Chapter 43
ပေါ်ယွဲ့မင် ဆေးရုံသွားပြီးနောက် ဖေးယိက ရှုဝမ်နှင့်နေခဲ့ပြီး ညစာအတူစားခဲ့သည်။ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားသော ဖေးယွမ်ကတော့ ညနေစောင်းမှပြန်ရောက်လာကာ လွန်ခဲ့သည့်နှစ်ရက်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြားသိရပြီး အင်မတန်ဒေါသထွက်နေခဲ့သည်။
သို့ပေမယ့် ဤအဖြစ်အပျက်အပြီးမှာ သားအမိနှစ်ယောက်၏ ပေါ်ယွဲ့မင်အပေါ် ထင်မြင်ချက်က ပိုမိုကောင်းမွန်လာခဲ့သည်။
တကယ်တော့ သူတို့နှစ်ယောက်လုံးမှာ အင်မတန်ရိုးရှင်းသော အယူအဆများရှိ၏။
တစ်ဖက်လူက ဖေးယိကို ကာကွယ်ပေးနိုင်ပြီး တခဏမျှ တည်ငြိမ်အေးချမ်းမှုပေးနိုင်လျှင်ပင် ကောင်းလွန်းလှပြီဖြစ်၏။
သူတို့နှစ်ဦးကြားက “အိမ်ထောင်”ဆက်ဆံရေးက အနာဂတ်မှာ ပြိုကွဲသွားသည့်တိုင် သူတို့က ဖေးယိကို ပြန်ခေါ်ပြီး အတူနေလို့ရသေးသည်။
ထို့အပြင် ဖေးယိက ပေါ်ယွဲ့မင်နှင့် အတူနေဖို့ ဆန္ဒရှိကြောင်း သူတို့မြင်နိုင်သည်။
မူလက ရှုဝမ်သည် ဖေးယိနှင့် အတူနေချင်သော်လည်း အချိန်အတိအကျ လာကြိုသော ပေါ်ယွဲ့မင်ကို ရင်ဆိုင်ရသည့်အခါ သူမ ထိုအတွေးကို စွန့်လွှတ်လိုက်ရသည်။
အချိန်တွေအများကြီးရှိပါသေးတယ်….
ဖေးယိက ပျော်ရွှင်နေသရွေ့ မိခင်တစ်ယောက်အနေနဲ့ သူမက သူ့ကို ဘာမဆိုလုပ်ခွင့်ပေးမည်။
ည ၁၀ နာရီမှာ ဖေးယိက ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
သူက ရေစုပ်ယူအားကောင်းသော ရေချိုးဝတ်ရုံကို ဝတ်ထားပြီး ခဏလောက်တော့ ချွတ်ဖို့ရန် ပျင်းလွန်းသဖြင့် ကုတင်ပေါ်၌ တစ်ဝက်လှဲချကာ ရေချိုးရာမှ ထွက်ပေါ်လာသော အပူရှိန်ကို ပြေပျောက်စေခဲ့သည်။
ဒေါက်…ဒေါက်
တံခါးခေါက်သံထွက်ပေါ်လာ၏။
ကုတင်စွန်းတွင် လဲလျောင်းနေသော စစ်ဆေးရေးမှူးက ချက်ချင်းပင် နားစွင့်ကာ ကုတင်ပေါ်မှာထိုင်နေသော ဖေးယိအား သတိပေးလိုက်ဖို့လည်း မမေ့ခဲ့ပေ။ “မြောင်~”
ဖေးယိက ချစ်စရာတိလေး၏ လိမ္မာပါးနပ်မှုကြောင့် ရယ်မောမိသွားပြီး တံခါးဝမှ မေးခွန်းတစ်ခုကို ကြားလိုက်ရသည်။ “ဖေးယိ? အိပ်နေပြီလား?”
၎င်းက ပေါ်ယွဲ့မင်၏အသံပင်။
၎င်းက အိပ်ရာမဝင်ခင် နို့လာပို့ပေးသော ဦးလေးခိုင်ဖြစ်သည်ဟု ဖေးယိ ထင်ခဲ့တာဖြစ်၍ အံ့သြသွားရသည်။ သူက ကုတင်ဘေးရှိ အလွန်ချစ်ဖို့ကောင်းသော ဝက်ဝံညအိပ်ဝတ်ကို ကြည့်ပြီးမှ သူ့ခန္ဓာကိုယ်ပေါ်ရှိ အလွန်သက်တောင့်သက်သာရှိသော ရေချိုးဝတ်ရုံကို ပြန်ကြည့်ကာ မတ်တပ်ထရပ်လိုက်သည်။
တံခါးနားသို့ ချဥ်းကပ်သွားရင်း ဖေးယိက သူ၏ ဝသီအတိုင်း နာခံမှုရှိသော အမူအရာဖြင့် တံခါးဖွင့်လိုက်လေသည်။
အနက်ရောင် ညအိတ်ဝတ်စုံဝတ်ထားသော ပေါ်ယွဲ့မင်က တံခါးအပြင်ဘက်မှာ ရပ်နေပြီး အကျွမ်းတဝင်ရှိသော နို့နွေးနွေးလေးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်တစ်ဖက်က အိတ်သေးသေးလေးတစ်ခုကို ကိုင်ထားသည်။
ဖေးယိ၏မျက်ဝန်းက နို့မှတစ်ဆင့် ပေါ်ယွဲ့မင်၏မျက်နှာပေါ်သို့ ရွှေ့သွားသည်။ “အာ့ကော?”
ဦးလေးခိုင်ဘယ်မှာလဲ?
ဘာလို့ ပေါ်ယွဲ့မင်ကိုယ်တိုင် နို့လာပို့တာလဲ?
“ဦးလေးခိုင် တံခါးခေါက်နေတာ ကြာပြီ။ ဘာတုံ့ပြန်မှုမှမရလို့ သူ့ကို အရင်ပြန်ခိုင်းလိုက်တာ။” ပေါ်ယွဲ့မင်က သူ့ရှေ့ရှိ မရှင်လင်းသော ကောက်ကြောင်းကိုကြည့်ကာ သူ့လက်ထဲက နို့ကို ဖြည်းဖြည်းချင်း ပေးလိုက်သည်။ “မအိပ်ခင် သောက်လိုက်။”
သူ နေ့လည်က ဆေးရုံမှာ ဆေးစစ်ဖို့သွားခဲ့ပြီး ဖြစ်ချင်တော့–
ရှုယိိုချန်၏ တံမြက်စည်းက သူ့ပခုံးနှင့် ဇက်ပိုးအပြင် ဦးခေါင်းနောက်ကိုပါ ထိခိုက်စေခဲ့ပေမယ့် ကံအားလျော်စွာ အရေးကြီးသော အစိတ်အပိုင်းများကို မထိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက သူ့မျက်လုံးများ ပြန်လည်ကောင်းမွန်လာစေရန် အမှတ်တမဲ့ ကူညီပေးခဲ့လေသည်။
ထိုအချိန်တွင် ပေါ်ယွဲ့မင်၏ အမြင်အာရုံက အစက်အပြောက်များ ဖြစ်မနေတော့ပေ။ ထိုအစား သူက အဝေးမှုန်ခြင်း၏ အမြင့်ဆုံးဒီဂရီလိုပင် အရာဝတ္ထုများ၏ မှုန်ဝါးဝါး ကောက်ကြောင်းများကို မြင်နိုင်ခဲ့ပြီး အားကုန်သုံး၍ အာရုံစိုက်လိုက်သောအခါမျိုးတွင် ရံဖန်ရံခါ ပို၍ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
သို့သော် ဆရာဝန်၏ အကြံပြုချက်မှာ–
အထူးသဖြင့် ဤ အရေးကြီးသော ပြန်လည်နာလန်ထူရေးကာလ၌ သူက မျက်လုံးကို အလွန်အကျွံသုံးပြီး အရာဝတ္ထုများကို စိုက်ကြည့်ရန် အလျင်မလိုသင့်ပေ။ မဟုတ်ပါက သူ့မျက်လုံးများ ပိုဆိုးသွားနိုင်သည်။
ဖေးယိက ပေါ်ယွဲ့မင်၏ အတွေးများကို မသိသော်လည်း သူက နို့နွေးနွေးလေးကို နာနာခံခံယူလိုက်ပြီး အများကြီး သဘောကျသလို ဟန်ဆောင်ကာ ခွက်တစ်ဝက် သောက်ပြလိုက်သည်။
ပေါ်ယွဲ့မင်က သူ၏ ညည်းသံလေးကို ကြားလိုက်ရပြီး သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။ “ရေချိုးထားတာလား?”
သူစကားပြောနေစဥ် သူက မသိစိတ်အလျောက် ငုံ့ကြည့်လိုက်ပြီး တခဏမျှ မသေချာမရေရာ စိုက်ကြည့်မိသွားသည်။
ဖေးယိက ပေါ်ယွဲ့မင်၏ မျက်လုံးထဲမှ အပြောင်းအလဲကို မမြင်နိုင်ပဲ ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်သည်။ “ဟုတ်!”
“……..”
ပေါ်ယွဲ့မင်က မေးလိုက်သည်။ “ညအိပ်ဝတ် လဲပြီးပြီလား?”
ဖေးယိက နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီး သူ မလဲရသေးသော ရေချိုးဝတ်ရုံကို ကြည့်လိုက်သည်။
မကြာခင်မှာပင် “ပေါ်ယွဲ့မင် မမြင်နိုင်ဘူး” ဆိုသည့် အချက်က သူ၏မလုံမလဲဖြစ်စိတ်နှင့်အတူ လုံးလုံးပျောက်ကွယ်သွားခဲ့ပြီး သူက အဆုံးထိ အရူးဇာတ် ကလိုက်သည်။ “အင်း! ဝက်ဝံလေးလေ။ ဝက်ဝံလေး… ဦးလေးခိုင်ပေးထားတာ!”
“အင်း”
ပေါ်ယွဲ့မင်က သူ့ရင်ထဲရှိ အံ့အားသင့်မှုကို ဖိနှိပ်ကာ အသံမဲ့ရယ်မောလိုက်သည်။ သူ ယခုချိန်မှာ ယောင်ဝါးဝါး မြင်နေရဆဲဆိုပေမယ့် လုံးဝမမြင်နိုင်တာတော့ မဟုတ်ပေ။
အနည်းဆုံးတော့ သူက ညအိပ်ဝတ်ဘောင်းဘီနှင့် အလင်းရောက်အောက်က ဖြူဖွေးတောက်ပနေသော ခြေထောက်သွယ်သွယ်လေးတစ်စုံကို သူခွဲခြားနိုင်သည်။
ဖေးယိက အခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်ဟု ထင်တာကြောင့် သောက်တာရပ်ပြီး နို့တစ်ဝက်ကို ချန်ထားလိုက်သည်။ “အာ့ကော?”
ပေါ်ယွဲ့မင်က သူ့ခေါ်သံကို နားလည်ပြီး တောင်းဆိုမှုတစ်ခုပြုလိုက်သည်။ “ဆေးနည်းနည်းလိမ်းပေးပါလား၊ ပခုံးနဲ့ ဇက်ပိုးက ရောင်နေတုန်းပဲ”
“…….”
ဖေးယိက နှစ်စက္ကန့်လောက် အံ့အားသင့်သွားပြီး သတိပေးလိုက်သည်။ “ဦးလေးခိုင်”
ပေါ်ယွဲ့မင်ရဲ့ ပထမဆုံးတုံ့ပြန်မှုက ဒီလိုကိစ္စတွေအတွက် ဦးလေးခိုင်ကို အကူညီတောင်းရမှာ မဟုတ်ဘူးလား? သူ ရေချိုးခန်းထဲကို ရုတ်တရက်ဝင်သွားပြီး ဆေးလိမ်းပေးဖို့ ကမ်းလှမ်းခဲ့စဥ်က ပေါ်ယွဲ့မင် ငြင်းခဲ့တာကို မှတ်မိသေးသည်။
ပေါ်ယွဲ့မင်က အိတ်သေးသေးလေးကို သူ့လက်ချောင်းထိပ်များဖြင့် တင်းတင်းဆုပ်ကိုင်ကာ ကမ်းပေးလိုက်သည်။ “ဦးလေးခိုင် ဒီနေ့ပင်ပန်းနေတယ်…လုပ်ပါ”
တစ်ဖက်လူက သူ့ကိုကာကွယ်ပေးရင်း ဒဏ်ရာရခဲ့တာဖြစ်၏။ ထို့ကြောင့် ဖေးယိက စိတ်ပြေနပြေ ထိုင်မကြည့်နိုင်ပေ။ သူ့လက်ထဲကို အရောင်ကျဆေး ရောက်လာသည်နှင့် သူက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး မကျေမနပ် ညည်းညူလိုက်လေသည်။
“မလုပ်ပေးနိုင်ဘူး”
“…….”
ပေါ်ယွဲ့မင် တစ်ဆို့သွားပြီး ခဏလောက်တော့ တုံ့ပြန်ဖို့ နှေးကွေးနေခဲ့သည်။ နောက်မှ ဖေးယိ၏ဆိုလိုရင်းကို သူနားလည်သွားခဲ့သည်။ ယခင်တစ်ခေါက်က ပေါ်သခင်ကြီး၏ မွေးနေ့ပွဲတွင် လီယွမ်၏လက်ချောင်းများ ဒဏ်ရာရခဲ့ပြီး ပေါ်ယွဲ့မင်က ယန်စမ်းနှင့် တခြားသူများရှေ့တွင် စကားလုံးအချို့ ပြောခဲ့သည်။
“ဖေးယိက ဒီလိုအရာမျိုးကို ကောင်းကောင်းမလုပ်နိုင်ဘူး”
“မင်း လုပ်နိုင်မှာမဟုတ်ဘူး။ မင်းလုပ်ရင်လည်း ပတ်တီးပြန်လဲပေးရမှာပဲ”
ကြောင်ပေါက်လေးက အမှတ်သညာကြီးပြီး ဤစကားနှစ်ခွန်းကို ပြန်သုံးလာမည်ဟု သူ မထင်ထားခဲ့ပေ။
ပေါ်ယွဲ့မင်က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ “မင်း လုပ်တတ်ပါတယ်။ အရင်တစ်ခေါက်က ငါစကားမှားသွားတာ။”
“အင်း”
ဒီလိုဖြစ်ရမှာ…
ဖေးယိက ချီးကျူးခံလိုက်ရပြီး သူ့အမွေးများ နေရာတကျပြန်ဖြစ်သွားကာ သူက ပေါ်ယွဲ့မင်၏ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ “သွားရအောင်”
မူလက ပေါ်ယွဲ့မင်သည် သူ၏အမြင်အာရုံ တိုးတက်လာကြောင်း ဖေးယိအား ပြောပြချင်ခဲ့သော်လည်း သူ့လက်ကောက်ဝတ်ပေါ်မှ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရပြီးနောက် သူက ရုတ်တရက် မရှင်းပြချင်တော့ပေ။
သူက အမြင်အာရုံ ချို့ယွင်းနေသလို ဆက်လက်ဟန်ဆောင်လိုက်ပြီး ဖေးယိနောက်ကနေ ဧည့်ခန်းလေးထဲရှိ ဆိုဖာပေါ်သို့ ဖြည်းဖြည်းချင်း လိုက်သွားခဲ့သည်။
နှစ်ယောက်သားက ဆိုဖာပေါ်မှာထိုင်နေ၏။
ဖေးယိက ဆေးအိတ်ကို သူ့ဘာသူဖွင့်ကြည့်လိုက်ပြီး ပေါ်ယွဲ့မင်၏ သတိပေးချက်ကို ကြားလိုက်ရသည်။ “ဦးလေးခိုင်က ဒီထဲမှာ အနီနဲ့ အဖြူရောင် စပရေးရှိတယ်လို့ပြောတယ်။ အဲ့ဒါကို အရင်ဖြန်းပြီးမှ ဆေးလိမ်းပေးပါ။”
ပြောပြီးနောက် သူက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ညဝတ်အင်္ကျီကို ကြယ်သီးဖြုတ်လိုက်သည်။
ဖေးယိက ဆေးလိမ်းပုံအဆင့်ဆင့်ကို သဘာဝကျကျ နားလည်ပြီး ဖြန်းဆေးကိုကိုင်ကာ ပမာဏကို တိတ်တဆိတ် လေ့လာနေ၏။ ထို့ကြောင့် သူ မော့ကြည့်လိုက်သောအခါ ပေါ်ယွဲ့မင် နောက်ကျောဖော်ထားသည်ကို တွေ့လိုက်ရသည်။
သူ နောက်ဆုံးတစ်ကြိမ်က ရေချိုးခန်းထဲမှာ အလျင်လိုနေပြီး တံခါးဝမှာ ရပ်နေခဲ့သော ဖေးယိကလည်း သေချာကြည်ှဖို့ အချိန်မရှိခဲ့ပေ။
ယခုအခါ အနီးကပ်ကြည့်လိုက်တော့ အဝတ်အစားအောက်မှာ ပေါ်ယွဲ့မင် ဝှက်ထားသည့် ကြွက်သားလိုင်းများက သူထင်ထားတာထက်ကို ချောမွေ့နေပြီး ကြည့်ကောင်းနေပေမယ့် အလွန်အကျွံတော့ဖြစ်မနေပေ။
ဖေးယိက ၎င်းတို့ကို တည့်တည့်စိုက်ကြည့်ကာ သူ့နှလုံးသားက တိတ်တဆိတ် ချဥ်စူးသွားသည်။
သူတို့နှစ်ယောက်ကို နှိုင်းယှဥ်ကြည့်တာက သေလောက်အောင် စိတ်တိုဖို့ကောင်းသည်။
အကြည့်များက စူးရှပြင်းပြလွန်း၍ ထိုနောက်ကျော၌ အပေါက်တစ်ပေါက်ပင် ဖြစ်သွားနိုင်သည်။
၎င်းတို့အားလုံးကို အာရုံခံမိသော ပေါ်ယွဲ့မင်က ရှင်းမပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေကာ သူ့အသံက အနည်းငယ် တောင့်တင်းနေခဲ့သည်။ “ဖေးယိ…. ဖြန်းဆေးရှာတွေ့လား?”
ဖေးယိက မသိစိတ်အလျောက် တံတွေးမျိုချလိုက်ပြီး အသိပြန်ဝင်လာသည်။
အိတ်ထဲတွင် အရောင်ကျဆေး သုံးလေးမျိုးသာရှိသည်။ ဖေးယိက စပရေးဘူးကို ခါလိုက်ပြီး ညဘက်ပခုံးနှင့် ဇက်ပိုးပေါ်မှာ ရောင်ရမ်းနေသေးတာကို တွေ့လိုက်ရစဥ် သူ၏ မျိုသိပ်ထားသော ဒေါသက တစ်ဖန်ပြန်တိုးလာခဲ့သည်။
ရှုယိုချန်…နံစော်ပြီး အရှက်မရှိတဲ့ကောင်!
သူသာ စောစောသိလျှင် နေ့ခင်းတုန်းက တစ်ခါတည်း နံရိုးချိုးပစ်ခဲ့မှာပင်! သို့မှသာ သူနဲ့ ချန်ယွိယင်းတို့ ဆေးရုံကုတင်မှာ ဘေးချင်းကပ် လူနာများဖြစ်နေပေမည်!
၎င်းကိုစဥ်းစားကာ ဖေးယိက ယနေ့ည ညစာစားပွဲ၌ လက်ရှိဗီလာနဲ့ ပတ်သက်ပြီး ရှုဝမ်နှင့် ဖေးဟွမ်တို့၏ အမြင်ကို သတိရသွားသည်။
ရိုးရိုးသားသားဆိုရလျှင် ထိုသားအမိအပါအဝင် ဖေးယိကိုယ်တိုင်က ဗီလာပိုင်ရှင်ကို ပေါ်ယွဲ့မင်ဖြစ်နေမယ်လို့ မထင်ထားခဲ့ပေ။
“အာ့ကော”
ဖေးယိက သူ့ကိုယ်သူဖော်ပြရန် ရိုးရှင်းသော စကားလုံးများကို ရွေးချယ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်… အိမ်ကို ကျွန်တော်တို့မလိုဘူး”
မူလက ရှုဝမ်နှင့် ဖေးယွမ်တို့သည် “အိမ်ငှားဖို့ ငွေသုံးရန်” စဥ်းစားခဲ့ကြသည်။ သူတို့၏ ဘဏ္ဍရေးက ၎င်းအဖို့ တတ်နိုင်ပြီး ဗီလာပိုင်ရှင်က ဤစျေးနှုန်းနှင့် ငှားရမ်းချင်သရွေ့ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေလေသည်။
အိမ်ပိုင်ရှင်က ပေါ်ယွဲ့မင်ဖြစ်နေမှန်း သူတို့ ယနေ့မှသိခဲ့ရသည်။
တစ်ဖက်လူက ငှားရမ်းလိုသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဖေးယိဖြစ်၏။ သူတို့နှစ်ယောက်ကြားရှိ “အိမ်ထောင်”ဆက်ဆံရေးကြောင့် ဤအိမ်ကြီးကို “ရိုးရှင်းသောဆက်ဆံရေး” အဖြစ် သတ်မှတ်လို့မရပေ။
ထိုထက်ပိုသည်မှာ ရှုဝမ်နှင့် ဖေးဟွမ်က နားလည်လိုက်သည်။ သူတို့ အဆင်ပြေပြေနေထိုင်နေလျှင် လောဘကြီးသော ဖျံနီများကို ဆွဲဆောင်နေပေလိမ့်မည်။
ပေါ်ယွဲ့မင်က အံ့အားသင့်သွားသည်။ “ဘာလို့လဲ?”
ဖေးယိက ခေါင်းခါကာ ပြောလိုက်သည်။ “အမေက မကောင်းဘူးလို့ ပြောတယ်။”
ပေါ်ယွဲ့မင်က ခဏလောက် တိတ်ဆိတ်သွားပြီး ဖေးယိ၏စကားမှတစ်ဆင့် ရှုဝမ်၏အတွေးကို နားလည်သွားသည်။
ဦးလေးခိုင်က ထိုသားအမိအား ဗီလာသို့ပြောင်းရွှေ့ရန် မကူညီခင် ရှုဝမ်နှင့် ဖေးယွမ်တို့က “ငှားခစျေးနှုန်း”က သေချာရဲ့လား အထပ်ထပ်အခါခါ မေးခဲ့သည်။ မာစတာခန်းနှင့် ဒုတိယထပ်ရှိ စာဖတ်ခန်းကို လုံးဝဖွင့်မသုံးလျှင်ပင် သူတို့က စျေးသက်သက်သာသာနဲ့ မလိုချင်တာဟု ယူဆရသည်။
ယနေ့ ဖေးယိကို အိမ်ပြန်ခေါ်လာသည့်အခါ ဦးလေးခိုင်က သူ့ကို ပြောပြခဲ့သည်။ – ထိုသားအမိက ဗီလာကို သပ်ရပ်နေအောင် ရှင်းထားပြီး အနံ့အသက်လုံးဝမရှိတော့ပေ။
ပေါ်ယွဲ့မင်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး သူ၏ကိုယ်ပိုင်အမြင် ရှိသည်။ “ငါ ဒီဗီလာကို ဘာမှမလုပ်ပဲ လွှတ်ထားခဲ့တာကြာပြီ။ နေထိုင်လို့ရတယ်ဆိုရင် မကျေနပ်စရာမရှိပါဘူး။”
ဖေးယိက ခေါင်းခါပြကာ ငြင်းဆိုသံ ထွက်နေတုန်းပင်။
ရှုဝမ်နှင့် သမီးဖြစ်သူ၏ အတွေးများအပြင် ဖေးယိမှာလည်း သူ၏ကိုယ်ပိုင်အတွေးအခေါ်ရှိသည်။ ယခုချိန်တွင် သူက “အရူးဟန်ဆောင်ပြီး အရူးလိုပြုမူနေခြင်း” ဖြစ်ပြီး ပေါ်ယွဲ့မင်ဆီမှ ဂရုစိုက်ပေးမှု အလုံအလောက် ရရှိထားသည်။
ထို့အပြင် မူလပိုင်ရှင်၏ ဆွေမျိုးများကလည်း သူ့ဆွေမျိုးများသာဖြစ်၍ တစ်ဖက်လူ၏တာဝန်မဟုတ်ပေ။ သူကိုယ်တိုင်က ရှုဝမ်နှင့် ဖေးယွမ်တို့ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်စေရန် အလုပ်ကြိုးစားပြီး ငွေရှာမှာဖြစ်သည်။
ထို့အပြင် သားအမိနှစ်ယောက်က ပေါ်ယွဲ့မင်၏ အိမ်မှာ အချိန်အကြာကြီး ဆက်နေဖြစ်ခဲ့လျှင် သူမည်သို့ ထွက်ပြေးနိုင်တော့မည်နည်း…
အဆင်မပြေဘူး! လုံးဝအဆင်မပြေဘူး!