Part 167
ယွမ်ရှက ရှင်းပြလိုက်သည်။ “မဟုတ်ပါဘူး…အဲ့ဒါက ရှင့်အတိတ်က အကြောင်းဘဲ..ဘာလို့ စိတ်ဆိုးရမာလဲ…ဒီတိုင်း သိချင်ရုံပါ ..ရှင်မပြောပြချင်ရင်လဲ စိတ်မဆိုးပါဘူး…”
သူမနှင့် စုန့်ထင်ရှန်းသည် လင်မယားမဖြစ်ခင် ချစ်သူသာဖြစ်ခဲ့လျှင် သူမ သူ့အတိတ်အကြောင်းကို သိချင်မည်ဖြစ်သည်။ သူမ စိတ်မဆိုးတာက သူမသည် ပွင့်လင်းမှုရှိသော သူတစ်ယောက်မဟုတ်သောကြောင့် ဖြစ်သည််။ သို့သော် ဒီခေတ်မှာ ရည်းစားဟောင်း တစ်ယောက်မှမရှိတဲ့ လူငယ်ဘယ်နှစ်ယောက် ရှိမှာလဲ..သူတို့မှာ ရည်းစားဟောင်းမရှိရင်တောင်မှ တစ်ဖက်သတ်ကြိုက်တဲ့သူတော့ ရှိကြတာဘဲ..သူမကိုယ်တိုင်ကလဲ တစ်ဖက်သတ်ကြိုက်တဲ့သူရှိခဲ့ပြီး ဒိတ်ခဲ့ဖူးသည်။
သူမ အဲ့တာကြောင့် အနှောင့်မယှက် ဖြစ်မယ်ဆိုရင် သူမရဲ့ ရည်ရွယ်ချက်ကဘာလဲ..ဒါမှမဟုတ် စုန့်ထင်ရှန်း ဘဝထဲက အမျိုးသမီးတွေအားလုံးကို စိတ်အနှောင့်အယှက်ဖြစ်နေမှာလား…
နေ့တိုင်း သံသယများနှင့် အတွေးများဖြင့် နေနေရတဲ့ ဘဝမှာ ရှင်သန်စရာအကြောင်းမရှိပေ။
စုန့်ထင်ရှန်းက သူမ အဖြေကို မအံ့ဩပေ။ “ငါမင်းကို မပြောပြချင်လို့ မဟုတ်ပါဘူး…ဘာမှပြောစရာ မရှိလို့ပါ…သူမနဲ့ငါက မင်းထင်ထားသလို ဆက်ဆံရေးမျိုး မရှိခဲ့ဘူး…အစကနေ အဆုံးထိ ငါတို့က အတန်းဖော်တွေဘဲ..ကျောင်းသားဘဝမှာ ရည်းစားထားဖို့က ငါ့အတွက်မဖြစ်နိုင်ဘူး ပြီးတော့ အဲ့ဘက်ကိုလဲ အလေးမထားနိုင်ဘူး…”
ယွမ်ရှ သူမ နားလည်ကြောင်း ဖော်ပြလိုက်သည်။ သူမ စုန့်ထင်ရှန်းနေရာမှာဆိုလျှင်လည်း စာကြိုးစားဖို့သာ တွေးမည်ဖြစ်သည်။ ထို့ပြင် သူသည် လေးစားမှုရှိသော သူတစ်ယောက်ဖြစ်သည်။ အဲ့အချိန်တုန်းက သူသည် ပိုက်ဆံမရှိ၍ နေစရိတ်ဘယ်လို ရှာရမလဲဆိုတာ သိသည်။ ကျောင်းသားများသည် ဒိတ်သောအခါ ပိုက်ဆံအများကြီးမသုံးသော်လည်း အနည်းဆုံးတော့ တစ်ဖက်လူအတွက် အစားအစာနှင့် သောက်စရာများကို ရှင်းပေးရသည်။ အဲ့အချိန်တုန်းက ထိုအရာများသည် စုန့်ထင်ရှန်း အတွက်အပိုဖြစ်သည်။ သူသည် သောက်စရာဝယ်ဖို့ အစားအစာတစ်နပ်လျှော့ရမည် ဖြစ်သည်။ ထိုကြောင့် သူ့အတွက် ရည်းစားထားဖို့ မဖြစ်နိုင်ဘူးဟု ပြောတာက အမှန်ပင်ဖြစ်သည်။
သူနှင့် ရီယွမ်ဆက်ဆံရေးသည် အတန်းဖော်ဘဲ ဖြစ်ပြီး တစ်ခြားဆက်ဆံရေးမရှိဘူးဟု ပြောသောကြောင့် သူမ ထပ်မမေးတော့ပေ။
စုန့်ထင်ရှန်းက သူမ ဆက်မေးမည်ထင်နေလေရာ သူမ ရီယွမ်အကြောင်း ဆက်မမေးတော့ဘဲ ဓာတ်ပုံများဆီသို့ အာရုံလွှဲသွားသောအခါ စုန့်ထင်ရှန်း အံ့ဩသွားသည်။
သူမက သိချင်ရုံသက်သက် မေးသည်ဟုပြောသော်လည်း စုန့်ထင်ရှန်းက သူမမေးခွန်းကြောင့် ပျော်နေမိသည်။ သူမ အရင်တုန်းက သူ့အတိတ်အကြောင်းကို စိတ်မဝင်စားပေ။ သူမ စိတ်မဆိုးဘဲ သိချင်ရုံသက်သက်သာကြောင့် မေးသည်ပင်လျှင် သူမ သူ့အပေါ်ဂရုစိုက်လို့ဖြစ်သည်။
...
ဆရာဝမ်နှင့် စုန့်ထင်ရှန်းသည် အလွန်ရင်းနှီးသည်။ ထို့ကြောင့် ဆရာဝမ်က သူ့အပေါ် အရမ်းမယဉ်ကျေးပေ။ ဆရာဝမ်က စုန့်ထင်ရှန်းကို အနီးနား ကုန်စုံဆိုင်က ဆန်နှင့် ဆီ သယ်ပေးရန်ပြောသေးသည်။ ဆရာဝမ်သည် အသက်ကြီးပြီဖြစ်၍ ကုန်စုံဆိုင်တွင် အလုပ်သမားများစွာရှိသော်လည်း ယနေ့ ရွှေရောင်နေ့ရက်ဖြစ်သောကြောင့် အလုပ်များနေကြပြီး သူ့ကို ပစ္စည်းများပို့ပေးဖို့ အချိန်မရှိသောကြောင့်ဖြစ်သည်။
စုန့်ထင်ရှန်းသည် အရပ်ရှည်၍ သန်မာသည်။ ထို့ကြောင့် လေးလွှာတွင်ရှိသော ဆရာဝမ်၏
အိမ်ကို ဆီနှင့် ဆန်နှစ်အိတ်သယ်ပေးရန် သူ့အတွက် မခက်ခဲပေ။
ဝမ်လေးနှင့် ခွေးလေးသည် အခန်းဝရံတာတွင် ပျော်ရွှင်စာ ဆော့ကစားနေကြပြီး ယွမ်ရှက လက်ရန်းတွင် ရပ်၍ ညအလှကို ကြည့်နေသည်။ ဆရာဝမ်က သူမဘေးတွင် လာရပ်ပြီး စက္ကူယပ်တောင်ကို ကိုင်ထားပြီး ဝမ်လေးကို ခြင်မကိုက်ရန် ခတ်ပေးဖို့ဖြစ်သည်။
“ထင်ရှန်းက ငါတွေ့ဖူးသမျှထဲမှာ စာအကြိုးစားဆုံးကျောင်းသားဘဲ..”ဆရာဝမ်သည် ပြုံး၍ပြောလိုက်ပြီး “ဆရာတစ်ယောက်အနေနဲ့ သူ့လိုကျောင်းသားကို တွေ့တော့ ကူညီချင်ခဲ့တယ်..သူက အခု အရမ်းအောင်မြင်နေပြီ..ဒီအကြောင်းကိုကြားပြီး ဆရာတွေက အံ့ဩနေကြတယ်..ဒါမဲ့ ဘာမှ အံ့ဩစရာမရှိပါဘူး…ငါသူ့ကို ပထမဆုံး တွေ့တုန်းက သူကအရည်အချင်းရှိတဲ့ သးတစ်ယောက်ဆိုတာ ငါသိတယ်..သူက ကြိုးစားတယ်..စမတ်ကျတယ်…ထိန်းချုပ်နိုင်စွမ်းရှိတယ်…သူ့လိုလူက မအောင်မြင်ရင် ဘယ်သူက အောင်မြင်နိုင်တော့မှာလဲ..”