Ch 61
Viewers 28k

Chapter 61


ညသို့ လုံးလုံးလျားလျား ရောက်လာခဲ့သည်။

ပေါ်အိမ်တော်က ဧရိယာကျယ်ဝန်းရုံသာမက စိမ်းလန်းသော သစ်ပင်များလည်းရှိကာ နွေရာသီနှောင်းပိုင်းတွင် အကိုင်းအခက်များမှ ပုစဥ်းရင်ကွဲများ၏ သီချင်းသံများ ရှိတတ်သည်။


အားခိုင်က သူ၏ အပူလောင်ထားသော လက်ကို ဆုပ်ကိုင်ထားကာ သူ့လက်ထဲက ငွေအစုအပြုံလိုက်ကို ကြည့်ပြီး လှမ်းယူလိုက်ဖို့ မဝံ့မရဲဖြစ်နေ၏။ “သခင်လေး… ဘာကိုဆိုလိုတာလဲ?”

ပေါ်ကွမ်းချန်က တခြားသူများရှေ့မှာ သူသုံးလေ့ရှိသော ကျိုးနွံသည့်အပြုံးကို ဖျောက်ပစ်လိုက်ပြီး ညှာတာမှုကင်းမဲ့စွာ ထိုလူအားဖယ်ရှားလိုက်သည်။ “ဒီပိုက်ဆံကိုယူ၊ အထုပ်အပိုးပြင်ပြီး အိမ်ကထွက်သွားတော့။ ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို မေ့လိုက်။”

“…….”

အားခိုင်က သူ့လက်ထဲရှိ ငွေအစုလိုက်အပြုံလိုက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ရုတ်တရက် မကျေမနပ်ဖြစ်သွားသည်။ “သခင်လေး… ခင်ဗျား အရင်က ဒီလိုပြောခဲ့တာမဟုတ်ဘူးလေ! ကျုပ်ခင်ဗျားပြောတဲ့အတိုင်း လုပ်ခဲ့တာပဲကို ဘာလို့မောင်းထုတ်နေတာလဲ?”

ပေါ်မိသားစုအစေခံများ၏ လစာမှာ အမြဲတမ်းကောင်းမွန်ခဲ့ပြီး လျှို့ဝှက်ထောက်လှမ်းရေးအဖြစ် သရုပ်ဆောင်ပေးလျှင် ဆုလာဘ်များ ပိုမိုရရှိနိုင်လေသည်။

မူလက သူ ပေါ်ယွဲ့မင်၏လက်ပေါ်သို့ မတော်တဆ ရေနွေးလောင်းချပေးလျှင် ပေါ်ကွမ်းချန်က သူ့ကိုရာထူးတိုးပေးမည်ဟု ပြောခဲ့သော်လည်း ယခုတော့–

သူက လက်ဒဏ်ရာရခဲ့ရုံတင်မကပဲ အလုပ်ပါပြုတ်သွားတာလား?

ယွမ်ငွေထောင်ဂဏန်းလောက်နဲ့ သူ့ကိုရှင်းပစ်ချင်တာလား? ငွေရတာထက် အိမ်တော်မှာဆက်နေပြီး သေဖို့စောင့်နေတာက ပိုကောင်းဦးမည်။

မဖြစ်နိုင်တာ!


လုံးဝပဲ!


ပေါ်ကွမ်းချန်က အားခိုင်၏ မကျေနပ်မှုနှင့် လောဘကိုကြည့်ကာ မျက်လုံးများ မှေးကျဥ်းသွားသည်။ “ဒါဆို ဘယ်လောက်လိုချင်လဲ? ခင်ဗျားထွက်ပြေးပြီး ပြောပြလိုက်ရင်တောင် သက်သေမရှိပဲ ဘယ်သူကယုံမှာလဲ? ဒီမိသားစုရဲ့ အိမ်တော်က ပေါ်ဆိုတာကိုမမေ့နဲ့”



အားခိုင်က ဤလျှို့ဝှက်ဆန်းကြယ်သော အာဏာကို စိတ်ထဲကနေ ကျိန်ဆဲကာ သတ္တိရှိရှိ ညှိနှိုင်းလိုက်သည်။ “သခင်လေး…ခင်ဗျားသွားစေချင်ရင် ကျွန်တော်သွားလိုက်မယ်။ ဒါပေမယ့် ဆေးဖိုးဝါးခနဲ့ လဘ်ထိုးငွေကို ပေးခဲ့ရမယ်။ နောက်အလုပ်တစ်ခုလည်း စီစဥ်ပေးရမယ်!”

“ဘယ်လောက်လိုချင်တာလဲ?”

“ငါးသောင်း” အားခိုင်က တစက္ကန့်မျှ ချီတုံချတုံ ဖြစ်နေပြီးမှ ပြတ်ပြတ်သားသား ပြောလိုက်သည်။ “တစ်သိန်း! ကျုပ်တစ်သိန်းလိုချင်တယ်။!”

“……..”

ပေါ်ကွမ်းချန်က မျက်မှန်ချွတ်လိုက်ပြီး သူ ပြုံးမနေသောအခါ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ “အရင်ဆုံး ဒီပိုက်ဆံယူပြီး ထွက်သွားလိုက်။ နောက်နှစ်ရက်နေရင် ငွေတစ်သောင်းနဲ့ အလုပ်တစ်ခု ထပ်ယူလာပေးမယ်။”

“ဒါမှမဟုတ် မင်း အခုထိငွေမလိုချင်သေးဘူးဆိုရင် မင်းကို ပေါ်အိမ်တော်က ထွက်ခွာခွင့်မပြုဘူးလို့ ငါကတိပေးတယ်။”

အားခိုင်က သူထုတ်လွတ်လိုက်သော ရောင်ဝါကြောင့် ထိတ်လန့်သွားခဲ့သည်။ “ခင်ဗျား ဘယ်လိုအာမခံနိုင်တာလဲ? ကျုပ်ကို လှည့်စားသွားရင် ဘယ်လိုလုပ်မလဲ?”

“မင်းမှာ ရွေးချယ်စရာရှိလို့လား?” ပေါ်ကွမ်းချန်က အေးစက်စွာ လှောင်ပြောင်လိုက်၏။ “ဒီကထွက်သွားတော့!”

“…….”

အားခိုင်၏အမူအရာက အကြိမ်ကြိမ် အဖန်ဖန် ပြောင်းလဲသွား၏။

သူ့ဘက်မှာ သူတစ်ယောက်တည်းရှိပြီး အားနည်းတာကို သိသဖြင့် သူက ရင်ထဲမှာပဲ ကျိန်ဆဲဝံ့ပြီး ခြေဖဝါးများကို ဆီလိမ်းထားသကဲ့သို့ လှည့်ပြေးသွားခဲ့လေသည်။

ပေါ်ကွမ်းချန်က အမှောင်ထဲသို့ ပျောက်ကွယ်သွားသော ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကြမ်းတမ်းလာပြီး သူက ဖုန်းကိုကောက်ကိုင်ကာ ဂဏန်းတွေကို ဆက်တိုက် ရိုက်ထည့်လိုက်၏။

များမကြာမီတွင် ဖုန်းလိုင်း၏တခြားတစ်ဖက်မှ ကျယ်လောင်သော မေးခွန်းတစ်ခု ထွက်ပေါ်လာ၏။ “ယို… ပေါ်သခင်လေး. အာ .. ကားမတော်တဆမှုပြီးတည်းက ခင်ဗျား ကျွန်တော့်ကို မခေါ်တာကြာပြီနော်?”

“အားခိုင်ဆိုတဲ့ လူတစ်ယောက်ကို ဂရုစိုက်ဖို့ ကူညီပေးပါ။”

တစ်ဖက်ခြမ်းမှ လူက နှစ်စက္ကန့်မျှ တွေးလိုက်ပြီးမှ ရယ်မောလိုက်သည်။ “ကောင်းပါပြီ။ ငွေတစ်ပြားမှမယူဘူး။ အရင်တစ်ခေါက်က ပေးထားတဲ့ ပိုက်ဆံအတွက် အပိုဝန်ဆောင်မှုလို့ သတ်မှတ်လိုက်ပါ။”

ပေါ်ကွမ်းချန်က သူ့လုပ်ရိုးလုပ်စဥ်ကို မဝယ်ပဲ သတိပေးလိုက်၏။ “ကားမတော်တဆမှုအတွက် ပိုက်ဆံက မင်းဗိုက်ထဲမှာ ပုပ်သွားလောက်ပြီ။ မင်းကိုမိသွားရင် ရလဒ်ကောင်းတော့မှာ မဟုတ်ဘူး။”

ပြောပြီးနောက် သူက ညှာတာမှုကင်းမဲ့စွာ ဖုန်းချလိုက်လေ၏။

ပေါ်ကွမ်းချန်က သူ့အတွေးများကို စုဆောင်းလိုက်ပြီး သီးနှံပင်များ၏ တောထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်။

“နံရံတွေမှာ နားရှိတယ်” ဆိုသည့် အမှန်တရားကို သူ ကောင်းကောင်း နားလည်ပြီး ရှာဖွေတွေ့ရှိသွားနိုင်ခြေက သေးသေးလေးဆိုလျှင်ပင် သူက အလွန်သတိထားရမည် ဖြစ်သည်။ ထို့ကြောင့် သူက အားခိုင်ကို ဤနေရာမှာတွေ့ဖို့ ချိန်းခဲ့တာဖြစ်သည်။

ပင်မအိမ်တော်နှင့် တစ်မိသားစုပိုင် ဗီလာများကြားမှာ ရှည်လျားသော အကွာအဝေးရှိတာကြောင့် အစေခံအနည်းငယ်ကသာ ဤနေရာကို ဖြတ်သွားလေ့ရှိပြီး လမ်းတစ်လျှောက်က တပ်ဆင်ထားသော မီးရောင်များမှာ မှိန်ဖျော့နေလေ၏။

ပေါ်ကွမ်းချန်က ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သူ့နောက်မှ လျင်မြန်သော ခြေလှမ်းသံကို ကြားလိုက်ရသည်။

—- ဘန်း!

ပေါ်ကွမ်းချန် အခြေအနေကို စစ်ဆေးဖို့ လှည့်မကြည့်နိုင်ခင်မှာ သူ့လည်ပင်းနောက်ဘက်က ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရပြီး သူ့ခါးက ခပ်ပြင်းပြင်း ကန်ကျောက်ခံလိုက်ရသည်။

“အား!”

ပေါ်ကွမ်းချန်က ဟန်ချက်ပျက်ကာ မြေပြင်ပေါ် လဲကျသွားပြီး သူ့မျက်မှန်က လွင့်ပျံသွားလေ၏။

သူ့လည်ပင်းမှ နာကျင်မှုကြောင့် သွေးတွေ ပွက်လာပြီး သူ့မျက်လုံးများက ကြယ်များဖြင့် ပြည့်နှက်နေကာ သူ့အမြင်အာရုံကို မှုန်ဝါးသွားစေပေမယ့် ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။

ရုတ်တရက် အနံ့ဆိုးထွက်နေသော အနက်ရောက် ပလက်စတစ်အိတ်က သူ့ခေါင်းပေါ်ရောက်လာကာ သူ့ရှေ့က မှုန်ဝါးဝါး အလင်းရောင်ကို လုံးလုံးပိတ်ဆို့ခဲ့သည်။

အချိန်အကြာကြီး စောင့်နေခဲ့ရသော ဖေးယိက ထိုအချိန်တွင် ပေါ်ကွမ်းချန်၏နောက်တွင် ရပ်နေသည်။

ဦးလေးခိုင် ပေါ်ယွဲ့မင်အား ဆေးလိမ်းပေးနေသော အချိန်ကို အခွင့်ကောင်းယူကာ သူက ခြံစည်းရိုးတံခါးမှ ခိုးထွက်လာခဲ့သည်။

ဖေးယိက ပင်မအိမ်တော်၏ ဗီလာတည်နေရာကို မှတ်မိနေပြီးဖြစ်၍ ပေါ်ကွမ်းချန်ကို ဖမ်းမိပြီးနောက်မှာ ပေါ်ယွဲ့မင်အတွက် လက်စားချေသည့်အနေဖြင့် “အရူးဖောက်”သလို ဟန်ဆောင်ပြီး ထိုလူအား ရိုက်နှက်ပစ်မည်ဟု တွေးခဲ့သည်။

မထင်မှတ်ထားသည်မှာ သူက တစ်ဖက်လူ အမှောင်ထဲထွက်သွားသည်ကို မြင်လိုက်ရသည်။

ပေါ်ကွမ်းချန်က အိမ်တော်၏ စောင့်ကြည့်ရေးစနစ်နှင့် အလွန်ရင်းနှီးတာကြောင့် ၎င်းကို တမင်တကာရှောင်ကာ သုတ်သုတ်ပျာပျာ ထွက်လာခြင်းဖြစ်သည်။


ဖေးယိက ထိုလူ၏ လှုပ်ရှားမှုကိုမြင်ပြီး  မကောင်းတာတစ်ခုခုလုပ်နေသည်ဟု မှန်းဆမိ၍ သူက ထိုလူ့နောက်ကို အဝေးကနေ သတိချပ်ကာ လိုက်သွားခဲ့သည်။ ကံအားလျော်စွာ သူက ကိုယ်လုံးသေး၍ အလွယ်တကူ ပုန်းနိုင်ခဲ့သည်။

ဖေးယိက စိတ်ရှည်သည်းခံပြီး အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့သည်။

အားခိုင်၏ ကျိန်ဆဲပြီး ထွက်ခွာသွားမှုကို မြင်တော့ သူက ပေါ်ကွမ်းချန်လည်း ထွက်လာမည်ဟု ထင်ခဲ့သည်။ ပလက်စတစ်အမှိုက်အိတ်နဲ့ သစ်သားတုတ်ကတော့ ကြုံရာကျပန်း ကောက်လာခြင်းဖြစ်၏။

“ဘယ်သူ.. ဘယ်သူလဲ?”

ပေါ်ကွမ်းချန် သွားကြိတ်လိုက်၏။

ဖေးယိက ပြန်မပြောပဲ ပလက်စတစ်အိတ်နှစ်ဖက်ကို ကြိုးနဲ့ အမြန်ချည်လိုက်၏။

သူက ကြုံသလိုကောက်လာသော သစ်သားတုတ်ချောင်းကို ကောက်ကိုင်လိုက်ပြီး သူ့မျက်လုံးထဲတွင် အေးစက်သော လှောင်ပြောင်ရယ်မောသံများ လက်တွေ့ကျကျ စိမ့်ထွက်နေလေ၏။


မင်း ပေါ်ယွဲ့မင်ကို မမြင်နိုင်လို့ အနိုင်ကျင််ခဲ့တာမလား? မင်း ဒီလိုညစ်ပတ်တဲ့လှည့်ကွက်တွေကို ကစားချင်တာမလား?

နှစ်ကြိမ်သုံးကြိမ် နှုတ်တိုက် လှောင်ပြောင်ခြင်းက ဤခွေးကောင်ကို ယဥ်ပါးသွားစေဖို့ မလုံလောက်ပေ။ ဒီတော့ ကောင်းကောင်းရိုက်ပေးလိုက်တာပေါ့!

အမှိုက်အိတ်ထဲမှာ ထိုးထည့်ခံထားရသော ပေါ်ကွမ်းချန်က အပုပ်နံ့ကြောင့် မေ့မျောမတတ်ပင်။ သူက ရှားရှားပါးပါး ရှုပ်ထွေးသွားကာ ၎င်းက အစေခံ၏အပြစ်ဟု မသိစိတ်အလျောက် ဆုံးဖြတ်လိုက်သည်။

“အားခိုင်!..မင်း… အား!!”

.

ဖေးယိက သစ်သားတုတ်ကို ဆုပ်ကိုင်လိုက်ပြီး မတ်တပ်ရပ်ဖို့ ကြိုးစားနေသည့် ပေါ်ကွမ်းချန်အား ရိုက်နှက်ကာ ထိုလူ၏ ဒူးဆစ်၊လက်နှင့် ခြေထောက်များကို ရက်ရက်စက်စက် ပစ်မှတ်ထားလိုက်သည်။

အကန်းတစ်ယောက်နှင့်တူသော ပေါ်ကွမ်းချန်က အချိန်တိုအတွင်း လုံးဝမတုံ့ပြန်နိုင်ခဲ့ပေ။

သူ့လက်နှင့် ခြေထောက်များက ထုံကျင်ပြီး အားနည်းလွန်း၍မြေပြင်ပေါ် ပြန်ပြန်လဲကျကာ နာကျင်စွာ အော်ဟစ်နေခဲ့သည်။ 


နူးညံ့သိမ်မွေ့ပြီး မြင့်မြတ်ချင်ယောင်ဆောင်နေတဲ့ လူကြီးလူကောင်းပေါ့ ဟုတ်လား?

အခုတော့ အဲ့ဒီလူမရှိတော့ဘူး!

. . . . . 


ဖေးယိက လုပ်ငန်းစဥ်တစ်လျှောက်လုံး ကြိုးကြိုးစားစားလုပ်ကာ နှုတ်ဆိတ်နေပြီး ကျေနပ်သွားမှရပ်လိုက်သည်။

သူက အမြန်ပြေးထွက်ကာ သူ ကောက်လာသော သစ်သားတုတ်ကို အနီးနားရှိ ရေစီးကြောင်းအတုထဲ ပစ်ချလိုက်သည်။

သူ့မှတ်ဉာဏ်ထဲက လမ်းကြောင်းအတိုင်း ဆက်သွားရင်း ဖေးယိက အိမ်တော်စောင့်ကြည့်ကင်မရာများကို သတိချပ်ကာ ရှောင်ကွင်းသွားပြီး မကြာမီတွင် ဗီလာခြံဝန်းကို မြင်လိုက်ရသည်။ သူ သက်ပြင်းမချနိုင်ခင်မှာ သူက ဝမ်းသာအားရ အော်သံတစ်ခုကို ကြားလိုက်ရသည်။


“သခင်ငယ်လေး! ဒုတိယသခင်လေး! သခင်ငယ်လေး ဒီမှာ!”


ဖေးယိက ဘရိတ်အုပ်လိုက်ပြီး ဖြည်းဖြည်းချင်းလှည့်လိုက်သည်။

သူနဲ့ ခုနှစ်မီတာ ရှစ်မီတာအကွာ ထောင့်တစ်ခုတွင် ဦးလေးခိုင်က မျက်မမြင်ပေါ််ယွဲ့မင်ကို ကူတွဲပေးနေသည်။ အနှီလူက သူ့ဦးတည်ရာကို ဆုံးဖြတ်ဖို့ နှစ်စက္ကန့်မျှ ကြာခဲ့ပြီး “ဖေးယိ…ဒီကိုလာ” လို့ပြောလာသည်။

“…….”

မကောင်းတာလုပ်ဖို့ ခိုးထွက်မိခြင်းကို မိသွား၍ မလုံမလဲဖြစ်နေသော ဖေးယိက မသိစိတ်အလျောက် လည်ပင်းကျုံ့သွားခဲ့သည်။ သို့သော် ဒုတိယအတွေးကတော့–


သူ ပေါ်ကွမ်းချန်ကို အမြန်ရှင်းပစ်ခဲ့သည့်အပြင် ဖြစ်စဥ်တစ်ခုလုံးမှာ သူ့သရုပ်မှန်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

အင်း! သူ့စကေးလ်က သေလောက်အောင် မိုက်တယ်!

ယုံကြည်မှုနှင့် သတ္တိအပြည့်ဖြင့် လက်တွေ့လုပ်ရန် အသင့်ဖြစ်နေ၏။

ဖေးယိက နာခံသော အပြုံးတစ်ခုဖြင့် အမြန်ပြေးသွားလိုက်သည်။ “အာ့ကော”

ည၏မျက်နှာဖုံးအောက်တွင် ပေါ်ယွဲ့မင်က ဖေးယိ၏အခြေအနေကို မသိမသာ ငုံ့ကြည့်လိုက်သည်။ တစ်ဖက်လူ ဒဏ်ရာမရကြောင်း သေချာသွားမှ သူ့ရင်ထဲက အစိုင်အခဲကြီး ကျသွားခဲ့သည်။

ဖေးယိက ပေါ်ကွမ်းချန်ကို ပြဿနာရှာရန် သူ၏ “အရူး”စွမ်းအင်ကို အသုံးချလိုသည်ဟု မူလက သူ ယုံကြည်ခဲ့သော်လည်း မထင်မှတ်ထားသည်မှာ တစ်ဖက်လူနေထိုင်သော ဗီလာအစွန်ဘက်သို့ သူရောက်ရှိသွားသောအခါတွင် အတွင်း၌ မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

သူ့ခန့်မှန်းချက် မှားသွားပြီး ဖေးယိက ထပ်ပျောက်သွားသည်။ ပေါ်ယွဲ့မင်က ချက်ချင်းပင် စိတ်ပူသွားခဲ့ပေမယ့် ကံအားလျော်စွာ သူတို့၏ ရှာဖွေမှုမကြာသေးခင်မှာ တစ်ဖက်လူက သူတို့ရှေ့၌ ပေါ်လာခဲ့သည်။


ပေါ်ယွဲ့မင်က ပုံမှန်လိုပင် စကားအများကြီးမပြောပဲ တည့်မေးလိုက်သည်။ “မင်းဘယ်သွားတာလဲ?”

“ကစားဖို့”


ဖေးယိက အသံသဲ့သဲ့ပြုကာ မျက်လွှာချလိုက်စဥ် သူ့လက်တွေ ဖုန်တွေသဲတွေနှင့် ညစ်ပတ်နေကြောင်း သိလိုက်ရသည်။ သူက သူ့လက်ဖဝါးကို ရွံရှာနေကာ မသက်မသာ ဖြန့်လိုက်လေသည်။

ပေါ်ယွဲ့မင်က သူ့လှုပ်ရှားမှုလေးများနှင့် အမူအရာကို သတိထားမိပြီး အပြုံးကိုထိန်းထားရင်း လျင်မြန်စွာ အကြည့်လွှဲပစ်လိုက်သည်။

ကြည့်…

ဘယ်နေရာမှာ ဘာတွေလုပ်ခဲ့လဲ မသိတဲ့ ကြောင်ပေါက်လေးတစ်ကောင်ကို ဖမ်းမိပြီး အခုတော့ သူက သူ့ကိုယ်သူ ရွံရှာနေပြီ။

“ကောင်းပြီ။အိမ်ပြန်ရအောင်။”

ဖေးယိက အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ပြီး ထုံးစံအတိုင်း ပေါ်ယွဲ့မင်၏ အဝတ်အစားထောင့်ကို လိမ်လိမ်မာမာ ဆုပ်ကိုင်လိုက်ချင်သော်လည်း သူက ညစ်ပေနေသော သူ့လက်ကို ရုတ်တရက် တွေးမိကာ နောက်ဆုတ်လိုက်သည်။ “.....အို”

ပေါ်ယွဲ့မင်က အင်္ကျီအဆွဲမခံရခြင်း၏ စိတ်မကောင်းဖြစ်မှုလေးကို မျိုသိပ်လိုက်ပြီးနောက် ဖေးယိ၏ စိုးရိမ်စကားသံကို ကြားလိုက်ရသည်။ “အာ့ကော..နာနေလား?”

ပေါ်ယွဲ့မင်က နာကျင်မှုကို အမြဲတမ်း ခံနိုင်ရည်ရှိသော်လည်း သူက ပြောလိုက်လေသည်။ “နာတယ်။”

ဖေးယိက ပေါ်ယွဲ့မင်၏ ပတ်တီးစည်းထားသော လက်ကို စိုက်ကြည့်ကာ ယခုနက ပေါ်ကွမ်းချန်၏လက်ကို တက်မနင်းမိခဲ့လို့ ရုတ်တရက် နောင်တရသွားသည်။

ဦးလေးခိုင်က ပြုံးကာ ၎င်းနှင့်ပတ်သက်ပြီး ဘာမှမပြောပေ။ “ဒုတိယသခင်လေး…သခင်ငယ်လေး..  ကျွန်တော်တို့အိမ်ရောက်မှ ပြောကြမလား?”

ပေါ်ယွဲ့မင်က ခေါင်းညိတ်ပြကာ လမ်းလျှောက်ရင်း မေးလိုက်၏။ “ဗိုက်ဆာနေလား? မီးဖိုချောင်က မင်းအတွက် တစ်ခုခုပြင်ပေးလိမ့်မယ်။”

ကြောင်ပေါက်လေးက နေ့လည်တုန်းကလည်း မူးနေသဖြင့် အများကြီးမစားခဲ့ပေ။ မိသားစုညစာစားပွဲကလည်း ပြီးတာမကြာသေးပေ။ ထို့နောက် သူက ကြောင်ရိုင်းလေးလို ပြုမူရန် ပြေးထွက်သွားခဲ့သဖြင့်  ဗိုက်ဆာနေလောက်သည်။

ဖေးယိက အလျင်စလို ခေါင်းညိတ်လိုက်၏။ “ဗိုက်ဆာတယ်!”

ဒီညများများစားမယ်!


ပြီးတော့ မသောက်ရသေးတဲ့ Lafite လက်ကျန်သုံးပုံတစ်ပုံလည်း ရှိသေးတယ်!

ယနေ့ညတွင် သူက လုပ်ရပ်ကောင်းများ လုပ်ခဲ့ပြီး အောင်မြင်မှုလည်းရခဲ့သည်။ ဒီတော့ အောင်ပွဲခံဖို့ ဝိုင်သောက်ရမှာပေါ့ ဟုတ်ဘူးလား?