Part 164
သူ၏ အရင်တုန်းက ကျောင်းသားများနှင့် ညစာစား စကားပြောကြပြီးနောက် ဆရာဝမ်သည် သူ၏ အသက်အရွယ်ကြောင့်နှင့် အိမ်မာကျန်ခဲ့သော ခွေးလေးကို စိတ်ပူသောကြောင့် စောစောပြန်ချင်နေသည်။
စုန့်ထင်ရှန်းက ဆရာဝမ်ကို အိမ်ပြန်လိုက်ပို့ပေးမည်ဖြစ်ပြီး ယွမ်ရှနှင့် ဝမ်လေးကလဲ သူနှင့်အတူ ထွက်ခဲ့ကြသည်။
ဘယ်သူမှ မကန့်ကွက်ကြပေ။ ဆရာဝမ်သည် ကျောင်းတုန်းက တန်ဖိုးအထားဆုံးနှင့် အကောင်းဆုံး ဆက်ဆံသည့်သူသည် စုန့်ထင်ရှန်းဖြစ်သည်။ ဆရာနှင့်တပည့် ဆက်ဆံရေးသည် ဘယ်တော့မှ မပျက်စီးခဲ့ပေ။ ဆရာဝမ်က စုန့်ထင်ရှန်းကို သူ့သားအရင်းကဲ့သို့ သဘောထားသည်ဟု လူတိုင်းနီးပါး ပြောကြသည်။
စုန့်ထင်ရှန်းနှင့် သူ၏မိသားစုသည် ဆရာဝမ်နဲ့ အတူထွက်သွားပြီးနောက် ခန်းမထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ တကယ်တော့ သူတို့အားလုံးတွင် မိသားစုကိုယ်စီ ရှိကြသည်။ ဘယ်သူကမှ အသက်သုံးဆယ်ကျော်မှာ ကာရာအိုကေနှင့် ဘားများသွားရန် ဆန္ဒမရှိပေ။ သူတို့သည် သူတို့၏ ဇနီးများနှင့်ကလေးများ နှင့်အတူ အချိန်ကုန်ဆုံးရန် အိမ်သို့ ပြန်ချင်ကြသည်။
ရီယွမ်က ဒီကို ကားမောင်းလာခဲ့ခြင်းဖြစ်ပြီး မွေးနေ့ပွဲကို လာသောသူမ၏ အချစ်ဆုံးသူငယ်ချင်းထဲမှ တစ်ယောက်သည်လည်း သူမနှင့် အိမ်နီးသောကြောင့် လိုက်ပို့လိုက်သည်။
ကားထဲတွင် သူမ သူငယ်ချင်းက နောင်တရစွာဖြင့် သက်ပြင်းချ၍ ပြောလိုက်သည်။
“ငါ စုန့်ထင်ရှန်းကို ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး…ငါလတိုင်း စကင်းခဲ ပစ္စည်းတွေဝယ်ပြီးသုံးနေတာတောင် သူ့လောက် အရွယ်မတင်တာ စိတ်တိုဖို့ကောင်းတယ်…အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးအသက်ကြီးမြန်တယ်ဆိုတာ မမှန်နိုင်ဘူး ဟုတ်တယ်မလား…ဒါက မတရားဘူး..ငါက သူ့ထက် တစ်နှစ်ငယ်ပြီး ဘာလို့ သူ့ထက် အသက်ပိုကြီးတဲ့ပုံပေါက်နေရတာလဲ..”
ရီယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “စိတ်လျှော့ပါ…နင်က ကလေးနှစ်ယောက်တောင် မွေးပြီးပြီ…မင်း ကျန်းမာရေးနဲ့ အလှအပကို ထိန်းသိမ်းလည်း ကလေးမွေးပြီး ပျက်စီးမှုကတော့ ရှိမှာဘဲ…မင်းက အလှအပကို အကောင်းဆုံး ထိန်းသိမ်းခဲ့ပြီးပြီပဲ..”
“….ဟုတ်ပါတယ်လေ…”သူ့သူငယ်ချင်းက သက်ပြင်းချလိုက်သည်။ “ငယ်ရွယ်တဲ့အချိန်မှာ ကလေးယူတာက ပိုကောင်းတယ်…စုန့်ထင်ရှန်းရဲ့ မိန်းမကို ကြည့်လေ..သူမက ၂၅နှစ်ဘဲ ရှိသေးတယ်လို့ကြားတယ် သူမက အသက်နှစ်ဆယ်ကျော်ထဲမှာ ကလေးစောစော ယူထားတာထင်တယ်…သူမရဲ့ အသွင်အပြင်နဲ့ အသားအရည်က အရမ်းလှတယ်…သူမက ကလေးရှိတယ်လို့ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး…ဒါမှန်းသိရင် ငါလဲ ကလေးစောစော ယူခဲ့ပါတယ်…”သူမ စကားပြောတာရပ်လိုက်ပြီး ရီယွမ် ကိုကြည့်လိုက်သည်။ “အဲ့တာကြောင့် နင်လဲ သင့်တော်တဲ့ လက်တွဲဖော် မြန်မြန်ရှာသင့်တယ်..နင်က ၃၅ရှိပြီ…ကလေးယူဖို့ အကြီးဆုံးအသက်အရွယ်လို့ ပြောလို့ရတယ်..”
ရီယွမ်က ကားလက်ကိုင်ကို ဖိညစ်လိုက်သော်လည်း မျက်နှာအမူအရာကတော့ မပြောင်းလဲသွားပေ။ ဒီနှစ်တွေမှာ လူအများစုက သူမကို အိမ်ထောင်ပြုဖို့ တွန်းအားပေးကြသည်။ သူမ မိဘတွေကလဲ ဒီအကြောင်းကို အကြိမ်ပေါင်းများစွာပြောနေသော်လည်း သူမ ယခုဘဝကို မစွန့်လွှတ်ပေ။ ဘာကြောင့်လဲ ဆိုတော့ သူမ၏ ရည်ရွယ်ချက်က တစ်ခြားနေရာ ရောက်နေလို့ဖြစ်သည်။ လူများစွာပြောသော စကားလုံးများက သူမ၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ပေ။
သူမ သူတို့ကို ထပ်ကာထပ်ကာ ပြောပြီးသားဖြစ်သောကြောင့် သူမ အချိန်ထပ် မကုန်ချင်တော့ပေ။
ရီယွန်ဆီက ပြန်ပြောသံမကြားသောကြောင့် သူမ သူငယ်ချင်းက ထပ်ပြောလိုက်သည်။ “နင်နဲ့ စုန့်ထင်ရှန်း က ဘယ်လိုမှ မဖြစ်နိုင်ဘူး…နင်တို့နှစ်ယောက်က လိုက်ဖက်ညီပေမဲ့…သူက မိန်းမနဲ့ ကလေးရှိတာကြောင့် ဒီစကားတွေ ပြောဖို့ နောက်ကျသွားပြီ..စုန့်ထင်ရှန်းသာ နင့်ကို ကြိုက်ခဲ့မယ်ဆိုရင် အခုချိန် ကလေးတွေ ရနေလောက်ပြီ ဟုတ်တယ်မလား…နောက်ဆုံးတော့ နင်က ခံစားချက်တွေကို ရှာဖွေနေတာဘဲ..ခံစားချက်တွေက ဘာလုပ်လို့ရမှာလဲ…လူနှစ်ယောက် လက်ထပ်လိုက်တာနဲ့ အားလုံးတူတူဖြစ်သွားတာဘဲ…သူတို့အပေါ် ခံစားချက်ရှိတာနဲ့ မရှိတာနဲ့ အများကြီး မကွာပါဘူး…နင်က နေ့ရက်တွေကို ဖြတ်သန်းနေရအုန်းမာဘဲ..”
ရီယွမ်က နောက်ဆုံးတော့ ပြောလိုက်သည်။ “အဲ့ဒါက သနားစရာကောင်းတယ်လို့ မထင်ပါဘူး..အဲ့အတွက်လဲ ငါနောင်တမရဘူး…ပြီးတော့ ကောလိပ်ဝင်ခွင့်တွေ ပြီးသွားတဲ့အချိန်တုန်းကသူ့ကို ငါ့ခံစားချက်တွေ ဝန်ခံခဲ့တယ်..”
“…ဘယ်လို..နင်အဲ့အကြောင်းကို တစ်ခါမှ မပြောဖူးပါဘူး..”ဒါက ကြီးမားတဲ့ သတင်းတစ်ခုဖြစ်ပြီး ရီယွမ်က စုန့်ထင်ရှန်းကို ဝန်ခံခဲ့ကြောင်း ဘယ်သူမှ မသိခဲ့ပေ။