Ch 69
Viewers 28k

Chapter 69

နောက်တစ်နေ့မနက်တွင်။

အရက်နာကျနေသော ဖေးယိက ခေါင်းကိုက်တာကို သည်းခံနေရပြီး ထမင်းစား စားပွဲမှာ နာနာခံခံထိုင်လိုက်သည်။ သူ မလုံမလဲဖြစ်လွန်းလို့ ပေါ်ယွဲ့မင်၏မျက်နှာကိုပင် မကြည့်ဝံံ့ပေ။

သူ နိုးလာပြီးနောက် မူးနေသေးသော်လည်း ပေါ်ယွဲ့မင်၏ အကျဥ်းချုပ်ရှင်းပြချက်မှ ဖြစ်ပျက်ခဲ့သမျှကို နားလည်ခဲ့သည်။–

ယမန်နေ့ညက သူသည် အမူးလွန်ပြီး ရေချိုးကန်ထဲတွင် အိပ်ပျော်သွားခဲ့သည်။ ပေါ်ယွဲ့မင် အိမ်ပြန်လာသည့်အချိန်မှာ တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိသွား၍သာ မဟုတ်လျှင် သူ မတော်တဆ တစ်ခုခုဖြစ်သွားနိုင်လောက်သည်။

ထို့အပြင် မနက်အစောပိုင်းတွင် ဦးလေးခိုင်က ကုတင်ဘေးအံဆွဲထဲ၌ ဝိုင်ပုလင်းကို ရှာတွေ့ခဲ့သည်။

အင်း… သူခိုးကို ခိုးရာပါပစ္စည်းတွေနဲ့အတူ ဖမ်းမိလို့ စီရင်ချက်ကို စောင့်ဆိုင်းနေတာ….

ဖေးယိက ဇွန်းကို ကိုင်ကာ ပန်းကန်လုံးထဲက ပြောင်းဆန်ဂျုံယာဂုကို အထပ်ထပ်မွှေရင်း သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်နေ၏။

လိုင်ချီးဝိုင်က အရသာမရှိပေမယ့် အကျိုးသက်ရောက်မှုက အရမ်းပြင်းတာပဲ!

ဒါကျိုးကြောင်းဆီလျော်ရဲ့လား? လုံးဝယုတ္တိမဆန်တာလေ!

ပေါ်ယွဲ့မင်က ဖေးယိ၏ ရိုက်ခွဲခံရတော့မည့် ပန်းကန်ထဲက ပြောင်းဆန်ဂျုံယာဂုကိုကြည့်ကာ ကူကယ်ရာမဲ့ပြောလိုက်၏။ “ဖေးယိ…စားပြီးပြီလား?”

“…….”

ဖေးယိက ဘယ်လို စားချင်စိတ်ရှိမှာလဲ? သူက သတိချပ်၍ မဝံ့မရဲခေါ်လိုက်သည်။ “အာ့ကော”

မနေ့ညက သူမူးပြီး ရူးသွားသေးလား? ပေါက်ကရတွေ ပြောခဲ့မိသေးလာ? တစ်ခုခုကို ထုတ်ဖော်မိသွားလား?

ဦးလေးခိုင်က ဟိုတယ်မှ ပို့ပေးလိုက်သော အမူးပြေဟင်းရည်နှင့် ဆေးတချို့ကို ဖေးယိဆီသို့ ယူဆောင်လာသည်။

သူက ပေါ်ယွဲ့မင်ကို တစ်ချက်ကြည့်ကာ သိသိလျက်နှင့် ကူပြောပေးလိုက်သည်။ “သခင်ငယ်လေး… နောက်နောင် ဒီလိုထပ်မလုပ်ပါနဲ့။”

“ကံကောင်းလို့ပေါ့…ဒုတိယသခင်လေး မနေ့ညက အချိန်မီရောက်လာတာ။ သခင်ငယ်လေးက မူးနေရင် ငြိမ်နေတတ်တယ်။ ဒုတိယသခင်လေးရဲ့ အမြင်အာရုံက အဆင်မပြေသေးဘူး။ ဒီတော့ သူ သခင်ငယ်လေးကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး။”

“…….”

ပေါ်ယွဲ့မင်က ထောက်ခံသလို အသံတိုးတိုးလေး ထုတ်လွှတ်လိုက်သည်။

“……..”

မနေ့ညက မူးမူးနဲ့ အမှားတွေပြောမိရင် ဒါမှမဟုတ် သူ့ကိုယ်သူ ထုတ်ဖော်မိရင် တစ်ဖက်လူက ဒီလောက် တည်ငြိမ်နေပါ့မလား? မဖြစ်နိုင်တာ….

ဖေးယိက ပေါ်ယွဲ့မင်၏ တုံ့ပြန်မှုကို အထပ်ထပ်အတည်ပြုကာ အနည်းငယ် စိတ်လျှော့လိုက်သည်။ သူက စားပွဲပေါ်ရှိ အမူးပြေဟင်းရည်ပန်းကန်ကို ကောက်ကိုင်ကာ နာခံသည့်အရိပ်အမြွက်ဖြင့် တစ်ကျိုက်တည်း သောက်ချလိုက်သည်။


 သူ့နှုတ်ခမ်းတွင် ရေအနည်းငယ် စိုစွတ်နေပုံရသည်။

ပေါ်ယွဲ့မင်သည် ယမန်နေ့ညက သူရခဲ့သော အနမ်းကို ရုတ်တရက်တွေးမိကာ သူ့လည်စေ့က မသိမသာ လှိမ့်သွားခဲ့သည်။ သူက သူ့ကိုယ်သူ ချုပ်တည်းလိုက်ပြီး မနေ့ညက အဖြစ်အပျက်အမှန်ကို မပြောပြပဲ မျက်လွှာချလိုက်လေသည်။

“ဖေးယိ… ငါ့ခွင့်ပြုချက်နဲ့ အတည်ပြုချက်မရှိပဲ နောက်နောင် မင်း ဘာကိုမှ ပေါ့ပေါ့တန်တန် ယူသောက်လို့မရဘူး”

တစ်ခွက်သောက်တာက အဆင်ပြေပေမယ့် အကြိမ်ရေအနည်းငယ် စောင့်ကြည့်ပြီးနောက်မှာ ကြောင်ပေါက်လေး၏ သောက်နိုင်စွမ်းက အတော်လေး ဆိုးရွားလှသည်။

သူ့နှာခေါင်းအောက်မှာတောင် ဒီလိုဖြစ်နေရင် တခြားတစ်နေရာမှာ စွင်းယဲ့လုံလို ဂုဏ်သတင်းမကောင်းတဲ့ လူနဲ့ ထပ်တွေ့ရင် ဘယ်လိုလုပ်မလဲ?

ဖေးယိက သူမှားမှန်းသိ၍ မျက်နှာငယ်လေးနှင့် ငြိမ်နေသည်။

မနေ့ညက အဖြစ်အပျက်ကြောင့် ဘယ်သူက မဆင်မခြင်သောက်ရဲတော့မှာလဲ..ဟမ်? သူ လုံးဝနားလည်လိုက်သည်မှာ–

ယခု သူ့ခန္ဒာကိုယ်က အရက်ဒဏ်ကို ခံနိုင်ရည်မရှိတော့သလို သူဟာ အမှန်တကယ်ပင် “အရက်သောက်နိုင်သည့် ဘုရင်!” ဘွဲ့ကို ဆုံးရှုံးသွားခဲ့ရသည်။

သူ့အသောက်စွမ်းရည်ကို မြှင့်တင်ချင်သည့်တိုင် သူက ပေါ်ယွဲ့မင်ကို ထားခဲ့ရမည့် အချိန်ထိ စောင့်ရပေမည်။ ကူးပြောင်းလာပြီးနောက်မှာ သူက ယခုချိန်ထိ “အရူးဟန်ဆောင်”နေတာဖြစ်၍ ၎င်းကို အချည်းနှီးဖြစ်ခွင့်မပေးနိုင်ပေ။

ဖေးယိက သက်ပြင်းချကာ သူ ခေါင်းငုံ့လိုက်သည့်အခါတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေချိုးဝတ်ရုံကို ဖျတ်ခနဲမြင်လိုက်ရပြီး သူ၏ ဖရိုဖရဲဦးနှောက်က အရေးကြီးသည့် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။

သူ… သူ မနေ့ညက ရေချိုးကန်ထဲက ထွက်လာတာ မဟုတ်ဘူးလား?!

ပေါ်ယွဲ့မင်က မမြင်နိုင်ဘူးဆိုတော့ သူ သူ့ရဲ့ရေချိုးဝတ်ရုံကို ဘယ်လိုလဲပေးထားတာလဲ? ခါတိုင်းလိုပဲ…. စမ်းပြီးတော့လား?

မထိသင့်တဲ့နေရာတွေကိုတော့ မထိသွားပါဘူးနော်? သူ ထိုအကြောင်းကိုတွေးလေ ချဥ်စူးလာလေဖြစ်၏။

ဖေးယိ၏ ပါးပြင်ပေါ်မှာ အပူလှိုင်းတစ်ခုရှိပြီး သူ့နားရွက်အောက်ခြေက သွေးထွက်တော့မလို နီရဲနေသည်။


ဦးလေးခိုင်က ဖေးယိ၏ မူမမှန်မှုကို ပထမဆုံး သတိထားမိသူဖြစ်၏။ “သခင်ငယ်လေး… ဘာဖြစ်လို့လဲ? ပူလို့လား?”

“……..”

ဖေးယိက စကားမပြောပဲ နီမြန်းသောမျက်နှာဖြင့် ခေါင်းငုံ့ထားလိုက်သည်။


ပေါ်ယွဲ့မင်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ အာရုံစိုက်မနေသည့်အခါတွင် တစ်ခုခုကို မှန်းဆမိခဲ့သလို သူ့ပါးစပ်ထောင့်က ကော့တက်သွားလေသည်။

လင်းကျုံး ပြန်ရောက်လာသည်။ “သူဌေးပေါ်… အောက်ထပ်မှာ ဒရိုက်ဘာစောင့်နေပါတယ်။”

“အင်း”

ပေါ်ယွဲ့မင်က သူ့လက်ထဲရှိ ကော်ဖီခွက်ကို ချလိုက်ပြီး တည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်လိုက်သည်။ “ဦးလေးခိုင်… နေ့လည်ကျရင် ဖေးယိအတွက် တစ်ခုခုအဆင်ပြေတာလေး ပြင်ပေးလိုက်ပါ။ ကျွန်တော် ဒီနေ့ညမှာ အခြေအနေကို လေ့လာဖို့ သက်ဆိုင်ရာဌာနခေါင်းဆောင်တွေနဲ့ ချိန်းထားလို့ ညစာစားဖို့ ပြန်မလာတော့ဘူး။”

ဦးလေးခိုင်က တုံ့ပြန်လိုက်သည်။ “ကောင်းပါပြီ… ဒုတိယသခင်လေး… ဂရုစိုက်ပါ။”

ဖေးယိက ပေါ်ယွဲ့မင်ကို သဘာဝမကျသော အရိပ်အမြွက်ဖြင့် မော့ကြည့်လိုက်သည်။ “အာ့ကော…တာ့တာ”

“အင်း”

ပေါ်ယွဲ့မင်က ခေတ္တရပ်လိုက်ပြီးမှ အထူးမှာကြားလိုက်သည်။ “လိမ်လိမ်မာနေ”

“…….”


ဖေးယိ ပြန်မဖြေပေ။ ပေါ်ယွဲ့မင်နှင့် လင်းကျုံး ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှ သူက လက်ကျန် ပြောင်းဆန်ဂျုံယာဂု နှစ်လုပ်ကို ပါးစပ်အပြည့်စားလိုက်ပြီး အခန်းထဲသို့ ပြန်သွားခဲ့သည်။

ခေါင်းကိုက်တာက လုံးဝရပ်မသွားပေ။

အရက်အကြွင်းအကျန်များက ၎င်းတို့၏ အားပြင်းသော အာနိသင်ကို ဆက်လက် ဖောင်းပွစေပြီး စောင်ခြုံထားသော ဖေးယိက မကြာမီတွင် အိပ်ပျော်သွားသည်။ မနေ့ညက သူ အရက်မူးနေသော မြင်ကွင်းသည် သူ့အိပ်မက်ထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။

ပေါ်ယွဲ့မင်က သူ့ကို ဘေစင်ပေါ်တင်ပြီး သူ မပြင်ဆင်ထားသည့် အချိန််မှာ သူ့ကို နမ်းလိုက်သည်။

အိပ်မက်တွေက ရှင်းလေလေ နိုးလာပြီးနောက် မှတ်မိဖို့ ခဲယဥ်းလေဖြစ်၏။

. . . . . . .

နောက်တစ်ပတ်တွင် ပေါ်ယွဲ့မင်က စောစောထွက်သွားပြီး နေ့တိုင်းနောက်ကျမှပြန်လာသည်။

ထို့အပြင် ဖေးယိကလည်း သူ့အလုပ်ကို လျစ်လျူမရှခဲ့ပေ။ နောက်ဆုံးဂိမ်းနှစ်ခု၏ လူကြိုက်များမှုကို နှိုင်းယှဥ်ပြီးနောက် သည်းထိပ်ရင်ဖိုနှင့် သဘာဝလွန်ဂိမ်းများက လူထုကြားတွင် ရေပန်းအစားဆုံးဖြစ်ကြောင်း သူအတည်ပြုခဲ့သည်။

ထို့ကြောင့် ဖေးယိက သူ့ဖွဲ့စည်းမှုဘောင်ကို အခြေခံပြီး “အကောင်းအဆိုးကို ခြေရာခံခြင်း”ဟူသော နောက်ထပ်ဂိမ်းတစ်ခုကို ရေးသားခဲ့သည်။

ဂိမ်းပတ်ဝန်းကျင်ကို သည်းထိတ်ရင်ဖိုစရာ ဖြစ်ရပ်အမျိုးမျိုး၏ ရာဇဝတ်မှုမြင်ကွင်းများ၌ သတ်မှတ်ထားသည်။

ကစားသမားများသည် “ရဲ” သို့မဟုတ် “လူသတ်သမား”၏ မတူညီသောရှုထောင့်မှ မှုခင်းဖြစ်ပွားရာနေရာရှိ သဲလွန်စများကို ရှာဖွေရန် ရွေးချယ်နိုင်သည်။ 

ပထမတစ်ချက်မှာ သဲလွန်စ အထောက်အထားအားလုံးကို စုဆောင်းပြီး အမှန်တရားကို ပေါင်းစည်းကာ အမှုကိုဖြေရှင်းရမှာဖြစ်သည်။ နောက်တစ်ခုကတော့ နောက်ဆုံးခြေရာတိုင်းကို ဖယ်ရှားကာ ထပ်ပြေးရန်ဖြစ်၏။


သီးခြားအချိန်အကန့်အသတ်မုဒ်ကို ရွေးချယ်လို့ရပြီး ကစားသမားသည် သတ်မှတ်ထားသော အချိန်အတွင်း အမှန်တရားကို ရှာဖွေတွေ့ရှိပါက သို့မဟုတ် ဖျက်စီးနိုင်ပါက အနိုင်ရမှာဖြစ်၏။ ရဲသားတစ်ဦးနှင့် လူသတ်သမားတစ်ဦးက ကစားသမားနှစ်ဦးမုဒ်ကို ရွေးချယ်နိုင်ပြီး တစ်ချိန်တည်းမှာ ရှာဖွေမှုကိုလည်း ဆက်လက်လုပ်ဆာင်နိုင်သည်။ ပထမတစ်ယောက်က ရှာဖွေပြီး ဒုတိယတစ်ယောက်က ဖျက်စီးပစ်မည်။ ခြေရာအားလုံးကို ရှာတွေ့သည့်အခါ ဂိမ်းက အနိုင်ရရှိသူကို ဆုံးဖြတ်ပေးလိမ့်မည်။


ဖေးယိက စုစုပေါင်း အမှုရှစ်ခုကို ပြုစုထားပြီး အမှုတွဲတစ်စုစီ၏ အခက်အခဲက တဖြည်းဖြည်းတိုးလာမှာဖြစ်သည်။


မူပိုင်ခွင့်ဝယ်ယူခဲ့သည့် ပါတီA က အမှုတွဲလယ်ဗယ်များကို ဆက်လက်ရေးဆွဲရန် သူ့ကို ငွေကြေးပိုပေးရမည်။ သို့မဟုတ် တခြားသော ဂိမ်းဇာတ်ညွှန်းရေးသူများကိုလည်း ရှာလို့ရသည်။

ဖေးယိသည် လယ်ဗယ်ခွဲနှစ်ခု၏ ပင်မဇာတ်ကြောင်းဖန်တီးမှုကို ထိထိရောက်ရောက် ပြီးမြောက်စေရန် တစ်ပတ်ကြာမြင့်ခဲ့သည်။

ညနေပိုင်း ယဥ်ကြောပိတ်ဆို့မှု အထွတ်အထိပ် မရောက်မီတွင် သူက ဂိမ်းသဘောတရားနှင့် “အကောင်းအဆိုးခြေရာခံခြင်း”၏ အထွေထွေဇာတ်ကြောင်း ကနဦးဗားရှင်းကို ယိုထူဝဘ်ဆိုဒ်မှာ အပ်လုဒ်တင်ခဲ့ပြီး မူပိုင်ခွင့်လက်မှတ်ကို စတင်ဖွင့်လှစ်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူက သီးသန့်ချက်မက်ဆေ့ ကိုးကားမှုမုဒ်ကို မရွေးချယ်ပဲ မူရင်းအိုင်ပီကို သုံးရက်ကြာအောင် လေလံတင်ရောင်းချခဲ့သည်။

ဤနည်းလမ်းက အလွန်ရိုးရှင်းသည်။ အမြင့်ဆုံးပေးသူက လေလံအောင်နိုင်သူ ဖြစ်ပေမည်။

ထို့အပြင် သူက လေလံစာမျက်နှာကို ကြော်ညာပြီး ထိပ်ဆုံးနေရာကို ဝယ်ယူရန် ငွေအများကြီးသုံးခဲ့သည်။

အကျိုးအမြတ်ရဖို့ ပိုက်ဆံအကုန်ခံရမှာဖြစ်သည်။ ငွေမသုံးပဲ လမ်းကြောင်းပိုရဖို့ မဖြစ်နိုင်ပေ။ ယခင်တစ်ခေါက်က သူ့မှာငွေမရှိပေမယ့် ဤတစ်ကြိမ်မှာ သူက ထိထိရောက်ရောက် လုပ်ဆောင်ဖို့လိုသည်။

ဖေးယိ ၎င်းတို့အားလုံးကို အပြီးသတ်ပြီးသည်နှင့် သီးသန့်ချက်စာမျက်နှာတွင် မက်ဆေ့တစ်စောင် ရောက်လာသည်။

လီယွမ်က ချက်ချင်းပင် မက်ဆေ့ပို့ခဲ့သည်။ “မင်း ဂိမ်းအသစ်ကြေညာလိုက်တာကို ငါတွေ့တယ်။ လေလံတင်ဖို့ ဘာလို့ရွေးချယ်လိုက်တာလဲ?”

ဖေးယိ မျက်ခုံးပင့်လိုက်၏။ “သူဌေးလေးလီ.. ခင်ဗျား ကျွန်တော့်ကို အရမ်းအာရုံစိုက်နေသလိုပဲနော်? ကြိတ်ကြိုက်နေတာများလား?”

“……..”

လီယွမ်က အီမိုဂျီအတွဲလိုက် ပေးပို့ကာ ဟာသနှော၍ ပြန်ဖြေလာသည်။ “သွားစမ်းပါ… ငါက ကောလိပ်တက်ကတည်းက ရုပ်ရည်နဲ့ပတ်သက်ရင် အရမ်းအလေးထားတာ ။ မင်းလို မျက်နှာမရှိတဲ့လူကို စိတ်မဝင်စားဘူး။”

ဖေးယိက လီယွမ်၏ ပြောဆိုပုံနှင့် ကျင့်သားရနေပြီဲဖြစ်၍ တခစ်ခစ်ရယ်ကာ ပြန်ဖြေလိုက်သည်။ “အင်း… အခု ကျွန်တော့်မှာ ဝယ်သူတွေနဲ့ တစ်ယောက်ချင်းစီ စကားပြောဖို့ ခွန်အားမရှိဘူး။ လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် တစ်ခါတည်းလုပ်ပြီး စျေးအမြင့်ဆုံးပေးတဲ့သူကို ရောင်းလိုက်တာက ပိုကောင်းတယ်လေ။”

ဂိမ်းဆက်တင်ကို ကြည့်ပြီးနောက် လီယွမ် ပြန်ရောက်လာကာ ပြောလိုက်၏။ “မင်းရဲ့ဂိမ်းက အလတ်စားအိုင်ပီလှိုင်းတစ်ခုနဲ့ လုပ်လို့ရတာကို ငါတွေ့ခဲ့တယ်။ အာမခံအမြတ်ဝေစု မသတ်မှတ်ထားဘူးလား။ နောက်ဆို ငွေပိုရှာနိုင်မယ်လေ။”

မူရင်းတရုတ်ဂိမ်းအိုင်ပီအတွက် မုဒ်နှစ်မျိုးခွဲခြားထားသည်။

အဓိကရှယ်ယာကို ဝယ်ယူခြင်းနှင့် အာမခံရှယ်ယာကို ဝယ်ယူခြင်းဖြစ်၏။

ဖေးယိက ဘွင်းဘွင်းပြောလိုက်၏။ “ဒုက္ခများတယ်။ ကျွန်တော်က လက်ရှိမှာ ငွေအမြန်ရှာဖို့ ကြိုးစားနေတာ”

တစ်ခါတည်း ရောင်းထုတ်ပစ်လိုက်ခြင်းက ပိုအဆင်ပြေသည်။

ပါတီA က ယုံကြည်စိတ်ချရတဲ့ လူမဟုတ်ရင် နောက်ပိုင်းမှာ အမြတ်ဝေစုပေးဆောင်ဖို့ နှေးကွေးနေရင် ဘယ်လိုလုပ်မလဲ?

စခရင်ရှေ့မှ လီယွမ်က ဤအကြောင်းပြချက်ကို ကြားတော့ ပြောလိုက်လေသည်။ “နေဦး… အရင်ဆုံး ငါမင်းနဲ့ အပျော်တမ်း ကစားမယ်။”

ဖေးယိ မျက်ခုံးပင့်လိုက်မိသည်။


မိနစ်ဝက်မပြည့်ခင်မှာ သူက စနစ်မက်ဆေ့ကို လက်ခံရရှိခဲ့သည်။

[အသုံးပြုသူ သစ်တော်သီးခြံ(သစ်တော်သီးအမှတ်တံဆိပ်) က မင်းရဲ့ဂိမ်းလေလံမှာ ပါဝင်လာပါတယ်။ လေလံစျေး နှစ်သိန်းပါ]

ငွေပမာကို မြင်သောအခါ ဖေးယိ ရယ်လိုက်မိသည်။ “သူဌေးလေးလီ… ခင်ဗျားက ချမ်းသာတာလား ဟမ်?”

“ကစားရအောင်… မင်းရဲ့ဂိမ်းအိုင်ပီက ဒီစျေးထက် ပိုတန်ပါတယ်။ အပြိုင်အဆိုင် ပါတီA ရှိလာလိမ့်မယ်။”

“သုံးရက်ကြာလို့ လေလံပွဲပြီးတဲ့အခါ စနစ်က ငါ့ကိုငွေပြန်ပေးလိမ့်မယ်။ မီနီဂိမ်းဝယ်ဖို့သာ ပိုက်ဆံရှိရင် ငါဒီထက်ပိုသုံးမှာ။”

ဖေးယိက စနောက်လိုက်၏။ “ခင်ဗျား နိုင်သွားမှာကို မကြောက်ဘူးလား? ဂိမ်းက ခင်ဗျားလက်ထဲ တကယ်ရောက်သွားရင် ဘယ်လိုလုပ်မလဲ?”

လီယွမ်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။ “မဖြစ်နိုင်တာ.. ငါ စာမျက်နှာကို ပြန်ဝင်လိုက်တာနဲ့ ပါတီA ရင်းနှီးမြှုပ်နှံထားတာကို တွေ့လိုက်ရတယ်။”

နောက်စက္ကန့်တွင် ဖေးယိက စနစ်မက်ဆေ့နှစ်စောင်ကို ရရှိခဲ့သည်။

[အသုံးပြုသူ ချိန်ဖုန်းက မင်းရဲ့ လေလံဂိမ်းမှာ ပါဝင်ခဲ့ပြီး စျေးနှုန်း ၂၅၀၀၀၀ ပေးခဲ့ပါတယ်။]

[အသုံးပြုသူ LN က မင်းရဲ့ ဂိမ်းလေလံမှာ ပါဝင်ခဲ့ပြီး စျေးနှုန်း ၂၈၀၀၀၀ ပေးခဲ့ပါတယ်။]

လေလံလှိုင်းနှစ်ခုတွင် ပမာဏက ၈၀၀၀၀ တိုးလာသည်။


ဖေးယိ၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားသည်။ သူက လက်ရှိလေလံလုပ်ငန်းစဥ်ကို ကျေနပ်အားရမိသည်။ လက်ရှိမှာ သူ ဤဂိမ်းကို ပထမတန်းစားအဖြစ် မသတ်မှတ်ထားသော်လည်း ဤဂိမ်းအတွက် ကျိုးကြောင်းဆီလျော်သော စျေးနှုန်းမှာ ၅၀၀၀၀၀ နှင့် ၆၀၀၀၀၀ ဝန်းကျင်ဖြစ်၏။

အမှန်မှာ မူရင်းဂိမ်းအိုင်ဂီ၏ အရည်အသွေးအပြင် ဗိသုကာပညာရှင်၏ ဂုဏ်သတင်းသည်လည်း အရေးကြီးသည်။ ဖေးယိက သူ့အလုပ်မှာ ယုံကြည်မှုရှိသော်လည်း ဤကမ္ဘာပေါ်မှာ သူ့ဂိမ်းလမ်းကြောင်းက အပြည့်အဝမပွင့်သေးကြောင်း သူသိသည်။

တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာ၏။


ဦးလေးခိုင်၏အသံက စာဖတ်ခန်းအပြင်ဘက်မှ ရောက်လာသည်။ “သခင်ငယ်လေး”

“ဟုတ်?”

ဖေးယိနှင့် လီယွမ်က စကားအနည်းငယ်ပြောခဲ့ပြီး လိုင်းပေါ်က အမြန်ဆင်းခဲ့ကြသည်။ သူက ဝဘ်စာမျက်နှာကို ဗီဒီယိုဆိုဒ်သို့ ပြောင်းလိုက်ပြီးနောက် တံခါးဖွင့်ဖို့ ပြေးသွားခဲ့သည်။

ဦးလေးခိုင်က စာဖတ်ခန်းအပြင်ဘက်မှာ ရပ်ကာ ကွန်ပျူတာစခရင်ကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ “သခင်ငယ်လေး… ဒုတိယသခင်လေး ခေါ်ခိုင်းလိုက်လို့ပါ။ ဒီနေ့ည သူအလုပ်အားလို့ သခင်ငယ်လေးကို အပြင်မှာ ညစာလိုက်ကျွေးမယ်လို့ ပြောပါတယ်။”

အပြင်လား?

ဖေးယိက ဂိမ်းဖန်တီးမှုတွင် ရက်အတော်ကြာအောင် နစ်မြှုပ်နေခဲ့ပြီး လေကောင်းလေသန့်ရှူရန် အပြင်ထွက်ဖို့ တွေးခဲ့သည်။

ဦးလေးခိုင်က သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုကို မြင်လိုက်သည်။ “ဒါဆို.. သခင်ငယ်လေး အဝတ်အစားလဲချင်လား? နာရီဝက်လောက်နေရင် အောက်ထပ်ကို အတူတူဆင်းကြမလား?”

ဖေးယိက နာခံဟန်ဆောင်ကာ ခေါင်းညိတ်သဘောတူလိုက်သည်။

. . . . . .