အပိုင်း (၁၆၅)
Viewers 34k

Part 165


" နင် တို့လဲ ငါ့ကိုမမေးဘူးလေ..”ရီယွမ်က လမ်းမကိုဘဲ အာရုံစိုက်နေသည်။ “သူလဲ ငါ့ကို သဘောမကျဘူး..ပြီးတော့ ငါလဲ သူ့ကိုထပ်လိုက်စရာ အကြောင်းမရှိဘူး…ငါ့မှာ အိမ်လဲရှိတယ် ကားလဲရှိတယ် စုထားတဲ့ပိုက်ဆံတွေလဲရှိတယ်…အခုငါ့မှာ မရှိတဲ့အရာ ဘာမှမရှိဘူး..ငါတစ်နေ့လက်ထပ်ဖြစ်ခဲ့မယ်ဆိုလျှင် အဲ့လူက ငါလက်တွဲဖော်မရှိလို့ ယူတာမဟူတ်ဘဲ ငါတကယ်ချစ်လို့ဘဲ…ထပ်ပြောရမယ်ဆိုရင် လူတိုင်းရဲ့ အိမ်မက်က လက်ထပ်ပြီး ကလေးယူဖို့ မဟုတ်ဘူး..”


“သူနင့်ကို သဘောမကျတာကို အံ့ဩတယ်…ပြီးတော့ အတန်းထဲက လူတိုင်းကလဲ သူနဲ့မင်းကို တွဲမယ်လို့ထင်နေကြတာ..”


“ဟုတ်တယ်..”ရီယွမ်က ပုခုံးတွန့်လိုက်သည်။ “ဒါမဲ့ အဲ့တာက အရေးမကြီးပါဘူး..အနည်းဆုံးတော့ ငါ့ဘဝမှာ နောင်တမရတော့ဘူးပေါ့..”


“ငါအဲ့တာကို ယုံဖို့ခက်နေတုန်းဘဲ…နင်က အရာရာပြည့်စုံတယ်…လှတယ် စမတ်ဖြစ်ပြီး အလုပ်မှာလဲ တော်တယ်လေ…သူက ဘယ်လိုလုပ်ပြီး နင့်ကို သဘောမကျရတာလဲ…” သူမ သူငယ်ချင်းက မတရားမှုကို ရန်တွေ့နေသကဲ့သို့ သူမကိုကြည့်လိုက်သည်။ “သူ့မိန်းမက သူ့ထက် ၁၁နှစ်တောင်ငယ်တယ်…သူတို့နှစ်ယောက်က လိုက်ဖက်တယ်လို့ ငါတော့မထက်ဘူး..သူနဲ့ မင်းက ပိုလိုက်ဖက်တယ်..”


“တော်ပြီ…အဲ့အကြောင်းထပ် မပြောနဲ့တော့..”ရီယွမ်က တကယ်ပြောနေပုံပေါက်သည်။ “ဘယ်သူကမှ တစ်ခြားသူရဲ့ ကိစ္စကို နားမလည်ပါဘူး..ပြီးတော့ သူ့မိန်းမက သူ့အပေါ်ကောင်းတယ်လို့ထင်တယ်…သူက ဆက်ဆံရေးကောင်းပြီးတော့ စိတ်ထားကောင်းတယ်…သူမမှာ တစ်ခြားသူတွေမှာ မရှိတဲ့ စုန့်ထင်ရှန်းကြိုက်တဲ့ အချက်တွေရှိမှာပေါ့…အဲ့ဒါကို မင်းမသိနိုင်ဘူး..”


“ငါလဲ အဲ့တာပြောမလို့..စုန့်ထင်ရှန်းမှာ အခု မိန်းမနဲ့ ကလေးရှိပြီဆိုတော့ သူနဲ့နင်နဲ့က ဖြစ်နိုင်ချေမရှိတော့ဘူး…” သူမ သူငယ်ချင်းက ရပ်လိုက်သည်။ “မင်းက ချိန်းတွေ့ဖို့စဉ်းစားထားရင် blindဒိတ်က ပိုကောင်းတယ်..အခု မင်းရဲ့အမေက တစ်ယောက်ယောက်နဲ့ တွေ့ပြီး မင်းကို မိတ်ဆက်ပေးနိုင်တယ်…”


ရီယွမ်က ဆက်၍တည်ငြိမ်နေသည်။ “ သားသမီးကျင့်ဝတ်တွေထဲမှာ မိဘတွေက မကြိုက်တဲ့သူနဲ့ လက်ထပ်ခိုင်းတာ မပါဘူး…အိမ်ထောင်ပြုတာက ချစ်ခြင်းရဲ့ အဆုံးဘဲ…ငါမကြိုက်တဲ့သူနဲ့ လက်ထပ်မှာ မဟုတ်ဘူး..သူမ လုပ်ချင်တာ လုပ်လို့ရတယ်…ငါ့မှာလဲ ငါ့အတွေးနဲ့ငါရှိတယ်..”


နှစ်တွေကြာပြီးနောက် တစ်ချိန်က သဘောကျဖူးတဲ့သူကို ပြန်တွေ့ရတာ ဘယ်လိုခံစားရလဲ..ပြီးတော့ သူက အိမ်ထောင်ပြုပြီး ကလေးရနေတာကိုမြင်တဲ့အခါမှာရော ဘယ်လိုခံစားရလဲ..


နောက်ဆုံးတွင် ရီယွမ် ဒီမေးခွန်းများကို ဖြေနိုင်ဖို့ အရည်အချင်းရှိသည်။


စုန့်ထင်ရှန်း သူမကို သဘောမကျရခြင်းမှာ သူမတော်လ်ို့ဖြစ်ပြီး သူ့အကြိုက်ပုံစံမဟုတ်တာကြောင့်ဖြစ်သည်။


သူသည် အပြန်အလှန် လေးစားမှုရှိသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး သူမတွင်လည်း ရည်မှန်းချက်များရှိနေပြီဖြစ်သည်။ သူမ တန်ဖိုးထားသောအရာများမှ လွှဲ၍ အတိတ်က အရာများသည် သူမအတွက် အရေးမပါတော့ပေ။


စုန့်ထင်ရှန်း၏ မိန်းမ သူမကို ခိုးကြည့်သည်ကို ပြန်တွေးမိသောအခါ သူမရီချင်သွားသည်။ အမျိုးသမီးများသည် စိတ်ခံစားလွယ်ကြသည်။ စုန့်ထင်ရှန်းဘဝမှာ သူမ ဘယ်နေရာက ပါနေလဲဆိုတာ သူမ သိချင်သည်။ မာနကြီးပြီး အေးဆေးသော စုန့်ထင်ရှန်းက ဒီည သူ့မိန်းမကို ဒူးထောက်ပြီး ရှင်းပြဖို့ တွေးနေမလား..အဲ့လိုတွေးတာက သူမကို ပျော်ရွှင်စေသည်။


“ဘာကို ပြုံးနေတာလဲ..”သူမ သူငယ်ချင်းက မေးလိုက်သည်။ 


ရီယွမ်က ခေါင်းရမ်း၍ “ဘာမှမဟူတ်ပါဘူး..ဒီတိုင်း ပျော်လို့ပါ..”


....


ဆရာဝမ်၏ အိမ်သည် မကြီးပေ။ အရင်က အလုပ်သမားတွေနေတဲ့ အဆောင်ဖြစ်သည်။ အသုံးဝင်သော အပိုင်းများကိုပေါင်းလိုက်လျှင် ၅၀မီတာလောက်ရှိပြီး သန့်ရှင်း သပ်ရပ်အောင်လုပ်ထားသည်။ သူ၏ ရုံးခန်းသည် စာအုပ်များ၊ မှင်လက်ရေးများနှင့် ပန်းချီများဖြင့် ပြည့်နေသည်။ နီဝါရောင်စပ်ကြားခွေးလေးသည် ဆရာဝမ်လာသည်ကို တွေ့သောအခါ သူ့နားကိုလာ၍ အမြီးရမ်းနေသည်။ သူစိမ်းများကို တွေ့သောအခါ ဟောင်ပြီး ဆရာဝမ်ပြောလိုက်သောအခါ ငြိမ်သွားသည်။ ဒီခွေးသည် သူစိမ်းနှင့် ဧည့်သည်များကို ခွဲခြားသိသော. ခွေးဖြစ်သည်။


“မွေးခါစ ခွေးလေးတွေ ကျောင်းမှာတွေ့လို့ ငါက တစ်ကောင်ယူပြီး တစ်ခြားအကောင်တွေကို ကျောင်းသားနဲ့ ဆရာတွေက ယူသွားကြတယ်…” ဆရာဝမ်က ပြုံးလိုက်သည်။ “သူက အရမ်းချွဲတတ်ပြီး ကလေးတစ်ယောက်လိုဘဲ..”


ဝမ်လေးက ခွေးလေးနှင့် ဆော့ချင်နေလေသည်။