Part 163
ရီယွမ်က ပြုံးလိုက်သည်။ “ငါက ဒီမှာနေခဲ့ပြီး သူက မြို့ကို ပြောင်းသွားခဲ့တယ်…အဲ့ဒါက အရမ်းဝေးတယ်…ပြီးတော့ အထက်တန်းပြီးတော့ တက်တဲ့ ကောလိပ်လဲ မတူခဲ့ဘူး…အဲ့ဒါကနေ ငါတို့ အဆက်အသွယ်မရှိတော့တာဘဲ..”
စုန့်ထင်ရှန်းက တိတ်ဆိတ်စွာ သူမနှင့်အတူ ခွက်ကိုကိုင်မြှောက်လိုက်သည်။
“မင်းတို့ နှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးကြိုးစားကြတယ်…လောင်စုန့်ကတော့ ပြောစရာမလိုဘူး…အခုမြို့ထဲက လူတွေက သူ့ကို CEOစုန့်လို့ ခေါ်နေကြပြီ…ရီယွမ်လည်း တော်တယ် ..မင်းကုမ္ပဏီက နိုင်ငံကျော်နေပြီး မင်းက စီမံခန့်ခွဲရေးလို့ ကြားတယ်…မင်းရဲ့ ကုမ္ပဏီက နာမည်ကြီးလာရင် မင်းက ရှယ်ယာတွေ အများကြီးရမာမဟုတ်လား..မင်းတို့နှစ်ယောက်က ငါတို့နဲ့ မတူဘူး…ငါတို့ကတော့ သာမာန်ရိုးရိုးဘဲ..”
“ပြီးတော့ မင်းတို့ထဲက တစ်ယောက်က အတန်းထဲမှာ ထိပ်ဆုံးဖြစ်ခဲ့ပြီး တစ်ယောက်က ဒုတိယဖြစ်ခဲ့တယ်…စာသင်တာက အသုံးမဝင်ဘူးလို့
အင်တာနက်သုံးစွဲသူတွေက ပြောနေကြတယ်..ငါတို့ အတန်းဖော်တွေကို ကြည့်လိုက်…အဲ့တာက မမှန်ဘူးဆိုတဲ့ ဥပမာဘဲ..မင်းတ်ု့နှစ်ယောက်လုံးကို ရင်ထဲကနေ လေးစားအားကျတယ်…လာကြ လာကြ ဆုတောင်းကြမယ်..”
“ရီယွမ်က အိမ်နဲ့ ကားနဲ့ ပိုင်တယ်..သူက အားလုံးပိုင်ဆိုင်တယ် သူမက Ms. perfect ဘဲ..သနားစရာ ကောင်းတဲ့ အချက်တစ်ခုရှိတယ် သူမမှာ ကောင်လေးမရှိဘုး..”
အမျိုးသမီးထဲက တစ်ယောက်က ဝင်ပြောလိုက်သည်။ “သူမကို ကောင်လေးတွေနဲ့ မိတ်ဆက်ပေးမလို့ဘဲ..ဒါမဲ့ သူမက သူတို့နဲ့အတူ ညစာစားဖို့တောင် အချိန်မရှိဘူး..ငါတို့အတန်းခေါင်းဆောင်က လက်ထပ်ပြီးလို့ ကလေးတောင် လေးနှစ်အရွယ်ရောက်နေပြီ ရီယွမ်က အလုပ်ကိုဘဲ အာရုံစိုက်တုန်း..ငါစိတ်ပူလို့ သေတော့မယ်..”
“အဲ့တာက သနားစရာကောင်းတယ်လို့ မထင်ပါဘူး..”ရီယွမ်က တည်ငြိမ်စွာဖြင့် ထိုင်လိုက်သည်။ “လူတိုင်းရဲ့ ပန်းတိုင်က လက်ထပ်ပြီး ကလေးမွေးဖို့ မဟုတ်ဘူး…အခုဘဝကို ငါပျော်တယ်…လက်ထပ်တာက ငါ့ရည်မှန်းချက် မဟုတ်ဘူး..အဲ့ဒါက ငါလုပ်စရာမလိုတဲ့ အရာတစ်ခုဘဲ..”
ယွမ်ရှ သူမကို ချီးကျူးချင်သွားသည်။
သူမ ပြောတာ မှန်တယ်..လူတိုင်းမှာ မတူတဲ့ အိမ်မက်တွေရှိကြတယ်…လူတိုင်းက အိမ်ထောင်ပြုပြီး ကလေးယူဖို့ မဟုတ်ဘူး…ဘာကြောင့်လဲဆိုတော့ တစ်ချို့လူတွေက အိမ်ထောင်ပြုပြီး ကလေးယူမှ ပြည့်စုံတယ်လို့ တွေးကြလို့်ဘဲ..လူတိုင်း အဲ့လိုနေစရာ မလိုဘူး..
သူမသည် ရီယွမ်ကဲ့သို့ မှီခိုခြင်းကင်းသော လူများကို တကယ်သဘောကျသည်။ စုန့်ထင်ရှန်း၏ အချစ်ဦး ဖြစ်ခဲ့မယ်ဆိုလျှင်လည်း သူမ သဘောကျဆဲဖြစ်သည်။
ကျွေးမွေးသည့် အပိုင်းက ပျော်ရွှင်စွာဖြင့် ပြီးဆုံးသွားသည်။ စားသောက်နေကြစဉ် အတောအတွင်း စုန့်ထင်ရှန်း၏ အရင်တုန်းပ အတန်းဖော်များသည် အဆင့်အတန်းမြင့်ကြောင်း ယွမ်ရှ တွေ့ရသည်။ သူတို့၏ ရီစရာကောင်းသလို ကျွမ်းကျင်သော ချီးကျူးမှုများက ပျော်စရာကောင်းပြီး ဘယ်သူကမှ အကျပ်ရိုက်စေသော နှိုင်းယှဉ်မှုများ မပြုလုပ်ပေ။ တစ်ယောက်နှင့် တစ်ယောက်လဲ မနာလို မဖြစ်ကြပေ။ သူတို့၏ အာရုံသည် အထက်တန်းဘဝက အမှတ်တရများကိုဘဲ ရောက်နေကြသည်။ ယွမ်ရှက တိတ်ဆိတ်နေရတာကို သဘောကျသည်။
စားပြီးသွားကြသောအခါ သူတို့ ချက်ချင်း မပြန်ကြသေးပေ။ ယွမ်ရှသည် မိတ်ကပ် အနည်းငယ် ပြန်ပြင်ရန် သန့်စင်ခန်းသို့ သွားသည့်အချိန်တွင် ရီယွမ်နှင့်တွေ့ကြပြီး တစ်နေရာထဲတွင် တူတူအသုံးပြုလိုက်ကြသည်။
ယွမ်ရှသည် မိတ်ကပ်ဗူးနှင့် နှုတ်ခမ်းနီကို ထုတ်လိုက်ပြီး ရီယွမ်ကလဲ အတူတူပင်ဖြစ်သည်။
အမျိုးသမီးများ၏ ပင်ကိုယ်စရိုက်သည် ဆန်းကြယ်သည်ဟု လူတွေက ပြောကြသည်။ ယွမ်ရှသည် ရီယွမ်က စုန့်ထင်ရှန်းကို မပြောဘဲထားသော ခံစားချက်များရှိမည်ဟု ထင်နေဆဲဖြစ်သည်။ အစားစားကြတုန်းက ရီယွမ်က စုန့်ထင်ရှန်းကို စကားစပြောခဲ့သော်လည်း စုန့်ထင်ရှန်းက အများကြီး မဖြေသောကြောင့် သူမ သူ့ကို နောက်ထပ် မေးခွန်းများ မမေးတော့ပေ။ အဲ့ဒီအစား သူမ စကားလွှဲလိုက်ပြီး တစ်ခြားသူများနှင့် ပြောနေလိုက်သည်။
သူမ၏ ကိုယ်ကျင့်တရားကြောင့် ဖြစ်နိုင်သည်။ သူက မာနကြီးတဲ့သူတစ်ယောက် ဖြစ်ပေမည်
ရီယွမ်က လီကျင်းနှင့် မတူသည်ကို ယွမ်ရှသိသည်။
ညစာစားပွဲမှာတုန်းက ရီယွမ်သည် အိမ်ထောင်ရှိသော လူတစ်ယောက်ကို လိုချင်တာက မသင့်တော်သည်ကို သူမသိသည်ဟု ယွမ်ရှ ယုံကြည်သည်။ ရီယွမ်က မာနနှင့် ဂုဏ်သိက္ခာရှိသည့် သူတစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်သည် စကားမပြောကြပေ။ သို့သော် ရီယွမ်သည် သန့်စင်ခန်းမှ ထွက်တော့မည့်အချိန်တွင် သူမကို ယဉ်ကျေးစွာ ပြုံးပြသည်။