Part 156
ဝယ်ထားသမျှ အထုတ်ကြီး အထုတ်ငယ်အားလုံးကို စုန့်ထင်ရှန်း မသယ်နိုင်တော့ပေ။ ဝမ်လေးက အထုတ်အနည်းငယ် ကိုင်ထားပေးပြီး ယွမ်ရှသည် ချိုချဉ်ဆိုင်ရောက်နေသော ကလေးတစ်ယောက်ကဲ့သို့ပင် အားလုံးကို ရချင်နေသည်။ brand အနည်းငယ်မှ လွှဲ၍ ကျန်brandများမှာ လျှော့စျေးဖြင့်ရသည်။ ယွမ်ရှသည် ချမ်းသာသော မိသားစုမှ မွေးဖွားလာသူ မဟုတ်တာကြောင့် လှပသည့် အဝတ်များတွေ့သမျှကို ဝယ်ချင်နေသည်။ ထိုအဝတ်များသည် brandဖြစ်သည် ဖြစ်စေ မဖြစ်သည်ဖြစ်စေ ယွမ်ရှအတွက်တော့ ဒုတိယ အမြင့်ဆုံးဖြစ်သည်။
ယွမ်ရှက ရှူးဖိနပ်များ စီးကြည့်နေစဉ်တွင် စုန့်ထင်ရှန်းနှင့် ဝမ်လေးက အနီးနားရှိ ဆိုဖာပေါ်တွင် ထိုင်စောင့်နေကြသည်။ ဆိုင်ရှင်တိုက်သော လိမ္မော်ဖျော်ရည်သောက်ရင်း သူတို့သည် သေဖို့အဆင်သင့် ဖြစ်နေသကဲ့သို့ ဖြစ်နေသည်။
တကယ်တမ်းတွင် သူတို့ဘဲ မဟုတ်ပေ ၊ ရွှေရောင်နေ့ရက်သတ္တပတ် ဖြစ်တာကြောင့် လူများစွာက စျေးဝယ်ရန် ဝင်ထွက် သွားလာနေကြသည်။ ကောင်မလေးများနှင့် ဇနီးသည်များကို အဖော်လိုက်ပါလာသော ကောင်လေးများနှင့် သူတို့၏ ခင်ပွန်းသည်များသည်လည်း သူတို့နှစ်ယောက်လိုဘဲ မျက်နှာပျက်နေကြသည်။
“မာမားနဲ့ စျေးဝယ်ထွက်တာ မူကြိုသွားရတာထက် ပိုပင်ပန်းတယ်..” ဝမ်လေး၏ သက်ပြင်းချနေပုံသည် ကလေးတစ်ယောက်နှင့် မတူပေ။ ဆိုင်ရှင်က သူမ ပါးစပ်ကို လက်ဖြင့်ကာ၍ ပြုံးလိုက်သည်။
စုန့်ထင်ရှန်းသည်လည်း ယွမ်ရှနှင့် စျေးဝယ်ထွက်ရသည်မှာ ညပေါင်းများစွာ အချိန်ပို အလုပ်ဆင်းပြီး စာချုပ်များစွာကို ဆွေးနွေးရတာထက် ပိုပင်ပန်းနေသည်။
သို့သော် သူတို့သည် သူမကို အမြန်ပြီးစီးရန် ဖိအားမပေးပေ။ ယွမ်ရှက သူမအတွက် မဝယ်ခင် သူတို့နှစ်ယောက်အတွက် အရင်ဆုံးဝယ်ပေးထားလေရာ သူတို့သာ အခု ဖိအားပေးလျှင် သူမ ဘာပြောလိမ့်မလဲ..
သူမက သူတို့အတွက် စိတ်ရှည်စွာ ဝယ်ပေးပြီး သူမအပေါ် ဘာကြောင့် တူညီတဲ့ စိတ်ရှည်မှု မရှိရတာလဲဟု သေချာပေါက် ပြောမည်ဖြစ်သည်။
ထို့ကြောင့် စုန့်ထင်ရှန်းနှင့် ဝမ်လေးသည် ဘာမျှမပြောဘဲနေရန် ဆုံးဖြတ်လိုက်သည်။
အသက်အရွယ် ဘယ်လောက်ဘဲ ရှိနေပါစေ ကိုယ်ချစ်တဲ့သူများ၏ ဆန္ဒကို လိုက်လျောသည့်နေရာတွင် ယောကျာ်းများသည် အလွန်တော်ကြပေသည်။
ဝမ်လေးတို့သားအဖ ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။
ဆိုင်ရှင်က သူတို့နှစ်ယောက်ကို တကြည့် ကြည့်လုပ်နေလေ သည်။
သူတို့၏ ရုပ်ရှည်သည် အဆင့်အတန်းမြင့်လှသောရုပ်ရည်နှင့် အမူအရာတူ အပြုအမူတူ များကို ကြည့်၍ ရယ်ချင်နေသည်။
ဖျော်ရည်နှင့် ချိုချဉ်များ ပေးပြီးပြီဖြစ်၍ တစ်ခြားဘယ်အရာဖြင့် သူတို့၏ စိတ်ဖိအားများကို ပြေပျောက်အောင် လုပ်ပေးရမလဲ မသိတော့ပေ။
သားအဖနှစ်ယောက်က သူမနှင့် စျေးဝယ်ထွက်ရတာကို သဘောမကျဘူးဆ်ိုတာ ယွမ်ရှ သတိမထားမိတာ ဖြစ်နိုင်လား..
တကယ်တမ်းတွင် သူမသိသော်လည်း တစ်ခြား ပိုကောင်းသည့် နည်းလမ်း မရှိသောကြောင့် မသိချင်ယောင်ဆောင်နေခြင်းဖြစ်သည်။ သူမစျေးဝယ်ထွက်လျှင် တိုင်ပင်ဖော်ရပြီး အိတ်များကိုင်ပေးမယ့်သူ တစ်ယောက်ယောက်ကိုလိုအပ်ေလသည်။
သူမ ညနေ၆နာရီထိ စျေးဝယ်နေပြီး နောက်ဆုံးတွင် စုန့်ထင်ရှန်းနှင့် ဝမ်လေးကို ကိုယ်ချင်းစာပြီး ပြောလိုက်သည်။
“စိတ်မရှိပါနဲ့..ကျွန်မ ဝယ်ဖို့လိုတာတွေ အားလုံးကို ဝယ်နေလို့ပါ..ဆက်ဝယ်ဖို့ မလိုတော့ဘူး..”
ဝမ်လေး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ စုန့်ထင်ရှန်းက သူ့အမူအရာကို ထိန်းထားသော်လည်း ထိုစကားများကြားချိန်၌ အနည်းငယ် စိတ်သက်သာရာရသွားဟန် အထင်းသားပေါ်လာသည်။
ယွမ်ရှ သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး
“ကျွန်မနဲ့ စျေးဝယ်ထွက်ရတာ ရှင်တို့နှစ်ယောက် ပင်ပန်းနေပြီ..စတိုးထဲကို စဝင်တုန်းက ရှင်တို့ကို အကြာကြီး လမ်းလျှောက်ခိုင်းပြီး ထိုင်စောင့် ခိုင်းဖို့ မရည်ရွယ်ပါဘူး…”
ဝမ်လေးက ယွမ်ရှ၏ ခါးကို ဖက်လိုက်ပြီး” မာမား ပျော်ရင် ဘာမှမဖြစ်ပါဘူး…”
စုန့်ထင်ရှန်းက အနည်းဆုံး အိတ်ဆယ်အိတ်လောက် ကိုင်ထားလေသည်။
ထိုmall ခမ်းနားကြီးကျယ်ပြီး အမြင်ကိုစွဲဆောင်နိုင်သည်။ ဝမ်လေးက သူ၏ ခြေအိတ်များနှင့် ဘောင်းဘီများပါသော အိတ်သုံးအိတ်ကို ကိုင်ထားပြီး အားလုံးသည် ပေါ့ပါးသော အိတ်များဖြစ်သည်။
ယွမ်ရှကလည်း အိတ်များစွာကို ကိုင်ထားသည်။
တွက်ချက်ကြည့်သောအခါ သူမ ဒီနေ့ ယွမ်တစ်သိန်းလုံး မသုံးရသေးဘဲ တစ်ဝက်ကျော်ကျော်သာ သုံးရသေးသည်။
မိသားစု သုံးယောက်သား mallထဲက စားသောက်ဆိုင်တွင် ညစာစားရန် ဆုံးဖြတ်လိုက်သည်။သူတို့ ဓာတ်လှေကားမှ အထွက်တွင် ယောကျာ်းတစ်ယောက်၏ အော်သံကြားလိုက်သည်။
“စုန့်ထင်ရှန်း…ဟုတ်တယ်မလား..”
သူတို့ အလွန် အံအောနေပုံပေါ်သော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။
xxxxxxx