အပိုင်း (၁၅၈)
Viewers 31k

part 158


လုယုံအန်း ထွက်သွားပြီးနောက် သူတို့မိသားစု သုံးယောက် ညစာစားရန် နေရာရှာတွေ့သွားသည်။ 


စားသောက်ဆိုင်တွင် ထိုင်ကြပြီးမှ စုန့်ထင်ရှန်းက ယွမ်ရှကို ရှင်းပြလိုက်သည်။


 “သူပြောတဲ့ ဆရာဝမ်က ကိုယ်အရမ်းလေးစားရတဲ့ ဆရာတစ်ယောက်ဘဲ..ကောလိပ်တက်တုန်းက နေစရိတ် မတတ်နိုင်လို့ ကျောင်းမှာဘဲ နေခဲ့တာ…ဆရာဝမ်က ကိုယ် အာဟာရရှိအောင် စားဖို့ အစားအစာတွေ ခနခနယူလာပေးတယ်…နောက်တော့ ကောလိပ်တက်ပြီး ကျူရှင်လခ မတတ်နိုင်တာ ပြောပြတော့ ဆရာဝမ်က ကိုယ့်ကို အချိန်ပိုင်း စာသင်ပြဖို့ ပြောပြခဲ့တယ်..သူ့မျက်နှာကြောင့် ပုံမှန်ထက် လစာပိုများများ ရခဲ့တယ်…ကောလိပ်တက်နေတုန်းကလည်း ကိုယ့်ကိုလာတွေ့ခဲ့တယ်…မြို့မှာ ဆောင်းတွင်းဆိုရင် အရမ်းအေးတယ်လေ …သူကကိုယ့်​​ကို နှစ်တိုင်း ကုတ်အင်္ကျီပို့ပေးခဲ့တယ်…


“ဆရာဝမ်ရဲ့ ကျန်းမာရေးက မကောင်းဘူး..ကိုယ်သူ့ကို မြို့ကို လာဖို့ ခနခနခေါ်ခဲ့ဘူးတယ်..တစ်ခါကျတော့ သူက အဆင်မပြေဘူးလို့ပြောတယ်…ငါတို့ လက်ထပ်တုန်းက သူလာမယ်လို့ပြောခဲ့ပေမယ့် သူ့အမေ နေမကောင်းတော့ ဒီတိုင်းမထားခဲ့နိုင်တာနဲ့ မလာဖြစ်လိုက်ဘူး…”


စုန့်ထင်ရှန်း မျက်လုံးထဲတွင် မြင်ရခဲသော နွေးထွေးမှုကို တွေ့ရသည်။ 


“ဒီနှစ်တွေမှာ ကိုယ်သူ့ကို ပို့ခဲ့တဲ့လက်ဆောင်တွေက သူကိုယ့်အပေါ်ကောင်းခဲ့တာနဲ့ ယှဉ်ရင် ဘာမှမပြောပလောက်ဘူး…ယွမ်ရှ ဆရာဝမ်က မင်းနဲ့ ဝမ်လေးကို တွေ့ဖူးချင်နေတာ…မင်းအချိန်ရမယ်ဆိုရင် ကိုယ်နဲ့တူတူ သူ့မွေးနေ့ပွဲလိုက်ခဲ့ပါလား..”


ယွမ်ရှသည် ထိုအကြောင်းကို စဉ်းစားစရာတောင်မလိုပေ။ ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။ “ကောင်းပြီလေ..သူ့ကို လက်ဆောင်ဝယ်သွားပေးသင့်လား…”


စုန့်ထင်ရှန်းက ဇဝေဇဝါဖြင့် ပြောလိုက်သည်။ “ဝယ်သွားသင့်တယ် မင်းက ကိုယ့်ထက် ပိုတွေးတတ်တော့ ဘယ်လိုမျိုး လက်ဆောင်က သင့်တော်မယ်လို့ ထင်လဲ…”


“ရှင်က ပိုပြီး တွေးတတ်တယ်..”ယွမ်ရှက အမှန်တရားကို ပြောလိုက်သည်။ စုန့်ထင်ရှန်းသည် သူမထက် အများကြီး ပိုတွေးတတ်သည်။ 


“သူက အသက်၆၀ ဖြစ်ပြီး ကလေးမရှိဘူးဆိုတော့ သူ့မိန်းမကရော ရှိသေးလား..”


 “သူက အိမ်ထောင်မရှိဘူး..”


ယွမ်ရှသည် သူမ၏ အံ့ဩမှုကို မဖုံးထားနိုင်ပေ။ “အိမ်ထောင်မရှိဘူး…”


သူသည် အသက်ခြောက်ဆယ်ဖြစ်ပြီး မုဆိုးဖိုလဲ မဟုတ်ဘဲ မြေးမြစ်များလည်း မရှိပေ။


စုန့်ထင်ရှန်း”ငါ့ဆရာရဲ့ ကိုယ်ရေးကိုယ်တာတွေကို ငါမပြောပြသင့်ဘူး…ဒါပေမယ့် မင်းစိတ်ဝင်စားရင်တော့ နည်းနည်းပြောပြမယ်..ဆရာဝမ် ငယ်ငယ်က ချစ်သူတစ်ယောက်ရှိခဲ့တယ်..သူမက ကျန်းမာရေးမကောင်းတော့ အသက်၂၂မတိုင်ခင်မှာ ဆုံးသွားတယ်..အဲ့နောက်ပိုင်း ဆရာဝမ်က ဘယ်တော့မှ လက်မထပ်တော့ဘူး..”


ယွမ်ရှသည် မေးထောက်၍ အနီးကပ်ကြည့်ပြီး ပြောလိုက်သည်။ “သူက သူမကို အဲ့လောက်ချစ်တာလား..”


သူမ မြင်ဖူး ကြားဖူးသော ယောကျာ်းများသည် ရှုပ်ပွေကြသူများဖြစ်ပြီး ခုလို ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို နှစ်နှစ်ကာကာချစ်သည်ကို ကြားရတာ ပထမဆုံးဖြစ်သည်။


“နောက်တော့ ဘာလို့အိမ်ထောင်မပြုတာလဲလို့ ငါသူ့ကိုမေးခဲ့တယ်…သူက သူ့ရည်းစားကို သူမကိုဘဲ ချစ်ပါမယ်လို့ ကတိပေးခဲ့တယ်လို့ ပြောပြခဲ့တယ်..”


“ဒါဆို သူ့ရည်းစားက အသက်မရှိတော့တာတောင်မှ သူက အဲ့ကတိကို သူ့ဘဝတစ်လျှောက်လုံး ထိန်းသိမ်းခဲ့တာပေါ့…”


ယွမ်ရှသည် စုန့်ထင်ရှန်းထက် စာလျှင် ပို၍ စိတ်ကူးယဉ်ဆန်သည်။ သူမသည် အဲ့မိန်းကလေးမဟုတ်သော်လည်း သူ့နေရာမှာ နေကြည့်မိသည်။ ဘယ်မိန်းကလေးက ခုလိုမပြောင်းလဲတဲ့ ချစ်ခြင်းကို မရချင်မှာလဲ..


စုန့်ထင်ရှန်းက သူမကိုကြည့်၍ “ဆရာဝမ်က အတော်တာဝန်ကျေတဲ့ သူတစ်ယောက်ဖြစ်တယ်..ယောကျာ်းတွေအားလုံးက သူတို့မတည်နိုင်တဲ့ ကတိကို မပေးတတ်ကြဘူး..”


ယွမ်ရှက ပြန်ပြောလိုက်သည်။ “သူက ရှားပါးတဲ့ ချွင်းချက်ဘဲ..ယောကျာ်းအများစုက အလုပ်များတဲ့သူတွေလေ..”


…အလုပ်များတဲ့သူ..ဒါကဘာကို ဆိုလိုတာလဲ..


“သူ့ကို ဘာဝယ်ပေးရမလဲဆိုတာ မင်းစဉ်းစားလို့ရပြီလား..” စုန့်ထင်ရှန်းသည် ဒီအကြောင်းကို ယွမ်ရှနှင့် ဆက်ပြောရန် အဓိပ္ပာယ်မရှိဘူးဟု တွေး၍ အကြောင်းအရာကို ပြောင်းလိုက်သည်။ 


ကြက်ဥလိပ်စားနေသော ဝမ်လေးက သူ့လက်ကိုမြှောက်လိုက်သည်။“သူ့ကို ကားအရုပ်ပေးလိုက်…remote control planeတစ်ခုနဲ့..”


ယွမ်ရှက ဝမ်လေး၏ နားရွက်ကို ဆွဲလိုက်ပြီး…”သားရဲ့ ကြက်ဥလိပ်ကိုသာ စားပါ..လူကြီးတွေ စကားပြောနေတယ်…”


ဝမ်လေးက သက်ပြင်းချလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က လူကြီးတွေလို သက်ပြင်းချနည်းကို သူတတ်​မြောက် ခဲ့သည်။


 “မာမားက လူကြီးနဲ့ လုံးဝ မတူဘူး..”


“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့..”