အပိုင်း (၁၆၂)
Viewers 31k

Part 162


လေးနှစ်အရွယ် ကလေးလေးက သူ့ကိုယ်သူ မိတ်ဆက်တတ်တာကို ဆရာဝမ်က အံ့ဩနေသည်။ “မင်းက မင်းအဖေထက် ပိုပြီးတော့ စမတ်ဖြစ်တယ်နဲ့တူတယ် ကြီးလာရင် မင်းအဖေထက် ပိုအလုပ်ကြိုးစားဖို့လိုတယ်..”


“သားက ပါပါးလောက် စမတ်မဖြစ်ပါဘူး..”ဝမ်လေးက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ “သားမသိတဲ့ အရာတွေဆို ပါပါးက သိပြီးသားဘဲ..ပါပါးက အရမ်းအံ့ဩစရာကောင်းတယ်..”


ဘေးမှာထိုင်နေသော လူများထဲမှ တစ်ယောက်က သက်ပြင်းချ၍ ပြောလ်ိုက်သည်။ “သူက ထိပ်ဆုံးကျောင်းသားရဲ့ သားဖြစ်ရတာ ထိုက်တန်တယ်..”


“ကျောင်းတုန်းက မင်းရဲ့ ပါပါးက စာသင်ခန်းက မီးတွေပျက်သွားတာတောင် ရတဲ့မီးနဲ့ စာဆက်ဖတ်နေတတ်တယ်” ဆရာဝမ်က ပြောလိုက်သည်။ “နွေရာသီဖြစ်ဖြစ် ဆောင်းရာသီဖြစ်ဖြစ် သူက စာသင်ခန်းထဲမှာ ပထမဦးဆုံးရောက်တဲ့သူဘဲ..”


ဝမ်လေးက ဆရာဝမ်ပြောနေတာတွေကို နားမလည်ပေ။ ထို့ကြောင့် သူကမေးလိုက်သည်။ “…ဘာလို့ ပါပါးက မီးမဖွင့်တာလဲ…အိမ်မှာဆို မီးတွေ အများကြီးရှိတယ်…”


ယွမ်ရှသည် လွန်ခဲ့သော ရက်အနည်းငယ်က စုန့်ထင်ရှန်း ငယ်တုန်းကအကြောင်းများကို သူများတွေ ပြောကြသောကြောင့် သိခဲ့ရသည်။ သူက ဆင်းရဲခဲ့သော်လည်း ပြင်းပြသောဆန္ဒရှိသည်။ သူမသည် ယခုသူ့ကိုကြည့်လိုက်လျှင် ကိုယ့်ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိသော အတိတ်က စုန့်ထင်ရှန်းကို မြင်နိုင်သည်။


သူမ သူ့အကြောင်းကို ပိုသိလေလေ သူ၏ အေင်မြင်မှုသည် အလုပ်အလွန်ကြိုးစားခြင်း၏ ရလဒ်ဖြစ်ကြောင်း နားလည်လေဖြစ်သည်။


သူမ စုန့်ထင်ရှန်းအပေါ် အမြင်က ပို တိုးလာသည်။ သူမသည် စုန့်ထင်ရှန်းကို ကြည့်ပြီး သူမဒီဘဝကို လာဖို့ဆုံးဖြတ်ခဲ့တာကို ဝမ်းသာနေသည်။ သူသည် အလွန်တော်သော လူတစ်ယောက်ဖြစ်ပြီး အများကြီးခံစားခဲ့ရသည်။ သူမ ဘာမှမလုပ်ဘဲ သူ့ကို စောစော သေခိုင်းခဲ့မယ်ဆိုရင် ဒါက အလွန်ဆိုးဝါးမည်ဖြစ်သည်။ စာရေးသူက စုန့်ထင်ရှန်းလို အရာရာပြည့်စုံသောသူကို ဘယ်လိုလုပ်ပြီး သတ်ပစ်ရက်မှာလဲ။


ပွဲဧည့်ခံ ကျွေးမွေးတော့မည့် အချိန်တွင် အမျိုးသမီး ဧည့်သည် တစ်ယောက်ရောက်လာသည်။ 


သူမသည် ပရော်ဖက်ရှင်နယ်ဆန်သော ဝတ်စုံကို ဝတ်ထားပြီး အတွေ့အကြုံရှိ၍ ထက်မြက်သောပုံပေါက်သည်။ သူမသည် ဆံပင်တိုပြီး မျက်နှာအမူအရာသည် နူးညံ့သောပုံပေါက်သည်။ ထိုအရာများသည် သူမ၏ စိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သောလည်း အပေါ်ယံကြည့်လျှင် လိုက်ဖက်ညီသည်။ သူမသည် လက်ထဲတွင် မှတ်စုစာအုပ် ကိုင်ထားပြီး ဒီကို ရောက်လာသည်။


သူမသည် စုန့်ထင်ရှန်းကို တွေ့သောအခါ တစ်ခြားသူတွေကို ကြည့်တာထက် ပိုကြာကြာကြည့်နေသည်ကို ယွမ်ရှ သတိထားမိသည်။ ထိုအမျိုးသမီးသည် သူမ၏ ရှုပ်ထွေးသော ခံစားချက်များကို ဖုံးကွယ်ထားရတာ ခက်ခဲနေသည်။ 


ဒီအမျိုးသမီးက စုန့်ထင်ရှန်းရဲ့ အချစ်ဦးဖြစ်နိုင်လား..


ယွမ်ရှသည် လိမ္မော်ဖျော်ရည်ကို သောက်ရင်း ထိုအကြောင်းကို တွေးနေသည်။ သို့သော် သူမ စုန့်ထင်ရှန်းကို ကြည့်လိုက်သောအခါ သူမထင်သလို မဟုတ်တာကို တွေ့ရသည်။ သူ့အမူအရာသည် အမြဲတည်ငြိမ်နေသောကြောင့် သူမ ခန့်မှန်းလို့ ရမည်မဟုတ်ပေ။


“ရီယွမ် မင်းက နောက်ဆုံးရောက်တဲ့သူဘဲ ပြစ်ဒဏ်အနေနဲ့ ဝိုင်သုံးခွက် သောက်ရမယ်..”


“မင်းက အလုပ်အရမ်းများတဲ့သူဆိုတာ ငါတို့သိပေမယ့် ဒီနေ့က အထူးနေ့လေ…ဆရာဝမ်ရဲ့ မွေးနေ့ပွဲကို မင်းက နောက်ကျတယ်…ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဝိုင်သုံးခွက်ဘဲ သောက်ခိုင်းပြီး သက်ညှာပေးလိုက်မယ်..”


စုန့်ထင်ရှန်း၏ အချစ်ဦးလို့ ယွမ်ရှ ယူဆသော ရီယွမ်သည် အသီးဝိုင် သုံးခွက်ကို ဆက်တိုက်သောက်လိုက်သည်။ “ငါအများကြီးသောက်လို့မရဘူး..ဒီနေ့ညနေ clientတစ်ယောက်နဲ့  ဆွေးနွေးဖို့ ရှိသေးတယ်..အမေရိကန်တွေရှေ့မှာ အရက်မူးတဲ့ မျက်နှာ ဖြစ်နေလို့ မဖြစ်ဘူး..”


“ဒါဆို ဒီနေ့ ငါတို့ မင်းကို အလျှော့ပေးလိုက်မယ်..”


ရီယွမ်က စုန့်ထင်ရှန်းကို ကြည့်၍ ပြုံးပြလိုက်သည်။ “ဒီနေ့ အတန်းခေါင်းဆောင်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး…ဒီတစ်ခါလဲ မထင်မှတ်ဘဲ ထပ်တွေ့ရပြန်ပြီ.. ငါတို့ ​ေနာက်ဆုံးတွေ့တုန်းကနဲ့ဆို အချိန်တော်တော်ကြာပြီ…”


“မဟုတ်သေးပါဘူး…ငါတို့ အတန်းခေါင်းဆောင်နဲ့ အဆက်အသွယ် မရှိတာက ဟုတ်သေးတယ် မင်းနဲ့တောင်မှ အဆက်အသွယ်မလုပ်ဖြစ်ဘူးလား…အရင်တုန်းက မင်းတို့က အရမ်းလိုက်ဖက်တယ်…တစ်ယောက်က အတမ်းခေါင်းဆောင် တစ်ယောက်က အင်္ဂလိပ်စာ ကိုယ်စားပြုသူ..မင်းတို့နှစ်ယောက် သတင်းခေါင်းစဉ်ကို တူတူထုတ်ပြီး blackboard မှာ တင်တုန်းက ပထမရခဲ့သေးတယ်လေ…”


ယွမ်ရှ အတွေး “သူတို့ရဲ့ ဆက်ဆံရေးက ပေါ့ပေါ့တန်တန်တော့ မဟူတ်ခဲ့ဘူး…မော်နီတာနဲ့ အင်္ဂလိပ်စာ ကိုယ်စားပြုလို့ ပြောကတည်းက ကျောင်းမှာ တရားဝင် စုံတွဲဖြစ်ခဲ့ရမယ်…”