Part 157
ထိုလူက စုန့်ထင်ရှန်း၏ အရင်က အသိတစ်ယောက်ဖြစ်ပေသည်။ သူသိသော သူတစ်ယောက်နှင့် ဒီမှာတွေ့တာ သူတို့အတွက် မထူးဆန်းပေ။ စုန့်ထင်ရှန်းက ဒီမှာ ကြီးပြင်းခဲ့ပြီး ထိုမြို့သည် မကျယ်ပေ။
အထူးသဖြင့် ခုလိုရွှေရောင်နေ့ရက်အပတ်မှာ အသိများနှင့် တွေ့နိုင်ချေများသည်။ လူအချို့သည် အပန်းဖြေခရီးများမသွားဘဲ အားလပ်ရက် လျှော့စျေးများရှိသောကြောင့် mallသို့လာ၍ လျှောက်ပတ်ကြည့်ပြီး စျေးဝယ်လေ့ရှိကြသည်။
စုန့်ထင်ရှန်းကလဲ အံ့ဩသွားပြီး”လုယုံအန်း..မတွေ့တာကြာပြီ..”
လုယုံအန်းက အပြုံးဖြင့် လာခဲ့ပြီး စုန့်ထင်ရှန်း၏ ပုခုံးကို ပုတ်လိုက်သည်။ စုန့်ထင်ရှန်းကို ကြီးမားသော အထုတ်များနှင့် တွေ့ရတာကို သူအလွန်သဘောကျနေသည်။ “မင်းပြန်လာမယ်လို့ ဘာလို့မပြောတာလဲ..ဒါမင်းရဲ့သားနဲ့ ဇနီးလား..”
သူသည် ယွမ်ရှကို ကြည့်လိုက်ပြီး အလွန်အံ့ဩသွားသည်။ စူန့်ထင်ရှန်း အိမ်ထောင်ရှိသည်ကို သူသိသော်လည်း သူ့မိန်းမ အလွန်ချောမောသည်ကို တွေ့ပြီး အံ့ဩနေသည်။ သူမသည် ဆယ်လီတစ်ယောက်နှင့်တူပြီး စုန့်ထင်ရှန်းက အလွန်ကံကောင်းသည်ဟု ထင်မိသည်။ ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်ပြီး ငယ်ရွယ်လှပသော ဇနီးနှင့် ချစ်စရာကောင်းသော သားလေးကိုလည်း ပိုင်ဆိုင်ထားသည်။ တစ်ခြားသူများ၏ အမြင်တွင် သူသည် အရာရာပြည့်စုံနေသည်။
“အမ်..ဒါက ငါရဲ့ အမျိုးသမီး ယွမ်ရှ နဲ့ ငါ့သား ဝမ်လေး..”စူန့်ထင်ရှန်းက ယွမ်ရှကို ကြည့်လိုက်ပြီး...
”ရှရှ ဒါက ကိုယ့်ရဲ့ အထက်တန်းတုန်းက သူငယ်ချင်း လုယုံအန်း..ဝမ်လေး ဦးလေးကို နှုတ်ဆက်လိုက်ပါအုန်း..”
စုန့်ထင်ရှန်းသည် တစ်ခြားသူများ၏ ရှေ့တွင် သူမကို ရှရှဟုခေါ်ပြီး နှစ်ယောက်တည်းရှိချိန်တွင် ယွမ်ရှ ဟုခေါ်သည်ကို သတိထားမိသည်။
“ဟိုင်း..”ယွမ်ရှက ဂရုတစိုက် နှုတ်ဆက်လိုက်သည်။
ဝမ်လေးသည် သူစိမ်းများကို မကြောက်တတ်ပေ။ ဝမ်လေးက ပြုံး၍ နှုတ်ဆက်လိုက်သည်။ “ဟိုင်း ဦးလေးလု”
“လိမ္မာလိုက်တဲ့ ကလေးလေး..”လုယုံအန်းက ဝမ်လေး၏ ခေါင်းကို ပုတ်လိုက်ပြီး စုန့်ထင်ရှန်းကို မေးလိုက်သည်။
“ဘယ်တုန်းက ပြန်ရောက်တာလဲ..ဘာလို့ ငါတို့ကို မပြောတာလဲ..”
သူတို့နှစ်ယောက်သည် အထက်တုန်းက သူငယ်ချင်းများဖြစ်ကြပြီး ယခု အသက်သုံးဆယ်ကျော် ရှိနေကြပြီဖြစ်သည်။ သူတို့ဘွဲ့ရပြီးတာ အနှစ်နှစ်ဆယ် ရှိပြီဖြစ်သည်။ ကလေးစောစောရသော အတန်းဖော်များ၏ ကလေးများသည် အလယ်တန်းတက်တော့မည်ဖြစ်သည်။ အားလုံး မိသားစုကိုယ်စီနှင့် ကလေးကိုယ်စီ ရှိနေကြပြီ ဖြစ်သည်။ သူတို့အိမ်ထောင်ကျပြီးနောက် အတန်းဖော်များနှင့် အဆက်အသွယ်နည်းသွားပြီဖြစ်သည်။ စုန့်ထင်ရှန်း၏ အတန်းဖော်များသည် သူ၏ ဘဝတွက် အခြေအနေရလျှင် ပေါ်လာတတ်ကြသည်။ များသောအားဖြင့် သူနှင့် အရင်တုန်းက အတန်းဖော်များသည် မတွေ့ဖြစ်ကြပေ။
စုန့်ထင်ရှန်းက ပြုံး၍ ဖြေလိုက်သည်။ “မနေ့က ပြန်လာတာ..ဒီတစ်ခေါက်လာတာ ငါ့မိဘတွေရဲ့ အုတ်ဂူကို ပြန်ဆောက်ပေးပြီး ဂါဝရပြုဖို့ ဇနီးနဲ့သားကို ခေါ်လာခဲ့တာ…သဘက်ခါ ပြန်ဖြစ်မှာ..”
“အပြေးအလွှားလာရတာဘဲ...ငါတို့နောက်ဆုံးတွေ့ကတည်းကရင်း မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီ…ဆရာဝမ်ကို မှတ်မိသေးလား…သူ့မွေးနေ့ ရောက်တော့မာမို့ သူငယ်ချင်းတွေစုပြီး ပွဲလုပ်ပေးဖို့ စီစဉ်နေတာ…မင်းသိတဲ့အတိုင်းဘဲ သူ့မှာကလေးမရှိဘူးလေ…”
လုယုံအန်းက ရပ်လိုက်ပြီးမှ ဆက်ပြောလာသည်။
“ပြန်လည်ဆုံတွေ့ပွဲ မလာရင်နေ ဆရာဝမ်မွေးနေ့ကိုတော့ လာသင့်တယ်..မင်းက သူ့ရဲ့ အချစ်ဆုံး တပည့်လေ…သူက မင်းအကြောင်း သူ့တပည့်တွေကို ခနခနပြောတယိလို့ ကြားတယ်…မင်းလာရင် ပျော်ဖို့ကောင်းမှာပါ..”
စုန့်ထင်ရှန်းက ခနတွေဝေသွားသည်။ ဆရာဝမ်က သူ့အပေါ်ကောင်းခဲ့သည်။ လွန်ခဲ့တဲ့နှစ်တွေက သူ့ဆရာဟောင်းများကို အားလပ်ရက်တွေမှာ လက်ဆောင်များ ပို့ပေးလေ့ရှိသည်။ သူခုလိုလာတာ သူ့ဆရာကို မပြောရတဲ့ အကြောင်းရင်းက ဒုက္ခမဖြစ်စေချင်လို့ဖြစ်သည်။ သို့သော်လည်း သူ့ဆရာ မွေးနေ့ပွဲကို မသွားလျှင် မလေးစားရာ ကျမည်ဆိုတာ သူသိသည်။
“ဘယ်ချိန်လဲ…”
“မနက်ဖြန် နေ့လည်..အစကတော့ မနေ့ကဖြစ်ဖြစ် ဒီနေ့ဖြစ်ဖြစ် လုပ်ပေးမလို့ဘဲ ဒါမယ့် အတန်းဖော်အချို့က ဒီကိုအချိန်မီ မလာနိုင်လို့ ပြောင်းလိုက်ရတာ…သုံးရက်လောက်မှ လုပ်မယ်ဆို တစ်ချို့က ပြန်သွားကြမှာ အဲ့ဒါကြောင့် မနက်ဖြန်ကို ရွေးလိုက်တာ…”
စုန့်ထင်ရှန်းက ခေါင်းငြိမ့်လိုက်ပြီး”ဟုတ်ပြီလေ ဒါဆို မနက်ဖြန် လာခဲ့မယ်…”
လုယုံအန်းက ဝမ်လေး၏ ခေါင်းလေးကို ပုတ်လိုက်ပြီး “မင်းမိန်းမနဲ့ သားလေးကိုရော ခေါ်ခဲ့ မင်းတစ်ယောက်တည်းလာရင် ငါတို့ အဲ့အကြောင်းကို မေးရလိမ့်မယ်..”