခဲ့ပုံရသည်။ “ကျေးဇူးစကားပြောခြင်း”ကို အမည်ခံ၍ ပါတီနှစ်ရပ်တွေ့ဆုံရခြင်း၏ အရေးကြီးဆုံးအပိုင်းမှာ ရှုဝမ်ကို အလုံးစုံ စိတ်သက်သာရာရစေဖို့ ဖြစ်၏။

ဖေးယိက အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီး သူနားလည်သလား မသေချာပေ။

ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ အမူအရာ မှိန်ဖျော့လာသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းခေါ်လိုက်သည်။ “သခင်ငယ်လေး?”

“အွန်း”

ဖေးယိက ပေါ်ယွဲ့မင်ကို လှည့်ကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်ပြီးနောက် သတိရှိရှိ ဖိတ်ခေါ်ဟန်ဆောင်လိုက်၏။ “အာ့ကော… လိုက်မှာ…”

“လိုက်မှာလား” စကားမဆုံးခင်မှာ ပေါ်ယွဲ့မင်က ဖြေလိုက်သည်။ “လိုက်မယ်။”

“…….”

ဖေးယိက အဖြေ၏အရှိန်ကြောင့် နှစ်စက္ကန့်ကြာ တုန်လှုပ်သွားပြီး သူ့လေသံမှာ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ မစဥ်းစားနိုင်ခင်မှာပင် တစ်ဖက်ခြမ်းရှိ ပေါ်ယွဲ့မင်က တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သည်။


“အပြင်မသွားခင် အပေါ်ထပ်မှာ အဝတ်အစားသွားလဲလိုက်ဦးမယ်။”

ပေါ်ယွဲ့မင်၏မျက်ဝန်းက ဖေးယိ၏ဦးတည်ရာကို ရှောင်ကွင်းကာ ချောင်းဟန့်လိုက်သည်။ “ဦးလေးခိုင်”

ဦးလေးခိုင်က ၎င်းကိုနားလည်၍ စကားတစ်ခွန်းမျှမပြောပဲ အပေါ်ထပ်ကို ဦးဆောင်ခေါ်သွားခဲ့သည်။

ဖေးယိက လူနှစ်ဦး အပေါ်တက်သွားသည်ကို ကြည့်နေပြီး ထောင့်ဖြတ်၌ထိုင်နေသော လက်ထောက်ကို ပြန်ကြည့်လိုက်သည်။

“အစည်းအဝေး”ကိစ္စ၌ ထူးခြားတာတစ်ခုခုကို သတိထားမိသော လင်းကျုံးက နားမလည်သလို ဟန်ဆောင်လိုက်သည်။ “သခင်ငယ်လေး…အပေါ်ထပ်တက်ပြီး ညအိပ်ဝတ်ကို သွားလဲလိုက်ပါလား? ခဏနေရင် အပြင်သွားမှာမဟုတ်ဘူးလား?”

“…….”


လွန်ခဲ့သည့်နှစ်ရက်က ဇာတ်ကောင်နှင့် လိုက်ဖက်ညီအောင် အထူးရွေးထုတ်ခဲ့သည့် ဝက်ဝံညဝတ်အင်္ကျီလေးကို ဖေးယိ ငုံ့ကြည့်လိုက်သည်။ သူ့နားရွက်က ရှက်ကိုးရှက်ကန်း နီရဲလာပြီး သူက စကားတစ်ခွန်းမျှမပြောပဲ မတ်တပ်ထရပ်လိုက်သည်။

. . . . . . 

ဒုတိယထပ်ရှိ မာစတာခန်း၌။

ဦးလေးခိုင်က အဝတ်အစားဗီရိုထဲရှိ သပ်သပ်ရပ်ရပ် စီထားသော အဝတ်အစားများကို ကြည့်လိုက်သည်။ “ဒုတိယသခင်လေး… ဒီနေ့ဘာဝတ်ချင်လဲ?”

ပေါ်ယွဲ့မင်က မျက်လုံးမကောင်းသော်လည်း အပေါ်ယံ ဝတ်စားဆင်ယင်လေ့မရှိပေ။ အရင်တုန်းက သူရွေးချယ်ခဲ့သော အဝတ်အစားစတိုင်အများစုကို မှတ်မိနေတာကြောင့် သူက ဦးလေးခိုင်ကို ကူရှာပေးခိုင်းဖို့ပဲ လိုအပ်သည်။

“…….”

ပေါ်ယွဲ့မင်က အဝတ်အစားနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချလေ့ရှိသော်လည်း ယနေ့မှာတော့ သူက အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး ဆုံးဖြတ်ချက်မချနိုင်သေးပေ။

ဦးလေးခိုင်က အံ့အားသင့်သွား၏။ “ဒုတိယသခင်လေး?”

ပေါ်ယွဲ့မင်က တံခါးကိုမှီနေပြီး သူ့မျက်နှာပေါ်၌ ဆုံးဖြတ်ရန် ခက်ခဲနေကြောင်း ပေါ်နေ၏။ မသေချာပေမယ့် သတိရှိရှိဖြင့် သူမေးလိုက်၏။ “ဦးလေးခိုင်… ဒါကို မိဘတွေနဲ့ တွေ့ဆုံခြင်းလို့ သတ်မှတ်လို့ရလား?”

သူနှင့် ဖေးယိက ရိုးရှင်းသော “အခွံလွတ်” အိမ်ထောင်ရေး၌သာ ရှိနေကြပြီး စစ်မှန်သော စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးမရှိသော်လည်း သူက တစ်ဖက်လူ၏ မိခင်အရင်းနှင့် တွေ့ဆုံရတော့မှာဖြစ်၍ သူ့ဝတ်စားဆင်ယင်ပုံကို ဂရုစိုက်သင့်သည်မဟုတ်လား။

အနည်းဆုံးတော့ သူဟာ အားကိုးလို့မရသည့် လူတစ်ယောက်ဖြစ်သည်ဟု ရှူဝမ်အား မထင်စေလိုပေ။

အတွေ့အကြုံရှိဖူးသော ဦးလေးခိုင်က တအံ့တသြ ရယ်လိုက်မိသည်။”အဲ့ဒါက ဒုတိယသခင်လေးရဲ့ အတွေးပေါ် မူတည်ပါတယ်။”

ပေါ်ယွဲ့မင်က မေးလိုက်သည်။ “ခင်ဗျားဘာကိုဆိိုလိုတာလဲ?”

ဦးလေးခိုင်က ဘွင်းဘွင်းပြောလိုက်၏။ “သခင်ငယ်လေးကို အရင်ကအတိုင်း အရေးမပါတဲ့ အိမ်ထောင်ဖက်အဖြစ် ဆက်ဆံမယ်ဆိုရင်တော့ ဒုတိယသခင်လေး စိတ်တိုင်းကျလုပ်လို့ရပါတယ်။ သိပ်စိတ်ပူဖို့မလိုဘူး။”


တကယ်တော့ အပြင်လူများ၏ အမြင်အရ “အရူးတစ်ယောက်နှင့် မျက်မမြင်တစ်ယောက်” ၏ အိမ်ထောင့်ဆက်ဆံရေးတွင် ဖေးယိက ပေါ်ယွဲ့မင်ကို မှီခိုပြီး နေထိုင်နေတာဖြစ်သည်။

ဦးလေးခိုင်၏ အေးစက်သော မှတ်ချက်က ပြောင်းလဲသွားပြီး သူက မိသားစုလိုပင် ပြုံးပြလာခဲ့သည်။ “ဒါပေမယ့် ဒုတိယသခင်လေးက သခင်ငယ်လေးကို “အိမ်ထောင်ဖက်အစစ်”အဖြစ် ဆက်ဆံမယ်ဆိုရင် ဒါက မိဘတွေနဲ့ ပထမဆုံးတွေ့ဆုံတာဖြစ်ပြီး ဝတ်ကျေတန်းကျေ ဝတ်ဆင်သွားလို့မရပါဘူး။”

“ဒါက အဝတ်အစားနဲ့ပဲ သက်ဆိုင်တာမဟုတ်ပဲ လက်ဆောင်တွေကိုလည်း သေချာပြင်ဆင်ရပါမယ်။”

“…….”


အိမ်ထောင်ဖက်အစစ်လား?

ပေါ်ယွဲ့မင်သည် တစ်ချိန်က သူနဲ့အလှမ်းဝေးခဲ့သော ဤစကားလုံးကို ရင်ထဲကနေ ရွတ်ဆိုလိုက်ပြီး “အဲ့လောက်အတိုင်းအတာအထိ မဟုတ်ပါဘူး”ဆိုသည့် သူ့အဖြေ၏ အနက်အဓိပ္ပါယ်ကိုပင် သတိမထားမိခဲ့ပေ။

ဖေးယိ သူ့အား ပေးခဲ့သော နွေးထွေးမှုနှင့် အားပေးစကားတို့က သူ့နှလုံးသားကို ပျော့ပျောင်းစေပေမယ့် ထိုမျှလောက်သာဖြစ်၏။

သူ့မျက်လုံးတွေ ပြန်ကောင်းမလာခင်နှင့် သူ ပေါ်ကွမ်းချန်နှင့် တခြားလူများအား ရင်မဆိုင်နိုင်ခင်မှာ ပေါ်ယွဲ့မင်က ခံစားချက်များ တိုးစေမည့် တခြားသောရှုထောင့်များကို စဥ်းစားဖို့ အချိန်မရှိပါပေ။

ဦးလေးခိုင်က ဤငြိမ်သက်မှုနှင့် မထင်မှတ်ထားသော အဖြေကို ကြားလိုက်ရစဥ် မျက်မှောင်ကြုတ်မိသွားပေမယ့် ထပ်မမေးတော့ပေ။

အဝတ်အစားလဲပြီး ဧည့်ခံထဲမှာ ငြိမ်ငြိမ်ထိုင်နေသော ဖေးယိကို ဟနေသော တံခါးပေါက်မှတစ်ဆင့် မြင်လိုက်ရသဖြင့် သူက ပေါ်ယွဲ့မင်အား သတိပေးလိုက်သည်။ “သခင်ငယ်လေးက ဒီနေ့ အပြာနုရောင်အဝတ်အစားကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး အရမ်းတောက်ပနေပါတယ်။”

ပေါ်ယွဲ့မင်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။

. . . . . .