Chapter 53
အုပ်စုနှစ်စုကြားရှိ ရင်းနှီးမြှုပ်နှံမှုပြိုင်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။
လက်ထောက်ရှန်းနာ့က အချိန်ကိုကြည့်လိုက်သည်။ “ဒီနေ့ ဒီမှာအဆုံးသတ်ပါမယ်။ အမှုဆောင်ဆွေးနွေးပွဲ ပြီးသွားရင် ကျွန်မတို့ကုမ္ပဏီက ရှင်တို့ကို အီးမေးလ်နဲ့ သတိပေးမှာပါ။”
သူမ၏ ပဲ့တင်သံ ရပ်မသွားခင်မှာ ပေါ်ယွဲ့မင်က ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။ “အဲ့လိုတွေ ကွေ့ပတ်စရာမလိုတော့ဘူး။ အခုချက်ချင်းမဲပေးပြီး တစ်ဖွဲ့ကို ရွေးချယ်ရုံပဲ။”
GM ၏ အကြီးတန်းအမှုဆောင် ရှယ်ယာရှင်တစ်ဦးအနေဖြင့် ပေါ်ယွဲ့မင်က အမြဲတမ်းပြောဆိုပိုင်ခွင့်ရှိသည်။ မည်သူမျှ မငြင်းဆန်နိုင်တာကို အခွင့်ကောင်းယူကာ သူက သူ့ရွေးချယ်မှုကို တိုက်ရိုက်ပြောလိုက်သည်။
“ငါက “နောက်ဆုံးမြူ”ရဲ့ နောက်ခံဆက်တင်ကို ပိုစိတ်ဝင်စားတယ်။ ဒီဂိမ်းလောကရဲ့ ဗိသုကာပညာရှင်က ဖန်တီးနိုင်စွမ်းပိုရှိပြီး ပရိသတ်စျေးကွက်ရဲ့ ထိန်းချုပ်မှုကလည်း အရမ်းတိကျတယ်လို့ထင်တယ်။”
ဘေးမှာထိုင်နေသော ဖေးယိက ပေါ်ယွဲ့မင်၏ ချီးကျူးသံကိုကြားတော့ ပူတင်းတစ်လုတ်စားကာ ဝမ်းသာအားရ ပြုံးလိုက်လေသည်။
ဂိမ်းလောက၏ ဗိသုကာပညာရှင်တိုင်းအတွက် အလုပ်ကို အသိအမှတ်ပြုခံရခြင်းထက် ပို၍ကျေနပ်စရာကောင်းသော အရာမရှိပေ။
သေချာသည်မှာ အနှီလူက သူရှာဖွေခဲ့သော ဗီလိန်ဖြစ်သည်။ ခန့်ညားချောမောရုံတင်မကပဲ အမြင်လည်းရှိလှသည်။
ပေါ်ယွဲ့မင်က ဖေးယိ၏အတွေးကို မသိပါပဲ စဥ်းစားပြီး မဲပေးခဲ့တာဖြစ်၏။
အပြင်ပန်းတွင် ၎င်းက “နောက်ဆုံးမြူ”ထဲရှိ ဖန်တီးနိုင်စွမ်းနှင့် ဇာတ်လမ်းယုတ္တဆန်မှုသည် ယေဘုယျအားဖြင့် အားကောင်းပြီး “ခုတုံး” ဖွံ့ဖြိုးမှုပုံစံမှာ တရုတ်စျေးကွက် ချဲ့ထွင်ရန်အတွက် ပိုမိုအထောက်အကူဖြစ်စေလို့ ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအရတော့ ဤသည်မှာ ဖေးဟွမ်က “သားရဲဂြိုလ်သား”၏ အဓိကဖန်တီးမှုအဖွဲ့မှာ ပါဝင်လာလို့ဖြစ်သည်။ စတူဒီယိုရှိ တစ်ဖက်လူ၏ ရာထူးသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပေါ်ယွဲ့မင်က ဤတွက်ချက်တတ်သော လူစားမျိုးနှင့် ပတ်သက်ရန် ဆန္ဒမရှိပေ။ ထို့အပြင် တစ်ဖက်လူမှာ ပေါ်ကွမ်းချန်နှင့် ပွင့်လင်းသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တစ်ခုရှိနေသည်။
ပေါ်ယွဲ့မင်က “နောက်ဆုံးမြူ” အတွက် အရင်ဆုံးရပ်တည်ပေးလိုက်သည်ကို ကြားလျှင် ခယ့်မင်က မျက်မှောင်ကြုတ်လိုက်ပေမယ့် အခြေအနေနှင့် တစ်ဖက်လူ၏ သရုပ်သကန်ကြောင့် သူက စိတ်ထဲ၌သာ ညည်းညူစောဒကတက်လိုက်လေ၏။
ထင်သည့်အတိုင်း ဤလူက ငကန်းတစ်ယောက်ဖြစ်၏။
သူတို့စတူဒီယိုရဲ့ မော်ဒယ်ပုံစံ ဒီလောက်ကောင်းတာကို!
ဒီလိုလူမျိုးက ကုမ္ပဏီရဲ့ ထိပ်ဆုံးမှာ ထိုင်နေတာလား? သူ့ကံကြမ္မာကို လက်ခံလိုက်သင့်မလား.. ဒီလူက နုတ်ထွက်ပြီး အိမ်မှာ ငကန်းလို နေသင့်တာ!
၎င်းကို စဥ်းစားကြည့်လိုက်တော့ GM ၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်နှင့် GM ၏ ရှယ်ယာရှင်တစ်ယောက်ဖြစ်သော စုန့်စီကလည်း သူမ၏အမြင်ကို ဖော်ပြလိုက်လေသည်။ “လူထုရဲ့ ရှုထောင့်ကနေကြည့်ရင် ငါကတော့ “သားရဲဂြိုလ်သား”ကို ပိုကြိုက်တယ်။”
“သူတို့ရဲ့ သတ္တဝါမော်ဒယ်က တကယ်ကို ထူးချွန်ပြီး ရင့်ကျက်မှုရှိတယ်။ အနာဂတ်မှာ ပရိသတ်တွေကို ဆွဲဆောင်ဖို့အတွက် အလေးပေးဖော်ပြလို့ရတယ်။ “နောက်ဆုံးမြူ”ကတော့ ဆက်တင်အရမ်းကောင်းပေမယ့် စာသားအကြောင်းအရာက လက်ရှိမြင်ရတာထက် ရုပ်လုံးပိုပေါ်နေတယ်။”
စျေးကွက်မြှင့်တင်ရေး ရှုထောင့်ကနေ ကြည့်လျှင် စုန့်စီ၏စကားတွေက အလွန်မှန်ကန်သည်။
ဖေးယိနှင့် လီယွမ် နှစ်ယောက်လုံးက သူတို့ဂိမ်း၏ လက်ရှိအားနည်းချက်ကိုသိသဖြင့် သူမ၏ရွေးချယ်မှုကို လေးစားသည်။
ခယ့်မင်က စုန့်စီ၏ရွေးချယ်မှုကို ကြားသောအခါ မူလက ကျဆင်းနေသည့် သူ့ပါးစပ်ထောင့်က ကော့တက်သွားပြန်သည်။ မူလက သူ့ခံစားရသည်မှာ–
ပြိုင်ပွဲဝင်အဖွဲ့နှစ်ခုရှေ့မှာတင် ဆုံးဖြတ်ချက်ချခြင်းသည် ရန်လိုပြီး အတင့်ရဲသည်။ သို့သော် ၎င်းကို စဥ်းစားပြီးနောက် ရလဒ်က တည့်တိုးဆန်လေ ၎င်းက သူ့အောင်မြင်မှုနှင့် လီယွမ်၏ ကျရှုံးမှုကို နေရာမှာတင် မီးမောင်းထိုးပြနိုင်လေဖြစ်၏။
ဘာလို့မလုပ်ရမှာလဲ?
ခယ့်မင်က လာနားထောင်ပြီး အဆက်အသွယ်ချိန်ပေးရန် သူဖိတ်ခေါ်သည့် ဖေးဟွမ်ကို တစ်ချက်ကြည့်လိုက်သည်။ “ဟုတ်တယ်…. ကျွန်တော်တို့ စတူဒီယိုရဲ့ ဖေးဟွမ်ကလည်း ဒီလူထုရှုထောင့်ကို စဥ်းစားထားပါတယ်။”
“ဒါ့အပြင် သတ္တဝါအကောင်ရေနှစ်ဆယ်အတွက် မော်ဒယ်တွေရဲ့ အစိတ်ပိုင်းကြီးတစ်ခုကိုလည်း ဒီအကြံပြုချက်ကနေ ကိုးကားခဲ့တာပါ။”
သူပြောပြီးသည်နှင့် သူက ဖေးဟွမ်နှင့် ကျောင်းတူသော ယန်စမ်းကို တမင်တကာကြည့်လိုက်သည်။
“…….”
အဘက်ဘက်မှ ထွက်ပေါ်လာသော အကြည့်များကြောင့် ထိုအချက်အလက်များကို ဘယ်သောအခါမှ မရခဲ့ဖူးသော ဖေးဟွမ်က အတွေးတစ်ခုဖြင့် ရပ်လိုက်လေသည်။
သူက ဒီလိုအရာမျိုးကို ဘယ်လိုနားလည်နိုင်မှာလဲ?
သို့သော် ဤအခြေအနေမျိုးမှာ သူက တစ်ဖက်လူ၏စင်မြင့်ကို ယာယီဖြိုခွင်းနိုင်မှာ မဟုတ်သလို ပြိုင်ပွဲအောင်နိုင်သွားလျှင် ဤအမည်ခံခေါင်းစဥ်က ပဲ့တင်ထပ်လာနိုင်သည်။
ခယ့်မင်၏ ယုံကြည်ချက်ရှိသော တီထွင်မှုကိုကြည့်ကာ ဖေးဟွမ်က ပြုံးကာ ထိုစကားများကို မျက်စိမှိတ် လက်ခံလိုက်သည်။
“အခု မဲရလဒ်က သရေပဲ။” ခယ့်မင်က ဖြစ်စဥ်ကို ညွှန်ပြပြီး ဆုံးဖြတ်ချက်မချရသေးသော ယန်စမ်းကို ကြည့်လိုက်လေသည်။ “သူငှေးယန်… ဘယ်လိုထင်လဲ?”
“……”
ဖြစ်နိုင်ချေရှိသော အပြန်အလှန်ဆက်ဆံရေးများကို တွက်ချက််နေသော ဤလူက ဉာဏ်ကောင်းလှသည်။
ခရင်မ်စွန်းထင်းနေသော ဖေးယိ၏နှုတ်ခမ်းထောင့်က ထေ့ငေါ့သလို ကော့တက်သွားကာ နှုတ်ခမ်းကို ဖိလိုက်ပြီးနောက် သူက ကြောင်စီစီအမူအရာကို ထိန်းထားလိုက်လေသည်။
ပေါ်ယွဲ့မင်က ဖေးယိ၏ ခံစားချက်အစစ်အမှန်ကို သတိပြုမိပြီး သူ၏စုံစမ်းလိုစိတ်က ပိုမိုပြင်းထန်လာသည်။ လေးလေးနက်နက် မတွေးနိုင်ခင်မှာ ညာဘက်အစွန်မှ နှေးကွေးပြီး ခိုင်မာသော အသံတစ်ခု ထွက်လာလေသည်။
“ဒီပြိုင်ပွဲရဲ့ ရလဒ်ကို တရားဝင်မကြေညာခင်မှာ ကျွန်မရဲ့ ကိုယ်ပိုင်အတွေးအမြင်ကို အရင်ဖော်ပြလိုက်ရမလား?”
“နောက်ဆုံးမြူ”အတွက် မဲပေးတော့မည့် ယန်စမ်းက ၎င်းကိုကြားတော့ အံံ့သြသွားသည်။
ပေါ်ယွဲ့မင်က ချက်ချင်းပင် ပြောလိုက်၏။ “မစ္စလို့? ပြောလို့ရပါတယ်။”
လို့ယန်က လီယွမ်ကိုကြည့်ပြီးမှ ပြောလိုက်သည်။ “ပွင့်ပွင့်လင်းလင်းပြောရရင် “နောက်ဆုံးမြူ”က GM နဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းရေးအဆင့်ကို ရောက်သင့်တဲ့ အကြောင်းအရင်းက..”
“လက်ရှိ ရန်ပုံငွေက အကန့်အသတ်ရှိလို့ပါ။ ဒါပေမယ့် မော်ဒယ်စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းဖန်တီးနိုင်စွမ်း မရှိဘူးလို့တော့ မဆိုလိုပါဘူး။ ပြီးတော့ စျေးကွက်မြှင့်တင်ရေးက အဓိကအချက်မဟုတ်ပါဘူး။ မစ္စစုန့်စီရဲ့ ရွေးချယ်မှုကို နားလည်ပေမယ့် လုံးဝမှန်နေတာတော့ မဟုတ်ဘူး။”
ထောက်ခံမဲကို ရှုတ်ချနေကြောင်း ကြားသောအခါ ခယ့်မင်ကအရင်မေးလိုက်သည်။ “မစ္စလို့ .. မင်းက ဘယ်လိုအရည်အချင်းနဲ့ ဒီလိုပြောရတာလဲ?”
သူမက ဘဝအတွေ့အကြုံ အများကြီးကို မကြုံဖူးသေးသော ဝန်ထမ်းတစ်ယောက်သာဖြစ်ပြီး လီယွမ်၏ကုမ္ပဏီမှာ ယခုမှ ခန့်အပ်ခံထားရတာဖြစ်၏။ ဒါတောင် အရုဏ်ဦးဂိမ်းအတွက်နဲ့ ဒီလိုပေါက်ကရတွေကို ပြောရဲသလား?
ဟာသပဲ!
လို့ယန်က မတ်တပ်ရပ်လိုက်သည်။ “ကျွန်မကိုယ်ကျွန်မ ထပ်မိတ်ဆက်ပါရစေ။ ကျွန်မက “နောက်ဆုံးမြူ”ရဲ့ ပရောဂျက်ဒါရိုက်တာအသစ်ပါ။”
“အနာဂတ်မှာ ရုပ်ပုံဒီဇိုင်း၊ “နောက်ဆုံးမြူရဲ့ ဂိမ်းကာရိုက်တာမော်ဒယ်နဲ့ NPCs အမျိုးမျိုးအတွက် တာဝန်ယူရမှာပါ။”
ဤကိုယ့်ကိုယ့်ကို မိတ်ဆက်ခြင်းကို ကြားသောအခါ ခယ့်မင်၏အသံက ချည်ထဲမှာဖွက်ထားသည့် အပ်တစ်ချောင်းလို ဖြစ်သွားခဲ့သည်။ “မစ္စလို့… ရာထူးနှစ်ခုကို ကိုင်ဆောင်ထားဖို့ မလွယ်ပါဘူး။ မသိလို့ ခွင့်လွှတ်ပါနော်။ ကျွန်တော်တို့ တရုတ်ဂိမ်းအသိုင်းအဝိုင်းမှာ အမျိုးသမီး ပရောဂျက်ဒါရိုက်တာ မရှိသလိုပဲ?”
ရှေ့တန်းရှိ စုန့်စီက ထိုစကားကို ကြားသောအခါ သူမ၏ မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသော်လည်း သူမက လို့ယန်၏ ယုံကြည့်မှုအပြည့်ဖြင့် တုံ့ပြန်မှုကို ကြားလိုက်ရသည်။
“တကယ်လား? ဒါဆို…အခုရှိပြီလေ။”
လို့ယန်က သူ၏ထက်မြက်မှုကို ဖြည်းဖြည်းချင်း ဖော်ထုတ်နေသည် ကိုကြားလိုက်ရာ ဖေးယိက မသိစိတ်အလျောက် တည့်တည့်မတ်မတ် ထိုင်မိလိုက်ပြီး နောက်ဆက်တွဲဖြစ်ရပ်ကို စောင့်မျှော်နေလိုက်သည်။ သူက ယုံကြည်မှုရှိနေသည်–
လို့ယန်က ယခုအခိုက်အတန့်မှာ ရှေ့ထွက်ရပ်တည်ပေးဖို့ ရွေးချယ်လိုက်ကတည်းက သူ၏ယခင်မှန်းဆချက်က အမှန်ဖြစ်ပုံရသည်။
ခယ့်မင်က လို့ယန်၏ပုံသဏ္ဍန်နှင့် ဝတ်စုံကိုကြည့်ကာ မထီမဲ့မြင်ပြုနေဆဲဖြစ်ပေမယ့် အခါသမယကြောင့် လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုဖို့ ခက်နေလေသည်။
ရုံးခန်းထဲရှိ စကားပြောပိုင်ခွင့်ရှိသော အမှုဆောင်ရှယ်ယာရှင်တစ်ယောက် အနေဖြင့် ပေါ်ယွဲ့မင်က ကြည့်ရှူသူကို တိုက်ရိုက်ထိန်းချုပ်လိုက်သည်။ “ဒါရိုက်တာလို့…ခုနကဘာပြောချင်တာလဲ? မြန်မြန်ပြောပါ”
လေသံကတင်းမာပြီး ဂရုမစိုက်ပုံပေါ်ပေမယ့် သူက သူမ၏ “မစ္စ လို့” ခေါင်းစဥ်မှ “ဒါရိုက်တာ လို့”ကို ပြောင်းလိုက်သဖြင်် လို့ယန်၏ ကိုယ်တိုင်တင်ပြထားသော သရုပ်သကန်ကို အသိအမှတ်ပြလိုက်တာ ရှင်းလင်းပါ၏။
လီယွမ်က တစ်ခုခုကို နားလည်သဘောပေါက်သွားပြီး ခေါ်လိုက်သည်။ “အစ်မယန်?”
လို့ယန်က သူ့ပခုံးကို ပုတ်လိုက်ပြီး သူမသယ်လာသော ကျောပိုးအိတ်ကို ကောက်ကိုင်ကာ အစည်းအဝေးခန်း၏ အလယ်ဗဟိုကို လျှောက်သွားလိုက်လေသည်။ “ရှင့်ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုက ပါတနာရဲ့ စွမ်းဆောင်ရည်အပြင် ကျင့်ဝတ်သိက္ခာကိုလည်း ထည့်စဥ်းစားသင့်တယ်မလား?”
စုန့်စီက တုံ့ပြန်လိုက်သည်။ “ဒါပေါ့”
“ဒီလိုဆိုရင် ကျွန်မကိုယ်စား ကျွန်မအစီရင်ခံပါမယ်။ ယိုမင်စတူဒီယိုက သားရဲဂြိုလ်သားရဲ့ မော်ဒယ်ကို ချေးငှား၊ တုပ၊ အတုခိုးခဲ့ပါတယ်။ ဂိမ်းကို မိတ်ဆက်လိုက်တာနဲ့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ။”
“အဓိပ္ပါယ်မရှိတာ!”
ခယ့်မင်က ထိုစကားများကြားသည့်အခါ သူ့မျက်နှာက အရောင်ပြောင်းသွားပြီးမှ သူ့စိတ်က ပြန်ထိန်းလိုက်ရသည်။
သူက ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေသော လီယွမ်ကိုကြည့်ကာ မေးလိုက်လေသည်။ “လီယွမ်… ငါ မင်းကို သူဌေးလေးလီလို့ ခေါ်ပြီး လေးစားပေးနေတုန်းပဲနော်။”
“အရင်က ဂိမ်းမူပိုင်ခွင်နဲ့ ပတ်သက်ပြီး ပြဿနာနည်းနည်းလေး ရှိခဲ့ရင်တောင် အမည်မသိနောက်ခံရှိတဲ့ မိန်းမတစ်ယောက်ကိုရှာပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောခိုင်းတာမျိုး မလုပ်သင့်ဘူး။ မင်းက ဒီပြိုင်ပွဲရဲ့ တရားမျှတမှုကို ဖျက်စီးနေတာပဲ!”
ဖေးယိက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသဖြင့် ရင်ထဲကနေ အေးစက်စက် လှောင်ပြောင်လိုက်သည်။
ခွေးတစ်ကောင်က ရမ်းကားကြမ်းတမ်းလာရင် နံရံပေါ်ခုန်တက်လိမ်မည်။
သူ့မှာ မလုံမလဲစိတ်မရှိဘူးဆိုရင် ဒီလောက်ထိတုံ့ပြန်နေဖို့ လိုအပ်လို့လား?
လို့ယန်က ကျောပိုးအိတ်ကို ကွန်ပျူတာစားပွဲပေါ်တင်ကာ လီယွမ်ကိုယ်စား ခယ့်မင်၏ မေးခွန်းကိုဖြေလိုက်သည်။ “မစ္စတာခယ့်…. အကျယ်ဆုံးပြောတိုင်း အသာစီးမရသွားဘူးနော်။”
“တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဂိမ်းဖိုရမ်ယိုထူ။ ဂိမ်းထုတ်လုပ်သူတစ်ယောက်နေနဲ့ ရှင်အဲ့ဒါကို ကြားဖူးမှာပေါ့? “ရေဓာတ်ဆုံးရှုံးမှု”ဆိုတဲ့ အိုင်ဒီတစ်ခုရှိတယ်။ ရှင့်ရဲ့ ဒီီဇိုင်းမော်ဒယ်က ရေဓာတ်ဆုံးရှုံးအကောင့်မှာ တင်ထားတဲ့ ဒီဇိုင်းစခရင်ရှော့တွေနဲ့ တော်တော်လေးတူနေတယ်။”
လို့ယန်ပြောပြီးသည်နှင့် သူမက ခယ့်မင်၊ ရှန်းနန်ရှန့်နှင့် ဖေးဟွမ်တို့ကို ကြည့်လိုက်ပြီး အဆုံးမှာ သူတို့ကို မေးလိုက်လေသည်။ “ကျွန်မမေးလို့ရမလား? ဒါ ရှင်တို့အားလုံး ကျိန်ဆိုထားတဲ့ မူရင်းလား?”
ဤစကားများပြောပြီးသည်နှင့် ပရိသတ်များ တစ်ပြိုင်နက် တိတ်ဆိတ်သွားသည်။
ခယ့်မင်၏ လေးနက်ပြီး ယုံကြည်မှုပြည့်နေသော အမူအရာမှာ အက်ကွဲသွားလေသည်။
သူ့ထိုင်ခုံတွင်ထိုင်နေသော ဖေးဟွမ်က ဖြစ်နိုင်ချေရှိသော ခိုးကူးမှုဖြစ်စဥ်မှာ အတင်းအကြပ် စွပ်စွဲခံတော့မည်ကို သဘောပေါက်သွားပြီး သူ့မျက်လုံးထဲတွင် ရှက်ရွံ့မှုနှင့် စိတ်ပျက်မှုများ ထွက်ပေါ်လာသည်။
ပေါ်ယွဲ့မင် စိတ်အအနှောင့်အယှက်အဖြစ်ဆုံးအရာမှာ အကျင့်စာရိတ္တအောက်ခြေ မျဥ်းကြောင်းကို ထိမိသွားသော ဤအငြင်းပွားမှုမျိုးဖြစ်ပြီး သူ့အရောင်အဝါက ချက်ချင်းပင် အေးစက်သွားခဲ့သည်။ “လင်းကျုံး… ဒီဝဘ်ဆိုဒ်နဲ့ ဆက်စပ်အကောင့်ကို ချက်ချင်းစစ်ဆေးလိုက်ပါ။”
လင်းကျုံးက တက်ဘလက်ကို ချက်ချင်းကောက်ယူလိုက်သည်။ “ဟုတ်ကဲ့”
ဆုံးဖြတ်ချက်ချရမည့် ရာထူးမှာထိုင်နေသော ယန်စမ်းက သူ၏ နူးညံ့သောအမူအရာကို ထိန်းကာ မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။ “မစ္စတာခယ့်… ဒါရိုက်တာလို့ရဲ့ စကားတွေကအမှန်လား?”
ခယ့်မင်၏ သူငယ်အိမ်က ခဏတာတုန်လှုပ်သွားသည်။
ထို “ရေဓာတ်ဆုံးရှုံးမှု”သည် ယိုထူဖိုရမ်တွင် သူမတော်တဆတွေ့ခဲ့သော အကောင့်အသေးလေးဖြစ်ပြီး လိပ်စာက နိုင်ငံခြားမှာ မှတ်ပုံတင်ထားကြောင်း ပြသထားသည်။ ပရိသတ်အရေအတွက်က တစ်ရာအောက်သာရှိပြီး အမျိုးမျိုးသော မော်ဒယ်စခရင်ရှော့များ၏ ကျော်ကြားမှုသည် အလွန်နိမ့်နေပေမယ့် ဒီဇိုင်းများက သက်ဝင်ပြီး ဖန်တီနိုင်စွမ်း ကြီးမားသည်။
ယင်းဂိမ်းမှ စိတ်ကူးစိတ်သန်း ရရှိခဲ့ကြောင်းနှင့် ၎င်းကို အနည်းနှင့် အများရေးဆွဲပေးရန် ပန်းချီနှင့် နည်းပညာအဖွဲ့ကို သီးသန့်တောင်းဆိုခဲ့ကြောင်း ခယ့်မင် ဝန်ခံသည်။
မူလက သူသည် ဤကိစ္စကို ဖုံးကွယ်ဖို့ မော်ဒယ်ပုံစံပြောင်းရန် အလို့ငှာ ရင်းနှီးမြှုပ်နှံမှု သူ့လက်ထဲရောက်လာပြီး ဂိမ်းစတင်မိတ်ဆက်သည်အထိ စောင့်ဆိုင်းချင်ခဲ့သည်။ ၎င်းက ဤအရေးကြီးချိန်မှာ ပေါက်ကြားသွားမယ်လို့ သူမထင်ထားခဲ့ပေ။
ခယ့်မင်က ကြည့်ရှူသူများ၏ မေးခွန်းထုတ်နေသော မျက်လုံးများကို မြင်လိုက်ရပြီး အသည်းအသန် လိမ်လိုက်လေသည်။ “ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ခင်ဗျားပြောတဲ့ အကောင့်က ကျုပ်ကို မပြောပဲ စခရင်ဖြန့်နေတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်နိုင်တာပဲ”
ဖေးယိက ချိုချဥ်ဖျော်ရည်ကို နောက်ဆုံးတစ်ငုံသောက်ကာ တိတ်တိတ်လေး ကျိန်ဆဲလိုက်လေသည်။ ငတုံးကောင်
ဘာသာစကားထောင်ချောက်ထဲ ကျသွားတာကို သတိမထားမိဘူးလား?
“စတူဒီယိုဝန်ထမ်း?”
လို့ယန်က ဟာကွက်ကို ဖမ်းမိသွားပြီး သူမလေသံက ပိုခိုင်မာလာသည်။ “မစ္စတာခယ့်… ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးထားတာ မရှင်းသေးလို့လား? ကျွန်မ ဘယ်တုန်းက ရှင့်ဝန်ထမ်းဖြစ်သွားတာလဲ?”
ခိုင်မာပြင်းထန်သော စကားအသုံးအနှုန်းက ချက်ချင်းဆိုသလိုပင် ခယ့်မင်၏ မျက်နှာကို ပါးရိုက်ခြင်းအဖြစ် ပြောင်းလဲသွားခဲ့လေသည်။