Part 161
စုန့်ထင်ရှန်း၏ အတန်းဖော်များသည် သူ၏ လက်တွဲပေါ် ရွေးချယ်မှုကို အံ့ဩနေကြသည်။ ကျောင်းတုန်းက သူသည် ထိပ်ဆုံးကျောင်းသားဖြစ်ပြီး အေးတိအေးစက်ဖြင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ နေရာမှာ တော်သောသူ တစ်ယောက်ဖြစ်သည်။ စုန့်ထင်ရှန်းသည် သူ၏ ပုံစံကို ကောင်းကောင်းထိန်းသိမ်းပြီး တည်ငြိမ်ရင့်ကျက်တဲ့ ပုံပေါက်၍ ယွမ်ရှနှင့် တူတူရှိနေလျှင် အလွန်လိုက်ဖက်သည်။ ယွမ်ရှက သူကြိုက်သည့် ပုံစံဖြစ်မည်ဟု ယုံကြည်ကြသည်။
ယွမ်ရှသည် ထူးချွန်ထက်မြက်သူတစ်ယောက်မဟုတ်သော်လည်း ၊ စုန့်ထင်ရှန်းထက် ငယ်၍ လှပသောကြောင့် တစ်ခြားသူများက သူမ၏ ကျန်အရည်အချင်းများကို လျစ်လျူရှုထားကြလေသည်။
လူအများစုက ဒီလိုမျိုးအတွဲကို ကြည့်သောအခါ ပုံမှန်ပင်ဖြစ်သည်။ အားလုံးက စုန့်ထင်ရှန်းကို ရုပ်ရည်ဦးစားပေးသူဟုသာ ထင်ကြသည်။
ယွမ်ရှက စုန့်ထင်ရှန်း၏ ဇနီးဖြစ်ပြီး လေးနှစ်အရွယ် ကလေးတစ်ယောက်ရပြီးတာတောင်မှ သူမကို သက်တူရွယ်တူလို မဆက်ဆံပေ။ သူမသည် အလွန်ငယ်ရွယ်ေနပြီး သူတို့မှာမူ သားသမီး မြေးမြစ်များရှိကြေပသည်။ သူမက သူတို့ထက် အနည်းငယ်ဘဲ ငယ်ရင်တောင် သူတို့ကို ဦးလေးနှင့် အဒေါ်များဟု ခေါ်လို့ရသေးသည်။
သူတို့သည် အတွင်းရေးအကြောင်းအရာများ မရောက်ခင် ရပ်လိုက်ကြသည်။ စနောက်ကြပြီးကျောင်းတုန်းက အမှတ်တရများကို ပြောကြဆိုနေကြစဥ် ဆရာဝမ်ရောက်လာလေသည်။
ယွမ်ရှ ထို အသက်ခြောက်ဆယ်ကျော် လူကို ကြည့်လိုက်သည်။
သူက ဘောင်းဘီ အနက်ရောင်နှင့် အဖြူရောင် အင်္ကျီလက်တိုကို ဝတ်ထားပြီး ဆံပင်များက အဖြူရောင်ဖြစ်နေလေပြီ။ သို့သော် သူ့ခါးကတော့ မတ်နေသည်၊။ သူ့ကိုကြည့်ပြီး သူငယ်တုန်းက ချောမောခဲ့လိမ့်မည် ဆိုတာကို သူမ သိသည်။
လူအနည်းစုက သူ့ဆီသွားကာကြိုလိုက်ပြီး ထိုင်ရန်ပြောကြသည်။ ဆရာဝမ်က မှတ်ဉာဏ်ကောင်းပြီး သူ၏ကျောင်းသားများကို မှတ်မိေနသည်။
သူ စုန့်ထင်ရှန်းကို မြင်သောအခါ သူအနည်းငယ် အံ့ဩသွားသည်။
“ဘာကြောင့် ပြန်လာတာလဲ..”သူ၏ အသံသည် စိတ်ဝင်စားပြီး ရင်းနှီးသည့် အသံဖြစ်နေသည်။ ဆရာနှင့် တပည့်များသည် ဒီရင်းနှီးမှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ရလိမ့်မည်။
စုန့်ထင်ရှန်းက ဝမ်လေးလက်ကိုတွဲ၍ ဆရာဝမ်ဆီသို့ခေါ်သွားလိုက်သည်။ “ဒီတစ်ခေါက်က ကျွန်တော့်မိဘတွေ အုတ်ဂူပြန်ဆောက်ပေးဖို့ ပြန်လာတာ..ဆရာ့ဆီကို လာမလို့ဘဲ ဆရာ့တပည့်တွေက စိတ်ထက်သန်ပြီး ဆရာ့ကို မွေးနေ့လုပ်ပေးမယ်ဆို သိလိုက်ရတယ်..”
သူ ရပ်လိုက်ပြီး “ဆရာ ဒါက ကျွန်တော့်မိန်းမ ယွမ်ရှ ဒါက ကျွန်တော့်သား ဝမ်လေးပါ..ဆရာ နာမည်ရွေးခဲ့ပေးတာလေ..”
ယွမ်ရှသည် ချက်ချင်း ဆရာဝမ်ကို ကိုင်းညွှတ်၍ နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ ဆရာ”
သူမ၏ နှလုံးထဲမှ သူမ ထိုကဲ့သို့သော လူမျိုးကို အလွန်လေးစားသည်။ နှစ်ပေါင်းများစွာ သူကတိတည်နိုင်တာက အလွန်အံ့ဩစရာကောင်းသည်။ တပည့်တွေကို အရင်ဆုံး တွေးပေးပြီး ဂရုစိုက်တဲ့ ဆရာကို တွေ့ရဖို့ အလွန်ရှားပါးသည်။
ပိုပြီး ချီးကျူးစရာကောင်းတာက သူသည် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကျောင်းသားများကို အမြဲကိုယ်ချင်းစာသည်။ ထို့ပြင် သူကူညီနိုင်သမျှ ကူညီပေးသည်။ ဒီအရာက ကမ္ဘာပေါ်မှာ လူကောင်းတွေရှိသည် ဆိုတာကို ယွမ်ရှကို တွေးမိစေသည်။
ဆရာဝမ်က ယွမ်ရှကို ကြည့်လိုက်သည်။ သူ၏ အကြည့်က လူငယ်များကို တန်ဖိုးထားမှုများနှင့် ပြည့်နေသည်။ “မင်္ဂလာပါ…”
ဝမ်လေးကို ပွေ့၍ မေတ္တာတရားနှင့် ပြည့်ဝသော မျက်နှာဖြင့် ပြောလိုက်သည်။
“ငါမင်းကို ပုံတွေထဲမှာ မြင်ဖူးပါတယ်..မျက်စိအောက်တင် မင်းကအရွယ်ရောက်လာပြီဘဲ..မင်းနာမည်က ဝမ်လေး ဟုတ်တယ်မလား..ဒါကအရမ်းလှတဲ့ နာမည်လဲ ဒီကလေးက စုန့်မျိုးနွယ်ရဲ့ ကံကောင်းခြင်းဘဲ ဖြစ်ရမယ်..”
ဝမ်လေးသည် လူများကို အလွန်ခင်မင်တတ်သော သူဖြစ်ပြီး ဆရာဝမ်၏ ပုခုံးကို ဖက်၍ စုန့်ထင်ရှန်း၏ တွန်းအားပေးမှု မပါဘဲ ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။ “ဟိုင်း ဖိုးဖိုး.”
ဆရာဝမ်က ပြုံးလိုက်ပြီး ဝမ်လေးကို သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်း၍ မေးလိုက်သည်။ “မင်းက လေးနှစ်ရှိပြီဆိုတော့ မူကြိုတက်နေတာပေါ့ ဟူတ်လား..”
ဝမ်လေးက ခေါင်းငြိမ့်၍ “ဟုတ်ကဲ့..သားက မူကြိုကို အပတ်တိုင်း သွားရတယ်..”
“ကျောင်းသွားရတာကို သဘောကျလား..”
ဝမ်လေးက သူ့အဖေနှင့် အမေကိုကြည့်ပြီး ရိုးသားစွာ ဖြေလိုက်သည်။
“တစ်ခါတစ်လေ သဘောကျပြီး တစ်ခါတစ်လေ သဘောမကျဘူး…မကြိုက်တာက ပိုများတယ်..”