အပိုင်း (၁၅၉)
Viewers 31k

Part 159


ယွမ်ရှ စုန့်ထင်ရှန်းကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ 


“သူတစ်ယောက်တည်းနေတာဆိုတော့ ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေပေးတာက စျေးလဲများပြီး မသုံးတတ်လောက်ဘူး..အဲ့ဒါက မျက်နှာပြဖို့ ကောင်းတဲ့အရာတစ်ခုဘဲ…အနှိပ်ကုလားထိုင် ပေးဖို့က နေရာကျယ်ဖို့လိုတယ်..ဒီမှာရှိတဲ့ ကုန်တိုက်တစ်ခုမှာ ဝယ်ဖို့ လက်ဆောင်ကဒ်ဝယ်ပေးရင်ရော ဘယ်လ်ိုလဲ…သူတစ်ခုခုရချင်တာရှိရင် သူကိုယ်တိုင်သွားဝယ်လို့ရတယ်လေ…ရှင်သူ့ကို တိုက်ရိုက် ပိုက်ဆံပေးလိုက်မယ်ဆိုရင် သူငြင်းလိမ့်မယ်…လက်ဆောင်က သူ့အကြိုက်ဖြစ်မှရမယ်..သူကဘာကြိုက်တတ်လဲ..”


စုန့်ထင်ရှန်းက စဉ်းစား၍ “သူက စုတ်တံသုံးပြီးလက်ရေးလှရေးတာကို ကြိုက်တယ်..”


“ဒါဆိုလွယ်ပါတယ် သူ့ကို ကောင်းတဲ့ စုတ်တံတစ်စုံရယ် မှင်စုတ်စက္ကူရယ် မှင်ဘူးရယ်..

ရှင်ရဲ့ဆရာက ရိုးစင်းတဲ့သူဖြစ်ရမယ်..”


တက်ကြွမှု သစ္စာရှိမှု ရိုးရှင်းမှု ဒါတွေက အမျိုးသားခေါင်းဆောင်များ၏ ပုံစံများဖြစ်သည်။


သူမသည် အနှစ်လေးဆယ်ကျော် သူ့ကတိကိုတည်ခဲ့သော ယောကျာ်းနှင့် တွေ့ချင်နေသည်။


“ကောင်းပြီ..စုတ်တံရယ် မှင်စက္ကူရယ် မှင်ဗူးရယ် ဝယ်ပြီး ကုန်တိုက်ကဒ်လဲ ပို့ပေးလိုက်မယ်”


“ရှင့်ရဲ့ ဆရာက လူကောင်းတစ်ယောက် ဖြစ်ရမယ်…ရှင်ရယ် ရှင့်ရဲ့ အတန်းဖော်တွေက ဘွဲ့ရပြီးတာ အနှစ်နှစ်ဆယ်ကျော်ပြီ မိသားစုကိုယ်စီလဲ ရှိနေတာတောင်မှ ဆရာရဲ့ မွေးနေ့ပွဲကို လုပ်ပေးဖို့ မမေ့ကြဘူး…ရှင့်ဆရာက ဆရာကောင်းတစ်ယောက်ဖြစ်လို့ထင်တယ် ..မဟုတ်ရင် ဒီလောက်နှစ်တွေ အကြာကြီးမှာ ဘယ်သူကသတိရတော့မှာလဲ…”


စုန့်ထင်ရှန်းက တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်သည်။ “သူက ဆရာတစ်ယောက်လုပ်ခဲ့တာ အချိန်ကြာပြီ…ငါသိသလောက်ကတော့ သူက ပိုက်ဆံချွေတာတယ် သူစုထားတာတွေကို တစ်ခြားသူတွေကို ပြန်လှူတယ်…သူ့ရည်းစားသေဆုံးသွားတာတောင်မှ သူမ မိဘတွေကို နှစ်အတော်ကြာ စောင့်ရှောက်ပေးခဲ့တယ်..”


စုန့်ထင်ရှန်းက သူမကို ဇာတ်လမ်းပိုစိတ်ဝင်စားအောင်လုပ်နေတာလားဆိုတာ သူမသိတော့ပေ။ ကမ္ဘာပေါ်မှာ ခုလိုလူတစ်ယောက် ရှိတာကို သူမ မယုံနိုင်ဖြစ်နေသည်။


ယွမ်ရှသည် ယွမ်ငါးထောင်တန်ဖိုးရှိသော ကုန်တိုက် ကဒ်ကို ဝယ်လိုက်သည်။ ငွေစာရင်းကိုင်တဲ့သူက ၎င်းကတ်သည် ကုန်တိုက်တွင် စျေးအမြင့်ဆုံးဖြစ်ကြောင်း သူမကို ရှင်း​ပြခဲ့သည်။


သူမ ခုလိုတက်ကြွမှု သစ္စာရှိမှု ရိုးရှင်းမှုရှိ၍ တာဝန်ကျေပွန်သော ယောကျာ်းတစ်ယောက်ကို တွေ့ရမည်ကိုတွေး၍ ဂရုတစိုက် ပြင်ဆင်နေသည်။ မှန်အရှေ့တွင်ရပ်၍ သူမ စုန့်ထင်ရှန်း၏ မိဘနှင့် တွေ့ရတော့မလို ခံစားနေရသည်။


သူမက လုံခြုံသော အဖြူရောင်ဝတ်စုံကို ဝတ်၍ ဆံပင်ဖြီးလိမ်းပြင်ဆင်ပြီး မိတ်ကပ်အနည်းငယ် လိမ်းထားရာ  ရိုးရှင်းလှပနေသည်။ လှပသောသူများသည် ဘာဘဲဝတ်ဝတ်ကြည့်ကောင်းနေသည်။ 


စုန့်ထင်ရှန်းကတော့ ခမ်းခမ်းနားနား မဝတ်ထားသော်လည်း ကြည်လင်မှုက ပေါ်လွင်နေသည်။


မိသားစု သုံးယောက် ဓာတ်လှေကားသို့ သွားသောအခါ လူတိုင်း၏ အာရုံစိူက်မှုကို ခံရပြီး လူများစွာက သူတို့ကို လှည့်ကြည့်​ေနကြသည်။


ဝမ်လေးက မျက်နှချိုသွေးသည့် နေရာမှာ ဘုရင်တစ်ပါးဖြစ်ရော ယွမ်ရှကို မျက်နှချိုစသွေးလိုက်သည်။ “မာမား ဒီနေ့အရမ်းလှနေတယ်…”


ယွမ်ရှက ဆံပင်ကို အနောက်ပို့၍ “မာမားက ဒီနေ့ဘဲလှတာလား..”


“မာမားက နေ့တိုင်း အရမ်းလှတယ်..”ဝမ်လေးက နေ့တိုင်း သူ့အမေကို ချီးကျူးနေကျဖြစ်သည်။ ဒါက သူ့အမေကို ပျော်ရွှင်စေပြီး သူ့ကိုလဲ ပျော်ရွှင်စေသည်။


ခုလိုအခြေနေမျိုးဆိုလျှင် စုန့်ထင်ရှန်းက အနောက်မှာဘဲ တိတ်ဆိတ်စွာ ထိုင်နေတတ်သည်။ သို့သော် ဒီနေ့တွင် ပထမဆုံးအကြိမ် သူကပြောလိုက်သည်။


 “မင်းက အရမ်းလှနေတယ်..”


အိုးမိုင်ဂေါ့..ဝေါင်း..


ယွမ်ရှက သူမ နားများကို မယုံနိုင်ဖြစ်နေသည်။ “တကယ်လား”


စုန့်ထင်ရှန်းက မသိမသာ အကြည့်လွှဲလိုက်သည်။ “အမ်း..”


ယွမ်ရှ၏ အတွေးထဲမှာ ယောကျာ်းများသည် အဖြူရောင်ဝတ်စုံကို ပို၍နှစ်သက်ကြောင်း သေချာနေသည်။


သို့သော် သူမ၏ စိတ်သည် စုန့်ထင်ရှန်း သူမကို ချီးကျူးလိုက်သောအခါ ပြောင်းသွားသည်။ စူန့်ထင်ရှန်းက မျက်စိဆရာဝန်ပြသင့်သည်ဟု သူမတွေးနေသည်။ အဲ့လိုမှမဟူတ်လျှင် သူမ လှတာကို ဘာလို့ ခုမှသိတာလဲ…အရင်တုန်းကလဲ သူမ ပန်းလေးတစ်ပွင့်လို လှပအောင် ဝတ်စားသည်။ သို့သော် သူ့ဆီက ခုလို ချီးကျူးမှုနှင့် လိုတာထက် ပိုသော အကြည့်ကို မရခဲ့ဖူးပေ။


သူမ ယခု ချီးကျူးမှုများစွာကို ရရှိခဲ့​ရော နောင်တွင် ဝမ်လေး၏ ချီးကျူးမှုတစ်ခုနှင့် လုံလောက်တော့မည် မဟုတ်ပေ။