အပိုင်း (၁၆၀)
Viewers 34k

Part 160


ဒီမြို့သည် မြို့ကြီးမဟုတ်ပေ။ ရွှေရောင်နေ့ရက် များတွင်တောင်မှ ယာဉ်အသွားအလာသည် လူများသွေးအန်ချင်လောက်တဲ့ထိ မဆိုးပေ။ ဆရာဝမ်၏ မွေးနေ့ပွဲကျင်းပသော ပင်လယ်စာ စားသောက်ဆိုင်ကို ရောက်သောအခါ စားပွဲထိုးက သူတို့ကို ကြီးမားသော အခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ထိုအခန်းထဲရှိ လေထုက အလွန်အသက်ဝင်လှသည်။


သူ့ဆရာ မွေးနေ့ပွဲနှင့်အတူ ငယ်သူချင်းများ ပြန်လည်ဆုံတွေ့ပွဲ ကျင်းပခြင်းပင်။


စုန့်ထင်ရှန်း လာနေသည်ကို မြင်သောအခါ လူတိုင်းက အံ့ဩသွားကြသည်။


“မတွေ့တာ အတော်ကြာပြီ လောင်စုန့်..ဘာမှ မပြောင်းလဲသွားဘူးနော် အရင်တိုင်းဘဲ…ငါကတော့ ထိပ်ပြောင်လုနီးပါးဖြစ်နေပြီး မင်းကတော့ဆံပင်ကောင်းတုန်းဘဲ…မတရားဘူး..မင်း ဘယ်လိုထိန်းသိမ်းလဲ ..လေ့ကျင့်ခန်းဘဲ လုပ်တာ မဟုတ်ဘူးမလား..”


“စုန့်ထင်ရှန်း လာပြီဘဲ…ငါတို့ ဘွဲ့ယူတုန်းက တစ်ခါဘဲတွေ့ရသေးတယ် ဟုတ်တယ်မလား…တကယ်ကြာပြီဘဲ..မင်းက တွေ့ဆုံပွဲတွေ ဘယ်တော့မှ မလာဘူး…လုယုံအန်းသာ mallမှာ မင်းကို မတွေ့ရင် ငါတို့ ဒီတစ်သက်တွေ့ရတော့မယ် မထင်ဘူး…”


လူတွေက စုန့်ထင်ရှန်း သူ၏ ဇနီးနှင့် သားကိုပါ ခေါ်ခဲ့သည်ကို တွေ့သောအခါ ပို၍ အံ့ဩသွားကြသည်။ အထူးသဖြင့် ယွမ်ရှက ၂၅နှစ် ဖြစ်ပြီး ဝမ်လေးက ၄နှစ်ဆိုတာကို သိသွားသောအခါ ပို၍ အံ့ဩနေကြသည်။


စုန့်ထင်ရှန်း၏ အရင်က အတန်းဖော် မိန်းကလေးများသည် ဝမ်လေးကို ပွေ့ထားကြပြီး ခိုးယူလိုက်ပြီဟု အော်၍ သွားခွင့်မပြုပေ။ 


ဝမ်လေးသည် သူ့ကိုယ်သူ အရူးမလုပ်ပေ။ သူ့စကားများသည် အလွန်ချိုသာပြီး သူတို့ကို အန်တီများဟု ခေါ်မယ့်အစား မမ လှလှ များဟုသာ ခေါ် လေသည်။ 


အတန်းဖော် မိန်းကလေးများက စုန့်ထင်ရှန်းခုလို ချောမောလှသော သူနှင့်အိမ်ထောင်ပြု၍ သားလေးရှိတာကို မယုံနိုင်ဖြစ်နေကြသည်။


အံ့ဩနေသော အတန်းဖော် ယောကျာ်းတစ်ယောက်ကပြောလာ​ေလသည်။ 


“လောင်စုန့်က အသက်၂၀ကျော် မိန်းကလေးကို လိုက်ထားတာဘဲ..”


ယွမ်ရှ ရယ်ချင်မိသွားသည်။


စုန့်ထင်ရှန်း၏ အတန်းဖော်များသည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု သူမခံစားမိသည်။ သူ့ကိုစကြသော်လည်း သူမ စိတ်မဆိုးပေ။ ဒါက စကားပြော အနုပညာရပ်တစ်ခု ဖြစ်သည်။ သူတို့သည် သူတို့နှစ်ယောက်၏ အသက်ကွာခြားမှုကို အံ့ဩကြသော်လည်း အဲ့ဒါက ထိခိုက်မှုမဖြစ်စေသော စပ်စုမှုဘဲဖြစ်သည်။


စုန့်ထင်ရှန်း၏ အမူအရာသည် ပုံမှန်ပင်ဖြစ်ပြီး တည်ငြိမ်နေသည်။ “ငါ သူမကို တွေ့တုန်းက သူမက တရားဝင်လက်ထပ်ယူလို့ရတဲ့ အရွယ်ရောက်နေပါပြီ..”


“…”


“တွက်ကြည့်တာ မင်းက မင်းရဲ့မိန်းမကို တွေ့တုန်းက အသက်၃၁တောင် ရှိပြီပေါ့…အမှန် ပြောပြစမ်းပါ…သူမရှေ့မှာ ကလေးခိုးတဲ့သူ တစ်ယောက်လို့ မင်းခံစားရလား…”


ကလေး ခိုးတဲ့သူ..


အထက်တန်းတုန်းက စုန့်ထင်ရှန်းသည် ထိပ်ဆုံးကျောင်းသားဖြစ်ပြီး အတန်းခေါင်းဆောင်ဖြစ်ခဲ့သည်။ ပြီးတော့ စာကိုသာ အာရုံစိုက်သည်။ သူ့ထက် ၁၁နှစ်လောက် ငယ်တဲ့ ကောင်မလေးနဲ့ လက်ထပ်ပြီး ကလေးရမယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ..


စုန့်ထင်ရှန်းက သူ့အတန်းဖော်များရှေ့တွင် မ​​ပေါ် လာတာ ကြာပြီဖြစ်သောကြောင့် အခုစကားပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်နေသည်။ အားလုံးက သူ့ကို စနှောက်ကြပြီး ကျောင်းတုန်းကလိုမျိုး ရင်းနှီးမှု ရှိကြသည်။ 


အားလုံးက ကိုယ်ပိုင်မိသားစုများ ရှိကြပြီး အသိုင်းအဝိုင်းမှာလဲ မတူညီသောဂုဏ်ပုဒ်များ ရှိကြသော်လည်း သူတို့ပြန်ဆုံရသောအခါတွင်မူ ငယ်စဥ်ကလို လွတ်လပ်ပေါ့ပါးစွာပြောဆိုနေကြလေသည်။


လူအများဆုံး စိတ်ဝင်စားကြသည်မှာ စုန့်ထင်ရှန်း၏ ကုမ္ပဏီဘယ်လောက်ကြီးနှင့် အကျိုးအမြတ်များ မဟုတ်ပေ။ တကယ်တော့ အဲ့ဒါတွေက သူတို့နှင့် မဆိုင်ပေ။ သူတို့သည် မွေးနေ့ပွဲကို အာရုံမရောက်ကြဘဲ ပြန်လည်ဆုံတွေ့မှုကို စိတ်ပြောင်းသွားပြီး လူကြီးဘဝက ရှုပ်ထွေးသော အရာများကို မပြောကြပေ။


“အတန်းခေါင်းဆောင် မင်းက ခြိုးခြံချွေတာတဲ့ လူမျိုးလို့ ငါထင်တယ်..”


ခြိုးခြံချွေတာတဲ့လူ…


စုန့်ထင်ရှန်း၏ မျက်နှာသည် မပြောင်းလဲပေ။ “ဘုန်းတော်ကြီး ညီအစ်ကိုထဲမှာတော့ မပါပါဘူး..”