Part 166
ဆရာဝမ်က ပြောလိုက်သည်။”ငါသူ့ကို ကာကွယ်ဆေးထိုးထားပေးတယ်…သူကလိမ္မာပြီးတော့ မကိုက်တတ်ဘူး..”
ခွေးလေးသည် လူအရိပ်အခြေကို နားလည်သည်။ သူ့သခင်က ဝမ်လေးကို သဘောကျသောအခါ သူကလဲ ဝမ်လေးနားလာ၍ နှုတ်ဆက်နေသည်။
ကလေးလေးနှင့် ခွေးလေးက ပျော်ရွှင်စွာ ကစားနေကြလေသည်။
ဆရာဝမ်က ဧည့်သည်တွေအတွက် အသီးများခြမ်း၍ လက်ဖက်ရည် ပြင်ဆင်နေချိန် ယွမ်ရှက အရင်က ဓာတ်ပုံများရှေ့မှာရပ်၍ ပုံများကြည့်နေသည်။ အချိန်တော်တော်ကြာ ရှာပြီးနောက် သူမ စုန့်ထင်ရှန်း၏ ပုံကို တွေ့သွားသည်။
စုန့်ထင်ရှန်းက သူမနောက်ကနေ လိုက်လာခဲ့သည်။
ဒီပုံသည် ဘွဲ့ယူတုန်းကပုံ ဖြစ်နိုင်သည်။ အားလုံးက အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ ဆင်တူဝတ်ထားကြပြီး သူတို့၏ မျက်နှာပေါ်တွင် အနာဂတ်အတွက် ပျော်ရွှင်မှုများ မျှော်လင့်ချက်များနှင့် ပြည့်နေသည်။ ယွမ်ရှသည် ဒီပုံမှာတော့ စုန့်ထင်ရှန်းကို ခက်ခက်ခဲခဲ မရှာလိုက်ရပေ။
သူ အရင်တုန်းက ပို၍ပိန်သည်။ လူတိုင်းက စုန့်ထင်ရှန်းကို အရွယ်တင်သည်ဟုပြောကြသော်လည်း ဒီပုံရိုက်ခဲ့တာ အနှစ်နှစ်ဆယ်နီးပါး ရှိပြီဖြစ်လေရာ ဒီပုံထဲတွင် အလွန်ငယ်ရွယ်ပုံက အထင်းသားပေါ်လွင်နေသည်။
ယွမ်ရှက ဓာတ်ပုံများပတ်ကြည့်၍ ကောက်ချက်ချလိုက်သည်။ “ရှင်က အတန်းထဲမှာ အချောဆုံးဘဲ..”
ဆရာဝမ်ကလဲ ရောက်လာပြီး ရီလိုက်သည်။ “အဲ့တုန်းက ထင်ရှန်းက အရမ်းချောတယ်..အတန်းက ကောင်မလေးတော်တော်များများက သူ့ကိုကြိုက်တာ မှတ်မိသေးတယ်…ဘွဲ့ယူပြီးတော့ သူတို့တွေက စုန့်ထင်ရှန်းကို ဆက်သွယ်ဖို့ကြိုးစားကြတယ်…”
ယွမ်ရှ မအံ့ဩပေ။ စုန့်ထင်ရှန်းလိုမျိုး ရုပ်ရည်ချောမောပြီး စာတော်တဲ့သူက ကောင်မလေးတွေကြားထဲမှာ ရေပန်းစားမည်ဖြစ်ပြီး သူတို့၏ အဖြူရောင် လရောင်ဖြစ်ခဲ့မည်မှာ သေချာသည်။ သူမကျောင်းတွင်လဲ သူ့လိုလူမျိုးရှိလျှင် သူမလဲ သဘောကျမည်ဖြစ်သည်။
အနိုင်ကျင့်သော လူရမ်းကားများနှင့် ယှဉ်လျှင် စမတ်ကျပြီး စာကြိုးစားသည့်သူသည် ပို၍စွဲဆောင််မှုရှိသည်။
ယွမ်ရှသည် ရီယွမ်ကို သေချာပေါက် စဉ်းစားမိလိုက်သည်။ မိန်းကလေးများထဲတွင် သူမကိုလဲ ရှာကြည့်လိုက်ပြီး အလွယ်တကူ တွေ့ရှိသွားသည်။ သူမသည် ပိန်ပြီး အသားဖြူ၍ ဆံပင်ကို မြှောက်စီးထားသည်။ ရီယွမ်သည် ယခုလို မအောင်မြင်သေးသေးသော်လည်း စမတ်ကျ၍ လှပသော သူမက ကောင်လေးများကြားတွင် နတ်သမီးတစ်ယောက် ဖြစ်ခဲ့မည်ဟု ယွမ်ရှ တွေးနေသည်။
အခြားသူများ၏ အမြင်တွင် သူတို့နှစ်ယောက်က အလွန်လိုက်ဖက်ကြ သည်။ သူတို့သည် ကျောင်းတုန်းကလဲ ထူးချွန်ကြပြီး ယခုလဲ အောင်မြင်နေကြသည်။ သူတို့သည် ဒိတ်ဖူးခဲ့ကြသလားဆ်ိုတာ သူမ မသိပေ။ စုန့်ထင်ရှန်းအကြောင်း သူမသိတာကို အခြေခံ၍ ကြည့်မည်ဆိုလျှင် သူသည် ခေါင်းမာ၍ စာကိုဘဲအာရုံစိုက်ပြီး အချစ်ကိစ္စ ရှိခဲ့မည့်ပုံမပေါ်ပေ။ထို့ပြင် သူတို့က ကောလိပ်လဲ တူတူမတက်ခဲ့ကြပေ။
“ဒါက ရီယွမ် ဟုတ်တယ်မလား..”ယွမ်ရှက ဂုဏ်ယူစွာပြောလ်ိုက်သည်။ “ကျွန်မ မျက်လုံးအရမ်းကောင်းတာဘဲ..”
ဆရာဝမ်က ခေါင်းငြိမ့်လိုက်သည်။ “ရီယွမ်က ကောလိပ်ဝင်ခွင့်မှာ ကောင်းကောင်းမလုပ်ခဲ့ဘူး…ငါတို့က သူမ စုန့်ထင်ရှန်းလို မြို့ကကောလိပ်မှာ ဝင်ခွင့်ရမယ်လို့ ထင်ထားကြတာ ဒါမဲ့ သူမက တစ်ချို့နေရာတွေမှာ လိုသွားတယ်…အဲ့တုန်းက ဆရာ၊ဆရာမတွေက သူမကို စာမေးပွဲပြန်ဖြေဖို့ ပြောခဲ့တယ်..ဒါမဲ့ သူမက မဖြေချင်ဘဲ တစ်ခြားနိုင်ငံက ကောလိပ်ကို သွားတက်ခဲ့တယ်…တကယ်တော့ ရွှေက ဘယ်နေရာရောက်ရောက် အရောင်ထွက်တယ်ဆိုတာကို သက်သေပြခဲ့တယ်လေ…”
ထိုအချိန်တွင် အိမ်နီးချင်းတစ်ယောက် ရောက်လာသောကြောင့် ဆရာဝမ်က စကားသွားထွက်ပြောလေသည်။
ယွမ်ရှက စုန့်ထင်ရှန်းကို ကြည့်လိုက်ပြီး သိချင်စောဖြင့် မေးလိုက်သည်။ “ရီယွမ်က ရှင့်ရဲ့ ရည်းစားဟောင်းလား..”
သူမ သိချင်၍ သူ့ကိုတိုက်ရိုက် မေးလိုက်သည်။ စုန့်ထင်ရှန်းက သူမကို လိမ်ပြောမည် မဟုတ်ပေ။
စုန့်ထင်ရှန်းက သူမကို ကြည့်လိုက်ပြီး သူမ၏ မေးခွန်းကို တစ်ခြားမေးခွန်းဖြင့် ပြန်ဖြေလိုက်သည်။ “ဘာလို့လဲ..စိတ်ဆိုးလို့လား..”
ယွမ်ရှသည် စုန့်ထင်ရှန်း၏ အပြုံးကိုမြင်တော့မှ သတိပြုမိသွားသည်။
သေစမ်း…သူမနဲ့ ဘာမှ မဆိုင်ပဲနဲ...